uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 499 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 048-o'rinni va Myanma mintaqasida 10 057-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 499 obunachiga ega bo‘ldi.

22 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -276 ga, so‘nggi 24 soatda esa -10 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.30% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.31% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 287 marta ko‘riladi; birinchi sutkada odatda 663 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 23 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 499
Obunachilar
-1024 soatlar
-707 kunlar
-27630 kunlar
Postlar arxiv
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ်ပဲခူးမြိုမဲဆန္ဒနယ်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ်ပဲခူးမြိုမဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဝင်းကိုပင်ခန့်အပ်တာဝန်ပေးလိုက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်အမည်တင်သွင်း NOM၊ဧပြီ၆၊၂၀၂၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လက်ရှိဝန်ကြီးချုပ်ဦးခက်ထိန်နန်ကိုသမ္မတကအမည်စ
ကချင်ပြည်နယ်ဝန်ကြီးချုပ်အမည်တင်သွင်း NOM၊ဧပြီ၆၊၂၀၂၆ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လက်ရှိဝန်ကြီးချုပ်ဦးခက်ထိန်နန်ကိုသမ္မတကအမည်စာရင်းတင်သွင်းသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ်ပုသိမ်မြိုနယ်အမှတ် ၁ တိုင်းဒေသကြီ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ် NOM၊ဧပြီ၆၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ်ပုသိမ်မြိုနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်ကိုခန့်အပ်လိုက်သည်။

တရားသူကြီးချုပ်နှင့်ရွေးကေါ်ဥက္ကဌနေမြဲ NOM၊ဧပြီ၆၊၂၀၂၆ ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်သို့တရားသူကြီးချုပ်အဖြစ်ဦးသာဌေး၊ရွေးကေါက်ပွဲကေါ်မရှင်ဥက္ကဌအဖြစ်ဦးသန်းစိုးတို့ကိုအမည်စာရင်းတင်သွင်းကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးဌာန ၃၁ခုအမည်စာရင်းတင်သွင်း NOM၊ဧပြီ၆၊၂၀၂၆ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခုထားရှိမည် ဖြစ်ကြောင်းယနေ့ကျင်းပသည့် ပြည်​ထောင်စုလွှတ်​တော်သို့တင်သွင်းထားကြောင်းသိရသည်။ ​ပြည်ထောင်စုဝန်ကြီးဌာန (၃၁) ခု စာရင်းမှာ- ​၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး ၂။ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ၄။ ပို့ဆောင်ရေးဝန်ကြီးဌာန ၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၆။ ကာကွယ်ရေးဝန်ကြီးဌာန ၇။ ပြည်ထဲရေးဝန်ကြီးဌာန ၈။ နိုင်ငံခြားရေးဝန်ကြီးဌာန ၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန ၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၁၂။ ဥပဒေရေးရာဝန်ကြီးဌာန ၁၃။ ပညာရေးဝန်ကြီးဌာန ၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၁၅။ ကျန်းမာရေးဝန်ကြီးဌာန ၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန ၁၇။ ပြန်ကြားရေးဝန်ကြီးဌာန ၁၈။ သာသနာရေးဝန်ကြီးဌာန ၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၅။ အလုပ်သမားဝန်ကြီးဌာန ၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၇။ အားကစားရေးရာဝန်ကြီးဌာန ၂၈။ လူငယ်ရေးရာဝန်ကြီးဌာန ၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ယူအေအီး (UAE) မှာ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံကို မျှဝေခဲ့တဲ့ ဗြိတိန် လေယာဉ်အမှုထမ်းတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီ
ယူအေအီး (UAE) မှာ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံကို မျှဝေခဲ့တဲ့ ဗြိတိန် လေယာဉ်အမှုထမ်းတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး မှတ်တမ်းတင်သူတွေအပေါ် ပိုမိုတင်းကျပ်စွာ နှိမ်နင်းလာတာကို မီးမောင်းထိုးပြနေပြီး ဒူဘိုင်းမြို့ရဲ့ ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့အချက်အချာနေရာဆိုတဲ့ ပုံရိပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ အသက် ၂၅ နှစ်အရွယ် လေယာဉ်အမှုထမ်းတစ်ဦးဟာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ထိခိုက်ပျက်စီးမှုဓာတ်ပုံကို သီးသန့် WhatsApp group တစ်ခုထဲမှာ တင်ခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ NOM

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်။
နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျ ထုတ်ဝေမည်။

လျော်ကြေးပေးမှဟော်မုဇ်ရေလက်ကြားဖွင့်ပေးမည်ဟုအီရန်ပြော NOM အီရန်သည် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးဆောင်ပြီးမှသာ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ခွင့်ပြုမည်ဖြစ်သည်။ အီရန်သည် ယခင်က နိုင်ငံအားလုံးကို "ရန်လိုသော"၊ "ကြားနေ" နှင့် "မိတ်ဆွေ" အဖြစ် အမျိုးအစားခွဲခြားခဲ့သည်။ ပထမအုပ်စုကို ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့် ပိတ်ပင်ထားမည်ဖြစ်ပြီး ဒုတိယအုပ်စုမှာတိုးမြှင့်ကောက်ခံမည့် အခကြေးငွေများ ပေးဆောင်ရမည်ဖြစ်ပြီး တတိယအုပ်စုသည်ကန့်သတ်ချက်မရှိဘဲ လမ်းကြောင်းကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဗြိတိသျှစစ်သင်္ဘောဒုံးကျည်ထိမှန်ပျက်စီး NOM အစ္စရေး Channel 14 မှ သတင်းထောက် Hallel Bitton Rosen က ဗြိတိသျှ စစ်သင်္ဘောတစ်စင်းသည် လက်ဘနွန်မှ ပစ်ခတ်သည့်သင်္ဘောဖျက်ဒုံးကျည်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ကို အတည်ပြုခဲ့သည်။ ဟဇ်ဘိုလာကက တနင်္ဂနွေနေ့အစောပိုင်းတွင် စစ်သင်္ဘောတစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားသည်။

ယီမင်ထုတ်ပဲ့ထိန်းဒုံးကျည်သစ်ထုတ်ဖော်ပြသ NOM အသံထက်၁၆ဆမြန်ပြီးလေကါစနစ်ကိုဖောက်ထွင်းနိုင်သည့်ယီမင်ကထုတ်လုပ်ထားသောပါလက်စတိုင်း(၂)ပဲ့ထိန်းဒုံးကျည်ကိုထုတ်ဖော်ပြသလိုက်သည်။

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ ဧပြီ ၅၊ ၂၀၂၆ NOM
+5
ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ ဧပြီ ၅၊ ၂၀၂၆ NOM

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးအား ထပ်မံဖမ်းဆီးရမိ ဧပြီ ၅၊ ၂၀၂၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လုံခြုံရေးပူးပေါင်းအဖွဲ့များက အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းမရှိစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို လုပ်ဆောင်စဉ် အဆိုပါမြို့၏ အရှေ့မြောက်ဘက်မီတာ ၂၅၀၀၀ ခန့်အကွာ ကောင်းဆန်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် နေထိုင်အသုံးပြုလျက်ရှိသည့် အဆောက်အအုံများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည့် သတင်းအား ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။ ယနေ့ ဧပြီ ၅ ရက်တွင်လည်း လုံခြုံရေးပူးပေါင်းအဖွဲ့များ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ ဝင်ရောက်အခြေပြုနေထိုင်ခြင်းမရှိစေရန်အတွက် ဆက်လက်ရှာဖွေဖော်ထုတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကောင်းဆန်ကျေးရွာအနီး ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် နေရာ၏ မြောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးအား ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် ပါဝင်သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ NOM

🚨 ပြီးခဲ့သည့် ၄၈ နာရီအတွင်း အမေရိကန်သည် အောက်ပါတို့ကို ဆုံးရှုံးခဲ့သည် • F-15E တိုက်လေယာဉ် (၁) စီး • A-10 ဝေါ့တ်ဟော့ဂ် Warthog မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၁) စီး • MH-6 လစ်တဲလ် ဘတ်ဒ် Little Bird ရဟတ်ယာဉ် (၄) စီး • UH-60 လက်ခ် ဟော့ခ် Black Hawk ရဟတ်ယာဉ် (၂) စီး • C-130 ဟာကျူလီ Hercules သယ်ယူပို့ဆောင်ရေးလေယာဉ် (၂) စီး • MQ-9 ရီးပါး Reaper ဒရုန်း (၄) စီး ဤအချက်အလက်များသည် အမေရိကန်သတင်းရင်းမြစ်များ (ABC၊ NBC နှင့် NYT) မှ ရေးသားဖော်ပြထားသည့် ဆုံးရှုံးမှုများသာ ဖြစ်သည်။ NOM

ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ဧပြီ ၅၊ ၂၀၂၆ NOM
+9
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ဧပြီ ၅၊ ၂၀၂၆ NOM

မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသ
+1
မန္တလေးနှင့် ကလေးမြို့တို့တွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် ဖမ်းဆီးရမိ ဧပြီ ၅၊ ၂၀၂၆ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ကိုဦးနှင့်အတူ ဇော်ဝင်းနိုင်(ခ)ဖိုးသားတို့အား တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိကဖင်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမှ မန္တလေးသို့ NISSAN ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြသည့် ယာဉ်ပိုင်ရှင် မတင့်တင့်အေး၊ နိုင်လင်း၊ ဖြိုးကိုကိုနှင့် နိုင်ချိန်းအောင်တို့ ၄ ဦးအား မန္တလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား ကလေးမှ မန္တလေးသို့ သယ်ဆောင်ခိုင်းသူ ညီညီဇော်(ခ)ဖိုးငယ်အား ကလေးမြို့၊ မြို့သာရပ်ကွက်ရှိနေအိမ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် SANGDA KSD MPV ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ဖော်ထုတ်ချက်အရ ကလေးမြို့နေ ကဖင်းအိတ်များပိုင်ရှင် မခင်မို့မို့အေး(ခ)အန်တီမိုးနှင့် ပူးပေါင်း ပါဝင်ခဲ့သည့် နေမျိုးလင်း(ခ)ရော့ကီ(ခ)မုတ်ဆိတ်၊ မကြွယ်သင်ပါးရ်အီး(ခ) ပါးရ်အီးနှင့် ခိုင်လင်းထွဋ်တို့အား ကလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ လားရင်မွှာနာ (ခ)မွမ်သဲ၏နေအိမ်မှ ကဖင်း ၃ ဒသမ ၈ တန် ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့၌ ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ဝ၂၅ တန် (တစ်ကီလိုလျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄,၁၀၀)၊ ကလေးမြို့တွင် ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန် (တစ်ကီလိုလျှင်ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄ ဘီလီယံ)၊ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈၂၅ တန် (၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၅၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများအား မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှ ကလေးမြို့သို့ လည်းကောင်း၊ ကလေးမြို့မှ မန္တလေးမြို့သို့လည်းကောင်း တရားမဝင်တင်သွင်း သယ်ဆောင်ရောင်းဝယ်သူမှာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့၊ မြန်မာ-အိန္ဒိယနယ်စပ်နေ မမားစောဆန်းအီး(ခ)ဆန်းအီး(ခ)သဲသဲ(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ NOM

စိတ်ဖောက်သွားပုံရတဲ့ အမေရိကန် သမ္မတ ထရမ့်ဟာ သူ့ရဲ့ထရု(သ်) ဆိုရှယ်မီဒီယာအကောင့်တွင် အခုလိုရေးသားခဲ့ပါတယ်။ "လာမယ့် အင်္ဂါနေ့ဟာ
စိတ်ဖောက်သွားပုံရတဲ့ အမေရိကန် သမ္မတ ထရမ့်ဟာ သူ့ရဲ့ထရု(သ်) ဆိုရှယ်မီဒီယာအကောင့်တွင် အခုလိုရေးသားခဲ့ပါတယ်။ "လာမယ့် အင်္ဂါနေ့ဟာ အီရန်နိုင်ငံအတွက် 'လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့' နဲ့ 'တံတားနေ့' တွေ တစ်ပေါင်းတည်း ဖြစ်လာလိမ့်မယ်။ (အင်္ဂါနေ့မှာ အီရန်ရဲ့လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခြင်း) အဲဒီလိုနေ့မျိုး ဘယ်တုန်းကမှ ရှိခဲ့ဖူးမှာ မဟုတ်ဘူး!!! မင်းတို့ ဒီ ဟော်မုဇ် ရေလက်ကြား ကို အခုချက်ချင်းဖွင့်ပေးလိုက်ကြစမ်း။ ရူးကြောင်ကြောင်ကောင်တွေ၊ မဟုတ်ရင် မင်းတို့ ငရဲခန်းထဲမှာ နေရလိမ့်မယ်။ စောင့်ကြည့်နေလိုက်! အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းရှိပါစေ!" NOM

အုပ်ချုပ်ရေးမှူး ဦးသန်းဇော် ဓါးစာခံဖမ်းဆီးခံရ။ PDF အကြမ်းဖက်သမားများ​၏ လူမဆန်သည့် လုပ်ရပ်။
အုပ်ချုပ်ရေးမှူး ဦးသန်းဇော် ဓါးစာခံဖမ်းဆီးခံရ။ PDF အကြမ်းဖက်သမားများ​၏ လူမဆန်သည့် လုပ်ရပ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အ
+9
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်။ ဧပြီ ၅၊ ၂၀၂၆

နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။
+1
နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ပေးအပ်ရာ ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားအပြီးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM