Myanmar Environmental Education Team
Ir al canal en Telegram
2 244
Suscriptores
-224 horas
-67 días
-1630 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
septiembre '26
septiembre '26
+2
en 0 canales
agosto '26
+36
en 0 canales
Get PRO
julio '26
+46
en 0 canales
Get PRO
junio '26
+38
en 0 canales
Get PRO
mayo '26
+35
en 0 canales
Get PRO
abril '26
+27
en 1 canales
Get PRO
marzo '26
+29
en 1 canales
Get PRO
febrero '26
+25
en 1 canales
Get PRO
enero '26
+12
en 1 canales
Get PRO
diciembre '25
+26
en 0 canales
Get PRO
noviembre '25
+18
en 0 canales
Get PRO
octubre '25
+35
en 0 canales
Get PRO
septiembre '25
+73
en 0 canales
Get PRO
agosto '25
+39
en 0 canales
Get PRO
julio '25
+37
en 0 canales
Get PRO
junio '25
+45
en 2 canales
Get PRO
mayo '25
+51
en 0 canales
Get PRO
abril '25
+55
en 1 canales
Get PRO
marzo '25
+146
en 5 canales
Get PRO
febrero '25
+36
en 0 canales
Get PRO
enero '25
+51
en 0 canales
Get PRO
diciembre '24
+92
en 0 canales
Get PRO
noviembre '24
+166
en 0 canales
Get PRO
octubre '24
+131
en 1 canales
Get PRO
septiembre '24
+343
en 0 canales
Get PRO
agosto '24
+59
en 0 canales
Get PRO
julio '24
+44
en 0 canales
Get PRO
junio '24
+110
en 0 canales
Get PRO
mayo '24
+104
en 0 canales
Get PRO
abril '24
+104
en 0 canales
Get PRO
marzo '24
+80
en 1 canales
Get PRO
febrero '24
+39
en 0 canales
Get PRO
enero '24
+52
en 1 canales
Get PRO
diciembre '23
+1 493
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 06 septiembre | +1 | |||
| 05 septiembre | 0 | |||
| 04 septiembre | 0 | |||
| 03 septiembre | 0 | |||
| 02 septiembre | 0 | |||
| 01 septiembre | +1 |
Publicaciones del Canal
အမွှေးတိုင်က ထွက်တဲ့ မီးခိုးနဲ့ ပြာမှုံတွေဟာ
(၁)လူတွေနဲ့ အသက်ရှူတဲ့သက်ရှိတွေအတွက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းတွေကို အန္တရာယ်ဖြစ်စေပါတယ်(မြန်မာပြည်ကထုတ်တဲ့ အမွှေးတိုင်တွေရဲ့ အနံ့တွေအားလုံးဟာ artificial တွေချည်းပါ)
(၂)အဲဒီမီးခိုးတွေမှာ ပါနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို greenhouse gas လို့ သတ်မှတ်ပါတယ်၊ သူက ကမ္ဘာ့အပူချိန်ကိုမြင့်တက်စေတဲ့ တရားခံပါ
(၃)အမွှေးတိုင်လုပ်ငန်းကြောင့် လူတွေရဲ့အသက်သခင်ဖြစ်တဲ့ "သစ်ပင်တွေ"ပြုန်းတီးရပါတယ်..
(မယုံရင် မြန်မာပြည်မှာ အမွှေးတိုင်အကြီးအကျယ်ထုတ်ရောင်းနေတဲ့ အညာက မြို့တမြို့ကို သွားကြည့်စေချင်ပါတယ်၊ နကိုကတည်းက သစ်ပင်ရှားတဲ့ အညာဒေသဖြစ်တဲ့ အဲဒီမြို့နဲ့ ပတ်ဝန်းကျင်မှာ အရင်ကရှိခဲ့တဲ့ မန်ကျည်းပင်ကြီးတွေ မရှိတော့တာ ကြာပါပြီ၊ မြို့ခံတွေကိုလည်း လှမ်းမေးကြည့်လို့ရပါတယ်)
ဒါကြောင့်ကျွန်တော်ကတော့ ဘုရားကို အမွှေးရနံ့ပူဇော်ချင်ရင် ရေမွှေးဖျန်းပါတယ်၊ ဒါမှမဟုတ် အခု အလွယ်တကူဝယ်လို့ရနေတဲ့ bunner နဲ့ ရနံ့ဆီကို သုံးပြီး အမွှေးရနံ့ထွက်စေပါတယ်..
ကျိုက်ထီးရိုးစေတီ၊ ရွှေတိဂုံစေတီ စတဲ့ တန်ခိုးကြီးစေတီတွေ ဆင်းတုတော်တွေမှာ လူများတဲ့အချိန်တွေမှာ လူတွေဝိုင်းလှူထားတဲ့ အမွှေးတိုင်တွေကထွက်လာတဲ့ မီးခိုးလုံးကြီးတွေကို မြင်ဖူးရင် ကျွန်တော်ပြောတာကို သဘောပေါက်ပါလိမ့်မယ်..
အမွှေးတိုင်လုပ်ငန်းရှင်ကတော့ သူ့ကုန်ပစ္စည်းရောင်းကောင်းအောင် ဘုရားဟောထဲမှာ တကယ်မပါတဲ့စာသားတွေနဲ့ အခုလိုပဲ ကြော်ငြာမှာပါပဲ..
ကိုယ် ကုသိုလ်ရဖို့အတွက် သူတပါးအနှောင့်အယှက်မဖြစ်အောင် ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ဆင်ခြင်တုံတရားနဲ့ ဥာဏ်ရှေ့သွားပြီး ဆောင်ရွက် လှူဒါန်းနိုင်ရင်တော့ လူကော နတ်ပါ သာဓုခေါ်ကြပါလိမ့်မယ် ..
အမွှေးတိုင်တွေက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ သိသာထင်ရှားတဲ့ အရင်းအမြစ်ဖြစ်တဲ့ PM2.5 ကို ထုတ်လုပ်ပါတယ်။
ဤသေးငယ်သောအမှုန်အမွှားများသည် အဆုတ်ထဲသို့ဝင်ရောက်ရန်လုံလောက်သောသေးငယ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာနှင့် အဆုတ်ပျက်စီးခြင်းကဲ့သို့သော ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
အမွှေးတိုင်မီးခိုးများတွင် ကာဗွန်မိုနောက်ဆိုဒ်နှင့် မတည်ငြိမ်သောအော်ဂဲနစ်ဒြပ်ပေါင်းများကဲ့သို့ အဆိပ်ဓာတ်ငွေ့များ အပါအဝင် အခြားအန္တရာယ်ရှိသော အရာများပါရှိပြီး အိမ်တွင်းလေထုအရည်အသွေးကို ညံ့ဖျင်းစေပါသည်။
အမွှေးတိုင်တွေက PM2.5 ကို ဘယ်လိုဖန်တီးသလဲ။
လောင်ကျွမ်းခြင်း-
အမွှေးတိုင်ကိုမီးရှို့သောအခါ မပြည့်စုံသောလောင်ကျွမ်းမှုဖြစ်ပေါ်ပြီး ရှုပ်ထွေးသောအရောအနှောများကို လေထဲသို့ထုတ်လွှတ်သည်။
အမှုန်အမွှားဖွဲ့စည်းပုံ-
ဤအရောအနှော၏ အဓိက အစိတ်အပိုင်းမှာ အချင်း 2.5 မိုက်ခရိုမီတာအောက် သေးငယ်သော အမှုန်အမွှားများ ပါဝင်သည့် သေးငယ်သော အမှုန်အမွှားများ (PM2.5) ဖြစ်သည်။
အခြားညစ်ညမ်းပစ္စည်းများ
PM2.5 အပြင်၊ အမွှေးတိုင်မီးရှို့ခြင်းသည် အဆိပ်ဓာတ်ငွေ့များနှင့် မတည်ငြိမ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs) ကို ထုတ်လွှတ်ပါသည်။
အမွှေးတိုင်မီးခိုးကြောင့် ကျန်းမာရေးအန္တရာယ်များ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ-
PM2.5 သည် ခန္ဓာကိုယ်၏ သဘာဝခုခံအားကို ဖြတ်ကျော်နိုင်ပြီး အဆုတ်ကို ပျက်စီးစေပြီး ပန်းနာရင်ကျပ်နှင့် ရောင်ရမ်းမှုကို ဖြစ်စေသည်။
နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ
PM2.5 နှင့် ထိတွေ့မှုသည် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်းတို့ကိုပင် တိုးပွားစေနိုင်သည့်အန္တရာယ်နှင့် ဆက်စပ်နေသည်။
ကင်ဆာအန္တရာယ်-
သေးငယ်သော အမှုန်အမွှားများသည် သွေးကြောများနှင့် အင်္ဂါအစိတ်အပိုင်းများအတွင်းသို့ ဝင်ရောက်နိုင်သောကြောင့် ကင်ဆာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
အာရုံကြောဆိုင်ရာသက်ရောက်မှုများ
လေ့လာမှုများအရ PM2.5 သည် ဦးနှောက်အတွင်း oxidative stress နှင့် ရောင်ရမ်းမှုကို တိုးစေပြီး အာရုံကြောဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။
အမွှေးတိုင်ထွန်းခြင်းကြောင့် ဖြစ်ပေါ်သော အကျိုးသက်ရောက်မှုများ
အိမ်တွင်းလေထု ညစ်ညမ်းမှု-
အမွှေးတိုင်မီးရှို့ခြင်းသည် အိမ်တွင်းလေထုညစ်ညမ်းမှုကို သိသာထင်ရှားစွာ ဖြစ်စေပြီး ပြင်ပလေထုညစ်ညမ်းမှုထက် ပိုမိုထိခိုက်စေနိုင်သည်။
မြင့်မားသောအမှုန်အမွှားထုတ်လွှတ်မှု-
အမွှေးတိုင်တချောင်းတည်းက စီးကရက်တလိပ်ထက်တောင် များပြားတဲ့ အမှုန်အမွှားပမာဏကို ထုတ်လွှတ်နိုင်ပါသည်။
ကျယ်ပြန့်စွာအသုံးပြုမှု-
အထူးသဖြင့် အာရှနိုင်ငံများတွင် နေအိမ်များနှင့် ဘုရားကျောင်းများတွင် တွင်ကျယ်စွာ အသုံးပြုသောကြောင့် အမွှေးတိုင်များသည် လူနေအိမ်နှင့် အများပိုင်နေရာများရှိ လေထုအရည်အသွေး ညံ့ဖျင်းစေပါသည်။
#insense_sticks
#Smoke
#Global_warming
#Climate_change
#Human_Health
Myanmar Environmental Education Team
https://www.facebook.com/share/p/1EEkoSndmE/
| 2 | Sin texto... | 96 |
| 3 | Environmental problems are rarely purely scientific problems.
They are often ecological, social, economic, cultural and ethical problems at the same time ! | 134 |
| 4 | Sin texto... | 173 |
| 5 | အဲ လမ်းပေါ်မှာ မြူနီစီပယ် (ခုတော့စည်ပင်ပေါ့) တံမြက်လှဲ အမှိုက်ကောက်သူတွေတော့ ည ၁၂ဆိုအလုပ်စနေပါပီ။ မနက်၂နာရီဆို သန့်ပီးပါပြီ။ မနက်၆နာရီအပြင်ထွက်လာတဲ့ရန်ကုန်သူ/သားတွေအဖို့ လမ်းတွေကသန့်ရှင်းနေရောဘဲ။
တဆက်ထဲရေးပါရစေဦး(ရှည်ရင်တောင်းပန်ပါတယ်)
ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဗန္ဓုလလမ်းမကြီး၃ခုကို ကားတွေမရှိတော့တဲ့အချိန် ည ၁၀နာရီဆို ကားကြီး၂စင်းဆီရောက်လာပါတယ်။
ပထမကားက ဆပ်ပြာရည်နဲ့လမ်းပေါ်ဖျန်းပီး ကားအောက်က brunch အဝိုင်းကြီးနဲ့ဓါတ်ဆီဒီဇယ်ဆီအညစ်အကြေးတွေကိုပွတ်တိုက်ပါတယ်၊ နောက်ကားကရေပိုက်နဲ့ ရှေ့ကားကပွတ်တိုက်ထားတာတွေကိုရေဖျန်းဆေးကြောပါတယ်။သိမ်ဖြူလမ်းကနေလသာလမ်းအထိဆေးတာပါ။
Monday, Tuesday, Friday ညများမှာဆေးပြီး weekends တွေမှာနားပါတယ်။
မနက်ခင်းမှာ လမ်းတွေကသန်ပြန့်နေပါတယ်။ အခုအကျီအဖြူဝတ်ပီး မြို့လယ်ကို တပတ်လောက်လျှောက်ကြည့်ပါ။ အကျီပေါ်မှာ အမဲမှုန်တွေတွေ့ရပါ့မယ်၊ နှာခေါင်းကနေ ဘယ်လောက်ဝင်သွားသလဲမှန်းလို့ရပါတယ်။ အထက်ကပြောခဲ့သလိုလိုမဆေးနိုင်ကြတော့လို့ ရန်ကုန်လေလည်းမသန့်တော့ဘူးလို့ပြောချင်ပါတယ်။ | 162 |
| 6 | လက်ရှိ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က အထပ် ၂၀မြင့်တဲ့ ဆာကူရာတာဝါ ဆိုတာ ကျွန်တော်တို့ချာတိတ်ဘဝတုန်းက ဒီဓါတ်ပုံထဲက "ရဲရင့်ရုပ်ရှင်ရုံကြီး"ပေါ့ ..
(ပြည်သူပိုင်မသိမ်းခင်က Ritz ရုပ်ရှင်ရုံလို့ခေါ်ပါသတဲ့၊ အဲဒါကိုတော့ ကျွန်တော် မမီပါဘူး)
ရဲရင့်ရုံနဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်ခြမ်းမှာလည်း ရုပ်ရှင်ရုံတွေချည်းပါပဲ၊ ရဲရင့်ရုံနဲ့ တည့်တည့်က ပပဝင်းရုံ ထင်တယ်၊ ပပဝင်း အပါအဝင် အဲဒီတကြောက ရုပ်ရှင်ရုံတွေအားလုံးနဲ့ အနော်ရထာလမ်းထိပ်က ကြော်ငြာပန်းခြံကလေးနေရာအပါအဝင် ဆူးလေဘုရားလမ်းနဲ့ ၃၂လမ်း အပေါ်လမ်းကြားက တဘလောက်လုံးဟာ နဝတ လက်ထက်မှာ Traders Hotel ဖြစ်သွားပြီး အခုတော့ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားတဲ့ Sule Shangrila Hotel ကြီးပေါ့..
ကျွန်တော်က အခုအသက်၆၀ကျော်တဲ့အချိန်အထိ ဘာကိုမှတ်မိနေတာလဲဆိုတော့ အဲဒီရုပ်ရှင်ရုံတွေရယ်၊ အဲဒီ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်း မီးပွိုင့်ထောင့်မှာ ဆူးလေဘုရားလမ်းကို အပေါ်ကနေ လူတွေ လမ်းလျှောက်ဖြတ်လို့ရအောင် ဆောက်ပေးထားတဲ့ တံတားရယ်(အခုရှိနေတဲ့ တံတားက အနော်ရထာလမ်းနဲ့ကပ်ရက်ပါ)အဲဒီတံတားပေါ်ကနေ ဖြတ်လျှောက်ရင်း ရုပ်ရှင်ရုံတွေမှာ ထောင်ထားတဲ့ နာမည်ကျော်ပိုစတာပန်းချီဆရာကြီးတွေ လက်နဲ့ စုတ်တံအကြီးကြီးတွေနဲ့ ရေးဆွဲထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို ငေးရတာကိုပဲ ..
၁၉၇၀ကျော်ကာလကနေ ၁၉၈၈ မတိုင်ခင်အထိ ရုပ်ရှင်ကြော်ငြာဆိုင်းဘုတ်တွေအားလုံးဟာ အခုပြောသလို ကင်းဘတ်စအကြီးကြီးတွေပေါ်မှာ ပန်းချီဆရာတွေရဲ့ လက်နဲ့ စုတ်တံနဲ့ ရေးဆွဲခဲ့တဲ့ ဧရာမ ပန်းချီကားကြီးတွေချည်းပါပဲ (၁၉၉၀ ကျော်လောက်မှ ဗီနိုင်းစက်တွေ မြန်မာပြည်ကို စ ရောက်ခဲ့ပါတယ်)
အခုပြောနေတဲ့ ရဲရင့်ရုံ၊ မျက်နှာချင်းဆိုင်က ပပဝင်းရုံ ပြီးတော့ ရထားသံလမ်းဂုံးကျော်တံတားတွေရဲ့ဟိုဘက် ယောက်လမ်းထိပ်က ၁၉၆၂ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံတွေ(အဲဒီတုန်းကတော့ ကျွန်းဆွယ်နိုင်ငံတွေလို့ သုံးခဲ့)မှာ ရှိသမျှ ရုပ်ရှင်ရုံတွေအားလုံးထဲမှာ အကောင်းဆုံးရုပ်ရှင်ရုံအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ သမ္မတရုံတွေမှာ တပြိုင်နက် ရုံတင်ပြသခဲ့တဲ့ နာမည်ကျော် ဟောင်ကောင်ရုပ်ရှင်မင်းသား "တီလုံး" နဲ့ "ဒေးဗစ်ချမ်း" တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "လက်တဘက်ပြတ် ဓ _ာ_းသ_မား"ဆိုတဲ့ ရုပ်ရှင်ကိုပြနေတဲ့အချိန် ၁၉၇၆ ခုနှစ်မှာ ခုနက ပြောပြခဲ့တဲ့ ဆူးလေကုန်းကျော်တံတားပေါ်ကနေ လမ်းဖြတ်လျှောက်ရင်း ရဲရင့်ရုံရှေ့မှာ ချိတ်ဆွဲထားတဲ့ one armed swordman ကြော်ငြာဆိုင်းဘုတ်ကြီးကို ငေးခဲ့ရတာကို ခုထိ မမေ့နိုင်သေးပါဘူး ..
အဲဒီကာလတုန်းက ရန်ကုန်မြို့ထဲမှာ ရုပ်ရှင်ကြည့်ကြမယ်ဆိုရင် ရုံတွေအောက်မှာ ဒန်ရေဆွဲပုံးလေးထဲရေထည့်ထားပြီး အဲဒီရေဆွဲပုံးလေးအပေါ်မှာ အဝတ်စတွေနဲ့ ချုပ်ထားတဲ့ ကတော့ပုံ ရေစစ်ထဲမှာ ရေခဲတုံးတွေခွဲပြီးထည့်၊ သောက်မယ့်သူလာဝယ်ရင် ရေချိုင့်ထဲက ရေကို ပလတ်စတစ်ခွက်တခုနဲ့ခပ်၊ ကတော့ပုံရေစစ်ထဲထည့်ထားတဲ့ ရေခဲတုံးပေါ်ကနေလောင်းချ၊ ကျလာတဲ့ ရေအေးအေးကိုမှ အောက်ကနေ နောက်ထပ် စတီးခွက် ဒါမှမဟုတ် ဒန်ခွက် ဒါမှမဟုတ် ပလတ်စတစ်ခွက်နဲ့ ခံပြီး ရောင်းတဲ့ ရေခဲရေသည်ဆီကနေ ရေခဲရေလည်း ဝယ်သောက်ခဲ့ကြရသေးတာပေါ့ဗျာ ..
အဲဒီတုန်းကတော့ ရေသန့်ဗူးတောင်မပေါ်သေးတော့ ရေခဲက ရေသန့်နဲ့လုပ်တာလား တို့၊ ပုံးထဲကရေက ရေသန့်ဟုတ်လို့လား တို့၊ ခပ်ထည့်ပေးပြီးရောင်းနေတဲ့ ဈေးသည်ရဲ့ လက်ကြီးကကောသန့်လို့လား တို့ ဘယ်သူမှ မေးရကောင်းမှန်း မသိခဲ့ကြပါဘူးဗျာ ..
(အောက်မှာထပ်ဖြည့်ထားတဲ့စာတွေကတော့ ဆရာဦးရန်လင်းရဲ့ comment ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ် ..)
Trader နေရာမှာ Pladium (နောင် ပပဝင်း)နဲ့ Globe (နောင် ဂုဏ်) 2ရုံရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပကားတွေဘဲပြပါတယ်။
Trader hotel ရဲ့နောက်ဖက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာကာလ်တန်နဲ့ Royal ရုပ်ရှင်ရုံ၂ရုံလည်းကပ်လျက်ရှိပါသေးတယ်။ ကုလားကား တွေချည်းပြတဲ့ ရုံများပါ။။ဒီနှစ်ရုံကိုဖျက်ပီး အခု Central ဟော်တယ်ဆောက်ထားပါတယ်။
ရန်ကုန်မြို့လယ်ကလူတွေ(၂၇လမ်းနဲ့ ဗိုလ်အောင်ကျော်အထက်လမ်းမှာ နေသူတွေ)က Sunday မှာဘဲပြတဲ့မနက်၇း၃၀ပွဲ (morning show) နဲ့ည ၉း၃၀ပွဲတွေကိုဘဲကြည့်ပါတယ်။မနက်အစောပွဲကတ/မဥက္ကလာ၊အင်းစိန်၊ စတဲ့မြို့ပြင်ကလူတွေ (ဘတ်စကားမဆွဲသေးလို့)မရောက်သေးလို့လူချောင်ပါတယ်။ ည၉း၃၀ပွဲကလည်း ညသန်းခေါင်မှပီးတာမို့ ခုနကမြို့ပြင်ကလူတွေ(ပြန်ဘို့ဘတ်စကားမရှိတော့တာမို့)လူချောင်ပါတယ်။
ကျနော်က ညပွဲကြည့်၊ ပြီးရင် မိုးအလင်းဖွင့်တဲ့ဆိုင်တွေမှာ ဆီချက်၊ပလာတာာ၊စတာတွေစားပီးမှ လမ်းလျှောက် အိမ်ပြန်ပါတယ်။မြို့လယ်ဆိုတော့ မီးကထိန်လင်းနေတာ၊ဘာကားမှလည်းလမ်းပေါ်မရှိ။ ပတ္တရောင်လို့ခေါ်တဲ့ ၃ယောက်တွဲ ရဲတွေကလည်း ၂လမ်းကျော်မှာတတွဲစီလောက် စက်ဘီးကလေးတွေနဲ့ကင်းလှည့်နေကြတာပါ။ဘာလူဆိုးမှမရှိပါဘူး။ | 136 |
| 7 | Sin texto... | 113 |
| 8 | အထူးသဖြင့် သတိထားရမှာက ကချင်ပြည်နယ်က မြစ်ကြီးနားလို မြို့ကြီးတွေပါ။ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိနေတဲ့ ဒီမြို့ဟာ ပုံမှန်ဆိုရင်တော့ ရေဘေးနဲ့ အဝေးကြီးပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က နီပေါက ဖြစ်စဉ်နဲ့ အလားတူတဲ့ မြစ်ရေလျှံမှုကို အကြီးအကျယ် ကြုံခဲ့ရဖူးပါတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားဖြစ်တဲ့ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲမြစ်တွေ ရုတ်တရက် အရည်ပျော်ကျလာပြီး မေခနဲ့ မလိခမြစ်တွေကနေတစ်ဆင့် မြစ်ကြီးနားမြို့ထဲကို သစ်တုံးတွေ၊ အမှိုက်သရိုက်တွေနဲ့အတူ ရေထုကြီး ဒလဟော ဝင်လာခဲ့တာပါ။ အဲဒီတုန်းက မြစ်ကြီးနားမြို့ ရေမြုပ်ခဲ့တဲ့ ရေမှတ်တွေကို အခုထိ ရှေးဟောင်းအဆောက်အအုံတချို့မှာ တွေ့နေရတုန်းပါပဲ။ အဲဒီအချိန်က တောင်ကျရေက မြို့ပေါ်ကို တိုက်ရိုက်ကြီး စီးဆင်းသွားတာမျိုး မဟုတ်ဘဲ မြစ်ရေတက်လာတဲ့ ပုံစံမျိုးနဲ့ပဲ ဝင်လာလို့ အိမ်တွေ မပြိုပျက်ဘဲ သက်သာရာရခဲ့တာပါ။ ဒါပေမဲ့ ရေလမ်းကြောင်း တည့်တည့်မှာရှိတဲ့ အဆောက်အအုံတွေနဲ့ ဆည်မြောင်းတွေကို ပေါ့ပေါ့ဆဆ တွက်ထားမိရင်တော့ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။
ဒီကနေ့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ် အများစုဟာ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ သစ်တောတွေ ပြုန်းတီးအောင် လုပ်တာတွေနဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အလွန်အမင်း ထုတ်လွှတ်တာတွေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လူသားတွေ ကိုယ်တိုင် ပြန်ပြီး ခံစားနေကြရတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောင်ဖြစ်လာမယ့် အန္တရာယ်တွေကို ကြိုတင်သိရှိထားဖို့နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားကြရပါမယ်။ ကမ္ဘာကြီးကို ရာသီဥတု ဖောက်ပြန်မှုကနေ ထိန်းသိမ်းဖို့ အချိန်တွေ အများကြီး နောက်ကျနေပြီဆိုပေမဲ့ "Better late than never" (လုံးဝ မလုပ်တာထက်စာရင် နောက်ကျမှ လုပ်တာကမှ တော်သေးတယ်) ဆိုတဲ့ စကားအတိုင်း ပါပဲ။ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်တွေကို အခုကစပြီး အမြန်ဆုံး စတင်ကာ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း အကြံပြုလိုက်ရပါတယ်။
#ဒေါက်တာခင်မောင်ညို
Photo crd: Internet
https://www.facebook.com/share/p/1N5EXcR177/ | 128 |
| 9 | သဘာဝဘေးအန္တရာယ်တွေနဲ့ လူသားတွေရဲ့ တာဝန်
#ဒေါက်တာခင်မောင်ညို
မကြာသေးမီက နီပေါမှာ ရေခဲတောင်တွေ အရည်ပျော်ပြီး မိုးတွေသည်းကြီးမဲကြီး ရွာလို့ တောင်ကျရေတွေ ကြီးလာပြီး လူတွေ ရေစီးထဲ မျောပါသေဆုံးခဲ့ရတဲ့ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်တွေကို ဆိုရှယ်မီဒီယာနဲ့ သတင်းတွေမှာ တွေ့လိုက်ရပါတယ်။ အဲဒါကို ကြည့်ရင်းနဲ့ "ဒီလို ကပ်ဘေးဆိုးကြီးတွေ ဘာကြောင့် ဒီလောက်ထိ ဆိုးဆိုးရွားရွား ဖြစ်လာရတာလဲ" လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
သမိုင်းကို ပြန်ကြည့်ရင်လည်း သာကီဝင်မင်းမျိုးတွေကို စစ်နိုင်ခဲ့တဲ့ ဝိဋဋူဘမင်းသားနဲ့ စစ်သည်တွေဟာ ဟိမဝန္တာတောင်ခြေက စီးဆင်းလာတဲ့ ရောဟဏီမြစ်သောင်ခုံပေါ်မှာ အိပ်ပျော်နေတုန်း မမျှော်လင့်ဘဲ တောင်ကျရေတွေ ဒလဟော စီးကျလာလို့ ဘယ်သူမှ မပြေးနိုင်ဘဲ သေဆုံးခဲ့ကြရတဲ့ သာဓက ရှိဖူးပါတယ်။ ဟိမဝန္တာတောင်တန်းကြီးက ကမ္ဘာ့အမြင့်ဆုံး တောင်တန်းကြီးဖြစ်တာမို့ တောင်ပေါ်မှာ ဧရိယာအကျယ်ကြီးရှိတဲ့ ရေခဲအိုင်တွေ၊ ရေခဲမြစ်တွေနဲ့ ရေခဲတောင်တွေ အများကြီး ရှိနေတာပါ။ နှစ်ပေါင်းထောင်ချီပြီး အေးခဲနေခဲ့တဲ့ အဲဒီရေခဲထုကြီးက အရမ်းမာကျော ကျစ်လစ်ခဲ့သလို၊ တောင်အောက်ခြေက မြို့ရွာတွေကလည်း နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အခြေချ နေထိုင်ခဲ့ကြတာပါ။
ပုံမှန်ဆိုရင်တော့ နွေရာသီမှာ ရေခဲလေး နည်းနည်း အရည်ပျော်ပြီး မြစ်ထဲ စီးဆင်းလာတဲ့ရေက တောင်အောက်မှာရှိတဲ့ ဒေသခံတွေအတွက် သောက်ရေ၊ သုံးရေအဖြစ် အဆင်ပြေစေခဲ့တာပါ။ ဒါပေမဲ့ လူတွေရဲ့ ပေါ့ဆမှုတွေ၊ စက်မှုလက်မှု ဖွံ့ဖြိုးရေးတွေကို အလွန်အကျွံ လုပ်လာမှုတွေကြောင့် ကမ္ဘာကြီး ပူနွေးလာတဲ့အခါမှာတော့ ငြိမ်သက်နေတဲ့ အဲဒီသဘာဝတရားကြီးက အန္တရာယ်စက်ကွင်းအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ရာသီဥတုတွေ ဖောက်ပြန်ပျက်စီးလာတာကို သိပ္ပံပညာရှင်တွေက အကြိမ်ကြိမ် သတိပေးခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကိုလည်း Kyoto Protocol လို သဘောတူညီချက်တွေ ချမှတ်ဖို့၊ COP ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ ခေါ်ယူပြီး ပြင်ဆင်မှုတွေလုပ်ဖို့ ကြိုးစားခဲ့ကြတာပါပဲ။ ဒါပေမဲ့ အမေရိကန် အပါအဝင် စက်မှုနိုင်ငံကြီးတချို့ကတော့ စီးပွားရေးအကျိုးအမြတ်ကို ရှေ့တန်းတင်ပြီး "ဒါ သဘာဝတရား အလိုအလျောက် ဖြစ်ပျက်နေတာပါ" လို့ အကြောင်းပြရင်း အဲဒီသဘောတူညီချက်တွေကနေ နှုတ်ထွက်သွားခဲ့ကြတယ်။ အခု နီပေါမှာ ဖြစ်သွားတဲ့ ရေခဲတောင်တွေ အရှိန်အဟုန်နဲ့ အရည်ပျော်ကျတဲ့ ဘေးဒဏ်ဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ရှောင်လွှဲလို့မရတော့တဲ့ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုရဲ့ မျက်မြင်သာဓက တစ်ခုပဲ ဖြစ်တယ်။
သေချာ စနစ်တကျ လေ့လာကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဘေးအန္တရာယ်တွေကို ဖြစ်လာရတဲ့ မူလအကြောင်းရင်းအပေါ် မူတည်ပြီး အဓိက (၆) မျိုး ခွဲခြားလို့ ရပါတယ်။
🔹ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ (Geological Hazards) - ကမ္ဘာ့မြေထု လှုပ်ရှားပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မြေပြိုတာ၊ ရွှံ့ပြိုတာနဲ့ ပင်လယ်ရေအောက် ငလျင်ကြောင့်ဖြစ်တဲ့ ဆူနာမီလှိုင်းကြီးတွေ ဖြစ်ပါတယ်။
🔹ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ (Hydrometeorological Hazards) - လေထုနဲ့ ရေထု အပြောင်းအလဲကြောင့်ဖြစ်တဲ့ ဆိုက်ကလုန်း မုန်တိုင်းတွေ၊ မိုးများပြီး ရေကြီးရေလျှံတာ၊ မိုးခေါင်ရေရှားတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပါတယ်။
🔹ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များ (Biological Hazards) - COVID-19 လိုမျိုး ကူးစက်ရောဂါ ကပ်ဘေးတွေနဲ့ စိုက်ပျိုးသီးနှံတွေကို ဖျက်ဆီးတဲ့ ကျိုင်းကောင်လို ဖျက်ပိုးတွေ ကျရောက်တာတွေ ဖြစ်ပါတယ်။
🔹နက္ခတ္တဗေဒဆိုင်ရာ ဘေးအန္တရာယ်များ (Astronomical Hazards) - ကမ္ဘာ့ပြင်ပ အာကာသထဲကနေ ဥက္ကာခဲတွေ ကျလာတာနဲ့ ဆက်သွယ်ရေးစနစ်တွေကို ပျက်စီးစေတဲ့ နေရောင်ခြည်မုန်တိုင်း (Solar Flares) တွေ ဖြစ်ပါတယ်။
🔹အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များ (Climatic/Thermal Hazards) - ပုံမှန်မဟုတ်ဘဲ အပူချိန် အဆမတန် မြင့်တက်လာတဲ့ အပူလှိုင်းဖြတ်တာနဲ့ အလွန်အမင်း အေးစိမ့်သွားတဲ့ အအေးလှိုင်းဖြတ်တာတွေ ဖြစ်ပါတယ်။
🔹တောမီးလောင်ခြင်း (Wildfires / Bushfires) - ရာသီဥတု အရမ်းပူပြင်း ခြောက်သွေ့တာ ဒါမှမဟုတ် မိုးကြိုးပစ်တာကြောင့် တောတောင်တွေမှာ မီးစလောင်ပြီး ကူးစက်ပြန့်ပွားသွားတာမျိုး ဖြစ်ပါတယ်။
ဒီဘေးအန္တရာယ်တွေထဲကမှ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မြစ်ချောင်းတွေ ပေါများတဲ့အတွက် ရေကြီးရေလျှံတဲ့ ဒဏ်ကို နှစ်တိုင်းလိုလို ခံစားနေရတာပါ။ မြစ်ချောင်းနား နေတဲ့သူတွေ ရေဘေးသင့်တာ သဘာဝကျတယ်ဆိုပေမဲ့ မြစ်နဲ့ နည်းနည်းလှမ်းတဲ့ မြို့ရွာတွေတောင် တစ်ခါတလေကျရင် ပြင်းထန်တဲ့ ရေဘေးဒဏ်ကို ကြုံကြရတတ်ပါတယ်။ ဥပမာပြောရရင် ဧရာဝတီတိုင်းက လေးမျက်နှာမြို့ဆိုရင် ငဝန်မြစ်တာတမံ ကျိုးသွားလို့ အိမ်ခေါင်မိုးနားအထိ ရေနစ်မြုပ်တဲ့ဒဏ်ကို ခံခဲ့ရဖူးပါတယ်။ | 139 |
| 10 | Sin texto... | 135 |
| 11 | ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းများပေါ်ရှိ ရေခဲမြစ်များသည် မကြုံဖူးသောနှုန်းဖြင့် အရည်ပျော်နေပြီး အများအားဖြင့် မူလအတိုင်း ရေခဲပြန်မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်နေကြောင်း အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒက်ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန်တို့ ပါဝင်သော "တောင်တန်းများ ပေါင်းစည်းဖွံ့ဖြိုးရေး နိုင်ငံတကာဌာန (International Centre for Integrated Mountain Development (ICIMOD))" က ၂၀၂၃ ခုနှစ် ဇူလိုင်လက ထုတ်ပြန်လိုက်သည်။
ယင်းအဖွဲ့၏ ထုတ်ပြန်ချက် (Water, ice, society, and ecosystems in the Hindu Kush Himalaya - An Outlook)တွင် ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်ကြား ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းများပေါ်ရှိ ရေခဲမြစ်များ၏ အရည်ပျော်မှုသည် ၂၀ဝ၀ နှင့် ၂၀ဝ၉ ခုနှစ်ကြား အရည်ပျော်မှုထက် ၆၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့သည်ဟု ပါရှိသည်။
ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲမြစ်များမှ အရည်ပျော်လာသော ရေများသည် မြစ်ဝါ၊ ယန်ဇီ၊ မဲခေါင်၊ သံလွင်၊ ဧရာဝတီ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါ၊ အိန္ဒု၊ အာမူဒါရီယ၊ တာရင် အာရှမြစ်ကြီး ဆယ်စင်းထဲသို့ စီးဝင်ကာ လူပေါင်းသန်း ၂၀ဝ၀ တို့၏ သောက်သုံးရေ စိုက်ပျိုးရေ ရေအားလျှပ်စစ် တို့အတွက် အကျိုးပြုနေသည်။
ရေခဲမြစ်များ အရည်ပျော်မှု မြန်ဆန်လာသည့်အတွက် ရေခဲပျော်ချိန် နွေကာလ၌ ယင်းမြစ်များ၏ ရေစီးသည် တဖြည်းဖြည်း များလာသည်။ အချို့ဒေသများ၌ ရေလွှမ်းမိုးမှု မြေပြိုမှု ပိုမိုလာသည်။ ရေခဲအရည်ပျော်ခြင်း၊ ရေစီးများလာခြင်းသည် ယခုရာစုနှစ်အလယ်သို့ ရောက်လျှင် အမြင့်ဆုံးသို့ ရောက်ကာ ယင်းအချိန်မှ လွန်သော် အရည်ပျော်စရာ ရေခဲမြစ်နည်းသွားသဖြင့် စီးကျလာသောရေ တဖြည်းဖြည်း နည်းသွားမည်။ ပြန်မများလာနိုင်တော့သည့် နည်းခြင်းမျိုး ဖြစ်၍ မြစ်ကြီးဆယ်စင်းကို မှီခိုနေသော လူပေါင်းသန်း ၂၀ဝ၀ တို့၏ သောက်သုံးရေ စိုက်ပျိုးရေ ရေအားလျှပ်စစ်တို့အတွက် အကြီးအကျယ် အခက်တွေ့မည်။
လက်ရှိအတိုင်း ဆက်၍ အရည်ပျော်လျှင် ယခုရာစုနှစ်အကုန်၌ ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းများပေါ်ရှိ ရေခဲမြစ်များ၏ ထုထည်သည် ၈၀ ရာခိုင်နှုန်းမျှ လျော့နည်းသွားမည်။
U Kyaw Oo
https://www.facebook.com/673588630/posts/10160952912508631/?mibextid=Nif5oz
(၂၀၂၅ တုန်းက တင်ခဲ့တဲ့ပိုစ့်ဖြစ်ပါတယ်) | 278 |
| 12 | Sin texto... | 228 |
| 13 | နာဂစ်မုန်တိုင်းကြီးကြောင့် ဘိုကလေးမြို့နယ်ထဲက ရွာတွေမှာ INGO တွေအများကြီးက ဝိုင်းဆောက်ပေးခဲ့ကြလို့ Cyclone Shelters တွေ ရှိလာခဲ့ပါတယ် ..
ဒီပုံတွေက ..
"ဆတ်ကျွန်းရွာမှာပါ။ 14.2.2011 က မဂူ(၁)ကော၊ ဆတ်ကျွန်းမှာပါ Cyclone Shelter ဖွင့်ပွဲလုပ်ခဲ့ပါတယ်။ ပျဉ်ဘိုးကြီးရွာမှာတော့ ၁၄.၁.၂၀၁၁ ကတဲက Miss Ofelia တို့နဲ့ ဖွင့်ခဲ့ပါတယ်" လို့
UNDP/ER Program မှာ Forestry Specialist လုပ်ခဲ့တဲ့၊ ကျွန်တော်တို့ သစ်တောတက္ကသိုလ်မှာ ကထိက ရာထူးနဲ့ ကျွန်တော်တို့ကို စာသင်ပေးခဲ့တဲ့ ကျွန်တော့ဆရာ ဆရာဦးဘသန်းက ပြောပြပါတယ် ..
၂၀၁၁ မှာ ဖွင့်ခဲ့တာဆိုတော့ ဒီ Shelters တွေရဲ့ သက်တမ်းဟာ သက်တမ်း ၁၅နှစ်ရှိသွားပါပြီ.. | 373 |
| 14 | သဘာဝပတ်ဝန်းကျင်တွင် ပုံမှန် စူးစမ်းလေ့လာခွင့်ကို ရရှိကြသော ကလေးများသည် သာမန်ကိုယ်လက်လှုပ်ရှားမှုထက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေပါသည်။
သုတေသနပြုချက်များအရ ပြင်ပသဘာဝပတ်ဝန်းကျင်သည် သဘာဝအတိုင်း လှုံ့ဆော်မှုနှင့် တည်ငြိမ်မှုတို့ကို ချိန်ခွင်လျှာညှိပေးသောကြောင့် ကလေးများ၏ အာရုံစူးစိုက်မှုအပိုင်းကို ထက်မြက်အောင် ကူညီပေးနိုင်ကြောင်းတွေ့ရှိရသည်။
စိမ်းလန်းသောနေရာများသည် ဒစ်ဂျစ်တယ်ဖန်သားပြင်များ၊ ဆူညံသောစာသင်ခန်းများနှင့်မတူဘဲ၊ ကလေးများအား ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် နက်ရှိုင်းစွာထိတွေ့နိုင်စေရန် စူးစမ်းချင်စိတ်နှင့် အာရုံစိုက်မှုကို ရရှိစေပါသည်။
သဘာဝတရားနှင့် ဆက်စပ်မှုရှိသော ဤအချက်သည် အာရုံစူးစိုက်တတ်မှုကို တိုးပွားစေပြီး ၎င်းတို့အား အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းသော တည်ကြည်မှုစွမ်းရည်ကို တည်ဆောက်ရန် ကူညီပေးနိုင်သလို စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါသည်။
အဆောက်အဦများ၏ ပြင်ပရှိ သဘာဝပတ်ဝန်းကျင်တွင်သာ ရရှနိုင်သောနေရောင်ခြည်၊ လတ်ဆတ်သောလေနှင့် စိမ်းလန်းသောနေရာများသည် ကလေးတို့၏ အာရုံကြောစနစ်ကို တည်ငြိမ်စေသည်။
သဘာဝနှင့် ပုံမှန်ထိတွေ့ခွင့်ရသော ကလေးများသည် အိမ်တွင်း၌အနေများသူများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်မှု နှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ နည်းပါးကြောင်းတွေ့ရှိရပါသည်။
သဘာဝတရားက စိတ်ဖိစီးမှုကို သက်သာစေသကဲ့သို့ ပြဿနာဖြေရှင်းနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
တုတ်ချောင်းလေးများဖြင့် တည်ဆောက်ခြင်း၊ လမ်းကြောင်းများကို စူးစမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်များကို စောင့်ကြည့်ခြင်းကဲ့သို့သော လှုပ်ရှားမှုများသည် ကလေးများအား ဝေဖန်ပိုင်းခြားတွေးခေါ်တတ်စေရန်၊ သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်စေရန်၊ ပြသနာများကို ကိုယ်တိုင် အဖြေရှာတတ်ရန် တွန်းအားပေးပါသည်။
အချုပ်ဆိုရသော် သဘာဝနှင့် ပုံမှန်ထိတွေ့စေခြင်းသည် လူကြီး၊ လူငယ်၊ ကလေး မရွေး မည်သူ့ကိုမဆို ကျန်းမာ၊ ပျော်ရွှင်မှုနှင့် နုပျိုသောစိတ်နှလုံးများအတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါသည်။
Credit :The Knowledge Factory
https://www.facebook.com/share/p/17Tub1YJKy/ | 327 |
| 15 | Sin texto... | 246 |
| 16 | ။
Credit: ဒေါက်တာညီညီကျော် | 303 |
| 17 | ခြောက်သွေ့ကာလ မိုးနည်းသောနှစ်တွင် နှစ်ကွင်းများ ကျဉ်းမြောင်းသည်ကို တွေ့ရှိသည်၊၊ ထို့အပြင် ပင်စည်ပေါ်ရှိ နှစ်ကွင်းများ၏ အချင်းကို လေ့လာပြီး ထိုနှစ် အတွင်း မိုးရွာသွန်းမှု၊ အပူချိန်နှင့် ထူးခြားသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လေ့လာဖော်ထုတ်ကြသည်။ (ဥပမာ၊ အယ်နီညိုဖြစ်စဉ်စက်ဝန်းကို လေ့လာဖော်ထုတ် ပြီး နောင်ဖြစ်လာနိုင်သည့်နှစ်ကို ခန့်မှန်းခြင်း) ထို့အပြင် မုတ်သုံရာသီ၏ဖြစ်စဉ် (Monsoon Rhythm) ကိုလည်း တွက်ချက်ဖော်ထုတ်ခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကာမြို့ဟောင်းသည် ၁၅ ရာစုအတွင်း ဆိုးရွားစွာ ရေလွှမ်းမိုးမှုနှင့် ကြာမြင့်စွာမိုးခေါင်မှုများကြောင့် ခရစ် နှစ် ၁၄၃၁ ခုနှစ်တွင် မြို့ပျက်သုဉ်းခဲ့ကြောင်း ၎င်းနေရာ ရှိ သစ်ပင်ကြီးများ၏ နှစ်ကွင်းများမှတစ်ဆင့် ဖော်ထုတ် လေ့လာခဲ့ကြသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပျက်ပြောင်းလဲနေသော ရာသီဥတုဖြစ်စဉ်များကို လေ့လာသိရှိနိုင်ရန်နှင့် ယခင်နှစ်ကာလများအတွင်း ဖြစ်ပျက်ခဲ့မှုများအပေါ်အခြေခံ၍ အနာဂတ် ရာသီဥတု ပြောင်းလဲမှုကို ကြိုတင်ခန့်မှန်းတွက်ချက်ရန်အတွက် သက်တမ်းရင့်သစ်ပင်ကြီးများကို ထိန်းသိမ်းစောင့်ရှောက် ရန် အလွန်အရေးကြီးလှပါသည်၊၊
ပင်စည်နှစ်ကွင်းများကိုလေ့လာ..
သက်ရှိသစ်ပင်ကြီးများမှ ပင်စည်နှစ်ကွင်းများကို လေ့လာရန် အပင်ခုတ်လှဲရန်မလိုအပ်ဘဲ ပင်စည်ဖြတ်ပိုင်း ပုံစံအတိုင်း နှစ်ကွင်းနမူနာချောင်းများကို ထုတ်ယူနိုင် သည်။ နေရာဒေသတစ်ခု၏ Chronological index တစ်ခု ရေးဆွဲဖော်ထုတ်ရာတွင် သက်ရှိသစ်ပင်များရှိ နှစ်ကွင်း များကိုသာမက ရှေးဟောင်းအဆောက်အဦများတွင် အသုံးပြုထားသော သစ်သားများပေါ်ရှိ နှစ်ကွင်းများ ကိုပါ ဆက်စပ်တိုင်းထွာဖော်ထုတ်ကြသည်။ ဂျပန်နိုင်ငံ ရှိ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတစ်ဆူအား သစ်သားပေါ်ရှိ နှစ်ကွင်းကို လေ့လာ ပြီး ထုလုပ်ခဲ့သည့်နှစ်ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ခဲ့သော ကမ္ဘောဇ သာဒီနန်းတော်ကြီးတွင် အသုံးပြုခဲ့သော ကျွန်းတိုင်ကြီး များ၏ နှစ်ကွင်းများကို လေ့လာ၍ ထိုခေတ်က နန်းတော် တည်ဆောက်ရာတွင် လက်ဆောင်အဖြစ် ကျွန်းတိုင်များ ကို ရှမ်းစော်ဘွားများအပြင် အိမ်နီးချင်းနိုင်ငံများမှပါ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
အယ်နီညိုနှင့် လာနီညာဟု လူသိများသော ပစိဖိတ် သမုဒ္ဒရာ၏ အပူချိန်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကမ္ဘာ ပေါ်တွင် ကြာမြင့်စွာမိုးခေါင်ခြင်း သို့မဟုတ် ပြင်းထန်စွာ မိုးရွာသွန်းမှုတို့ ခံစားရလေ့ရှိသည်။ အမေရိကန်နိုင်ငံမှ သုတေသီများသည် သက်တမ်း နှစ် ၁၁၀၀ ရှိသော သစ်ပင် ၏ နှစ်ကွင်းများကို လေ့လာခဲ့ကြပြီး အယ်နီညိုနှင့် လာနီညာဖြစ်စဉ်များကို လာမည့်နှစ်များအတွက် ကြိုတင် ခန့်မှန်းတွက်ချက်ခဲ့ကြရာ နှစ်နှစ်မှ ရှစ်နှစ်ကာလ အပိုင်းအခြားတစ်ခုအတွင်း ပင်လယ်ရေပူနွေးမှုကြောင့် ဆောင်းရာသီတွင် မိုးရွာသွန်းမှုများပြားလာကာ လာနီညာ ဖြစ်စဉ်ကြောင့် အခြားတစ်ဖက်တွင် ခြောက်သွေ့မှု (မိုးခေါင်မှု) ဖြစ်ပေါ်နိုင်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။
ထိုတွေ့ရှိချက်များမှ အယ်နီညိုတောင်ပိုင်းလှုပ်ရမ်းမှု စက်ဝန်း (El Nino Southern Oscillation Cycle) ကြောင့် နွေရာသီအတွင်း သာမန်ထက်ပိုမိုပူပြင်းပြီး ဆောင်းရာသီ တွင် ပိုမိုအေးနိုင်သည့် ပြင်းထန်သည့်ရာသီဥတုဖြစ်စဉ် များကို ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။
အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်များ၏ နှစ်ကွင်း မှတစ်ဆင့် ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဖြစ်ပေါ် ခဲ့သော ရာသီဥတုပြောင်းလဲမှုများကို လေ့လာသုတေသန ပြုမှုမှာ အအေးပိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး သည်ဟု ဆိုနိုင်သည်။ ကျွန်းနှင့် ထင်းရှူးကဲ့သို့သော သစ်ပင်များကို လေ့လာမှုများအရ ၎င်းသစ်မျိုးများသည် သက်တမ်းရှည်ကြာစွာ ရှင်သန်ကြီးထွားနိုင်ပြီး ရာသီ ဥတုအပေါ် တုံ့ပြန်ဖြစ်ပေါ်သည့် နှစ်ကွင်းများကို ထင်ရှား စွာတွေ့မြင်နိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကို လေ့လာသိရှိနိုင်ရန် ထိန်းသိမ်းထားသင့်ပေသည်။
အချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်အခြေ အနေများ ပျက်ယွင်းလာမှုကြောင့် လည်းကောင်း၊ သဘာဝ ဖြစ်စဉ်များကြောင့် လည်းကောင်း ရာသီဥတုပြောင်းလဲ ခြင်းကို မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ပါသည်။ ထိုသို့ ရင်ဆိုင်ဖြေရှင်းရန်အတွက် သစ်ပင်များသည် ရှေးယခင်က ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ပြန်လည်လေ့လာရန် လွန်စွာအထောက်အကူပြုသကဲ့သို့ သဘာဝပတ်ဝန်းကျင်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲ မှု လျှော့ချရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ သစ်ပင် များက ဖော်ပြပေးနိုင်သည့် ယခင် ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်၍ လာမည့် အနာဂတ် ကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေ အနေများကို ကြိုတင်ခန့်မှန်း သိရှိနိုင်ခြင်းဖြင့် လက်ရှိ ကမ္ဘာကြီးတည်မြဲရေး၊ လူသားတို့၏ အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ရှိသစ်ပင်ကြီးများအား ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ | 281 |
| 18 | သစ်ပင်များကပြောသော ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ
===================
ဒေါက်တာညီညီကျော်
ညွှန်/ချုပ်(ငြိမ်း-သစ်တော)
သစ်တောသစ်ပင်များသည် လူသားတို့အတွက် လိုအပ်သည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။ ထိုမျှမက သစ်တောသစ်ပင်များသည် ကျွန်ုပ်တို့ခန္ဓာကိုယ် အတွင်းရှိ အဆုတ်ကဲ့သို့ ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူရှူသွင်းပြီး အောက်ဆီဂျင် ဓာတ်ငွေ့ ပြန်ထုတ်ပေးသည့်အတွက် Lungs of the Earth ဟု တင်စားခေါ်ဝေါ်ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို သစ်တောသစ်ပင်များက ထိန်းညှိလျှော့ချပေးသည့် ယန္တရားလုပ်ငန်းစဉ်တစ်ခုကို စွမ်းဆောင်ပေးလျက်ရှိသည်။
ဖြစ်ပျက်နေသော ရာသီဥတုပြောင်းလဲမှုများ ဥပမာအားဖြင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မီးလောင်ခြင်းစသည်တို့ကို သစ်ပင်များက နှစ်အလိုက်၊ ရာသီအလိုက် မှတ်တမ်းတင်ထား ကြသဖြင့် လွန်ခဲ့သောနှစ်များစွာအတွင်း ဖြစ်ပျက်ခဲ့သည့် ရာသီဥတုဖြစ်စဉ်များကို သစ်ပင်များမှတစ်ဆင့် ပြန်လည်ရှာဖွေ ဖော်ထုတ်သိရှိနိုင်သည်။
ထိုမျှမက အတိတ်ကာလ ရာသီဥတုအခြေအနေများ ကို သရုပ်ခွဲလေ့လာဆန်းစစ်ပြီး လာမည့်နှစ်များအတွင်း ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများကိုလည်း သိပ္ပံပညာရှင်များက ခန့်မှန်းတွက်ချက် ဖော်ပြနိုင်ပါ သည်။ သစ်ပင်တို့တွင် ဖြစ်ပေါ်နေသော နှစ်ကွင်းများ (Tree Rings) မှတစ်ဆင့် သမိုင်းဖြစ်စဉ်များကို ပြန်လည် ဖော်ထုတ်သည့်ပညာရပ်ကို အင်္ဂလိပ်ဘာသာဖြင့် Dendrochronology ဟု ခေါ်ပါသည်။ ၎င်းပညာရပ်ကို လေ့လာခြင်းဖြင့် ရှေးဟောင်းသုတေသနလုပ်ငန်းများ၊ ရေဒီယိုကာဗွန် (C14) ကို သရုပ်ခွဲဆန်းစစ်ပြီး သမိုင်း ဖြစ်စဉ်များဖော်ထုတ်ခြင်း၊ အတိတ်ကာလ ရာသီဥတု ဖြစ်စဉ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်ရပ်များကို သစ်ပင်များ၏ နှစ်ကွင်းအကျယ် (Ring width) ကို တိုင်းတာတွက်ချက် သိရှိနိုင်ခြင်းနှင့် သစ်တောစီမံ အုပ်ချုပ်မှုကို အထောက်အကူပြုစေခြင်း ဥပမာ၊ သစ်ပင် တို့၏ ကြီးထွားနှုန်း၊ သစ်ပင်စု သိပ်သည်းမှု စသည်တို့ကို တွက်ချက်သိရှိနိုင်ပါသည်။
စက်ဝိုင်းပုံသဏ္ဌာန်ရှိသော အကွင်းလေးများ
သစ်ပင်များသည် ကမ္ဘာပေါ်တွင် နှစ်သန်းပေါင်း ၃၈၀ ကတည်းက ဖြစ်ပေါ်တည်ရှိခဲ့ပြီး အပင်၏ပုံသဏ္ဌာန်၊ အမျိုးအစား၊ သဘာဝအတိုင်းဖြစ်စဉ်များအရ သစ်ပင် ကြီးများတွင် ပင်စည် (Woody stem) များသည် သစ်ပင်ရှင်သန်ရပ်တည်နိုင်ရေး အပင်ဇီဝကမ္မဖြစ်စဉ်များ ဆောင်ရွက်ရန် အစာရေစာသယ်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ပင်စည်၏အတွင်းပိုင်းမှ ဖွံ့ဖြိုးလာ ပြီး အပြင်ဘက်သို့ ကြီးထွားကာ ပြင်ပရာသီဥတု (မိုးရေ ချိန်၊ အပူချိန်) သက်ရောက်မှုကြောင့် ကြီးထွားမှုရပ်ဆိုင်း သည့် ကာလတွင် ပင်စည်၌ နှစ်ကွင်း (Annual Ring) ဖြစ်ပေါ်လေ့ရှိသည်။ သစ်ငုတ်တစ်ခု၏ ဖြတ်ပိုင်းပုံကို အပေါ်မှ ကြည့်ရှုပါက စက်ဝိုင်းပုံသဏ္ဌာန်ရှိသော အကွင်း လေးများကို မြင်နိုင်ပါသည်။ အပြင်ဘက်ရှိ နှစ်ကွင်းသည် အတွင်းဘက်ရှိ နှစ်ကွင်းထက် ပိုမိုသက်တမ်းနုပြီး နှစ်ကွင်း များသည် ရာသီဥတုဖြစ်စဉ်ကြောင့် အကျဉ်းအကျယ် ကွာခြားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
ပင်စည်တွင် နှစ်ကွင်းများဖြစ်ပေါ်စေသည့် အကြောင်းရင်း သုံးခုရှိ သည်။ ၎င်းတို့မှာ မိုးရွာသွန်းသည့် ကာလပြတ်တောက် ခြင်း (No Precipitation)၊ အပူချိန် လွန်စွာလျော့ကျခြင်း (Very Low Temperature) နှင့် ရေလွှမ်းမိုးခြင်း (Inun- dation) တို့ ဖြစ်သည်။ အပင်နှစ်ကွင်းများကို လေ့လာ သည့်ပညာရပ်သည် ၁၉၈၀ နှစ်များတွင် စတင်ခဲ့ကြပြီး အထူးသဖြင့် နှစ်ကွင်းများ ထင်ရှားစွာတွေ့မြင်ရသည့် အအေးပိုင်းဒေသ ထင်းရှူးနှင့် ဝက်သစ်ချသစ်မျိုးများကို လေ့လာခဲ့ကြရာ Bristlecone ထင်းရှူးမျိုးမှ နှစ်ပေါင်း ၈၆၀၀ နှင့် Hohenheim Oak ဝက်သစ်ချမျိုးမှ နှစ်ပေါင်း ၁၂၅၀၀ အထိ နှစ်ကွင်းများကို လေ့လာနိုင်ခဲ့ကြသည်။
အပူပိုင်းဒေသနိုင်ငံများတွင် သစ်ပင်နှစ်ကွင်းများမှ ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်း ကျင်အခြေအနေများကို လေ့လာကြသည်မှာ မကြာသေး ပါ။ အပူပိုင်းဒေသတစ်ခုဖြစ်သည့် အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ကျွန်းကဲ့သို့သော နှစ်ကွင်းထင်ရှားစွာ မြင်ရသည့်အပင်များကို သုတေသနပြု လေ့လာခဲ့ကြ သည်၊၊ မြန်မာနိုင်ငံ သစ်တောသုတေသနဌာနသည် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်၊ ဂျာမနီ နိုင်ငံ ဂိုတင်ဂန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် တို့နှင့် နှစ်ကွင်းသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ကျွန်းပင်များ၏ ကြီးထွားမှုသည် မိုးရွာ သွန်းမှုကာလနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့သော နိုင်ငံ များတွင် မုတ်သုံရာသီကာလ (မေလမှ အောက်တိုဘာ လ) အတွင်း ရွာသွန်းသော မိုးရေချိန်နှင့် တိုက်ရိုက် ဆက်စပ်ကြောင်း သုတေသီများက ဖော်ထုတ်လေ့လာ နိုင်ကြသည်။ မိုးရွာသွန်းမှုများသောနှစ်တွင် နှစ်ကွင်းများ ကျယ်ပြီး | 171 |
| 19 | Sin texto... | 189 |
| 20 | Myanmar Environmental Education Team Channel ပရိသတ်တွေအနေနဲ့
ဘတ်ဂျက် (၁၀ သိန်း ကနေ သိန်း၃၀ ကြား)နဲ့
အချိန် ၃လခန့်သာရမယ်ဆိုရင် အောက်က ခေါင်းစဥ်တွေထဲက ဘယ်ခေါင်းစဥ်ကို စိတ်ဝင်စားကြသလဲဆိုတာကို ဖြေပေးကြပါဖို့ မေတ္တာရပ်ခံပါရစေ။ | 209 |
