es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 546 suscriptores, ocupando la posición 16 068 en la categoría Noticias y medios y el puesto 10 064 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 546 suscriptores.

Según los últimos datos del 17 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -265, y en las últimas 24 horas de -4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.37%. Durante las primeras 24 horas tras publicar, el contenido suele obtener 10.05% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 925 visualizaciones. En el primer día suele acumular 1 262 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 16.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 546
Suscriptores
-424 horas
-517 días
-26530 días
Archivo de publicaciones
photo content
+8

ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားမ
+9
ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံအား ပြန်လည်သိမ်းပိုက်ရရှိ၊ ဒေသခံပြည်သူလူထုအတွက် လျှပ်စစ်မီးနှင့် စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသိုချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား နိုင်ငံတော်သမ္မတ ဦ
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသိုချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသိုချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတက ဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို မြန်မာနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE က ဇွန် ၁၂ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လာအိုနိုင်ငံသမ္မတက မြန်မာနိုင်ငံသမ္မတကြီးအား လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးလာရောက်ရန်ဖိတ်ကြားကာ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပြီး ယင်းသိုလာရောက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုများစွာအထောက်အကူပြုမည်ကို မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု လာအိုနိုင်ငံ ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပင်းတယမြို့နယ်၊ စံသီးကုန်းကျေးရွာနေ ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်ပြီး ဘေးချင်းကပ်နေအိမ်
ပင်းတယမြို့နယ်၊ စံသီးကုန်းကျေးရွာနေ ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်ပြီး ဘေးချင်းကပ်နေအိမ်မှ လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေလက်စွပ် ၃ ကွင်း၊ ငွေ ၂၂ သိန်းကျပ်နှင့် ဆိုင်ကယ် ၃ စီးတို့အား အကြမ်းဖက်လုယက်ယူဆောင်သွား NOM ဇွန် ၁၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ စံသီးကုန်းကျေးရွာနေ ကူးကော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇော (၄၆) နှစ်သည် ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားကိုးဦးက ဆိုင်ကယ်ခြောက်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဘေးချင်းကပ်နေအိမ်ရှိ လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေလက်စွပ် ၃ ကွင်း၊ ငွေ ၂၂ သိန်းကျပ်နှင့် ဆိုင်ကယ် ၃ စီးတို့အား အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်
ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၁၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီခွဲအချိန်၌ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာနေ ဦးမြင့်စိုး (၅၂) နှစ်သည် ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် ဘလချောင်းရိုးသို့ ငါးရှာရန် ခြေလျင်သွားရောက်စဉ် အဆိုပါချောင်းအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ NOM

ရွှေပြည်သာစက်မှုဇုန်(၄)တွင် အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား NOM၊ဇွန်၁၄၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြ
ရွှေပြည်သာစက်မှုဇုန်(၄)တွင် အထည်ချုပ်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား NOM၊ဇွန်၁၄၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄)ရှိဘုရင့်နောင်လမ်းတွင်ယနေ့ ဇွန် (၁၄ ရက်)နံနက် ၆ နာရီ ၂၀ မိနစ်ခန့်ကအထည်ချုပ်စက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွား ခဲ့ပြီး စက်ရုံဝန်ထမ်းအမျိုးသားနှစ်ဦးဒဏ်ရာရရှိခံ့သည့်ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာအင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄)ဘုရင့်နောင်လမ်းတွင်ရှိအထည်ချုပ်စက်ရုံ ပေ၃၀၀ အဆောက်အဦးအတွင်းရှိဘယ်ဘက်အခြမ်းရှိပစွည်းများသိုလှောင်ထားသည့်အခန်းမှဝါယာရှော့ဖြစ်ပြီးမီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး နံနက်၆နာရီ၃၁မိနစ်တွင် Level 1 အဆင့်ယာဉ်အုပ်စုများ ထွက်ခွာခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့ နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတာဝန်ရှိသူများငြှိမ်းသတ်ခဲ့ရာနံနက် နာရီ ၄၉မိနစ်တွင် အချိန် မီးငြိမ်းသွားကြောင်းသိရသည်။

ရန်ကုန်မြို့အနီး ငလျင်လှုပ်ခတ် NOM၊ဇွန်၁၄၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန်ညနေ (၅)နာရီ၊ (၀၉)မိနစ်၊ (၄၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒဂုံမြို့သစ်၏ အရှေ့-အရှေ့မြောက် ဘက် (၁၀) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၆.၈၉ ) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၈) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၁ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ မိုး/ဇလ

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်ကို တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ အဆင့်မြင့် ဆက်သွယ်ရေးအရာရှိတစ်ဦးကို လုပ်ကြံဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ကြိုးပမ်းခဲ့ အဆိုပါ လုပ်ကြံသတ်ဖြတ်မှု ကြိုးပမ်းချက်ဟာ မအောင်မြင်ခဲ့ဘူးလို့ အစ္စရေးလုံခြုံရေးအဖွဲ့အစည်းတွေက လောလောဆယ် ခန့်မှန်းတွက်ချက်ထားပါတယ်။

နိုင်ငံ ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် ရည်မှန်းဖွဲစည်းလျက်ရှိရာမှာ ယနေ့အထိ သစ်တောကြိုးဝိုင်း
နိုင်ငံ ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် ရည်မှန်းဖွဲစည်းလျက်ရှိရာမှာ ယနေ့အထိ သစ်တောကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁၃၃၇ ခု နိုင်ငံဧရိယာရဲ့ ၁၂ ဒသမ ၁၁ ရာခိုင်းနှုန်း တည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု နိုင်ငံဧရိယာရဲ့ ၆.၅၉ ရာခိုင်နှုန်း ဖွဲစည်းထားနိုင်ခဲ့ပြီဖြစ်တယ်... ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် သို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်တက်ရောက် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ

ဗိုလ်ချုပ်ဇော်မင်းထွန်းခြင်းမှားနေ NOM ယနေ့လူမှုကွန်ယက်တွင်ကကပြညဒါရိုက်တာ(ငြိမ်း)ဗိုလ်ချုပ်ဇော်မင်းထွန်းအားအဂတိညွှန်ချုပ်အဖြစ်ခန့်အပ်သည့်သတင်းများပလူပျံအောင်တက်လာသည်။အမှန်မှာအဂတိညွှန်ချုပ်အဖြစ်ခန့်လိုက်သောဗိုလ်မှူးချုပ်ဇော်မင်းထွန်းသည်စစ်တက္ကသိုလ်အမှတ်စဉ်(၄၀)မှဖြစ်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်(ဟောင်း)ကကပြည်ဒါရိုက်တာ(ငြိမ်း) ဗိုလ်ချုပ်ဇော်မင်းထွန်းသည်စစ်တက္ကသိုလ်အမှတ်စဉ်(၃၇)မှဖြစ်သဖြင့်နံမည်တူခြင်းသာဖြစ်ကြောင်းသိရသည်။

တောဆင်ရိုင်း နင်းခံရ၍ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး သေဆုံး NOM၊ ဇွန် ၁၄၊၂၀၂၆ ရန်ကုန်တိုင်း‌ ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူ
တောဆင်ရိုင်း နင်းခံရ၍ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး သေဆုံး NOM၊ ဇွန် ၁၄၊၂၀၂၆ ရန်ကုန်တိုင်း‌ ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာထိပ်ရှိ ခြံတစ်ခြံအတွင်းဇွန် ၁၃ရက် နံနက် ၅ နာရီခန့်က ခြံစောင့်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦး တောဆင်ရိုင်း အနင်းခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စ‌ဉ်မှာ ခြံအတွင်းနေထိုင်သူ "ဦးမြစိန်"သည်ယနေ့နံနက် ၄ နာရီကျော်ခန့်က သူ့နေသည့် ခြံဝန်းအတွင်းတောဆင်ရိုင်း ဝင်လာခဲ့၍ သူစိုက်ထားသော ခရမ်းပင် မာလကာပင် များကိုတောဆင် မဖျက်ဆီးရန်လိုက်မောင်းရင်း ဆင်အနင်းခံရပြီး သေဆုံးသွားခဲ့‌သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တောဆင်ရိုင်းအနင်းခံရသူ ဦးမြစိန် (၆၃-နှစ်)၏ ရုပ်အလောင်းအား အလင်းစက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ်ဆေးရုံ(ရင်ခွဲရုံ)သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် ဇွန် ၁၄၊ ၂၀၂၆ ၂၀၂၆-၂
+3
နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် ဇွန် ၁၄၊ ၂၀၂၆   ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။   အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ပညာရေး ဝန်ကြီးဌာနအနေဖြင့်  ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာ များနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အနည်းဆုံး အလယ်တန်းပညာ (KG+9)ပြီးမြောက်ရေး၊ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူရေးအတွက် မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့သားသမီးများအား ပညာတတ်လူငယ်များဖြစ်စေရေး၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေရေး မိဘဆရာ တူယှဉ်တွဲကာ နှစ်ဦးနှစ်ဖက် မျှတစွာ ပဲ့ပြင်ပေးမှသာ ကလေး၏ အနာဂတ် ဖြောင့်ဖြူးနိုင်မည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာရည်မြင့်မားစေရန်အတွက် ယခုလို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။    ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြရာ ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။   ယနေ့ နေပြည်တော်‌ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ရှစ်ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၆ ဦး၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး၊ KG ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ မူကြိုကျောင်းသား၊ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၁၃၃ ဦးအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်  ၉၀၃၁၀၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမို ရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတခဲနက် ဆန္ဒမဲပေးရွေးချယ် ခဲ့သည့် ဒီမိုကရေစီအစိုးရဖွဲ့စည်း တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော် ထံသို့လာရောက်အပ်နှံခဲ့ပါသည်။ အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ ဦးစွာ နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။ ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်တွင် တိုက်လေယာဉ်တစ်စီးပျက်ကျ။

အမေရိကန်နှင့်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းနှင့် ပတ်သက်၍ အီရန်နိုင်ငံသည် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် တိုင်ပင်ဆွေးနွေးလျက်ရှိသည်။ NOM

အမေရိကန် ထောက်လှမ်းရေးသတင်းရင်းမြစ် ၅ ခုကို ကိုးကား၍ CNN က ဖော်ပြချက်အရ - အီရန်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံလက်ကျန် (အရန်သင့်သိုလှောင်ထားမှု) များကို နေရာခွဲဖြန့်ချထားခြင်း၊ မြေအောက်လှိုဏ်ဂူဝင်ပေါက်အချို့ကို ဖြိုချဖျက်ဆီးပစ်ခြင်းနှင့် လုံခြုံရေးကောင်းမွန်စွာ မြှင့်တင်ထားသည့် မြေအောက်အဆောက်အအုံများအတွင်း မိုင်းများနှင့် ထောင်ချောက်ဗုံးများ ဆင်ထားခြင်းတို့ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုများသည် ၎င်းဒြပ်ပစ္စည်းများကို သွားရောက်ရယူမည့် (သို့မဟုတ်) ပြန်လည်သိမ်းဆည်းမည့် လုပ်ငန်းစဉ်ကို သိသိသာသာ ခက်ခဲရှုပ်ထွေးသွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်ဆိုပါက အီရန်အနေဖြင့် သန့်စင်ပြီး ယူရေနီယံများ၏ အဆင့်ကို ပြန်လည်လျှော့ချရန် (Downblend လုပ်ရန်) အချိန်များစွာ ပိုမိုကြာမြင့်သွားစေမည်ဖြစ်ပြီး တစ်ဖက်ကလည်း အီရန်အတွက် ယူရေနီယံသန့်စင်မှုလုပ်ငန်းစဉ်ကို တိတ်တဆိတ် ပြန်လည်စတင်ရန် အချိန်ဆွဲပေးရာ ရောက်စေမည်ဖြစ်သည်။ ထို့အပြင် ၎င်းယူရေနီယံများကို သွားရောက်သိမ်းဆည်းရန် ကြိုးပမ်းမည့် မည်သည့် အထူးစစ်ဆင်ရေးကိုမဆို အလွန်အမင်း အန္တရာယ်နှင့် စွန့်စားရမှု များပြားသွားစေမည် ဖြစ်သည်။ NOM

ယနေ့ မြန်မာအပါအဝင် ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှု အဓိက အကြောင်းအရင်းတွေကို လေ့လာစန်းစစ်ကြည့်မယ်ဆိုရင် ရုပ်ကြွင်း
ယနေ့ မြန်မာအပါအဝင် ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှု အဓိက အကြောင်းအရင်းတွေကို လေ့လာစန်းစစ်ကြည့်မယ်ဆိုရင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများလာခြင်း၊ စွမ်းအင်နှင့် စက်မှု လုပ်ငန်းတွေ ထွန်းကားလာခြင်း၊ သစ်တောများပြုံးတီးခြင်း၊ လူဦးရေတိုးပွားလာမှုနဲ့ အတူ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ်ပြောင်းလာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့်ဖြစ်တယ်.... ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်တက်ရောက် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလ
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု

ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်အခြေစိုက်စခန်းကို အီရန်က မကြာသေးမီက ဒုံးကျည်/ဒရုန်းများဖြင့် တိုက
ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်အခြေစိုက်စခန်းကို အီရန်က မကြာသေးမီက ဒုံးကျည်/ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် ASR-1000L အမျိုးအစား စစ်ဆင်ရေးသုံး ဝေဟင်စောင့်ကြည့်ရေး ရေဒါစနစ်တစ်ခု ပျက်စီးသွားခဲ့ကြောင်း ကြည်လင်ပြတ်သားမှုမြင့်မားသည့် ဂြိုဟ်တုဓာတ်ပုံအသစ်များအရ သိရှိရသည်။ NOM

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံ
+8
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ