en
Feedback
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏

Open in Telegram

United States/European History အမေရိကန်/ဥရောပသမိုင်းများ

Show more
324
Subscribers
-124 hours
No data7 days
-230 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 1 channels
August '26
+14
in 1 channels
Get PRO
July '26
+11
in 1 channels
Get PRO
June '26
+15
in 1 channels
Get PRO
May '26
+43
in 0 channels
Get PRO
April '26
+38
in 4 channels
Get PRO
March '26
+13
in 1 channels
Get PRO
February '26
+16
in 1 channels
Get PRO
January '26
+16
in 1 channels
Get PRO
December '25
+15
in 1 channels
Get PRO
November '25
+2 014
in 1 channels
Get PRO
October '25
+28
in 1 channels
Get PRO
September '25
+14
in 1 channels
Get PRO
August '25
+26
in 1 channels
Get PRO
July '25
+43
in 1 channels
Get PRO
June '25
+28
in 1 channels
Get PRO
May '25
+112
in 1 channels
Get PRO
April '250
in 3 channels
Get PRO
March '25
+108
in 4 channels
Date
Subscriber Growth
Mentions
Channels
03 September+1
02 September+1
01 September0
Channel Posts
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn-
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ သာမန်လူတွေက သူတို့ဘဝကို တိုးတက်ဖို့အတွက်ဆိုရင် သူတို့ရဲ့စိတ်အားထက်သန်တဲ့ခံစားချက်တွေရှိလာတဲ့အချိန်ခဏတာ‌လောက်ဘဲ အလုပ်ကို ကြိုး"စား"လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ထူးချွန်ပြီးပါရမီရှိတဲ့ လူတွေကသာ အလုပ်တစ်ခုကို သူတို့ရဲ့စိတ်အားထက်သန်မှု‌တွေပျောက်‌ဆုံးသွားတဲ့အချိန်ထိ ဆက်ပြီး ကြိုးစားလှုပ်ရှားရုန်းကန်ကြတယ်။ ကျွန်တော်တို့ဟာ မိမိရဲ့တစ်‌နေ့တာအချိန်‌တွေကို အကျိုးမရှိဘဲပျင်းရိနေပြီ မနက်ဖြန်မှာလည်းဒီအတိုင်းဘဲဆက်သွား‌နေမယ်ဆိုရင် ကျွန်တော်တို့မှာ ကိုယ်ဘဝအတွက်မက်ထားတဲ့ အိပ်မက်တွေကို တိုးတက်ဖို့ထက် နေ့ရက်တိုင်းမှာ ပျင်းရိမှုတွေကဘဲအခိုးယူခံဖို့ လမ်းဖွင့်ပေးနေတာသေချာသလောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လူတွေရဲ့ဘဝမှာ အလုပ်တစ်ခုကိုကြိုးစားနေတဲ့အခါ မိမိအတွက်ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ခဏတာစိတ်အားသန်း‌နေလို့ရတာ မဟုတ်ဘဲ အလုပ်တစ်ခုကိုဘဲ တသမတ်တည်းစိတ်နှစ်ပြီး စည်းကမ်းရှိတဲ့ ရေရှည်ကြိုးစားအားထုတ်မှုတွေကနေသာ ထွက်ပေါ်လာလေ့ရှိပါတယ်။ သို့‌သော် ကျွန်တော်တို့ ဘယ်လောက်ဘဲကြိုးစားကြိုးစား ကိုယ့်ရဲ့ရုန်းကန်မှုတွေကအရာမထင်တဲ့အခါ ငါတို့လုပ်ရပ်‌တွေကမြင်သာတဲ့ပြောင်းလဲမှုမရှိဘူးလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့။ ဧကန်မုချ ကျွန်တော်တို့ ကြိုးစားအားထုတ်လိုက်တာတွေက ဘယ်တော့မှအချည်းနှီးဖြစ်နေလိမ့်မယ်လို့ မဆိုလိုပါဘူး။ဘာလိုဆို သစ်ပင်တစ်ခုမှာပင်စည်က မကြီးထွားခင် သူရဲ့အမြစ်တွေက အရင်ကြီးထွားတတ်လို့ပါပဲ။ မင်းအနေနဲ့ မင်းရုန်းကန်နေရတာတွေကို အရမ်းကိုမှ နှေးကွေးတယ်လို့ ခံစားရရင်တောင် ဆက်ပြီးသင်ယူနေပါ။ ဘာလို့လဲဆိုတော့ မင်းစုဆောင်းထားတဲ့ အသိပညာတိုင်းဟာ မင်းရဲ့အနာဂတ်ကို တည်ဆောက်ပေးနေလို့ပါပဲ။ ကမ္ဘာကြီးက မင်းရဲ့ရုန်းကန်မှုကို မမြင်သေးလို့ဆိုပြီးလည်း လုံးဝလက်မလျှော့လိုက်ပါနဲ့ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်က တသမတ်တည်းလုပ်ဆောင်သူတွေကို ဘယ်တော့မှ သစ္စာမဖောက်လို့ပါ။ မင်းအတွက် မင်းလုပ်လိုက်တဲ့အလုပ်တွေကအချည်နှီးဖြစ်ခဲ့တောင် လုံးဝနောင်တမရဘဲ ရှေ့ဆက်သွားဖို့ကိုသာ ရွေးချယ်ပါ။ ဒီလိုကြိုးစားမှုသေးသေးလေးတွေက နေ့စဉ်နဲ့အမျှ မင်းကိုခြေလှမ်းသေးသေးလေးတွေအဖြစ်ထင်ကျန်နေပေမယ့် မင်းခေါင်းထဲမှာပဲ ဒါတွေကရပ်တန့်နေတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စုဆောင်နိုင်တဲ့ ဒေတာတွေဖြစ်နေလို့ပါပဲ။ အဘယ်ကြောင့်ဆိုရလျှင်နောက်ဆုံးတွင် အောင်မြင်မှုဆိုတဲ့စကားလုံးဟာ အမြဲတမ်း စိတ်အားထက်သန်သူ‌တွေနဲ့မသက်ဆိုင်တော့ဘဲ ပျင်းရိသူ‌တွေနဲ့ ရလဒ်ကောင်းတွေက်ုမမြင်နိုင်သေးတဲ့သူ‌တွေအတွက် စိတ်ကူးယဥ်ဆန်ဆန်ဆက်လက်လုပ်ဆောင်နေရမယ်ဆိုတဲ့ တွန့်အားပေးမှုတစ်ခုဖြစ်သွားနိုင်လို့ပါပဲ။ လက်တွေ့အောင်မြင်မှုဆိုတာ ကြိုးစားရုန်းကန်နေသူတွေအတွက် လက်ရှိကာလအပိုင်အခြားကိုဆိုလိုခြင်းဖြစ်လေ၏။ ဘာလိုဆိုရင်မင်းကြိုးစားတဲ့အချိန်တိုင်းက‌ရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ဒီရလဒ်တွေကမင်းကို ထောက်ပံ့နေတဲ့ ရင့်ကျပ်မှုဖြစ်နေကြောင်းထုတ်ဖော်ရင်းနိဂုံးချုပ်လို၏။ -RAIDEN KT Historian #RAIDEN_KT #History #KyawThet

2
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီ
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn- #RAIDEN_KT #History #KyawThet
18
3
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။ -ဂျွန်ဘရောင်း ကျွန်စနစ်၏ဖျက်သိမ်းရေးဝါဒီ #kyawthet #history #RAIDEN_KT
56
4
နယ်သာလန်ကို မအောင်နိုင်ရင် ငါ့ကို ဆူကာနိုလို့မခေါ်ပါနဲ့။ -Sukarno အင်ဒိုနီးရှား လွတ်လပ်ရေးဖခင် #History #kyawthet #RAIDEN_KT
နယ်သာလန်ကို မအောင်နိုင်ရင် ငါ့ကို ဆူကာနိုလို့မခေါ်ပါနဲ့။ -Sukarno အင်ဒိုနီးရှား လွတ်လပ်ရေးဖခင် #History #kyawthet #RAIDEN_KT
56
5
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေ
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများတွင်လည်း တရားမျှတမှုဆိုတာဟာ ပထမဦးဆုံး ကျင့်ဝတ်သီလဖြစ်ရပါမယ်။ "A Theory of Justice"၏စာအုပ်မှ -John Rawls ကျင့်ဝတ်ဒဿနပညာရှင်
57
6
၁၉၉၂ခုနှစ်နဲ့ ၁၉၉၆ခုနှစ်ရဲ့ နှစ်ကာလတွေမှာအမေရိကန်ရဲ့ နိုင်ငံရေးလောကမှာလွှမ်းမိုးစိုးမိုးနေတဲ့ ပါတီကြီးတွေဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုပါ လုံးဝတုန်လှုပ်ခဲ့တဲ့ လူတစ်ဦးရှိခဲ့တယ်။ သူက သမ္မတနေရာအတွက် ဘယ်ပါတီထဲမှာမှ ဝင်အရွေးမခံဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ပြီး သမိုင်းမှာ လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးသမားအဖြစ် ပါတီကြီးတွေရဲ့စံနှုန်းကို ကျော်တက်ခဲ့သူ.....သူကRoss Perotဆိုတဲ့ တက္ကဆက်သား စီူပွားရေးသမားတစ်ဦးပါပဲ။ Ross Perotဆိုတဲ့သူကနိုင်ငံရေးနယ်ပယ်တစ်ခုထဲအတွက် သူကိုထောက်ခံသူတွေကိုမစည်းရုံးခဲ့ဘဲ စီးပွားရေးဗျူဟာနဲ့ လက်တွေ့ကျကျ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုထဲက ဝါရင့်နိုင်ငံရေးသမားတွေကို ပြတ်ပြတ်သာသာယှဉ်ပြိုင်ပြနိုင်ခဲ့တာပါပဲ။ သူဟာ၁၉၉၂ခုနှစ်သမ္မတရွေးကောက်ပွဲနဲ့ ၁၉၉၆ခုနှစ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ နှစ်ကြိမ်းဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် သူရဲ့ စီးပွားရေးမဟာဗျူဟာတွေကတော့ ဘယ်တော့မှမကျရှုံးခဲ့ပါဘူး။ လူတွေဟာ ပါတီကြီးတွေရဲ့ မျှော်လင့်မရနိုင်တဲ့ ကတိကဝတ်တွေကို ယုံကြည့်ကာ သူကိုမျက်ကွယ်ပြုပေးမယ့် နိုင်ငံရေးအသိုင်းဝိုင်းထဲက ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန် ပါတီကြီတွေအတွက်တော့ Ross Perotက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘဲ သူရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဗျူဟာတွေက ထိုပါတီတွေအတွက် အမြဲတမ်းခုံလှုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမရိကန်နိုင်ငံရေးလောကမှာ Ross Perotဆိုရင် အခုထိမသိတဲ့သူမရှိလောက်အောင် ကျော်ကြားတုံပါပဲ။ -RAIDEN KT #RAIDEN_KT #kyawthet #History
79
7
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
57
8
သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ ကျွန်တော်တို့အတွက်မျက်စိပသာဒဖြစ်စေရုံသက်သက်တော့မဟုတ်ပါ။ ဒါကလူသားတွေရဲ့ တည်ရှိမှု၊ အသိတရားနဲ့ လွတ်လပ်မှုတွေကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ပေးတဲ့ ဒဿနိကဗေဒဆိုင်ရာ သဘောတရားတွေရဲ့ ပုံရိပ်တစ်ခုလိုပါပဲ။ အဲဒီလို လက်ရာမြောက်လှတဲ့ စာပေတွေနဲ့ပတ်သက်ရင် ၁၃ရာစုအကုန်၁၄ရာစုအစောပိုင်းကာလမှာ အိတလီမြေပေါ်ကပေါက်ဖွားလာတဲ့ကမ္ဘာကျော် ကဗျာဆရာကြီးDante Alighieriရဲ့ စာပေဒဿနဟာဆိုရင်လည်း လုံးဝအထင်ကြီးစရားပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်Poetry Foundationမှာသူရဲ့အတ္တုပတ္တိ ကိုလေ့လာကြည့်တဲ့အခါ သူကသာမန်ကဗျာဆရာတစ်ဦးထက်ပိုတာသတိထားမိတယ်။ ဒါပေမယ့် သူကကဗျာဆရာနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ်လည်း အားလုံးကသိကြမယ်ထင်ပါတယ်။ Dante Alighieriရဲ့ဘဝမှာ စာပေအယူအဆပေါင်းများစွာရှိပြီးအ့ဒီထဲကမှ အထင်ရှားဆုံးအယူအဆတစ်ခုကိုပြောရလျှင် သူဟာလူသားတွေအားလုံးရဲ့ ကံကြမ္မာနဲ့ အဆုံးအဖြတ်တိုင်းဟာ သူတို့အတွက်တန်ပြန်စေတဲ့ပြင်ပအာဏာတွေရယ် မိမိတို့ရဲ့တည်ရှိနေမှုဟာ ကံတရားသက်သက်ပေါ််မှာ မူမတည်နေကြောင်း ထိုတည်ရှိနေမှုဟာ လူသားတစ်ဦးချင်းစီး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် မိမိတို့၏အချုပ်အချာကို မိမိတစ်ဦးထဲသာစိုးမိုးနိုင်သော ဆုံးဖြတ်ချက်ဖြင့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝတည်ရှိနေကြောင်းကို သူကမိန့်ဆိုထားခဲ့ပါတယ်။ Dante Alighieriရဲ့ ရေးသာချက်တွေထဲမှာမှ ကမ္ဘာကျော်ပြီး ဥရောပရဲ့စာပေ‌ကဗျာလောကထဲကမှ အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ Divine Comedyကဗျာလကာ်ကြီးထဲမှာဆိုရင်သူက ငရဲ၊ သန့်ရှင်းစင်ကြယ်ရာဌာနနဲ့ ကောင်းကင်ဘုံလို့ခေါ်တဲ့ ခရီးစဉ်၃ရပ်ကို သူကဖန်တီးပြသထားတယ်။ ဒီခရီးစဥ်၃ခုရပ်ထဲမှာ လူသားတွေဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ အသိတရားကို အခြေခံချချအသုံးချပြီး ကိုယ်ရဲ့အနာဂတ်အတွက် ကိုယ်ဖောက်ထုတ်မယ့် လမ်းကြောင်းဟူသမျှကို မိမိကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူကအလေးအနက်တိုက်တွန်းပြသထားခဲ့တယ်။ ဆိုတော့ လူတစ်ယောက်က မိမိကိုယ်တိုင်မသိနားမလည်မှုတွေ၊ မိမိရဲ့မာန်မာနတွေ၊ အတ္တတွေနဲ့ အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင် သူကငရဲကျနေသလိုပါဘဲ။ ဒီအတွက် ကိုယ့်ရဲ့အပြစ်တွေကို ကိုကိုယ့်တိုင်သိမြင်တတ်ရမယ်...ထိုသိမြင်မှုကနောင်တတရားတွေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို သန့်စင်လိုက်မယ်ဆိုရင် သူကတိုးတက်မြင့်မားရာ လမ်းကြောင်းမှန်ကို မလွဲရောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Dante Alighieriရဲ့ အတွေးအခေါ်တွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ပိုင်ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ယူလိုစိတ်နဲ့ ကံကိုမိမိရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာ လမ်းဖောက်နိုင်ကြောင်း ထုတ်ဖော်ပြပေးတဲ့ ဉာဏ်အလင်းရဲ့Classic era အထွတ်အထိပ်အယူအဆတစ်ခုပါပဲ။ -RAIDEN KT Historian #kyawthet #RAIDEN_KT #History
195
9
No text...
47
10
မို့......ဝါး...ဟား... Raidenကိုမေ့နေကြဖိလာဂျာ🫩
84
11
ဒီသမိုင်းရဲ့ဖြစ်ရပ်အစဟာ ၁၉၂၁ခုနှစ် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့က Greenwoodဆိုတဲ့ ရပ်ကွက်လေးတစ်ခုကနေအစပြုခဲ့ပါတယ်။ ဒီရပ်ကွက်လေးမှာ လူမည်းတွေအများဆုံးနေတာကြောင့် တချို့က "Black Wall Street"လို့တောင်တင်းစားခေါ်ကြပါတယ်။ အဲဒီရပ်ကွက်နေ လူမည်းတွေဟာ စည်းလုံးကြပြီး မိမိတို့ဘဝအတွက် စီးပွားရေးတွေ၊ ကျန်းမာရေးတွေ၊ ပညာရေးတွေကအစ အချင်းချင်း ကူညိတာကြောင့် ရပ်ကွက်တစ်ခုလုံးဟာ တူလ်ဆာမြို့မှာ အချမ်းသာဆုံး ရပ်ကွက်လေးဖြစ်လာခဲ့တယ်။ နောက်ပြီး Greenwoodရပ်ကွက်နေ လူမည်းတွေဟာ ဘယ်လောက်ထိစည်းလုံးကြသလဲဆိုရရင် သူတို့ကဟာ ငွေကြေးအရ သုံးစွဲသည့် ၁ဒေါ်လာတောင်မှ ရပ်ကွက်ထဲမှာဘဲ လှည့်ပတ်သုံးနေရင်း ပြင်ပတခြားသူတွေဆီမရောက်ဘဲ အချင်းချင်းကြားမှာ လည်ပတ်နေနိုင်လောက်အောင် စီးပွားရေးက အရမ်းအားကောင်းနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဒီအောင်မြင်မှုတွေက တခြားလူဖြူတွေရဲ့အမြင်ကို မနာလိုမှုတွေအဖြစ် ဖိတ်ခေါ်နေသလိုဖြစ်လာခဲ့တယ်။ Greenwoodရပ်ကွက်နေလူမည်းတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ ၁၉၂၁ဆိုတဲ့ ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေက အထွတ်အထိပ်ကာလရောက်နေတာကြောင့် သူတို့အတွက် လုံခြုံရေးအာမခံဆိုတာ လုံးဝမရှိခဲ့ပါ။ တူလ်ဆာမြို့ကလူဖြူတွေဟာ ဒီလူမည်းတွေက ဘာလို့ငါတို့ထက်ချမ်းသာနေရတာလဲ? အောင်မြင်နေရတာလဲ? စတဲ့မနာလိုမှုတွေနဲ့ လူမည်းတွေပေါ်အငြိုးထားကာ အချိန်မရွေးပြဿနာဖြစ်ဖို့ စောင့်ကြည့်နေခဲ့ကြတယ်။ ဒီလိုနဲ့ တင်းမားနေတဲ့ကြားက ၁၉၂၁ခုနှစ် မေလ၃၁ရက်နေ့မှာ လူဖြူမိန်းကလေးတစ်ဦးနဲ့ လူမည်းလူငယ်တစ်ဦးတို့ ဖြစ်တဲ့ပြဿာနာသေးသေးလေးကို အကြောင်းပြကာ လူဖြူတွေဟာအကြမ်းဖက်သည့် လုပ်ရပ်တွေဘက်သို့ရောက်သွားပါတော့တယ်။ လူဖြူကြီးစိုးရေးသမားတွေဟာ မေလ၃၁ရက်ည‌ဘက်မှာ လက်နက်ကိုယ်စီကိုင်ဆောင်ပြီး Greenwoodရပ်ကွက်တစ်ခုလုံးကို မွှေနှောက်ကာ လူမည်းအိမ်ခြေ၁,၂၀၀ကျော်ကို မီးရှိုးဖျက်ဆီးပစ်လိုက်ကြတယ်။ ပိုဆိုးတာက လူမည်းတွေကိုမြေပြင်ကနေ အကြမါးဖက်ခဲ့ရုံတင်မကဘဲ လေယာဉ်တွေနဲ့ ဗုံးတွေကျဲချပြီး အစုလိုက်အပြုံလိုက် အကြမ်းဖက်လိုက်ကြတယ်။ အဲဒီညမှာ အသက်ရှင်ဖို့ ကြိုးစားနေရင်း လူဖြူတွေလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လူမည်းဦးရေဟာ ၃၀၀နီးပါးရှိလာတယ်။ လူမည်းတွေဟာ မိမိရဲ့အသက်ကိုလုပြီး ထွက်ပြေးရတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကာ ထောင်ပေါင်းများစွာသော လူမည်းဒုက္ခသည်တွေအဖြစ် ဆောင်းရာသီမှာအေးခဲသည့်ဒဏ်များနှင့် နေစရာမရှိလောက်အောင် သူတို့ဟာလုံးဝဘဝပျက်သွားခဲ့ကြတယ်။ ဒီလောက်ရက်စက်တဲ့ အစုလိုက်အပြုံလိုက်ယုတ်မာတဲ့ ပြဿနာကြီးဟာ မကြာခင်မှာဘဲ အမေရိကန်သမ္မတအိမ်တော်သို့ ရောက်သွားခဲ့တယ်။ အမေရိကန်အစိုးရဟာ ဒီပြဿနာကိုကိုင်တွယ်ဖို့နေနေသာသာ လုံးဝနှုတ်ဆိတ်နေခဲ့တယ်။ အစိုးရပိုင် သတင်းစာတွေမှာလည် ဒီသတင်းကိုမပျံနှံစေဖို့ ဖုံးကွယ်ခဲ့ကြတယ်။ အဆိုးဆုံးက အမေရိကန်ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ ဒီအကြောင်းကို မျိုးဆက်သစ်တွေနဲ့ ကမ္ဘာကြီးကမသိစေဖို့ အစအနတောင်မပါစေရန် စနစ်တကျဖျက်ဆီးပစ်လိုက်ကြတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေက တူလ်ဆာမြို့ရဲ့ အ့ဒီနေရာကို ခေတ်သစ်မျိုးဆက်တွေသတိမထားမိစေဖို့ မြေလှန်ပြီး ဘယ်သူမှ ဒီနေရာမှာ ဘာမျှမဖြစ်ခဲ့သလို အဆောက်အအုံအသစ်တွေနဲ့ အစားထိုးဖုံးကွယ်လိုက်ကြတယ်။ ဒါပေမယ့် သမိုင်းရဲ့အမှန်တရားဆိုတာ ဘယ်သူဘယ်ဝါကမှဖုံးကွယ်လို့မရနိုင်ပါ။ ဒီပြဿနာအကြောင်းကို ၂၀၀၀ပြည့်နှစ်မှာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ရေးနှင့် လူအခွင့်အရေးတက်ကြွသူများက ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နိဂုံးချုပ်သုံးသပ်ချက်အရ ကျွန်တော်တို့လူသားတွေရဲ့ သမိုင်းဟာ လူမျိုးရေးခွဲခြားမှု၊ မနာလိုမှုနဲ့ အာဏာရဲ့မာန်မာနတွေနဲ့ပြည်နှက်နေပြီး ယင်းလူသားအချင်းချင်းတို့ဟာ ပဠိပက္ခသံသရာထဲ၌ အင်အားကြီးသူကဗဟိုပြု၍ အားနည်းသော တစ်ဖက်သားအပေါ် ယဉ်ကျေးမှုများ၊ အသက်အိုးအိမ်နှင့် သူတို့ရဲ့ ချွေးနှဲစာတွေကိုပါဘယ်လောက်အထိ ရစရာမရှိအောင် ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို ဒီသမိုင်းက သက်သေပြနေပါတယ်။ သမိုင်းဆိုတာ အနိုင်ရသူတွေရဲ့ အကြောင်းထိုင်ဖတ် ရေးထိုးထားတဲ့ စာရွက်သက်သက်ချည်းဘဲမဟုတ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေ၊ အမှောင်ဖုံးခံခဲ့ရတဲ့ လူတွေရဲ့ ဘဝကို ဖော်ထုတ်ဖို့ လေ့လာရတဲ့နယ်ပယ်တစ်ခုဖြစ်ကြောင်းဆွေးနွေးသုံးသပ်အပ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
334
12
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူး
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမိမိတို့အတွက်ရုပ်ဆိုးအကျဉ်တန်တဲ့ သမိုင်းတွေကိုဖျောက်ခဲ့ကြသည်မှာလည်း များခဲ့လှ၏။ သို့သော်သူတို့ဟာဘယ်လိုဘဲ ဖျောက်ဖျက်နိုင်ကြပါစေ သမိုင်းဆိုတာနောက်ဆုံးပြန်လည်ဖော်ထုတ်ခံရမည်မလွဲပါ။ ဒီလိုအဖျောက်ဖျက်ခံရတဲ့သမိုင်းတွေထဲမှာ အံ့ဩစရာကောင်းအောင် ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ သမိုင်းပါပဲ။ ဒီသမိုင်းတစ်ခုဟာလည်း ယနေ့ထိဖျောက်ဖျက်ခံရထားရသလို အမေရိကန်အစိုးရကိုယ်တိုင်းကဖုံးဖိထားမယ်ဆိုလျှင် မယုံနိုင်လောက်ပေ။ အဲဒီသမိုင်းဟာ၁၉၂၁ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ တူလ်ဆာလူမျိုးရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။
236
13
တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်း ဟာ မှော်ပညာနဲ့ ထိတွေ့
တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်း ဟာ မှော်ပညာနဲ့ ထိတွေ့ဖူးကြတာချည်းပါပဲ။ -Nora Roberts #History #RAIDEN_KT #Kyawthet
243
14
သင့်တို့အားလုံးဟာ ပါတီဝင်အဖြစ်နဲ့ ဘယ်သူကမျှ မမွေးဖွားလာကြပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့အားလုံးဟာ မိသားစုတစ်ခုတည်းရဲ့ အဖွ
သင့်တို့အားလုံးဟာ ပါတီဝင်အဖြစ်နဲ့ ဘယ်သူကမျှ မမွေးဖွားလာကြပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့အားလုံးဟာ မိသားစုတစ်ခုတည်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့‌ကော စည်ပင်သာယာနယ်မြေတစ်ခုတည်းရဲ့ နိုင်ငံသားတွေအနေနဲ့သာ မွေးဖွားလာကြတာ ဖြစ်ပါတယ်။ -José Antonio Primo de Rivera (စပိန်ဖက်ဆစ်အမျိုးသားရေးဝါဒီ) #Kyawthet #History #RAIDEN_KT
128
15
ရှင်သန်ခြင်း ကျွန်တော်က လူငယ်တစ်ယောက်ပါ နေ့ဆို အလုပ်နဲ့ရှင်သန်ရပီး ညဆို အတွေးပေါင်းစုံ အိမ်မက်ဆိုးတွေနဲ့အဝေး လွတ်လပ်တဲ့လူမှုပါတ်ဝန်းကျင်တခု လိုခြင်မိတယ် -𝓧𝓪𝔂 𝓽𝓪𝓻 Historian
122
16
လူအများဟာ အမှန်တရားကိုချစ်မြတ်နိုးသည်ဟုဆိုကြ၏။ သို့သော် သူတို့၏ အကြိုက်နှစ်သက်ဆုံးပုဂ္ဂိုလ်တစ်ဦးကို ဝေဖန်လိုက်သည်နှင့် တပြိုင်နက် ၎င်းတို့ဟာ အမှန်တရားမဟုတ်တော့ဘဲ ခုခံကာကွယ်မှုတစ်ခုသာဖြစ်၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
275
17
အာဏာတည်မြဲခြင်း လူသားတိုင်း အာဏာကိုမက်မောကြတယ် ဒါပေမယ့် အာဏာဆိုတာ အဓိပ္ပါယ်မျိုးစုံရှိတယ် ၁။ကွန်မြူနစ် ၂။ဆိုရှယ်လစ် ၃။‌နေရှင်နယ်ဇ် ၄။ကွန်ဆာ‌ဗေးတစ်(ရှေးရိုးစွဲအိမ်သာကျင်းကြီး) ၅။လစ်ဘရယ် ၆။ရီပါပလိကန် စတဲ့ ကိုယ်လက်သုံးထားတဲ့ လောဂျစ်ထဲက အကောင်းဆုံးကို ရွေးချယ်တတ်ရတယ် ဥပမာ။ ခွေးလေးတစ်ကောင်ကို ချောင်ပိတ်ပီးရိုက်ရင် သူအားသာတဲ့အချိန်ပြန်ကိုက်မာဘဲ လူ့‌‌သဘောကလည်းအဲလိုဘဲ အနိုင်ကျင့်ပါများရင် တစ်ချိန်ချိန်အာဏာရတဲ့အခါ ပြန်ပီး တော့တိုက်ခိုက်မာဘဲ သို့ပေမယ့် အာဏာတစ်ခုရဲ့ ကျေးကျွန်မဖြစ်ဖို့တော့အရေးကြီးတယ်
150
18
သဘာဝနှင့်ဆန့်ကျင်ခြင်း လူ့တန်ဖိုး အဖိုးမဖြတ် အနုပညာသမား ခက်ခဲကြမ်းတမ်းသည့် သမိုင်းဘာသာ ကိုယ်တိုင်းရေးသည်
101
19
လူသဘော၏နယ်နိမိတ် လူဆိုသည်မှာ အကြောင်းတရားအကျိုးတရားတို့၏ ဖန်တီးမှု၊ ဆန္ဒနှင့် အသိတရားတို့၏ တိုက်ပွဲနယ်နိမိတ်များဖြင့် တည်ဆောက်ထားသော သတ္တဝါဖြစ်၏။ ထို့အပြင် သနားကရုဏာနှင့် ရက်စက်မှုတို့သည် ၎င်းတို့နှင့်အတူယှဉ်တွဲတည်ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုတစ်ခုဖြစ်ပေလိမ့်မည်။ -ကျော်သက် ကျင့်ဝတ်လစ်ဘရယ်ဒဿနိက #Kyawthet #History #RAIDEN_KT
109
20
အာဏာစက်ထဲမှ လူမှုရေးကျင့်ဝတ် တာဝန်ပျက်ကွက်ခြင်း အာဏာ၏ သဘာဝသည်လူကို မြေပြင်နှင့်အလှမ်းဝေးကွာစေတတ်၏။ ၎င်းတို့၏အခြေတည်ရာ ရုံးခန်းများ၊ ညီလာခံခန်းမများနှင့် မူဝါဒချမှတ်ရာ ဇုန်များတွင် ရှိနေသော နိုင်ငံရေးသမားတစ်ဦးအတွက် စစ်မြေပြင်၏ မီးခိုးငွေ့များကြားထဲမှ ပြေးလွှာနေသည့် ကလေးသူငယ်များနှင့် မိဘမဲ့ဂေဟာများထဲမှ တိတ်ဆိတ်သော ငိုသံများသည် ကိန်းဂဏန်းစာရင်းဇယားမျှသာ ဖြစ်သွားတတ်၏။ ၎င်းတို့သည် လူအများစု၏ ကောင်းကျိုးချမ်းသာ ဟုခေါ်သော စိတ္တဇ အယူအဆနောက်သို့ လိုက်နေရင်း လက်ရှိနာကျင်နေသည့် တစ်ဦးချင်းစီ၏ မျက်ရည်စက်များကို မြင်နိုင်စွမ်း ကင်းမဲ့သွားကြကုန်၏။ အများစုနိုင်ငံရေးသမားတို့သည် အုပ်ချုပ်ရေး၌တရစပ် အစုလိုက်စီမံချက်များချမှတ်နေသော်လည်း အုပ်ချုပ်ရေး၏ အပြင်ဘက်တွင်မူ စစ်‌ဘေးဒဏ်သင့်ကလေးတစ်ဦးချင်းစီး၏ လန့်ဖျပ်နေသော မျက်ဝန်းများနှင့် မိဘမဲ့တစ်ဦးချင်းစီး၏ မပြည့်စုံသော ကလေးများ၏ဘဝကိုမူ မူဝါဒစာရွက်စာတမ်းများထက် ပို၍အရေးကြီးသော လူ့ကျင့်ဝတ်ဆိုင်ရာ စာမေးပွဲများ အဖြစ်ရှုမြင်ကြလေကုန်၏။ သို့သော် ထိုအုပ်ချုပ်သူတို့သည် ဤစာမေးပွဲကို ဖြေဆိုရန် အမြဲတမ်း ပျက်ကွက်နေခဲ့ကြ၏။ -RAIDEN KT Historian #Kyawthet #History #RAIDEN_KT
111