es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 499 suscriptores, ocupando la posición 16 048 en la categoría Noticias y medios y el puesto 10 057 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 499 suscriptores.

Según los últimos datos del 22 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -276, y en las últimas 24 horas de -10, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 10.30%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.31% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 287 visualizaciones. En el primer día suele acumular 663 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 23 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 499
Suscriptores
-1024 horas
-707 días
-27630 días
Archivo de publicaciones
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အ
+9
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်။ ဧပြီ ၅၊ ၂၀၂၆

နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။
+1
နီကာရာဂွါသမ္မတနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ပေးအပ်ရာ ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားအပြီးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

ထိုသို့ဆောင်ရွက်ခဲ့ကြရာတွင် အစိုးရ၏ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသအလိုက်၊ ကဏ္ဍအလိုက် ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်ရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ကြောင်း၊ သာမန်အချိန်၌ပင် မလွယ်ကူသည့်တာဝန်များကို ယခုကဲ့သို့အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲကြမ်းတမ်းပါကြောင်း၊ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေလုပ်ဆောင်မှုမျိုးဖြင့် အောင်မြင်မှုရမည်မဟုတ်ဘဲ လက်ရှိအခြေအနေကို ရောက်မလာနိုင်ကြောင်း။ အားလုံးသိသည့်အတိုင်း မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည်အဓိကကျကြောင်း၊ ဦးစီးဦးဆောင် အကောင်အထည်ဖော်ကြရသည့် အကြီးအကဲများ၏တာဝန်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူစဉ်ကာလတွင် ချမှတ်ခဲ့သည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ အမျိုးသားရေးတာဝန်များကို မိမိနှင့်အတူ ယုံယုံကြည်ကြည်၊ ကြိုးစားပမ်းစား စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်အထည်ဖော်ပေးကြသည့် မိမိ၏လုပ်ဖော်ကိုင်ဘက်များဖြစ်သည့် ယခုတက်ရောက်လာကြသူများအားလုံးကို မိမိအစဉ်အမြဲ သတိရနေမည်ဖြစ်ကြောင်း၊ လေးလေးစားစားဖြင့်ဂုဏ်ယူပြီး အသိအမှတ်ပြုကျေးဇူးတင်နေမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။ ခေါင်းဆောင်မှုသည် နေရာတိုင်း၌အရေးကြီးသည်ကို မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်မညီသည်များ အချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲကြားက နိုင်ငံကိုတည်ဆောက်ရာတွင် မဖြစ်သင့်မဖြစ်ထိုက်သည် များမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။ ထိုသို့ လူပုဂ္ဂိုလ်များကြားမှ ယခုအခမ်းအနားကို တက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့် လေးလေးစားစား အသိအမှတ်ပြုကြောင်း။ မိမိကိုယ်တိုင်လည်း ဦးစီးဦးဆောင်အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာကာလ၏အခက်အခဲများ၊ အန္တရာယ်များ၊ အကြပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်းစာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုးစားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစားအသိအမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကိုကျင်းပပြီး ဂုဏ်ပြုခြင်းဖြစ်ကြောင်း။ အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ တက်တက်ကြွကြွဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်း၊ မိမိ၏ဦးဆောင်မှုအောက်တွင် ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ဝံ့၊ စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြသည်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် ကိုယ်ကျိုးမဖက်၊ အတ္တကင်းကင်းဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တစ်တွေသည် မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံ၏အန္တရာယ်ရန်စွယ်ကျမည့် အချိုးအကွေ့တစ်ခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကိုမူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ်လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူနိုင်ခဲ့သဖြင့် ဝမ်းသာအားရဖြစ်ရကြောင်း၊ ထို့ကြောင့် မိမိနှင့်အတူ ၅ နှစ်တာကာလလက်တွဲပြီး တာဝန်ကျေခဲ့ကြသည့် ယခုအခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို လေးလေးစားစားဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်အတွက်လည်း ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အတွေ့အကြုံရရှိစေရေးအတွက်လည်း ဆက်လက်မွေးထုတ်ပေးသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ဧပြီ ၅၊ ၂၀၂၆ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆိုပါအချိန်က အစိုးရဖြစ်နေသည့် အနိုင်ရပါတီသည် မဲလိမ်မဲခိုးမှု၊ မသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးစားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုယူခဲ့ရသည်မှာ အမှန်တရားဖြစ်ပြီး အားလုံးလည်းသိပြီးဖြစ်ကြောင်း။ မိမိတို့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်ကာလသတ်မှတ်ပြီး စိန်ခေါ်မှုမျိုးစုံနှင့် အခက်အခဲများကြားမှ နိုင်ငံတော်တာဝန်ကိုယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်တစ်ဝန်းပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါဆိုးကြီးနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး တစ်ဆက်တည်း၌ပင် အဖြစ်မှန်ကို မသိ၊ သိဖို့ လည်းမကြိုးစား၊ အဖျက်အမှောင့်ပယောဂများကိုအခြေခံသည့် ဆူပူအကြမ်းဖက်မှုများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့ကြောင်း၊ “တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဆိုသကဲ့သို့ မူလကတည်းက စိတ်သဘောထားမမှန်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း မီးလောင်ရာလေပင့် ဆူပူအကြမ်းဖက်မှုများကို အားပေးမြှင့်တင်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ခြင်းကြောင့် အစိုးရနှင့် ပြည်သူများအားလုံး ဆင်းရဲဒုက္ခများစွာဖြင့် ခက်ခဲပင်ပန်းကြမ်းတမ်းခဲ့ကြရကြောင်း။ တစ်ဆက်တည်း၌ပင် မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် အင်အားပြင်းမန္တလေးငလျင်ကြီးတို့၏ သဘာဝဘေးအန္တရာယ်ကို ဆက်တိုက်ဆိုသကဲ့သို့ ခံစားခဲ့ကြရကြောင်း၊ ထိုသို့ဆူပူအကြမ်းဖက်မှုများနှင့် အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရ၊ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်စပြုနေပြီဖြစ်သည့် အရှိန်အဟုန်များလည်း ရပ်တန့်သွားပြီး ရှိပြီးသားအခြေခံ အဆောက်အအုံအများအပြားသည်လည်း ပျက်စီးသွားခဲ့ကြောင်း။ ထိုသို့နိုင်ငံတော်အနေဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရသကဲ့သို့ အဆိုပါ အခက်အခဲအန္တရာယ်များကြောင့် နိုင်ငံ့စီးပွားရေးသည်လည်း ကျဆင်းလာခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အခြေခံများကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံနှင့်ပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေခဲ့သည့်သူများ အများအပြားရှိခဲ့ကြသဖြင့် ယခုကဲ့သို့တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်နှင့်ပူးပေါင်းပြီး စွန့်လွှတ်စွန့်စားစွာဖြင့် အန္တရာယ်ကိုမမှုဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသူအားလုံးကို ယခုနေရာမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ကို ဂုဏ်ပြုစကားပြောကြားလိုကြောင်း။

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် အပြစ်မဲ့အရ
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိုက် ဒဏ်ရာရရှိ။ NOM

ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ဧပြီ ၅၊ ၂၀၂၆ NOM
+4
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ဧပြီ ၅၊ ၂၀၂၆ NOM

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရ
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုမည် နေပြည်တော် ဧပြီ ၅

ဟော်မုဇ်ရေလက်ကြားပွင့်ရန်ယူကရိန်းကကူညီနိုင်သော်လည်းမည်သူကမှအကူအညီမတောင်းကြဟုယူကရိန်းသမ္မတဇလင်စကီးကပြောသည်။
ဟော်မုဇ်ရေလက်ကြားပွင့်ရန်ယူကရိန်းကကူညီနိုင်သော်လည်းမည်သူကမှအကူအညီမတောင်းကြဟုယူကရိန်းသမ္မတဇလင်စကီးကပြောသည်။

နောက်ဆုံးကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 လေယာဉ်အမှုထမ်းတစ်ဦးအား ကယ်ဆယ်သည့် စစ်ဆင်ရေးအတွင်း အမေရိကန် C-130 ဟာကျူလီစ်
+9
နောက်ဆုံးကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 လေယာဉ်အမှုထမ်းတစ်ဦးအား ကယ်ဆယ်သည့် စစ်ဆင်ရေးအတွင်း အမေရိကန် C-130 ဟာကျူလီစ် ‘Hercules’ လေယာဉ် နှစ်စင်းနှင့် MH-6 လစ်တဲလ် ဘတ်Little Bird’ ရဟတ်ယာဉ် တစ်စင်းတို့ ပျက်စီးသွားကြောင်း နယူးယောက်တိုင်းမ်စ် သတင်းဌာနက New York Times က ဖော်ပြထားသည်။ NOM

ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်သို့ လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲ NOM၊ဧပြီ၅၊၂၀၂၆ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ
ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်သို့ လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲ NOM၊ဧပြီ၅၊၂၀၂၆ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင် ပြေရန် လေကြောင်းလိုင်းများကိုဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ အလှည့်ကျ ပြန်လည်ပြေးဆွဲနေပြီဖြစ် ကြောင်းသိရသည်။ မြစ်ကြီးနားလေဆိပ်ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။ အလှည့်ကျ ပြန်လည်ပြေးဆွဲရာတွင်Air ThanLwin လေကြောင်းလိုင်းမှ စတင်ပြေးဆွဲခြင်းဖြစ်ပြီး အများ ပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက်မြစ်ကြီးနား လေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသော လေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း လိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း စသည့်လေကြောင်းလိုင်းလေးခုမှ တစ်ပတ်လုံးအလှည့်ကျပြေးဆွဲသွားမည်ဖြစ် ကြောင်းသိရသည်။

ပစ်ချခံရပြီး ကယ်ဆယ်ရန်နောက်ဆုံး ကျန်ရှိနေသော F-15 တိုက်လေယာဉ် အမှုထမ်းကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်နှစ်စီးဆုံးရှ
+1
ပစ်ချခံရပြီး ကယ်ဆယ်ရန်နောက်ဆုံး ကျန်ရှိနေသော F-15 တိုက်လေယာဉ် အမှုထမ်းကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်ထပ် လေယာဉ်နှစ်စီးဆုံးရှုံးပြန် NOM အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီး ကယ်ဆယ်ရန် ကျန်ရှိနေသေးသည့် အမေရိကန် F-15 တိုက်လေယာဉ် အမှုထမ်းတစ်ဦးအား အမေရိကန်အထူးတပ်ဖွဲ့များကသွားရောက်ကယ်ဆယ်ခဲ့ရသည်။ ကယ်ဆယ်ရေးအတွင်း အီရန်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး F-15 တိုက်လေယာဉ်အမှုထမ်းနှင့် အထူးတပ်ဖွဲ့များအား ကယ်ထုတ်မည့် အမေရိကန် C-130 လေယာဉ်နှစ်စီးမှာ အီရန်နိုင်ငံအတွင်းဆင်းသက်စဉ် မြေကျွံသွားသဖြင့် အမေရိကန်စစ်ဌာနချုပ်က နောက်ထပ်လေယာဉ်သုံးစီး ထပ်မံစေလွှတ်ပြီး F-15 လေယာဉ်အမှုထမ်းနှင့် အမေရိကန်အထူးတပ်ဖွဲ့များကို အီရန်နိုင်ငံအတွင်းမှ ကယ်ထုတ်ခဲ့ရသည်။ အမေရိကန်အထူးတပ်ဖွဲ့များက မဆုတ်ခွာမီ မြေကျွံနေသော C-130 လေယာဉ်နှစ်စီးကို ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။ NOM

အီရန်စစ်ပွဲအမေရိကန်အသေအပျောက်ကြေညာ NOM အီရန်စစ်ပွဲစတင်ချိန်မှစပြီးအမေရိကန်စစ်တပ်၏သေဆုံးဒဏ်ရာရစာရင်းကိုပင်တဂွန်စစ်ဌဋနချုပ်ကကြေညာရာသေဆုံးစစ်သည်၁၃ဦးနှင့်ဒဏ်ရာရသူ၃၆၅ဦးရှိကြောင်းကြေညာသွားသည်။

+4
ဘာရိန်းနိုင်ငံရှိ ရေနံသိုလှောင်ရုံများ အီရန်ပဲ့ထိန်းဒုံးကျည်များဖြင့်တိုက်ခိုက်ခံရမှုကြောင့် ပေါက်ကွဲမီးလောင်နေ။ NOM

စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ၃၈၅ ဦးအား ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ် ဧပြီ ၄
+2
စစ်မှုထမ်းတာဝန် အောင်မြင်စွာပြီးမြောက်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်း  ၃၈၅ ဦးအား  ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ် ဧပြီ ၄၊ ၂၀၂၆ စစ်မှုထမ်းဆောင်ခြင်း တာဝန်များ အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမ၌ ယနေ့နံနက်က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိများနှင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) မှ စစ်သည်များ တက်ရောက်ခဲ့ကြသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF များ၏ စကားသံများ။ ဧပြီ ၄၊ ၂၀၂၆
+4
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF များ၏ စကားသံများ။ ဧပြီ ၄၊ ၂၀၂၆

အီရန်က ကူဝိတ်နိုင်ငံရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို တိုက်ခိုက်။ NOM

အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေဆဲဖြစ်သော အမေရိကန်လေယာဉ်အမှုထမ်းကို အမေရိကန် စစ်တပ်​၏ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလ
အီရန်နိုင်ငံအတွင်း ပစ်ချခံရပြီးပျောက်ဆုံးနေဆဲဖြစ်သော အမေရိကန်လေယာဉ်အမှုထမ်းကို အမေရိကန် စစ်တပ်​၏ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလျက်ရှိပြီး အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ စတင်ထွက်ခွာရာနေရာဖြစ်သည့် ကူဝိတ်နိုင်ငံရှိ ဘူးရင်း စစ်စခန်းကို အီရန်ကဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ NOM

🤍⚔️🇮🇷 အမေရိကန်အစိုးရဟာ စီးပွားဖြစ် ဂြိုဟ်တုဓာတ်ပုံ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအားလုံးကို အရှေ့အလယ်ပိုင်း ပဋိပက္ခဇုန်ရဲ့ ပုံရ
🤍⚔️🇮🇷 အမေရိကန်အစိုးရဟာ စီးပွားဖြစ် ဂြိုဟ်တုဓာတ်ပုံ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအားလုံးကို အရှေ့အလယ်ပိုင်း ပဋိပက္ခဇုန်ရဲ့ ပုံရိပ်တွေကို မတ်လ ၉ ရက်နေ့ကစပြီး နောက်ကြောင်းပြန် သတ်မှတ်ချက်နဲ့ အကန့်အသတ်မရှိ ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဂြိုဟ်တုဓာတ်ပုံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Planet ကလည်း အဆိုပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေကြောင်း အတည်ပြုထားပါတယ်။ ဝါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် တိုက်ခိုက်ခံရမှု ပျက်စီးဆုံးရှုံးမှုတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေအပေါ် လွတ်လပ်စွာ အတည်ပြုနိုင်စွမ်းကို အခုအခါမှာတော့ ဖုံးကွယ်တားဆီးလိုက်ပြီ ဖြစ်ပါတယ်။ သင်ဟာ စစ်ပွဲမှာ အနိုင်ရနေတယ်ဆိုရင် ကမ္ဘာကြီးကို မြင်စေချင်မှာပါ။ ဒါပေမဲ့ အခုလို တစ်လကြာတဲ့အထိ ဂြိုဟ်တုဓာတ်ပုံတွေကို ပိတ်ဆို့ထားတယ်ဆိုတာဟာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖုံးကွယ်ချင်နေတာပဲ ဖြစ်ပါတယ်။ NOM

ကူဝိတ်ရေနံကော်ပိုရေးရှင်းနှင့် ကူဝိတ်ရေနံဝန်ကြီးဌာနရှိသည့် အဆောက်အအုံ အီရန်ဒရုန်းထိမှန် အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒရုန်းတစ်စင်းသည် ကူဝိတ်ရေနံကော်ပိုရေးရှင်း (Kuwait Petroleum Corporation) အဆောက်အအုံကို ထိမှန်ခဲ့သည်။ အဆိုပါအဆောက်အအုံတွင် ကူဝိတ်နိုင်ငံ၏ ရေနံဝန်ကြီးဌာနရုံးလည်း အခြေစိုက်ထားသည်။ NOM