ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

前往频道在 Telegram

United States/European History အမေရိကန်/ဥရောပသမိုင်းများ

显示更多
323
订阅者
无数据24 小时
无数据7 天
-630 夊

正在加载数据

相似频道
无数据
有任何问题?请刷新页面或联系我们的客服。
标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
11㜈 '26
十一月 '26
+5
在1个频道中
十月 '26
+12
在1个频道中
Get PRO
九月 '26
+13
在1个频道中
Get PRO
八月 '26
+14
在1个频道中
Get PRO
䏃㜈 '26
+11
在1个频道中
Get PRO
六月 '26
+15
在1个频道中
Get PRO
五月 '26
+43
在0个频道中
Get PRO
四月 '26
+38
在4个频道中
Get PRO
三月 '26
+13
在1个频道中
Get PRO
二月 '26
+16
在1个频道中
Get PRO
一月 '26
+16
在1个频道中
Get PRO
十二月 '25
+15
在1个频道中
Get PRO
十一月 '25
+2 014
在1个频道中
Get PRO
十月 '25
+28
在1个频道中
Get PRO
九月 '25
+14
在1个频道中
Get PRO
八月 '25
+26
在1个频道中
Get PRO
䏃㜈 '25
+43
在1个频道中
Get PRO
六月 '25
+28
在1个频道中
Get PRO
五月 '25
+112
在1个频道中
Get PRO
四月 '250
在3个频道中
Get PRO
三月 '25
+108
在4个频道中
日期
订阅者增长
提及
频道
22 十一月0
21 十一月0
20 十一月0
19 十一月0
18 十一月0
17 十一月0
16 十一月+2
15 十一月0
14 十一月0
13 十一月0
12 十一月0
11 十一月0
10 十一月0
09 十一月0
08 十一月+1
07 十一月+1
06 十一月0
05 十一月0
04 十一月0
03 十一月0
02 十一月0
01 十一月+1
频道帖子
ဟန်ချက်ညီစေရန် ဆက်လက်လှုပ်ရှားပါ လူသားတို့၏ သဘောသဘာဝဆိုသည်မှာ စက်ဘီးစီးခြင်းနှင့်တူ၏။ ရွေ့လျားမှသာ မိမိဘဝကို ဟန်ချက်ညီစွာထိန်
ဟန်ချက်ညီစေရန် ဆက်လက်လှုပ်ရှားပါ လူသားတို့၏ သဘောသဘာဝဆိုသည်မှာ စက်ဘီးစီးခြင်းနှင့်တူ၏။ ရွေ့လျားမှသာ မိမိဘဝကို ဟန်ချက်ညီစွာထိန်းနိုင်မည်ဖြစ်သည်။ -Albert Einstein #RAIDEN_KT #History #KyawThet
16 11㜈, 07:00

2
"ရိုးသားသော အေ့ဘ်" အပိုင်း(၁) တခါက အီလီနွိုက်ပြည်နယ်က နယူးဆာလမ် ဆိုတဲ့ ရွာလေးတစ်ရွာမှာ တချိန်အမေရိကန်ရဲ့၁၆ယောက်မြောက်သမ္မတဖြစ်လာမယ့် လင်ကွန်းဆိုတဲ့ လူငယ်လေးတစ်ဦးဟာ သူ့သူငယ်ချင်းတစ်ဦးနဲ့အတူ ကုန်စုံဆိုင်လေးတစ်ဆိုင်ကို ပူးတွဲဖွင့်လှစ်ခဲ့ပါတယ်။ လင်ကွန်းဆိုတဲ့လူငယ်လေးက အတန်းပညာမရှိပေမယ့် စာဖတ်တဲ့နေရာမှာတော့အလွန်ဝါသနာပါပြီး လူတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာလည်း အရမ်းပွင့်လင်းရိုးသားလွန်သူတစ်ဦးပါ။ ဒါပေမယ့် သူဘဝက ငယ်ငယ်ထဲကနေလက်ရှိဘဝထိ တခါမှကံမကောင်းခဲ့ပါဘူး...ဘာလိုဆိုရင် သူဟာသူဖွင့်တဲ့ဆိုင်လေးထဲကကုန်ပစ္စည်းတိုင်းကို အမြတ်မတင်တဲ့အပြင် မိမိရဲ့ကုန်ပစ္စည်းရဲ့ဝယ်ဈေးအတိုင်း ရောင်းချတာရယ်၊ ကုန်ပစ္စည်းရဲ့အားနည်းချက်ကို ရိုးရိုးသားသားပြောပြတတ်တဲ့စိတ်ထားကြောင့်ဘဲ မအောင်မြင်ဘဲ နောက်ဆုံးပိတ်လိုက်ရတဲ့အထိ အခြေနေဆိုးခဲ့ပါတယ်။ ဒါတောင် ‌သူရဲ့ ရိုးသားမှုတွေက ဈေးဆိုင်‌လေးပိတ်လိုက်ရတဲ့အချိန်မှာတောင် လင်ကွန်းအတွက် အကြွေးတွေအများကြီးကျန်တင်နေခဲ့သေးတာပေါ့။ အဲဒီခေတ်ကာလတွေဟာ ငွေကြေးအခြေအနေအရ မြှင့်တက်နေတော့ သူအတွက်အကြွေးဆိုတာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေခဲ့တယ်။ ဒါပေမယ့်လည်းသူ့သူငယ်ချင်းတွေက ဒါကစီပွားရေးလုပ်နေတာလေး မအောင်မြင်ရင် ခံရမှာပါပဲ ဒီလောက်အကြွေးတွေကို ဘယ်လိုလုပ်ပြီး ပေးနိုင်ကြမှာလဲ စသဖြင့် အားပေးနှစ်သိမ့်ပေးကြတယ်။ သို့သော် လင်ကွန်းအနေနဲ့ ငါကဒီကြွေးတွေကို ငါနည်းငါဟန်နဲ့ ရအောင်ဆပ်ရမှာပါပဲ ဘာလိုလဲဆိုရင် ငါအတွက်လိုအပ်တဲ့နေတဲ့ဒီအကြွေးတွေက တစ်‌စုံတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ ငါမှာရှိသမျှအရာအားလုံးနဲ့ ပြန်ပေးဆပ်မယ် လို့ လင်ကွန်းတစ်ယောက်ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီလိုနဲ့ သူငယ်ချင်တွေက လင်ကွန်းကိုနောက်ပြောက်ကျီးဆယ်တဲ့အနေနဲ့ အဲဒီအကြွေးတွေကို လင်ကွန်းရဲ့ အမျိုးသားအကြွေးလို့တောင် သရော်ခဲ့ရသည့်အထိ နောက်ပြောင်ခံရတယ်။ ဒါပေမယ့် ဘယ်လိုနောက်ပြောင်မှုမျိုးကိုမှ ဂရုမစိုက်တဲ့ လင်ကွန်းအဖို့ ဒီအကြွေးတွေကို အကုန်ကျေဖို့ ၁၅နှစ်လောက် သူအချိန်ယူခဲ့တယ်။ ဒါတွေက လင်ကွန်းရဲ့ ရိုးသားမှုကို ပိုမိုခိုင်မာစေခဲ့တယ်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
71
3
"ရိုးသားသော အေ့ဘ်"
"ရိုးသားသော အေ့ဘ်"
55
4
ငါတို့ဖခင်တွေ ပေးဆပ်ခဲ့တဲ့ သူတို့အသက်နဲ့အလဲထပ်လုပ်ခဲ့တဲ့ ငါတို့အတွက် လွတ်လပ်ရေး ဒါမှမဟုတ် လွတ်လပ်မှုကို ငါတို့ကာကွယ်မပေးနိုင်ခဲ့တောင် အဲဒီလွတ်လပ်မှုဆိုတဲ့ သူတို့ရဲ့ပေးဆပ်မှုအပေါ် ငါတို့သစ္စာဖောက်ခဲ့ရင် ငါတို့ဟာသမိုင်းရဲ့တရားခံမက ငါတို့ကွယ်လွန်တဲ့အခါ နိုင်ငံဖခင်များကို ဘယ်သို့မျက်နှာပြဝံမည်နည်း။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History
78
5
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်? Keke Geladzeဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်ရဲ့ မိခင်အဖြစ်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ခရစ်ယာန်ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုကနေဆင်းသက်လာသူဖြစ်တာကြောင့် သူမရဲ့ သားဖြစ်သူ စတာလင်အတွက် မျှော်လင့်ချက်များစွာရှိတဲ့မိခင်တစ်ဦးလည်းဖြစ်တယ်။ သူမရဲ့ ရည်မှန်းချက်တွေဟာ သူမရဲ့သားစတာလင်ကို နောင်တွင်ဂျော်ဂျီယာဩသဒေါက်စ်ချာ့ခ်ျရဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့ သူမကအများကြီးမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် သူမရဲ့သား ဘာသာရေးကျောင်းကို တက်နိုင်ဖို့ သူမအနေနဲ့ အများကြီးရုန်းကန် ခဲ့ရတယ်။ စတာလင်ဟာလည်း မိခင်ရဲ့ဆန္ဒအလျောက် ဘာသာရေးကျောင်းကို တက်ရောက်ဖို့သူဟာဆုံဖြတ်ချက်ချခဲ့တယ်။ သို့သော် အချိန်တွေကုန်လွန်လာတဲ့အခါ စတာလင်ဟာ ဘာသာရေးထက် သူရဲ့ခေါင်းထဲမှာ တော်လှန်ရေး အတွေးတွေက တစ်စနဲ့တစ်စ များများလာပြီး နောက်ဆုံးမှာ ဘာသာရေးကျောင်းတော်ကထွက်ပြီး သူမိခင်ရဲ့ မျှော်လင့်ချက်တွေနဲ့ အရမ်းကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်တယ်။ ဒါက လက်ဝဲပစ္စည်းမဲ့လူတန်းစားတွေရဲ့တော်လှန်းရေးစိတ်ဓါတ်ပါပဲ။ စတာလင်ရဲ့ ရွေးချယ်မှုတွေဟာသူမိခင်အတွက်တော့ သူမနောက်ဆုံး ဘဝ‌နေဝင်ချိန်အထိ အမြဲတမ်းဝမ်းနည်းနေခဲ့တယ်ဆိုတာ သူသိနေပေမယ့် မ‌ဖြည့်ဆီးပေးနိုင်ခဲ့တာကြောင့် သူဘဝမှာ သူမိခင်နဲ့ ပတ်သက်ရင်အမြဲတမ်းနောင်တနဲ့ စိတ်မလုံခဲ့ပေ။ ၁၉၃၅ခုနှစ်တွင်စတာလင်ဟာမိခင်နှင့်နောက်ဆုံးတွေ့ဆုံမှုမှာ နောက်ဆုံးပြောခဲ့သောစကား စတာလင် အမေ... အမေမှတ်မိလား...?ကျွန်တော်တို့ကို အရင်ကရုရှားဇာဘုရင်ကဘယ်လိုနှိပ်စက်ခဲ့လဲဆိုတာကို‌ ပေါ့။ ဒါပေမယ့်အခုကျွန်‌တော်က ဇာဘုရင်လိုမျိုးဖြစ်နေပြီလေ။ မိခင် အင်း... နင်သာဘုန်းတော်ကြီး ဖြစ်လာခဲ့ရင် ပိုကောင်းမှာပါပဲ။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History
222
6
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်?
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်?
170
7
အမေရိကတိုက်ဟာ မည်သူတို့၏ ပိုင်နက်နယ်‌မြေအဖြစ်ညွန့်ဆိုပါသနည်း။ အမေရိကန်လူမျိုးတို့သည် မည်သည့် ထိုတိုက်၏လူမျိုးများဖြစ်သလော။ အကြောင်မဲ့သက်သက်နဲ့ အမေရိကာတိုက်ဟာ လူမျိုးစုတွေရဲ့ အိမ်အဖြစ် တည်ရှိလာခဲ့ခြင်းမဟုတ်ပါ။ ဤအရပ်ဟာ အမေရိကန်တို့၏ မူလနယ်မြေမဟုတ်ပါ။ ဥရောပတိုက်မှ ခွဲထွက်ရေးသမားများဟာ နယ်မြေသစ်များ ရှာဖွေရာမှ ကမ္ဘာသစ်ဟု၍ ပြဿနာက ထိုအရပ်မှ စတင်ခဲ့၏။ ယနေ့ ကမ္ဘာပေါ်က လူမျိုးရေးနဲ့ နယ်မြေအငြင်းပွားမှုများဟာ ဥရောပတိုက်သားတို့၏ ကိုလိုနီကျွန်ပြုခြင်း၊ နယ်မြေသစ်စူးစမ်းခြင်းမှ စတင်ခဲ့သည်မှာ လုံးဝငြင်းမရပေ။ အကြောင်းအားလျော်စွာ ဥရောပတိုက်သားတို့ဟာ မိမိတို့၏ နယ်မြေသစ်များအတွက် တစ်ပါးလူမျိုးများ၏ လွတ်မြောက်မှုကို အသိမှတ်ပြုရန် လွတ်လပ်ရေးမှ လွတ်လပ်ခွင့် စသောအခြေအမြစ်မရှိသည့် သမိုင်း၏ သင်္ကေတနာမည်ဟူ၍ အမေရိကာတိုက်ဟု နှစ်သိမ့်လေ၏။ အမှန်တကယ်အားဖြင့် ကြီးမားကျယ်ပြန့်နေသော ထိုအရပ်ဟာ ဥရောပတိုက်သားများနဲ့ ရွေ့ပြောင်းအခြေချသူများဟာ ဥရောပအတွင်းမှ ဘာသာရေး၊ ပဒေသရာဇ်တို့၏ ချုပ်နှောင်းမှုမှ လွတ်မြောက်ရန် မိမိတို့၏ လွတ်မြောက်မှုအတွက် ရောက်တက်ရာရာ ခြေဦးတည်ရာ ကမ္ဘာသစ်ဟုခေါ်ဝေါ်သော ထိုအရပ်သို့ ဗလာနတ္တိ အထီးကျန်ဆန်သော သမုဒ္ဒရာများကို ဖြတ်ကျော်ကာ ရောက်ခဲ့ခြင်းဖြစ်၏။ သူတို့အတွက် ဝိညာဉ်ရေးအရ လိုအပ်ချက်များအတွက် ဘာသာရေးနယ်‌ချဲ့သည့် ‌မျိုးစေ့များဟာ ဥရောပ၏ ပဒေသရာဇ်အုပ်စိုးရှင်များအတွက် ပို၍စွဲဆောင်စရာ ပြဿနာသို့ဦးတည်စေရန် မပြောပလောက်ပေ။ Existentialismအမြင်နဲ့ဆိုရလျှင်လည်း ဥရောပသွေးနှောများဟာ ဌာနေ လူမျိုးစုများနဲ့ တစ်စက်မျှမတူညိကြပေ။ဥပမာ မက္ကစီကို၊ဘရာဇီ စသဖြင့်နိုင်ငံများဟာ ဌာနေ လူမျိုးစုများမှဆင့်ကဲဖြစ်ပေါ်ခဲ့ကြောင်းအလွန်နီးစပ်၏။ အကြောင်းမှာ ကိုလိုနီတို့၏ နယ်မြေပထဝီအလုံးစုံမစိုးမိုးနိုင်သော အားသာချက်များကြောင့် ထင်ဟပ်နိုင်၏။ ထိုဒေသဟာ ကိုလိုနီတို့၏ မဟာသရဖူဖြစ်သော ဘုရင့်များ၊ မိဖုရားများ၊မင်းမျိုးမင်းနွယ်များ၏ အလံများကို နယ်မြေစိုးမိုးမှု သင်္ကေတဖြင့် စိုက်ထူးရန် ကြိုးစားအားထုတ်မှုဟာ လူသမိုင်းအတွင်း အတန်းစားများနဲ့ အသားအရည်ခွဲခြားသည့် ပဠိပက္ခ၏ မူလအစကိုဦးတည်စေ၏။ သူတို့ဟာ ဒေသခံ လယ်သမားများ၏ လည်ပင်သို့ ဓါးဖြင့်ထောက်ကာ တခြားအရပ်သို့ အာဖရိကန်များဟူ၍ သယ်ဆောင်ကာ အမေရိကတိုက်သို့ ကျွန်စနစ်အား သန္ဓေတည် မွေးထုတ်ခြင်းပင်ဖြစ်၏။ ဒါကြောင့်နယ်မြေသစ်အခြေချသူများဟာ ကျွန်တို့၏ ဂုဏ်ကျက်သရေဖြင့် အတိုင်းဆမရှိ ကြွယ်ဝချမ်းသာလာခဲ့ကြ၏။ သူတို့ဟာ တိုက်နေ လူမျိုးစု၏ အိမ်များကို ဖျက်စီးကာ မြို့များ၊ ဆိမ်းကမ်းများ၊ သဘော်ဆိမ်းများတည်ဆောက်ပြီး သူတို့ မသိသော မရင်းနှီးသော နယ်စပ်များကို ဥရောပ၏ ပဒေသရာဇ်ပိုင်နယ်အဖြစ် ခြံခတ်၏။ ဒါကို ကိုလိုနီအမေရ်ိကဟု၍ ဂုဏ်ယူစွာ ကြေငြာ၏။ ဒီလုပ်ရပ်တွေဟာ သူတို့အတွက်အသစ်အဆန်းတစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပြင်သစ်၊အဂ်လိပ်၊ ဒတ်ခ်ျ၊ စပိန်၊ စကင်ဒီနေးဗီးယားထက် ပိုကောင်းသော အကြောင်းပြချက်မရှိပေ။ ဆိုလိုတာက ဥရောပ၏ မူရင်းလူမျိုးအရည်ပြားကိုခွာ၍ အမေရိကန်လူမျိုးအဖြစ် ခံယူခြင်းကိုဆိုလိုသည်။ ဒီအကြောင်းပြချက်တွေက အမေရိကန်လူမျိုးတစ်ဦးအတွက် မဖြစ်မနေလိုအပ်သော အကြောင်းပြချက်လည်း ဖြစ်၏။ ဒီလိုရင်းနှီးသော သုံးသပ်ချက်များက အမေရိကန်တိုက်၏ သမိုင်းနယ်ပယ်များကို ပို၍ ရင့်ကျက်စေပြီး ဤအမေရိကတိုက်ဆိုတာဟာ ဥရောပသားတွေရဲ့ ရွတ်လွင့်ရာမှ အခြေချနေထိုင်ကြရင် တိုက်ကြီးအသစ်ကို ဖော်ပြရန် တီထွင်ခဲ့သော အသုံးအနှုန်းဖြစ်ကြောင်း ပို၍သဘောပေါက်စေသည်။ ဒါကြောင့် အမေရိကန်ဆိုတာဟာ ဥရောပသားတွေအတွက် လွတ်လပ်မှုကို ကိုယ်စားပြုတယ်။ နောက်ဆုံးမှာ အခြေချသူတွေက ဥရောပ ပဒေသရာဇ်တွေရဲ့ နယ်မြေအဖြစ်စကားကိုမသုံးတော့ဘဲ။ ၎င်းကို အမေရိကန်လူမျိုးများရဲ့ နယ်မြေအဖြစ် အသိမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History
264
8
အမေရိက ဆိုတာ ဘယ်လိုအပြုသဘောကိုဆောင်သနည်း။
အမေရိက ဆိုတာ ဘယ်လိုအပြုသဘောကိုဆောင်သနည်း။
214
9
ယနေ့ကျွန်တော်တို့ ကမ္ဘာပေါ်မှာမေးခွန်းထုတ်လို့မရတဲ့ အရာတစ်ခုဟာ အတွေးအ‌ခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲဆိုတာပါပဲ။ လူအများစုကတော့ အတွေးအခေါ်ပညာဆိုတာ ရှေး‌ခေတ်ဂရိနိုင်ငံက စတင်ခဲ့တာလိုလည်းဆိုပါသေးတယ်။ ဒီအမြင်တွေက သမိုင်းပညာရှင်အတော်များများအတွက် နှစ်ပေါင်းများစွာ ‌မေးခွန်းထုတ်နေတဲ့ ပုစ္ဆာတစ်ခုလည်းဖြစ်ပါတယ်။ ကနဦးဆုံး အတွေးအခေါ်ပညာရပ်တွေရဲ့ မြစ်ဖျားခံရာ ဘယ်ကစတင်သလဲဆိုရင် အရှေ့တိုင်းမှ စတင်မွေးဖွားခဲ့ကြောင်းကို အီဂျစ်အတွေးအခေါ်ပညာရှင် ဟတ်ဆန်ဟာနာဖီက မိန့်ဆိုဖူးပါတယ်။ သို့သော် အစပြုခဲ့သောကမ္ဘာအတွေးအခေါ်၏မြစ်ဖျားခံမှုဟာ ယနေ့ထိအဖြေရှာမရတဲ့ အငြင်းပွားစရာကိစ္စတစ်ခုပါပဲ။ ဒါပေမယ် ဒီအငြင်းပွားဖွယ်ရာ ကိစ္စများကို အထောက်အထားများနဲ့ရှင်းပြမည်ဆိုလျှင် ကမ္ဘာအတွေးအခေါ်ဟာ အရှေတိုင်းက ထွက်ပေါ်လာသည်ဟုသောအမြင်က ဒိဋ္ဌပြတ်သုံးသပ်ရန် ခက်ခဲလှပါ‌သေးတယ်။ အထောက်အထားအရ အနောက်တိုင်းရဲ့အတွေးအခေါ်အစပြုရာ ဂရိနိုင်ငံရဲ့ အထင်ရှားဆုံး ဂရိသချာ်ဖခင်ကြီးအဖြစ် လူသိများလှတဲ့Pythagorasဟာ အီဂျစ်သို့ခရီးထွက်ကာ ၂၂ကြာအောင် သခ်ျာပညာတွေကိုလေ့လာပြီး ဗာဗုလုန်မှာ ၁၂နှစ်ကြာနေထိုင်ခဲ့ခြင်း ကြောင့်ဖြစ်၏။ သူဟာအီဂျစ်နိုင်ငံအတွင်း ဂျီဩမေတြီနဲ့ ဂဏာန်းသချာ်များကို သိမြင်နားလည်ပြီး ဗာဗုလုန်မှာ နက္ခတ္တဗေဒနဲ့ဗေဒင်နက္ခတ် ပညာများကိုမကြွင်းမကျန်လေ့လာနိုင်ခဲ့ပြီ ထိုမှတဆင့်Persiaမှ Zarathustra၏သင်ကြားပြသမှုများကိုလည်း ‌ထပ်မံ့လေ့လာခဲ့ပေ၏။ ဒါကြောင့် ဒဿနိကဗေဒ၏ ပထမဆုံး‌ဒေသဟာ အာရှအလယ်ပိုင်းဒေသရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည့်မှု‌တွေထဲက ထွက်ပေါ်လာတယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုတော့ ဂရိဆိုတာအမှန်တကယ်အားဖြင့် ဒဿနထွန်းကားပြီး ရင့်ကျက်နေတဲ့ နေရာဖြစ်တယ်ဆိုပေမယ့် အမှန်အားဖြင့် ဒဿနပညာရဲ့ အစပြုရာအခိုင်အမာဒေသမဟုတ်ပေ။ ဤဒဿနိကဗေဒရဲ့ ရေသောက်မြစ်ဟာ အရှေ့တိုင်းရဲ့ ရှေးဟောင်းယဉ်ကျေးမှုဒေသတွေ ဖြစ်တဲ့ အီဂျစ်၊ ဗာဗုလုန်၊ ပါးရှားနဲ့ အိန္ဒိယ စတဲ့ ဂန္တဝင်ဒေသတွေကနေ ဆင်းသက်လာတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ဘက်မလိုက်ဘဲဝေဖန်ရလျှင် အရှေ့တိုင်းဟာ ဒဿနိကဗေဒရဲ့ ရေသောက်မြစ်နဲ့ မြေဩဇာကို ထောက်ပံ့‌ပေးတယ်ဆိုရင် ဂရိဟာ ထိုမြေဩဇာပေါ်တွင် ပွင့်လန်းလာတဲ့ အသီးအပွင့်များသာ ဖြစ်‌ပေလိမ့်မည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
104
10
အတွေးအခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲ?
အတွေးအခေါ်ပညာဟာ ဘယ်ကစတင်ခဲ့သလဲ?
81
11
နိုင်ငံရေးဆိုတာဟာ လွှတ်တော်ထဲတက်ပြီး ထိုင်ခုံတွေအတွက် ပါတီအချင်းချင်းပြိုင်ဆိုင်ဖို့ထက် မိမိ၏နိုင်ငံနေ ပြည်သူများရဲ့ ဘဝတွေ သူတို့၏နာကျင်စရာဒဏ်ရာများ ကုစားပေးဖို့ ဝန်ဆောင်ပေးတဲ့ ပြည်သူမှပြည်သူတစ်ဆင့်ကိုယ်စားပြုတဲ့ ပြည်သူမှ ပြည်သူဒီမိုကရေစီကို ထမ်းပိုးရတဲ့ နိုင်ငံ‌အရေး ပြည်သူအရေးပါ။ နိုင်ငံရေးသမားတစ်ဦးအတွက် မည်သည်ဝန်ထုပ်ဝန်ပိုးများ၊ စိန်ခေါ်မှုများကို ကြုံတွေ့နေရချိန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိမိ၏တိုင်းပြည်အပေါ် ကျင့်ဝတ်ကောင်းများဖြင့် အနာဂတ်အတွက် လမ်းခင်းပေးရဲတာဟာ တကယ်ကို အထင်ကြီးစရာ နိုင်ငံရေးသမားကောင်းများ၏ ဂုဏ်သိက္ခာပေ၏။ -RAIDEN KT Historian #RAIDEN_KT #KyawThet #History
117
12
စိတ်ပညာအရ ကွန်မြူနစ်ဝါဒ ဖြစ်တည်လာရခြင်း၏ အဓိကအခြေခံသဘောတရားများဟာ ဤကမ္ဘာမြေရှိ လူအဖွဲ့အစည်းအတွင်း ညိမျှမှုမရှိသော လူသားတို့၏ပကတိတန်ဖိုးများကို စိတ္တဇဆန်ဆန် ဖျက်စီးလိုသည့် သဘောတရားကိုသယ်ဆောင်လာသော ဝါဒတစ်ခု၏အနက်ကို ဆိုလို၏။ ဤပကတိတရားများ၏သဘောထားနှစ်ခုဟာ လူတို့၏စိတ်၌ဖြစ်တည်‌‌နေသည့် လိုအပ်ချက်စိတ်ဆန္ဒများကို စိတ်ကူးယဉ်‌ပုံဖော်ထားသော စိတ်ရောဂါနှင့် အတွင်းစိတ်၏ဖုံးဖိထားသောဒဏ်ရာများကို ကုစားရန်သကဲ့သို့ပင် လွှမ်းခြုံထား၏။ အထူးသဖြင့်အရပ်စကားနဲ့ပြောရရင် လက်တွေ့လူလောကအတွင်း လက်တွေ့ဆန်တဲ့ စံပြဝါဒနဲ့ မာခီယာဗယ်လီယန် စတဲ့ဒဿနိက အတွေးအခေါ်များကို ထိခိုက်သွားစေပါတယ်။ ဒါဟာလူအဖွဲ့အစည်းတစ်ရပ်လုံးကို သူတို့လိုရင်လိုသလို သတ်မှတ်ပြဌာန်နိုင်သည့် စံနှုန်းများကို လက်ခံရန်နဲ့ ဘုံအဖွဲ့အစည်းအပေါ် မှီခိုမှုပြုရသော မမြင်နိုင်သည့်သုခချမ်းသာများကို ညွန်ဆိုထား၏။ ဒါကြောင့် သူတို့၏ဒဿနိကများဟာ သမိုင်းဆိုင်ရာ ခေတ်အဆက်ဆက်အသုံးချခဲ့သော လူအဖွဲ့အစည်း၏ Ideologyများမှုန်ဝါးစေ၍ စုပေါင်းလမ်းကြောင်းဟုခေါ်သော ဘုံအမွေ့နှစ်သဘောတရားကို ဟန်ပြဆုပ်ကိုင်ကာ အာဏာဗဟို၌ခိုင်မြဲရေးအဖြစ်ပြောင်းလဲရန် အဆို့ပြုသဖြင့် သူတို့၏အယူအဆများဟာ စုပေါင်းရူးသွပ်ခြင်းနှင့် လူနည်းစုအပေါ်ကန့်သတ်သော A scary group of peopleတစ်ခုနဲ့ဘာမျှမကွာရှားလှသော ဝါဒတစ်ခုဖြစ်ပေ၏။ ဒီနေ့ခေတ်ကမ္ဘာပေါ်မှာတော့ ကွန်မြူနစ်ဝါဒ တိုးချဲ့ခြင်းရဲ့ ကြောက်စရာအကောင်းဆုံး အဓိကအချက်ကတော့ သူတို့ပြောနေကျ‌ဖြစ်သော အတန်းစားတိုက်ပွဲခေါ်တဲ့ ဘုံအစုစည်း၏ ဖောင်းပွနေတဲ့အာဏာအလွန်ကျွံယိမ်းယိုင်မှုဆိုးကျိုးပါပဲ။ သူတို့ဟာ စုပေါင်းအင်အားဟုခေါ်သော်လည်း တစ်ဦးချင်း၏ အခွင့်အရေးများ ရပိုင်ခွင့်များကို ရိုက်ချိုးတတ်၏။ ဒါကို စုပေါင်းအင်အားဟု၍လည်း ကြွားဝါးတတ်ကြ၏။ ဒီသုံးသပ်ချက်အရ သူတို့၏ စိတ်ရောဂါဆိုတာဟာ သူတို့လက်ခံတဲ့ဝါဒီအချင်းချင်း၌ပင် ရူးသွပ်ရုံတင်မက လူအများပါစုပေါင်းရူးသွပ်စေရန် ပုံစံခွက်တစ်ခုထဲ၌ စုပေါင်းကာ လူတို့၏ ရပိုင်ခွင့်များ၊ အခြေခံလူအခွင့်အရေးများကို စီစီညှပ်ကျေအောင် အပေါ်မှ ဖုံးအုပ်နင်းချေလိုက်ကြ၏။ ဒါဟာတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်ကိုလျှော့ချကာ စုပေါင်းဉာဏဆိုင်ရာဝိသေသလက္ခာဏာများ၏အဓိပ္ပာယ်များကို အားပေးသယောင်ဖြစ် ဤဉာဏ၏မဟာတန်ဖိုးများကို ဂရုမစိုက်နိုင်ဘဲ အာဏာအတွက်မိမိ၏ စိတ်ခံစားမှု၏ဆုတ်ယုတ်ခြင်းပင်ဖြစ်၏။ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွက် ကွန်မြူနစ်ဝါဒရဲ့ အနှစ်ချုပ်သဘောတရားဆိုတာ မတူကွဲပြားတဲ့လူတို့ ယဉ်ကျေးမှုကို တားဆီးပြီး စိတ်၏မလုံခြုံမှုကို မခံစားနိုင်တဲ့အခါ စစ်ပွဲအဖြစ်ပေါက်ကွဲလာတဲ့ လူအများစု စုပေါင်းယိမ်းယိုင်သောရူးသွပ်နေတဲ့ ဘုံကမ္ဘာငယ်ကလေး တစ်ခုဖြစ်ကြောင်းသုံးသပ်အပ်သည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
140
13
The extreme nature of collective madness from the common system....😀
The extreme nature of collective madness from the common system....😀
114
14
ငါတို့ လစ်ဘရယ်ဖြစ်ခြင်းက ဘာကိုဆိုလိုတာလဲ? ဒါက ငါတို့လူတိုင်းလွတ်လပ်ခွင့်အတွက် ရပ်တည်နေတာ ငါတို့ဟာ လူဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ ငါတို့ရပ်တည်နေတယ်။ ဒါပေမယ့် ငါတို့ဟာလူတွေသီးခြားရပ်တည်မှုကို ထိခိုက်စေတဲ့ ပြဿနာများအပေါ် အဖြေထုတ်ဖို့အတွက် အားနည်းချက်များကိုရှာဖွေစောင့်မရန် လိုအပ်ခဲ့ပါတယ်။ ဒါကလစ်ဘရယ်လူငယ်တစ်ဦးရဲ့ကျင့်ဝတ်ပါဘဲ။ ဒါကလစ်ဘရယ်လူငယ်တွေအတွက်စိန်ခေါ်မှုပါပဲ။ Historian #RAIDEN_KT #KyawThet #History
129
15
ကျွန်ုပ်တို့၏ လွတ်မြောက်ရာလမ်းစဉ်ဖြစ်သည့် လစ်ဘရယ်၏ တန်ဖိုးများကို ထုတ်ဖော်ပြောရသည့်မှာ လွန်စွာဂုဏ်ယူမိသည်။ ဤနိုင်ငံ၌ပင် ရိုးရာစွဲတို့၏ ဆုတ်ယုတ်သောအယူဆများဟာ တစ်စနှင့်တစ်စ ပိုမိုချဲ့ကားလာသည်မှာ အနာဂတ်အတွက်လွန်စွာ ပြဿနာဖြစ်ပေသည်။ သင့်ဟာစစ်မှန်သော လစ်ဘရယ်တစ်ဦးဖြစ်လိုလျှင် သင့်၏ ခန္ဓာကိုယ်မှ အဝတ်အစားနှင့် သင့်၏ မျိုးရိုးဆိုင်ရာအယူအဆကို ပယ်ဖျက်ရန်လုံးဝမလိုအပ်ပေ။ လစ်ဘရယ်ဝါဒ၏ အဓိကအသက်မှာ သင့်တို့၏ ရွေးချယ်ရာကို သင့်တို့စိတ်ကြိုက်ယုံကြည့်လက်ခံနိုင်သည်။ ဒါဟာခေတ်သစ်လစ်ဘရယ်တစ်ဦးအနေနဲ့ ကွန်ဆာဗေးတစ်များနဲ့ အမြဲလိုလို အငြင်းပွားဖွယ်ဖြစ်သော်လည်း တစ်ဦးချင်း၏အချုပ်အခြာပိုင်ဆိုင်မှုဟာ စစ်မှန်တဲ့ လစ်ဘရယ်တစ်ဦးဖြစ်ကြောင်း သင့်၏စရိုက်များကညွန့်ပြနေသည်။ RAIDEN KT Historian #RAIDEN_KT #KyawThet #History
98
16
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း?? ဤမေးခွန်းထုတ်မှုတွေဟာ အမေရိကန်ရဲ့တည်ထောင်သူအရင်းမြစ်များထဲကအလုံးစုံဟာ ရွှေ့ပြောင်းဥရောပတိုက်သားများဖြစ်ကြောင်း အခိုင်မာသေချာစေပါတယ်။ ခေတ်သစ်သမိုင်းပညာရှင်များရဲ့ သုံးသပ်ချက်တွေမှာ တည်ထောင်သူအဖွဲ့ဝင်အားလုံးဟာ ဘုရားမဲ့ဝါဒီများ၊ဒီဇင်ဝါဒီများနဲ့ ပျူရီတန်များဟု၍ သူတို့ရဲ့သီအိုရီအမှားတွေနဲ့ ထပ်တလဲလဲပြောဆိုခဲ့ကြဖူးပါတယ်။ တကယ်အမှန်တကယ်မှာတော့ တည်ထောင်သူအဖွဲ့ဝင်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်မှတ်ရေးထိုးသူအားလုံးဟာနီးပါးဟာ ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းဝင်များဖြစ်တယ်လို့ယူဆနိုင်ပြီး။ သူတို့ဟာ မဟာဉာဏ်ကြီးရှင်များနဲ့ ပြင်ဆင်ရေးဝါဒီများဟု မှားယွင်းနေတဲ့ဝါဒဖြန့်ချိရေဆိုင်ရာ ပျူရီတန်ဘာသာ‌ရေးဂိုဏ်းအစား ဥရောပရဲ့မူရင်းခရစ်ယာန်သာသနာ့ရေးဖြစ်တဲ့ အဂ်လီကန်၏ ဂိုဏ်းခွဲများကိုသာ ကိုးကွယ်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။(မှတ်ချက်-ပရိုတက်စတင့်နှင့် အင်္ဂလီကန်ဟု၍အားလုံးနီးပါးကို မဆိုလိုပါ အကြမ်းဖျင်းကောက်ချက်ချခြင်းသာဖြစ်၏။) သူတို့အတွက်လူမျိုးရေးအရ မှန်ကန်တဲ့ သီအိုရီတစ်ခုမှာ ဒီစာတမ်းကိုလက်မှတ်ရေးထိုးသူ အကုန်လုံးက အဂ်လို-ဆက်ဆွန် အနွယ်လူမျိုးစုများဖြစ်ကြတယ်လို့ပြောနေကြသော်လည်း တချို့မှာ စကော့တလန်၊ဝေလ၊ဒတ်ခ်ျ၊အိုင်ယာလန်၊အီတလီနဲ့ ဖင်လန်လူမျိုးစု အရင်းမြစ်အာသေဝါများလည်း ပါဝင်ကြပါတယ်။ ဒါကြောင့်ဒီအချက်အလက်အားလုံးကိုမှန်သလား မှားသလား ဆိုတာအမေရိကန်သမိုင်းကို အစကနေအဆုံးထိ ထည့်ထည့်ဝင်ဝင်ပြန်လေ့လာမည်ဆိုလျှင် ဒီအမေရိကန်လူမျိုးဆိုတာ လူမျိုးတစ်စုထဲတည်ထောင်ခဲ့တဲ့ လူမျိုးမဟုတ်ဘဲ ဥရောပတိုက်သားတွေ အားလုံးစုပေါင်းပြီး တည်ထောင်ခဲ့တာကြောင့် မူရင်းအမေရိကတိုက်ရဲ့ ဌာနေတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုတွေ တိမ်းကောပျောက်ဆုံးခဲ့ရတယ်ဆိုတဲ့ သမိုင်းဟာ သေချာသလောက်ခိုင်မာနေမယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောနိုင်ပါတယ်။ RAIDEN KT Historian #KyawThet #RAIDEN_KT #History
235
17
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း??
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးသူများဟာ မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်သနည်း??
206
18
A study of history simplified my life.If I were to proudly say that when fate created that period of studying history, it would end on the day the name Kyaw Thet ended. #KyawThet
74
19
ဥရောပရဲ့ တစ်ချိန်က အင်မတန်မှ ဂုဏ်သိက္ခာကြီးမားပြီး အောင်ပွဲတွေအလီလီဆင်နွှဲခဲ့တဲ့ ဤတိုက်ကြီးဟာ ယခုအခါ လူပေါင်းများစွာရဲ့ ဘဝတွေကို ဇိီဝိန်ချွေခဲ့ကြလေ၏။ ၁၆၀၇ခုနှစ်မှာ ဂုဏ်သိက္ခာကြီးမားသည်ဟု ဝံကြွားနေသော ဥရောပသားတို့ဟာJamestownကို မရောက်ခင်ကထဲကပင် ဤဒေသဟာ အချိန်ကြာမြင့်တဲ့ ပြဿာနာ ပဠိပက္ခတွေနဲ့ အမြဲတစ္တေကြုံတွေ့ခဲ့လေ၏။ သူတို့ဟာရှေ့ယခင်ကတည်ထဲက ဘာ‌သာရေး ဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် ဖြစ်နေရတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး လာဘ်စားမှုတွေနဲ့ လူမှုရေးမတည်ငြိမ်းမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေကြောင့် ၎င်းတို့ဟာ ဆင်းရဲဒုက္ခတွေနဲ့အမြဲတမ်း မရှုမလှ ခံစားနေရတဲ့ သံသရာနဲ့ ဖြတ်သန်းနေခဲ့ရသည့်မှာလည်း အချိန်ကြာမြင့်‌ခဲ့လေပြီး။ ဥရောပသားတွေဟာ တိုက်ကြီးရဲ့ ဆူပူသောင်းကျန်းနေတဲ့ ပြဿနာတွေကြောင့် သူတို့ဟာ မိမိတို့ဆီကနေ လုယူခံလိုက်ရတဲ့ ကမ္ဘာသစ်ကြီးတစ်ခုကို အမြဲတောင့်တခဲ့ကြတယ်။ သူတို့မှာ ကိုယ်ပိုင်အိမ်မရှိဘူး၊ စိုက်ပျိုးဖို့ လယ်ယာမရှိဘူး၊ ကိုယ်ပိုင် အစားစာလည် မထုတ်လုပ်နိုင်ဘူး၊ ကိုယ်ပိုင် စီးပွားရေးကိုလည်း သူတို့ကမထိန်းချုပ်နိုင်ခဲ့ကြဘူး။ ဒါတွေအားလုံးဟာ ဘုရင်တွေ၊ မြို့စားတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အထက်တန်းစား စိုမိုးသူတွေကဘဲ ချုပ်ကိုင်ထားလို့ဖြစ်တယ်။ ဒီလို စိစစ်အုပ်ချုပ်မှုတွေက သူတို့အတွက် ကောင်းတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာလည်း ဘာသာရေးဆိုင်ရာ အပြစ်ပေးမှုတွေနဲ့ နိုင်ငံရေးပဠိပက္ခ သံသရာတွေကြားမှာ စိတ်ကူးပေါက်ရာအပြစ်ပုံချမှုတွေအတွက် ပြည်သူတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသလို အထက်တန်းစားတွေရဲ့ လွှမ်းမိုးတဲ့ နိုင်ထက်စီးနင်းမှုတွေကို ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို ဘယ်ဘုရားကျောင်းမှတာဝန်မယူသလို တရားရုံးတွေမှာလည်း မဖြေရှင်းပေးခဲ့တာ‌ကြောင့် ၎င်းတို့ဟာ စစ်မြေပြင်နဲ့သာ မိမိတို့ကိုယ်တိုင်း ခုခံချေပခဲ့ကြတယ်။ အုပ်ချုပ်သူလူအတန်းစားတွေဟာ စစ်ပွဲတွေဖန်တီးကြတယ် ဘာမှမသိရှာတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ ဘဝဟာ မြေစာပင်ဘဝနဲ့ လုံးပါး ပါးခဲ့ကြတယ်။ ဒီအပြင်သူတို့ရဲ့ သီးနှံတွေ၊ အိမ်ယာတွေ၊ ဘုရားကျောင်းတွေနဲ့ မြို့ရွာတွေကို တက်နင်း ချေမှုန်းခြင်းခံခဲ့ရတယ်။ ဒါကြောင့်ဥရောပသားတွေဟာ မိမိတို့တိုက်ကြီးမှာ ဒီလိုသစ္စာဖောက်မှုတွေကို ခံစားခဲ့ရတာမို့ သူတို့ဟာကမ္ဘာသစ်ကြီးအမြဲတမ်း တောင်းတနေခဲ့ကြတာပေါ့။ သူတို့ဟာဥရောပတိုက်ကြီးမှာ ဆက်ပြီး မနေချင်တော့တာ ကမ္ဘာနယ်မြေတွေကိုခြေဆန့်လာကြတယ်၊ စူးစမ်းလာကြတယ်၊ သိမ်းပိုက်ဖို့ အင်းအားတွေစုစည်းလာကြရင် သူတို့ရဲ့ နယ်မြေချဲ့ထွင်ရေး ကိုလိုနီစနစ်ကြီးဟာတဖြေးဖြေးကြီးထွားလာခဲ့တာ ယနေ့အထိကြာမြင့်လေ၏။ RAIDEN KT Historian #KyawThet #RAIDEN_KT #History
214
20
How did Europeans expand their territory?
How did Europeans expand their territory?
161