es
Feedback
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

Ir al canal en Telegram

United States/European History အမေရိကန်/ဥရောပသမိုင်းများ

Mostrar mĂĄs
330
Suscriptores
Sin datos24 horas
Sin datos7 dĂ­as
+130 dĂ­as
Archivo de publicaciones
အာဏာစက်ထဲမှ လူမှုရေးကျင့်ဝတ် တာဝန်ပျက်ကွက်ခြင်း အာဏာ၏ သဘာဝသည်လူကို မြေပြင်နှင့်အလှမ်းဝေးကွာစေတတ်၏။ ၎င်းတို့၏အခြေတည်ရာ ရုံးခန်းများ၊ ညီလာခံခန်းမများနှင့် မူဝါဒချမှတ်ရာ ဇုန်များတွင် ရှိနေသော နိုင်ငံရေးသမားတစ်ဦးအတွက် စစ်မြေပြင်၏ မီးခိုးငွေ့များကြားထဲမှ ပြေးလွှာနေသည့် ကလေးသူငယ်များနှင့် မိဘမဲ့ဂေဟာများထဲမှ တိတ်ဆိတ်သော ငိုသံများသည် ကိန်းဂဏန်းစာရင်းဇယားမျှသာ ဖြစ်သွားတတ်၏။ ၎င်းတို့သည် လူအများစု၏ ကောင်းကျိုးချမ်းသာ ဟုခေါ်သော စိတ္တဇ အယူအဆနောက်သို့ လိုက်နေရင်း လက်ရှိနာကျင်နေသည့် တစ်ဦးချင်းစီ၏ မျက်ရည်စက်များကို မြင်နိုင်စွမ်း ကင်းမဲ့သွားကြကုန်၏။ အများစုနိုင်ငံရေးသမားတို့သည် အုပ်ချုပ်ရေး၌တရစပ် အစုလိုက်စီမံချက်များချမှတ်နေသော်လည်း အုပ်ချုပ်ရေး၏ အပြင်ဘက်တွင်မူ စစ်‌ဘေးဒဏ်သင့်ကလေးတစ်ဦးချင်းစီး၏ လန့်ဖျပ်နေသော မျက်ဝန်းများနှင့် မိဘမဲ့တစ်ဦးချင်းစီး၏ မပြည့်စုံသော ကလေးများ၏ဘဝကိုမူ မူဝါဒစာရွက်စာတမ်းများထက် ပို၍အရေးကြီးသော လူ့ကျင့်ဝတ်ဆိုင်ရာ စာမေးပွဲများ အဖြစ်ရှုမြင်ကြလေကုန်၏။ သို့သော် ထိုအုပ်ချုပ်သူတို့သည် ဤစာမေးပွဲကို ဖြေဆိုရန် အမြဲတမ်း ပျက်ကွက်နေခဲ့ကြ၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

သမိုင်းပျောက်ရင်No history, No identityပဲ -RAIDEN KT
ယနေ့လို တိုးတက်နေတဲ့ခေတ်ကာလကြီးမှာ လူအများစုက historyနဲ့ပတ်သက်ရင် googleတို့ Wikipediaတို့ Britannicaတို့မှာ အတော်များများလေ့လာနေကြရတာတွေ့ရပါတယ်။ ဒါပေမယ့်သူတို့ Pageကပေးတဲ့ Dataတွေကိုလေ့လာရုံဖြင့်လည် မပြီဆုံးသေးပေ။ ဘာလိုဆိုရင် ကျွန်တော်တို့ဟာ မိမိလေ့လာလိုက်တဲ့Content တစ်ခုကိုပြန်လည်ဝေဖန်တတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လူသားတွေရဲ့သမိုင်းဟာတစ်နေရာထဲမှာအစုလိုက်ရပ်တန့်နေတာမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ သဟဇာဖြစ်တည်ပြီး အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ အသက်ရှိတဲ့ရေစီးကြောင်းတစ်ခုပါပဲ ဒါကို ခေတ်ရေစီးကြောင်းလို့ တစ်မျိုးခေါ်နိုင်ပါသေးတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အခါ ထွက်လာတဲ့ ယုတ္တိဆန်တဲ့မေးခွန်းတွေက‌တော့ ငါတို့‌နေထိုင်တဲ့ပတ်ဝန်းကျင်သမိုင်းဟာဘာလဲ? ငါတို့ရပ်တည်နေတဲ့ ဟောဒီမြေပြင်ကြီးရဲ့ သမိုင်းကဘယ်ကစခဲ့လဲ? ငါတို့ရဲ့ rootတွေက ဘယ်ကအစပြုခဲ့တာလဲ? စသဖြင့် မေးခွန်းတွေနဲ့ ဝေဖန်တတ်ဖို့လိုအပ်ပါတယ်။ ဆိုတော့သမိုင်းဆိုတာဟာIt starts with our daily routine ဆိုတဲ့စကားတွေနဲ့ ပြန်လည်ဆန်းစစ်ကြည့်ပြီး သမိုင်းဝါသနားရှင်တွေအတွက်ရော လူငယ်မျိုးဆက်သစ်တွေအတွက်ပါ red flag တစ်ခုဖြစ်လာနိုင်ပါတယ်။ RAIDEN KT Historian #Kyawthet #History #RAIDEN_KT

The sovereign is the first servant of the state. တိုင်းပြည်၏ အုပ်ချုပ်သူဘုရင်ဆိုသည်မှာ နိုင်ငံတော်၏ ပထမဆုံးသော အစေခံသာ ဖြစ်သည
The sovereign is the first servant of the state. တိုင်းပြည်၏ အုပ်ချုပ်သူဘုရင်ဆိုသည်မှာ နိုင်ငံတော်၏ ပထမဆုံးသော အစေခံသာ ဖြစ်သည်။ -Frederick the Great
#Kyawthet #History #RAIDEN_KT

ငါတို့အားလုံးဟာတစ်နေ့ သေမှာပါပဲ။ အဓိကက အဲဒီမတိုင်ခင် ငါတို့ဘာလုပ်ခဲ့လဲဆိုတာပါပဲ။ -Richard Dawkins
လူတိုင်းဟာတ‌စ်နေ့ သေကြရမယ်ဆိုတာကို သူတို့ကိုယ်သူတို့သိထားကြပါတယ်။ ဒါပေမယ့်အဲဒီအမှန်တရားကိုခံယူဖို့အတွက်တော့ဘယ်သူကမှ တကယ်ဖြစ်ခဲ့သလို မနေထိုင်ခဲ့ကြပါဘူး။ ဘာလိုဆိုရင် ကျွန်တော်တို့ဟာမိမိရဲ့ သေခြင်းတရားကို မခန့်မှန်းနိုင်တာကြောင့် ကျွန်တော်တို့အတွက် အချိန်တွေဟာ အများကြီးကျန်နေသေးတယ်ဆိုတဲ့ သတိလက်လွတ်မှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မိမိအတွက် အချိန်တွေဟာကျန်ရှိသေးတဲ့ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ဘဲ ဘဝကိုဖြတ်သန်းရင်း မိမိအတွက် အင်မတန်မှအရေးကြီးတဲ့ အရာတွေကို ရွှေ့ဆိုင်းထားကြတယ်၊ သင့်တော်တဲ့ အချိန်တွေကို စောင့်ဆိုင်းနေကြတယ်၊ ပြောသင့်ပြောထိုက်တဲ့ စကားတွေကို မျိုသိပ်ထားကြတယ်၊ တကယ်မလိုချင်တဲ့ အရာတွေကိုလည်း လိုက်ဆွဲကိုင်မိနေတတ်ကြပါတယ်။ ဒီလိုနဲ့ လူတ်ိုင်းဟာ မိမိရဲ့အချိန်တွေက ဘယ်တော့မှာများ ကုန်ဆုံးသွားမယ်ဆိုတာကိုတော့ ဘယ်သူကမျှ မသိသွားကြပေ။ ဒါပေမယ့်ကျွန်တော်တို့က အချိန်ကုန်တာမသိပေမယ့် ဒါကသေခြင်းတရားဆိုတာ သေချာနေပါတယ်။ ကျွန်တော်မှာ မွေးဖွားတဲ့နေ့ကနေ နောက်ဆုံးနေ့အထိ ကျွန်တော်တို့ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ အရာတွေအားလုံးကတော့ ကျွန်တော်တို့လက်ထဲမှာ အပြည့်အဝရှိ‌နေခဲ့ပါတယ်။ ဒါကဒီဘဝမှာ ကျွန်တော်တို့ဟာ အမှန်တကယ်ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါ။ ဒါကြောင့်Richard Dawkinsရဲ့ အဆိုအရ-ငါတို့အားလုံးဟာတစ်နေ့ သေမှာပါပဲ။ အဓိကက အဲဒီမတိုင်ခင် ငါတို့ဘာလုပ်ခဲ့လဲဆိုတာပါပဲ။- ဆိုတဲ့သူရဲ့အဖြေကတော့ ကျွန်တော်တို့‌တွေ ဘယ်တော့အချိန်ကုန်ပြီး ထွက်သွားရမလဲဆိုတဲ့ သတိပေးတစ်ခုထဲအတွက်မဟုတ်ခဲ့ဘဲ....ကျွန်တော်တို့တွေဟာ အချိန်ကုန်လို့ ထွက်သွားတဲ့အခါ မိမိရှိနေခဲ့တဲ့ အချိန်တွေမှာ တကယ်ရော အသက်ဝင်ဝင် ရှင်သန်ခဲ့ရဲ့သလား ဆိုတဲ့ လူတိုင်းရဲ့ ဘဝရပ်တည်‌ရေးဆိုင်ရာ သတိပေးမှုတစ်ခုပါပဲ။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

ငါတို့အားလုံးဟာတစ်နေ့ သေမှာပါပဲ။ အဓိကက အဲဒီမတိုင်ခင် ငါတို့ဘာလုပ်ခဲ့လဲဆိုတာပါပဲ။ -Richard Dawkins #Kyawthet #RAIDEN_KT #Histo
ငါတို့အားလုံးဟာတစ်နေ့ သေမှာပါပဲ။ အဓိကက အဲဒီမတိုင်ခင် ငါတို့ဘာလုပ်ခဲ့လဲဆိုတာပါပဲ။ -Richard Dawkins #Kyawthet #RAIDEN_KT #History #RAIDEN_KT

An ineffective association may be just a name for a group.It's almost impossible for them, because they can disappear into thin air.Especially when it comes to their ideology... socialists are seen as crazy dreamers who support democracy.So the social democrats, who are covered in democratic fluid, are completely baseless......There's one more left. Do you know what that is?....ပညာရေးလိုလို၊Ngoလိုလို၊မီဒီယာလိုလို Their team is very disappointing from my perspective....becauseပညာရေးဖောင်ဒေးရှင်းတွေက နိုင်ငံရေးပါတီတွေကိုသွတ်သွင်းပြီး ထိန်းကြောင်းတာကဘယ်မျိုးsystemကြီးလဲ.....ကျွန်တော်ဖြင့်wowowowow As a joke, I woke up from a dream....😭😭😭 -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

သင့်တို့၏ဘဝကို ကံတရားကပုံဖော်ပေးတာမဟုတ်ဘဲ သင့်တို့၏အလေ့အကျင့်တွေကဖန်တီးပေးခြင်းသာဖြစ်ပါတယ်။
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ်
 အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က‌ ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်‌တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်‌တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေး‌နေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေး‌သွားမှာဖြစ်တယ်။ အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှု‌တွေလုပ်ရမယ်...ဒီအ‌လေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မား‌နေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေက‌နေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့‌ ရေးခြယ်‌နေတဲ့‌ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။ -အရစ္စတိုတယ် #Kyawthet #History #RAIDEN_KT

ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိ
ကျွန်‌တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိုးစားပါတယ်။ ကျွန်တော်အတွက် ဘဝအခက်အခဲများနဲ့ရှုံးနိမ့်နိုင်သော်လည်း အမှန်တရားနှင့်အတူ ရှိနေပါက စိတ်ပျက်စရာမရှိတဲ့ ရိုးသားတဲ့အရှုံးသမားဘဝကိုပိုနှစ်သက်၏။ -Abraham Lincoln အမေရိကန်သမ္မတ #RAIDEN_KT #History #Kyawthet

Ahem ahem ahem!......Sometimes, a war cannot be resolved with weapons.Warlordism is useful for expanding empires. When controlling a territory, only a politician with a good understanding of the civil administration can have a strong advantage.In some systems of government, trust can be won through discussion rather than weapons.There are often problems that cannot be solved with war.In world history, those who built military power and expanded empires like Napoleon will fail.....Civil politicians like Lincoln believed that expanding their country into a union rather than an empire could last forever. အဟမ်း....အဟမ်း...အဟမ်း😮‍💨 တစ်ခါတ‌လေးကြရင် စစ်ပွဲတစ်ခုဆိုတာကို လက်နက်‌‌တွေက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ စစ်ဘုရင့်ဝါဒဆိုတာက အင်ပါယာချဲ့ထွင်ရေးအတွက်အသုံးဝင်ပေးမယ့် နယ်မြေတစ်ခုကိုထိန်းချုပ်တဲ့အခါအရပ်ဘက်အုပ်ချုပ်ရေးကိုကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတစ်ဦးထဲသာ အားချက်တစ်ခုရှိနိုင်ပါတယ်။ တချို့သော အစိုးရအုပ်ချုပ်ရေးစနစ်မှာ လက်နက်ထက် ဆွေးနွေးမှုက‌နေတစ်ဆင့်ယုံကြည့်မှုကိုသိမ်းပိုက်နိုင်တယ်။ စစ်ပွဲနဲ့တော့ဖြေရှင်းလို့မရတဲ့ပြဿနာတွေရှိတတ်ပါတယ်။ ကမ္ဘာသမိုင်းထဲမှာ နပိုလီယံတို့လိုစစ်အင်အားတည်ဆောက်ပြီးအင်ပါယာချဲ့ထွင်ရေးသမားတွေကျရှုံးပေးမယ့်....လင်းကွန်တို့လိုအရပ်ဘက်ဆိုင်ရာနိုင်ငံရေးသမားတွေကတော့ သူနိုင်ငံကို အင်ပါယာအစားပြည်ထောင်စုကြီးအနေနဲ့ ချဲ့ထွင်တာက ထာဝရတည်မြဲနေနိုင်ပါတယ်။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT

Can you accept that this is a satire?
Can you accept that this is a satire?

အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပညာတတ်မြောက်ပ
အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပညာတတ်မြောက်ပြီး အသိဉာဏ်ရှိပါက သူမသည် မိမိ၏ သားသမီးများကို ပညာတတ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။ မိခင်တစ်ဦး၏ ပညာဉာဏ်သည် မျိုးဆက်သစ်တို့၏ အနာဂတ်အတွက် အကောင်းဆုံးသော အမွေအနှစ်ပင် ဖြစ်၏။ ကျွန်မတို့၏ အမျိုးသမီးတွေဟာ ပညာရေးမရှိရင် ဘယ်တော့မှ လွတ်လပ်တဲ့ လူသားတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့အတွက် ပညာရေးသည်သာ အမျိုးသမီးထုအား လုံးရဲ့ အမှောင်မိုက်‌နေတဲ့အ‌မှောင်ထုမှ လွတ်မြောက်စေမယ့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ ထိုအလင်းရောင်မှတစ်ဆင့်သာ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။ -R.A. Kartini အင်ဒိုနီးရှား သူရဲကောင်း #History #Kyawthet #RAIDEN_KT

ဆင့်ကဲဖြစ်စဉ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါကို ဘယ်လိုမှ သံသယဖြစ်စရာမလိုတော့ပါဘူး...သူကို အလေးအနက်ထားပြီး ငြင်းခုံစရာလည်း မလိုတေ
ဆင့်ကဲဖြစ်စဉ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါကို ဘယ်လိုမှ သံသယဖြစ်စရာမလိုတော့ပါဘူး...သူကို အလေးအနက်ထားပြီး ငြင်းခုံစရာလည်း မလိုတော့သလို...အသိဉာဏ်ရှိပြီး လေ့လာဖူးတဲ့ ဘယ်သူမဆို ဒါကို သံသယဝင်စရာ အကြောင်း‌တော့မရှိတော့ပါဘူး။ လိုရင်းပြောရရင်တော့ ဒီဆင့်ကဲဖြစ်စဉ်ဆိုတာက တကယ်ဖြစ်ပျက်ခဲ့တာ သေချာပေါက် အမှန်တရားပဲ။ -Richard Dawkins ဗြိတိသျှဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင် #Kyawthet #History #RAIDEN_KT

DARK PLACES GILLIAN FLYNN
"အမှောင်"

စိမ်းနေဦးမည့်_ကျွန်တော့်မြေ.pdf25.48 MB

Hello helloဖတ်ချင်တဲ့စာအုပ်ရှိရင်commentမှာဝင်ပြောပါဖိုင်တင်ပေးမယ်

အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင
အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင်မူ ၎င်းသည် သုတေသန ဖြစ်သည်။ -wilson mizner အမေရိကန်စာရေးဆရာ #History #Kyawthet #RAIDEN_KT

လူပြောများပြီး လူတွေရဲဲ့အမြင်မှာ တကယ်တမ်းအထင်မှားတတ်တဲ့ Vlad the Impalerရဲ့အကြောင်းကိုပြောရရင် သူကို ဒရက်ကူလာဆိုတဲ့ နာမည်နဲ့ အတူ သွေးဆာတတ်တဲ့ အုပ်စိုးရှင်လို့ အများက မှတ်ယူထားကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်သမိုင်းအထောက်အထားနဲ့ဆိုရင် ကျွန်တော်တို့ခဗျာတို့ထင်ထားတာနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဘာလိုဆိုရင်သမိုင်းမှတ်တမ်းတွေထဲမှာ Vlad the Impalerက စိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာတစ်ကောင်မဟုတ်ဘဲ သူက ၁၅ရာစုကWallachiaနိုင်ငံကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်ပါ။ လူတွေကသူကိုဒရက်ကူလာလို့ဘာကြောင့်ယူဆသလဲဆိုရင် သူခေတ်သူအခါက နိုင်ငံအုပ်ချုပ်တဲ့နေရာမှာသူက ရန်သူတွေအပေါ်အရမ်းရက်စက်ပြီး အာဏာရှင်ဆန်သွားတာကြောင့် ဒရက်ကူလာဆိုတဲ့အမည်နဲ့ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်လူအများစုက သူကို အရမ်းရက်စက်တဲ့ လူသတ်သမားလို့ဘဲမြင်ရပေမယ့် တကယ်တမ်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ကြည့်ရင် ၁၅ရာစုဆိုတဲ့ကာလမှာ အင်ပါယာကြီးတွေက နိုင်ငံငယ်တွေကိုမတရားနယ်ချဲ့သိမ်းသွင်းပြီး အင်အားကြီးသူသာအနိုင်ကျင့်တဲ့ ကာလဖြစ်နေတာကြောင့် မိမိရဲ့Wallachiaနိုင်ငံငယ်လေးကို မတရားကျူးကျော်ဖို့ကြိုးစားနေတဲ့ အော်တိုမန်အင်ပါယာကို ခုခံဖို့အတွက် ရန်သူတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို လက်နက်တစ်ခုလို့ အသုံးချပြီးသူနိုင်ငံကိုကာကွယ်ခဲ့တာဖြစ်တယ်။ လူတွေသူကို ရက်စက်တဲ့အာဏာရှင်ဘဲပြောပြော သွေးဆာတဲ့ ဒရက်ကူလာဘဲပြောပြော သူနိုင်ငံသားတွေအတွက်ကတော့ သူဟာ မိမိနိုင်ငံကိုကျူးကျော်လာသမျှရန်သူတွေကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ဦးပါပဲ။ သူနဲ့ပတ်သက်ပြီးအငြင်းပွားစရားအချက်တစ်ခုပြောရရင် သူကမေတ္တာတရားခေါင်ပါးသူလားလို့ဆိုပြန်ရင်လည်း မဟုတ်ရပြန်ပါဘူး။ ဘာကြောင့်အခုလို့ပြောရသလဲဆိုရင် သူရဲ့နံမည်ကျော်Impalement(လှံထိုးစိုက်သတ်ဖြတ်ခြင်းဥပဒေ)ဥပဒေကို သူကပျော်လို့လုပ်တာမဟုတ်ဘဲ သူအုပ်ချုပ်တဲ့အခါကာလမှာ ခိုးဆိုးလုယက်သူတွေ နိုင်ငံသစ္စာဖောက်တွေနဲ့ ကျူးကျော်သူတွေကို သူကကြောက်လန့်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အနေနဲ့ သူချမှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကြောင့်လည်း သူအုပ်ချုပ်တဲ့ကာလအတွင်းမှာသူရဲ့နိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်သူတွေနည်းပါးလာပြီး သူနိုင်ငံသားတွေကImpalementစီရင်မှုကို စည်းကမ်းတင်းကျပ်ပြီးအပြစ်စီရင်တဲ့ စနစ်တစ်ခုအဖြစ်မြင်လာကြပါတယ်။ နောက်ဆုံးအနေဖြင့်အနှစ်ချုပ်ရလျှင် Vlad the Impalerကို လူအများစုက ဒရက်ကူလာအဖြစ် မြင်နေရခြင်းရဲ့အဓိကအချက်မှာ သူရဲ့အုပ်ချုပ်မှုကာလအတွင်းနိုင်ငံရေးအရအကြမ်းဖက်တွေ သွေးစွန်းမှုတွေကြောင့်သာ သူကိုလူတွေကစိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာCharacterအဖြစ်ပုံဖော်ခံထားရခြင်းပင်ဖြစ်ပါတယ်။ သို့သော်တကယ်ဖြစ်ရပ်မှန်အရကြည့်လျှင် သူဟာ နိုင်ငံအတွက်အသက်စွန့်ကာကွယ်ခဲ့သူအဖြစ်သတ်မှတ်လျှင်လုံးဝမှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူကသမိုင်းထဲမှာသူလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့်ဘဲ သူကိုရက်စက်တဲ့သူအဖြစ် နာမည်ပျက်ပြီးကျန်ရစ်ခဲ့ရတဲ့ သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတော့သည်။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History #Vlad_the_Impaler

+1
preparing for a new presentation....🙂‍↔️

အနှစ်သာရမရှိတဲ့ အဖွဲ့အစည်းတစ်ခုကိုပြောပါဆိုရင်ကျွန်တော်က‌တော့Eurasian Youth Unionကိုပဲ ထောက်ပြရပါလိမ့်မယ်။ သူတို့မှာက တူညီတဲ့ ယူနီဖောင်းတွေကိုဝတ်ပြီး အလံတွေကိုကိုင်ထားတဲ့ လူငယ်အုပ်စုတစ်ခုထက် ပိုမပိုဘူးလို့ပြောရပါလိမ့်မယ်။ သူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်....အဲဒါကတော့ ခေါင်းဆောင်မှုပဲ။ ဒါပေမဲ့ သူတို့ရဲ့ခေါင်းဆောင်မှုဆိုတာကြီးကနံရံပေါ်က ချိတ်ထားတဲ့ ဓာတ်ပုံတစ်ခုလောက်တောင် အဓိပ္ပာယ်မရှိဘူး။ တကယ့်ခေါင်းဆောင်မှုဆိုတာဘာလဲ????။ အဲဒါကလုပ်ရပ်တွေနဲ့ သက်သေပြရတာပါပဲ။ သူတို့က လမ်းမတွေပေါ်ထွက်ပြီးဆန္ဒပြမယ်...ပြီးရင် တွေ့သမျှအရာအားလုံးတွေကိုလိုက်ဖျက်ဆီးပစ်မယ် ပြီးရင်ထွက်သွားကြလိမ့်မယ်...ဒါဟာ ပတ်ဝန်းကျင်အတွက် တကယ့်ကို ဆိုးရွားတဲ့ကိစ္စပဲ။ တကယ်ခေါင်းဆောင်မှုဆိုတာ လူတိုင်းနဲ့ ထပ်တူကျဖို့ လိုပါတယ်။ သူတို့ရဲ့ ကြေညာချက်မှာကထဲက လူတိုင်းနဲ့ ခွဲထွက်ချင်‌နေတဲ့အချက်က သူတို့ရဲ့ ရည်ရွယ်ချက်ဟာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့မဟုတ်ဘဲ လူမှုရေးရာထူးတွေကို လိုချင်နေတာဆိုတဲ့ သက်သေပြမှုတစ်ခုဘဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လစ်ဘရယ်ဝါဒရဲ့ အနှစ်သာရကတော့ လူတိုင်းအတွက် တန်းတူညီမျှပါဝင်နိုင်တဲ့ ကမ္ဘာကြီးတစ်ခုကိုတည်ဆောက်ဖို့ပဲ ဒါကအသံတိုင်း၊ လူတန်းစားတိုင်းအတွက်ပေါ့။ ဒါပေမဲ့ Eurasian Youth Unionအဖွဲ့ကတော့ အတိုက်အခံဆိုတဲ့ တံဆိပ်ကို အသုံးပြုပြီး လူငယ်တွေကို အဆိပ်ခတ်နေတုံပဲ။ လစ်ဘရယ်အမြင်အရဆိုရင် ဝါဒတစ်ခုကအမြဲတမ်းပြောင်းလဲနိုင်တယ် နောက်ပြီးဝေဖန်မှုလည်းခံနိုင်ရပါ့မယ်။ ဒါပေမဲ့Eurasian Youth Unionကတော့ သူတို့အတ္တကိုဘဲ အမြဲကာကွယ်နေတယ်။ သူတို့က ဝေဖန်မှုတွေကိုလက်မခံဘူး ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲချီးကျူးနေတယ် ဆိုတော့ဒါကကိုယ့်အသံကိုပဲပြန်ကြားနေရတဲ့ အခန်းကျဉ်းတစ်ခုထဲမှာပိတ်မိနေတဲ့ သဘောလို့ ယူဆနိုင်တယ်။ အဲလိုနက်အခန်းတစ်ခုထဲမှာပိတ်မိတော့ လစ်ဘရယ်အယူအဆတွေကလုံးဝပျောက်ကွယ်သွားပြီး Narcissismခေါ်တဲ့ကိုယ့်ကိုကိုယ် ဘဲ အရူးအမူးချစ်တဲ့စိတ်ပဲ ကျန်ရစ်နေခဲ့တယ်.....ရှေးရိုးစွဲဆိုတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိမနေပါနဲ့ လွတ်မြောက်လိုက်ပါ။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History