ru
Feedback
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

Открыть в Telegram

United States/European History အမေရိကန်/ဥရောပသမိုင်းများ

Больше
328
Подписчики
-224 часа
Нет данных7 дней
+2330 день
Архив постов
တစ်သက်လုံး လူတွေလေးစားရပြီး ဗြိတိသျှ‌တွေတောင်ကြောက်သေးထွက်ရတဲ့အထိ အမေရိကန်တော်လှန်ရေးကြီးကိုဦးဆောင်နေတဲ့ သူရဲကောင်းကြီးက"သွားတစ်ချောင်း"မှ မရှိဘူးတဲ့.......🫪

ဗဟိုပြုထိန်းချုပ်ခြင်းဟူသည် ကြောက်စရာ ဩဇာအာဏာဗဟိုပြုခြင်း၏‌စက်ဆုပ်ဖွယ်ကို ဥပစာပြုရသော် ရောမအင်ပါယာကြီး၏‌ရွှေခေတ်၏အဆုံသတ်ဖြစ်သည့် သူ၏ကျဆုံးခြင်းကိုအလွယ်ရှင်းပြရပါလိမ့်မည်။ ဗဟိုပြုခြင်း၏ဆိုးကျိုးအရ ကြည့်လျှင် ရောမအင်ပါယာကြီးသည် အလွန်တရာမှကြီးမားကျယ်ပြန့်ကုန်၏။ ၎င်းအင်ပါယာသည် နိုင်ငံငယ်များကိုသိမ်းပိုက်ကာမိမိတို့၏အင်ပါယာဩဇာအာဏာကို ဗဟိုချုပ်ကိုင်ဖို့ ပိုမိုကြိုးစားထား၏။ ဆိုးကျိုးအရ အဝေးမှထိန်းချုပ်ခံထားရသောဒေသန္တရနိုင်ငံတို့၏ အသိဉာဏ်များ၊ ကွဲပြားသောယဉ်ကျေးမှုများကို မလေးစားဘဲ ရောမအင်ပါယာတစ်နိုင်ငံထဲ၏ဗဟိုချက်ထဲမှသာ အမိန့်ပေးတော့‌လေ၏။ ဤသို့ဖြင့် နိုင်ငံငယ်တို့၏လွတ်လပ်မှုမှ ရုန်းထွက်သည့်စု‌ပေါင်းဒဏ်ကို အလူးအလဲခံရ၏။ ထိုသို့ ဗဟိုပြုခြင်းသည် စနစ်ကို ကြံ့ခိုင်စေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် စနစ်ကို ထုံထိုင်းသွားစေရုံတင်မက ပျက်စီးခြင်းသို့ ပိုမိုမြန်ဆန်စွာ ဆွဲခေါ်လေ၏။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History

အာဏာဟူသည် ကြောက်စရာ လူသမိုင်းတစ်‌လျှောက် အာဏာဟာ စွဲလမ်းမိသူတွေအဖို့ ၎င်းတို့ကို ဘယ်လိုအကျိုးပြန်ပေးသလဲဆိုရင် ပြင်သစ်တော်လှန်ရေးမတိုင်မီက ပြင်သစ်ဘုရင်စနစ် ကို ကြည့်ရပါလိမ့်မယ်။ ၎င်းမှာအာဏာ၊ ချမ်းသာကြွယ်ဝမှုနှင့် ဆုံးဖြတ်ချက်အားလုံးကို ဗာဆိုင်းနန်းတော်ဆိုသည့် ဗဟိုချက်တစ်ခုထဲမှာ စုစည်းထားခဲ့ပါတယ်။ ဘုရင်သည် နေမင်းကဲ့သို့ ဗဟို၌ တည်ရှိသည်ဟု ခံယူခဲ့သော်လည်း ထိုဗဟိုပြုခြင်းဟာအလွန်အကျွံများသည်နှင့်အမျှ လူထုအားအထက်တန်းလွှာတို့၏ ဖိနှိပ်မှုများဖီအားများဟာပြင်ထန်နိုင်‌သောသ‌ဘောသဘာဝရှိလာ၏။ ဖိအားတစ်ခုဟာအလွန်အကျွံအားပြင်လာသည်အခါထိုဖိအား‌ကြောင့် အောက်ခြေဟာအဆုံး၌ပြန်လည်ကန်းထွက်ကုန်ကြ၏။ အမှန်တကယ်အားဖြင့် လူထုဟာ နာကျင်မှုတွေပိုမိုပြင်ထန်လာသည့်အခါ ၎င်းတို့၏အသက်ကိုသေဖို့တောင်မမြင်နိုင်တော့သည့်အခါ ၎င်းတို့၏"မျက်မမြင်အလွှာ"တစ်ခုကို ဖန်တီးရန်ကြောက်ကန်း ကန်တတ်ကြကုန်၏။ -RAIDEN KT Historian #Kyawthet #RAIDEN_KT #History

I'll be back soon........Typing........

"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွ
"ကျွန်တော်ကလေး ဖုန်မှုန့်ဖြစ်နေတာထက်စာရင် ကျွန်တော်က ပြာဖြစ်သွားရတာမှ ပိုပြီးကြိုက်တယ်။ ကျွန်တော်ဘဝမှာမီးတောက်တွေလို ငြိမ်းသွားရုံနဲ့ ပျက်စီးသွားတာထက်စာရင် ပိုတောက်ပတဲ့ မီးလျှံကြီးအဖြစ်နဲ့ လောင်ကျွမ်းသွားတာကိုပဲ ကျွန်တော်ရွေးချယ်ချင်တယ်။ အချည်းနှီး နာမည်ကြီးနေတဲ့သူ ဖြစ်တာထက်စာရင် ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ရတာကိုပဲ ကျွန်တော်ပိုလိုလားတယ်။ ရိုးရိုးတန်းတန်းနဲ့ ကြာရှည်တည်တံ့နေတဲ့ ဂြိုဟ်လုံးကြီးဖြစ်နေတာထက်စာရင် အက်တမ်တိုင်းမှာ တောက်ပမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကြယ်တံခွန်ကြီးအဖြစ်နဲ့ တခဏတာပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား တောက်ပသွားချင်တယ်။ လူဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ အသက်ရှင်နေဖို့ မဟုတ်ဘူးတကယ့်ကို အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့အတွက်ပဲ။ ကျွန်တော်ရဲ့သက်တမ်းကို ရှည်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကို အလကားဖြုန်းတီးပစ်မှာ မဟုတ်ဘူး။ ကျွန်တော်အချိန်တွေကို အကောင်းဆုံးဖြစ်အောင် အသုံးချသွားမယ်။" -jack london #RAIDEN_KT #History #Kyawthet #jacklondon #RAIDEN_KT

From American history, President Washington comes face to face with his statue🫪

Hello guys do you still know me! I'm Raiden kt...🤓🤏ကျွန်တော်ဒီတခါ ဆွေးနွေးမယ်အကြောင်းအရာက ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးနဲ့ အလျှိုဝှက်ဆုံး အဖွဲ့အစည်းကြီးအကြောင်းပြောမှာဖြစ်ပါတယ်...အဲဒီအဖွဲ့အစည်းကဘာအဖွဲ့အစည်းလည်းဆိုရင် မိတ်ဆွေးတို့သိချင်ကြမယ်ထင်ပါတယ်...ဆိုတော့ အ့အဖွဲ့ရဲ့နံမည်က ဖရီးမေဆင်လို့ခေါ်တယ် ဖရီးမေဆင်နဲ့ပတ်သက်ပြီး ဖရီးမေဆင်ဆိုတာဘာလဲ??? ဖရီးမေဆင်ဝါဒဆိုတာဘာလဲ???ဆို့တဲ့ Contentနှစ်ခုနဲ့ ယှဉ်ပြောပါ့မယ် အပိုင်း၁ ပထမဆုံးContentအနေနဲ့ ဖရီးမေဆင်ဆိုတာကိုအလွယ်ကူဆုံးနဲ့ လူအများနားလည်အောင်ပြောရရင် ဒီအဖွဲ့ကြီးက ကျွန်တော်တို့ကမ္ဘာပေါ်မှာလျှိဝှက်နက်နဲတဲ့အဖွဲ့တင်မကဘဲ အရမ်းကြီးကျယ်ပြီး သက်တမ်းအရင့်ဆုံး အသင်းအဖွဲ့ကြီးလို့ ပြောရပါလိမ့်မယ်။ သမန်ကာချံကာအားဖြင့်ပေါ့ ဒီအသင်းကြီးကကျွန်တော်ကြားဖူးသလို ကမ္ဘာကြီးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဂိုဏ်းကြီးမဟုတ်ဘူးဆိုတာသတိထားဖို့လိုပါတယ်။ တချို့လူတွေရဲ့ သမိုင်းအထောက်အထားမှားယွန်ပြီးဒဏ္ဌာရီးဆန်ဆန်ပြောတဲ့ပုံပြင်သက်သက်ကို ဖြေဖျောင်ဖို့ ကျွန်တော်ကိုယ်တိုင်းဖရီးမေဆင်ဂိုဏ်းကြီးကို သမိုင်းအထောက်အထားကျကျနနသုံးသပ်တင်ပြပါ့မယ် စာဖတ်သူတို့.... ဖရီးမေဆင်ဂိုဏ်းကြီးရဲ့မူလအစဟာ ဟိုးယခင်ခေတ်က ဘုရားကျောင်းကြီးတွေကို ဆောက်တဲ့ အုတ်သည်တွေ၊ ပန်းရံသမားတွေ ဆီကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အလယ်ခေတ်တွေမှာ ဗိသုကာပညာထွန်းကားတာနဲ့အမျှ သူတို့ရဲ့ကိုယ်ပိုင် နည်းပညာ‌တွေကို လျှိုဝှက်ဖို့နဲ့ တခြားအပြင်လူတွေ မသိအောင် သူတို့ရဲ့လျှိုဝှက်တဲ့စကားတွေနဲ့ လက်ဆွဲနှုတ်ဆက်နည်းတွေကို တီထွင်ပြီး အချင်းချင်းဆက်သွယ်ကာ တခြားသာမန်လူတွေမတူတဲ့ ပုံစံတွေနဲ့ အချင်းချင်းသိနားလည်အောင် ခွဲခြားခဲ့ကြတာဖြစ်တယ်။ ဒါကဖရီးမေဆင်ဂိုဏ်းရဲ့အစပျိုးမှုလိုဆိုနိုင်ပါတယ် ဒါမယ် ဒီဂိုဏ်းနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို အငြင်းပွားပွားအချက်အချို့ကိုကြားဖူးလောက်မယ်ထင်တယ်။ ဖရီးမေဆင်ဂိုဏ်ကို ဘာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းလိုလို တချို့ကပြောကြတာကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါကလုံးဝမဟုတ်ဘူးဆိုတာကို ငြင်းပါရစေ။ တကယ်တော့ဒီဂိုဏ်းဘာသာရေးကော နိုင်ငံရေးဆိုင်ရာ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းလည်မဟုတ်ပါ။ ဒါပေမယ့် ဒီအဖွဲ့အစည်းထဲကို ဝင်မယ်ဆိုရင် ဘာသာရေးတခုခုကို ကိုးကွယ်ယုံကြည့်မှုရရှိရပါလိမ့်မယ်။ ဘာလိုဆိုရင် လူတွေက လူကောင်းတစ်ဦးဖြစ်ဖို့ဆိုရင် ဘာသာရေး‌ရဲ့ အဆုံးအမတွေနဲ့အတူ သူဟာပိုကောင်းတဲ့ လူဖြစ်အောင် လေ့ကျင်တတ်ဖို့ရယ် လူထုအကျိုးပြုပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဘာသာရေးယုံကြည့်သူကိုသာလက်ခံတာဟာ တကယ်ကို ကောင်းမွန်တဲ့အသင်းအဖြစ် ကျွန်တော်အမြင်အရရှုမြင်ပါတယ်။ -RAIDEN KT Historian အပိုင်း(၂)ဆက်ရန်.... #Kyawthet #RAIDEN_KT #History

ဖရီးမေဆင်ဂိုဏ်း ဆိုတာဘာလဲ
ဖရီးမေဆင်ဂိုဏ်း ဆိုတာဘာလဲ

ခနလေးနော်Contentအသစ်လေးရေးပြီးပုံမှန်ပြန်တင်ပေးမယ်....🫪

သိုရိုးရဲ့ဒဿနပေါင်းများစွာ ကောက်နုတ်ချက်အရ သူရဲ့စိတ်နေစိတ်ထားကို ကျွန်တော်တို့ရိပ်စမိတဲ့အချက်တစ်ခုရှိတယ်။အဲဒါက မင်းကလူကြားထဲမ
သိုရိုးရဲ့ဒဿနပေါင်းများစွာ ကောက်နုတ်ချက်အရ သူရဲ့စိတ်နေစိတ်ထားကို ကျွန်တော်တို့ရိပ်စမိတဲ့အချက်တစ်ခုရှိတယ်။အဲဒါက မင်းကလူကြားထဲမှာ ဆရာကြီးအထားနဲ့ လူတောထဲဇွတ်တိုးဝင်ပြီး လိုက်စီးမျောမနေနဲ့၊ မင်းဘာသာ ဘဝကိုလွတ်လွတ်လပ်လပ်နဲ့ရိုးရိုးရှင်းရှင်း သိုသိုသိပ်သိပ် နေစမ်းပါ ဆိုတဲ့ အချက်ဘဲ ဒါကသိုရိုးရဲ့ အကျော်ကြားဆုံး Life Choiceအဆင့်သတ်မှတ်ချက်ဆိုရင်မမှားဘူး။ ကျွန်တော်သတိမိတယ် သိုရိုးရဲ့အမြင်က လူတွေဟာ ပိုက်ဆံတွေ၊ ရာထူးတွေ၊ ဂုဏ်ဒြပ်တွေရဲ့ အနောက်ကိုBlindlyလိုက်နေကြတာကို သူကလုံးဝသဘောကျဟန်မတူဘူး။ အဲဒါနဲ့သူက ဘာလုပ်သလဲဆိုတော့ လူတွေ‌ရဲ့အတ္တတွေမြို့ပြတွေနဲ့ ဝေးတဲ့ Waldenဆိုတဲ့ ရေကန်လေးဘေးက တောအုပ်ထဲမှာ ပကာသနမရှိဘဲ တဲလေးတစ်လုံးကို ကိုယ်တိုင်းဆောက်ပြီး တစ်ယောက်ထဲနေရှာတယ်။ "I went to the woods because I wished to live deliberately..." ငါ တောထဲသွားနေတာဟာ ဘဝကို အဓိပ္ပာယ်ရှိရှိ၊ သတိရှိရှိနဲ့ ဖြတ်သန်းချင်လို့ကွ။ -RAIDEN KT Historian #RAIDEN_KT #HenryDavidThoreau #history #Kyawthet

"အစ္စလာမ်ဆိုတာ 'ရာဟ်မသ်သန် လိလ်အာလာမင်း' (လောကခပ်သိမ်းတို့အတွက် ကောင်းခြင်းမင်္ဂလာ) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ထဲမှာ
"အစ္စလာမ်ဆိုတာ 'ရာဟ်မသ်သန် လိလ်အာလာမင်း' (လောကခပ်သိမ်းတို့အတွက် ကောင်းခြင်းမင်္ဂလာ) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ထဲမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေ၊ လူမျိုးစုတွေကို အပြန်အလှန် လေးစားသမှုရှိရှိနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။" -သမ္မတဟာဘိဘိ အင်ဒိုနီးရှား ဒီမိုကရက်တစ်ခေါင်းဆောင် #history #Kyawthet #RAIDEN_KT

Hello guys do you still know me! I'm Raiden kt...🤓🤏 ..We are together again. အချိန်ကာလအားဖြင့် ၁၉၂၀ပြည့်လွန်နှစ်တွေမှာ ပညာရှင်တွေနဲ့ သတင်းစာတိုက်တွေမှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုကအရမ်းhotဖြစ်ခဲ့ပြီး သူတို့ဟာဒီကိစ္စကို ဒါကလုံးဝမဖြစ်နိုင်ဘူး ကိုယ်ကိုကိုယ် သေကြောင်းကြံစည်မှုတစ်ခုပဲလို့ အားလုံးကတစ်ညီတစ်ညွှတ်ထဲ သတ်မှတ်ထားတဲ့စိန်ခေါ်မှုတစ်ခုရှိခဲ့ပါတယ်။ အဲဟာကတော့ နယူးယောက်ကနေ ပြင်သစ်နိုင်ငံပါရီမြို့ကို လေယာဉ်တစ်စီးနဲ့ တစ်ကိုယ်တော်မရပ်မနားပျံသန်းပြဖို့ Stuntထွင်းတဲ့လုပ်ရပ်ပါပဲ။ ဒီစွန့်စားခန်းကိုစိန်ခေါ်သူက နယူးယောက်မြို့ရဲ့ဟိုတယ်သူ‌ဌေကြီးပိုင်ရှင် ရေမွန် အော်တိတ် ဘဲဖြစ်တယ်။ သူကဒီပျံသန်းမှုစွန့်စားခန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူ ဘယ်သူမဆိုအမေရိကန်ဒေါ် ၂၅,၀၀၀ ဒီနေ့ခေတ်တန်ဖိုးနဲ့ဆိုရင် ဒေါ်လာ၄သိန်းကျော်)ကို ဆုကြေးပေးမယ်လို့ သူကသတင်းစာတိုက်တွေမှာအတိအလင်းကြေငြာထားတာပေါ့။ butဒီစိန်ခေါ်မှုကိုပါဝင်ခဲ့တဲ့ နံမယ်ကြီး ကမ္ဘာ့လေသူရဲအများအပြားက ဆုရဖို့အတွက် ကြိုးစားရင်း အတ္တလန္တိတ်သမုဒ္ဒရာထဲအကုန် ပျက်ကျပြီး အနိစ္စရောက်ကုန်ရတာပါပဲ။ ဒီဖြစ်ရပ်အပြီး ထူးထူးရှားရှား ၁၉၂၇ခုနှစ် မေလ၂၀ရက် မနက်ခင်းပိုင်းလေးမှာ အသက်၂၅နှစ်သာရှိသေးတဲ့ စာပို့လေသူရဲလေး ချားလ်စ် လင်းဘာ့ဂ် ဟာစီနီယာလေသူရဲတွေကိုကျော်တက်ပြီး အားလုံးကိုအ့ဩတုန်လှုပ်စေမယ့် ဆုံဖြတ်ချက်လေးတစ်ခုကို လူထုအရှေ့မှာသူချပြခဲ့တယ်။ အဲဒါက သူကဒီစိန်ခေါ်မှုမှာပါဝင်ချင်တယ် ပြီးတော့သူရဲ့လေယာဉ်က အင်ဂျင်တစ်လုံးထဲဘဲပါတဲ့ Spirit of St. Louisပါလို့ သတင်းစာဆရာတွေနဲ့ ပြည်သူတွေကို ပြောခဲ့တယ်။ အဲဒီခေတ်အဲဒီအခါမှာ အတ္တလန္တိတ်ကို ကျော်ဖြတ်ဖို့ လေသူရဲတွေက သူတို့လေယာဉ်တွေကို အင်ဂျင်အများကြီးတပ်ဆင်ထားတဲ့ လေယာဉ်ကြီးတွေကို သုံးနေကြချိန် သူက လေယာဉ်ကို ပေါ့ပေါ့ပါးပါးနဲ့ဆီဆံ့ဖို့ အင်ဂျင်တစ်လုံးထဲလေယာဉ်နဲ့ဖြတ်ကျော်ဖို့ဆုံဖြတ်ခဲ့တယ်။ လူတွေကသူကို မင်းရူးနေလား၊ သူကအရမ်းမိုက်ရူးရဲဆန်တာဘဲလို့ Messageတွေ Opinion‌တွေအမျိုးမျိုးပေးကြတယ်။ လူငယ်လေးကအဲဒါတွေ ဂရုမစိုက်ဘဲ သူရဲ့လေယာဉ်ရှေ့က မှန်ပြတင်းပေါက်‌ကိုပါပိတ်ပြီး ဆီတိုင်ကီ အကြီးကြီးတစ်ခုကို ထည့်ခဲ့တယ်နောက်ပြီး အရှေ့ကိုမြင်ရဖို့ ပယ်ရစကုဒ်မှန်ပြောင်းငယ်လေးတစ်ခုကိုဘဲ သူကသုံးခဲ့တယ်။ လေယာဉ်ရဲ့အလေးချိန်ကို ပိုပြီးပေါ့ပါးသွက်လက်သွားအောင် လေထီး၊ ရေဒီယို၊ လမ်းညွှန်မီးတွေကအစသူကအကုန်ဖြုတ်ပစ်ခဲ့တယ်။ လူတွေကတော့သူကို မဖြစ်နိုင်ဘူးလို့ထင်ကြေတွေပေးခဲ့ကြတယ် သူကအ့ဒါတွေကို လူတစ်ဦးတစ်ယောက်ချင်းစီးမရှင်းပြခဲ့ဘူး သူခံယူထားတာက သေရင်လည်းသေမယ်၊ အောင်မြင်ရင်လည်း လုံးဝအပြတ်သတ်ဘဲ ဆိုတဲ့ ခံယူချက်ပါပဲ။ ဒီလိုနဲ့ နယူးယောက်ကနေ သူကပါရီကို စတင် ထွက်ခွာလာခဲ့ပြီးနောက် ခရီးစဉ်တသ်လျှောက်လုံးမှာ မြူတွေနဲ့အတူ လေယာဉ်တောင်ပံ့ဟာအေးခဲပြီး အန္တရာယ်တွေ မချိမနစ်နဲ့ သူရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ပြဿနာက သူအတွက်သဘာဝဘေးအန္တရာယ်မဟုတ်ဘဲ ခရီးစဉ်တစ်လျှောက်လုံး အိပ်ငိုက်တာပါပဲ။ ဒီခရီးဟာ ၃၃နာရီကျော်ကြာမြင့်ခဲ့ပေမယ့် သူအတွက်တော့ ခရီးစဉ်တစ်လျောက်လုံး မျက်စိတစ်မှိတ်မှ မှိတ်လို့မရခဲ့ပါဘူး။ ဘာလိုဆိုရင် သူသာတစ်မိနစ်ဖြစ်ဖြစ် အိပ်ပျော်ခဲ့သည်ရှိသော် လေယာဉ်က သမုဒ္ဒရာထဲ ထိုးကျပြီး နတ်ပြည်ကို Bookingမယူဘဲ ရောက်သွားမှာမို့ပါ။ ဒါကြောင့် အိပ်ငိုက်တဲ့ပြဿနာကို သူကရင်ဆိုင်ပြီး သူမျက်ခွံတွေကို လက်နဲ့ဖြဲတယ် လေယာဉ်ပြတင်းပေါက်ကိုခေါင်းထုတ်ပြီး အေးစိမ့်တဲ့ လေတွေကို တမင်တကား ရှုသွင်းရင်း အသိစိတ်ကိုအသဲအသန်း ထိန်းချုပ်ခဲ့ရတယ်။ ဒီလိုနဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့တရွေ့ရွေ့လေလွင့်နေတဲ့ သမိုင်းဝင်လေယာဉ်လေးက မေလ၂၁ရက် ညဘက်မှာဘဲ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ Le Bourget လေဆိပ်ကိုအင်ဂျင်တစ်လုံးထဲနဲ့ ဝဲပျံပြီးဆင်းသက်ပါလေးရော၊ ထိုအခါ လေဆိပ်မှာ လူပေါင်း၁၅၀,၀၀၀ကျော်ကပြည့်နှက်ပြီး ကြိုဆိုကြပါလေးသတဲ့၊အရမ်းကိုမှ လူတွေရဲ့ ဝေဖန်မှုကနေတဆင့် ချီးကျူးမှုသို့ ပြောင်းလဲတဲ့အခိုက်အတန့်ပါပဲ။ သမိုင်းမှာတော့ ထိုနေ့ဟာ ကမ္ဘာပေါ်မှာ ကြာမြင့်ချိန်၃၃နာရီမိနစ်၃၀/ခရီးအကွာအဝေး၃,၆၁၀မိုင်ကို မရပ်မနား မောင်းနှင်းသူ ချားလ်စ် လင်းဘာ့ဂ်ကို အတ္တလန္တိတ်သမုဒ္ဒရာကို တစ်ကိုယါတော် မရပ်မနားပျံသန်းနိုင်ခဲ့တဲ့ ပထမဆုံးသော လူသားအဖြစ် သမိုင်းတွင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သင်ခန်းစာရတာကတော့ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို လုပ်နေချိန် လူတွေကမင်းကိုဝေဖန်မယ် အောင်မြင်ရင်သူတို့ကအားကျလာလိမ့်မယ်ဆိုတာပါပဲ။ ဒီလိုနဲ့ လူတွေကလေယာဉ်ပျံသန်းမှုပို စွန့်စားခန်းတစ်ခုလို့ ထင်မြင်မနေတော့ဘဲ အရမ်းစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးအဖြစ် ယုံကြည့်လာကြပြီး ဒီနေ့ခေတ်ရဲ့ နိုင်ငံတကားလေကြောင်းလိုင်းတွေကို ပေါ်ပေါက်လာဖို့ ချားလ်စ် လင်းဘာ့ဂ်နဲ့သူရဲ့Spirit of St. Louisလေယာဉ်လေးက အခြေခံအုတ်မြစ်ချပေးခဲ့တာဖြစ်တယ်ဆိုရင်လုံးဝမမှားနိုင်တော့ပေ။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #Aviation #CharlesLindbergh #history

Who is the historical character from the Oggy cartoon that you watched as a child?
Who is the historical character from the Oggy cartoon that you watched as a child?

Even a very strong-willed liberal politician feels very homesick for his father when it rains🙍‍♂️ My father fav song #Kyawthet #History #RAIDEN_KT

Even a very strong-willed liberal politician feels very homesick for his father when it rains🙍‍♂️ My father fav song #Kyawthet #History #RAIDEN_KT

နိုင်ငံရေးဟူသော စကားလုံးသည် တချို့သောပုဂ္ဂိုလ်များအတွက်မူ နိုင်ငံအရေး၊ အမျိုးသားရေးတာဝန်၊ ပါတီစုံပြိုင်ဆိုင်မှုနှင့် အာဏာရယူခြင်းဟူသော ဝေါဟာရအဖြစ် ရှု့မြင်ကြသည်။ ယနေ့ခေတ် လူမှုမီဒီယာခေတ်၌ ကျွန်တေည်မြင်တွေ့နေရတဲ့ တချို့သော တက်ကြွသည့်လူငယ်များ၊ ngoအဖွဲ့များနှင့် အထက်တန်းကျသော အစိုးရအရာရှိသားသမီးများဟာ မိမိကိုယ်မိမိ နိုင်ငံရေးသမား အနေဖြင့် သိုးရေခြုံသည် ဝံပုလွေပမာမသိတော့ဘဲ နိုင်ငံရေးကိုဆောက်ချလုပ်ဟန်တူ၏။ အမှန်စင်စစ်အားဖြင့် နိုင်ငံရေးဟူသော စကားအတိမ်းအနက်ဟာ လူထုအဖွဲ့အစည်းအားလုံးကို မည်ကဲ့သို့သော စံနှုန်းဖြင့် ထိန်းကျောင်းရမည်နည်းဟူသည့် ကိုယ်ကျင့်တရားဆိုင်ရာ ရွေချယ်မှု၊ ခံယူချက်တစ်ခုပင်ဖြသ်သည်။ အလားတူ နိုင်ငံရေး၏သဘောတရားဟာ သမိုင်းနှင့်အတူ နိဂုံးချုပ်၍ အမြဲတစ္တေ ဒွန်တွဲကပ်လျက်ရှိသည်။ သမိုင်းဟူသည်မှာ ကျွန်တော်တို့၏ လုပ်ဆောင်သော ကိုယ်ကျင့်တရားများကို အမြဲတမ်းစောင့်ကြည့်နေသည့် Unbiased eyeတစ်ခုနိုင်သည်။ သမိုင်းကို နိုင်ငံရေးရှုထောင့်ကနေ ကြည်လျှင် အာဏာရှင်စနစ်အတွင်း လူသားအချင်းချင်း၏ စီနင်းအုပ်ချုပ်တတ်သော လူတစ်ဦး၊ လူတစ်စု၏ ဖိနှိပ်မှုများနဲ့ သွေးထွက်သံယိုမှုတွေကို မြင်တွေ့ရသည့်မှာအထူးအဆန်မဟုတ်တော့ပေ။ သို့သော် စနစ်၏ဖိအားအလွန်အကျွံများတဲ့အခါ ဝန်ပိနေတဲ့ လူတွေက အကုန်အပြင်ကို ကန်းထွက်ပေါက်ကွဲလာတာလည်း အားလုံးအသိပင်ဖြစ်ပေလိမ့်မည်။ လူသားတို့ဟာဖိနှိပ်မှုအလုံစုံခံရသည့်အခါ နောက်ဆုံးအကျိုးဆက်ဟာ မိမိ၏လွတ်လပ်မှု၊ ညိမျှမှု၊ မိမိ၏အခွင့်အရေးကို ကာကွယ်ရမည်ဟူသော ကိုယ်ကျင့်တရားဆိုင်ရာ အသိတရားများဟာ စိတ်၌ စတင်သန္ဓေတည်လာခဲ့မည်ဖြစ်သည်။ ဒါကြောင့် နိုင်ငံရေးဟူသော စကားဟာ သမိုင်းနှင့်ကပ်နေပြီး နိုင်ငံတစ်ခု၏ပြည်သူလူထုအားလုံး၏ စိတ်ဓါတ်အရ ဘယ်လောက် ရင့်ကျက်နေသလဲဆိုတာ စမ်းသပ်တဲ့ ကစားပွဲဖြစ်ပါတော့သည်။ Politics is not about forming a party and running for office, as you think. No..No..No..လွှတ်တော်ထဲဝင်ချင်တယ် စိတ်က နိုင်ငံရေးသမားစိတ်မဖြစ်သေးဘူး...အဲဒါက သူများရေးတဲ့ဥပဒေကို ဘုတ်အဖွဲ့ဝင် ဝင်လုပ်တာ....Politicians are people who criticize the system rather than the power they wield. If you don't like them, replace them with new ones...လို့ပြန်ပြောနိုင်ဖို့ မကြောက်နဲ့...ကြောက်နေရင် ရုပ်သေးဘဲ👊👽 -RAIDEN KT Historian #RAIDEN_KT #Kyawthet #History

Historical succession is political reality📜
Historical succession is political reality📜

Btwမနေ့ကဖြစ်တဲ့ပြဿနာလေးကို ကြုံတုံစကားစမြည်းချင်တယ်🤓 ပြဿနာကဘယ်ကစလဲဆိုတော့...ကိုယ်ဝါဒနဲ့သူဝါဒ ဘယ်ဟာကောင်းသလဲပြိုင်ရင် လွန်ဆွဲတာကစတာဘဲ ကျွန်တော်အတွက်က နိုင်ငံရေးခံယူချက်အနေနဲ့ လစ်ဘရယ်ဆိုပေမယ့် အစွန်းရောက်လား မရောက်လားတော့ ငြင်းမနေတော့ဘူး ဒါမယ်တင်တဲ့ postတိုင်းက ကိုယ်ခံယူချက်၊ သမိုင်းဒီလောက်ဘဲ🫩...တခြားဝါဒကိုလည် စိစိညှပ်ညှပ်ဝေဖန်ထားတာလည်းမရှိဘူးပေါ့...အဲလိုနဲ့ အတွေးတစ်ခုဝင်လာတာက အခုခေတ်နိုင်ငံရေးကြီးက တော်"ဆိုး"ဝါး"ဘဲPolarizationတွေအရမ်းများတယ်။ ကိုယ်နဲ့အမြင်မတူရင် ကျွန်တော်လိုဘဲ ပထွေးမုန်း မုန်းခံရတဲ့mindsetမျိုးတွေအရမ်းများတယ် နည်းနည်းလေးသဘောထားကွဲလွဲသွားတာနဲ့ တစ်ဖက်ကို ဝေဖန်လိုက်တဲ့သံသရာမဆုံတော့လေးခြင်းပဲ။ အာ့ကြောင့် ကျွန်တော်နိုင်ငံရေးလောကကို အရမ်းစိတ်ပျက်တယ် တကယ်တမ်းဝန်ခံရရင်စိတ်လည်းအရမ်း၄ဖို့ကောင်းတယ် နိုင်ငံရေးသမားတစ်ဦးလုပ်ရမှာ။ ဒါမယ်လည်း "If you don't take an interest in politics, politics will take an interest in you" ဆိုတဲ့အတိုင်းပဲပေါ့ ကျွန်တော်တို့ကမျက်ကွယ်ပြုထားလို့မှမရတာဗျ....🫪 Raiden kt #RAIDEN_KT #Kyawthet #History

သမိုင်းဆိုင်ရာReform သမ္မတစနစ်ဆိုတာဟာ ဘုရင့်စနစ်ကို နန်းတော်ကနေ ဘုန်းခနဲ ကန်းထုတ်လိုက်တာပါဘဲ။ သမ္မတစနစ်ရဲ့ စံနှုန်းတွေက ရှေးဟောင်းနွားအိုးကြီးတွေဖြစ်တဲ့ ဘုရင်တွေကို လှောင်ပြောင်နေလိုက်ပုံကတော့ မင်းတို့ရဲ့ သရဖူတွေ၊ ထီးမွေ နန်းမွေနဲ့ နန်းစဥ်မျိုးရိုးမြင့်သွေးတွေကို ဘေးဖယ်ထားလိုက်ပါ။ ငါတို့ရဲ့ သမ္မတစနစ်မှာ ဖိနပ်အစုတ်‌လေးစီးပြီး လမ်းဘေးမှာ ကြီးပြင်းခဲ့တဲ့ အောက်ခြေလူတန်းစား ကောင်လေးတစ်ယောက်ကတောင် ဉာဏ်ပညာနဲ့ ကြိုးစားမှုရှိရင် တိုင်းပြည်ရဲ့ သမ္မတ ဖြစ်လာနိုင်တယ် ဆိုပြီးပြတ်ပြတ်သာသာ ပြောရဲတယ်။ သာဓကအနေနဲ့ သမိုင်းမှာအမေရိကန်သမ္မတအေဗာရာဟင်လင်ကွန်းဆိုရင် တောထဲက သစ်လုံးအိမ်လေးထဲမှာ မွေးပြီး ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရတဲ့ ဆင်းရဲသား‌ ကောင်လေးပေါ့၊ ဒါပေမဲ့ သူသမ္မတ ဖြစ်လာပြီး တိုင်းပြည်ရဲ့ ပြိုကွဲလုနီးပါးအ‌ခြေအနေကို ကယ်တင်ခဲ့တယ်။ဒါကြောင့် အမေရိကန် သမိုင်းမှာတင်မက ကမ္ဘာသမိုင်းမှာ အကောင်းတကားအကောင်းဆုံး ဦးဆောင်သူအနေနဲ့ အခုထိနံမည် ကျန်ရစ်နေတာဖြစ်တယ်။ အကယ်လို့များ ဘုရင့်စနစ်ဆိုရင် သူဟာ လည်း နန်းတော်အပြင်က ထင်းခုတ်သမားပဲ ဖြစ်နေလောက်မှာပါ။ -RAIDEN KT Historian #RAIDEN_KT #Kyawthet #History

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏 - Статистика и аналитика Telegram-канала @raiden_kt