uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 450 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 808-o'rinni va Myanma mintaqasida 10 269-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 450 obunachiga ega bo‘ldi.

20 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -158 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.57% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 649 marta ko‘riladi; birinchi sutkada odatda 523 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 11 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 450
Obunachilar
-924 soatlar
-397 kun
-15830 kun
Postlar arxiv
မော်လမြိုင်မြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့်နည်းပညာတက္ကသိုလ်ဝင်းအတွင်းသစ်ပင်များလဲကြပြီး လူသုံးဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၃၊၂၀၂၆
မော်လမြိုင်မြို့တွင်လေပြင်းတိုက်ခတ်မှုကြောင့်နည်းပညာတက္ကသိုလ်ဝင်းအတွင်းသစ်ပင်များလဲကြပြီး လူသုံးဦးဒဏ်ရာရ NOM၊နိုဝင်ဘာ၃၊၂၀၂၆ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာတွင်ယမန်နေ့(နိုဝင်ဘာ၂ရက်)ည၇နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာသစ်ပင်များလဲကြခဲ့ပြီး ဒေသခံသုံးဥဦးဒဏ်ရာရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာတွင်လေပြင်းတိုက် ခတ်မှုကြောင့်နည်းပညာတက္ကသိုလ်ရှိ ဝန်ထမ်းအိမ်ယာများပေါ်သို့ သစ်ပင်ပိမိခဲ့ခြင်းကြောင့် အိမ်ယာအတွင်းနေထိုင်ကြသည့် အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ လေပြင်းတိုက်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရမော်လမြိုင်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူသုံးဦးကိုရိုးဂိုးတိုက်နယ်ကုတင်(၅၀)ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
03 Noy, 00:33

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ကြည့်ရှုစစ်ဆေး နိုဝင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ကြည့်ရှုစစ်ဆေး နိုဝင်ဘာ ၂၊ ၂၀၂၆ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင်တည်ရှိသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်၊ ဦးညီညီနှင့်ဦးထွန်းထွန်းဝင်းတို့ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစခန်းကို ကြည့်ရှုစစ်ဆေးစဉ်စခန်းတွင် လက်ခံစောင့်ရှောက်ထားသော သင်တန်းသားများ အတွက် အာဟာရပြည့်ဝသောအစားအစာနှင့် သန့်ရှင်းသောသောက်ရေသုံးရေ လုံလောက်စွာရရှိစေရေးစီစဉ်ထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးဖြတ်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်သောလက္ခဏာများကို စနစ်တကျစောင့်ကြည့်ပေးမှု ရှိ မရှိ၊ ဆေးဖြတ်စဉ် ကြုံတွေ့ရသောဝေဒနာများအတွက် လိုအပ်သောအကူအညီနှင့် ဆေးဝါးစောင့်ရှောက်ပေးနေမှု၊ မိသားစုနှင့်ဆက်သွယ်ဆောင်ရွက်ခွင့်နှင့် မိသားစုနှင့်ပြန်လည် ပေါင်းစည်းခွင့်ရရှိရေး ဆောင်ရွက်ပေးမှု၊ ခွဲခြားဆက်ဆံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းစစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ á€€á€ąá€Źá€şá€™á€›á€žá€„်ြပဒ္နသငအ်ဥညဎ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
02 Noy, 23:13

နေပြည်တော်အခြေပြု Agro-based Industries များ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နိုဝင်ဘာ ၂၊ ၂၀၂၆
နေပြည်တော်အခြေပြု Agro-based Industries များ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နိုဝင်ဘာ ၂၊ ၂၀၂၆ နေပြည်တော်အခြေပြု Agro-based Industries များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်​စေရေးအတွက် ညွှန်ကြားချက်များနှင့်လုပ်ငန်းစဉ်များအတိုင်း ကြိုးပမ်းဆောင်ရွက်သွားရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့တွင် နေပြည်တော်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ နေပြည်တော် MSMEs အသင်းနှင့် တွေ့ဆုံစဉ် မှာကြားသည်။ ဆက်လက်၍ ပျဉ်းမနားမြို့ရှိ မိုးသီရိစီးပွားရေးလုပ်ငန်းစု၏ အထည်ချုပ်လုပ်ငန်းတွင် အထည်များ ချုပ်လုပ်နေမှု၊ E-Market စနစ်ဖြင့် ဈေးကွက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက်ရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစဉ် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ချုပ်လုပ်ပြီး ပြည်ပသို့ဈေးကွက်ချဲ့ထွင်ပေးပို့ နိုင်ရေးဆောင်ရွက်ရန်၊ ပြည်တွင်း Agro-based Textile Industries လုပ်ငန်းများအချင်းချင်း ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပိုမိုထိရောက်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းစုကြီးအဖြစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထိုမှတစ်ဆင့် ပျဉ်းမနားမြို့ရှိ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် မိုးသူဇာမုန့်မျိုးစုံလုပ်ငန်း၌ မုန့်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျထုတ်လုပ်နေမှု၊ အေလာမြို့ရှိ စက်မှုလယ်ယာပစ္စည်းများထုတ်လုပ်သည့် နေမင်းထွန်းမြေပဲနှင့် ပဲအမျိုးမျိုးခြွေလှေ့စက်လုပ်ငန်းနှင့် နေပြည်တော်ဒက္ခိဏသီရိစက်မှုဇုန်ရှိ လယ်ယာထွက်ကုန်များကို ထုပ်ပိုးရေးအတွက် Recycle ကုန်ကြမ်းများမှ ပီနံအိတ်ထုတ်လုပ်သည့် ရွှေသစ်ဆန်းစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
02 Noy, 22:55

ဆက်လက်၍ တက်ရောက်လာကြသူများက အစိုးရ၏အုပ်ချုပ်မှုအောက်တွင် ဒေသနှင့်သင့်လျော်သည့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အထူးဒေသ (၄) မိုင်းလားတွင် ရွေး‌ကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ကျိုင်းခမ်းမြို့အနောက်ဘက် နမ့်လွေချောင်းပေါ်တွင် တည်ဆောက်ထားပြီး ၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် မိုင်းဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
02 Noy, 21:53

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA) တ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA) တို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး နိုဝင်ဘာ ၂၊ ၂၀၂၆ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၁-၄-၂၀၂၆ တွင် ကြေညာချက်အမှတ် ၁/ ၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့မှုအရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့သို့ သွားရောက်ခဲ့ရာ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ အထူးဒေသ (၄)သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဒေသခံပြည်သူများသည်လည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အထူးဒေသ (၄) ၏ နိုင်ငံရေးလိုလားချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနှင့်အညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သောဆောင်ရွက်ဖွယ်ရာကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း၏ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” လမ်းစဉ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး နိုင်ငံတော်အစိုးရဘက်မှလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယုံကြည်မှုပိုမိုတိုးမြှင့်ခိုင်မာစေရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်မှုအား ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဥက္ကဋ္ဌ ဦးထိန်လင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးကိုယ်စား မိမိတို့အား အလေးထားပြီး မိုင်းလားသို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုဆိုပါကြောင်း၊ ယခုလိုလာရောက်ခြင်းဖြင့် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ယုံကြည်နားလည်မှုတိုးပွားလာနိုင်မည်ကို ယုံကြည်ပါကြောင်း၊ ယခင်ဆွေးနွေးပွဲပြီးနောက် စက်တင်ဘာလလယ်တွင် ရှမ်းပြည်နယ် ကျန်းမာရေးအဖွဲ့နှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အခမဲ့ဆေးကုသမှုများ လာရောက်ဆောင်ရွက်ခဲ့ပြီး မိုင်းလားနှင့် ဆီလူးဒေသရှိ အခြေခံပညာစာသင်ကျောင်းနှစ်ကျောင်းတွင်လည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဒေသ (၄)၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စများအား အထူးအလေးထား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် မိမိတို့ဒေသအခြေအနေများကို တင်ပြခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
02 Noy, 21:52

ငပြီကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ချေမှုန်းခြင်း (2-11-26)
02 Noy, 10:30

သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြ
သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
02 Noy, 08:59

မြန်မာနိုင်ငံသား သံသယရှိသူက ထိုင်းအမျိုးသမီးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ၊ မူးယစ်ဆေးကြောင့် သတိလက်လွတ် စိတ်ချောက်ချားဖြစ်ခဲ့ဟုဆ
မြန်မာနိုင်ငံသား သံသယရှိသူက ထိုင်းအမျိုးသမီးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ၊ မူးယစ်ဆေးကြောင့် သတိလက်လွတ် စိတ်ချောက်ချားဖြစ်ခဲ့ဟုဆို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် သတ်ဖြတ်ခဲ့ကြောင်း အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက ဝန်ခံခဲ့ပြီး မူးယစ်ဆေးသုံးစွဲထားသောကြောင့် သတိလက်လွတ် စိတ်ချောက်ချားကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ တနင်္လာနေ့က ရဲတပ်ဖွဲ့က ၎င်းအား တရားရုံးသို့ ပို့ဆောင်စဉ် သေဆုံးသူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများက ဒေါသတကြီး ဝိုင်းဝန်းရိုက်နှက်ရန် ကြိုးပမ်းခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် တားဆီးခဲ့ရသည်။
02 Noy, 08:30

အဝေးသင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသားများ ဝိုင်းရိုက် သဖြင့်လူငယ်တစ်ဦး သေဆုံး NOM၊နိုဝင်ဘာ၂၊ ၂၀၂၆ ​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ Royal Lake (ကန်သုံးဆင့်) တွင် ကျင်းပပြုလုပ်ခဲ့သည့် အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် စာမေးပွဲပြီးဆုံးခြင်း အထိမ်းအမှတ် ရွှေထူးဂီတဖျော်ဖြေပွဲ၌ လူငယ်တစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ အသတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။ ​အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပုသိမ်မြို့၊ ကိုးဆူကျေးရွာ၊ မြစိမ်းကျွန်းရပ်ကွက်နေ အသက် (၁၇) နှစ်အရွယ် မောင်လင်းထက်အောင် ဆိုသူ သေဆုံးခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့ကြသူများမှာ ငပုတောမြို့နယ်မှ ပုသိမ်အဝေးသင်တက္ကသိုလ်သို့ စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသားများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက် စုံစမ်းအရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
02 Noy, 08:05

ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၅၀၀ ကျော်မှလျှပ်စစ်ဓာတ်အားနှင့် CNG အစားထိုးဓာတ်ငွေ့ထုတ်ယူရန် တင်ဒါခေါ်ယူ NOM၊နို၀င်ဘာ၂၊၂၀၂၆ ရန်ကုန်မြို့ရှိထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၅၀၀ ကျော်မှ လျှပ်စစ်ဓာတ်အားနှင့် CNG အစားထိုးဓာတ်ငွေ့ထုတ်ယူရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ အဆိုပါအမှိုက်ပုံများ၏ စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Generator) ဖြင့် မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Compressed Bio Methane) ပြုလုပ်၍ ရာခိုင်နှုန်း ၉၀ သန့်စင်သောစွမ်းအင် (CNG) အစားထိုး ဓာတ်ငွေ့ထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက် မီးရှို့စက်ရုံ တည်ဆောက်ပြီး (Incinerated Process) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကော်မတီထံမှ သိရသည်။ ယင်း လုပ်ငန်းစဉ်သုံးခုကို ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့်လည်းကောင်း၊ ပြည်တွင်းနှင့် ပူးပေါင်းပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း အဆိုပြုတင်ပြချက် (Proposal) အား ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနသို့ တင်ဒါအဆိုပြုချက်များ ပေးပို့နိုင်ကြောင်း သိရသည်။ ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ အမှိုက်တန်ချိန် ၂၅၀၀ ကျော်ကို သိမ်းဆည်းလျက်ရှိပြီး လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၅၀၀)ခန့်၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၀၀၀) ခန့်ရှိကြောင်း သိရသည်။
02 Noy, 08:05

မဟာအောင်မြေမြို့နယ်Lucky 7 ဆေးဆိုင်မီးလောင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၂၊၂၀၂၆ မန္တလေးမြို့၊ မဟာအောင်မြေမြို
မဟာအောင်မြေမြို့နယ်Lucky 7 ဆေးဆိုင်မီးလောင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၂၊၂၀၂၆ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်အမှတ် ၂၈၁၊ ၄၁ လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းကြားတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၉ နာရီ ၄၃ မိနစ်ခန့်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်အမှတ် ၂၈၁၊ ၄၁ လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ Lucky 7 ဆေးဆိုင်ပိုင်ရှင် ဦးမြင့်ဆွေ၏ ဆေးဆိုင် အပေါ်ထပ်ရှိအိပ်ခန်းအတွင်း ယာယီ သွယ်တန်းထားသော မီးပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိမွေ့ယာပေါ်သို့ မီးပွားကျ၍ မီးကူး စက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် (၁၄×၁၂၈) ပေ၊ နံကပ်(၂)ထပ် အဆောက်အဦ အပေါ်ထပ်အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အမှတ်(၇)နယ်မြေရဲစခန်းမှ ဆိုင်ရှင်ဖြစ်သူ ဦးမြင့်ဆွေ (ဘ) ဦးသိန်းအောင်၊ (၆၉) နှစ်အား(ပ-၉၈/၂ဝ၂၆)၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
02 Noy, 05:45

လမ်းမတော်မြို့နယ်တွင် အနုကြမ်းစီးမှုကို ဝင်ရောက်ကူညီခဲ့သည့်အမျိုးသားတစ်ဦးဓားဖြင့်ထိုးသတ်ခံရ NOM၊နိုဝင်ဘာ၂၊ ၂၀၂၆ ​ရန်ကုန်မြို့လမ်းမတော်မြို့နယ်၊ ၂ လမ်းတွင် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက အနုကြမ်းစီး လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါ လုယက်မှုကို ဝင်ရောက်ကူညီပေးခဲ့သူ ကိုထွန်းထွန်းကို လုယက်သူများက ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီမှ ၇ နာရီအတွင်း လမ်းမတော်မြို့နယ်၊ ၂ လမ်း၊ အမှတ် (၅၈)၊ မြေညီထပ် (ယာဘက်) ရှိ တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းသို့ အနုကြမ်းစီး လုယက်မှု ကျူးလွန်နေစဉ် စက်ဘီးဖြင့် သွားလာနေသူ ကိုထွန်းထွန်းက ဝင်ရောက်တားဆီးကူညီခဲ့ရာမှ တရားခံများက ဓားဖြင့်ထိုးနှက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လုယက်မှုအတွင်း နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများ ပါသွားခဲ့ပြီး ကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါဆုံးသွားခဲ့သည့် ကိုထွန်းထွန်းသည် လမ်းသစ်လမ်းတွင် နေထိုင်သူဖြစ်ပြီး စက်ဘီးဖြင့် သွားလာလှုပ်ရှားနေသူတစ်ဦး ဖြစ်ကာ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းဘက်မှ ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
02 Noy, 05:43

ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်တွင် CDF အကြမ်းဖက်အဖွဲ့က ကလေးနှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလေးဦးကို သေနတ်ဖြင့်ပစ်
+4
ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်တွင် CDF အကြမ်းဖက်အဖွဲ့က ကလေးနှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလေးဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ NOM နိုဝင်ဘာ ၁၊ ၂၀၂၆ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်ရှိ လုံပီးကျေးရွာနှင့် တလန်ယော ကျေးရွာကြားတွင်နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ အဖြူရောင်အိုးဝေယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးသုံးဦးတို့ သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ဒေါ်ဟရန်ကျဲရ်ထွေး (၃၆) နှစ်သည် သမီးဖြစ်သူ မကျဲရ်စင်မွှေးလဲင်းချိုင် (၁၇) နှစ်၊ မနိုအဲယ်ပါမ်ချိုင် (၁၂) နှစ်တို့နှင့်အတူ  ဟားခါးမြို့ မှ ကလေးမြို့သို့ ယာဉ်မောင်း ဦးအောင်လေး (ခ) အောင်ကျော်ထွေး (၃၀)နှစ် မောင်းနှင်သော အဖြူရောင် အိုးဝေယာဉ်ဖြင့် ဖလမ်း-ဟားခါးလမ်းအတိုင်း သွားရောက်စဉ် CDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအား ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
02 Noy, 05:18

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အမျိုးသားပြတိုက်(ရန်ကုန်) ကြည့်ရှုစစ်ဆေး နိုဝင်ဘာ ၁၊ ၂၀၂၆ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အမျိုးသားပြတိုက်(ရန်ကုန်) ကြည့်ရှုစစ်ဆေး   နိုဝင်ဘာ ၁၊ ၂၀၂၆   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်း၊ သမ္မတအိမ်တော်ပုံစံငယ်ပြကွက်၊ မြန်မာ့အက္ခရာနှင့် လက်ရေးမူပြခန်းနှင့် စတုတ္ထထပ်ရှိ ဗုဒ္ဓယဉ်ကျေးမှုပြခန်းများကို ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။   ကြည့်ရှုစဉ် ပြခန်းခင်းကျင်းမှုများသည် နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်၍ ခေတ်စနစ်နှင့်လျော်ညီသည့် မီး၊ အလင်းအမှောင်၊ ပြကွက်များပြင်ဆင်ပြသရန်၊ အနာဂတ်မျိုးဆက် ကျောင်းသားလူငယ်များအား ဖိတ်ခေါ်၍ မိမိတို့၏အမွေအနှစ်များကို ဂုဏ်ယူတန်ဖိုးထားထိန်းသိမ်းလိုစိတ်ဖြစ်အောင် ရှင်းလင်းပြသပေးရန်၊ ပြကွက်များ အဆင့်မြှင့်တင်ပြီး ပြကွက်အသစ်များ၊ စုဆောင်းပစ္စည်းအသစ်များလည်း တိုးချဲ့ခင်းကျင်းပြသရန်၊ ပြသမှုအလိုက် ရှင်းလင်းချက် အချက်အလက်များ ပြည့်ပြည့်စုံစုံရေးသားရန်နှင့် လုံခြုံရေးအတွက်ပါ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်   ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အအုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
01 Noy, 22:59

နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာ အထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင
နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာ အထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ်ပေး   နိုဝင်ဘာ ၁၊ ၂၀၂၆   စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သွားရောက်ကြည့်ရှုစစ်ဆေးသည်။   ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စက်မှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျ ထိရောက်စွာအထောက်အကူပြုနိုင်မည့် စက်မှုကျွမ်းကျင်လူငယ်ပညာရှင်များကို အရည်အသွေးစံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ သင်တန်းသားများအား နိုင်ငံချစ်စိတ်ပြည့်ဝစေရေးနှင့် သင်တန်းပြီးဆုံးချိန်၌ စက်မှုကျွမ်းကျင်မှုများဖြင့် နိုင်ငံ့တာဝန်များကို တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်နိုင်ရေး ပျိုးထောင်ပေးသွားရန်၊ သင်တန်းဆင်းလူငယ်များသည် စက်ရုံ၊ အလုပ်ရုံများ၊ MSMEs လုပ်ငန်းအသီးသီးတွင် ချက်ချင်းဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ လက်တွေ့လေ့ကျင့်မှုများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ပေးအပ်သည်။   ဆက်လက်၍ သင်တန်းကျောင်း စာကြည့်တိုက်၊ စက်ပစ္စည်းအစိတ်အပိုင်းများ ခုတ်စားခြင်းနှင့် ထုတ်လုပ်ခြင်းသင်တန်းခန်းမ၊ ကွန်ပျူတာသုံး ဒီဇိုင်းထုတ်လုပ်မှုသင်တန်းခန်းမ၊ လျှပ်စစ်ပညာသည် သင်တန်းခန်းမ၊ အီလက်ထရွန်နစ်ပညာသည် သင်တန်းခန်းမနှင့် သတ္တုရည်ကျိုပညာသည် သင်တန်းခန်းမတို့ကို ကြည့်ရှုစစ်ဆေးသည်။   အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)တွင် စက်မှုကျွမ်းကျင်ဘာသာရပ် ငါးမျိုးကို စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၅)ထိ သင်တန်းဆင်း ၁၇၂၀ ကို မွေးထုတ်ပေးခဲ့ကြောင်း၊ ၉၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်များရရှိအောင် ဆောက်ရွက်ပေးနိုင်ကြောင်း သိရသည်။   အဆိုပါ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်းကို အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကျော်လွန်သူ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade 12 ကို အောင်မြင် ခြင်းမရှိသော်လည်း ဖြေဆိုဖူးသူများအနေဖြင့် လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။
01 Noy, 22:10

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို   နိုဝင်ဘာ ၁၊ ၂၀၂၆   နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဂုဏ်ပြု ကြိုဆိုကြသည်။          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်း သားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနားစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်ပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍ ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
01 Noy, 22:05

သုံးရေ ချွေတာသုံးစွဲရေးဆိုင်ရာ နှိုးဆော်ချက်...
+1
သုံးရေ ချွေတာသုံးစွဲရေးဆိုင်ရာ နှိုးဆော်ချက်...
01 Noy, 22:04

အိမ်တွင်းသုံးရေ ချွေတာရေး နည်းလမ်းကောင်းများ...
+1
အိမ်တွင်းသုံးရေ ချွေတာရေး နည်းလမ်းကောင်းများ...
01 Noy, 22:02

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လွိုင်ကော်မြို့၊ တောင်ကြီးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် လွိုင်ကော်မြို့၊ တောင်ကြီးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး   နိုဝင်ဘာ ၁၊ ၂၀၂၆   ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(လွိုင်ကော်)တို့တွင် လာမည့်ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ သင်ကြားသင်ယူများ စနစ်တကျနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပင်မဆောင် အကြီးစားပြင်ဆင်ဆောင်ရွက်နေမှု၊ သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာခန်း၊ Lab ခန်းနှင့် အလုပ်ရုံတို့ကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။   ညနေပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)ရှိ စာသင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသား ကျောင်းသူအဆောင်များ ပြင်ဆင်ဖြည့်ဆည်းထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် ဆရာ ဆရာမများ ကျောင်းဆိုင်ရာများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။   ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (တောင်ကြီး)၌ ပင်မဆောင်အကြီးစား ပြင်ဆင်ဆောင်ရွက်နေမှု၊ စာသင်ခန်းများ၊ Standard Lab ခန်းများ ပြင်ဆင်နေရာချထားမှု၊ တည်ဆောက်ရေးလုပ်ငန်းခွင်များ၏ အဆောက်အအုံများ သတ်မှတ်ဇုန်အလိုက် အဆောက်အအုံ တည်ဆောက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူအဆောင်၊ ဘောလုံးကွင်း ပြေးလမ်းနှင့် ပွဲကြည့်စင်၊ Recreation Centre တည်ဆောက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။   ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
01 Noy, 21:08

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပသည့် နဝမအကြိမ် ကိုင်ရို ရေ ရက်သတ္တပတ်အခမ်းအနား ပါ
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပသည့် နဝမအကြိမ် ကိုင်ရို ရေ ရက်သတ္တပတ်အခမ်းအနား ပါဝင်တက်ရောက်   နိုဝင်ဘာ ၁၊ ၂၀၂၆   အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကိုင်ရိုမြို့တွင် အောက်တိုဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ကျင်းပခဲ့သည့် နဝမအကြိမ် ကိုင်ရို ရေ ရက်သတ္တပတ်အခမ်းအနား (9th Cairo Water Week, 2026)သို့ ပါဝင်တက်ရောက်ခဲ့သည်။   အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်တင်ရှိန်နှင့်အတူ နဝမအကြိမ် ကိုင်ရိုရေ ရက် သတ္တပတ် အခမ်းအနား ၂၀၂၆ ဖွင့်ပွဲ တက်ရောက်သည်။   ဖွင့်ပွဲတွင် အီဂျစ်အာရပ်သမ္မတနိုင်ငံ သမ္မတက ဗီဒီယိုမက်ဆေ့ဖြင့် အမှာစကား ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနိုင်ငံများမှ ဝန်ကြီးအဆင့်ရှိသူများနှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးတို့က ဂုဏ်ပြုအမှာ စကားပြောကြားကြကာ အီဂျစ်အာရပ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ဖွင့်ပွဲအမှာစကား ပြောကြားသည်။   ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သမ္မတနန်းတော်တွင် အီဂျစ်အာရပ် သမ္မတနိုင်ငံသမ္မတ အဗ္ဗဒယ်ဖာတတ်အယ်လ်စီစီနှင့် ဝန်ကြီးအဆင့်ရှိ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။   ထို့အတူ အခမ်းအနားနှင့် ဆက်စပ်ဆွေးနွေးပွဲများကိုလည်း တက်ရောက်လေ့လာခဲ့သည်။   ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အီဂျစ်အာရပ် သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ရေးဝန်ကြီး H.E. Alaa Farouk နှင့် လည်းကောင်း၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Dr. Hani Sewilan နှင့်လည်းကောင်း တွေ့ဆုံပြီး နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ နည်းပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။   ထို့ပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ဝါစိုက်ပျိုးရေး သုတေသနဌာနကိုလည်းကောင်း၊ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ကာကွယ်ဆေးများ ထုတ်လုပ်နေမှုနှင့် ဓာတ်ခွဲခန်းများကိုလည်းကောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ နိုင်းမြစ်ရေဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်မှုများနှင့် ရေသုတေသနဆောင်ရွက်နေမှုများကို လည်းကောင်း လေ့လာကြည့်ရှုခဲ့သည်။   ယင်းအပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန General Authority for investment and Free Zones (GAIF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
01 Noy, 20:45