Myanmar Environmental Education Team
前往频道在 Telegram
2 245
订阅者
+224 小时
+107 天
+730 天
数据加载中...
吸引订阅者
七月 '26
七月 '26
+30
在0个频道中
六月 '26
+38
在0个频道中
Get PRO
五月 '26
+35
在0个频道中
Get PRO
四月 '26
+27
在1个频道中
Get PRO
三月 '26
+29
在1个频道中
Get PRO
二月 '26
+25
在1个频道中
Get PRO
一月 '26
+12
在1个频道中
Get PRO
十二月 '25
+26
在0个频道中
Get PRO
十一月 '25
+18
在0个频道中
Get PRO
十月 '25
+35
在0个频道中
Get PRO
九月 '25
+73
在0个频道中
Get PRO
八月 '25
+39
在0个频道中
Get PRO
七月 '25
+37
在0个频道中
Get PRO
六月 '25
+45
在2个频道中
Get PRO
五月 '25
+51
在0个频道中
Get PRO
四月 '25
+55
在1个频道中
Get PRO
三月 '25
+146
在5个频道中
Get PRO
二月 '25
+36
在0个频道中
Get PRO
一月 '25
+51
在0个频道中
Get PRO
十二月 '24
+92
在0个频道中
Get PRO
十一月 '24
+166
在0个频道中
Get PRO
十月 '24
+131
在1个频道中
Get PRO
九月 '24
+343
在0个频道中
Get PRO
八月 '24
+59
在0个频道中
Get PRO
七月 '24
+44
在0个频道中
Get PRO
六月 '24
+110
在0个频道中
Get PRO
五月 '24
+104
在0个频道中
Get PRO
四月 '24
+104
在0个频道中
Get PRO
三月 '24
+80
在1个频道中
Get PRO
二月 '24
+39
在0个频道中
Get PRO
一月 '24
+52
在1个频道中
Get PRO
十二月 '23
+1 493
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 23 七月 | +1 | |||
| 22 七月 | +3 | |||
| 21 七月 | +5 | |||
| 20 七月 | +2 | |||
| 19 七月 | 0 | |||
| 18 七月 | +2 | |||
| 17 七月 | +2 | |||
| 16 七月 | +1 | |||
| 15 七月 | 0 | |||
| 14 七月 | +4 | |||
| 13 七月 | 0 | |||
| 12 七月 | +2 | |||
| 11 七月 | 0 | |||
| 10 七月 | 0 | |||
| 09 七月 | +2 | |||
| 08 七月 | +2 | |||
| 07 七月 | +1 | |||
| 06 七月 | 0 | |||
| 05 七月 | +1 | |||
| 04 七月 | 0 | |||
| 03 七月 | +1 | |||
| 02 七月 | 0 | |||
| 01 七月 | +1 |
频道帖子
နောက်တစ်စောင်က သာယာဝတီ သင်တောရိုးကြိုးဝိုင်းက ယူကလစ်ပင်တွေကို ဒေသခံ တွေက သုံးနေကြတာကြားလို့ ကျွန်တော့်ကိုကွင်းဆင်းပြီးdata ကောက်ခိုင်းတာပါ၊ ခိုးပါစေတဲ့၊ စစိုက်တဲ့ရည်
ရွယ်ချက်ကိုက သုံးစေချင် လို့၊ တောကောင်းက အပင်ကြီးတွေကိုခိုးခုတ်တာသက်သာအောင် Buffer Zone အနေနဲ့စိုက်ပေးခဲ့တာပါ - တဲ့။”ယူကလစ်ပင်ကြပ်တိုင်များ၏အသုံးချမှုကို ကွင်းဆင်းစာရင်းကောက်
ယူခြင်း” စာတမ်းကို သုတေသနစာတမ်းဖတ်ပွဲမှ တင်သွင်းနိုင်ခဲ့ပါတယ်။ သုံးထားကြတဲ့ပစ္စည်းတွေက အိမ်တိုင်၊ ကြမ်းခင်း၊ ထွန်တုံး၊ထွန်တံ၊ ပေါက်တူးရိုး၊ အခြင်၊ မြားတန်း၊ ကြိတ်ခုံ......
နောက်တစ်ခါ ကျွန်းရဲ့ Girth Limit ကို ၇ ပေ - ၆ လက်မ ကနေ ၆ ပေ- ၆လက်မ ကိုလျှော့ချတာနဲ့ G One အလုပ်ထွက်သွားတဲ့အကြောင်းရင်းကို ရေးပြီးနိဂုံးချုပ်ပါ့မယ်။
ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁၊ အပိုင်း(င)
၁၉၇၇ ဝန်းကျင်က ပန်းဆိုးတန်း၊ ရုံးချုပ်မှာ လုပ်နေတဲ့စည်းဝေးခန်းထဲကို Chief ဝင်လာပြီးတော့ ကျွန်းရဲ့ Girth Limit ကို ၆ ပေ၊၆ လက်မ လျှော့ချင်လို့ စည်းဝေးတာဖြစ်ကြောင်း ခင်ဗျားတို့သဘောနဲ့ လျှော့ချင်ရင်လျှော့ပါ၊ ကျွန်တော်ကတော့သဘောမတူပါဘူး၊ သမိုင်းမှာတရားခံအဖြစ်မခံနိုင်ဘူး လို့ ပြောခဲ့ကြောင်း ဝန်ကြီးရုံးစည်းဝေးက
ပြန်ရောက်ရောက်ချင်းဝင်ပြောပြတာပါ ဖြစ်ပါတယ်။
၁၉၇၈ - ၇၉ ဘဏ္ဏာနှစ်တွင် Girth Limit ကို ၆ ပေ - ၆ လက်မကိုလျှော့ချခဲ့ပါတယ်၊ ၁၉၄၅- ၄၆ ကစတင်သတ်မှတ်ခဲ့တဲ့ကျွန်းရဲ့နှစ်စဥ်တောထွက်က တစ်နှစ်မှာ အပင်ပေါင်း ၁၇၃,၇၉၀ ဖြစ်ပါတယ်။ အဲဒီ တောထွက်ပမာဏက ၁၉၇၇- ၇၈ ထိအောင်တည်တံ့ခဲ့ပါတယ်။ လုံးပတ် ၁ ပေလျှော့ချလိုက်တဲ့အတွက် နှစ်စဥ်တောထွက်က အပင်ပေါင်း ၂၄၆,၈၀၀ တိုင်အောင်တိုးလာခဲ့ပါတယ်။
အဲဒီကာလက FE ကို သစ်တောနဲ့သစ်လုပ်ငန်းကိုပဲအဓိကအားထားနေရတော့ FE တိုးအောင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၈၀ - ၈၁မှာ Girth Limit ကိုနဂိုအတိုင်းပြန်မြှင့်ခဲ့ရပါတယ်။(ကိုးကား - ဝင်းချစ်၏မြန်မာ့ကျွန်းစာအုပ် စာ - ၄၂)
၁၉၇၉ ခုနှစ်တွင် ရန်ကုန်တိုင်းမှဒုတိုင်းဦးမှူးဦးစိန်လှိုင်အစစ်အဆေးခံရပြီး အလုပ်ကထုတ်ပယ်ခံခဲ့ရတယ်။ မင်းကြီးချုပ်ကိုအထက်ကအုပ်ချုပ်သူတာဝန်ရှိသူတစ်ဦးအနေနဲ့ တခြားဌာနကြီးတစ်ခုပြောင်းလိုက်ပါတယ်။ Chief က အလုပ်ကနေနှုတ်
ထွက်ပြီးတော့ သူ့သမီးတွေရှိတဲ့ US မှာသွားနေတယ် လို့ကြားသိရပါတယ်။
ဤတွင်နိဌိတံ
U Win Kyi
(ပါချုပ်၊ငြိမ်း၊သစ်တောနှင့် ပတ်ဝန်းကျင်တက္ကသိုလ်၊ရေဆင်း)
https://www.facebook.com/share/1LmMNq4zAh/
| 2 | ကျွန်တော်သိသောသစ်တောမင်းကြီးချုပ် ဦးမောင်ကလေး - ၁၊ အပိုင်း (က)
နေရာက ရန်ကုန်မြို့ ၆ ထပ်ရုံးကြီး၊ ရာထူးဝန်အဖွဲ့ရုံးခန်း၊ အချိန်က ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် (ကြာသာပတေးနေ့)၊ နံနက် - ၁၀ နာရီ။
သစ်တောဌာနကခေါ်တဲ့ သစ်အသားသေပါရဂူ ရာထူးအတွက်လူတွေ့စာမေးပွဲ၊( 450 Scale က မူအတိုင်းဆိုရင် ရေးဖြေစာမေးပွဲစစ်ပြီးမှထိပ်ကလူတွေကို Interview ခေါ်တာ)။ ပထမဆုံးစ View တာက အကောင်းစားလေးကျွန်တော့်ကိုပါ၊ ဝင်သွားတော့ အထဲမှာ လူကြီး လေး၊ ငါးယောက်၊ သူတို့ကတန်းစီထိုင်နေကြတာ၊ တစ်ယောက်ကကျန်တဲ့လူကြီးတွေထက်ငယ်တယ်။ ကျွန်တော့်ကိုသူတို့နဲ့မျက်နှာ ချင်းဆိုင်မှာထိုင်ခိုင်းတယ်။ လူကြီးတစ်ယောက်က ကျွန်တော့်ကို သုံးလေးခွန်းမေးပါတယ်။ တောင်သာအကြောင်း၊ ကိုယ်ရေးအကျဥ်းမှာ ဇာတိ ကိုတောင်သာလို့ထည့်ထားလို့မေးတာပါ။ ကျွန်တော်က တောင်သာရဲ့အနောက်ဘက်က ကန်မြဲရွာမှာ ၄ နှစ်သားလောက်အထိသာနေဖူးခဲ့တာဆိုတော့ ဒေသအကြောင်းမေးရင်ဘယ်ဖြေနိုင်ပါ့မလဲ။
ကံကောင်းချင်တော့ သူမေးတာက........ဆိုတော့ ဖိုးစပ်စုကျွန်တော်ကဖြေနိုင်တာပေါ့လေ။ ကျွန်တော်ဖြေပြီးတိုင်း ကျန်တဲ့လူကြီးတွေကိုပြန်ပြန်ပြောပြနေပါတယ်၊ (နောက်ကျ မှသိရတာက သူငယ်ငယ်ကတောင်သာမှာမြို့ပိုင်လုပ်ခဲ့ဖူးတာ တဲ့) ကျန်တဲ့လူကြီးတွေက ဘာမှမမေးကြပါဘူး။ ထမင်းဆာလို့ ဟပ်ပတိုင်း ပေးပါဦးနော်။
ကျွန်တော်သိသောသစ်တောမင်းကြီးချုပ် ဦးမောင်ကလေး- ၁...အပိုင်း ခ
လာဖြေတဲ့သူက ၅ ယောက်ပဲရှိပါတယ်၊ အဲဒီအထဲမှာ ကျွန်တော်တစ်ယောက်ပဲ Honours ပါတယ်၊ ကျန်တဲ့သူတွေက New System, Major တွေ၊ ၁၉၆၆ တုန်းက Honours တွေက Old System Last
Batch, Major တွေက New System First Batch. Old System က ရိုးရိုး B.A./ B.Sc. တွေက ၁၉၆၅ မှာ Last Batch၊ New System အစမှာ ဆရာတွေအများကြီးလိုတော့ 65 ဘွဲ့ရတွေအတော်များများ Tutor/ Demonstrator ရကုန်ကြပါတယ်။ သူငယ်ချင်းတစ်ယောက်ဆိုရင် Maths မှာရော Physics မှာပါရတယ်။
လိုရင်းပြောရရင် နောက်တစ်ပတ်မှာ ကျွန်တော်အလုပ်ခန့်စာရပါတယ်။ P.Sc. က လူကြီးတွေက ရှေးခေတ်ကဆိုတော့ Honoursကိုအထင်ကြီးပြီးသားဆိုတော့ ကျွန်တော့်ကိုပဲရွေးကြတာပါ။
Sep. 27 th မှာ အလုံ၊ သစ်တောဝင်းက Forest Research and Training Circle (FRTC) သစ်တောသုတေ သနနှင့်လေ့လာသင်ကြားရေးတိုင်းက မင်းကြီး ဦးစောမိုးဇက်ကတိုးဆီမှာ Duty Report လုပ်ပါတယ်။ နောက်သုံးလေးရက်နေတော့ PSC မှာ ကျွန်တော့်ကို လာပြီးInterview ခဲ့တာက သစ်တောမင်းကြီးချုပ် ဦးမောင်ကလေး ၁ ဆိုတာသိရပါတယ်။ သစ်တောဌာနကြီးရဲ့ ထိပ်ခေါင်ကိုယ်တိုင် View ခဲ့တဲ့ မောင်ဝင်းကြည်ပါလားနော်။
ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁ - အပိုင်း(ဂ)
အလုပ်ဝင်ပြီး နှစ်လ သုံးလနေတော့ ဦးလေးမောင်က ကျွန်တော့်ကို မင်းကြီးချုပ်အိမ်ကိုခေါ်သွားပြီးမိတ်ဆက်ပေးပါတယ်။ ဦးလေးမောင်ဆိုတာက မန်းလေးမှာကျွန်တော့်မိဘများပွဲရုံနဲ့ သူတို့ရွှေဝန်းပျဥ်ဆိုင်နဲ့ကမျက်နှာချင်းဆိုင်၊ နှစ်ပေါင်းများစွာနေလာခဲ့ကြတာပါ။ ကျွန်တော်တို့ မောင်နှမ ၄ ယောက်နဲ့ ဦးလေးမောင်နဲ့ဒေါ်ဒေါ်တင်တို့ရဲ့ သမီး ၇ ယောက်နဲ့က မောင်နှမတွေလို နေလာခဲ့ကြတာ၊ ညီမတွေနဲ့အိမ်ကနှမအငယ်ဆုံးက မတိမ်းမယိမ်းတွေ။ ဦးလေးမောင်နဲ့ဒေါ်ဒေါ်တင်ကကျွန်တော်တို့ရဲ့ မိဘ လိုပါပဲ။ ကျွန်တော်ခုလိုစာတွေရေးနိုင်တာလဲ ဦးလေးမောင်တို့ကျေးဇူးပါ၊ ဒေါ်ဒေါ်တင်က ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ လစဥ်ဝယ်တယ်၊ တစ်ခါတစ်လေ သွေးသောက် ပါဝယ်တယ်။ ၈ တန်းလောက်ကစပြီး ၁၉၆၆ မှာရန်ကုန်ပြောင်းတဲ့အထိ အဲဒီ မဂ္ဂဇင်း
တွေအကုန်ဖတ်တယ်။
၁၉၆၀ ဝန်းကျင်က G One ရွှေဘိုသစ်တော ဝန်လုပ်နေတုန်းက ဦးလေးမောင်က India ကိုပို့တဲ့ ပိတောက်ဇလီဖားတုံးတွေကန်ထရိုက်ရလို့ ပို့ခဲ့တာ တဲ့၊ အဲဒီကတည်းကရင်းနှီးခဲ့ကြတာ တဲ့။ ဦးလေးမောင်တို့က ဝန်းသိုမှာသစ်စက်ရှိတယ်။ (Chief နာမည်ကအင်္ဂ လိပ်လို U Maung Gale၊ နောက် နာမည်တူတာတစ်ယောက်ရှိနေတော့ G One နဲ့ G Two လို့ခေါ်ကြတာ)
အစိုးရဝန်းကျင်မှာမကြီးပြင်းခဲ့တဲ့အူလည် လည်အညာသားက ရေဆင်းကိုပြောင်းတဲ့ 1978 အထိ Chief အိမ်ကိုနောက်ထပ်တစ်ခါလေးတောင်မသွားခဲ့ဘူးတော့ပါ။
ကျွန်တော်သိသောသစ်တောမင်းကြီးချုပ်ဦးမောင်ကလေး - ၁၊ အပိုင်း ဃ
Chief ရဲ့ကျေးဇူးနဲ့ ကျွန်တော်သုတေသနစာတမ်းနှစ်စောင်ပြုစုဖြစ်ပါတယ်၊ ယူကလစ်က အင်အားကောင်းကြောင်း ဝန်ကြီးဦးရဲ ခေါင်ကိုတင်ပြနိုင်ဖို့အတွက် Physical and Mechanical Properties of Eulayptus camaldulensis ကိုစမ်းခဲ့တာပါ။ ကျောက်ပန်းတောင်းသစ်တောဝင်းထဲက ၁၁ နှစ်သားယူကလစ်ပင်ကြီးကိုခုတ်ပြီး စမ်းခဲ့တာပါ၊ Chief မျှော်လင့်ထားသလိုပဲ ယူကလစ်က ပိတောက်နဲ့မတိမ်းမယိမ်းရှိပြီး အင်ကညင်ထက်သာတာကိုတွေ့ရှိခဲ့ပါတယ်၊ သုတေသနစာတမ်းဖတ်ပွဲအမီ တင်ဖို့အတွက် လေးငါးလလောက်နဲ့အပြီးစမ်းခဲ့ရတာပါ။ | 64 |
| 3 | 没有文字... | 59 |
| 4 | ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကြောင့် စိုက်ပျိုးရေးအပါအဝင် ကဏ္ဍာပေါင်းစုံ ထိခိုက်နိုင်တာကို “ အညာဆူးလှည်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး(၆-၁၀-၂၀၁၃ ထုတ်ကြေးမုံသတင်း စာပါပြီး) ရေးသားခဲ့ဖူးပါတယ်၊ ရာသီဥတုပြောင်းလဲခြင်းရဲ့ဒဏ်တွေထဲမှာ အဓိကဒဏ်ရာဒဏ်ချက်ကတော့ “ရေရှားပါးမှု” (စမ်းရေခမ်းမှု၊ မြေအောက်ရေရှားပါးမှု၊ အင်းအိုင်ချောင်း မြောင်းများ ရေခန်းမှု) ပဲဖြစ်ပါတယ်။
တောင်ပေါ်ဒေသ (Hilly Region) တွေမှာ မြေပေါ်မြေအောက်ရေဓါတ် ထိန်းသိမ်း ပေးကာ မြေဆီသြဇာပါတက်စေသည့်ဖော်ပြပါ မိရိုးဖလာ စိုက်ပျိုးနည်းဖြင့် ဂျုံ၊ တောင်ယာ စပါး၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝဥ၊ မြေပဲ စတာတွေကို စဉ်ဆက်မပြတ်စိုက်ပျိုးခြင်း (Sustainable Agriculture) လုပ်လို့ရနိုင်ပါတယ်။
IUCN ၏၂၀၂၆ ကွန်ဂရက်တွင်လည်း "Our Traditional Knowledge is the Language of Mother Earth” ဟုဆွးနွေးခဲ့ကြသည်။ ကွန်ဂရက်တွင်ရှင်းလင်းသော ခေါင်းစဉ်ချမှတ်ခဲ့သေးသည်။
ယင်းမှာ ”Indigenous science—honed through millennia of observation and deep relationship with ecosystems—is foundational to meeting the Kunming-Montreal Global Biodiversity Framework (GBF) and Paris Agreement targets” ပင်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီသော စောင့်ကြည့်လေ့လာမှုများနှင့် ဂေဟစနစ်များအပေါ် နက်ရှိုင်းသော ဆက်နွှယ်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် တိုင်းရင်းသားလူမျိုးများ၏ သိပ္ပံပညာ (Indigenous science) သည် Kunming-Montreal Global Biodiversity Framework (GBF) နှင့် ပဲရစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ပါ ရည်မှန်းချက်များကို ပြည့်မီရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
အဆုံးမှာတော့ ကဏ္ဍပေါင်းစုံတွင်ရှိနိုင်သောမိရိုးဖလာ နည်းများ/ပြယုဂ်များသည် ဒီနေ့ခေတ်မှာ ရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံနိုင်ပြီး ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ကိုအထောက်အကူ ဖြစ်စေနိုင်ကြောင်းပါ။
ပုံ မှာ မိုင်းဘောပင်ကိုအကိုင်းချိုင်ပြီးစားသုံးသီးနှံပင်များစိုက်ထားခြင်းဖြစ်ပါသည်။ (ချင်းပြည်၊ ဟားခါးအနီး, ၂၀၁၆၊ ဓါတ်ပုံ-စန်းဝင်း)
ဒေါက်တာစန်းဝင်း
(ဒု ပါချုပ်၊ငြိမ်း၊သစ်တောနှင့်ပတ်ဝန်းကျင်တက္ကသိုလ်)
ဥက္ကဌ(FREDA) | 185 |
| 5 | သဘာဝဘေးဒဏ်အံတုရန်လိုက်လံလေးစားပြယုဂ်များ (ဆောင်းပါး အပိုင်းဆက်)
ထိုနည်းတူပင် အဆိုပါ ကရင်တိုင်းရင်းသားတို့ နေထိုင်ရန်အတွက် ဝါးကိုသာအသုံးပြုသည်။ ကျွန်းသစ်တောကြီးအလယ်မှာနေပေသည့် သစ်ကိုမသုံး။ တိုင်လည်းဝါး၊ အခင်းနဲ့ အကာမှာလည်း ဝါး၊ အမိုးသာ သက္ကယ်ဖြစ်သည်။ ဝါးမှာ အကြီးမြန်သော အပင်ဖြစ်၍ တစ်နှစ်တခါ ရင့်သော ဝါးပင်ခုတ်နေသ၍ မပြုန်းတီးနိုင်ချေ။ ရွှေကရင်တို့၏ ငါးနှင့်ဝါးသယံဇာတအသုံးပြုပုံမှာ ကိုယ်လည်းစားသုံး၊ နောင်လာနောက်သားတို့အတွက်လည်း အဆင်ပြေသည့်မိရိုးဖလာ သယံဇာတသုံးစွဲနည်းများ ဖြစ်ကြသည်။ တောင်ယာမှာလည်း တစ်နှစ်တစ်ကြိမ် ဝါးပေါသောနေရာကိုသာ ရွေးခုတ်၏။ အကြီးမြန်သောဝါး မှာ ၃-၄ နှစ်ဆိုလျှင် တောင်ယာခုတ်ရန် အရွယ်ရောက်လာလေ၏။ အများပြောသလို သစ်တောများ တောင်ယာခုတ်ခြင်းကြောင့် တောပျက်ရသည်ဆိုသည်မှာ မိရိုးဖလာတောင်ယာခုတ်ခြင်းကြောင့်မဟုတ်။
၂၀၁၄ခုနှစ် ကယားပြည်နယ်သို့ ရွှေ့ပြောင်းတောင်ယာလေ့လာရေးခရီးရောက်ခဲ့စဉ်ကလည်း ကယားတိုင်းရင်းသားတို့သည် တောင်ယာလုပ်မည့်အကွက်အတွင်းရှိ ပေါက်ရောက်သစ်ပင်တို့အနက် အပင်ကြီးဆိုလျှင် မခုတ်ဘဲချန်ထားခဲ့၏၊ လုံးပတ်၂-၃ ပေ အပင်သေးဆိုလျှင် မြေပြင်အထက် ၄-၅ ပေကနေ ခုတ်၏။ အဓိကမှာ စိုက်မည့် သီးပင်စားပင်အပေါ်သို့ အရိပ်မကျရန်သာဖြစ်၏။
ထိုသို့ အပင်ချန်ခြင်း (အမြင့် ၄-၅ ပေမှခုတ်ခြင်း) တို့ကြောင့် တောင်ယာလုပ်ပြီးနောက် ၂-၃နှစ်ဆိုလျှင် ထိုတောင်ယာနေရာဟောင်းအကွက်မှာ တောအုပ်လေးသဖွယ်ပြန်ဖြစ်နေသည်။ ကိုယ့်အတွက်လည်း စားနပ်ရိက္ခာဖူလုံပြီးတောလည်းမပျက်၊ အလွန်နေရာကျသောနည်းဖြစ် သည်။
၂၀၁၆ နှစ်က Agroforestry Project ဆောင်ရွက်ဖို့ ချင်းပြည်နယ်ရောက်ခဲ့ပါတယ်၊ ချင်းပြည်နယ်ရှိ ရွှေ့ပြောင်းတောင်ယာလုပ်နည်းမှာ စိုက်ပျိုးလုပ်ကိုင်မည့်အကွက်အတွင်းမှာ မိုင်းဘောပင် (Alnus nepalensis)တွေကို ၁၅ ပေ ၂၀ ပေ အကွာနဲ့ စိုက်ထားပြီး တောင်ယာလုပ်ချိန်မှာ ဒီမိုင်းဘော အပင်တွေရဲ့အကိုင်းတွေခုတ်ပြီး လင်းဖွင့်ပါတယ်။
လင်းပွင့်သွားတော့ကိုယ်စိုက်လိုရာသီးနှံစိုက်၊ သီးနှံရိတ်သိမ်းတဲ့အခါကျတော့ အဆိုပါ မိုင်းဘောပင်က အခက်အလက်တွေနဲ့ အပင်ငယ်သဖွယ် ဝေစည်လာပြန်တယ်၊ အကိုင်းတွေခုတ်ပြီး လင်းဖွင့်တုံးကလောင်စာအတွက် ထင်းလည်းရ၊ လင်းပွင့်သွားတော့နောက် ကိုယ်စိုက်လိုရာသီးနှံစိုက်တော့လည်း စားဖို့သီးနှံရနဲ့ အလွန်နေရာကျတဲ့နည်း ဖြစ်ပါတယ်။
Rio+20 Declaration ၏ အပိုဒ်(၁၉၇)တွင် “ရိုးရာဗဟုသုတ၊ ဒေသခံလူများနှင့် ဒေသန္တရ အသိုင်းအဝိုင်းများ၏ ဆန်းသစ်တီထွင်မှုများ၊ အလေ့အထများသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ရေရှည်သုံးစွဲမှုကို အထောက်အပံ့ဖြစ်စေပြီး ပိုမိုကျယ်ပြန့်စွာ အသုံးချခြင်းသည် လူမှုအကျိုးစီးပွားနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းမှုများအတွက် အထောက်အကူ ဖြစ်စေနိုင်သည်” ဟုဖော်ပြထားပါတယ်။
မိုင်းဘောပင်သည် Nitrogen Fixing Species ဖြစ်လို့ ဒီအပင်ရှိတဲ့နေရာမှာ မြေဆီသြဇာကောင်းစေပါတယ်။ အရွက်ကလည်း ဆွေးမြေ့လွယ်တာမို့ မြေကြီးမှာ Organic Matter များစေပါတယ်။
အကြီးမြန်တဲ့ယူကလစ်မှာ အဆီပါနေတာကြောင့် ဆွေးမြေ့လာဖို့ အချိန်တော်တော်ကြာ စောင့်ရပါတယ်။ မြေဆွေးမဖြစ်လွယ်ပါ။
ဒီနေ့ခေတ်မှာ ရာသီဥတုပြောင်းလဲခြင်း သဘာဝဘေးဒဏ်ခံရပြီးနောက် ပြန်လည်ရှင်သန်ထမြောက်နိုင်ခြင်း (Climate Change Resilience)ဆိုတဲ့စကားလုံးဟာ အသုံးများလာပါတယ်။ စနစ်တခု (ဥပမာစိုက်ပျိုးနည်းစနစ်တစ်ခု)ဟာ ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံရပြီးနောက် ပြန်လည်နာလံထူနိုင်မဲ့ကိစ္စက တကယ်တော့ မလွယ်လှပါဘူး၊ အချိန်ယူရပါတယ်။ ပြန်ဖြစ်ထွန်းချင်မှလည်း ဖြစ်ထွန်းနိုင်ပါတယ်။ သို့သော် အထက်ဖော်ပြပါ စိုက်ပျိုးနည်းစနစ်ကတော့ မြေသားကို မပြိုပျက်၊ မတိုက်စားအောင် အပင်နဲ့မြေကြီး အမြဲတပ်လျှက်ရှိတာကြောင့် လည်းကောင်း၊ အပင်ကြောင့် မြေဆီသြဇာတက်စေမှုကြောင့်လည်းကောင်း၊ စိုက်ပျိုးရိတ်သိမ်းပြီး တောအုပ်ကလေး မြန်မြန် ဖြစ်စေ၍ လည်းကောင်း ရေထိန်းပေးနေ၍လည်ကောင်း Climate Change Resilience အတွက် မပူပင်ရတဲ့ ရိုးရာစိုက်ပျိုးနည်းလေးပါ။
မိုင်းဘောပင်နဲ့ လက်ဖက်ပင် တွဲစိုက်ထားသော သုတေသနတစ်ခု၏ရလဒ်မှာ လက်ဖက်ရွက်အထွက်တိုးသည့်အပြင် အရသာပါပိုမိုကောင်းမွန်ကြောင်း၊ မိုင်းဘောပင်နဲ့ ပြောင်းပင်ရော စိုက်ရာမှာ သာမန်အကွက် (Control)ထက် ၁၇% ပိုထွက်ကြောင်း သုတေသန ရလာဒ်များအရ သိရှိရပါတယ်။
တစ်ခုပဲကန့်သတ်ချက်ရှိပါတယ်။ အဲဒါကတော့ မိုင်းဘောပင်ဟာ ပင်လယ်ရေ မျက်နှာ ပြင်အထက် ပေ(၃၀၀၀) ကျော်နေရာတွေမျာသာမှာ ပေါက်ရောက်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ (၃၀၀၀)ကျော်ဒေသတွင် ဥပမာ- ချင်း၊ ရှမ်း၊ က ချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေမှာ ဒီအပင်ပေါက်ရောက်နေတာ စာရေးသူကိုယ်တိုင် တွေ့ ရှိပြီး ဖြစ်ပါတယ်။
ပင်လယ်ရေ မျက်နှာပြင် ပေ(၃၀၀၀) အောက် ရှိမြေပြန့်ဒေသတွင် ရော Nitrogen Fixing Species အပင်မျိုးဘာစိုက်နိုင်မလဲ? ရှိပါသည်။ ကျွန်တော်တို့ ဒေသမျိုးပင်များဖြစ်တဲ့ အညာကုက္ကို၊ ပြီးတော့ဘောဇကိုင်း၊ပျဉ်းကတိုး၊ဘုံမွဲဇာစသည်တို့ဖြစ်သည်။ | 163 |
| 6 | 没有文字... | 126 |
| 7 | သစ်တောပညာအရ ကျွန်းပင်တစ်ပင်ဟာ ဒီလုံးပတ်ကို ရောက်ဖို့ နှစ်ပေါင်း ၁၂၀ မှ ၁၅၀ အထိ ကြာအောင် ကြီးထွားရပါတယ်။
ဦးနေဝင်းအစိုးရက ငွေလိုချင်ဇောနဲ့ လုံးပတ်ကို တစ်ပေလျှော့ပြီး ၆ ပေ ၆ လက်မ (6' 6") ပဲရှိတဲ့ အပင်ငယ်တွေကိုပါ ခုတ်ခိုင်းတာဟာ သစ်တောရဲ့ သဘာဝသံသရာ ထာဝစဉ်ညီတောထွက် (Sustainable Yield) ကို အရှင်လတ်လတ် ဖျက်ဆီးလိုက်တာနဲ့ တူတူပါပဲ။ အနာဂတ်မှာ မျိုးတုံးမယ့် အန္တရာယ် ရှိပါတယ်။
ညွှန်ချုပ် ဦးမောင်ကလေးက ဒါကို ပညာရှင်ပီပီ "သိပ္ပံနည်းကျ တွက်ချက်ထားတာဖြစ်လို့ လျှော့လို့မရဘူး" လို့ သတ္တိရှိရှိ ကန့်ကွက် (စေဒကပြန်) ခဲ့တာ ဖြစ်ပါတယ်။
2️⃣🤼အာဏာရှင်နှင့် ပညာရှင်တို့၏ အားပြိုင်မှု
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စရိုက်ဟာ သူ့အမိန့်ကို မည်သူမျှ မဆန့်ကျင်ရဲဘဲ ကြောက်ရွံ့နေကြတာကို သဘောကျသူ ဖြစ်ပါတယ်။
ဦးမောင်ကလေးရဲ့ ကန့်ကွက်လွှာဟာ သိပ္ပံနည်းကျ မှန်ကန်နေပေမဲ့၊ အာဏာရှင်ရဲ့ မျက်စိထဲမှာတော့ "ငါ့အမိန့်ကို အာခံတာ" လို့ပဲ မြင်ခဲ့ပါတယ်။
အာဏာရှင်စနစ်ရဲ့ ထုံးစံအတိုင်း ပညာရှင်ကို ချက်ချင်း အလုပ်ကမထုတ်ဘဲ သိက္ခာချတဲ့အနေနဲ့ မိမိကျွမ်းကျင်တဲ့ သစ်တောဌာနကနေ အခြားမသက်ဆိုင်တဲ့ ဌာန (ဥပမာ- ကုန်သွယ်ရေး သို့မဟုတ် အခြား ဝန်ကြီးဌာနတစ်ခုခု) သို့ "ဌာနပြောင်း ရွှေ့ပစ်ခြင်း" နဲ့ အပြစ်ပေးခဲ့ပါတယ်။
3️⃣သိက္ခာရှိစွာ တုံ့ပြန်ပြီး ပြည်ပသို့ ထွက်ခွာခြင်း
မင်းကြီးချုပ် (ညွှန်ကြားရေးမှူးချုပ်) ဦးမောင်ကလေးဟာ မိမိမကျွမ်းကျင်တဲ့၊ မမှန်ကန်တဲ့ စနစ်အောက်မှာ မျက်နှာလိုမျက်နှာရ ဆက်မလုပ်ချင်တော့တာကြောင့် ရာထူးကနေ ချက်ချင်း နှုတ်ထွက် ခဲ့ပါတယ်။
- [ ] ဒီဖြစ်စဉ်ဟာ မိမိအတတ်ပညာနှင့် တိုင်းပြည်အပေါ် သစ္စာရှိခဲ့တဲ့ ပညာရှင်ကြီးတစ်ဦးရဲ့ ဂုဏ်သိက္ခာပြောင်မြောက်မှု ကို ပြသနေသလို၊ တစ်ဖက်မှာလည်း အာဏာရှင်စနစ်ကြောင့် တိုင်းပြည်ရဲ့ ဦးနှောက်တွေ (Brain Drain) ဆုံးရှုံးခဲ့ရတဲ့ သမိုင်းကွက်လပ်ကြီး တစ်ခုလည်း ဖြစ်ကြောင်းပါဗျား။ ။
မှတ်ချက်။
*AI Gemini ဖြင့်ဆွေးနွေးမှု ကောက်နှုတ်ချက်ဖြစ်ပါသည်။"
ChatGPT ကော၊ Gemini ကော သူတို့လည်း မှားနိုင်ကြောင်း စကားပလ္လင်ခံထားသည်နှင့်အညီ တိမ်း ယိမ်းကွဲလွဲမှုများ တွေ့ရှိပါက မေတ္တာရှေ့ထါး တည့် မတ်ပေးကြစေလိုပါသည်။ | 352 |
| 8 | ဂုဏ်သတင်း: ဖြောင့်မတ်တည်ကြည်ပြီး မိမိအလုပ်အပေါ် ကျွမ်းကျင်နှံ့စပ်တဲ့ သစ်တောအရာရှိကြီးတစ်ဦးအဖြစ် နာမည်ကျော်ပါတယ်။
၂။ စာပေလောကနှင့် "သစ်တောမောင်ကလေး"
ဦးမောင်ကလေးဟာ သစ်တောအရာရှိကြီးတစ်ဦးတင်မကဘဲ "#သစ်တောမောင်ကလေး" ဆိုတဲ့ ကလောင်အမည်နဲ့ စာပေတွေ ရေး သားခဲ့တဲ့ နာမည်ကျော် စာရေးဆရာကြီးလည်း ဖြစ်ပါတယ်။
သစ်တောနှင့် တောတောင်အတွေ့ အကြုံများ: သူ တာဝန်ကျရာ မြန်မာ့တောတောင်အနှံ့ လှည့်လည်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ တောတွင်းဆင်ဖမ်းတဲ့ လုပ်ငန်းတွေ၊ သစ်တောထိန်း သိမ်းရေး အသိပညာပေးတွေကို စာဖတ်သူတွေ ရင်သပ်ရှုမောဖွယ်၊ ဗဟု သုတရဖွယ် ရေးသားခဲ့ပါတယ်။
ထင်ရှားသော စာအုပ်များ: သူရေးသားခဲ့တဲ့
“#မြန်မာ့ဆင်နှင့်ဆင်ဖမ်းသမားများ”၊
“#ကျွန်းသစ်တောကြီးထဲကအတွေ့အကြုံများ” နဲ့ တောတောင်သဘာဝ ဝတ္ထု/ဆောင်းပါး အများအပြားဟာ ထင်ရှားပြီး အမျိုးသားစာပေဆု (ဆောင်းပါး/သုတပဒေသာကဏ္ဍ) တွေကိုလည်း ဆွတ်ခူးခဲ့ဖူးပါတယ်။
[ ကျွန်နော် လုံးဝ မကြားဖူးတဲ့ အကြောင်းအရာဖြစ်ပါတယ်။ စါအုပ်လည်းမတွေ့ဖူးပါ၊ ပို့စ်ဖန်တီးသူ၏ စကားချပ်]
၃။ သစ်တောသမိုင်းတွင် ကျန်ရစ်သော အမွေအနှစ်
သူ့ခေတ်သူ့အခါက မြန်မာ့ကျွန်းသစ်ထုတ်လုပ်ရေးနဲ့ ကမ္ဘာ့အဆင့်မီ သစ်တောပြုစုပျိုးထောင်ရေး (Burma Selection System) စနစ်တွေကို စနစ်တကျ ထိန်းသိမ်းရာမှာ ညွှန်ချုပ်တစ်ယောက်အနေနဲ့ အဓိက ပံ့ပိုးခဲ့ပါတယ်။ စာပေသမိုင်းမှာလည်း မြန်မာ့တောတောင် သဘာဝနဲ့ သားငှက်တိရစ္ဆာန်အကြောင်းကို အနုပညာမြောက် မှတ်တမ်းတင်ပေးခဲ့တဲ့ လူ့မွန်လူရည်ချွန်ကြီး ဖြစ်ပါတယ်။
ဦးမောင်ကလေး ညွှန်ကြားရေးမှူးချုပ် ရာထူးကနေ လမ်းခွဲ နှုတ်ထွက်ခဲ့ရတဲ့ ဖြစ်စဉ်ဟာ ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်က "ဝန်ထမ်းကောင်း၊ စစ်ဗိုလ်ကောင်း" ဆိုတဲ့ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေး အားပြိုင်မှု၊ အာဏာရှင်စနစ်ရဲ့ ဖိအားတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။
သူ နှုတ်ထွက်ခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေကို သမိုင်းမှတ်တမ်းတွေအရ အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ် -
၁။ စစ်တပ်အရာရှိများ၏ ဝင်ရောက်စွက်ဖက်မှု (အဓိကအချက်)
မဆလခေတ်မှာ ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲနေရာတွေကို စစ်တပ်အရာရှိဟောင်းတွေ၊ စစ်ဗိုလ်တွေကို အစားထိုး ခန့်အပ်တာ ဒါမှမဟုတ် အထက်ကနေ ကွပ်ကဲခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။
ဦးမောင်ကလေးဟာ မိမိအလုပ်နဲ့ မိမိပညာရပ်အပေါ်မှာ သစ္စာရှိတဲ့၊ စည်းကမ်းကြီးတဲ့ ပညာရှင် (Professional) တစ်ဦး ဖြစ်ပါတယ်။
သစ်တောလုပ်ငန်း၊ သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က လာတဲ့ အရာရှိတွေရဲ့ နားမလည်ဘဲ လွှမ်းမိုးဖို့ ကြိုးစားမှု၊ စွက်ဖက်မှုတွေကို ညွှန်ချုပ်တစ်ဦးအနေနဲ့ လက်မခံနိုင်ဘဲ သဘောထားချင်း တိုက်ပွဲဖြစ်ပွားခဲ့ရပါတယ်။
၂။ ပညာရှင်နှင့် အာဏာပိုင်တို့၏ မူဝါဒ ပဋိပက္ခ
သစ်တောတွေကို စနစ်တကျ ထိန်းသိမ်းပြီးမှ ဥပဒေအတိုင်း စနစ်တကျ ထုတ်လုပ်ချင်တဲ့ ဦးမောင်ကလေးရဲ့ "သစ်တောသိပ္ပံ မူဝါဒ" နဲ့ နိုင်ငံခြားဝင်ငွေ လိုချင်ဇောကြောင့် သစ်တွေကို အဆမတန် အလွန်အကျွံ ခုတ်လှဲထုတ်လုပ်ချင်တဲ့ အစိုးရ (အထူးသဖြင့် စစ်ဗိုလ်ကြီးအချို့) ရဲ့ "အမိန့်ပေး စေခိုင်းမှု" တွေအကြား ညှိမရတဲ့ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။
၃။ ဖြောင့်မတ်တည်ကြည်မှုနှင့် မလိုက်လျောခြင်း
ဦးမောင်ကလေးဟာ မမှန်ကန်ဘူးလို့ ယူဆတဲ့ ကိစ္စရပ်တွေကို အထက်အရာရှိ (ဝန်ကြီး သို့မဟုတ် စစ်ဗိုလ်ကြီးများ) ဖြစ်သော်လည်း မျက်နှာလိုမျက်နှာရ လိုက်မလုပ်ပေးဘဲ ပြတ်ပြတ်သားသား ငြင်းဆန်လေ့ ရှိပါတယ်။
ထိုခေတ်အခါက အုပ်ချုပ်ရေးယန္တရားထဲမှာ မျက်နှာချိုသွေးသူတွေ နေရာရလာပြီး၊ မိမိသိက္ခာကို ထိန်းသိမ်းတဲ့ ဦးမောင်ကလေးလို ပညာရှင်ကြီးမျိုးကတော့ အစိုးရအဖွဲ့နဲ့ အဆင်မပြေဖြစ်ကာ ဖယ်ကြဉ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
၄။ ဂုဏ်သိက္ခာရှိစွာ လမ်းခွဲခြင်း
နောက်ဆုံးမှာတော့ မိမိရဲ့ ပညာရပ်ဆိုင်ရာ စံနှုန်းတွေ၊ သစ်တောဌာနရဲ့ ရေရှည်အကျိုးစီးပွားတွေကို အာဏာပိုင်တွေရဲ့ ဖိအားအောက်မှာ အရှုံးမပေးလိုတာကြောင့်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ ရာထူးကနေ စောစောစီးစီး ဆန္ဒအလျောက် နှုတ်ထွက် (သို့မဟုတ်) အငြိမ်းစားယူ ခဲ့ခြင်း ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင်တော့ ဦးနေဝင်းခေတ်ရဲ့ "ပညာရှင်ထက် သစ္စာခံကို ဦးစားပေးတဲ့ စနစ်ဆိုး" အောက်မှာ မတရားတာကို ခေါင်းမငုံ့ချင်တဲ့ သစ်တောပညာရှင်ကြီးတစ်ဦးရဲ့ သိက္ခာရှိရှိ ရုန်းထွက်မှုလို့ သမိုင်းက မှတ်တမ်းတင်ထားကြပါတယ်ဗျား။ ။
1️⃣"လုံးပတ် တစ်ပေ လျှော့ခိုင်းခြင်း" ၏ အန္တရာယ် (သိပ္ပံနည်းကျ ရှုထောင့်)
မြန်မာ့သစ်တောလုပ်ငန်းဟာ အင်္ဂလိပ်ခေတ်ကတည်းက ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ မြန်မာရွေးချယ်ခုတ်လှဲခြင်းစနစ် (Myanmar Selection System - MSS) ကို သုံးခဲ့တာပါ။
ဒီစနစ်အရ ကျွန်းပင်တစ်ပင်ကို ခုတ်မယ်ဆိုရင် အပင်ရဲ့ လုံးပတ်ဟာ အနည်းဆုံး ၇ ပေ ၆ လက်မ (7' 6") ရှိရမယ်လို့ ကန့်သတ်ထားပါတယ်။ (မြေပြန့်နဲ့ တောင်ပေါ်ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပေမဲ့ ဒီအတိုင်းအတာဟာ စံနှုန်း ဖြစ်ပါတယ်)။ | 265 |
| 9 | •[ ဌာနဝန်ထမ်း စုစုပေါင်း ၃၄၅၈ {၁၉၄၀}၊ ၂၉၅၂{၁၈၄၈}၊၃၉၄၆ {၁၉၆၁}၊ ၆၃၈၀{၁၉၇၀}။ Forest District သစ်တောနယ်ခေါ် ခရိုင်အုပ်ချုပ်ရေး ကို ရုတ်ချည်းဖျက် သိမ်းမှုက ဌာနစွမ်းဆေါင်ရည်ကိုချိနဲ့သွားစေပြီး နောင် ခရိုင်များထပ်မံပေါ်ပေါက်လါပြန်သော်လည်း ရှေးမူအတိုင်း နလံပြန်မထူနိုင်တေါ့ပါ။
တဘက်တွင် မြန်မာသစ်လုပ်ငန်း အုပ်ချုပ်ရေးနယ်နိမိတ်ကို အခြေမခံပဲ သစ်တောပေါက်ရောက်မှုနယ်မြေအပေါ်ဆက်လက်ရပ်တည်နိုင်ခြင်းဖြင့် အားသာချက်ရှိသွားပါသည်၊ ဤကား ဌာနနှင့်DG က တောင့်မခံနိုင်သော ချို့ယွင်းချက်ကြီးပေတည်း]
စသည့် အရေးပါသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
🏆Brandis ၏ သစ်တောစီမံခန့်ခွဲမှုအမွေအနှစ်
မြန်မာ့ကျွန်းသစ်၏ ကမ္ဘာ့ဂုဏ်သတင်းကို တည်ဆောက်ပေးခဲ့သော Dr. Dietrich Brandis ၏ Burma Selection System (BSS) သည် ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု၏ အခြေခံဖြစ်သည်။
BSS အရ ကျွန်းတောများကို အရည် အသွေးကောင်းနှင့် အရည်အသွေးနိမ့် ဟူ၍ ခွဲခြားကာ၊ တောအမျိုးအစားအလိုက် သတ်မှတ်ထားသော Minimum Girth Limit (MGL) ထက် ကြီးသော ကျွန်းပင်များကိုသာ ခုတ်ယူခွင့်ပြုခဲ့သည်။
ဤစနစ်၏ ရည်ရွယ်ချက်မှာ #ယနေ့အတွက်သာမဟုတ်_နောင်မျိုးဆက်များအတွက်လည်းကျွန်းတောများဆက်လက်တည်တံ့စေရန် ဖြစ်သည်။
🤼နိုင်ငံရေးနှင့် 🤼♂️
သစ်တောပညာ၏ ပဋိပက္ခ
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက် လာသောအခါ နိုင်ငံခြားငွေ ရရှိရေးသည် အစိုးရအတွက် အလွန်အရေး ကြီးသော ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။
ထိုအခြေအနေတွင် ကျွန်းသစ်တင်ပို့မှုကို တိုးမြှင့်ရန်၊ ထို့ကြောင့် Minimum Girth Limit ကို လျှော့ချရန် အကြံပြုချက်များ ပေါ်ပေါက်လာခဲ့သည်ဟု သစ်တောအငြိမ်းစားအရာရှိများ၏ အမှတ်တရများတွင် တွေ့ရသည်။
အဆိုပါ အကြံပြုချက်သည် ရေရှည်သစ်တောထိန်းသိမ်းရေး ကို ဦးစား ပေးသော သစ်တောပညာရှင်များနှင့် ရေတိုဝင်ငွေတိုးရေး ကို ဦးစားပေးသော မူဝါဒများအကြား သဘော ထားကွဲလွဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုကြသည်။
အချို့သော အငြိမ်းစားသစ်တောအရာရှိများ၏ ပြောကြားချက်အရ ဦးမောင်ကလေးသည် သစ်တောပညာ၏ အခြေခံမူများကို အလွယ် တကူ မစွန့်လွှတ်လိုသူဖြစ်ပြီး၊ ထိုကာလတွင် အုပ်ချုပ်ရေးဖိအားများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်ဟု ဆိုကြသည်။ သို့ရာတွင် ဤဖြစ်ရပ်များ၏ အသေးစိတ်ကို အစိုးရမှတ်တမ်းများဖြင့် ထပ်မံသက်သေပြုရန် လိုအပ်နေဆဲ ဖြစ်သည်။
နောက်ဆုံးတွင် ဦးမောင်ကလေးသည် အငြိမ်းစားယူပြီး အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မလာခဲ့ကြောင်း သစ်တောအသိုင်းအဝိုင်းတွင် ပြောဆိုကြသည်။"
ကျနော့်မှတ်ချက်။
1️⃣၁၉၆၇မှ၁၉၇၉ကာလတွင် သစ်တောဌာနသည် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန {၁၉၄၈/၉၂}လက်အေါက်တွက်ရှိ၍ ဝန်ကြီးများမှာဦးသောင်းကြည်{၁၉၆၄/၇၄}နှင့်ဦးရဲခေါင်{၁၉၇၄/၈၅}ဖြစ်ကြပါသည်။
2️⃣ဒုဝန်ကြီး မှာ ဘူမိဗေဒနှင့် ဝေဒပညာရှင် ဒေါက်တာဘိုလေးထြစ်ပါသည်။
3️⃣ပထမဆုံး သစ်တောမင်းကြီးချုပ်မှာ မစ္စနာဘီဒင်ဘရိုင်ယန် ဖြစ်သည်။
Credit to Gemini for next synthesis passed by Kyawmyint Thit ‼️•••
🏆ပညာရှင်တစ်ဦး၏ အမွေအနှစ်
ဦးမောင်ကလေးသည် အုပ်ချုပ်ရေးမှူးတစ်ဦးသာ မဟုတ်ဘဲ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများလည်း ရေးသားခဲ့ကြောင်း အငြိမ်းစားသစ်တောအရာရှိများ၏ ပြောကြားချက်များတွင် တွေ့ရသည်။
သို့သော် ထိုစာတမ်းများကို ယနေ့ခေတ်တွင် စုဆောင်းရရှိရန်မှာ ခက်ခဲနေပြီး ဆက်လက်ရှာဖွေထိန်းသိမ်းသင့်သော သစ်တောသမိုင်းအမွေ အနှစ်တစ်ရပ် ဖြစ်နေသည်။
နိဂုံး
မြန်မာ့သစ်တောသမိုင်းကို ရေးသားရာတွင် Brandis, C.F.C. Beadle, J.S. Troup, U Chit Hlaing, U Maung Gale (1) စသည့် ပုဂ္ဂိုလ်များကို မေ့ထား၍ မရနိုင်ပါ။
အထူးသဖြင့် ဦးမောင်ကလေး၏ (၁၃) နှစ်တာကာလသည် သစ်တောပညာ၊ စိုက်ခင်းသစ်တော၊ နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ ထိတွေ့ဆုံဆည်းခဲ့သော အရေးပါသည့်ခေတ်တစ်ခေတ် ဖြစ်သည်။
ထိုသမိုင်းကို အမှန်တကယ် နားလည်နိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦး၏ အောင်မြင်မှုများသာမက ထိုခေတ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အခြေအနေများကိုပါ မျှတစွာ သုံးသပ်လေ့လာရန် လိုအပ်ပါသည်။🌿"
Credit to Gemini for next synthesis passed to me by Kyawmyint Thit •••• ••••
ဦးမောင်ကလေး (သစ်တော) ဟာ မြန်မာ့သစ်တောလောကနဲ့ စာပေ လော ကမှာ တကယ့််ကို ထင်ရှားရိုသေရတဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။
၁။ သစ်တောပညာရှင် ညွှန်ချုပ်ဘဝ
ရာထူးတာဝန်: သူဟာ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက်မှာ သစ်တောဦးစီးဌာနရဲ့ ညွှန်ကြားရေး မှူးချုပ် (ညွှန်ချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့သစ်တောလုပ်ငန်း တိုးတက်ဖို့နဲ့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အဓိက ဦးဆောင်ခဲ့သူပါ။ | 218 |
| 10 | #သစ်တောမင်ကြီးချုပ်ဦးမောင်ကလေး_၁
🌳🌲🇬🇧 ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်_မြန်မာစစ်ပွဲ အပြီး ၁၈၅၆ခုနှစ်တွင် အောက်မြန်မာပြည်၌ ဂျာမန်လူမျိုး ရုက္ခဗေဒပညာရှင် Dr. Dietrich ဦးစီးလျှက် ဗြိတိသျှအင်ပါယာ၏ ရှေးအကျဆုံးသော ဝန်ထမ်းဌာနအဖြစ်ဖွဲ့စည်းခဲ့သည် ဖြစ်သော ကြောင့် #မြန်မာနိုင်ငံသစ်တောဌာန သည် ယခုနှစ် #၂၀၂၆ခုနှစ်တွင်သက်တန်းနှစ်_၁၇၀ ပြည့်မြောက်ခဲ့လေပြီ။
၁၉၄၈ခုနှစ်တွင် နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၇၁ခုနှစ်အထိ သစ် တောဌာန ၏ ဦးဆောင်အကြီးအမှူး ကို #မင်းကြီးချုပ်_Chief_Conservator_of_Forests ဟုခေါ်ကြသည်။ နောက်ပိုင်း ညွှန်ကြားရေးမှူးချုပ် Director General { DG }ဟု ဝိဂြိုဟ်ပြုကြပြီး
လွတ်လပ်ပြီးနောက် ယနေ့ ဦးကျော်ဇေယျ အထိ (၁၈)ဦး ရှိသွားပြီ ဖြစ်ပါသည်။
ကျနော်က ၁၉၆၇ မှ ၁၉၇၉ခုနှစ် အထိ သစ်တောဌာန ကို စီမံပဲ့ကိုင်သွားသည့် ဦးမောင်ကလေး(၁)ကို မမြင်မတွေ့ဘူးပါဘဲ အနှစ်ဆုံး‼️သဘောအကျဆုံး‼️ဖြစ်သည်။
ထိုသို့သဘောကျသည်မှာ ပညာနှင့်စွမ်းဆောင်ရည်ရှိသည်သာမက သတ္တိ_ဗျတ္တိအရှိဆုံးDG ဖြစ်သော ကြောင့်ဖြစ်သည်။
မိမိ၏ အကျိုးစီးပွားကို ပမာမထားပဲဖြစ်သင့်သောလမ်းကြောင်းကို မပယ်မလှန် စွန့်စား လျှောက်လှမ်းသွားသောကြောင့် ဖြစ်သည်။
ဖိအားကို ပမာမထားပဲ
မိမိကျွမ်းကျင်သော ပညာဖြင့် ဆေါင်ရမည့်လုပ်ငန်းအပေါ် ခိုင်ခိုင်မာမာရပ်တည်သွားသူဖြစ်သည်။
သူ့ Senior DG ဖြစ်သော #သီရိပျံချီဦးချိန်ဟိုး ၏ "စ စ်ဗို လ်တွေအလိုမလိုက်နဲ့_တောပျက်မယ်" ဟူသော ဆေးရုံပေါ်မှ မိန့်မှာစကားကို မသွေဖီသူလည်းဖြစ်သည်။
ပညာရှင်သာမက စာရေးဆရာတ
ဦးဖြစ်ကြောင်း သူငယ်ချင်းတဦး၏ လက်တို့သတင်း ကိုလည်း သူ့ အကြောင်း ChatGPT ၏ သရုပ်ဖေါ်မှုနောက်တွင်ဖေါ်ပြလိုက်ပါသည်။
ဦးမောင်ကလေး လက်ထက်တွင် နိုင်ငံ နှင့် သစ်တောဌာနအတွက် အရေးကြီးသော လုပ်ဆောင်ချက်များ သူက ဆောင်ရွက်ခဲ့သလို နိုင်ငံ ရေးမျက်နှာစာအရ ဖြစ်တည်လါမှုများလည်းအများပင် ရှိခဲ့ပါသည်။
ထို့ကြောင့် ChatGPT ❗၏ အတင်အပြတွင် ဖြည့်စွက် [••• ]တင်ပြလိုက်ရပါသည်•••
🎓ဝဏ္ဏကျော်ထင် ဦးမောင်ကလေး (၁)
မြန်မာ့သစ်တောပညာ၏ အပြောင်းအလဲခေတ်ကို ဦးဆောင်ခဲ့သူတစ်ဦး
မြန်မာ့သစ်တောဦးစီးဌာန၏ သမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် အမည်မေ့ပျောက်မသင့်သော သစ် တော ပညာရှင်ကြီးများစွာရှိသည်။
ထိုသူများအနက် ဝဏ္ဏကျော်ထင် ဦးမောင်ကလေး (၁) သည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူသည် B.Sc., Dip.For. (Cantab.), A.M.I.F.A., M.F. (Michigan) ဘွဲ့များ ရရှိထားသော နိုင်ငံတကာအဆင့် သစ်တောပညာရှင်တစ်ဦးဖြစ်ပြီး၊ မြန်မာ့သစ်တောစီမံခန့်ခွဲရေးသမိုင်းတွင် အရေးပါသော ကာလတစ်ခုကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
၁၉၆၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သစ်တောဦးစီးဌာန၏ အမြင့်ဆုံးရာထူးဖြစ်သော Chief Conservator of Forests အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ရာထူးအမည်ကို Director General ဟု ပြောင်းလဲခေါ်ဆိုသောအခါ ပထမဆုံး Director General များထဲတွင် ပါဝင်ခဲ့သည်။
သူ၏ တာဝန်ထမ်းဆောင်ခဲ့သည့် (၁၃) နှစ်တာကာလသည် မြန်မာ့သစ်တောလုပ်ငန်းအတွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သော အချိန်ကာလဖြစ်သည်။
ထိုကာလအတွင်း—
🔖ယူကလစ် (Eucalyptus) သစ် တော စိုက်ခင်းများကို အကြီး အကျယ် တည်ထောင်ခြင်း၊
🔖သစ်တောစိုက်ခင်းများ တိုးချဲ့တည်ထောင်နိုင်ရန် ရန်ကုန်တက္က သိုလ်မှ သစ်တောဘွဲ့ရများကို [1977 မှစတင်၍] Contract စနစ်ဖြင့် ခန့်အပ်ခြင်း [ ရန်ကုန်တက္ကသိုလ် သစ်တောကထိကေဟါင်းဖြစ်ကြသေါညွှန်မှူး ဦးအုန်း၊ ဦးစေါဟန်တို့၏ ဝါယမအါးစိုက်မှုလည်းများစွားပါဝင်ပါသည်]
🔖[ သစ်တောစိုက်ခင်းများကို 1974တွင် 6341ဧက မှ သူ့သက်တန်းအဆုံး 1979တွင် 16,633ထိ {ကျွန်း ဧရိယာ ၅၏%} တိုးတက်တည် ထောင်ခဲ့သည်။ ယင်းအရှိန်က 1985 တွင် ဧက ၉သေါင်းနားထိရောက်ခဲ့။ ယခင်က သစ့်စေ့မြေချ စိုက်ခင်းတည်ထောင်မှုမှ #အေါင်မြင်မှုသေချာသောသစ်စေ့ကိုပလတ်စတစ်ဖြင့်ပျိုးထောင်မှု လွှမ်းမိုးသွားခဲ့သည်]
🔖ပုပ္ပါးတောင် ပြန်လည်စိမ်းလန်းစိုပြည်ရေးစီမံကိန်း (Popa Mountain Rehabilitation Project ) ကို ၁၉၇၀ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခြင်း၊
🔖Asian Development Bank (ADB) ၏ ချေးငွေအထောက်အပံ့ဖြင့် East Pegu Yoma Project 1979-85ကို အကောင်အထည်ဖော်ခြင်း၊
🔖[ဌာနက ပျိုးပင်များကို နှစ်စဉ်အခမဲ့ဖြန့်ဝေ၍ လူထုလှုပ်ရှားမှုဖြင့် ဆေါင်ရွက်သော မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ၁၉၇၀ ခုနှစ်တွင် စတင်ခဲ့သည်]။
🔖[ရေဆင်းသစ်တောသုတေသနဌာန တည်ထေါင်ရန် FAO/UNDP တို့နှင့် MOU ထိုး၍ အစိုးရ၏ခွင့်ပြုမိန့်လည်း ရခဲ့သည်]
🔖[ကင်းတားရေဝေရေလဲထိန်းသိမ်းရေးရ့်ှပြေးစီမံကိန်းကို FAO/UNDP အစီအစဉ် MYA/၈၁/၀၀၃ဖြင့် ၁၉၈၇ခုနှစ်တွင်စတင်ခဲ့သည်]
သစ်တောဌာန၏ ဖွဲ့စည်းပုံကို ယခင် District Forest Administration base မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟို–တိုင်း–မြို့နယ် အုပ် ချုပ်ရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရခြင်း•• | 243 |
| 11 | 没有文字... | 114 |
| 12 | Environmental Education for Kids Training
Environmental Education for Educators Training
Green Skills for Youth Training
များကို သင်ကြားပို့ချနေပါသည်။
#Green_Skills_for_Youth_online_training | 118 |
| 13 | Myanmar Environmental Education Team
မှ #GreenSkills_for_Youth_OnlineTraining ကို ၂၀၂၆၊ဩဂုတ်လ၊၄ ရက်၊ စနေနေ့တွင် ဖွင့်လှစ်ပါမည်။
သင်တန်းတွင်ဆွေးနွေးမည့်အကြောင်းအရာများ
၁။ ယနေ့ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများ
Current Global and Local Environmental Issues
၂။ ရာသီဥတုပြောင်းလဲခြင်းကို ရပ်တံ့လျော့ချရန်ဆောင်ရွက်ခြင်းနှင့် ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း
Climate Change Mitigation and Adaptation
၃။ သစ်တောများကို ရေရှည်တည်တံ့စေသော စီမံအုပ်ချုပ်မှု
Sustainable Forest Management
၄။ ရေရှည်ဖွံ့ဖြိုးတိုးတက်စေသော စိုက်ပျိုးရေးလုပ်ငန်းများ
Sustainable Agriculture
၅။ ပြန်လည်ပြည့်ဝသောစွမ်းအင်ကို အသုံးပြုခြင်းနှင့် စွမ်းအင်ကို ထိရောက်စွာ အသုံးချခြင်း
Renewable Energy and Energy Efficiency
၆။ စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်ထွက်ရှိမှုအနည်းဆုံးဖြစ်စေမည့် ကုန်ထုတ်လုပ်ငန်း/စီးပွားရေးလုပ်ငန်းများ
Waste Management and Circular Economy
၇။ မြန်မာလူငယ်များအတွက် အရေးတကြီးနာလည် တတ်ကျွမ်းရန်လိုအပ်လာသည့် စိမ်းလန်းသောကျွမ်းကျင်မှုများ
Why are Green Skills important for Myanmar Youth
(ယခုသင်တန်းသည် အသက် ၁၈နှစ် နှင့် အထက်၊ အခြေခံပညာအထက်တန်းအဆင့်အောင်ထားပြီးသူများအတွက် ပိုမိုသင့်လျော်ပါမည်။)
#သင်ကြားချိန်စုစုပေါင်း -
၁ရက်(၂နာရီ) × ၈ ရက် = ၁၆ နာရီ
#သင်တန်းရက် - စနေ/တနင်္ဂနွေနေ့တိုင်း
#သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ
#သင်တန်းကြေး - ၆၀,၀၀၀ ကျပ်
#သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၂၀၂၆၊ ဩဂုတ်လ၊၈ ရက်၊ စနေနေ့
#သင်တန်းပြီးဆုံးမည့်ရက် - ၂၀၂၆၊ ဩဂုတ်လ၊ ၃၀ ရက်၊ တနင်္ဂနွေနေ့
သင်တန်းတက်ရောက်ရန်အတွက် Google Form ကို အောက်ပါ link မှတဆင့် ဝင်ရောက်ပြီး ဖြည့်စွက်ပေးကြရမည်ဖြစ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSfz4mvjbDTtnWUJhM7IwVeNmjEDh1HgeyfCwt9DdkjIsfZqyA/viewform?usp=header
သင်တန်းကြေးပေးသွင်းပြီးပါက- Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့ပေးပါမည်။
#သင်တန်းကြေးပေးသွင်းရန်-
Kpay : 09965642416 (Nang Than Myint)
Note တွင် GSY fee ဟု ရေးပေးပါရန်နှင့်
ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့ပေးပါရန်။
(၂၀၂၆၊ဩဂုတ်လ၊၈ရက်၊နေ့လည် ၁၃း၀၀နာရီအထိ သင်တန်းကြေးပေးသွင်း၍ သင်တန်းအပ်နိုင်ပါသည်)
သင်တန်းပို့ချမည့်ဆရာ၏ကိုယ်ရေးအကျဥ်း
ဦးစည်သူလွင်
သိပ္ပံဘွဲ့(သစ်တော)၁၉၉၂ ခုနှစ်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
လုပ်ငန်းအတွေ့အကြုံများ
တောအုပ်ကြီး(Range Officer )
သစ်တောဦးစီးဌာန၊ ကျောက်ဖြူ/အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်(၁၉၉၃ - ၁၉၉၅)
သစ်တောကျွမ်းကျင်သူ(Forestry Specialist)
UNDP/FAO/MYA/008 Project, Bogale Township (1996 to 1998)
သစ်တောကျွမ်းကျင်သူ(Forestry Specialist)
Forest Resources and Environment Development Association (FREDA) (1998 to 2000)
သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ပညာဆိုင်ရာအသိပညာပေးကျွမ်းကျင်သူ
Freelance Environmental Educator
Self-Employed (2008 to Present)
နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် မုန်တိုင်းဒဏ်သင့်ဒေသများရှိ စာသင်ကျောင်းများ၊ ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့သည်။(၂၀၀၈ မှ ၂၀၁၀)
UNDP, Lutheran World Federation, UNICEF, Action Aid Myanmar, and World Vision တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းအတွင်းရှိစီမံကိန်းကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၀ မှ ၂၀၁၂)
UNDP/Inle Lake Conservation and Rehabilitation Project မှ စီမံကိန်းကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၂ မှ ၂၀၁၅)
၂၀၀၈ ခုနှစ်မှ စတင်၍ ကလောင်အမည် "ကိုရင်လှ" ဖြင့် သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးများကို စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ရေးသားခဲ့သလို စာအုပ်များလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲများတွင်လည်း သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။
၂၀၁၈ မှ ၂၀၂၀ အတွင်း ရန်ကုန်တိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် စွန့်ပစ်အမှိုက်ဆိုင်ရာသင်တန်းများ၊ ဟောပြောပွဲများကို ဦးဆောင်ကျင်းပခဲ့ပါသည်။
၂၀၂၀ တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့သော ကာလမှ စတင်၍ ယနေ့အချိန်ထိ online မှ | 122 |
| 14 | 没有文字... | 89 |
| 15 | ၂၀၂၆ နှောင်းပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဟာ အယ်လ်နီညိုရာသီဥတုအခြေအနေကို အဆိုးရွားဆုံး ခံစားရမယ့်နှစ်လို့ ပညာရှင်တွေက တညီတညွတ်တည်း ပြောနေကြပါပြီ..
ဒါဆို အခုမိုးရာသီမှာ သကြားမင်းကြီးက ကောင်းကင်ပေါ်ကနေ အလကားရွာချပေးနေတဲ့ မိုးရေတွေကို အလဟသ အဖြစ်ခံနေတုန်းပဲလား ?
မြန်မာပြည်ဟာ ပင်လယ်နားကနိုင်ငံ၊ အီကွေတာနဲ့နီးတဲ့ ပူနွေးစွတ်စိုတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တာကြောင့် မိုးရေချိန်လက်မ အများကြီးရတဲ့နိုင်ငံဖြစ်ပါတယ် ..
မြန်မာနိုင်ငံရဲ့ နှစ်စဥ်နှစ်တိုင်း မိုးရွာသွန်းမှုအခြေအနေကို အမျိုးသားမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ပြောရရင် -
မြန်မာတစ်နိုင်ငံလုံး၏ ပျမ်းမျှမိုးရေချိန်သည် ခန့်မှန်းခြေအားဖြင့် "လက်မ ၈၀ မှ ၉၀" (မီလီမီတာ ၂,၀၀၀ မှ ၂,၃၀၀) ခန့် ဖြစ်သည်။
ဒေသအလိုက် ပျမ်းမျှမိုးရေချိန် ကွာခြားမှုများမှာ -
ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှာ မိုးအများဆုံးရွာသွန်းပြီး တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂၀၀ ကျော် (မီလီမီတာ ၅,၀၀၀ ခန့်) အထိ ရှိတတ်ပါသည်။
ဥပမာအားဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သည် နှစ်စဉ် ပျမ်းမျှမိုးရေချိန် လက်မ ၂၁၁ ခန့် ရွာသွန်း၍ မြန်မာနိုင်ငံတွင် မိုးအရွာဆုံးဒေသ ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသသည် မိုးအနည်းဆုံးရရှိပြီး တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂၀ မှ ၄၀ ကြား (မီလီမီတာ ၅၀၀ မှ ၁,၀၀၀ ခန့်) သာ ရရှိပါသည်။
တောင်တန်းနှင့် ကုန်းတွင်းပိုင်းဒေသများတွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၆၀ မှ ၈၀ ကြား ရွာသွန်းလေ့ရှိပါသည်။
လို့ သိရှိမှတ်သားရပါတယ် ..
ဒီတော့ အဲဒီလို သကြားမင်းကြီးက အလကားရွာချပေးနေတဲ့ မိုးရေတွေကို ဒီအတိုင်း အလဟဿ မြေကြီးပေါ်ကနေ ပင်လယ်ထဲရောက်သွားတဲ့အထိ မစီးဆင်း၊ မပျောက်ကွယ်သွားအောင် အဲဒီမိုးရေတွေကို ထိမ်းသိမ်းစုဆောင်းသိုလှောင်ပြီး လာမယ့် မိုးခေါင်ရေရှာပြသနာကို ဖြေရှင်းကြလို့ မရဘူးလား ?
မိုးရေကို စနစ်တကျ စုဆောင်းနိုင်ဖို့ သင်္ချာပညာအကူအညီနဲ့ တွက်ကြည့်ကြရအောင် ..
------------------------------------------------------------------
1 inch = 0.0833 feet
၁လက်မ သည် ၀.၀၈၃၃ ပေ ရှိပါသည်
ထုထည် = အလျား × အနံ × အမြင့် ဖြစ်သောကြောင့် -
၁၀၀၀ စတုရန်းပေရှိသော မျက်နှာပြင်တခုပေါ်တွင် ၁လက်မအမြင့်ရှိအောင် မိုးရွာချလိုက်ပါက -
Volume =1,000 sq.ft. × 0.0833 ft.
= 83.3 cubic feet ရပါသည်။
1 cubic foot =7.48 gallons
(ရေ ၁ကုဗပေ = ၇.၄၈ ဂါလံ ဖြစ်သည့်အတွက်)
83.3 ကုဗပေ ×7.48 ဂါလံ = 623 gallons ရပါသည်။
-----------------------------------------------------------------
ပေ ၄၀ × ပေ ၆၀ မြေကွက်ပေါ်တွင်
ပေ ၃၀ × ပေ ၅၀ ရှိသော အိမ်တဆောင်ဆောက်ထားသည် ဆိုပါစို့။
ထိုအိမ်ရှိသောနေရာတွင် တရက်တာ ရွာချသော မိုးရေချိန်လက်မမှာ ၃လက်မ ရှိသည်ဆိုပါက ..
ထိုအိမ်ခေါင်မိုးပေါ်က ရသော မိုးရေဂါလံမှာ မည်မျှရှိပါသလဲ?
ခေါင်မိုးဧရိယာ ပေ ၃၀ × ပေ ၅၀ ဖြစ်သည့်အတွက် စတုရန်းပေမှာ ၁,၅၀၀ ဖြစ်သည်။
မိုးရေချိန် ၁ လက်မ ရွာသွန်းပါက စတုရန်းပေ ၁,၀၀၀ ခေါင်မိုးပေါ်တွင် ရေ ၆၂၃ ဂါလံ ရရှိနိုင်သည်။
ခေါင်မိုးဧရိယာ - ၁,၅၀၀ စတုရန်းပေ
ရရှိမည့်ရေပမာဏ (၁ လက်မ မိုးအတွက်)
1,500 ÷ 1,000 × 623 = 934.5 ဂါလံ
ရရှိမည့်ရေပမာဏ (၃ လက်မ မိုးအတွက်)
934.5 × 3 = 2,803.5 ဂါလံ
ထို့ကြောင့် ၃ လက်မ မိုးရွာသွန်းပါက သင့်အိမ်ခေါင်မိုးပေါ်မှ မိုးရေစုစုပေါင်း ၂,၈၀၃.၅ ဂါလံခန့် ရရှိနိုင်ပါကြောင်း ..
Myanmar Environmental Education Team | 147 |
| 16 | 没有文字... | 117 |
| 17 | 没有文字... | 143 |
| 18 | 🌳 သင့်မြို့ပြမှာ သစ်ပင်တွေ ပိုလိုနေတယ် - သင့်ဦးနှောက်ကလည်း အဲဒါကို လက်ခံနေတယ်၊ လိုအပ်နေတယ် ..
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ လူတွေအနေနဲ့ "မြို့ပြက စိမ်းလန်းစိုပြေနေတဲ့နေရာတွေ" အပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ဦးနှောက်လှိုင်းတိုင်းကိရိယာတွေနဲ့ နှလုံးခုန်နှုန်းတိုင်းစက်တွေ သုံးပြီး တိုင်းတာခဲ့ကြပါတယ်။
သူတို့ တွေ့ရှိခဲ့တဲ့အချက်တွေကတော့ ..
🟢 မြို့ပြတွေက သစ်ပင်၊ပန်းပင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့ Green spaces တွေဟာ အပူဒဏ်ကြောင့်ဖြစ်ပေါ်လာရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
🟢 သစ်ရွက်၊သစ်ခက်အတုတွေနဲ့ လူတွေဖန်တီးထားတဲ့ (Artificial green walls) တွေကတောင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။
🟢 စိမ်းလန်းတဲ့ သဘာဝအလှအပတွေကို မြင်တွေ့ရရုံသက်သက်နဲ့တင် ဦးနှောက်အပေါ် ကောင်းကျိုးသက်ရောက်မှု ရှိစေပါတယ်။
ဒါကြောင့်လည်း ဥရောပသမဂ္ဂ (EU) ရဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးဥပဒေ (Nature Restoration Law) က မြို့ပြတွေမှာရှိတဲ့ လက်ရှိ စိမ်းလန်းနယ်မြေတွေနဲ့ သစ်ပင်ဖုံးလွှမ်းမှုတွေကို ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကာကွယ်စောင့်ရှောက်ဖို့နဲ့ ရေရှည်မှာ ပိုမိုတိုးချဲ့စိုက်ပျိုးသွားဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
အစိမ်းရောင်ကို ငေးမောကြည့်ရုံသက်သက်နဲ့တင် သင့်စိတ်ခံစားချက်ကို ဘယ်လိုမျိုး ပြောင်းလဲတိုးတက်စေသလဲဆိုတာ ပိုပြီး လေ့လာကြည့်ချင်ပါသလား။
အောက်က ဗီဒီယိုကို ဆက်ကြည့်ပေးပါ။
🌳 Your city needs more plants. Your brain agrees.
A recent study utilized brainwave sensors and heart rate monitors to assess individuals' responses to urban greenery.
Here's what they found:
🟢 Urban greening reduces heat stress.
🟢 Even artificial green walls improve mental wellbeing.
🟢 Simply seeing greenery has a positive effect on the brain.
That's why the EU's Nature Restoration Law aims to protect existing green spaces and tree cover in cities by 2030, while expanding them over time.
Want to learn more about how simply staring at green can improve your mood?
Watch our latest YouTube video: https://www.youtube.com/watch?v=XTo85RJ98Vk&t=24s
Credit: EU Environment
https://www.facebook.com/share/p/1HjmvBiZY3/ | 137 |
| 19 | 没有文字... | 85 |
| 20 | မိုးယွန်းကြီးအင်းဘေးမဲ့တောသည် ဧက၂၅၆၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် ပထမဆုံးရေဝပ်ဒေသအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များဝင်ရောက်ရာ အရှေ့အာရှ-သြစတြေးလျဒေသ ဆောင်းခိုငှက်များပျံသန်းရာလမ်းကြောင်း၊ ပူးပေါင်းထိန်းသိမ်းရေးအဖွဲ့၏ Flyway Network Site အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် တွင် နိုင်ငံတကာ၏အသိအမှတ်ပြုမှုကို ရရှိထားပြီး ငှက်ကိုအဓိကထား ထိန်းသိမ်းရာနေရာ ဖြစ်ပါတယ်။
သစ်တောဦးစီးဌာနရဲ့ နှစ်စဉ်ငှက်စာရင်း ကောက်ယူမှုများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၃၉ မျိုးနှင့် ကောင်ရေ ၃၆၁၁၃ ကောင် နေထိုင်ကျက်စားကြောင်း တွေ့ရှိရပါတယ်။
နောက်ဆုံးမှတ်တမ်းများအရ ဘေးမဲ့တောအတွင်း တလိုင်းခေါင်း၊ မြစ်တွေး၊ သောင်တင်းငှက်၊ စစ္စလီ၊ ကရ ကတ်၊ ငှက်ကြီးဝန်ပို၊ တင်ကျီး၊ ငဟစ်၊ စင်ရော်၊ တောဝမ်းဘဲ၊ စွန်၊ မယ်ညို၊ ဒေါင်းလန်း ခြေထောက်၊ ခရုစုပ်စသည့် ငှက်မျိုးစိတ်များ နေထိုင်ကျက်စားလျက်ရှိကြပါတယ်။
အဆိုပါငှက်မျိုးစိတ်များအနက် ကြိုးကြာ၊ ခရုစုပ်ခေါင်းမည်း၊ လင်းယုန်၊ မြစ်တွေး၊ စာဘုန်းကြီး၊ ဂေါ့ဒွစ်၊ ဥပန်း၊ ငှက်ကျားစသည့်ငှက်မျိုးစိတ်များသည် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ဒါကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသောငှက်မျိုးစိတ်များကို ထိန်းသိမ်းလျက်ရှိသလို ဘေးမဲ့တောရေရှည် တည်တံ့နိုင်ရန် နှင့် ဒေသခံတို့၏ အသက်မွေးမှုကို စဉ်ဆက်မပြတ်စေရန် ဆောင်ရွက်နေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
သဘာဝခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်လျက်ရှိသော မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် လှေပေါ်သဏ္ဌာန် ရေပေါ်အိမ် (Boat House)များ၊ အပျော်စီး စက်လှေများ၊ ငှက်ကြည့်မျှော်စင်များ ထားရှိပေးတာကြောင့် ဆောင်းခိုငှက်နှင့် ဌာနေ ရေပျော်ငှက်များ မြူးထူးပျော်စံရာ အင်း၏သဘာဝပသာဒနှင့် တွဲဖက်ကာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် နိုင်ငံတကာရေဝပ်ဒေသထိန်းသိမ်းရေးအဖွဲ့(Ramsar Convention)၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်မတ်လက စတင်ရပ်တည်ခဲ့သည့်အလျောက် မိုးယွန်းကြီးအင်းဘေးမဲ့တောသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အရေးကြီးထိန်းသိမ်းရမည့် ရေဝပ်ဒေသအဖြစ် ကနဦးအသိအမှတ်ပြုခြင်းခံရခြင်းလည်း ဖြစ်ပါတယ်။
မိုးယွန်းကြီးအင်းဘေးမဲ့တောအပါအဝင် ရေဝပ်ဒေသများသည် ပတ်ဝန်းကျင် ဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးလျက်ရှိပြီး ရာသီဥတုသာယာမျှတစေရန် ထိန်းညှိပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက် ရှိနေတာ ဖြစ်ပါတယ်။
ထို့ကြောင့် ရေဝပ်ဒေသများသည် ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး၊ စားရေရိက္ခာဖူလုံရေး၊ ရေချိုသယံဇာတများရရှိရေးအတွက်လည်းအရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် မိုးယွန်း ကြီးအင်းအပါအဝင် ရေဝပ်ဒေသများကို စဉ်ဆက်မပြတ် ထိန်း သိမ်းကြရန် လိုပါတယ်။
ခန့်မောင်
#OpinionLeadersMedia
#Article
https://www.facebook.com/share/p/9iBsTKFy61FyRvrk/?mibextid=oFDknk | 101 |
