ch
Feedback
Myanmar Environmental Education Team

Myanmar Environmental Education Team

前往频道在 Telegram

Love Nature, Love Our World !

显示更多
2 253
订阅者
+424 小时
+167
+1630

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
七月 '26
七月 '26
+41
在0个频道中
六月 '26
+38
在0个频道中
Get PRO
五月 '26
+35
在0个频道中
Get PRO
四月 '26
+27
在1个频道中
Get PRO
三月 '26
+29
在1个频道中
Get PRO
二月 '26
+25
在1个频道中
Get PRO
一月 '26
+12
在1个频道中
Get PRO
十二月 '25
+26
在0个频道中
Get PRO
十一月 '25
+18
在0个频道中
Get PRO
十月 '25
+35
在0个频道中
Get PRO
九月 '25
+73
在0个频道中
Get PRO
八月 '25
+39
在0个频道中
Get PRO
七月 '25
+37
在0个频道中
Get PRO
六月 '25
+45
在2个频道中
Get PRO
五月 '25
+51
在0个频道中
Get PRO
四月 '25
+55
在1个频道中
Get PRO
三月 '25
+146
在5个频道中
Get PRO
二月 '25
+36
在0个频道中
Get PRO
一月 '25
+51
在0个频道中
Get PRO
十二月 '24
+92
在0个频道中
Get PRO
十一月 '24
+166
在0个频道中
Get PRO
十月 '24
+131
在1个频道中
Get PRO
九月 '24
+343
在0个频道中
Get PRO
八月 '24
+59
在0个频道中
Get PRO
七月 '24
+44
在0个频道中
Get PRO
六月 '24
+110
在0个频道中
Get PRO
五月 '24
+104
在0个频道中
Get PRO
四月 '24
+104
在0个频道中
Get PRO
三月 '24
+80
在1个频道中
Get PRO
二月 '24
+39
在0个频道中
Get PRO
一月 '24
+52
在1个频道中
Get PRO
十二月 '23
+1 493
在0个频道中
日期
订阅者增长
提及
频道
27 七月0
26 七月+4
25 七月+4
24 七月+3
23 七月+1
22 七月+3
21 七月+5
20 七月+2
19 七月0
18 七月+2
17 七月+2
16 七月+1
15 七月0
14 七月+4
13 七月0
12 七月+2
11 七月0
10 七月0
09 七月+2
08 七月+2
07 七月+1
06 七月0
05 七月+1
04 七月0
03 七月+1
02 七月0
01 七月+1
频道帖子
2
Forest School ၏ အဓိကရည်ရွယ်ချက်များ ကလေး၏ Self-confidence တိုးတက်စေခြင်း Curiosity (စူးစမ်းလိုစိတ်) ဖွံ့ဖြိုးစေခြင်း Creativity မြှင့်တင်ခြင်း Problem-solving Skill တိုးတက်စေခြင်း Communication Skill တိုးတက်စေခြင်း Leadership Skill ဖွံ့ဖြိုးစေခြင်း Environmental Responsibility မွေးမြူခြင်း Lifelong Learning စိတ်ဓာတ် တည်ဆောက်ခြင်း Environmental Education နှင့် Forest School ၏ ဆက်စပ်မှု Forest School သည် Environmental Education (EE) ၏ လက်တွေ့အကောင် အထည်ဖော်သည့် နည်းလမ်းတခုဖြစ်သည်။ Environmental Education က က​လေးများကို ပတ်ဝန်းကျင်ကို နားလည်စေခြင်း၊သဘောထား (Attitudes) နှင့် တန်ဖိုးများ (Values) တည်ဆောက်ခြင်း၊ လုပ်ဆောင်နိုင်စွမ်း (Skills) ဖွံ့ဖြိုးစေခြင်းကို ဦးတည်သည်။ Forest School က ထိုရည်မှန်းချက်များကို သဘာဝထဲတွင် အတွေ့အကြုံအခြေပြု သင်ယူမှုဖြင့် အကောင်အထည်ဖော်ပေးသည်။ ထို့ကြောင့် Forest School သည် "Education about the environment, in the environment, and for the environment" ဟူသော Environmental Education ၏ အဓိကမူများကို လက်တွေ့ပေါင်းစပ်ထားသော ပညာရေးနည်းလမ်းတစ်ခုဖြစ်သည်။ Forest School သည် သဘာဝနှင့် ချိတ်ဆက်သော သင်ယူမှုမှတဆင့် ဘဝတစ်လျှောက်လုံး အသုံးဝင်မည့် အရည်အချင်းများနှင့် "သဘာဝကို တန်ဖိုးထားသော နိုင်ငံသားများကို ပြုစုပျိုးထောင်ပေးသည့်" ပညာရေးအတွေးအခေါ်တရပ်ဖြစ်ပါသည်။
133
3
没有文字...
110
4
"ဒီ​နေ့ မန္တ​လေး​တောင်​ပေါ်မှာ သမီးတို့တတ်နိုင် တဲ့ အားလေးနဲ့ သစ်ပင် ၃၅ ပင်လောက်တော့ စိုက်ခဲ့ကြတယ်ဆရာ" တဲ့ .. မန္တ​လေးတက္ကသိုလ်မှာ E.S Master တန်းတက်​နေတဲ့ ​​သမီး ​ဆွေဇင်ဦးက တယ်လီဂရမ်က​နေ ခုနက လှမ်း​ပြောပါတယ် .. သူက ကျွန်​တော့ Green Skills for Youth Online Training ​တွေကို ၂ကြိမ်မက တက်ခဲ့တဲ့ သင်တန်းသူ​ဟောင်း​လေးပါ .. သူတို့ Dear Earth Myanmar အဖွဲ့က သမီးဖူးစံ၊ သားဟိန်းဝဠာထွန်းတို့ကလည်း ကျွန်​တော့ သင်တန်းသား​ဟောင်း​တွေချည်းပါပဲ .. လူငယ်​တွေကို စာသင်​ပေးရတာက ကျွန်​တော့အတွက်​တော့ တကယ့်အသက်ရှည်​ဆေးပဲ.. လူငယ်​တွေဆိုတာ ဖြူစင်ကြတယ်၊ ရိုးသားကြတယ်၊ သူတို့စိတ်ဝင်စားတာကို ဝါသနာပါတာကို စိုက်လိုက်မတ်တပ် လုပ်ချင်ကြတယ် .. ဒီအဖွဲ့​လေးဆို သူတို့မုန့်ဘိုး​လေး​တွေနဲ့ သူတို့နိုင်သ​လောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးအလုပ်​တွေ၊ အသိပညာ​ပေးအလုပ်​တွေကို ​သူတို့ပတ်ဝန်းကျင်မှာ ကျောင်းတဖက်နဲ့ လုပ်​နေကြတဲ့ က​လေး​တွေအဖွဲ့​လေး​ပေါ့ .. ​ကျေးဇူးအများကြီးတင်ပါတယ် သမီးတို့ .. သစ်ပင်ကို "ရှင်​အောင်" စိုက်​ပေးလို့ရတဲ့အကျိုး အနန္တကို သမီးတို့ တဖွဲ့လုံး ရကြပါ​စေဗျာ ..
146
5
+9
没有文字...
135
6
没有文字...
130
7
Environmental Education for Kids Training Environmental Education for Educators Training Green Skills for Youth Training များကို သင်ကြားပို့ချ​နေပါသည်။ #Green_Skills_for_Youth_online_training
121
8
Myanmar Environmental Education Team မှ #GreenSkills_for_Youth_OnlineTraining ကို ၂၀၂၆၊ဩဂုတ်လ၊၈ ရက်​၊ စ​နေနေ့တွင် ဖွင့်လှစ်ပါမည်။ သင်တန်းတွင်ဆွေးနွေးမည့်အကြောင်းအရာများ ၁။ ယ​နေ့ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်​ပေါ်​နေ​သော ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ Current Global and Local Environmental Issues ၂။ ရာသီဥတု​ပြောင်းလဲခြင်းကို ရပ်တံ့​လျော့ချရန်​ဆောင်ရွက်ခြင်းနှင့် ​ပြောင်းလဲ​နေ​သော ရာသီဥတုနှင့် လိုက်​လျောညီ​ထွေဖြစ်​အောင် ​နေထိုင်ခြင်း Climate Change Mitigation and Adaptation ၃။ ​သစ်​တောများကို ရေရှည်တည်တံ့​​စေ​သော စီမံအုပ်ချုပ်မှု Sustainable Forest Management ၄။ ​ရေရှည်ဖွံ့ဖြိုးတိုးတက်​စေ​သော စိုက်ပျိုး​ရေးလုပ်ငန်းများ Sustainable Agriculture ၅။ ပြန်လည်ပြည့်ဝ​​သောစွမ်းအင်ကို အသုံးပြုခြင်းနှင့် စွမ်းအင်ကို ထိ​ရောက်စွာ အသုံးချခြင်း Renewable Energy and Energy Efficiency ၆။ စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်ထွက်ရှိမှုအနည်းဆုံးဖြစ်​စေမည့် ကုန်ထုတ်လုပ်ငန်း/စီးပွား​ရေးလုပ်ငန်းများ Waste Management and Circular Economy ၇။ မြန်မာလူငယ်များအတွက် အ​ရေးတကြီးနာလည် တတ်ကျွမ်းရန်လိုအပ်လာသည့် စိမ်းလန်း​သောကျွမ်းကျင်မှုများ Why are Green Skills important for Myanmar Youth (ယခုသင်တန်းသည် အသက် ၁၈နှစ် နှင့် အထက်၊ အ​ခြေခံပညာအထက်တန်းအဆင့်အောင်ထားပြီးသူများအတွက် ပိုမိုသင့်​လျော်ပါမည်။) #သင်ကြားချိန်စုစုပေါင်း - ၁ရက်(၂နာရီ) × ၈ ရက် = ၁၆ နာရီ #သင်တန်းရက် - စ​နေ/တနင်္ဂ​နွေ​နေ့တိုင်း #သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ #သင်တန်းကြေး - ၆၀,၀၀၀ ကျပ် #သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၂၀၂၆၊ ဩဂုတ်လ၊၈ ရက်၊ စ​နေနေ့ #သင်တန်းပြီးဆုံးမည့်ရက် - ၂၀၂၆၊ ​ဩဂုတ်လ၊ ၃၀ ရက်၊ တနင်္ဂ​နွေနေ့ သင်တန်းတက်​ရောက်ရန်အတွက် Google Form ကို ​အောက်ပါ link မှတဆင့် ဝင်​ရောက်ပြီး ဖြည့်စွက်​ပေးကြရမည်ဖြစ်ပါသည်။ https://docs.google.com/forms/d/e/1FAIpQLSfz4mvjbDTtnWUJhM7IwVeNmjEDh1HgeyfCwt9DdkjIsfZqyA/viewform?usp=header သင်တန်း​ကြေး​ပေးသွင်းပြီးပါက- Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့​ပေးပါမည်။ #သင်တန်းကြေးပေးသွင်းရန်- Kpay : 09965642416 (Nang Than Myint) Note တွင် GSY fee ဟု ​ရေး​ပေးပါရန်နှင့် ​ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့​ပေးပါရန်။ (၂၀၂၆၊ဩဂုတ်လ၊၈ရက်၊​နေ့လည် ၁၃း၀၀နာရီအထိ သင်တန်း​ကြေး​ပေးသွင်း၍ သင်တန်းအပ်နိုင်ပါသည်) သင်တန်းပို့ချမည့်ဆရာ၏ကိုယ်ရေးအကျဥ်း ဦးစည်သူလွင် သိပ္ပံဘွဲ့(သစ်​တော)၁၉၉၂ ခုနှစ် သစ်​တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် လုပ်ငန်းအ​တွေ့အကြုံများ ​တောအုပ်ကြီး(Range Officer ) သစ်​တောဦးစီးဌာန၊ ​ကျောက်ဖြူ/အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်(၁၉၉၃ - ၁၉၉၅) သစ်​တောကျွမ်းကျင်သူ(Forestry Specialist) UNDP/FAO/MYA/008 Project, Bogale Township (1996 to 1998) သစ်​တောကျွမ်းကျင်သူ(Forestry Specialist) Forest Resources and Environment Development Association (FREDA) (1998 to 2000) သစ်​တောနှင့်သဘာဝပတ်ဝန်းကျင်ပညာဆိုင်ရာအသိပညာ​ပေးကျွမ်းကျင်သူ Freelance Environmental Educator Self-Employed (2008 to Present) နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး​နောက်ပိုင်းတွင် မုန်တိုင်းဒဏ်သင့်​ဒေသများရှိ စာသင်​ကျောင်းများ၊ ​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ခဲ့သည်။(၂၀၀၈ မှ ၂၀၁၀) UNDP, Lutheran World Federation, UNICEF, Action Aid Myanmar, and World Vision တို့နှင့် ပူး​ပေါင်း၍ ဧရာဝတီတိုင်းအတွင်းရှိစီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၀ မှ ၂၀၁၂) UNDP/Inle Lake Conservation and Rehabilitation Project မှ စီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၂ မှ ၂၀၁၅) ၂၀၀၈ ခုနှစ်မှ စတင်၍ က​လောင်အမည် "ကိုရင်လှ" ဖြင့် သစ်​တောထိန်းသိမ်း​ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ​ဆောင်းပါးများကို စာ​စောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ​ရေးသားခဲ့သလို စာအုပ်များလည်း ​ရေးသားထုတ်​ဝေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့​သော စာ​ပေ​ဟော​ပြောပွဲများတွင်လည်း သစ်​တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများကို ​ဟော​ပြောခဲ့ပါသည်။ ၂၀၁၈ မှ ၂၀၂၀ အတွင်း ရန်ကုန်တိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် စွန့်ပစ်အမှိုက်ဆိုင်ရာသင်တန်းများ၊ ​ဟော​ပြောပွဲများကို ဦး​ဆောင်ကျင်းပခဲ့ပါသည်။ ၂၀၂၀ တွင် ကိုဗစ်ကပ်​ရောဂါ ဖြစ်ပွားခဲ့​သော ကာလမှ စတင်၍ ယ​နေ့အချိန်ထိ online မှ
119
9
没有文字...
117
10
သစ်​တော​ကျောင်းများ၏ အခြေခံအတွေးအခေါ်အယူအဆများ (Forest School Philosophy) (၁) Nature is the best Teacher သဘာဝသည် အကောင်းဆုံးဆရာဖြစ်သည်။ ကလေးများသည် အရာရာကို လက်​တွေ့၊မျက်မြင်အားဖြင့် ကြည့်ခြင်း၊စမ်းသပ်ခြင်း၊လေ့လာခြင်း၊ မေးခွန်းထုတ်ခြင်းတို့မှတဆင့် သင်ယူကြရသည်။ (၂) Child-centred Learning ကလေးကိုသာ ဗဟိုပြုသည်။ ဆရာသည် အမိန့်ပေးသူ မဟုတ်ပဲ လမ်းညွှန်သူ (Facilitator) သူတို့​မေးသမျှ ဒိုင်ခံ​ဖြေရသူသာ ဖြစ်သည်။ (၃) Learning by Doing လုပ်ရင်း၊ ကစားရင်း၊ စပ်စုရင်း သင်ယူခြင်းဖြစ်သည်။ ဥပမာ သစ်ရွက်​​ခြောက်​တွေလိုက်ကောက်ခြင်း၊ ငှက်ကြည့်ခြင်း၊ မြေကြီးကို တုတ်​ချောင်းနဲ့ထိုးကြည့်ပြီးလေ့လာခြင်း၊ သစ်ခက် သစ်ွက်များဖြင့် ယာယီတဲ ဆောက်ခြင်း (၄) Long-term Process Forest School သည် ​ကျောင်းဖွင့်ရာသီတခု၊ စာသင်နှစ် တနှစ်အတွက် တစ်ရက်တည်း ခရီးထွက်ပြီး ​ဟေးလားဝါးလား ဂိမ်းကစားရင်း ​ပျော်​ပျော်ပါးပါး ဆယ်လ်ဖီဆွဲ၊ ဓါတ်ပုံရိုက်ကြရ​သော လှုပ်ရှားမှုမျိုးမဟုတ်ဘဲ အပတ်စဉ် သို့မဟုတ် လစဥ် ပုံမှန် ပြန်လည်သင်ယူရသည့် ရေရှည်လုပ်ငန်းစဉ်မျိုးသာ ဖြစ်သည်။ (၅) Managed Risk ​တော၊ ပန်းခြံ၊ မြက်ခင်း အစရှိ​သော သဘာဝနယ်​မြေတွင် ကြုံ​တွေ့နိုင်​သောအန္တရာယ်အားလုံးကို ဖယ်ရှားခြင်းမဟုတ်ဘဲ က​လေးများ၏ လုံခြုံရေးကို စနစ်တကျ စီမံခန့်ခွဲထားသည့် (Managed Risk) အောက်တွင် ကလေးများကို စိန်ခေါ်မှုများနှင့် တွေ့ဆုံ​ပေးစေသည်။ ဥပမာ- သစ်တုံးပေါ် လမ်းလျှောက်ခြင်း၊တုတ်​ချောင်းများကို လမ်း​လျှောက်တုတ်အဖြစ်အသုံးပြုခြင်း၊ ​တောင်တက်ခြင်း၊ မီး​မွှေးခြင်း။ (၆) Holistic Development ကလေးများ၏ Physical, Emotional, Social Cognitive, Communication, Creativity စွမ်းရည်အားလုံးကို တပြိုင်နက် ဖွံ့ဖြိုးစေသည်။ (၇) Respect for Nature သဘာဝတရားကြီးကို အသုံးချရုံသက်သက်မဟုတ်ဘဲ တန်ဖိုးထားတတ်​​စေခြင်း၊ထိန်းသိမ်းလိုစိတ်များကို ​ပေါ်​ပေါက်​စေခြင်း၊ဂရုစိုက်တ်လာ​စေခြင်း တို့ကို သင်ကြားပေး​သော နည်းစနစ်တခုဖြစ်သည်။ Myanmar Environmental Education Team
128
11
Forest School ဆိုတာ ဘာလဲ? Forest School သည် သစ်တော၊ ပန်းခြံ၊ သဘာဝပတ်ဝန်းကျင်တို့တွင် ကလေးများကို ပုံမှန်၊ ရေရှည်၊ လက်တွေ့အတွေ့အကြုံများမှတစ်ဆင့် သင်ယူစေသော သဘာဝအခြေပြု ပညာရေးနည်းလမ်း (Nature-based Education Approach) ဖြစ်သည်။ ရည်ရွယ်ချက်မှာ စာပေဗဟုသုတသာမက ကလေး၏ ယုံကြည်မှု (Confidence)၊ လွတ်လပ်စွာ စဉ်းစားနိုင်စွမ်း (Independence)၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-solving) နှင့် သဘာဝကို တန်ဖိုးထားစိတ် (Environmental Stewardship) တို့ကို ဖွံ့ဖြိုးစေရန် ဖြစ်သည်။ Forest School History (သမိုင်းအကျဉ်း) (၁) ၁၉၅၀ ပြည့်နှစ်များ – ဒိန်းမတ် (Denmark) Forest School ၏ အစပြုရာမှာ Denmark ဖြစ်သည်။ ဒိန်းမတ်မိဘများသည် ကလေးများကို သစ်တောထဲတွင် အချိန်ကြာကြာ ကစားခွင့်ပေးခြင်းမှ စတင်ခဲ့သည်။ ထို့နောက် Forest Kindergarten (Skovbørnehave) များ ပေါ်ပေါက်လာခဲ့သည်။ "သဘာဝက အကောင်းဆုံးစာသင်ခန်း" ဟူသော အယူအဆကို အခြေခံခဲ့သည်။ (၂) ၁၉၈၀–၁၉၉၀ – ဆွီဒင်နှင့် နော်ဝေ Forest School အယူအဆသည် Scandinavia နိုင်ငံများသို့ ပျံ့နှံ့လာသည်။ အဓိကအယူအဆမှာ "There is no bad weather, only bad clothing." ဟူသော Scandinavian Philosophy ဖြစ်သည်။ ကလေးများသည် ရာသီဥတုမျိုးစုံတွင် သဘာဝနှင့်အတူ သင်ယူနိုင်ကြသည်။ (၃) ၁၉၉၃ – United Kingdom UK ရှိ Bridgewater College မှ ဆရာများသည် Denmark သို့ လေ့လာရေးသွားပြီး Forest School နည်းလမ်းကို ယူဆောင်လာခဲ့သည်။ ထို့နောက်- Forest School Association (FSA) Forest School Leader Training National Standards များ ဖွဲ့စည်းခဲ့သည်။ ယနေ့ UK သည် Forest School ဖွံ့ဖြိုးမှု အကောင်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ (၄) လက်ရှိ Forest School သည် Europe, Canada, USA, Australia, New Zealand, Japan, South Korea အပါအဝင် နိုင်ငံများစွာတွင် အသုံးပြုလျက်ရှိပြီး Nature-based Learning နှင့် Outdoor Learning လှုပ်ရှားမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။ (ဆက်လက်တင်ပြ​ပေးပါမည်) Myanmar Environmental Education Team
335
12
没有文字...
139
13
没有文字...
138
14
Environmental Education for Kids Training Environmental Education for Educators Training Green Skills for Youth Training များကို သင်ကြားပို့ချ​နေပါသည်။ #Green_Skills_for_Youth_online_training
133
15
Myanmar Environmental Education Team မှ #GreenSkills_for_Youth_OnlineTraining ကို ၂၀၂၆၊ဩဂုတ်လ၊၈ ရက်​၊ စ​နေနေ့တွင် ဖွင့်လှစ်ပါမည်။ သင်တန်းတွင်ဆွေးနွေးမည့်အကြောင်းအရာများ ၁။ ယ​နေ့ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်​ပေါ်​နေ​သော ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ Current Global and Local Environmental Issues ၂။ ရာသီဥတု​ပြောင်းလဲခြင်းကို ရပ်တံ့​လျော့ချရန်​ဆောင်ရွက်ခြင်းနှင့် ​ပြောင်းလဲ​နေ​သော ရာသီဥတုနှင့် လိုက်​လျောညီ​ထွေဖြစ်​အောင် ​နေထိုင်ခြင်း Climate Change Mitigation and Adaptation ၃။ ​သစ်​တောများကို ရေရှည်တည်တံ့​​စေ​သော စီမံအုပ်ချုပ်မှု Sustainable Forest Management ၄။ ​ရေရှည်ဖွံ့ဖြိုးတိုးတက်​စေ​သော စိုက်ပျိုး​ရေးလုပ်ငန်းများ Sustainable Agriculture ၅။ ပြန်လည်ပြည့်ဝ​​သောစွမ်းအင်ကို အသုံးပြုခြင်းနှင့် စွမ်းအင်ကို ထိ​ရောက်စွာ အသုံးချခြင်း Renewable Energy and Energy Efficiency ၆။ စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်ထွက်ရှိမှုအနည်းဆုံးဖြစ်​စေမည့် ကုန်ထုတ်လုပ်ငန်း/စီးပွား​ရေးလုပ်ငန်းများ Waste Management and Circular Economy ၇။ မြန်မာလူငယ်များအတွက် အ​ရေးတကြီးနာလည် တတ်ကျွမ်းရန်လိုအပ်လာသည့် စိမ်းလန်း​သောကျွမ်းကျင်မှုများ Why are Green Skills important for Myanmar Youth (ယခုသင်တန်းသည် အသက် ၁၈နှစ် နှင့် အထက်၊ အ​ခြေခံပညာအထက်တန်းအဆင့်အောင်ထားပြီးသူများအတွက် ပိုမိုသင့်​လျော်ပါမည်။) #သင်ကြားချိန်စုစုပေါင်း - ၁ရက်(၂နာရီ) × ၈ ရက် = ၁၆ နာရီ #သင်တန်းရက် - စ​နေ/တနင်္ဂ​နွေ​နေ့တိုင်း #သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ #သင်တန်းကြေး - ၆၀,၀၀၀ ကျပ် #သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၂၀၂၆၊ ဩဂုတ်လ၊၈ ရက်၊ စ​နေနေ့ #သင်တန်းပြီးဆုံးမည့်ရက် - ၂၀၂၆၊ ​ဩဂုတ်လ၊ ၃၀ ရက်၊ တနင်္ဂ​နွေနေ့ သင်တန်းတက်​ရောက်ရန်အတွက် Google Form ကို ​အောက်ပါ link မှတဆင့် ဝင်​ရောက်ပြီး ဖြည့်စွက်​ပေးကြရမည်ဖြစ်ပါသည်။ https://docs.google.com/forms/d/e/1FAIpQLSfz4mvjbDTtnWUJhM7IwVeNmjEDh1HgeyfCwt9DdkjIsfZqyA/viewform?usp=header သင်တန်း​ကြေး​ပေးသွင်းပြီးပါက- Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့​ပေးပါမည်။ #သင်တန်းကြေးပေးသွင်းရန်- Kpay : 09965642416 (Nang Than Myint) Note တွင် GSY fee ဟု ​ရေး​ပေးပါရန်နှင့် ​ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့​ပေးပါရန်။ (၂၀၂၆၊ဩဂုတ်လ၊၈ရက်၊​နေ့လည် ၁၃း၀၀နာရီအထိ သင်တန်း​ကြေး​ပေးသွင်း၍ သင်တန်းအပ်နိုင်ပါသည်) သင်တန်းပို့ချမည့်ဆရာ၏ကိုယ်ရေးအကျဥ်း ဦးစည်သူလွင် သိပ္ပံဘွဲ့(သစ်​တော)၁၉၉၂ ခုနှစ် သစ်​တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် လုပ်ငန်းအ​တွေ့အကြုံများ ​တောအုပ်ကြီး(Range Officer ) သစ်​တောဦးစီးဌာန၊ ​ကျောက်ဖြူ/အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်(၁၉၉၃ - ၁၉၉၅) သစ်​တောကျွမ်းကျင်သူ(Forestry Specialist) UNDP/FAO/MYA/008 Project, Bogale Township (1996 to 1998) သစ်​တောကျွမ်းကျင်သူ(Forestry Specialist) Forest Resources and Environment Development Association (FREDA) (1998 to 2000) သစ်​တောနှင့်သဘာဝပတ်ဝန်းကျင်ပညာဆိုင်ရာအသိပညာ​ပေးကျွမ်းကျင်သူ Freelance Environmental Educator Self-Employed (2008 to Present) နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး​နောက်ပိုင်းတွင် မုန်တိုင်းဒဏ်သင့်​ဒေသများရှိ စာသင်​ကျောင်းများ၊ ​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ခဲ့သည်။(၂၀၀၈ မှ ၂၀၁၀) UNDP, Lutheran World Federation, UNICEF, Action Aid Myanmar, and World Vision တို့နှင့် ပူး​ပေါင်း၍ ဧရာဝတီတိုင်းအတွင်းရှိစီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၀ မှ ၂၀၁၂) UNDP/Inle Lake Conservation and Rehabilitation Project မှ စီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၂ မှ ၂၀၁၅) ၂၀၀၈ ခုနှစ်မှ စတင်၍ က​လောင်အမည် "ကိုရင်လှ" ဖြင့် သစ်​တောထိန်းသိမ်း​ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ​ဆောင်းပါးများကို စာ​စောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ​ရေးသားခဲ့သလို စာအုပ်များလည်း ​ရေးသားထုတ်​ဝေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့​သော စာ​ပေ​ဟော​ပြောပွဲများတွင်လည်း သစ်​တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများကို ​ဟော​ပြောခဲ့ပါသည်။ ၂၀၁၈ မှ ၂၀၂၀ အတွင်း ရန်ကုန်တိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် စွန့်ပစ်အမှိုက်ဆိုင်ရာသင်တန်းများ၊ ​ဟော​ပြောပွဲများကို ဦး​ဆောင်ကျင်းပခဲ့ပါသည်။ ၂၀၂၀ တွင် ကိုဗစ်ကပ်​ရောဂါ ဖြစ်ပွားခဲ့​သော ကာလမှ စတင်၍ ယ​နေ့အချိန်ထိ online မှ
135
16
နောက်တစ်စောင်က သာယာဝတီ သင်တောရိုးကြိုးဝိုင်းက ယူကလစ်ပင်တွေကို ဒေသခံ တွေက သုံး​နေကြတာကြားလို့ ကျွန်တော့်ကိုကွင်းဆင်းပြီးdata ကောက်ခိုင်းတာပါ၊ ခိုးပါစေတဲ့၊ စစိုက်တဲ့ရည် ရွယ်ချက်ကိုက သုံးစေချင် လို့၊ တောကောင်းက အပင်ကြီးတွေကိုခိုးခုတ်တာသက်သာအောင် Buffer Zone အနေနဲ့စိုက်ပေးခဲ့တာပါ - တဲ့။”ယူကလစ်ပင်ကြပ်တိုင်များ၏အသုံးချမှုကို ကွင်းဆင်းစာရင်းကောက် ယူခြင်း” စာတမ်းကို သုတေသနစာတမ်းဖတ်ပွဲမှ တင်သွင်းနိုင်ခဲ့ပါတယ်။ သုံးထားကြတဲ့ပစ္စည်းတွေက အိမ်တိုင်၊ ကြမ်းခင်း၊ ထွန်တုံး၊ထွန်တံ၊ ပေါက်တူးရိုး၊ အခြင်၊ မြားတန်း၊ ကြိတ်ခုံ...... နောက်တစ်ခါ ကျွန်းရဲ့ Girth Limit ကို ၇ ပေ - ၆ လက်မ ကနေ ၆ ပေ- ၆လက်မ ကိုလျှော့ချတာနဲ့ G One အလုပ်ထွက်သွားတဲ့အကြောင်းရင်းကို ရေးပြီးနိဂုံးချုပ်ပါ့မယ်။ ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁၊ အပိုင်း(င) ၁၉၇၇ ဝန်းကျင်က ပန်းဆိုးတန်း၊ ရုံးချုပ်မှာ လုပ်နေတဲ့စည်းဝေးခန်းထဲကို Chief ဝင်လာပြီးတော့ ကျွန်းရဲ့ Girth Limit ကို ၆ ပေ၊၆ လက်မ လျှော့ချင်လို့ စည်းဝေးတာဖြစ်ကြောင်း ခင်ဗျားတို့သဘောနဲ့ လျှော့ချင်ရင်လျှော့ပါ၊ ကျွန်တော်ကတော့သဘောမတူပါဘူး၊ သမိုင်းမှာတရားခံအဖြစ်မခံနိုင်ဘူး လို့ ပြောခဲ့ကြောင်း ဝန်ကြီးရုံးစည်းဝေးက ပြန်ရောက်ရောက်ချင်းဝင်ပြောပြတာပါ ဖြစ်ပါတယ်။ ၁၉၇၈ - ၇၉ ဘဏ္ဏာနှစ်တွင် Girth Limit ကို ၆ ပေ - ၆ လက်မကိုလျှော့ချခဲ့ပါတယ်၊ ၁၉၄၅- ၄၆ ကစတင်သတ်မှတ်ခဲ့တဲ့ကျွန်းရဲ့နှစ်စဥ်တောထွက်က တစ်နှစ်မှာ အပင်ပေါင်း ၁၇၃,၇၉၀ ဖြစ်ပါတယ်။ အဲဒီ တောထွက်ပမာဏက ၁၉၇၇- ၇၈ ထိအောင်တည်တံ့ခဲ့ပါတယ်။ လုံးပတ် ၁ ပေလျှော့ချလိုက်တဲ့အတွက် နှစ်စဥ်တောထွက်က အပင်ပေါင်း ၂၄၆,၈၀၀ တိုင်အောင်တိုးလာခဲ့ပါတယ်။ အဲဒီကာလက FE ကို သစ်တောနဲ့သစ်လုပ်ငန်းကိုပဲအဓိကအားထားနေရတော့ FE တိုးအောင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၈၀ - ၈၁မှာ Girth Limit ကိုနဂိုအတိုင်းပြန်မြှင့်ခဲ့ရပါတယ်။(ကိုးကား - ဝင်းချစ်၏မြန်မာ့ကျွန်းစာအုပ် စာ - ၄၂) ၁၉၇၉ ခုနှစ်တွင် ရန်ကုန်တိုင်းမှဒုတိုင်းဦးမှူးဦးစိန်လှိုင်အစစ်အဆေးခံရပြီး အလုပ်ကထုတ်ပယ်ခံခဲ့ရတယ်။ မင်းကြီးချုပ်ကိုအထက်ကအုပ်ချုပ်သူတာဝန်ရှိသူတစ်ဦးအနေနဲ့ တခြားဌာနကြီးတစ်ခုပြောင်းလိုက်ပါတယ်။ Chief က အလုပ်ကနေနှုတ် ထွက်ပြီးတော့ သူ့သမီးတွေရှိတဲ့ US မှာသွားနေတယ် လို့ကြားသိရပါတယ်။ ဤတွင်နိဌိတံ U Win Kyi (ပါချုပ်၊ငြိမ်း၊သစ်​တောနှင့် ပတ်ဝန်းကျင်တက္ကသိုလ်၊​ရေဆင်း) https://www.facebook.com/share/1LmMNq4zAh/
131
17
ကျွန်တော်သိသောသစ်တောမင်းကြီးချုပ် ဦးမောင်ကလေး - ၁၊ အပိုင်း (က) နေရာက ရန်ကုန်မြို့ ၆ ထပ်ရုံးကြီး၊ ရာထူးဝန်အဖွဲ့ရုံးခန်း၊ အချိန်က ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် (ကြာသာပတေးနေ့)၊ နံနက် - ၁၀ နာရီ။ သစ်တောဌာနကခေါ်တဲ့ သစ်အသားသေပါရဂူ ရာထူးအတွက်လူတွေ့စာမေးပွဲ၊( 450 Scale က မူအတိုင်းဆိုရင် ရေးဖြေစာမေးပွဲစစ်ပြီးမှထိပ်ကလူတွေကို Interview ခေါ်တာ)။ ပထမဆုံးစ View တာက အကောင်းစားလေးကျွန်တော့်ကိုပါ၊ ဝင်သွားတော့ အထဲမှာ လူကြီး လေး၊ ငါးယောက်၊ သူတို့ကတန်းစီထိုင်နေကြတာ၊ တစ်ယောက်ကကျန်တဲ့လူကြီးတွေထက်ငယ်တယ်။ ကျွန်တော့်ကိုသူတို့နဲ့မျက်နှာ ချင်းဆိုင်မှာထိုင်ခိုင်းတယ်။ လူကြီးတစ်ယောက်က ကျွန်တော့်ကို သုံးလေးခွန်းမေးပါတယ်။ တောင်သာအကြောင်း၊ ကိုယ်ရေးအကျဥ်းမှာ ဇာတိ ကိုတောင်သာလို့ထည့်ထားလို့မေးတာပါ။ ကျွန်တော်က တောင်သာရဲ့အနောက်ဘက်က ကန်မြဲရွာမှာ ၄ နှစ်သားလောက်အထိသာနေဖူးခဲ့တာဆိုတော့ ဒေသအကြောင်းမေးရင်ဘယ်ဖြေနိုင်ပါ့မလဲ။ ကံကောင်းချင်တော့ သူမေးတာက........ဆိုတော့ ဖိုးစပ်စုကျွန်တော်ကဖြေနိုင်တာပေါ့လေ။ ကျွန်တော်ဖြေပြီးတိုင်း ကျန်တဲ့လူကြီးတွေကိုပြန်ပြန်ပြောပြနေပါတယ်၊ (နောက်ကျ မှသိရတာက သူငယ်ငယ်ကတောင်သာမှာမြို့ပိုင်လုပ်ခဲ့ဖူးတာ တဲ့) ကျန်တဲ့လူကြီးတွေက ဘာမှမမေးကြပါဘူး။ ထမင်းဆာလို့ ဟပ်ပတိုင်း ပေးပါဦးနော်။ ကျွန်တော်သိသောသစ်တောမင်းကြီးချုပ် ဦးမောင်ကလေး- ၁...အပိုင်း ခ လာဖြေတဲ့သူက ၅ ယောက်ပဲရှိပါတယ်၊ အဲဒီအထဲမှာ ကျွန်တော်တစ်ယောက်ပဲ Honours ပါတယ်၊ ကျန်တဲ့သူတွေက New System, Major တွေ၊ ၁၉၆၆ တုန်းက Honours တွေက Old System Last Batch, Major တွေက New System First Batch. Old System က ရိုးရိုး B.A./ B.Sc. တွေက ၁၉၆၅ မှာ Last Batch၊ New System အစမှာ ဆရာတွေအများကြီးလိုတော့ 65 ဘွဲ့ရတွေအတော်များများ Tutor/ Demonstrator ရကုန်ကြပါတယ်။ သူငယ်ချင်းတစ်ယောက်ဆိုရင် Maths မှာရော Physics မှာပါရတယ်။ လိုရင်းပြောရရင် နောက်တစ်ပတ်မှာ ကျွန်တော်အလုပ်ခန့်စာရပါတယ်။ P.Sc. က လူကြီးတွေက ရှေးခေတ်ကဆိုတော့ Honoursကိုအထင်ကြီးပြီးသားဆိုတော့ ကျွန်တော့်ကိုပဲရွေးကြတာပါ။ Sep. 27 th မှာ အလုံ၊ သစ်တောဝင်းက Forest Research and Training Circle (FRTC) သစ်​​​တောသုတေ သနနှင့်လေ့လာသင်ကြားရေးတိုင်းက မင်းကြီး ဦးစောမိုးဇက်ကတိုးဆီမှာ Duty Report လုပ်ပါတယ်။ နောက်သုံးလေးရက်နေတော့ PSC မှာ ကျွန်တော့်ကို လာပြီးInterview ခဲ့တာက သစ်တောမင်းကြီးချုပ် ဦးမောင်ကလေး ၁ ဆိုတာသိရပါတယ်။ သစ်တောဌာနကြီးရဲ့ ထိပ်ခေါင်ကိုယ်တိုင် View ခဲ့တဲ့ မောင်ဝင်းကြည်ပါလားနော်။ ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁ - အပိုင်း(ဂ) အလုပ်ဝင်ပြီး နှစ်လ သုံးလနေတော့ ဦးလေးမောင်က ကျွန်တော့်ကို မင်းကြီးချုပ်အိမ်ကိုခေါ်သွားပြီးမိတ်ဆက်ပေးပါတယ်။ ဦးလေးမောင်ဆိုတာက မန်းလေးမှာကျွန်တော့်မိဘများပွဲရုံနဲ့ သူတို့ရွှေဝန်းပျဥ်ဆိုင်နဲ့ကမျက်နှာချင်းဆိုင်၊ နှစ်ပေါင်းများစွာနေလာခဲ့ကြတာပါ။ ကျွန်တော်တို့ မောင်နှမ ၄ ယောက်နဲ့ ဦးလေးမောင်နဲ့ဒေါ်ဒေါ်တင်တို့ရဲ့ သမီး ၇ ယောက်နဲ့က မောင်နှမတွေလို နေလာခဲ့ကြတာ၊ ညီမတွေနဲ့အိမ်ကနှမအငယ်ဆုံးက မတိမ်းမယိမ်းတွေ။ ဦးလေးမောင်နဲ့ဒေါ်ဒေါ်တင်ကကျွန်တော်တို့ရဲ့ မိဘ လိုပါပဲ။ ကျွန်တော်ခုလိုစာတွေရေးနိုင်တာလဲ ဦးလေးမောင်တို့ကျေးဇူးပါ၊ ဒေါ်ဒေါ်တင်က ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ လစဥ်ဝယ်တယ်၊ တစ်ခါတစ်လေ သွေးသောက် ပါဝယ်တယ်။ ၈ တန်းလောက်ကစပြီး ၁၉၆၆ မှာရန်ကုန်ပြောင်းတဲ့အထိ အဲဒီ မဂ္ဂဇင်း တွေအကုန်ဖတ်တယ်။ ၁၉၆၀ ဝန်းကျင်က G One ရွှေဘိုသစ်တော ဝန်လုပ်နေတုန်းက ဦးလေးမောင်က India ကိုပို့တဲ့ ပိတောက်ဇလီဖားတုံးတွေကန်ထရိုက်ရလို့ ပို့ခဲ့တာ တဲ့၊ အဲဒီကတည်းကရင်းနှီးခဲ့ကြတာ တဲ့။ ဦးလေးမောင်တို့က ဝန်းသိုမှာသစ်စက်ရှိတယ်။ (Chief နာမည်ကအင်္ဂ လိပ်လို U Maung Gale၊ နောက် နာမည်တူတာတစ်ယောက်ရှိနေတော့ G One နဲ့ G Two လို့ခေါ်ကြတာ) အစိုးရဝန်းကျင်မှာမကြီးပြင်းခဲ့တဲ့အူလည် လည်အညာသားက ရေဆင်းကိုပြောင်းတဲ့ 1978 အထိ Chief အိမ်ကိုနောက်ထပ်တစ်ခါလေးတောင်မသွားခဲ့ဘူးတော့ပါ။ ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁၊ အပိုင်း ဃ Chief ရဲ့ကျေးဇူးနဲ့ ကျွန်တော်သုတေသနစာတမ်းနှစ်စောင်ပြုစုဖြစ်ပါတယ်၊ ယူကလစ်က အင်အားကောင်းကြောင်း ဝန်ကြီးဦးရဲ ခေါင်ကိုတင်ပြနိုင်ဖို့အတွက် Physical and Mechanical Properties of Eulayptus camaldulensis ကိုစမ်းခဲ့တာပါ။ ကျောက်ပန်းတောင်းသစ်တောဝင်းထဲက ၁၁ နှစ်သားယူကလစ်ပင်ကြီးကိုခုတ်ပြီး စမ်းခဲ့တာပါ၊ Chief မျှော်လင့်ထားသလိုပဲ ယူကလစ်က ပိတောက်နဲ့မတိမ်းမယိမ်းရှိပြီး အင်ကညင်ထက်သာတာကိုတွေ့ရှိခဲ့ပါတယ်၊ သုတေသနစာတမ်းဖတ်ပွဲအမီ တင်ဖို့အတွက် လေးငါးလလောက်နဲ့အပြီးစမ်းခဲ့ရတာပါ။
140
18
没有文字...
138
19
ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကြောင့် စိုက်ပျိုးရေးအပါအဝင် ကဏ္ဍာပေါင်းစုံ ထိခိုက်နိုင်တာကို “ အညာဆူးလှည်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး(၆-၁၀-၂၀၁၃ ထုတ်ကြေးမုံသတင်း စာပါပြီး) ရေးသားခဲ့ဖူးပါတယ်၊ ရာသီဥတုပြောင်းလဲခြင်းရဲ့ဒဏ်တွေထဲမှာ အဓိကဒဏ်ရာဒဏ်ချက်ကတော့ “ရေရှားပါးမှု” (စမ်းရေခမ်းမှု၊ မြေအောက်ရေရှားပါးမှု၊ အင်းအိုင်ချောင်း မြောင်းများ ရေခန်းမှု) ပဲဖြစ်ပါတယ်။ တောင်ပေါ်ဒေသ (Hilly Region) တွေမှာ မြေပေါ်မြေအောက်ရေဓါတ် ထိန်းသိမ်း ပေးကာ မြေဆီသြဇာပါတက်စေသည့်ဖော်ပြပါ မိရိုးဖလာ စိုက်ပျိုးနည်းဖြင့် ဂျုံ၊ တောင်ယာ စပါး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝဥ၊ မြေပဲ စတာတွေကို စဉ်ဆက်မပြတ်စိုက်ပျိုးခြင်း (Sustainable Agriculture) လုပ်လို့ရနိုင်ပါတယ်။ IUCN ၏၂၀၂၆ ကွန်ဂရက်တွင်လည်း "Our Traditional Knowledge is the Language of Mother Earth” ဟုဆွးနွေးခဲ့ကြသည်။ ကွန်ဂရက်တွင်ရှင်းလင်းသော ခေါင်းစဉ်ချမှတ်ခဲ့သေးသည်။ ယင်းမှာ ”Indigenous science—honed through millennia of observation and deep relationship with ecosystems—is foundational to meeting the Kunming-Montreal Global Biodiversity Framework (GBF) and Paris Agreement targets” ပင်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီသော စောင့်ကြည့်လေ့လာမှုများနှင့် ဂေဟစနစ်များအပေါ် နက်ရှိုင်းသော ဆက်နွှယ်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် တိုင်းရင်းသားလူမျိုးများ၏ သိပ္ပံပညာ (Indigenous science) သည် Kunming-Montreal Global Biodiversity Framework (GBF) နှင့် ပဲရစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ပါ ရည်မှန်းချက်များကို ပြည့်မီရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ အဆုံးမှာတော့ ကဏ္ဍပေါင်းစုံတွင်ရှိနိုင်သောမိရိုးဖလာ နည်းများ/ပြယုဂ်များသည် ဒီနေ့ခေတ်မှာ ရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံနိုင်ပြီး ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ကိုအထောက်အကူ ဖြစ်စေနိုင်ကြောင်းပါ။ ပုံ မှာ မိုင်းဘောပင်ကိုအကိုင်းချိုင်ပြီးစားသုံးသီးနှံပင်များစိုက်ထားခြင်းဖြစ်ပါသည်။ (ချင်းပြည်၊ ဟားခါးအနီး, ၂၀၁၆၊ ဓါတ်ပုံ-စန်းဝင်း) ဒေါက်တာစန်းဝင်း (ဒု ပါချုပ်၊ငြိမ်း၊သစ်​တောနှင့်ပတ်ဝန်းကျင်တက္ကသိုလ်) ဥက္ကဌ(FREDA)
258
20
သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များ (ဆောင်းပါး အပိုင်းဆက်) ထိုနည်းတူပင် အဆိုပါ ကရင်တိုင်းရင်းသားတို့ နေထိုင်ရန်အတွက် ဝါးကိုသာအသုံးပြုသည်။ ကျွန်းသစ်တောကြီးအလယ်မှာနေပေသည့် သစ်ကိုမသုံး။ တိုင်လည်းဝါး၊ အခင်းနဲ့ အကာမှာလည်း ဝါး၊ အမိုးသာ သက္ကယ်ဖြစ်သည်။ ဝါးမှာ အကြီးမြန်သော အပင်ဖြစ်၍ တစ်နှစ်တခါ ရင့်သော ဝါးပင်ခုတ်နေသ၍ မပြုန်းတီးနိုင်ချေ။ ရွှေကရင်တို့၏ ငါးနှင့်ဝါးသယံဇာတအသုံးပြုပုံမှာ ကိုယ်လည်းစားသုံး၊ နောင်လာနောက်သားတို့အတွက်လည်း အဆင်ပြေသည့်မိရိုးဖလာ သယံဇာတသုံးစွဲနည်းများ ဖြစ်ကြသည်။ တောင်ယာမှာလည်း တစ်နှစ်တစ်ကြိမ် ဝါးပေါသောနေရာကိုသာ ရွေးခုတ်၏။ အကြီးမြန်သောဝါး မှာ ၃-၄ နှစ်ဆိုလျှင် တောင်ယာခုတ်ရန် အရွယ်ရောက်လာလေ၏။ အများပြောသလို သစ်တောများ တောင်ယာခုတ်ခြင်းကြောင့် တောပျက်ရသည်ဆိုသည်မှာ မိရိုးဖလာတောင်ယာခုတ်ခြင်းကြောင့်မဟုတ်။ ၂၀၁၄ခုနှစ် ကယားပြည်နယ်သို့ ရွှေ့ပြောင်းတောင်ယာလေ့လာရေးခရီးရောက်ခဲ့စဉ်ကလည်း ကယားတိုင်းရင်းသားတို့သည် တောင်ယာလုပ်မည့်အကွက်အတွင်းရှိ ပေါက်ရောက်သစ်ပင်တို့အနက် အပင်ကြီးဆိုလျှင် မခုတ်ဘဲချန်ထားခဲ့၏၊ လုံးပတ်၂-၃ ပေ အပင်သေးဆိုလျှင် မြေပြင်အထက် ၄-၅ ပေကနေ ခုတ်၏။ အဓိကမှာ စိုက်မည့် သီးပင်စားပင်အပေါ်သို့ အရိပ်မကျရန်သာဖြစ်၏။ ထိုသို့ အပင်ချန်ခြင်း (အမြင့် ၄-၅ ပေမှခုတ်ခြင်း) တို့ကြောင့် တောင်ယာလုပ်ပြီးနောက် ၂-၃နှစ်ဆိုလျှင် ထိုတောင်ယာနေရာဟောင်းအကွက်မှာ တောအုပ်လေးသဖွယ်ပြန်ဖြစ်နေသည်။ ကိုယ့်အတွက်လည်း စားနပ်ရိက္ခာဖူလုံပြီးတောလည်းမပျက်၊ အလွန်နေရာကျသောနည်းဖြစ် သည်။ ၂၀၁၆ နှစ်က Agroforestry Project ဆောင်ရွက်ဖို့ ချင်းပြည်နယ်ရောက်ခဲ့ပါတယ်၊ ချင်းပြည်နယ်ရှိ ရွှေ့ပြောင်းတောင်ယာလုပ်နည်းမှာ စိုက်ပျိုးလုပ်ကိုင်မည့်အကွက်အတွင်းမှာ မိုင်းဘောပင် (Alnus nepalensis)တွေကို ၁၅ ပေ ၂၀ ပေ အကွာနဲ့ စိုက်ထားပြီး တောင်ယာလုပ်ချိန်မှာ ဒီမိုင်းဘော အပင်တွေရဲ့အကိုင်းတွေခုတ်ပြီး လင်းဖွင့်ပါတယ်။ လင်းပွင့်သွားတော့ကိုယ်စိုက်လိုရာသီးနှံစိုက်၊ သီးနှံရိတ်သိမ်းတဲ့အခါကျတော့ အဆိုပါ မိုင်းဘောပင်က အခက်အလက်တွေနဲ့ အပင်ငယ်သဖွယ် ဝေစည်လာပြန်တယ်၊ အကိုင်းတွေခုတ်ပြီး လင်းဖွင့်တုံးကလောင်စာအတွက် ထင်းလည်းရ၊ လင်းပွင့်သွားတော့နောက် ကိုယ်စိုက်လိုရာသီးနှံစိုက်တော့လည်း စားဖို့သီးနှံရနဲ့ အလွန်နေရာကျတဲ့နည်း ဖြစ်ပါတယ်။ Rio+20 Declaration ၏ အပိုဒ်(၁၉၇)တွင် “ရိုးရာဗဟုသုတ၊ ဒေသခံလူများနှင့် ဒေသန္တရ အသိုင်းအဝိုင်းများ၏ ဆန်းသစ်တီထွင်မှုများ၊ အလေ့အထများသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ရေရှည်သုံးစွဲမှုကို အထောက်အပံ့ဖြစ်စေပြီး ပိုမိုကျယ်ပြန့်စွာ အသုံးချခြင်းသည် လူမှုအကျိုးစီးပွားနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းမှုများအတွက် အထောက်အကူ ဖြစ်စေနိုင်သည်” ဟုဖော်ပြထားပါတယ်။ မိုင်းဘောပင်သည် Nitrogen Fixing Species ဖြစ်လို့ ဒီအပင်ရှိတဲ့နေရာမှာ မြေဆီသြဇာကောင်းစေပါတယ်။ အရွက်ကလည်း ဆွေးမြေ့လွယ်တာမို့ မြေကြီးမှာ Organic Matter များစေပါတယ်။ အကြီးမြန်တဲ့ယူကလစ်မှာ အဆီပါနေတာကြောင့် ဆွေးမြေ့လာဖို့ အချိန်တော်တော်ကြာ စောင့်ရပါတယ်။ မြေဆွေးမဖြစ်လွယ်ပါ။ ဒီနေ့ခေတ်မှာ ရာသီဥတုပြောင်းလဲခြင်း သဘာဝဘေးဒဏ်ခံရပြီးနောက် ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ဆိုတဲ့စကားလုံးဟာ အသုံးများလာပါတယ်။ စနစ်တခု (ဥပမာစိုက်ပျိုးနည်းစနစ်တစ်ခု)ဟာ ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံရပြီးနောက် ပြန်လည်နာလံထူနိုင်မဲ့ကိစ္စက တကယ်တော့ မလွယ်လှပါဘူး၊ အချိန်ယူရပါတယ်။ ပြန်ဖြစ်ထွန်းချင်မှလည်း ဖြစ်ထွန်းနိုင်ပါတယ်။ သို့သော် အထက်ဖော်ပြပါ စိုက်ပျိုးနည်းစနစ်ကတော့ မြေသားကို မပြိုပျက်၊ မတိုက်စားအောင် အပင်နဲ့မြေကြီး အမြဲတပ်လျှက်ရှိတာကြောင့် လည်းကောင်း၊ အပင်ကြောင့် မြေဆီသြဇာတက်စေမှုကြောင့်လည်းကောင်း၊ စိုက်ပျိုးရိတ်သိမ်းပြီး တောအုပ်ကလေး မြန်မြန် ဖြစ်စေ၍ လည်းကောင်း ရေထိန်းပေးနေ၍လည်ကောင်း Climate Change Resilience အတွက် မပူပင်ရတဲ့ ရိုးရာစိုက်ပျိုးနည်းလေးပါ။ မိုင်းဘောပင်နဲ့ လက်ဖက်ပင် တွဲစိုက်ထားသော သုတေသနတစ်ခု၏ရလဒ်မှာ လက်ဖက်ရွက်အထွက်တိုးသည့်အပြင် အရသာပါပိုမိုကောင်းမွန်ကြောင်း၊ မိုင်းဘောပင်နဲ့ ပြောင်းပင်ရော စိုက်ရာမှာ သာမန်အကွက် (Control)ထက် ၁၇% ပိုထွက်ကြောင်း သုတေသန ရလာဒ်များအရ သိရှိရပါတယ်။ တစ်ခုပဲကန့်သတ်ချက်ရှိပါတယ်။ အဲဒါကတော့ မိုင်းဘောပင်ဟာ ပင်လယ်ရေ မျက်နှာ ပြင်အထက် ပေ(၃၀၀၀) ကျော်နေရာတွေမျာသာမှာ ပေါက်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ (၃၀၀၀)ကျော်ဒေသတွင် ဥပမာ- ချင်း၊ ရှမ်း၊ က ချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ဒီအပင်ပေါက်ရောက်နေတာ စာရေးသူကိုယ်တိုင် တွေ့ ရှိပြီး ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် ပေ(၃၀၀၀) အောက် ရှိမြေပြန့်ဒေသတွင် ရော Nitrogen Fixing Species အပင်မျိုးဘာစိုက်နိုင်မလဲ? ရှိပါသည်။ ကျွန်တော်တို့ ဒေသမျိုးပင်များဖြစ်တဲ့ အညာကုက္ကို၊ ပြီးတော့ဘောဇကိုင်း၊ပျဉ်းကတိုး၊ဘုံမွဲဇာစသည်တို့ဖြစ်သည်။
224