es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 546 suscriptores, ocupando la posición 16 068 en la categoría Noticias y medios y el puesto 10 064 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 546 suscriptores.

Según los últimos datos del 17 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -265, y en las últimas 24 horas de -4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.37%. Durante las primeras 24 horas tras publicar, el contenido suele obtener 10.05% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 925 visualizaciones. En el primer día suele acumular 1 262 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 16.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 546
Suscriptores
-424 horas
-517 días
-26530 días
Archivo de publicaciones
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်
+1
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို မေ ၂၇၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရွှေကျင်-ဘောကထနှင့် ဒေသတဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီးပြန် လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း၊ ဝမ်းမြောက်စွာသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

+1
ဗီဒီယို - 'ကျွန်တော်တို့အတွက် ရေနံလည်း မလိုဘူး။ ဟော်မုဇ်ရေလက်ကြားလည်း မလိုဘူး။ ဘာတစ်ခုမှ မလိုဘူး။' ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ဓါတ်ပုံ - ထရမ့်၏ 'ရေနံမလိုပါ' ဟု ပြောဆိုချက်အပေါ် အီရန်နိုင်ငံက လှောင်ပြောင်သရော်လိုက်သည်။ NOM

ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ ရွှေတုံးများနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး ဒ
ဒေါ်လာသန်း ၄၀ တန်ဖိုးရှိ ရွှေတုံးများနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး ဒေးဗစ် ရပ်ရှ် (David Rush) ဆို သူဟာ ထိပ်တန်းလျှို့ဝှက်ချက်များကြည့်ရှုခွင့် (Top Secret clearance) ရရှိထားတဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ (CIA) ရဲ့ အဆင့်မြင့်အရာရှိဟောင်းတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ မတ်လအတွင်း သူက စီအိုင်အေရဲ့ နည်းပညာနဲ့ စပိုင်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေမှာ သုံးစွဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတုံး (၃၀၃ တုံး၊ စုစုပေါင်း ၃၀၃ ကီလိုဂရမ်ခန့်) နဲ့ နိုင်ငံခြားငွေတွေကို ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။ FBI က ၎င်းရဲ့ ဗာဂျီးနီးယားပြည်နယ်က နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အဆိုပါ ဒေါ်လာ ၄၀ သန်းကျော်တန် ရွှေတုံးတွေအပြင် အမေရိကန်ဒေါ်လာ ၂ သန်းခန့်နဲ့ ရိုးလက်စ် Rolex အပါအဝင် ဇိမ်ခံနာရီ ၃၅ လုံးကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ၎င်းကို ပြည်သူ့ဘဏ္ဍာ ခိုးယူမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ NOM

မြန်မာ - တရုတ် နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး မေ ၂၇၊ ၂၀၂၆ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ
မြန်မာ - တရုတ် နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး မေ ၂၇၊ ၂၀၂၆ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဌာန၏ ဒုတိယအကြီးအကဲနှင့် အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်မှုဆိုင်ရာဝန်ကြီး မစ္စ ချောင်ရှုမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား တက်ရောက်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေး၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ပူးပေါင်းရိုက်ကူးနိုင်ရေး၊ လူငယ်နှင့် နည်းပညာဆိုင်ရာကဏ္ဍ ပူးပေါင်းတီထွင်ဖန်တီးမှုများ ဖလှယ်နိုင်ရေး၊ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ထို့နောက် မစ္စ ချောင်ရှုမင်းနှင့် အဖွဲ့သည် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ပျော်ရွှင်လေ့လာတရုတ်စာသင်ခန်းစာ အသံသွင်းမှုကိုလည်းကောင်း၊ Vitual Studio တွင် မြန်မာ- တရုတ် ချစ်ကြည်ရေးတေးသီချင်း ရိုက်ကူးမှုကိုလည်းကောင်း၊ News Channel Studio တွင် သတင်းထုတ်လွှင့်မှုကိုလည်းကောင်း၊ Audiotorium ခန်းမတွင် တရုတ် - မြန်မာ ချစ်ကြည်ရေးအဖြစ် ရှမ်းပဲပုပ်သီချင်းအား မြန်မာ - တရုတ် နှစ်ဘာသာဖြင့် သီဆိုလေ့ကျင့်နေမှုကိုလည်းကောင်း၊ စိန်ရတုပြတိုက်အတွင်းတွင်လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက နေပြည်တော် Horizon Lake View Resort ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အမေရိကန်တရားရေးဌာနသည် ဒေါ်နယ်ထရမ့်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခဲ့သူ အီး ဂျင်း ကာရိုးလ် (E. Jean Carroll) အပေ
အမေရိကန်တရားရေးဌာနသည် ဒေါ်နယ်ထရမ့်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခဲ့သူ အီး ဂျင်း ကာရိုးလ် (E. Jean Carroll) အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သမ္မတအပေါ် တရားမကြောင်းအရ တရားစွဲဆိုထားသည့် အမှု (၂) ခုနှင့် ပတ်သက်၍ သက်သေထွက်ဆိုချက်ပေးရာတွင် ကာရိုးလ်အနေဖြင့် တရားရုံးတွင် မဟုတ်မမှန် သက်သေထွက်ဆိုမှုကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်အပေါ် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်သည်။ NOM

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထုတ်ပြန်ချက်– 'အရုဏ်ဦးအချိန်က ဘန်ဒါအာဘတ်စ် (Bandar Abbas) လေဆိပ်ဆင်ခြေဖုံးရှိ နေရာတစ်ခုကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက်၊ အဆိုပါ ရန်စကျူးလွန်မှု စတင်ရာအရင်းအမြစ်ဖြစ်သော အမေရိကန် လေတပ်အခြေစိုက်စခန်းကို နံနက် ၀၄:၅၀ နာရီတွင် ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ယခုတုံ့ပြန်မှုသည် အီရန်နိုင်ငံအပေါ် မည်သည့်ရန်စကျူးလွန်မှုမဆို တုံ့ပြန်မှုမရှိဘဲ ပြီးဆုံးသွားမည်မဟုတ်ကြောင်း ရန်သူ သိရှိစေရန် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကယ်၍ ထပ်မံကျူးလွန်လာပါက ကျွန်ုပ်တို့၏ တုံ့ပြန်မှုမှာ ယခုထက်မက ပိုမိုပြတ်သားလိမ့်မည် ဖြစ်သည်။ ယခုကျူးလွန်မှု၏ နောက်ဆက်တွဲအကျိုးဆက်များအတွက် ရန်စကျူးလွန်သူ (အမေရိကန်) တွင်သာ လုံးဝတာဝန်ရှိလိမ့်မည် ဖြစ်သည်။' NOM

အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် မေ ၂၇၊ ၂၀၂၆ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နေ မ-------၊(၁၀/၂၀၂၆) နှစ်သည် အိမ်ချင်းကပ်လျက်ရှိသည့် ရွှေနဒီရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလွင်ဦး (ခ) ကိုလေး၊ (၆၁) နှစ်၊ (ဘ) ဦးမြကျော်၊ ပန်းတိမ်ဆရာ၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့နေသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ဆိုင်သို့မကြာခဏ သွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးသည် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ ၎င်းအား ပေါင်ပေါ်တွင် ထိုင်စေပြီး ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါအား ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်နေစဉ် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ၎င်းအား ဖုန်းပေးကိုင်၍ ဂိမ်းဆော့စေခိုင်းထားကြောင်း။ နောက်တစ်နေ့တွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ဆိုင်ပိုင်ရှင်များမရှိသည့် အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ခေါ်ဆောင်၍ ၎င်း၏ ဘောင်းဘီအားချွတ်ပြီး မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ ဦးဝင်းလွင်ဦး (ခ) ကိုလေးက အဆိုပါဗီဒီယိုများအား Kolay 147147@gmail.com Google Drive တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည်တော်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း(ပ)၅၂/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံ ဦးဝင်းလွင်ဦး (ခ) ကိုလေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ခ
+4
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်၊ တီးတိန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် မေ ၂၇၊ ၂၀၂၆

ဒုတိယဝန်ကြီး ဦးမျိုးမြင့် လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရ
ဒုတိယဝန်ကြီး ဦးမျိုးမြင့် လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး မေ ၂၇၊ ၂၀၂၆ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း) ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များသို့ ရောက်ရှိပြီး လမ်းအသုံးပြုခကောက်ခံမှုစနစ်များနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ထားမှု၊ အမြန်လမ်းမကြီး၌ ဖြတ်သန်းခွင့်ရှိသည့် Telematic စနစ် တပ်ဆင်ထားသည့် သတ်မှတ်ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မှန်လုံယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်း၍ သတ်မှတ်တန်ချိန်ကျော်လွန်မှုမရှိစေရန် တိုးလ်ဂိတ်ရှိ ကတ္တားပေါ်၌ ချိန်တွယ်၍ ဖြတ်သန်းမောင်းနှင်သွားလာနေမှု၊ နေ့စဉ်ကောက်ခံရရှိသည့် လမ်းအသုံးပြုခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစာရင်းပြုစုထားမှု၊ တိုးလ်ဂိတ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁-၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား (အပြန်) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားအဟောင်းဖျက်သိမ်းမှုနှင့် တံတားအသစ်တည်ဆောက်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်နှင့် အမှတ် (၃) တိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေ၊ တိုးလ်ဂိတ်ရှိ ကတ္တားပေါ်သို့ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်သွားလာနေမှုများအား ချိန်တွယ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟော်မုဇ်ရေလက်ကြားအရေးကိစ္စတွင် အိုမန်နိုင်ငံအနေဖြင့် အီရန်ဘက်က ရပ်တည်မည်ဆိုပါက အိုမန်ကို ဗုံးကြဲဖျက်ဆီးပစ်မည် ဟု ထရမ့်က ပြောကြားလိုက်သည်။ 'ဒီရေလက်ကြားတွေဟာ လူတိုင်းအတွက် ဖွင့်လှစ်ထားမှာဖြစ်ပြီး ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာမှ ရှိနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် စောင့်ကြည့်သွားမှာပါ။ အိုမန်အနေနဲ့ တခြားနိုင်ငံတွေလိုပဲ စည်းကမ်းတကျ နေထိုင်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ သူတို့ကို ကျွန်တော်တို့ ဗုံးကြဲဖျက်ဆီးပစ်ရလိမ့်မယ်' ဟု ထရမ့်က ပြောကြားခဲ့သည်။ NOM

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိ
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းသည် ယနေ့ညဦးပိုင်းက ၎င်း၏ ရေဒါစနစ်ကို ပိတ်၍ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းမောင်းနှင်ရန် ကြိုးပမ်းခဲ့သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်၏ သတိပေးပစ်ခတ်မှုများကြောင့် ရပ်တန့်ကာ နောက်ကြောင်းပြန်လှည့်သွားခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းမြစ်တစ်ခုက တာ့စ်နင် သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က ဘန်ဒါအာဘတ်စ် (Bandar Abbas) မြို့အနီးရှိ ဧရိယာတစ်ခုကို တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ NOM

အမေရိကန် သတင်းဌာန AP ၏ ဖော်ပြချက်အရ ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) နှင့် ပတ်သက်သည့် ရာဇ
အမေရိကန် သတင်းဌာန AP ၏ ဖော်ပြချက်အရ ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) နှင့် ပတ်သက်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ရှေ့ဆက်မလုပ်ဆောင်ရန် မိုင်ယာမီရှိ ဖယ်ဒရယ် အစိုးရရှေ့နေများကို ထရမ့်အစိုးရအဖွဲ့က တိတ်တဆိတ် ညွှန်ကြားထားသည်။ NOM

+2
ဘင်ဂျဘေးလ် (Bint Jbeil) မြို့တွင် အစ္စရေးစစ်သားများကိုတင်ဆောင်လာသည့် စစ်ကားတစ်စီးကို ဟစ်ဇဘိုလာအဖွဲ့က FPV တိုက်ခိုက်ရေးဒရုန်းဖြင့် ချေမှုန်း။ NOM

ရနောင်းတွင် မြန်မာကုန်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွား၊ သင်္ဘောသား ၆ ဦးပါဝင် NOM၊မေ ၂၄ ၊ ၂၀၂၆ ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ မောင
ရနောင်းတွင် မြန်မာကုန်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွား၊ သင်္ဘောသား ၆ ဦးပါဝင် NOM၊မေ ၂၄ ၊ ၂၀၂၆ ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ မောင်ရနောင်းမြို့နယ် ပတ်နမ်ကျေးရွာအုပ်စုရှိ ရနောင်းရေလမ်းကြောင်းအနီးတွင် မေ ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားပိုင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါသတင်းထုတ်ပြန်ချက်အရ PHYO HTET ZAW အမည်ရှိ မြန်မာကုန်တင်သင်္ဘောသည် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် သင်္ဘောအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသင်္ဘောတွင် သင်္ဘောသား ၆ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ထားသည်။ ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး မေ ၂၆၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး   မေ ၂၆၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးသည်။   ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။   အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ တာဝန်ရှိသူများက ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောလ်ပင်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့ NOM မေ ၂၆၊ ၂၀၂၆ ရန်ကုန်တိုင်
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်သုံးမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့ NOM မေ ၂၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ယနေ့မေ၂၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယနေ့ မေ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၂၄) ရပ်ကွက်၊ ရွှေယင်းမာ (၅) လမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အလားတူ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် နံနက် ၁၁ နာရီ ၄၈ မိနစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေဠုဝန်တောင်ရပ်ကွက်၊ ဝေဠုဝန် (၃) လမ်းတွင် သစ်ပင် လဲကျမှုများဖြစ်ပွားခဲ့ရာ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ ထိုနောက်ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နံနက် ၁၁ နာရီ ၃၂ မိနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိမ်ဖြူမီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မန္တလေးလမ်းထောင့်တွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ NOM

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည် NOM၊မေ၂၆၊၂၀၂၆ ရန်ကုန် - မန္တလေး မီးရထ
ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အား DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲမည် NOM၊မေ၂၆၊၂၀၂၆ ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်းတွင်ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် အမှတ်(၉) အဆန် နှင့် အမှတ်(၁၀) အစုန် DEMU Spain ရထားများထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ကြေငြာချက်အရ သိရသည်။ အဆိုပါခရီးစဉ်ကို ဇွန်လ ၁ ရက်နေ့ စတင်ပြေးဆွဲသွားမည်ဖြစ်‌ ကြောင်းသိရသည်။ ရန်ကုန်မှမန္တလေးကို ထွက်ခွာမည့် အမှတ်(၉)အဆန် ရထားသည် ရန်ကုန် မှ နံနက် ၈နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ညနေ ၆နာရီခွဲတွင် လည်းကောင်း ၊မန္တလေးမှရန်ကုန်သို့ထွက်ခွာမည့် အမှတ်(၁၀) အစုန်ရထားသည် မန္တလေး မှ နံနက် ၈နာရီခွဲတွင် ထွက်ခွါမည်ဖြစ်ပြီး ရန်ကုန် သို့ ညနေ ၆နာရီမီနစ်၄၀တွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ကြားဘူတာများအဖြစ်တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဂါဇာကူညီရေးရေယာဉ်စု တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်မှုကြောင့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦးအပေါ် ဟက်ကာအဖွဲ့ ဟန်ဒါလာ Handala က
+2
ဂါဇာကူညီရေးရေယာဉ်စု တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်မှုကြောင့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦးအပေါ် ဟက်ကာအဖွဲ့ ဟန်ဒါလာ Handala က ဒေါ်လာ ၁ သိန်း ဆုငွေထုတ်ကြောင်း ကြေညာ အီရန်နှင့် ဆက်နွှယ်မှုရှိသော ဟန်ဒါလာ Handala အမည်ရ ဟက်ကာအဖွဲ့က ယခုလအစောပိုင်းက ဂါဇာဒေသ ပိတ်ဆို့ခံထားရမှုကို ချိုးဖျက်ရန် ကြိုးပမ်းခဲ့သည့် Sumud လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေယာဉ်စုကို ကြားဖြတ်ဟန့်တားရာတွင် ပါဝင်ပတ်သက်ခဲ့သည့် အစ္စရေးရေတပ်အရာရှိ ၆၉ ဦး၏ ကိုယ်ရေးအချက်အလက်များကို ရရှိခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် တူရကီနိုင်ငံက ဦးဆောင်သည့် Global Sumud ရေယာဉ်စုပေါ်ရှိ တက်ကြွလှုပ်ရှားသူများကို တိုက်ခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အရာရှိများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်ရေးအချက်အလက်များကို ယခုအခါ လူသိရှင်ကြား ထုတ်ပြန်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ဟန်ဒါလာ Handala အဖွဲ့က ထိုအရာရှိ ၆၉ ဦးထဲမှ တစ်ဦးချင်းစီအတွက် တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ စီ ဆုငွေ (ဘောင်တီ) ထုတ်ပေးမည်ဟု ကြေညာခဲ့ပြီး ၎င်းတို့ကို "ပင်လယ်ပြင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် အကျင့်ပျက်ခြစားမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသူများ" ဟု ဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါဟက်ကာအဖွဲ့က ၎င်းတို့အနေဖြင့် ကူညီရေးရေယာဉ်စုဘက်မှ ရပ်တည်ကြောင်း ကြေညာခဲ့ပြီး အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) အပါအဝင် အစ္စရေးအရာရှိများကို တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ "ကုန်းပေါ်မှာဖြစ်စေ၊ ပင်လယ်ပြင်မှာဖြစ်စေ ကျူးလွန်တဲ့ ဘယ်လိုရာဇဝတ်မှုမျိုးမဆို တုံ့ပြန်မှုမရှိဘဲ ပြီးသွားမှာမဟုတ်ဘူး" ဟု သတိပေးပြောကြားခဲ့သည်။ NOM

တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်း။
တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်း။