es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 418 suscriptores, ocupando la posición 16 330 en la categoría Noticias y medios y el puesto 9 947 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 418 suscriptores.

Según los últimos datos del 27 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -136, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.67%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.32% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 648 visualizaciones. En el primer día suele acumular 493 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 418
Suscriptores
-924 horas
-317 días
-13630 días
Archivo de publicaciones
+4
ဥရောပ၏ စက်သုံးဆီအကျပ်အတည်း – ပေါ်တူဂီတွင် လမ်းပိတ်ဆန္ဒပြမှုများ ဖြစ်ပွားပြီး ပြင်သစ်တွင် ဆိပ်ကမ်းများ ပိတ်ထားရ စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ဥရောပနိုင်ငံအတော်များများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိပြီး ကုန်တင်ကားများနှင့် ငါးဖမ်းလှေ အများအပြားသည် အဓိက အခြေခံအဆောက်အအုံများကို ပိတ်ဆို့ထားကြသည်။ 🇵🇹 ပေါ်တူဂီနိုင်ငံတွင် - ♦️ ကုန်တင်ကား ရာပေါင်းများစွာသည် ကိုအင်ဘရာ (Coimbra) မြို့သို့ ဦးတည်သည့် အဓိကအဝေးပြေးလမ်းမကြီး သုံးခုပေါ်တွင် အရှိန်လျှော့မောင်းနှင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ♦️ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၁.၅၉ ယူရိုခန့်မှ ၂.၂၂ ယူရိုအထိ မြင့်တက်သွားခဲ့သည်။ ♦️ အချို့သော စီးပွားရေးလုပ်ငန်းများအတွက် စက်သုံးဆီစရိတ်သည် ကုန်ထုတ်လုပ်မှုစရိတ် စုစုပေါင်း၏ တစ်ဝက်ကျော်အထိ ရှိလာခဲ့သည်။ 🇫🇷 ပြင်သစ်နိုင်ငံတွင် - ♦️ ငါးဖမ်းသမားများက နီးစ် (Nice)၊ သက်တ် (Sète) နှင့် လယ် ဂရိုးဒူး ရွား (Le Grau-du-Roi) ဆိပ်ကမ်းများအပြင် ဖရွန့်တီညွန် (Frontignan) ရှိ စက်သုံးဆီသိုလှောင်စခန်းကိုပါ ပိတ်ဆို့ထားကြသည်။ ♦️ ဆန္ဒပြသူများက စက်သုံးဆီဈေးနှုန်းများ လျှော့ချပေးရန်နှင့် ရေလုပ်ငန်းအတွက် ရေလုပ်သားများအား အစိုးရမှ ထောက်ပံ့ကြေး တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို ကျူးကျော်တိုက်ခိုက်မှုအပြီး ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်သွားခဲ့သဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဥရောပ၏ စက်သုံးဆီဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသမတည်ငြိမ်မှုများကြောင့် အထူးသဖြင့် ဒီဇယ်နှင့် လေယာဉ်ဆီ ဈေးနှုန်းများ မတည်မငြိမ်မှု အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း ဥရောပကော်မရှင်ကဝန်ခံထားသည်။
26 sep, 06:22

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အီရန်ကို ပြန်လည်တိုက်ခိုက်သွားရန် မျှော်လင့်ရပြီး အီရန်၏ ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ကြောင်း ဝေါလ်စထရိဂျာနယ် သတင်းဌာန Wall Street Journal က ဖော်ပြထားသည်။
26 sep, 06:12

နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖ
+1
နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM စက်တင်ဘာ ၂၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြအေး (၆၇) နှစ်သည် စက်တင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေ (၆၈) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
26 sep, 06:07

တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများကို လုံးဝခွင့်လွှတ်၍မရဘဲ ထိရောက်စွာအရေးယူမည် စက်တင်ဘာ ၂၆၊ ၂၀
တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများကို လုံးဝခွင့်လွှတ်၍မရဘဲ ထိရောက်စွာအရေးယူမည် စက်တင်ဘာ ၂၆၊ ၂၀၂၆ တပ်မတော်သားများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရမည့်နေရာနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အမြဲအသင့်ဖြစ်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကပြောကြားသည်။ မည်သည့်တပ်ဖွဲ့မဆို ခြေလျင်တပ်ဖွဲ့များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် လေ့ကျင့်တည်ဆောက်ထားရမည်ဖြစ်ပြီး တပ်မတော်သားများအနေဖြင့် လိုအပ်သည့်နေရာတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမြဲအသင့်ရှိရမည်ဖြစ်ကြောင်းပြောကြားသည်။ တပ်မတော်သားများအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုနှင့် ချစ်ခင်မှုရရှိစေရန် တပ်မတော်သားကျင့်ဝတ်များနှင့်အညီ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်းတစ်ဦးဖြစ်ရန် အမိန့်နာခံမှုနှင့် စစ်စည်းကမ်းကောင်းမွန်မှုတို့ အရေးကြီးကြောင်း မှာကြားသည်။ အရာရှိနှင့် စစ်သည်များကို စစ်သားကောင်းများဖြစ်လာစေရေးအတွက် အမြဲလေ့ကျင့်ပေးရမည်ဖြစ်ပြီး တပ်ဖွဲ့အလိုက် တပ်ဆင်ပေးထားသည့် လက်နက်နှင့် စက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် တပ်မတော်သားများ ကျန်းမာကြံ့ခိုင်ပြီး ကျွမ်းကျင်မှု၊ ရဲစွမ်းသတ္တိနှင့် စစ်ရေးစွမ်းရည်များ ပြည့်ဝစေရေးအတွက် လေ့ကျင့်ပေးရန်လိုကြောင်း မှာကြားသည်။ တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှုအားနည်းပါက စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များကိုပါ ထိခိုက်နိုင်ကြောင်း ပြောကြားသည်။ အုပ်ချုပ်ရေးပိုင်းတွင် တပ်ဖွဲ့ဝင်များ၏ စားရေး၊ နေရေး၊ သွားလာနေထိုင်ရေးနှင့် စစ်စည်းကမ်းထိန်းသိမ်းရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။ တပ်မှူးများအနေဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့် ပြည့်စုံရန်လိုပြီး လက်အောက်ငယ်သားများအား ဆုံးမသွန်သင်ပေးခြင်းအပြင် လိုအပ်သည့် ထိန်းသိမ်းအရေးယူမှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ တပ်မိသားစုများနှင့်သာမက ပြည်သူများနှင့်လည်း အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများရှိရန် လိုအပ်ကြောင်း မှာကြားသည်။ တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အလေးထားပြောကြားခဲ့သည်။ တပ်မတော်သားများအနေဖြင့် ရိုးသားမှုနှင့် ကြိုးစားမှုကို အခြေခံ၍ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လည်း မှာကြားခဲ့သည်။
26 sep, 05:34

ဇလင်စကီးနှင့်လက်ဆွဲနှုတ်ဆက်သည့်ကျိန်စာ NOM အမေရိကန်ထရမ့်သညါ "ဇီလန်စကီး နှင့်လက်ဆွဲနှုတ်ဆက်ခြင်း ကျိန်စာ" ကို ရှောင်ရှားနိုင်ရန်မှော်ဆန်သည့်လက်ဟန်အမူအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ယူကရိန်းသမ္မတဇလင်စကီးနှင့်လက်ဆွဲနှုတ်ဆက်သူများသည်ရာထူးပြုတ်ခြင်း၊သေဆုံးခြင်းဖြစ်သည်ဟုအားလုံးကယုံကြည်နေကြသည်။
26 sep, 03:30

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၈၃/၂၀၂၆) ------------------------------ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက် ======================= ၁။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံပေါ်တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ မိုးတိမ် တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်လည်းကောင်း ယနေ့နံနက်မှ ၃၀-၉-၂၀၂၆ ရက်နေ့ အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့်် နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ၂။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေ မှ ၁၀ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက် ၃။ သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ ထိုင်းနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့် လည်းကောင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
26 sep, 03:22

စမ်းချောင်းတွင်ကါးပါကင်ထိုးရာမှစကါးများရန်ဖြစ်ပြီးကါးပိုင်ရှင်ကသံပိုက်လုံးဖြင့်ရိုက်၊အရိုက်ခံရသူအမျိုးသမီးကဓားဖြင့်ပြန်ထိုး NOM၊စက်တင်ဘာ၂၆၊၂၀၂၆ စမ်းချောင်းမြို့နယ်၊လင်းလွန်း(မြောက်)ရပ်ကွက်၊သရက်တောလမ်းတွင်စက်တင်ဘာလ၂၄ရက်ညနေ၅း၃၀နာရီအချိန်ကကါးပါကင်ထိုးရာမှကါးသမားနှင့်ဆံသဆိုင်ရှိအမျိုးသမီးတို့အပြန်အလှန်ရိုက်နှက်ထိုးခုတ်မှုဖြစ်ကြောင်းသိရသည်။ ဖြစ်စဉ်မှာရဲကိုလွင်သည်သူ၏ကါးကိုသရက်တောလမ်းရှိLove ဆံပင်ညှပ်ဆိုင်ဘေးတွင်ကါးပါကင်ထိုးနေစဉ်ဆံပင်ညှပ်ဆိုင်မှထားထားအိဆိုသူကသူ့ဆိုင်ဘေးတွင်ကါးပါကင်ထိုး၍ဟုဆိုကါရဲကိုလွငိအားမအေနှမကိုင်ဆဲခဲ့သည်။ဆက်တိုက်ဆဲဆိုနေသဖြင့်ည၇း၃၀နာရီတွင်ရဲကိုလွင်ကထားထားအိအားသံပိုက်လုံးဖြင့်ဦးခေါင်းနှင့်ခြေထောက်အားရိုက်ရာထားထားအိကလည်းအသင့်ဆောင်ထားသောဓားဖြင့်ရဲကိုလွင်ကိုပြန်ထိုးသဖြင့်ရဲကိုလွင်တွင်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ယာရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ယာနဖူးကွဲဒဿ်ရာတစ်ချက်၊ယာလက်ပြတ်ရှဒဏ်ရာများရသဖြင့်ရဲဆေးစာဖြင့်ရန်ကုန်ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်ကုသခံနေရသည်။ ထို့ကြောင့်ရဲလင်းကို၏အကိုဖြစ်သုကအမှုဖွင့်တိုင်ကြားခဲ့ရာစမ်းချောင်းရဲစခန်းကရာဇသတ်ကြီးပုဒ်မ၂၈၄၊၃၉၆ဖြင့်စက်တင်ဘာလ၂၅ရက်နေ့တွင်အမှုဖွင့်ပြီးတရားခံကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းသိရသည်။
26 sep, 03:18

.
26 sep, 01:30
26 sep, ~01:30

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား ဆွမ
+4
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူ စက်တင်ဘာ ၂၆၊ ၂၀၂၆ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီး လှိုဏ်ဂူတော်အတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူ ကြသည်။ ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လောကာနန္ဒာစေတီတော်မြတ်ကြီး လှိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူရန်ရောက်ရှိနေကြသည့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်လောင်းလှူရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ၊မြို့ဖများနှင့် စေတနာရှင်အလှူရှင်များက ကြွရောက်တော်မူကြသောထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။ အဆိုပါ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင် စုစုပေါင်း ၃၀၀ပါး ကျော်ကြွရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
26 sep, 01:26

ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏အသံနှင့် လိုအပ်ချက်များကို နားထောင်ပြီး လွှတ်တော်မှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည် စက်တ
ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏အသံနှင့် လိုအပ်ချက်များကို နားထောင်ပြီး လွှတ်တော်မှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်   စက်တင်ဘာ ၂၅၊ ၂၀၂၆   ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏အသံနှင့် လိုအပ်ချက်များကို နားထောင်ပြီး လွှတ်တော်မှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကော်လျန်ထန်းက ယနေ့တွင် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။   ထို့နောက် တက်ရောက်လာသူများက တင်ပြလာသည့် ဒေသလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။   အဆိုပါတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
26 sep, 00:04

အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန (ရန်ကုန်)၊ ကျောက်တံတားမြို့နယ် ဦးစီးမှူးရုံးနှင့် ရန်ကုန်အပြည်ပြည်ဆို
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန မှတ်တမ်းဌာန (ရန်ကုန်)၊ ကျောက်တံတားမြို့နယ် ဦးစီးမှူးရုံးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့၌ လုပ်ငန်းဆောင်ရွက်နေမှုများစစ်ဆေး   စက်တင်ဘာ ၂၅၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) သို့ သွားရောက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းအချက်အလက်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုနှင့် ၎င်းအချက်အလက်များအား ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။   ရှင်းလင်းပြောကြား   မှတ်တမ်းဌာန (ရန်ကုန်)မှ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းကိုလည်း သတ်မှတ်ကာလအတွင်း လျာထားချက်အတိုင်းပြီးစီးအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။   ဆက်လက်၍ ကျောက်တံတားမြို့ နယ်ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ ပျက်စီးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များမရရှိသေးသည့် ပြည်သူများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။   ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေဆိပ်တာဝန်ကျဝန်ထမ်းများက လေဆိပ်သို့ ရောက်ရှိလာသည့် ပြည်တွင်း/ ပြည်ပ ခရီးသွားများအား ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်ထုတ်ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
25 sep, 23:46

တပ်မတော်ဆေးရုံများနှင့်ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး စက်တင်ဘာ ၂၅၊ ၂၀၂၆ တပ်မတော်အနေဖြင့် တို
+6
တပ်မတော်ဆေးရုံများနှင့်ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး စက်တင်ဘာ ၂၅၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော် အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဆေးတပ်ရင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ  တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့် ငွေများပေးအပ်ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
25 sep, 23:44

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ)မှ စစ်ရေယာဉ်များသို့သွားရောက်လေ့လာ စက်
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ)မှ စစ်ရေယာဉ်များသို့သွားရောက်လေ့လာ စက်တင်ဘာ ၂၆၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA  Navy Task Group မှ ဖျက်သင်္ဘော Tang Shan၊ ဖရီဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိနေစဉ် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သောအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါစစ်ရေယာဉ်များပေါ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ 
25 sep, 23:40

ချေးငွေလျှောက်ထားရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
ချေးငွေလျှောက်ထားရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
25 sep, 23:18

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထား ခြင်းမရှိသည့် တိုင်းရင်းဆေးလေးမျိုးမသုံးရန် ကျန်းမာရေးဝန်ကြီးဌာ
+1
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထား ခြင်းမရှိသည့် တိုင်းရင်းဆေးလေးမျိုးမသုံးရန် ကျန်းမာရေးဝန်ကြီးဌာနသတိပေး NOM စက်တင်ဘာ ၂၆၊ ၂၀၂၆ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိသည့်အပြင် အနောက်တိုင်းဆေးဝါး Paracetamol ရောနှောထားသည့်တိုင်းရင်းဆေးဝါး ၄ မျိုးကို အများပြည်သူများ သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့၌ ထုတ်ပြန်ထားကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်ရှိ နေရာတစ်ခုကို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီက ရှောင်တခင်ဝင် ရောက်စစ်ဆေးရာ မှတ်ပုံတင်ထားခြင်းမရှိဘဲ အနောက်တိုင်းဆေးဝါး Paracetamol ရောနှောထားသည့် ဆေးဝါးများကို တွေ့ရှိခဲ့ကြောင်းသိရသည်။ သုံးစွဲရန် မသင့်ကြောင်း သတိပေးထားသည့် ဆေးဝါးများမှာ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမြစ်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ အာရှရွှေကြယ် အမှတ်တံဆိပ် ချောင်းဆိုးရင်ကျပ် သောက်ဆေး (ဆေးမှုန့်/ဆေး ထုတ်)၊ ရတနာဖြိုး အမှတ်တံဆိပ် အဆစ်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်) ဆေးအညွှန်းတံဆိပ် ဖော်ပြထားခြင်းမရှိသည့် ဆေးမှုန့်/ဆေးထုတ်တို့ ဖြစ် ကြောင်းသိရသည်။ ထို့ကြောင့် ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသူများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စံမညီသည့် တိုင်းရင်းဆေးဝါးများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းမပြုရန်သတိပေးထားသည့်အတွက်လိုက်နာခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၃၂ တို့အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
25 sep, 23:17

ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် များအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည် NOM၊စက်တင်ဘာ၂၅၊၂၀၂၆ ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါအိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်းသည် ယာဉ်မတော်တဆမှုများဖြစ်ပေါ်ခြင်း ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ဖြစ်ပေါ်စေခြင်းတို့ကြောင့် ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ အသိပေးထုတ်ပြန်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)သို့ အပ်နှံခဲ့သည့် ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)သို့ အပ်နှံထားသည့် လက်ကျန်ယာဉ်များအနက် သတ်မှတ်ချက်များနှင့်အညီ အစားထိုးလျှပ်စစ်သုံးယာဉ် တင်သွင်းခွင့်လျှောက်ထားမှုများကို ဆက်လက်စိစစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
25 sep, 23:06

အစ္စရေးစစ်သားနှစ်ဦးဒရုန်းပေါက်ကွဲပြီးသေ NOM အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ သေဆုံးသွားသော စစ်သားနှစ်ဦးသည် ဂါဇာတွင်ဒရုန်းမောင်းနှင်သူများဖြစ်ပြီး ၎င်းတို့ ၏ပျံသန်းနေသော ဒရုန်းတစ်စင်းသည် ၎င်းတို့၏ ကင်းစခန်းအတွင်း ပျက်ကျခဲ့သည်။ ထိုနှစ်ဦးသည် ဒရုန်းထံ ချဉ်းကပ်လာခဲ့ပြီး ဒရုန်းကို ကောက်ယူစဉ် ပေါက်ကွဲသွားခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့သည်။
25 sep, 13:43

အမေရိကန်ဂျာနယ်လစ်တပ်ကါ ကါလ်ဆန်(Tucker Carlson )က အစ္စရေးကအီရန်စစ်ပွဲဆင်နွှဲသည့်ရည်ရွယ်လျက်များကိုထုတ်ဖော်ပြောဆို NOM အစ္စရေးဟာ ဒီစစ်ပွဲကို ရည်ရွယ်ချက်သုံးခုနဲ့ ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ဒေသတွင်း လွှမ်းမိုးမှုအပေါ်အတားအဆီးတစ်ခုဖြစ်နေတဲ့အီရန်ကို ဖယ်ရှားပစ်ခြင်း၊ ပြိုင်ဘက်တွေအဖြစ် အစ္စရေးကရှုမြင်မြင်တဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ နိုင်ငံခြောက်နိုင်ငံကို အားနည်းစေခြင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ ရှိနေခြင်းက အစ္စရေးရဲ့ ရည်မှန်းချက်တွေကို ကန့်သတ်ထားတာကြောင့် အမေရိကန်နဲ့ သူ့ရဲ့ အခြေစိုက်စခန်းတွေကို အရှေ့အလယ်ပိုင်းကနေ နှင်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။ စစ်ပွဲမစတင်ခင် ရက်အနည်းငယ်အလိုမှာ Oval Office မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးသမ္မတထရမ့်ကို တိုက်ရိုက်ပြောခဲ့တယ်လို့ ကါလ်ဆန်က ပြောခဲ့ပြီး ထရမ့်က "ဟုတ်တယ်၊ မင်းပြောတာမှန်တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ငါတို့အားလုံး ဘယ်လိုပဲဖြစ်ဖြစ် သေကြမှာပဲ၊ ဒါကြောင့် အရေးမကြီးပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အကြောင်း ထရမ့်ကို မေးမြန်းတဲ့အခါ ထရမ့်က ရှင်းလင်းတဲ့ အဖြေမပေးခဲ့ပါဘူး။
25 sep, 13:35

PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျောင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့ စက်တင်ဘာ
+2
PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျောင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့ စက်တင်ဘာ ၂၅၊ ၂၀၂၆
25 sep, 11:21

တာဝန်သိပြည်သူများနှင့် အတွင်းသတင်းပေးများ၏ ပူးပေါင်းမှုဖြင့် တပ်မတော်မှ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုနေရာအား ထိရောက်စွာ
+3
တာဝန်သိပြည်သူများနှင့် အတွင်းသတင်းပေးများ၏ ပူးပေါင်းမှုဖြင့် တပ်မတော်မှ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုနေရာအား ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ စက်တင်ဘာ ၂၅၊ ၂၀၂၆
25 sep, 11:08