es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

Ir al canal en Telegram

United States/European History အမေရိကန်/ဥရောပသမိုင်းများ

Mostrar mĂĄs
325
Suscriptores
-224 horas
-37 dĂ­as
Sin datos30 dĂ­as

Cargando datos

Canales Similares
Sin datos
ÂżAlgĂşn problema? Por favor, actualice la pĂĄgina o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
ÂżAlgĂşn problema? Por favor, actualice la pĂĄgina o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
oct '26
octubre '26
+9
en 1 canales
septiembre '26
+13
en 1 canales
Get PRO
agosto '26
+14
en 1 canales
Get PRO
julio '26
+11
en 1 canales
Get PRO
junio '26
+15
en 1 canales
Get PRO
mayo '26
+43
en 0 canales
Get PRO
abril '26
+38
en 4 canales
Get PRO
marzo '26
+13
en 1 canales
Get PRO
febrero '26
+16
en 1 canales
Get PRO
enero '26
+16
en 1 canales
Get PRO
diciembre '25
+15
en 1 canales
Get PRO
noviembre '25
+2 014
en 1 canales
Get PRO
octubre '25
+28
en 1 canales
Get PRO
septiembre '25
+14
en 1 canales
Get PRO
agosto '25
+26
en 1 canales
Get PRO
julio '25
+43
en 1 canales
Get PRO
junio '25
+28
en 1 canales
Get PRO
mayo '25
+112
en 1 canales
Get PRO
abril '250
en 3 canales
Get PRO
marzo '25
+108
en 4 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
26 octubre0
25 octubre0
24 octubre0
23 octubre+1
22 octubre0
21 octubre0
20 octubre+1
19 octubre0
18 octubre+1
17 octubre0
16 octubre0
15 octubre0
14 octubre+1
13 octubre0
12 octubre0
11 octubre+1
10 octubre0
09 octubre0
08 octubre+2
07 octubre0
06 octubre0
05 octubre0
04 octubre0
03 octubre0
02 octubre0
01 octubre+2
Publicaciones del Canal
အမေရိကတိုက်ဟာ မည်သူတို့၏ ပိုင်နက်နယ်‌မြေအဖြစ်ညွန့်ဆိုပါသနည်း။ အမေရိကန်လူမျိုးတို့သည် မည်သည့် ထိုတိုက်၏လူမျိုးများဖြစ်သလော။ အကြောင်မဲ့သက်သက်နဲ့ အမေရိကာတိုက်ဟာ လူမျိုးစုတွေရဲ့ အိမ်အဖြစ် တည်ရှိလာခဲ့ခြင်းမဟုတ်ပါ။ ဤအရပ်ဟာ အမေရိကန်တို့၏ မူလနယ်မြေမဟုတ်ပါ။ ဥရောပတိုက်မှ ခွဲထွက်ရေးသမားများဟာ နယ်မြေသစ်များ ရှာဖွေရာမှ ကမ္ဘာသစ်ဟု၍ ပြဿနာက ထိုအရပ်မှ စတင်ခဲ့၏။ ယနေ့ ကမ္ဘာပေါ်က လူမျိုးရေးနဲ့ နယ်မြေအငြင်းပွားမှုများဟာ ဥရောပတိုက်သားတို့၏ ကိုလိုနီကျွန်ပြုခြင်း၊ နယ်မြေသစ်စူးစမ်းခြင်းမှ စတင်ခဲ့သည်မှာ လုံးဝငြင်းမရပေ။ အကြောင်းအားလျော်စွာ ဥရောပတိုက်သားတို့ဟာ မိမိတို့၏ နယ်မြေသစ်များအတွက် တစ်ပါးလူမျိုးများ၏ လွတ်မြောက်မှုကို အသိမှတ်ပြုရန် လွတ်လပ်ရေးမှ လွတ်လပ်ခွင့် စသောအခြေအမြစ်မရှိသည့် သမိုင်း၏ သင်္ကေတနာမည်ဟူ၍ အမေရိကာတိုက်ဟု နှစ်သိမ့်လေ၏။ အမှန်တကယ်အားဖြင့် ကြီးမားကျယ်ပြန့်နေသော ထိုအရပ်ဟာ ဥရောပတိုက်သားများနဲ့ ရွေ့ပြောင်းအခြေချသူများဟာ ဥရောပအတွင်းမှ ဘာသာရေး၊ ပဒေသရာဇ်တို့၏ ချုပ်နှောင်းမှုမှ လွတ်မြောက်ရန် မိမိတို့၏ လွတ်မြောက်မှုအတွက် ရောက်တက်ရာရာ ခြေဦးတည်ရာ ကမ္ဘာသစ်ဟုခေါ်ဝေါ်သော ထိုအရပ်သို့ ဗလာနတ္တိ အထီးကျန်ဆန်သော သမုဒ္ဒရာများကို ဖြတ်ကျော်ကာ ရောက်ခဲ့ခြင်းဖြစ်၏။ သူတို့အတွက် ဝိညာဉ်ရေးအရ လိုအပ်ချက်များအတွက် ဘာသာရေးနယ်‌ချဲ့သည့် ‌မျိုးစေ့များဟာ ဥရောပ၏ ပဒေသရာဇ်အုပ်စိုးရှင်များအတွက် ပို၍စွဲဆောင်စရာ ပြဿနာသို့ဦးတည်စေရန် မပြောပလောက်ပေ။ Existentialismအမြင်နဲ့ဆိုရလျှင်လည်း ဥရောပသွေးနှောများဟာ ဌာနေ လူမျိုးစုများနဲ့ တစ်စက်မျှမတူညိကြပေ။ဥပမာ မက္ကစီကို၊ဘရာဇီ စသဖြင့်နိုင်ငံများဟာ ဌာနေ လူမျိုးစုများမှဆင့်ကဲဖြစ်ပေါ်ခဲ့ကြောင်းအလွန်နီးစပ်၏။ အကြောင်းမှာ ကိုလိုနီတို့၏ နယ်မြေပထဝီအလုံးစုံမစိုးမိုးနိုင်သော အားသာချက်များကြောင့် ထင်ဟပ်နိုင်၏။ ထိုဒေသဟာ ကိုလိုနီတို့၏ မဟာသရဖူဖြစ်သော ဘုရင့်များ၊ မိဖုရားများ၊မင်းမျိုးမင်းနွယ်များ၏ အလံများကို နယ်မြေစိုးမိုးမှု သင်္ကေတဖြင့် စိုက်ထူးရန် ကြိုးစားအားထုတ်မှုဟာ လူသမိုင်းအတွင်း အတန်းစားများနဲ့ အသားအရည်ခွဲခြားသည့် ပဠိပက္ခ၏ မူလအစကိုဦးတည်စေ၏။ သူတို့ဟာ ဒေသခံ လယ်သမားများ၏ လည်ပင်သို့ ဓါးဖြင့်ထောက်ကာ တခြားအရပ်သို့ အာဖရိကန်များဟူ၍ သယ်ဆောင်ကာ အမေရိကတိုက်သို့ ကျွန်စနစ်အား သန္ဓေတည် မွေးထုတ်ခြင်းပင်ဖြစ်၏။ ဒါကြောင့်နယ်မြေသစ်အခြေချသူများဟာ ကျွန်တို့၏ ဂုဏ်ကျက်သရေဖြင့် အတိုင်းဆမရှိ ကြွယ်ဝချမ်းသာလာခဲ့ကြ၏။ သူတို့ဟာ တိုက်နေ လူမျိုးစု၏ အိမ်များကို ဖျက်စီးကာ မြို့များ၊ ဆိမ်းကမ်းများ၊ သဘော်ဆိမ်းများတည်ဆောက်ပြီး သူတို့ မသိသော မရင်းနှီးသော နယ်စပ်များကို ဥရောပ၏ ပဒေသရာဇ်ပိုင်နယ်အဖြစ် ခြံခတ်၏။ ဒါကို ကိုလိုနီအမေရ်ိကဟု၍ ဂုဏ်ယူစွာ ကြေငြာ၏။ ဒီလုပ်ရပ်တွေဟာ သူတို့အတွက်အသစ်အဆန်းတစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပြင်သစ်၊အဂ်လိပ်၊ ဒတ်ခ်ျ၊ စပိန်၊ စကင်ဒီနေးဗီးယားထက် ပိုကောင်းသော အကြောင်းပြချက်မရှိပေ။ ဆိုလိုတာက ဥရောပ၏ မူရင်းလူမျိုးအရည်ပြားကိုခွာ၍ အမေရိကန်လူမျိုးအဖြစ် ခံယူခြင်းကိုဆိုလိုသည်။ ဒီအကြောင်းပြချက်တွေက အမေရိကန်လူမျိုးတစ်ဦးအတွက် မဖြစ်မနေလိုအပ်သော အကြောင်းပြချက်လည်း ဖြစ်၏။ ဒီလိုရင်းနှီးသော သုံးသပ်ချက်များက အမေရိကန်တိုက်၏ သမိုင်းနယ်ပယ်များကို ပို၍ ရင့်ကျက်စေပြီး ဤအမေရိကတိုက်ဆိုတာဟာ ဥရောပသားတွေရဲ့ ရွတ်လွင့်ရာမှ အခြေချနေထိုင်ကြရင် တိုက်ကြီးအသစ်ကို ဖော်ပြရန် တီထွင်ခဲ့သော အသုံးအနှုန်းဖြစ်ကြောင်း ပို၍သဘောပေါက်စေသည်။ ဒါကြောင့် အမေရိကန်ဆိုတာဟာ ဥရောပသားတွေအတွက် လွတ်လပ်မှုကို ကိုယ်စားပြုတယ်။ နောက်ဆုံးမှာ အခြေချသူတွေက ဥရောပ ပဒေသရာဇ်တွေရဲ့ နယ်မြေအဖြစ်စကားကိုမသုံးတော့ဘဲ။ ၎င်းကို အမေရိကန်လူမျိုးများရဲ့ နယ်မြေအဖြစ် အသိမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History

2
အမေရိက ဆိုတာ ဘယ်လိုအပြုသဘောကိုဆောင်သနည်း။
အမေရိက ဆိုတာ ဘယ်လိုအပြုသဘောကိုဆောင်သနည်း။
111
3
ယနေ့ကျွန်တော်တို့ ကမ္ဘာပေါ်မှာမေးခွန်းထုတ်လို့မရတဲ့ အရာတစ်ခုဟာ အတွေးအ‌ခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲဆိုတာပါပဲ။ လူအများစုကတော့ အတွေးအခေါ်ပညာဆိုတာ ရှေး‌ခေတ်ဂရိနိုင်ငံက စတင်ခဲ့တာလိုလည်းဆိုပါသေးတယ်။ ဒီအမြင်တွေက သမိုင်းပညာရှင်အတော်များများအတွက် နှစ်ပေါင်းများစွာ ‌မေးခွန်းထုတ်နေတဲ့ ပုစ္ဆာတစ်ခုလည်းဖြစ်ပါတယ်။ ကနဦးဆုံး အတွေးအခေါ်ပညာရပ်တွေရဲ့ မြစ်ဖျားခံရာ ဘယ်ကစတင်သလဲဆိုရင် အရှေ့တိုင်းမှ စတင်မွေးဖွားခဲ့ကြောင်းကို အီဂျစ်အတွေးအခေါ်ပညာရှင် ဟတ်ဆန်ဟာနာဖီက မိန့်ဆိုဖူးပါတယ်။ သို့သော် အစပြုခဲ့သောကမ္ဘာအတွေးအခေါ်၏မြစ်ဖျားခံမှုဟာ ယနေ့ထိအဖြေရှာမရတဲ့ အငြင်းပွားစရာကိစ္စတစ်ခုပါပဲ။ ဒါပေမယ် ဒီအငြင်းပွားဖွယ်ရာ ကိစ္စများကို အထောက်အထားများနဲ့ရှင်းပြမည်ဆိုလျှင် ကမ္ဘာအတွေးအခေါ်ဟာ အရှေတိုင်းက ထွက်ပေါ်လာသည်ဟုသောအမြင်က ဒိဋ္ဌပြတ်သုံးသပ်ရန် ခက်ခဲလှပါ‌သေးတယ်။ အထောက်အထားအရ အနောက်တိုင်းရဲ့အတွေးအခေါ်အစပြုရာ ဂရိနိုင်ငံရဲ့ အထင်ရှားဆုံး ဂရိသချာ်ဖခင်ကြီးအဖြစ် လူသိများလှတဲ့Pythagorasဟာ အီဂျစ်သို့ခရီးထွက်ကာ ၂၂ကြာအောင် သခ်ျာပညာတွေကိုလေ့လာပြီး ဗာဗုလုန်မှာ ၁၂နှစ်ကြာနေထိုင်ခဲ့ခြင်း ကြောင့်ဖြစ်၏။ သူဟာအီဂျစ်နိုင်ငံအတွင်း ဂျီဩမေတြီနဲ့ ဂဏာန်းသချာ်များကို သိမြင်နားလည်ပြီး ဗာဗုလုန်မှာ နက္ခတ္တဗေဒနဲ့ဗေဒင်နက္ခတ် ပညာများကိုမကြွင်းမကျန်လေ့လာနိုင်ခဲ့ပြီ ထိုမှတဆင့်Persiaမှ Zarathustra၏သင်ကြားပြသမှုများကိုလည်း ‌ထပ်မံ့လေ့လာခဲ့ပေ၏။ ဒါကြောင့် ဒဿနိကဗေဒ၏ ပထမဆုံး‌ဒေသဟာ အာရှအလယ်ပိုင်းဒေသရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည့်မှု‌တွေထဲက ထွက်ပေါ်လာတယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုတော့ ဂရိဆိုတာအမှန်တကယ်အားဖြင့် ဒဿနထွန်းကားပြီး ရင့်ကျက်နေတဲ့ နေရာဖြစ်တယ်ဆိုပေမယ့် အမှန်အားဖြင့် ဒဿနပညာရဲ့ အစပြုရာအခိုင်အမာဒေသမဟုတ်ပေ။ ဤဒဿနိကဗေဒရဲ့ ရေသောက်မြစ်ဟာ အရှေ့တိုင်းရဲ့ ရှေးဟောင်းယဉ်ကျေးမှုဒေသတွေ ဖြစ်တဲ့ အီဂျစ်၊ ဗာဗုလုန်၊ ပါးရှားနဲ့ အိန္ဒိယ စတဲ့ ဂန္တဝင်ဒေသတွေကနေ ဆင်းသက်လာတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ဘက်မလိုက်ဘဲဝေဖန်ရလျှင် အရှေ့တိုင်းဟာ ဒဿနိကဗေဒရဲ့ ရေသောက်မြစ်နဲ့ မြေဩဇာကို ထောက်ပံ့‌ပေးတယ်ဆိုရင် ဂရိဟာ ထိုမြေဩဇာပေါ်တွင် ပွင့်လန်းလာတဲ့ အသီးအပွင့်များသာ ဖြစ်‌ပေလိမ့်မည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
53
4
အတွေးအခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲ?
အတွေးအခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲ?
47
5
နိုင်ငံရေးဆိုတာဟာ လွှတ်တော်ထဲတက်ပြီး ထိုင်ခုံတွေအတွက် ပါတီအချင်းချင်းပြိုင်ဆိုင်ဖို့ထက် မိမိ၏နိုင်ငံနေ ပြည်သူများရဲ့ ဘဝတွေ သူတို့၏နာကျင်စရာဒဏ်ရာများ ကုစားပေးဖို့ ဝန်ဆောင်ပေးတဲ့ ပြည်သူမှပြည်သူတစ်ဆင့်ကိုယ်စားပြုတဲ့ ပြည်သူမှ ပြည်သူဒီမိုကရေစီကို ထမ်းပိုးရတဲ့ နိုင်ငံ‌အရေး ပြည်သူအရေးပါ။ နိုင်ငံရေးသမားတစ်ဦးအတွက် မည်သည်ဝန်ထုပ်ဝန်ပိုးများ၊ စိန်ခေါ်မှုများကို ကြုံတွေ့နေရချိန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိမိ၏တိုင်းပြည်အပေါ် ကျင့်ဝတ်ကောင်းများဖြင့် အနာဂတ်အတွက် လမ်းခင်းပေးရဲတာဟာ တကယ်ကို အထင်ကြီးစရာ နိုင်ငံရေးသမားကောင်းများ၏ ဂုဏ်သိက္ခာပေ၏။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History
95
6
စိတ်ပညာအရ ကွန်မြူနစ်ဝါဒ ဖြစ်တည်လာရခြင်း၏ အဓိကအခြေခံသဘောတရားများဟာ ဤကမ္ဘာမြေရှိ လူအဖွဲ့အစည်းအတွင်း ညိမျှမှုမရှိသော လူသားတို့၏ပကတိတန်ဖိုးများကို စိတ္တဇဆန်ဆန် ဖျက်စီးလိုသည့် သဘောတရားကိုသယ်ဆောင်လာသော ဝါဒတစ်ခု၏အနက်ကို ဆိုလို၏။ ဤပကတိတရားများ၏သဘောထားနှစ်ခုဟာ လူတို့၏စိတ်၌ဖြစ်တည်‌‌နေသည့် လိုအပ်ချက်စိတ်ဆန္ဒများကို စိတ်ကူးယဉ်‌ပုံဖော်ထားသော စိတ်ရောဂါနှင့် အတွင်းစိတ်၏ဖုံးဖိထားသောဒဏ်ရာများကို ကုစားရန်သကဲ့သို့ပင် လွှမ်းခြုံထား၏။ အထူးသဖြင့်အရပ်စကားနဲ့ပြောရရင် လက်တွေ့လူလောကအတွင်း လက်တွေ့ဆန်တဲ့ စံပြဝါဒနဲ့ မာခီယာဗယ်လီယန် စတဲ့ဒဿနိက အတွေးအခေါ်များကို ထိခိုက်သွားစေပါတယ်။ ဒါဟာလူအဖွဲ့အစည်းတစ်ရပ်လုံးကို သူတို့လိုရင်လိုသလို သတ်မှတ်ပြဌာန်နိုင်သည့် စံနှုန်းများကို လက်ခံရန်နဲ့ ဘုံအဖွဲ့အစည်းအပေါ် မှီခိုမှုပြုရသော မမြင်နိုင်သည့်သုခချမ်းသာများကို ညွန်ဆိုထား၏။ ဒါကြောင့် သူတို့၏ဒဿနိကများဟာ သမိုင်းဆိုင်ရာ ခေတ်အဆက်ဆက်အသုံးချခဲ့သော လူအဖွဲ့အစည်း၏ Ideologyများမှုန်ဝါးစေ၍ စုပေါင်းလမ်းကြောင်းဟုခေါ်သော ဘုံအမွေ့နှစ်သဘောတရားကို ဟန်ပြဆုပ်ကိုင်ကာ အာဏာဗဟို၌ခိုင်မြဲရေးအဖြစ်ပြောင်းလဲရန် အဆို့ပြုသဖြင့် သူတို့၏အယူအဆများဟာ စုပေါင်းရူးသွပ်ခြင်းနှင့် လူနည်းစုအပေါ်ကန့်သတ်သော A scary group of peopleတစ်ခုနဲ့ဘာမျှမကွာရှားလှသော ဝါဒတစ်ခုဖြစ်ပေ၏။ ဒီနေ့ခေတ်ကမ္ဘာပေါ်မှာတော့ ကွန်မြူနစ်ဝါဒ တိုးချဲ့ခြင်းရဲ့ ကြောက်စရာအကောင်းဆုံး အဓိကအချက်ကတော့ သူတို့ပြောနေကျ‌ဖြစ်သော အတန်းစားတိုက်ပွဲခေါ်တဲ့ ဘုံအစုစည်း၏ ဖောင်းပွနေတဲ့အာဏာအလွန်ကျွံယိမ်းယိုင်မှုဆိုးကျိုးပါပဲ။ သူတို့ဟာ စုပေါင်းအင်အားဟုခေါ်သော်လည်း တစ်ဦးချင်း၏ အခွင့်အရေးများ ရပိုင်ခွင့်များကို ရိုက်ချိုးတတ်၏။ ဒါကို စုပေါင်းအင်အားဟု၍လည်း ကြွားဝါးတတ်ကြ၏။ ဒီသုံးသပ်ချက်အရ သူတို့၏ စိတ်ရောဂါဆိုတာဟာ သူတို့လက်ခံတဲ့ဝါဒီအချင်းချင်း၌ပင် ရူးသွပ်ရုံတင်မက လူအများပါစုပေါင်းရူးသွပ်စေရန် ပုံစံခွက်တစ်ခုထဲ၌ စုပေါင်းကာ လူတို့၏ ရပိုင်ခွင့်များ၊ အခြေခံလူအခွင့်အရေးများကို စီစီညှပ်ကျေအောင် အပေါ်မှ ဖုံးအုပ်နင်းချေလိုက်ကြ၏။ ဒါဟာတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်ကိုလျှော့ချကာ စုပေါင်းဉာဏဆိုင်ရာဝိသေသလက္ခာဏာများ၏အဓိပ္ပာယ်များကို အားပေးသယောင်ဖြစ် ဤဉာဏ၏မဟာတန်ဖိုးများကို ဂရုမစိုက်နိုင်ဘဲ အာဏာအတွက်မိမိ၏ စိတ်ခံစားမှု၏ဆုတ်ယုတ်ခြင်းပင်ဖြစ်၏။ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွက် ကွန်မြူနစ်ဝါဒရဲ့ အနှစ်ချုပ်သဘောတရားဆိုတာ မတူကွဲပြားတဲ့လူတို့ ယဉ်ကျေးမှုကို တားဆီးပြီး စိတ်၏မလုံခြုံမှုကို မခံစားနိုင်တဲ့အခါ စစ်ပွဲအဖြစ်ပေါက်ကွဲလာတဲ့ လူအများစု စုပေါင်းယိမ်းယိုင်သောရူးသွပ်နေတဲ့ ဘုံကမ္ဘာငယ်ကလေး တစ်ခုဖြစ်ကြောင်းသုံးသပ်အပ်သည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
131
7
The extreme nature of collective madness from the common system....😀
The extreme nature of collective madness from the common system....😀
105
8
ငါတို့ လစ်ဘရယ်ဖြစ်ခြင်းက ဘာကိုဆိုလိုတာလဲ? ဒါက ငါတို့လူတိုင်းလွတ်လပ်ခွင့်အတွက် ရပ်တည်နေတာ ငါတို့ဟာ လူဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ ငါတို့ရပ်တည်နေတယ်။ ဒါပေမယ့် ငါတို့ဟာလူတွေသီးခြားရပ်တည်မှုကို ထိခိုက်စေတဲ့ ပြဿနာများအပေါ် အဖြေထုတ်ဖို့အတွက် အားနည်းချက်များကိုရှာဖွေစောင့်မရန် လိုအပ်ခဲ့ပါတယ်။ ဒါကလစ်ဘရယ်လူငယ်တစ်ဦးရဲ့ကျင့်ဝတ်ပါဘဲ။ ဒါကလစ်ဘရယ်လူငယ်တွေအတွက်စိန်ခေါ်မှုပါပဲ။ Historian #RAIDEN_KT #KyawThet #History
129
9
ကျွန်ုပ်တို့၏ လွတ်မြောက်ရာလမ်းစဉ်ဖြစ်သည့် လစ်ဘရယ်၏ တန်ဖိုးများကို ထုတ်ဖော်ပြောရသည့်မှာ လွန်စွာဂုဏ်ယူမိသည်။ ဤနိုင်ငံ၌ပင် ရိုးရာစွဲတို့၏ ဆုတ်ယုတ်သောအယူဆများဟာ တစ်စနှင့်တစ်စ ပိုမိုချဲ့ကားလာသည်မှာ အနာဂတ်အတွက်လွန်စွာ ပြဿနာဖြစ်ပေသည်။ သင့်ဟာစစ်မှန်သော လစ်ဘရယ်တစ်ဦးဖြစ်လိုလျှင် သင့်၏ ခန္ဓာကိုယ်မှ အဝတ်အစားနှင့် သင့်၏ မျိုးရိုးဆိုင်ရာအယူအဆကို ပယ်ဖျက်ရန်လုံးဝမလိုအပ်ပေ။ လစ်ဘရယ်ဝါဒ၏ အဓိကအသက်မှာ သင့်တို့၏ ရွေးချယ်ရာကို သင့်တို့စိတ်ကြိုက်ယုံကြည့်လက်ခံနိုင်သည်။ ဒါဟာခေတ်သစ်လစ်ဘရယ်တစ်ဦးအနေနဲ့ ကွန်ဆာဗေးတစ်များနဲ့ အမြဲလိုလို အငြင်းပွားဖွယ်ဖြစ်သော်လည်း တစ်ဦးချင်း၏အချုပ်အခြာပိုင်ဆိုင်မှုဟာ စစ်မှန်တဲ့ လစ်ဘရယ်တစ်ဦးဖြစ်ကြောင်း သင့်၏စရိုက်များကညွန့်ပြနေသည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
98
10
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း?? ဤမေးခွန်းထုတ်မှုတွေဟာ အမေရိကန်ရဲ့တည်ထောင်သူအရင်းမြစ်များထဲကအလုံးစုံဟာ ရွှေ့ပြောင်းဥရောပတိုက်သားများဖြစ်ကြောင်း အခိုင်မာသေချာစေပါတယ်။ ခေတ်သစ်သမိုင်းပညာရှင်များရဲ့ သုံးသပ်ချက်တွေမှာ တည်ထောင်သူအဖွဲ့ဝင်အားလုံးဟာ ဘုရားမဲ့ဝါဒီများ၊ဒီဇင်ဝါဒီများနဲ့ ပျူရီတန်များဟု၍ သူတို့ရဲ့သီအိုရီအမှားတွေနဲ့ ထပ်တလဲလဲပြောဆိုခဲ့ကြဖူးပါတယ်။ တကယ်အမှန်တကယ်မှာတော့ တည်ထောင်သူအဖွဲ့ဝင်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်မှတ်ရေးထိုးသူအားလုံးဟာနီးပါးဟာ ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းဝင်များဖြစ်တယ်လို့ယူဆနိုင်ပြီး။ သူတို့ဟာ မဟာဉာဏ်ကြီးရှင်များနဲ့ ပြင်ဆင်ရေးဝါဒီများဟု မှားယွင်းနေတဲ့ဝါဒဖြန့်ချိရေဆိုင်ရာ ပျူရီတန်ဘာသာ‌ရေးဂိုဏ်းအစား ဥရောပရဲ့မူရင်းခရစ်ယာန်သာသနာ့ရေးဖြစ်တဲ့ အဂ်လီကန်၏ ဂိုဏ်းခွဲများကိုသာ ကိုးကွယ်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။(မှတ်ချက်-ပရိုတက်စတင့်နှင့် အင်္ဂလီကန်ဟု၍အားလုံးနီးပါးကို မဆိုလိုပါ အကြမ်းဖျင်းကောက်ချက်ချခြင်းသာဖြစ်၏။) သူတို့အတွက်လူမျိုးရေးအရ မှန်ကန်တဲ့ သီအိုရီတစ်ခုမှာ ဒီစာတမ်းကိုလက်မှတ်ရေးထိုးသူ အကုန်လုံးက အဂ်လို-ဆက်ဆွန် အနွယ်လူမျိုးစုများဖြစ်ကြတယ်လို့ပြောနေကြသော်လည်း တချို့မှာ စကော့တလန်၊ဝေလ၊ဒတ်ခ်ျ၊အိုင်ယာလန်၊အီတလီနဲ့ ဖင်လန်လူမျိုးစု အရင်းမြစ်အာသေဝါများလည်း ပါဝင်ကြပါတယ်။ ဒါကြောင့်ဒီအချက်အလက်အားလုံးကိုမှန်သလား မှားသလား ဆိုတာအမေရိကန်သမိုင်းကို အစကနေအဆုံးထိ ထည့်ထည့်ဝင်ဝင်ပြန်လေ့လာမည်ဆိုလျှင် ဒီအမေရိကန်လူမျိုးဆိုတာ လူမျိုးတစ်စုထဲတည်ထောင်ခဲ့တဲ့ လူမျိုးမဟုတ်ဘဲ ဥရောပတိုက်သားတွေ အားလုံးစုပေါင်းပြီး တည်ထောင်ခဲ့တာကြောင့် မူရင်းအမေရိကတိုက်ရဲ့ ဌာနေတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုတွေ တိမ်းကောပျောက်ဆုံးခဲ့ရတယ်ဆိုတဲ့ သမိုင်းဟာ သေချာသလောက်ခိုင်မာနေမယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောနိုင်ပါတယ်။ RAIDEN KT Historian #KyawThet #RAIDEN_KT #History
235
11
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း??
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း??
206
12
A study of history simplified my life.If I were to proudly say that when fate created that period of studying history, it would end on the day the name Kyaw Thet ended. #KyawThet
74
13
ဥရောပရဲ့ တစ်ချိန်က အင်မတန်မှ ဂုဏ်သိက္ခာကြီးမားပြီး အောင်ပွဲတွေအလီလီဆင်နွှဲခဲ့တဲ့ ဤတိုက်ကြီးဟာ ယခုအခါ လူပေါင်းများစွာရဲ့ ဘဝတွေကို ဇိီဝိန်ချွေခဲ့ကြလေ၏။ ၁၆၀၇ခုနှစ်မှာ ဂုဏ်သိက္ခာကြီးမားသည်ဟု ဝံကြွားနေသော ဥရောပသားတို့ဟာJamestownကို မရောက်ခင်ကထဲကပင် ဤဒေသဟာ အချိန်ကြာမြင့်တဲ့ ပြဿာနာ ပဠိပက္ခတွေနဲ့ အမြဲတစ္တေကြုံတွေ့ခဲ့လေ၏။ သူတို့ဟာရှေ့ယခင်ကတည်ထဲက ဘာ‌သာရေး ဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် ဖြစ်နေရတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး လာဘ်စားမှုတွေနဲ့ လူမှုရေးမတည်ငြိမ်းမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေကြောင့် ၎င်းတို့ဟာ ဆင်းရဲဒုက္ခတွေနဲ့အမြဲတမ်း မရှုမလှ ခံစားနေရတဲ့ သံသရာနဲ့ ဖြတ်သန်းနေခဲ့ရသည့်မှာလည်း အချိန်ကြာမြင့်‌ခဲ့လေပြီး။ ဥရောပသားတွေဟာ တိုက်ကြီးရဲ့ ဆူပူသောင်းကျန်းနေတဲ့ ပြဿနာတွေကြောင့် သူတို့ဟာ မိမိတို့ဆီကနေ လုယူခံလိုက်ရတဲ့ ကမ္ဘာသစ်ကြီးတစ်ခုကို အမြဲတောင့်တခဲ့ကြတယ်။ သူတို့မှာ ကိုယ်ပိုင်အိမ်မရှိဘူး၊ စိုက်ပျိုးဖို့ လယ်ယာမရှိဘူး၊ ကိုယ်ပိုင် အစားစာလည် မထုတ်လုပ်နိုင်ဘူး၊ ကိုယ်ပိုင် စီးပွားရေးကိုလည်း သူတို့ကမထိန်းချုပ်နိုင်ခဲ့ကြဘူး။ ဒါတွေအားလုံးဟာ ဘုရင်တွေ၊ မြို့စားတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အထက်တန်းစား စိုမိုးသူတွေကဘဲ ချုပ်ကိုင်ထားလို့ဖြစ်တယ်။ ဒီလို စိစစ်အုပ်ချုပ်မှုတွေက သူတို့အတွက် ကောင်းတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာလည်း ဘာသာရေးဆိုင်ရာ အပြစ်ပေးမှုတွေနဲ့ နိုင်ငံရေးပဠိပက္ခ သံသရာတွေကြားမှာ စိတ်ကူးပေါက်ရာအပြစ်ပုံချမှုတွေအတွက် ပြည်သူတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသလို အထက်တန်းစားတွေရဲ့ လွှမ်းမိုးတဲ့ နိုင်ထက်စီးနင်းမှုတွေကို ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို ဘယ်ဘုရားကျောင်းမှတာဝန်မယူသလို တရားရုံးတွေမှာလည်း မဖြေရှင်းပေးခဲ့တာ‌ကြောင့် ၎င်းတို့ဟာ စစ်မြေပြင်နဲ့သာ မိမိတို့ကိုယ်တိုင်း ခုခံချေပခဲ့ကြတယ်။ အုပ်ချုပ်သူလူအတန်းစားတွေဟာ စစ်ပွဲတွေဖန်တီးကြတယ် ဘာမှမသိရှာတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ ဘဝဟာ မြေစာပင်ဘဝနဲ့ လုံးပါး ပါးခဲ့ကြတယ်။ ဒီအပြင်သူတို့ရဲ့ သီးနှံတွေ၊ အိမ်ယာတွေ၊ ဘုရားကျောင်းတွေနဲ့ မြို့ရွာတွေကို တက်နင်း ချေမှုန်းခြင်းခံခဲ့ရတယ်။ ဒါကြောင့်ဥရောပသားတွေဟာ မိမိတို့တိုက်ကြီးမှာ ဒီလိုသစ္စာဖောက်မှုတွေကို ခံစားခဲ့ရတာမို့ သူတို့ဟာကမ္ဘာသစ်ကြီးအမြဲတမ်း တောင်းတနေခဲ့ကြတာပေါ့။ သူတို့ဟာဥရောပတိုက်ကြီးမှာ ဆက်ပြီး မနေချင်တော့တာ ကမ္ဘာနယ်မြေတွေကိုခြေဆန့်လာကြတယ်၊ စူးစမ်းလာကြတယ်၊ သိမ်းပိုက်ဖို့ အင်းအားတွေစုစည်းလာကြရင် သူတို့ရဲ့ နယ်မြေချဲ့ထွင်ရေး ကိုလိုနီစနစ်ကြီးဟာတဖြေးဖြေးကြီးထွားလာခဲ့တာ ယနေ့အထိကြာမြင့်လေ၏။ RAIDEN KT Historian #KyawThet #RAIDEN_KT #History
214
14
How did Europeans expand their territory?
How did Europeans expand their territory?
161
15
ခေတ်သစ်သမိုင်းမှာ အမေရိကရဲ့ မြစ်ဝှမ်းဒေသက ဒေသခံတိုင်းရင်သားတွေကို ဘယ်လိုခေါ်ကြသလဲ? သူတို့ကဘယ်လိုပေါ်ပေါက်လာကြသလဲ? စသဖြင့်မေးခွန်းတွေရဲ့ အဖြေဟာ ရိုးရှင်းပါတယ်။ သူတို့ကအင်ဒီယန်းတွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ရှေ့ဦးလူသားတွေကနေ မြို့ပြလူနေမှုအဆင့်အတန်းတစ်ခုထိပေါ်ပေါက်လာခဲ့တယ်လို့ ကျွန်တော်တို့တွေ ဖတ်ဖူးမှတ်ဖူးမှာဖြစ်တယ်။ ဒါတွေကကျွန်တော်တို့သိပြီးသာဆိုပေမယ့် အင်ဒီယန်းလို့နာမည်ဖြစ်လာတာကိုတော့ ကျွန်တော်လုံးဝမစဉ်းစားခဲ့ကြပါဘူး။ တချို့စာပေတွေဟာ အတိတ်ရဲ့အဖြစ်အပျက်အမှန်တကယ်မဟုတ်ဘဲဒဏ္ဌာရီတစ်ခုမျှသာဖြစ်ပါတယ်။ ဒါကို လူမျိုးစုကြားမှာ ခွဲခြားတဲ့ ဝါဒဖြန့်ချီရေးလိုလည်းဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့်သမိုင်းမတင်မှီခေတ်ထဲက အမေရိကတိုက်ဆိုတာ မရှိခဲ့ပါဘူး။ ဒါကိုလည်ဒေသခံလူမျိုးစုတွေက လုံးဝလက်ခံမည်ဟန်လည် မတူပါဘူး။ ဘာကြောင့်ဆိုရင် အင်ဒီယန်းလူမျိုးစုတွေဟာ မိမိတို့နေထိုင်တဲ့ အမေရိကတိုက်ကြီးတစ်ခုလုံးဟာ လိပ်ရဲ့ကျော့ပေါ်မှာတည်ရှိနေတယ်ဆိုတဲ့ စိတ်ပိုင်ဆိုင်ရာ ယုံကြည့်မှုတစ်ခုကြောင့်ဖြစ်တယ်။ အပြည့်အစုံပြောရရင် သူတို့ရဲ့အယူအဆမှာ ကမ္ဘာကြီးကရေတွေလွှမ်းမိုးထားပြီး အဲဒီသမုဒ္ဒရာကြီးရဲ့အလယ်မှာ တည်ရှိတဲ့ လိပ်ရဲ့ကျော့ပေါ်ကကုန်မြေမှာ သူတို့ဟာနေထိုင်တယ်လို့ ထင်မြင်တာကြောင့် အမေရိကတိုက်ကို ယခင်ထဲက လိပ်ကျွန်းလို့ သူတို့ကလက်ခံထားကြတယ်။ ဆိုတော့ အမေရိကတိုက်ဆိုတဲ့အမည်နာမဟာ အခြေချနေထိုင်လာတဲ့ဥရောပတိုက်သားတွေရဲ့ ပေးတဲ့အမည်တစ်ခုဘဲဖြစ်တယ်။ ဒါတင်မကဘဲ အမေရိကတ်ိုက်ဆိုတဲ့အမည်နဲ့ လူမျိုးစုတွေပေါ်ပေါက်လာရတဲ့အကြောင်းက ဥရောပတိုက်သားတွေ တီထွင်ဖန်တီးထားတဲ့ ပါးစပ်ရာဇဝင်တစ်ခုမျှသာပါပဲ။ အမေရိကတိုက်ရဲ့ အခိုင်မာဆုံးလွဲမှားနေတာကို ထောက်ပြနိုင်တဲ့ အစောဆုံးမှတ်တမ်းတစ်ခုကတော့ The Lenape Story of the Great Turtle မှတ်တမ်းဖြစ်ပြီးဒါကိုJasper Danckaertsကိုယ်တ်ိုင်းက၁၆၈၀ခုနှစ်မှာအတိအကျမှတ်တမ်းတင် ဖော်ပြထားပါတယ်။ ဤမှတ်တမ်းဟာ အမေရိကရဲ့ရှေ့အကျဆုံး Woodlandsလူမျိုးစုကြီးထဲကဖြစ်တဲ့Iroquois Confederacyတွေထဲကနေတဆင့် သူကဒေသခံလူမျိုးစုတွေရဲ့ နောက်ခံကို ထည့်ထည်ဝင့်ဝင်လေ့လာထားပါတယ်။ ဒီမှတ်တမ်းထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့Iroquois၊ Apache၊ Cherokee၊ Choctaw၊ Creek၊ Navajo၊ Sioux၊ Shawnee တို့လို့ထင်ရှားတဲ့ အင်ဒီယန်းလူမျိုးစုတွေရဲ့ အမည်‌ဟာ မူရင်းဌာ‌နေအင်ဒီယန်းလူမျိုးစုမဟုတ်ဘဲ ဒါကဥရောပသားတွေ တီထွင်ဖန်တီး‌ခဲ့တဲ့အမည်များဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုသမိုင်းရဲ့တိုက်စားမှုကို ဥရောပတိုက်သားတွေက သူတို့အတွက်ဂုဏ်ယူစရာလိုမြင်ကြပြီး ဥရောပရဲ့ တိုးတက်လာတဲ့ပင်လယ်‌ရေကြောင်း ထောက်လှမ်းရေးနဲ့ သမိုင်းမှတ်တမ်းတင်မှုသာ မရှိခဲ့လျှင် ဌာနေတိုင်းရင်းသားများဟာ ရိုးရှင်းသော အယူအဆတစ်ခုအနေဖြင့် ရှိမည်မဟုတ်ဟု သူတို့ကဂုဏ်ယူစွာမှတ်တမ်းတင်ခဲ့ကြခြင်းပင်ဖြစ်၏။ RAIDEN KT Historian #KyawThet #RAIDEN_KT #History
169
16
ဌာနေအမေရိကန်များသည် အမေရိကန်လူမျိုးများမဟုတ်ပါ။
ဌာနေအမေရိကန်များသည် အမေရိကန်လူမျိုးများမဟုတ်ပါ။
125
17
အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးဆိုတာ ဒီကနေ့ခေတ်လို Republicanနဲ့Democraticလိုပေါင်းဖက်လို့မရတဲ့ပြိုင်ဘက်တွေက အခုမှပေါ်လာခဲ့တယ်လို့ထင်ခဲ့ရင် ကျွန်တော်တို့ယူဆချက်ကအရမ်းမှားသွားပါလိမ့်မယ်။ တကယ်တော့ အမေရိကန်ဆိုတာ တည်ထောင်ပြီးကတည်းက ပြိုင်ဆိုင်မှုတွေနဲ့ရဲ့ သံသရာလည်နေတာဟာ ဒီနေ့ထိပါပဲ။ ဒါကလည်အမေရိကန်ရဲ့ Core Strengthဆိုရမယ် ဘာလိုဆိုရင် Progressဆိုတာမျိုးက အကြိတ်နယ်ပြိုင်မှုတွေကနေထွက်ပေါ်လာတတ်တာကြောင့်ပါ။ နောက်တစ်ချက် အမေရိကန်ကိုတည်ထောင်တဲ့ Founding Fathersတွေတောင်မှ ညီအစ်ကိုတွေလို လက်တွဲခဲ့ကြတာ မဟုတ်ပါဘူ။ အဲဒီအထဲမှာမှအထင်ရှားဆုံးမတည်အတူ မဟာရန်သူတော်ကြီးနှစ်ဦးဖြစ်တဲ့Founding Fathersနှစ်ဦးကတော့Alexander Hamilton နဲ့ Thomas Jeffersonတို့ပါပဲ။ သူတို့နှစ်က တစ်ဦးနဲ့တစ်ဦးအပေါ်နိုင်ငံရေးနဲ့ပတ်သက်ရင် ရန်သူတွေလို့ စကားလုံးတွေနဲ့ အမြဲတမ်းထိုးနှက်နေကြသူတွေပါ။ သူတို့နှစ်ဦးရဲ့နိုင်ငံရေးအမြင်ကလည် မိုးနဲ့မြေလိုအရမ်းကိုကွာခြားလှပါတယ်။ Alexander HamiltonကFederalistဖြစ်ပြီး တည်ထောင်ခါစနိုင်ငံသစ်အတွက် အစိုးရက ဗဟိုကနေအာဏာအားလုံးစုစည်းပြီးအုပ်ချုပ်ရမယ် ပြီးရင်စက်မှုနဲ့ ဘဏ်စနစ်ကိုဦးစားပေးရင် ကျုပ်တို့နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားVery strongဖြစ်လာမယ်လို့သူကယူဆထားတယ်။ တစ်ဖက်မှာလည်း Founding Fatherတွေထဲမှာအရေးပါဆုံးဖြစ်တဲ့Thomas JeffersonကDemocratic-Republicanတစ်ဦးဖြစ်နေတယ် သူမှာလည်း အစိုးရတစ်ရပ်က အာဏာကို ဗဟိုကနေစုပြီး ဗဟိုအင်အားအလွန်အကျွံနဲ့ နိုင်ငံကိုဦးဆောင်ရင် နောက်နောင် အာဏာရှင်တွေဖြစ်လာနိုင်မယ်လို့ သူကယူဆထားတယ် ဒါကြောင့် ပြည်နယ်တွေရဲ့အခွင့်အရေးနဲ့စိုက်ပျိုးရေးအင်အားကိုမြှင့်တင်မှသာ နိုင်ငံဟာဒီမိုကရေစီနဲ့တည်ငြိမ်တဲ့လမ်းကြောင်းကိုရောက်လာမယ်လို့သူကယုံကြည့်ထားတယ်။ ဒီလိုသဘောထားကွဲလွဲမှုတွေကနေဘဲ Alexander Hamilton နဲ့ Thomas Jeffersonတို့ခေတ်ထဲကစလို့ ပါတီတွေပြိုင်လာခဲ့ကြတာ ဒီနေ့ခေတ်အမေရိကန်ရဲ့Two-Party Systemဆိုတာ စတင်မွေးလာခဲ့တာဖြစ်တယ်။ ဒီပြဿနာတွေရဲ့အရင်းမြစ်ပြဿနာကဘယ်လဲလို့ကျွန်တော်တို့တွေးမိဖူးခဲ့ပါသလား??? ဆိုတော့ကျွန်တော်အမြင်အရ ဒီပြဿနာဟာ အမေရိကန်ရဲ့Constitutionကြောင့်လို့ဆိုရပါလိမ့်မယ်။ ဘာလိုအခုလို့ပြောရသလဲဆိုရင် 1780ထဲကရေးဆွဲခဲ့တဲ့ ဤအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံကိုတည်ထောင်သူတွေအကုန်တစ်ညီတစ်ညွတ်ထဲမထောက်ခံတဲ့ ပြိုင်ဆိုင်ပြဿနာကစတင်ခဲ့တာကြောင့်လိုပါပဲ။ အဓိကအကျဆုံး Constitutionရဲ့အားနည်းချက်ကို မထောက်ခံရတဲ့အကြောင်းအရင်အချက်ဟာ ဤConstitution ထဲမှာ‌ဖော်ပြထားတဲ့အစိုးရရဲ့ အာဏာနဲ့ ပတ်သက်ပြီး တိတိကျကျ စည်းမခြားခဲ့ဘဲ ချန်လှပ်ထားခဲ့တဲ့ အချက်တွေ အများကြီးပါဝင်နေတာကြောင့် Founding Fatherတစ်ဝက်လောက်ကအရမ်းစိတ်ပျက်ခဲ့ရပါတယ်။ အဲဒီတော့Founding Fatherတွေကြား အုပ်စုနှစ်စုကွဲသွားခဲ့တယ်။ သို့သော်သူတို့တွေကအုပ်စုကွဲသော်လည်း နိုင်ငံအပေါ်သူတို့ရဲ့စေတနာဟာ ထာဝရတည်မြဲနေခဲ့ပါတယ်။ ဘယ်လောက်ဘဲမူဝါဒတွေ၊ အယူအဆတွေ ကွဲပြားနေပါစေ အမေရိကန်ဟာ အင်အားကြီးနိုင်ငံဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သူတို့၏စိတ်ဓါတ်တွေဟာ ဘယ်လောက်ထိလေးစားဖို့ကောင်းသလဲဆိုတာ ယနေ့သမိုင်းမှာသက်သေပြခဲ့ကြပြီးဖြစ်တယ်။ ဘာလို့အမေရိကန်တည်ထောင်သူတွေကတညီတညွတ်ထဲ Federalist Papersကိုမထောက်ခဲ့ရသလဲဆိုရင် ဤပြဿနာအဓိကအကြောင်းအရင်ဟာ ဘုရင့်စနစ်‌ကြောင့်လို့ဆိုရပါလိမ့်မယ်။ ဖက်ဒရယ်စနစ်ဆိုတာ နိုင်ငံတစ်ခုတည်ဆောက်နိုင်ဖို့ဒေသအတွင်း နယ်မြေအစုအဝေးများနဲ့စုစည်းပြီး ပြည်ထောင်စုနိုင်ငံသစ်တစ်ရပ်တည်ထောင်ခြင်းဖြစ်တယ်။ ထိုအခါ ၎င်းနယ်မြေအားလုံးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင်ဟာ ပြည်ထောင်စုအစိုးရထက်လုံးဝနိမ့်ကျသွားတာကြောင့် ဘုရင့်စနစ်နဲ့ဘာမျှမကွာလှပေ။(ဥပမာ ဘုရင့်၏နယ်မြေအတွင်းစော်ဘွား၊ မြို့စား၊ဘုရင်ခံစသဖြင့်)ဒါကြောင့် တည်ထောင်သူဖခင်တွေဟာ ဗဟိုချုပ်ကိုင်မှုအလွန်အကျွံပါတဲ့ ဖက်ဒရယ်စနစ်ဆိုတာ အရင်ကငါတို့ အသက်တွေပေးဆပ်ရင်းရုန်းကန်ပြီး ဖယ်ရှားခဲ့ရတဲ့ဘုရင့်စနစ်နဲ့ ဘာမျှမခြားနားသွားဘူးဆိုတဲ့ ဆုံဖြတ်ချက်နဲ့ Federalist Papersကို ပြတ်ပြတ်သာသာငြင်းပယ်ခဲ့တာဖြစ်တယ်။ ဒီလိုနဲ့ 1787ခုနှစ်မှာ ဖွဲ့စည်းပုံအသစ်ရေးကြတော့ ငါတို့ဟာ အင်္ဂလန်ဘုရင်ဆိုးရဲ့လက်အောက်ကနေ ကပ်သီလေး လွတ်လာပြီးမှ အခုလို့ကိုယ့်လူမျိုးထဲကနေပဲ ဗဟိုအာဏာရှင်အသစ် တစ်ယောက်ကို ပြန်ထောင်ပေးလိုက်သလို ဖြစ်မနေဘူးလား ဆိုတဲ့ သံသယက တည်ထောင်သူအချင်းချင်း ၎င်းတို့ရဲ့ရင်ထဲမှာ အမြဲတမ်းကြီးစိုးနေခဲ့ပြီးသူတို့ရဲ့ နှစ်ဖက်အာဏာလွန်ဆွဲပွဲပြီစတင်လာပါလေတော့၏။ -RAIDEN KT Historian #KyawThet #RAIDEN_KT #History
192
18
federalists vs anti federalists???????
federalists vs anti federalists???????
173
19
ရောင်းထွက်ပါပြီးခဗျာ.....🫡
106
20
စာအုပ်လေးရောင်းစရာ ရှိပါတယ် အကယ်လို့ ဝယ်ယူချင်တယ် ဒါမှမဟုတ် ဈေးနှုန်းသိချင်တာဘဲဖြစ်ဖြစ်Raidenရဲ့ @SenatorbongbongMarco အကောင့+3
စာအုပ်လေးရောင်းစရာ ရှိပါတယ် အကယ်လို့ ဝယ်ယူချင်တယ် ဒါမှမဟုတ် ဈေးနှုန်းသိချင်တာဘဲဖြစ်ဖြစ်Raidenရဲ့ @SenatorbongbongMarco အကောင့်မှာလာမေးလို့ရပါတယ်။
38