EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
diciembre '24
diciembre '24
+14
en 0 canales
noviembre '24
+16
en 0 canales
Get PRO
octubre '24
+17
en 0 canales
Get PRO
septiembre '24
+25
en 0 canales
Get PRO
agosto '24
+17
en 0 canales
Get PRO
julio '24
+9
en 0 canales
Get PRO
junio '24
+42
en 0 canales
Get PRO
mayo '24
+14
en 1 canales
Get PRO
abril '24
+10
en 0 canales
Get PRO
marzo '24
+31
en 0 canales
Get PRO
febrero '24
+18
en 0 canales
Get PRO
enero '24
+28
en 0 canales
Get PRO
diciembre '23
+76
en 1 canales
Get PRO
noviembre '23
+41
en 0 canales
Get PRO
octubre '23
+51
en 0 canales
Get PRO
septiembre '23
+44
en 0 canales
Get PRO
agosto '23
+35
en 0 canales
Get PRO
julio '23
+28
en 0 canales
Get PRO
junio '23
+12
en 0 canales
Get PRO
mayo '23
+7
en 0 canales
Get PRO
abril '23
+18
en 0 canales
Get PRO
marzo '23
+14
en 0 canales
Get PRO
febrero '23
+26
en 0 canales
Get PRO
enero '23
+33
en 0 canales
Get PRO
diciembre '22
+30
en 0 canales
Get PRO
noviembre '22
+45
en 0 canales
Get PRO
octubre '22
+598
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 24 diciembre | 0 | |||
| 23 diciembre | +2 | |||
| 22 diciembre | 0 | |||
| 21 diciembre | 0 | |||
| 20 diciembre | +1 | |||
| 19 diciembre | +2 | |||
| 18 diciembre | 0 | |||
| 17 diciembre | +1 | |||
| 16 diciembre | +1 | |||
| 15 diciembre | 0 | |||
| 14 diciembre | 0 | |||
| 13 diciembre | 0 | |||
| 12 diciembre | +1 | |||
| 11 diciembre | 0 | |||
| 10 diciembre | 0 | |||
| 09 diciembre | +1 | |||
| 08 diciembre | +1 | |||
| 07 diciembre | +1 | |||
| 06 diciembre | +2 | |||
| 05 diciembre | 0 | |||
| 04 diciembre | 0 | |||
| 03 diciembre | +1 | |||
| 02 diciembre | 0 | |||
| 01 diciembre | 0 |
Publicaciones del Canal
| 2 | Sin texto... | 1 |
| 3 | 🌿 မကြာခင်ပြုလုပ်တော့မှာဖြစ်တဲ့ "Sustainable Entrepreneurship" Virtual Bootcamp မှာ တက်ရောက်ခွင့်ရရှိသူတွေကို Email ကနေတဆင့် အကြောင်းကြားထားပြီးဖြစ်ပါတယ်နော်။
📌Email စစ်ဖို့မမေ့ပါနဲ့နော်။ ကိုယ့် Inbox ထဲမှာ မတွေ့ပါကလည်း Spam ထဲမှာ စစ်ဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။ Bootcamp မှာဆုံကြပါမယ် 🥰
------------------------------------------------
Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar
#EHSMyanmar #SustainableEntrepreneurship #Bootcamp | 190 |
| 4 | Sin texto... | 200 |
| 5 | Speaker Announcement for "Raise Like A Lotus Webinar "
EHS Myanmar - 23/11/2024
နိုဝင်ဘာလ ၂၇ရက်နေ့တွင် ကျင်းပမည့် "ကြာပန်းပမာ ပွင့်လန်းပါ" ဟောပြောပွဲလေးတွင် ပါဝင်ဟောပြောပေးသွားမယ့် သူကတော့ ဆရာမ Lai Yin Win ပဲဖြစ်ပါတယ်ရှင့်🧡
ဆရာမက ESD Asia Pacific မှ အသိအမှတ်ပြုထားသော မိမိကိုယ်ကို ကာကွယ်ခုခံခြင်းမှတဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြ - Empowerment through Self-Defense (ESD) Teacher တစ်ယောက်ဖြစ်ပါတယ်ရှင့်။ ဆရာမသည် လူသားချင်းစာနာထောက်ထားမှု နှင့် ဆက်စပ်ဆက်တင်များအတွင်း Gender-Based Violence (GBV) ကို ဖြေရှင်းရာတွင် အထူးကျွမ်းကျင်မှု 10 နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ 🪷
2022 ခုနှစ်မှစတင်၍ ဆရာမသည် မတူညီသောအကြမ်းဖက်မှုအမျိုးအစားများအကြောင်း အသိပညာမြှင့်တင်ရန်၊ တစ်ကိုယ်ရည်နယ်နိမိတ်သတ်မှတ်ခြင်းကို သင်ကြားပို့ချပေးကာ အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကျွမ်းကျင်မှုစွမ်းရည်များရရှိစေရန် လေ့ကျင့်ပေးခဲ့ပါတယ်။ နှုတ်ဖြင့်ေပြာဆိုသည့်နည်းစနစ်များ၊ အသိဥာဏ်စွမ်းရည်၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ခုခံကာကွယ်နည်းများကို အမျိုးသမီးများအား အဓိကထား၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။💌
ဆရာမ၏ ကြိုးပမ်းအားထုတ်မှုများသည် ပေါင်းစပ်ညှိနှိုင်းရေး ဗျူဟာများ အားကောင်းစေခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များ တည်ဆောက်ခြင်းနှင့် မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ပိုမိုဘေးကင်းပြီး သာတူညီမျှသော ပတ်ဝန်းကျင်ကို ဖန်တီးရန် အဓိကထား ဆောင်ရွက်ပါတယ်🫶
၂၇ရက်နေ့တွင်ကျင်းပမယ့် ဟောပြောပွဲမှာလည်း မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအတွက် ရည်ရွယ်၍ ဆရာမက ကူညီအားဖြည့်ပေးထားပါတယ်ရှင့်🤗
ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗
ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။
#NoExcuse #OrangeTheWorld #EHSMyanmar #webinar | 174 |
| 6 | Sin texto... | 164 |
| 7 | Digital Age and Violence against Women 🌐⚠️
EHS Myanmar - 21/11/2024
👉ဒစ်ဂျစ်တယ်နည်းပညာဟာ ကျွန်ေတာ်တို့ရဲ့ နေ့စဥ်ဘဝမှာ ပိုပိုပြီး မရှိမဖြစ်လိုအပ်လာတာနဲ့အမျှ တစ်ဖက်မှာလည်း ၎င်းက ကျားမရေးရာအခြေခံအကြမ်းဖက်မှုပုံစံ အသစ်များကို ဖန်တီးဖြစ်ပွားနေစေပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် နည်းပညာပံ့ပိုးပေးတဲ့ အကြမ်းဖက်မှုများဟာ မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ အရှိန်မြှင့်လာခဲ့ပြီး အွန်လိုင်းနဲ့ လက်တွေ့ဘဝမှာ အမျိုးသမီးများရဲ့ လုံခြုံရေးနဲ့ စိတ်ကျန်းမာရေးကို သိသိသာသာ ခြိမ်းခြောက်လာခဲ့ပါတယ်။ သည်အရာဟာ ဒစ်ဂျစ်တယ်ခေတ်မှာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်မှုကို အလေးပေးဖော်ပြနေပါတယ်။
📱Institute of Development Studies အရ အမျိုးသမီး ၁၆ မှ ၅၈ ရာခိုင်နှုန်းကြားဟာ နည်းပညာအကူအညီပေးတဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ရပါတယ်။ Economist Intelligence Unit မှ အမျိုးသမီး ၃၈ ရာခိုင်နှုန်းဟာ အွန်လိုင်းအကြမ်းဖက်မှုဆိုင်ရာ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ ရှိကြပြီး အွန်လိုင်းတွင် ပိုမိုအချိန်ကုန်လေ့ရှိသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ဒစ်ဂျစ်တယ် အကြမ်းဖက်မှုကို ပိုမိုကြုံတွေ့ခဲ့ရကြောင်း စစ်တမ်းရရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အလုပ်၊ ကျောင်းနှင့် လူမှုရေးလုပ်ငန်းများအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အွန်လိုင်းနှင့် ထိတွေ့လာခြင်းဟာ ဒစ်ဂျစ်တယ် အကြမ်းဖက်မှုကို တိုးလာရတဲ့ အကြောင်းပြချက် တစ်ခုလဲဖြစ်ပါတယ်။
📝ထိုအရာတွေက ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးနဲ့ မိန်းကလေးတွေ တွေ့ကြုံနေရတဲ့ အရာတွေလဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ေတာ်တို့ EHS Myanmar မှ နိုဝင်ဘာလ ၂၄ရက်တွင် "ကြာပန်းလေးပမာ ပွင့်လန်းပါ" ဆိုတဲ့ ဟောပြောပွဲ တစ်ခုစီစဉ်ထားပါတယ်။ ဟောပြောပွဲမှာဆိုရင်တော့ အမျိုးသမီးတွေ တွေ့ကြုံရလေ့ရှိတဲ့ နှောင့်ယှက်မှုေတွ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ပြောပြသွားပြီး အဲ့ဒီအရာတွေကို ဘယ်လိုမျိုးကာကွယ်ကြမယ်၊ အကယ်၍ ကိုယ်တိုင်တွေ့ကြုံလာရပါက ဘယ်လိုမျိုးတွေ ရင်ဆိုင်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်ဗျ🧡
ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗
ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။
#NoExcuse #OrangeTheWorld #EHSMyanmar #webinar | 161 |
| 8 | 🌊🐟 Happy World Fisheries Day! 🐟🌊
Today, we celebrate the importance of sustainable fishing and healthy waters for Myanmar’s communities and future. Let’s work together to protect our marine life! 💙
#EHSMyanmar #WorldFisheriesDay | 136 |
| 9 | Sin texto... | 153 |
| 10 | ကျား၊ မ တန်းတူညီမျှရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ
-----------------------------------------------
EHS Myanmar | 19.11.2024
“အိမ်မှုကိစ္စတွေဟာ မိန်းမတွေရဲ့အလုပ်” ဆိုတဲ့စကားမျိုးက မြန်မာမှာတင်မက ကမ္ဘာမှာပါ ခေတ်အဆက်ဆက် လက်ခံကျင့်သုံးလာခဲ့တဲ့ ကျား၊ မ ခွဲခြားဆက်ဆံတဲ့ အတွေးအခေါ်၊ စကားတွေထဲက တစ်ခုပါ။ ကမ္ဘာတစ်လွှားက လူ့သမိုင်းတစ်လျှောက်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဆင့်နိမ့်တယ်၊ အားနည်းတယ်လို့ အစဥ်အဆက် လက်ခံကျင့်သုံးလာတဲ့အတွက် တချို့သော လက်ခံကျင့်သုံးပုံတွေက ကျား၊ မ ခွဲခြားဆက်ဆံနေတာလားဆိုတာကို မခွဲခြားတတ်တော့အောင် အရိုးစွဲနေတဲ့ ကျင့်စဥ်တစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါတယ်။
ဒါပေမယ့် ၂၀ ရာစုနဲ့ ၂၁ ရာစုနောက်ပိုင်းတွေမှာတော့ ကျား၊ မ ခွဲခြားခြင်းကို ဆန့်ကျင်တဲ့ ဆန့်ကျင်ရေးသမားတွေ တစ်ဆ၊ တစ်ဆ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းမှာ ကျား၊ မ တန်းတူညီမျှရရှိရေးကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးသင့်တဲ့ လူ့အခွင့်အရေးအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတွေကနေ လက်ခံလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကစတင်ခဲ့တဲ့ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပန်းတိုင် ၁၇ ခုပါ၀င်တဲ့ SDG Goals တွေထဲမှာလဲ ကျား၊ မ တန်းတူညီမျှရေးဟာ ပါ၀င်ပါတယ်။
ကျား ၊ မ တန်းတူညီမျှရေးရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပိုပေးလိုက်တယ်ဆိုရုံတင်အတွက်မဟုတ်ဘဲ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လူမှုအသိုင်းအဝိုင်းရဲ့ ကဏ္ဍပေါင်းစုံမှာ ရည်ရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် လူသားတိုင်းတန်းတူလုပ်ဆောင်နိုင်ဖို့အတွက်ကိုပါ ရည်ရွယ်ပါတယ်။ ဒီလို ကျား၊ မ တန်းတူညီမျှရေးအတွက်ကို လုပ်ဆောင်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါတယ်လို့ ပြောရပါမယ်။
၂၁ ရာစု နှောင်းပိုင်းမှာ ကမ္ဘာတစ်လွှားက လူငယ်တွေဟာ ကျား၊ မ တန်းတူညီမျှရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်လှုံ့ဆော်လာကြပါတယ်။ ရှေးရိုးစွဲရှိလာခဲ့တဲ့ ခွဲခြားဆက်ဆံတဲ့ လူမှုစံနှုန်းတွေ ပပျောက်အောင်၊ လူသားအားလုံး ညီတူမျှတူ အခွင့်အရေးတွေ ခံစားရအောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ သူတို့အသံတွေကို ထုတ်ဖော်ပြီး၊ ကျား ၊ မ တန်းတူညီမျှရေးအတွက်ကို တောင်းဆို၊ လှုံ့ဆော်မှုတွေ အများကြီး ပြုလုပ်လာကြပါတယ်။ အဖွဲ့အစည်းတွေအားဖြင့်သော်လည်းကောင်း၊ တစ်ယောက်ချင်းဆီအားဖြင့်သော်လည်းကောင်း မြေပြင်မှာကော၊ အင်တာနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွေမှာပါ အသိပညာမျှဝေပေးမှုတွေနဲ့ ကျား၊ မ တန်းတူညီမျှရေးအတွက်ကို တက်တက်ကြွကြွနဲ့ ပါ၀င်လာကြပါတယ်။
တကယ်လည်း ဒီလှုပ်ရှားမှုတွေက အချည်းအနှီးတော့ မဖြစ်ပါဘူး။ Survey တွေအရ ၂၀၁၅ နောက်ပိုင်းမှာဆိုရင် ပညာသင်ကြားခွင့်ရတဲ့ အမျိုးသမီးတွေက နဂိုထက် ၅၀ မီလျံထိကို တိုးတက်လာတယ်လို့တွေ့ရပြီး၊ ကမ္ဘာတစ်လွှား အမျိုးသမီးခေါင်းဆောင်တွေလည်း ပိုပိုတိုးလို့ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီရလဒ်တွေရဲ့ အကျိုးဆက်တွေဟာ လူမှုအသိုင်းအဝိုင်းအပေါ်မှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
ယနေ့ခေတ်လူငယ်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်အားထက်သန်မှုတွေ အများကြီး အားကောင်းကြပါတယ်။ Globalization ခေတ်ကြီးဖြစ်တဲ့အတွက် လူငယ်တွေဟာ သင်ယူမှုတွေ အများကြီးလုပ်နိုင်တဲ့အခါမှာ မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းတွေဟာလည်း အရင် generation ထက်ကို ပိုအားကောင်းလာပါတယ်။ လူငယ်ရဲ့ သွက်လက်ဖြတ်လက်မှု၊ စိတ်အားထက်သန်စွာနဲ့ ကြိုးစားမှုတွေဟာ ကျား၊ မ တန်းတူညီမျှရေးမှာ အများကြီး အထောက်အကူဖြစ်တယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ပါ။
ကျား၊ မ တန်းတူညီမျှရေးဟာ တစ်ကမ္ဘာလုံးမှာ အတိုင်းအတာတစ်ခုထိတော့ အောင်မြင်ထားတယ်ဆိုပေမယ့် အခြေအနေအမျိုးမျိုး၊ စိန်ခေါ်မှု အမျိုးမျိုးကြောင့် ကျား၊ မ တန်းတူညီမျှရေး မရရှိသေးတဲ့ နေရာ၊ ဒေသတွေလည်း အများကြီးကျန်ရှိပါသေးတယ်။ ဒီဒေသတွေမှာ ကျား၊ မ တန်းတူညီမျှရေး ရရှိဖို့အတွက်ကို တက်ကြွလှုပ်ရှားသူတွေက သေချာပေါက်ဆက်လက်တိုက်ပွဲ၀င်သွားဦးမှာဖြစ်လို့ ဒီကဏ္ဍတွေမှာပါ၀င်တဲ့ လူကြီးတွေဟာ တက်ကြွလှုပ်ရှားသူ လူငယ်တွေအတွက် နေရာပေးသင့်သလို၊ သူတို့ရဲ့ စကားသံတွေကိုလည်း နားထောင်သင့်ပါတယ်။ “ယနေ့လူငယ်၊ နောင်၀ယ်လူကြီး” ဖြစ်လာမယ့် လူငယ်တွေကို နေရာပေးခြင်းဟာ ကျား ၊ မ တန်းတူညီမျှရေး အတွက်တင်သာမက၊ ရည်ရှည်တည်တံ့ဖွံ့ဖြိုးတဲ့ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးခြင်းပဲ ဖြစ်တာမို့၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လွန်စွာလိုအပ်ပါတယ်။
ရေးသားသူ - Asta (EHS Myanmar)
ကိုးကား - plan-international.org
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #genderequality #genderequalityforall #genderequalitymatters #womenempowerment | 163 |
| 11 | Sin texto... | 128 |
| 12 | သင်သိပါသလား👉👉👉
ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃၈% ဟာ အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုတွေကို တွေ့ကြုံခံစားနေရတယ်ဆိုတာ......
နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ တစ်ဖက်မှာလဲ မကောင်းတဲ့စိတ်နဲ့ နည်းပညာတွေကို အသုံးချနေတဲ့ လူတစ်စုကလဲ ရှိနေပါတယ်။ ထိုလူတစ်စုကြောင့် အမျိုးသမီးများအနေနဲ့ "Online Harassment" လို့ခေါ်တဲ့ အင်တာနက်မှတဆင့် နှောင့်ယှက်မှုကို တွေ့ကြုံကြရပြီး စိတ်မလုံခြုံမှုကို ခံစားနေရပါတယ်။
ဥပမာအနေနဲ့ အတွေ့အများရဆုံးကတော့ လိင်ပိုင်းဆိုင်ရာကို စကားလုံးဖြင့် ရေးသားနှောင့်ယှက်မှုပဲဖြစ်ပါတယ်။
ကျွန်မတို့ EHS Myanmar မှ နိုဝင်ဘာလ ၂၄ရက်မှာ ကျင်းပပြုလုပ်မယ့် "ကြာပန်းလေးပမာ ပွင့်လန်းပါ" ဟောပြောပွဲမှာဆိုရင်တော့ အမျိုးသမီးတွေ တွေ့ကြုံရလေ့ရှိတဲ့ နှောင့်ယှက်မှုေတွ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ပြောပြသွားပြီး အဲ့ဒီအရာတွေကို ဘယ်လိုမျိုးကာကွယ်ကြမယ်၊ အကယ်၍ ကိုယ်တိုင်တွေ့ကြုံလာရပါက ဘယ်လိုမျိုးတွေ ရင်ဆိုင်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်🧡
ဆွေးနွေးပွဲလေးကို စိတ်ဝင်စားလို့ နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှတဆင့် စာရင်းပေးလို့ ရပါတယ်ရှင့်
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဆွေးနွေးပွဲကို တက်ရောက်နားထောင်သူတွေကို အသိအမှတ်ပြုလက်မှတ်လေးလဲ ချီးမြှင့်ပေးသွားဖို့ ရှိလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🤗
ဆွေးနွေးပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်- နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့။ မနက် ၁၀နာရီမှ ၁၁နာရီခွဲထိ။
#NoExcuse #OrangeTheWorld #EHSMyanmar #webinar | 166 |
| 13 | Sin texto... | 136 |
| 14 | Employee Announcement - Research Team
———————————————————
မအိမွန်စိုးသည် ပါရမီအွန်လိုင်းတက္ကသိုလ် (PARAMI Online University) တွင် စာရင်းအင်းပညာနှင့် ဒေတာ သိပ္ပံကို (Statistics and Data Science) တက်ရောက်လေ့လာနေသူတဦးဖြစ်ပါသည်။
သူမသည် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည် တည်တံ့ခိုင်မြဲရေးဆိုင်ရာ ကိစ္စရပ် (Environmental and Sustainability Issues) များကို သုတေသနပြုရာတွင် ကူညီပေးလျက်ရှိပြီး EHS Myanmar မှဖွင့်လှစ်သင်ကြားသော အွန်လိုင်းသင်တန်းများတွင်လည်း စည်းရုံးရေးမှူး (Organizer) အဖြစ်လုပ်ဆောင်ပေးလျက်ရှိပါသည်။ သူမသည် EHS Myanmar ၏ Capacity Building Training များ နှင့် Soft Skill Training ပေါင်းများစွာကိုလည်း တက်ရောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။
အိမွန်စိုးသည် EHS Myanmar ၏ Research Department တွင် အလုပ်သင် (Research Intern) အဖြစ် ၆ လ လုပ်ကိုင်ပြီးနောက် ယခုအခါ The Environment, Health, and Safety Myanmar (EHS Myanmar) ၏ Research Assistant ရာထူးဖြင့် အဖွဲ့၏ ပရောဂျက်များ၊ သဘာဝပတ်ဝန်းကျင်ပညာပေးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။
...................................................................................
"Working as one team makes us stronger, more efficient, and adds value to our EHS Myanmar."
#EHSMyanmar #member #employer #Researchdepartment #researchassistant | 164 |
| 15 | Sin texto... | 163 |
| 16 | ကြာပန်းလေးပမာ ပွင့်လန်းပါ🧡
≠================≠===============================
EHS Myanmar - 16/11/2024
မင်္ဂလာပါ EHS Myanmarရဲ့လစဉ် webinar လေးကို Register လုပ်ရန်ဖိတ်ခေါ်ရင်း ဒီလရဲ့ခေါင်းစဉ်လေးကို မိတ်ဆက်လိုက်ရပါတယ်။
လှပတင့်တယ်သောကြာပန်းလေးများဟာ ရွှံ့နွံထဲမှတိုးထွက်လျက် လှပပွင့်လန်းလာသကဲ့သို့ ကျွန်မတို့မိန်းမသားများသည်လည်း မည်သို့ပင်အခက်အခဲများကြုံရစေကာမူ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်ရေစီးကြောင်းနှင့်အညီ လှပကျော့ရှင်းစွာ ရင်ဘောင်တန်းနိုင်ကြောင်း ရည်ရွယ်လျက် “Rise like a Lotus: Empowering women to overcome” ဆိုသော ခေါင်းစဉ်လေးနဲ့အတူ webinar လေးကိုပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။
Webinarလေးကတော့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် လူမှုအခန်းကဏ္ဍတွင် အမျိူးသမီးများရဲ့စွမ်းဆောင်ချက်များနဲ့ စိန်ခေါ်မှုများအားဖြေရှင်းရန်နည်းလမ်းများကို နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့တွင် ဆွေးနွေးဟောပြောပေးသွားမှာဖြစ်ပါတယ်။🤩
ယခင်ခေတ်နှင့်အချို့သောနေရာများတွင်အမျိုးသမီးများအပေါ်ထားရှိသောအမြင်များအပေါ်မူတည်လက်ခွဲခြားဆက်ဆံမှုများရှိခဲ့ရာအမျိုးသမီးထုအပေါ်အကြမ်းဖက်မှုများကင်းဝေးရေးနှင့်တန်းတူညီမျှလုပ်ပိုင်ခွင့်ရရှိရေးတို့ကိုသိရှိနားလည်စေရန်ရည်ရွယ်ဟောပြောသွားမှာမို့ Stay tunedပါ!!!!!!
ဒါ့အပြင် webinarတွင်တက်ရောက်ဆင်နွှဲခဲ့ကြောင်း Certificate of Attendence(COA) ပါပေးအပ်သွားမှာဖြစ်ပါတယ်။ 📝
စိတ်ဝင်စားတယ်ဆိုရင် အခုဘဲ Register လို့ရပါပြီ!
https://docs.google.com/forms/d/e/1FAIpQLSepmc6a7U9PQbxXBckkvi78T8y_QJxt24huTJoqpP4XL1-z1g/viewform?usp=sf_link
ဘယ်သူတွေပါဝင်သင့်သလဲဆိုရင် အမျိုးသမီးများသာမက ကိုယ်ချစ်ရတဲ့သူတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ဖို့ အမျိုးသားများအနေနဲ့လဲ တက်ရောက်နားထောင်သင့်ကြောင်း တိုက်တွန်းလိုပါတယ်ရှင့်🧡
နေ့ရက် - နိုဝင်ဘာလ ၂၄ရက်၊ တနင်္ဂနွေနေ့
အချိန် - မနက် ၁၀ နာရီမှ ၁၁နာရီခွဲထိ
#NoExcuse #OrangeTheWorld #16Days #EHSMyanmar #webinar | 175 |
| 17 | Sin texto... | 152 |
| 18 | DAY 1
သင်ဟာ ရေရှည်တံတည့်ဖွံ့ဖြိုးရေးနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ EHS Myanmar က ပြုလုပ်မယ့် "Sustainable Entrepreneurship" Virtual Bootcamp လေးကို ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်နော်။
ပါဝင်ချင်သူများအနေဖြင့် နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိတက်ရောက်ရမှာ ဖြစ်ပြီး Group Project Presentation ရက်ကတော့ ဒီဇင်ဘာလ (၉) ရက်နေ့ ဖြစ်ပါတယ်။ တက်ရောက်ရမဲ့ အချိန်ကတော့ ညနေ ၆ မှ ၈ အထိဖြစ်ပါတယ်။
🎓 ဒီ Bootcamp ရဲ့ Day 1 အဖြစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှာ သင်ကြားပေးမယ့် Instructor နဲ့မိတ်ဆက်ပေးချင်ပါတယ်။
🎓 ဆရာ ဒေါက်တာကောင်းထက်စွမ်း ဖြစ်ပါတယ်။
ဆရာက စွန့်ဦးတီထွင်လုပ်ငန်းတွေလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်၊ ရေရှည်တည်တံဖွံ့ဖြိုးအောင် ထည့်သွင်းစဉ်းစားသင့်တဲ့ Sustainable Development Goals တွေကို သေချာသင်ကြားပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
ဆရာရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အနေဖြင့် -
ဒေါက်တာကောင်းထက်စွမ်းသည် The Environment, Health and Safety Myanmar (EHS Myanmar) ရဲ့ Founder တစ်ယောက်လည်းဖြစ်သလို Executive Director အဖြစ် ယခုလက်ရှိလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ ဒေါက်တာကောင်းထက်စွမ်းသည် Ph.D. ပါရဂူဘွဲ့ကို Environmental Engineering ဖြင့် Mahidol University မှလည်းကောင်း၊ Master of Engineering (Environmental Engineering and Management) ကို Asian Institute of Technology (AIT) မှလည်းကောင်း၊ Bachelor of Engineering (Mechanical Engineering) ကို WYTU မှလည်းကောင်းရရှိထားပါတယ်။ ၂၀၂၃ ခုနှစ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု (ASEAN Youth-Eco Champion Award) ကို မြန်မာနိုင်ငံကိုယ်စားပြုရရှိထား သူလဲဖြစ်ပါတယ်။
သူသည် EHS Myanmar နှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးခြင်း၊ လူငယ်စွမ်းရည် မြှင့်တင်ခြင်း နှင့် ရေရည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ အသိပညာပေးဆောင်းပါး များ နှင့် နည်းပညာဆောင်းပါးများကို “နိုင်ကျော်လူ” ကလောင်အမည်ဖြင့် စာရေးဆရာတစ်ယောက် ဖြစ်ပြီး EIA နယ်ပယ်တွင်လဲအကြံပေးအဖြစ်လုပ်ကိုင်လျက်ရှိပြီးလုပ်သက် (၇)နှစ် ကျော်အတွေ့ အကြုံရှိထားသူလဲဖြစ်ပါတယ်။
Bootcamp ကို စိတ်ပါဝင်စားသူအနေဖြင့် အောက်ပါ Link ကနေပြီးတော့ Register လုပ်လို့ရပါပြီနော်
https://forms.gle/fRkdt8u3vkKRAgwJ7
❗လူဦးရေကန့်သတ်ထားတဲ့အတွက် အမြန်ဆုံး စာရင်းသွင်းဖို့မမေ့ပါနဲ့နော်❗
Bootcamp အသေးစိတ်ကို ဒီမှာဖတ်ရှူပါ။
https://www.facebook.com/share/p/1WdQcWvKNu/
-------------------------------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #SustainableEntrepreneurship #Bootcamp | 161 |
| 19 | Sin texto... | 198 |
| 20 | Sustainable Entrepreneurship Bootcamp
💼 သင်ဟာ ရေရှည်တည်တံခိုင်မြဲမှုနဲ့အတူ စွန့်ဦးတီထွင်လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ EHS Myanmar က ပြုလုပ်မယ့် Virtual Bootcamp လေးကို ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။
💼 Bootcamp ကတော့ "Sustainable Entrepreneurship Bootcamp" ပဲ ဖြစ်ပါတယ်။
ဒီ Virtual Bootcamp ကို နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိတက်ရောက်ရမှာ ဖြစ်ပြီး Group Project Presentation ကို ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တက်ရောက်ရမဲ့ အချိန်ကတော့ မြန်မာအချိန် ညနေ ၆ မှ ၈ အထိဖြစ်ပါတယ်။
💼 Bootcamp မှာ ဘယ်သူတွေသင်မှာလဲ။ ဘာတွေ သင်ကြားရမှာလဲ?
ဒီ Bootcamp မှာတော့ လူငယ်တွေအနေနဲ့ Sustainability Knowledge နဲ့ Entrepreneurship Skill တွေကို ပေါင်းစပ်ထားတဲ့ Module တွေဖြစ်တဲ့
- Sustainable Development Goals (November 29)
- Design Thinking and Innovation (November 30)
- Circular Economy (December 1)
- Elevator Pitching (December 2)
တွေကို မိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ထို
အကြောင်းအရာတွေကို ရေရှည်တည်တံခိုင်မြဲရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်များမှာ အတွေ့အကြုံများစွာရှိထားတဲ့ ဆရာ၊ ဆရာမများက သင်ကြားပေးသွားမှာဖြစ်ပါတယ်။
💼 ဒါ့အပြင် Bootcamp Project Presentation မှာ အနိုင်ရရှိသွားတဲ့ အဖွဲ့ (၃) ဖွဲ့ကိုလည်း ပထမ၊ ဒုတိယ၊ တတိယ အလိုက် ဆုတွေပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။
(1) ပထမဆု အနေနဲ့ EHS Myanmar မှာ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 100% Full Scholarship ဖြင့်တက်ရောက်ခွင့် နှင့် EHS Myanmar မှာ Internship ဆင်းနိုင်မည့်အခွင့်အရေး။
(2) ဒုတိယဆု အနေနဲ့ EHS Myanmar မှ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 50% Scholarship ဖြင့်တက်ရောက်ခွင့်။
(3) တတိယဆု အနေနဲ့ကတော့ EHS Myanmar မှ ဖွင့်လှစ်မယ့် သင်တန်းတစ်ခုကို 30% Scholarship ဖြင့်တက်ရောက်ခွင့်တို့ရရှိမှာဖြစ်ပါတယ်။
💼 Bootcamp ကို ဘယ်သူတွေ လျှောက်ထားလို့ရသလဲ?
- အသက် (၁၈) နှစ် နဲ့ အသက် (၂၅)နှစ်ကြား ဖြစ်ရပါမယ်။
- Bootcamp (၅) ရက်လုံးကို စိတ်ပါဝင်စားစွာနှင့် မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရပါမယ်။
သင်တန်းကြေးကတော့ 100% free ဖြစ်ပြီး ဒီ (၂) ချက်နဲ့ကိုက်ညီရင်တော့ အခုပဲ လျှောက်ထားလို့ဖို့ တိုက်တွန်းလိုက်ရပါတယ်။
Registration Form - https://forms.gle/uAxAE87rsbLAAzg3A
❗Registration Form ကိုတော့ နိုဝင်ဘာလ 23 ရက်နေ့ မြန်မာအချိန် နေ့လည် 12 နာရီမှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်❗
❗လူဦးရေ အကန့်အသတ်ရှိတဲ့အတွက်လည်း အမြန်ဆုံးစာရင်းသွင်းဖို့မမေ့ပါနဲ့နော်❗
-------------------------------------------------------------------------------------------------
Please subscribe to our YouTube Channel - https://www.youtube.com/@EHSMyanmar
#EHSMyanmar #SustainableEntrepreneurship #Bootcamp | 213 |
