es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 450 suscriptores, ocupando la posición 16 808 en la categoría Noticias y medios y el puesto 10 269 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 450 suscriptores.

Según los últimos datos del 20 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -158, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.67%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.57% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 649 visualizaciones. En el primer día suele acumular 523 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 11.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 450
Suscriptores
-924 horas
-397 días
-15830 días
Archivo de publicaciones
အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်၊ အော့စတင်မြို့ကနေ ဘဟားမားစ်နိုင်ငံကို ထွက်ခွာလာတဲ့ Learjet 60 အမျိုးအစား ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီးဟာ ဖလော်ရီဒါပြည်နယ် ပါမ်ဘိချ်ကောင်တီရှိ လူနေရပ်ကွက်အနီး မြေပြင်ကို တစ်မိနစ်လျှင် ပေ ၁၀,၀၀၀ ကျော် နှုန်းနဲ့ ထိုးစိုက်ကျပြီး ပေါက်ကွဲပျက်စီးခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါ ၉ ဦးလုံးသေဆုံးခဲ့ပါတယ်။
01 nov, 20:44

အလုပ်သမားဆေးရုံ(ထန်းတပင်)၌ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆ
အလုပ်သမားဆေးရုံ(ထန်းတပင်)၌ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုစတင်   နိုဝင်ဘာ ၁၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)၌ ပြင်ပလူနာကုသမှု၊ ဆေးရုံတက်လူနာကုသမှုများ၊ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင် ဆေးကြောသည့် ဝန်ဆောင်မှု စတင်ဆောင်ရွက်နိုင်မှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသော အာမခံအလုပ်သမားလူနာများအား အလှူငွေများ ထောက်ပံ့ပေးအပ်သည်။   နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော လူနာများ များပြားလာသည့်အတွက် လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ရန် မလိုအပ်ကြောင်း၊ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် ကျောက်ကပ်သွေးသန့်စင်ခြင်းဝန်ဆောင်မှုကို လွယ်ကူစွာရယူခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။   ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီး အာမခံအလုပ်သမားများအား ကျန်းမာရေး ဝန်ဆောင်မှုပေးအပ်နေသည့် လူမှုဖူလုံရေး-စံရတနာ ဆေးရုံ၌ ဆေးရုံ၏ ပြင်ပလူနာကုသမှုများ၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု၊ မီးဖွားဝန်ဆောင်မှုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန် ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိမှုကို ကြည့်ရှုစစ်ဆေးသည်။   ယခုကဲ့သို့ စာချုပ်ဆေးရုံ ဖွင့်လှစ်ပေးခြင်းဖြင့် အာမခံအလုပ်သမားများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများအားလုံးရရှိနိုင်ခြင်း၊ စိုက်ထုတ် ကုန်ကျရမှုမရှိဘဲ ဆေးရုံ၏ ဝန်ဆောင်မှုများအား ရရှိသဖြင့် ကျန်းမာရေးကြောင့်ဖြစ်ပေါ်လာမည့် လူမှုဒုက္ခများကို လျော့ပါးသက်သာစေပြီး နိုင်ငံအတွက်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်သည်။   လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၃၆ မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၃၇ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် လက်ရှိအခြေအနေတွင် လူမှုဖူလုံရေးအဖွဲ့ ပိုင်ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၂ ခန်း၊ စာချုပ်ဆေးခန်း ၇၁ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆောင်ရွက်နေသော ဆေးခန်း ရှစ်ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် လေးစီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။   ထို့ပြင် အာမခံအလုပ်သမားများ၏ ရောဂါအခြေအနေအရ နိုင်ငံပိုင်ဆေးရုံကြီးများတွင်ပြသပြီး စိုက်ထုတ်ကုန်ကျခဲ့သော ဆေးဖိုးကုန်ကျစရိတ်များ ကိုစိစစ်၍ သတ်မှတ်ချက်များနှင့်အညီ ပေးအမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၀၂၉၅၆၃ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၂ ခန်း၊ မီးဖွားခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ ၆၉၇၅၈၂ အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ ၂၂၁၉၆ အတွက် ကျပ်သန်း ၂၄၆၂ ဒသမ ၄၂၅ ပေးအမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
01 nov, 20:36

တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံ
+2
တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၈၃ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ။
01 nov, 11:47

ပုဏ္ဏားကျွန်း၊ မင်းချောင်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (1-11-2026)
01 nov, 11:46

၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်း ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ အကြမ်းဖက်သမားများက F
+3
၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်း ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ အကြမ်းဖက်သမားများက FPV Drone များဖြင့် တိုက်ခိုက်
01 nov, 11:14

၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်း ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ အကြမ်းဖက်သမားများက F
+1
၂၃၀ ကေဗွီ တောင်ငူ - သာယာကုန်း ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ အကြမ်းဖက်သမားများက FPV Drone များဖြင့် တိုက်ခိုက် NOM
01 nov, 11:03
01 nov, ~11:14

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန်ထံမှ သတင်းအချက်အလက် ရရှိပြီးနောက် ရုရှားပြည်တွင်းလုံခြုံရေး နှင့် ထောက်လှမ်းရေးအဖွဲ့ (FSB) မှ လူငယ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ အဆိုပါလူငယ်သည် "စစ်ဝတ်စုံနှင့် စစ်အသုံးအဆောင်များကို ဝတ်ဆင်ထားပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ်နှင့်တူသော ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံများကို TikTok ပေါ်သို့ တင်ခဲ့သည်"ဟု ဆိုသည်။ ထို့ပြင် "နီယို-နာဇီ (Neo-Nazi) တယ်လီဂရမ်ချန်နယ်တစ်ခုတွင် စာရင်းသွင်းထားပြီး၊ လူအများအပြားကို သေနတ်ဖြင့် ပစ်ခတ်မှုဆိုင်ရာ အကြောင်းအရာများကိုလည်း အင်တာနက်တွင် ရှာဖွေထားကြောင်း" သိရသည်။
01 nov, 09:42

ရုရှားဒီဇယ်ဆီများသည် တံဆိပ်အမျိုးမျိုးပြောင်း၍ ဥရောပဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည် — ရုရှား ဒုတိယဝန်ကြီးချုပ် နိုဗက်ခ်
ရုရှားဒီဇယ်ဆီများသည် တံဆိပ်အမျိုးမျိုးပြောင်း၍ ဥရောပဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည် — ရုရှား ဒုတိယဝန်ကြီးချုပ် နိုဗက်ခ် ပြောကြား ရုရှားရေနံထွက်ပစ္စည်းများ ဝယ်ယူမှုအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ထုတ်ပြန်ထားသည့်ကြားမှပင် ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
01 nov, 09:34

အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်းအတွက် အိန္ဒိယက အပေါ့စားတင့်ကားသစ်များကို အလျင်အမြန်ထုတ်လုပ်လျက်ရှိ အိန္ဒိယ၏ အပေါ့စားတင့်ကားသစ် ဇိုရာဝါ “Zorawar” မှာ အလေးချိန် ၂၅ မက်ထရစ်တန်ခန့်ရှိပြီး အိန္ဒိယနှင့် တရုတ်တို့ ထိန်းချုပ်ထားသော နယ်မြေများကို ပိုင်းခြားထားသည့်မျဉ်းကြောင်း Line of Actual Control (LAC) ကဲ့သို့သော မြင့်မားသည့် တောင်တန်းဒေသများတွင် စစ်ဆင်ရေးဆောင်ရွက်နိုင်ရန် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ဇိုရာဝါ တင့်ကားသည် အိန္ဒိယတပ်မတော်၏ ပိုမိုလေးလံသော တင့်ကားများထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည်ဟု မျှော်လင့်ရပြီး တရုတ်၏ Type 15 အပေါ့စားတင့်ကားများကိုလည်း ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်း ရှိမည်ဖြစ်သည်။ အဆိုပါတင့်ကားတွင် ဘယ်လ်ဂျီယံဒီဇိုင်း အမျိုးအစား Cockerill ဆုံလည် နှင့် ၁၀၅ မမ အမြောက်ကို တပ်ဆင်ထားသည်။ တင့်ကား၏ သံချပ်ကာအကာအကွယ်မှာ လက်နက်ငယ်ပစ်ခတ်မှုများနှင့် ဗုံးစ၊ လက်နက်စများကို ခုခံနိုင်သော်လည်း အိန္ဒိယစစ်ဗိုလ်ချုပ်များက ၂၅ မမ နှင့် ၃၀ မမ သံချပ်ကာဖောက် ကျည်ဆန်များကိုပါ ခုခံနိုင်ရန် အဆင့်မြှင့်တင်ဖို့ စဉ်းစားလျက်ရှိကြသည်။ ထို့အပြင် တင့်ကား၏ အင်ဂျင်ကို မြင်းကောင်ရေ ၁,၀၀၀ ရှိ ပိုမိုအားကောင်းသော အင်ဂျင်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ရာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၅၀၀ ကျော် မြင့်မားသော ဒေသများတွင် စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရန် အာမခံနိုင်မည်ဖြစ်သည်။ အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် Larsen & Toubro ကုမ္ပဏီတို့ ပူးပေါင်းဒီဇိုင်းထုတ်ထားသည့် ဇိုရာဝါ တင့်ကားများကို ၂၀၂၈ ခုနှစ်ဝန်းကျင်တွင် တပ်တော်ဝင် အသုံးပြုနိုင်မည်ဟု မျှော်လင့်ရသည်။ Line of Actual Control (LAC) နယ်စပ်ဒေသသည် ၁၉၆၂ ခုနှစ် အိန္ဒိယ-တရုတ် စစ်ပွဲမှစ၍ တင်းမာမှုများ ရှိနေခဲ့ပြီး ယနေ့ထက်တိုင် နှစ်ဖက်တပ်များအကြား မကြာခဏ ပဋိပက္ခများ ဖြစ်ပွားရာနေရာလည်း ဖြစ်သည်။
01 nov, 08:56

အခုတလော အကောင့်ထဲက မိတ်တွေတချို့လည်းရေးလာတယ် ဝိုင်းမော်မြို့ကြီးပြန်လည်တည်ငြိမ်အေးချမ်းလာကြလို့။လျှက်စစ်မီး၂၄နာရီရလာပြီး ကျောင်းသားကျောင်းသူတွေ မြို့သူမြို့သားတွေ စိတ်အေးချမ်းကြရတယ်ဆိုတဲ့စာတွေ့တွေ့လာရတယ်။ပြီးခဲ့တဲ့သီတင်းကျွတ်မှာလည်း စည်ကားသိုက်မြိုက်နေတဲ့ ဝိုင်းမော်မြို့ကြီးကိုမြင်ရတာ တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေဖြစ်လာဖို့ အဓိကအခန်းကဏ္ဍတခုအဖြစ် အရေးပါခဲ့တဲ့သူတွေကိုတော့ ဘယ်သူမှရေးတာမတွေ့လို့ ကျွန်တော်ပြောသင့်တယ်ထင်လို့ ပြောပါရစေ။ ဝိုင်းမော်ပြည်သူ့စစ်/လီဆူပြည်သူ့စစ်/ဦးရွှေမင်းပြည်သူ့စစ်လို့ခေါ်ကြတဲ့ ဝိုင်းမော်ပြည်သူ့စစ် ဌာနေအဖွဲ့အကြောင်းပါပဲ။ ၂၀၂၄ မေလမှာပေါ့။ ရွှေညောင်ပင်၃၂၁ တပ်ရင်းကျတုန်းက ထင်မထားခဲ့ဘူး။ ဒီလောက်မြန်မြန်ကျသွားမယ်လို့။ KIAရဲ့ထိုးစစ်အင်မတန်ပြင်းထန်နေခဲ့ချိန်မှာ KIAအဖွဲ့ဟာ ဝိုင်းမော်မြို့ထဲရောက်မလာခဲ့ပဲ ထိုးစစ်တန့်ခဲ့ရတဲ့၂နေရာရှိပါတယ်။ အဲ့ဒီ၂နေရာကတော့ လီဆူပြည်သူ့စစ်စခန်း၂ခုဖြစ်တဲ့ ဝိုင်းမော်မြို့ရဲ့တောင်ဘက် စန်းကားစခန်းနဲ့ ဝိုင်းမော်မြို့ရဲ့အရှေ့မြောက်ဘက်က ဝူယန်စခန်းပါပဲ။ အခုချိန်ထိလည်း အဆိုပါနေရာတွေဟာ KIAနဲ့ရင်ဆိုင်ထားဆဲပါပဲ။ ၃၂၁တပ်ရင်းကျတာနဲ့ဝိုင်းမော်ကျပြီလို့ပိုင်သေတွက်ခဲ့ကြချိန်။ ဝိုင်းမော်မြို့မှာ ပြည်သူမရှိတော့ဘူး။ အစိုးရရုံးတွေအကုန်မရှိ။ ရှိသင့်ရှိနေထိုက်တဲ့လက်နက်ကိုင်အဖွဲ့အချို့တောင် ရှောင်ကုန်ကြချိန်။ ဝိုင်းမော်မြို့ရယ် တပ်မတော်တပ်ရင်းအချို့ရယ် ဝိုင်းမော်ပြည်သူ့စစ်အဖွဲ့ရယ်ဟာ ဒီမြို့ကြီးနဲ့အတူ ထီးထီးကြီးကျန်ခဲ့ကြတာပါ။ အဲ့ဒီအချိန်မှာ ဝိုင်းမော်ပြည်သူ့စစ်တပ်ဖွဲ့ဆီမှာ ဂျန်ဘာမရှိ drone gunမရှိပဲ KIAရဲ့လက်နက်ကြီးဒဏ် drone ဒဏ်တွေကြားမှာ လက်နက်တွေသယ် ကျည်တွေပို့ နေ့ရောညပါ မရပ်မနားပြန်ခံချခဲ့ကြတာ ဝိုင်းမော်ပြည်သူ့စစ်ပါ။ တကယ်အမှောင်မိုက်ဆုံးညတွေထဲမှာ အလင်းလက်ဆုံးကြယ်တွေတောက်ပခဲ့ကြတာပါပဲ။ သတင်းတွေကလည်းအများကြီး ဝိုင်းမော်ကိုKIAသိမ်းမယ် ပြီးရင်မြစ်ကြီးနားသိမ်းမယ်။ ဗန်းမော်ကလည်းအခြေအနေမကောင်း တအိအိနဲ့ပြိုကျတော့မလား ရောယောင်ပူပန်နေကြချိန်။လူတွေက နေမလား ရှောင်မလား ပြေးမလားရွေးချယ်နေကြချိန် ဝိုင်းမော်ပြည်သူ့စစ်အတွက်တော့ လမ်းကတလမ်းပဲရှိခဲ့ပါတယ်။ မပြေးဘူး မဆုတ်ဘူး သေချင်သေ ပြန်ချမယ်။ အမိန့်ကဒါပါပဲ။ ဒီအမိန့်အောက်မှာ အားလုံးဟာတစည်းတရုံးထဲရှိခဲ့ကြတယ်။ တသွေမတိမ်းလိုက်နာခဲ့ကြတယ်။ အံ့ဩစရာအကောင်းဆုံးတခုကိုပြောပြရရင် အဲ့လောက်ဆိုးရွားတဲ့အကျပ်အတည်းအန္တရယ်နဲ့ကြုံတွေ့နေကြရချိန်မှာ ဝိုင်းမော်ပြည်သူ့စစ်အဖွဲထဲမှာ တပ်ပြေးမရှိခဲ့ကြတာပါပဲ။အခက်ခဲဆုံးအချိန်မှာ ကိုယ့်တာဝန်ကိုယ်ကြေအောင် အားလုံးပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြတယ်။ စစ်ကြီးဖြစ်နေတဲ့အချိန်မှာ အားလုံးကပိုပြီးစည်းလုံးနေခဲ့ကြတာက ထူးခြားချက်တခုပါပဲ။ တချိန်ကြရင်ဝိုင်းမော်ပြည်သူ့စစ်အဖွဲ့ရဲ့ ဝူယန်စခန်းကို လိုက်ပြချင်ပါတယ်။ စခန်းခေါင်မိုးမှန်သမျှ droneဒဏ် ကျည်ဒဏ်ကြောင့် အပေါက်ရာဗရဗျွနဲ့ပါ။ စခန်းမှာရှိတဲ့အဆောက်အဦးရဲ့နံရံတိုင်းမှာ ကျည်ပေါက်တွေမွစာကျဲနေတာပါ။ ဒီလူအုပ်လေးတစုဟာ ဘယ်လောက်ထိခံချခဲ့ကြသလဲဆိုတဲ့သက်သေကို ဝူယန်စခန်းမှာတွေ့ရလိမ့်ပါမယ်။ ဝူယန်စခန်းဟာ KIAအကြိမ်ကြိမ်တက်လုံးတာခံခဲ့ရတဲ့စခန်းဖြစ်ပေမယ့် အခုချိန်ထိရန်သူလက်ထဲမကျခဲ့တဲ့စခန်းတခုဖြစ်နေဆဲပါ။ KIAအကြိမ်ကြိမ်မတိုက်နိုင်ခဲ့တဲ့ဝူယန်စခန်းက ပြည်သူ့စစ်တပ်ရင်းမှူးဟာ အသက်၂၀ကျော် လူငယ်လေးတစ်ယောက်ဖြစ်နေခဲ့တာကလည်း ထူးခြားမှုတခုပါပဲ။ ဒီလိုအခြေအနေတွေထိ ပြန်ထိမ်းထားလာခဲ့တာ တပ်မတော်ရဲ့ အခန်းကဏ္ဌကလည်း အင်မတန်အရေးကြီးခဲ့ပါတယ်။ အဓိက တပ်မတော်နဲ့ဝိုင်းမော်ပြည်သူ့စစ် လက်တွဲညီခဲ့ကြတဲ့အကျိုးပါပဲ။ တပ်မတော်မရှိပဲလဲ ကျန်တဲ့တဖွဲ့ထဲနဲ့ခံနိုင်မှာမဟုတ်တာ အမှန်ပါပဲ။ ဝိုင်းမော်မြို့လေးကိုအခုချိန်ပြန်ကြည့်တဲ့အခါ ကျောင်းစိမ်းကျောင်းဖြူနဲ့ကျောင်းသားကျောင်းသူလေးတွေ ကျောင်းခေါင်းလောင်းသံတညံညံအောက်မှာ စာတွေသင်နေကြပြီ။ မြို့အတွက်လိုအပ်တဲ့ ကျန်းမာရေး ပညာရေး အခြေခံစနစ်တွေပြန်လည်ပါတ်လာပြီ။ အုပ်ချုပ်ရေးယန္တယား ပြန်လည် လည်ပါတ်လာပြီ။ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေ သက်ဆိုင်ရာရာသီအလိုက် ပွဲလမ်းသဘင်တွေနဲ့ မြို့လေးဟာ အေးချမ်းတဲ့အရသာကို ခံစားနေကြရပြီ။ ဒါတွေကိုမြင်ရတဲ့အခါ တကယ်ဝမ်းသာရတယ်။ ကြည်နူးရတယ်။ ဒါဟာသမိုင်းပါ။ ဝိုင်းမော်ပြည်သူ့စစ်ရဲ့သမိုင်းဖြစ်သလို ဝိုင်းမော်မြို့ရဲ့သမိုင်းလည်းဖြစ်ပါတယ်။ နောင်တချိန် ဝိုင်းမော်မြို့အကြောင်းပြောကြရင် ချန်ထားလို့မရတဲ့ ဝိုင်းမော်ဌာနေပြည်သူ့စစ်အကြောင်းပေါ့။ ဒီသမိုင်းကိုရေးကြတဲ့ညီအကိုတွေ တချို့အသက်တွေပေးခဲ့ကြရတယ်။ တချို့ကိုယ်လက်အင်္ဂါတွေစတေးခဲ့ကြရတယ်။ လွယ်လွယ်နဲ့ရခဲ့ကြတဲ့ရလာဒ်တွေတော့မဟုတ်ခဲ့ကြပါဘူး။ အခုချိန်ထိ ဝိုင်းမော်မြို့ကြီးပါတ်ပါတ်လည် ရှေ့တန်းနေရာတွေမှာ ဝိုင်းမော်ပြည်သူ့စစ်ညီအကိုတွေ တာဝန်ထမ်းဆောင်လျှက်ရှိဆဲပါ။ဝိုင်းမော်မြို့ကြီး အေးချမ်းနေဖို့ သူတို့တာဝန်တွေကျေပွန်လျှက်ရှိနေဆဲပါ။ အမြဲလေးစားဦးညွှတ်လျှက်ပါညီအကိုတို့ရေ🫡🫡🫡။ Credit - Hkun Naung
01 nov, 08:36

တောင်ကြီးမြို့၌ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် နိုဝင်ဘာ ၁၊ ၂
တောင်ကြီးမြို့၌ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် နိုဝင်ဘာ ၁၊ ၂၀၂၆
01 nov, 08:31

လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်န
လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း FATF မှ ဆုံးဖြတ်
01 nov, 08:30

ကယားပြည်နယ်၊ ဘော်လခဲမြို့၌ အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး
ကယားပြည်နယ်၊ ဘော်လခဲမြို့၌ အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM နိုဝင်ဘာ ၁၊ ၂၀၂၆ ကယားပြည်နယ်၊ ဘော်လခဲမြို့၊ ကယားပိုင်းရပ်ကွက်နေ ဦးအောင်လွင်ဦး (၆၁) နှစ်သည် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ၎င်း၏ တောင်ယာသို့သွားရောက်စဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့်ဘော်လခဲမြို့၊ အမှတ် (၁၂) တပ်မတော်ဆေးရုံ (ခုတင်-၂၅) သို့ပို့ဆောင်ထားကြောင်းသိရသည်။
01 nov, 05:58

အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာနေ ဦးခင်မောင်ဆန်း (၅၂) နှစ်နှင့် တစ်ရွာတည်းနေ ဦးဝင်းထွဋ် (၅၂) နှစ်တို့သည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ဦးခင်မောင်ဆန်း၏တောင်ယာတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
01 nov, 05:53

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ
ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရ NOM နိုဝင်ဘာ ၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံတသို့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာလ ၃၀ ရက်နေ့ ည ၇ နာရီခွဲအချိန်၌ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ မဖြိုးဖြိုး (၁၇) နှစ်သည် ၎င်း၏နေအိမ်မှ တစ်ရွာတည်းနေ ဒေါ်ရခိုင်မ၏ နေအိမ်ဈေးဆိုင်သို့သွားရောက်စဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
01 nov, 05:50

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် မိခင်တစ်ဦးကမြို့တွင်းပြေးဆွဲနေသည့် ဓာတ်ရထားရှေ့သို့ ကလေးတွန်းလှည်းကို တွန်းချလိုက်သောကြောင့် ဓာတ်ရထားမောင်းသူမှာ ရထားကိုအချိန်မီဘရိတ်အုပ်ခဲ့ရသည်။
01 nov, 05:44

+8
ဂျာမနီနိုင်ငံမှ ဆွစ်ဇာလန်အထိ ဥရောပ၏ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒေါသများက ဆူပူဆန္ဒပြပွဲများအဖြစ် ပေါက်ကွဲထွက်လာ ပြင်သစ်တွင် ဖြစ်ပွားခဲ့သော လတ်တလော ဖြစ်စဉ်များကို နမူနာယူကာ ဥရောပတစ်လွှားတွင် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်အတောအတွင်း ဆန္ဒပြပွဲများ ဆက်လက် ကူးစက်ဖြစ်ပွားခဲ့သည်။ ဂျာမနီနိုင်ငံတွင် မြင့်မားသော ကုန်ဈေးနှုန်းများ၊ ရန်ပုံငွေ လုံလောက်စွာ မရရှိသော ကျောင်းများ၊ အစိုးရ၏ အသုံးစရိတ် လျှော့ချမှုများနှင့် စစ်မှုမထမ်းမနေရစနစ် ပြန်လည်ကျင့်သုံးမည့် မည်သည့် အစီအစဉ်ကိုမဆို ကန့်ကွက်သည့်အနေဖြင့် "Gen Z regelt" လူငယ်လှုပ်ရှားမှုအဖွဲ့က ကြီးမှူးကျင်းပသော နေ့ခင်းဘက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲများ၌ လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ သို့သော် ညမှောင်လာသည်နှင့်အမျှ ဆန္ဒပြပွဲများမှာ ပိုမို အကြမ်းဖက်မှုဘက်သို့ ကူးစက်သွားခဲ့သည်။ ဖရန့်ဖတ်မြို့ (Frankfurt) - မျက်နှာဖုံးစွပ် လူအုပ်စုများသည် အဓိက ဈေးဝယ်လမ်းမကြီးရှိ ဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲခြင်း၊ ကုန်ပစ္စည်းများကို လုယက်ခြင်းများနှင့် အရေးပေါ် ကူညီရေးအဖွဲ့များကို ကျောက်ခဲ၊ ပုလင်း၊ မီးရှူးမီးပန်းများနှင့် လက်လုပ်မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် သေနတ်ဆိုင်တစ်ဆိုင်မှ လက်နက်များကို လုယက်ယူဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ အာဏာပိုင်များက ရေအမြောက်တင်ကားများနှင့် အထူးတပ်ဖွဲ့များကို ဖြန့်ကျက်ချထားခဲ့ပြီး ဆန္ဒပြသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဘာလင်မြို့ (Berlin) - အတိုင်းအတာ သေးငယ်သော ဆန္ဒပြပွဲတစ်ခုအတွင်း ရဲအရာရှိ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၅၆ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဟမ်းဘတ်မြို့ (Hamburg) - အနက်ရောင် ဝတ်ဆင်ထားသည့် ဆန္ဒပြသူများသည် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ ရဲအတားအဆီးများကို မီးရှို့ခြင်းများပြုလုပ်ခဲ့သဖြင့် ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့ရပြီး လူပေါင်း ၁၂၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ ဆွစ်ဇာလန်နိုင်ငံတွင်လည်း အလားတူ ဆူပူမှုများ ဖြစ်ပွားခဲ့သည် - ဇူးရစ်မြို့ (Zurich) - ပြည်သူ့ရုပ်သံလွှင့်ဌာန SRF က လက်ဝဲစွန်း အစွန်းရောက်အုပ်စုများဟု ဖော်ပြထားသည့် "Revolutionary Youth Zurich" အဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် ခွင့်ပြုချက်မရှိဘဲ နှိုးဆော်ခဲ့သော လူထုဆန္ဒပြပွဲမှာ ဆူပူအကြမ်းဖက်မှုများအဖြစ်သို့ ကူးစက်သွားခဲ့သည်။ မြို့နယ် (၄) ခုတွင် လူရာပေါင်းများစွာသည် အမှိုက်ပုံးများနှင့် လျှပ်စစ်စကူတာများဖြင့် အတားအဆီးများ ပြုလုပ်ကာ မီးရှို့ခြင်း၊ မှန်များကို ရိုက်ခွဲခြင်း၊ ကားတစ်စီးကို မီးရှို့ခြင်းနှင့် ရဲတပ်ဖွဲ့အား မီးရှူးမီးပန်းများဖြင့်ပစ်ဖောက်ခြင်း၊ ကျောက်ခဲများနှင့် ပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ရဲအရာရှိများက ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်ဆံများ အသုံးပြု၍ ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ ဘာဆယ်မြို့ (Basel) - လူ ၁၅၀ ခန့်က အတားအဆီးများကို တည်ဆောက်၍ မီးရှို့ခဲ့ကြသည်။
01 nov, 05:38

ယမန်နေ့ညက ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ ဆူပူဆန္ဒပြမှုများအတွင်း စတိုးဆိုင်များဖျက်ဆီးလုယက်ခံနေရသော မြင်ကွင်းများ။
01 nov, 05:26

KNU/ PDF အကြမ်းဖက်သမားများယာယီစိုးမိုးထားခဲ့သည့်နေရာကို တပ်မတော်က ပြန်လည်သိမ်းပိုက် ထိန်းချုပ် နိုဝင်ဘာ ၁၊ ၂၀၂၆   ကရင်ပြည်နယ်၊ ကျောက်ကြီးနှင့်ဖာပွန်ကြား၊ ဘောစဲခိုဒေသတွင် KNU/PDF အကြမ်းဖက်သမားများ ယာယီစိုးမိုးထားခဲ့သည့် နီလာကုန်းနှင့် မောလောစခန်းနေရာများကို  ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် တပ်မတော်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သည်။
01 nov, 05:22

မူပိုင်ခွင့်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ အောက်တိုဘာ ၃၁၊ ၂၀၂၆ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှ
မူပိုင်ခွင့်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ   အောက်တိုဘာ ၃၁၊ ၂၀၂၆   တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၄)၊ မဟာဗျူဟာအစီအစဉ် (၄.၂) ရှိ ဥပဒေရေးရာသုတေသနစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်သည့် မူပိုင်ခွင့်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (Research Paper Presentation on Intellectual Property Rights) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In person/ Virtual) ဖြင့်ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကား ပြောကြားသည်။   သုတေသနစာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်စေးစေးဝါးဖိုးက “Strengthening Online Platform Responsibility for Trademark Protection in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီး ဒေါက်တာ ဇင်သူဝင်းက “Trademark Dilution in the Digital Age” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးမျိုးသိန်းဦးက “Author’s Right Protection in Myanmar “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်ကောင်းမြတ်နေခြည်ထူးက “Legal Protection of Moral Rights under Copyright Law in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း သုတေသနစာတမ်းများ ဖတ်ကြားကြသည်။   စာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားသူကြီးချုပ်များနှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတရားရုံးများ၊ ခရိုင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြပြီး လူကိုယ်တိုင်တက်ရောက်သူ ၁၄၀၊ အွန်လိုင်းဖြင့် တက်ရောက်သူ ၃၄၅ ဦး စုစုပေါင်းတရားသူကြီးနှင့် တရားရေးအရာရှိ ၄၈၅ ဦး တက်ရောက်ကြောင်း သိရသည်။
01 nov, 02:09