uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 528 підписників, посідаючи 16 077 місце в категорії Новини і ЗМІ та 10 075 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 528 підписників.

За останніми даними від 18 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -19, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.29%. Протягом перших 24 годин після публікації контент зазвичай збирає 9.34% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 913 переглядів. Протягом першої доби публікація в середньому набирає 1 171 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 19 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 528
Підписники
-1924 години
-637 днів
-27630 день
Архів дописів
နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုး နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိ
+4
နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုး နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ နေပြည်တော်၌ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်(၇၅)ပွဲတွင် အပင်ပေါင်း (၅၄,၈၁၀)ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီး၌ ရင်ချင်းဆက် အမြွှာကလေးများ အောင်မြင်စွာ ခွဲစိတ်ကုသ ဇွန် ၁၄၊ ၂၀၂၆ ရန်ကုန်ကလေးဆေးရုံကြီး၌ အသက်နှစ်နှစ်၊
+1
ရန်ကုန်ကလေးဆေးရုံကြီး၌ ရင်ချင်းဆက် အမြွှာကလေးများ အောင်မြင်စွာ ခွဲစိတ်ကုသ   ဇွန် ၁၄၊ ၂၀၂၆   ရန်ကုန်ကလေးဆေးရုံကြီး၌ အသက်နှစ်နှစ်၊ ငါးလအရွယ်ရှိ ရင်ချင်းဆက်အမြွှာ မိန်းကလေးများဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ခွဲစိတ်ကုသမှု (Separation Surgery) ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်မှစတင်ကာ စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ်ကြာဆောင်ရွက်၍ ကလေးများ၏ ကျန်းမာရေးအခြေအနေတည်ငြိမ်ကောင်းမွန်မှုကြောင့် အထူးကြပ်မတ်ကုသဌာနတွင် စောင့်ကြည့်ကုသလျက်ရှိသည်။   အဆိုပါ ကလေးငယ်များသည် ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ် မိခင်မှ ဒုတိယမြောက် ကိုယ်ဝန်အဖြစ် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးဖွားပြီးချိန်မှစ၍ ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးတွင်ထားရှိကာ အသက်ခြောက်လအရွယ်တွင် ခုတင် (၅၅၀) ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) ၌ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည်။   ထိုသို့ ပြုစုစောင့်ရှောက်ချိန်တစ်လျှောက်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မန္တလေးနှင့်ရန်ကုန်မှ ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများပါဝင်သောအဖွဲ့ဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်ခဲ့သည်။   ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ခွဲစိတ်ကုသမှုဆောင်ရွက်မည့် ရန်ကုန်ကလေးဆေးရုံကြီး၌ ပြောင်းရွှေ့၍ လိုအပ်သည်များပြင်ဆင်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှု၊ ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦး၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် ခွဲစိတ်ကုသမှုအဖွဲ့ (၁) တွင် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာညိုညိုဝင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဖုန်းမြင့် ခေါင်းဆောင်သောအဖွဲ့၊ ခွဲစိတ်ကုသမှုအဖွဲ့ (၂) တွင် ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမြမြလှိုင်နှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမြစိုး ခေါင်းဆောင်သောအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (ကလေးကျန်းမာ) ပါမောက္ခဒေါက်တာသဇင်မွန် ခေါင်းဆောင်သော ရန်ကုန်ကလေးဆေးရုံကြီးနှင့် ခုတင်(၅၅၀)ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) တို့မှ ကလေးအထူးကုအဖွဲ့၊ သူနာပြုအုပ် ဒေါ်မိုးယုယုခိုင် ခေါင်းဆောင်သော သူနာပြုများအဖွဲ့နှင့် အငြိမ်းစားကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ခွဲစိတ်) ပါမောက္ခဒေါက်တာမိုးမိုးတင်၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့် သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော်နှင့် ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်) ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦးတို့ စုပေါင်းအင်အားဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။   မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ယခုခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု ကိုးကြိမ်၊ မန္တလေးကလေးဆေးရုံကြီးတွင် သုံးကြိမ်ကို ပြည်ပပညာရှင်များပါဝင်ခြင်းမရှိဘဲ ပြည်တွင်းမှဆေးပညာရှင်များဖြင့် ခွဲစိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက်ရရှိခဲ့ပြီးနောက် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး၌ တိုက်ပွဲများရပ်စဲရေး အကျုံးဝင်ကြောင်း အီရန်ဘက်က အတည်ပြုလိုက်ခြင်းကြောင့် လက်ဘနွန်ပြည်သူများ ဝမ်းမြောက်ပျော်ရွှင်နေကြ။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်။ ဇွန် ၁၅၊ ၂၀၂၆

+1
အိမ်ဖြူတော်တွင် ကျင်းပသည့် UFC Freedom 250 MMA ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှု၌ သမ္မတ ထရမ့်၏ အထိမ်းအမှတ်ဒင်္ဂါးပြားများကို ထည့်သွင်းရောင်းချ သမ္မတ ထရမ့်၏ တရားဝင် အသိအမှတ်ပြုချက်ဖြင့်။ NOM

သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံများ အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ် ဇွန် ၁၄၊ ၂၀၂၆ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေ
သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံများ အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်   ဇွန် ၁၄၊ ၂၀၂၆   ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးမှနေ့စဉ်စွန့်ပစ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စွန့်ပစ်အမှိုက်များကို စိုက်ပျိုးရေးတွင်ပြန်လည်အသုံးပြုနိုင်သည့် အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ်ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ ဖြန့်ဖြူးရောင်းချပေး နေကြောင်း အဆိုပါဈေးမှ သိရသည်။   သီရိမင်္ဂလာဈေးသည် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးသို့ သီးနှံထွက်ကုန်များ လက်လီ၊ လက်ကား ဖြန့်ဖြူးပေးရာနေရာဖြစ်သည့်အတွက် ဈေးမှနေ့စဉ်စွန့်ပစ်အမှိုက် တန် ၈၀ မှ တန် ၁၀၀ အတွင်းထွက်ရှိပြီး အဆိုပါစွန့်ပစ်အမှိုက်များကို ဈေးအတွင်း၌ခြံဝင်းခတ်၍ အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်လျက်ရှိရာ စွန့်ပစ်အမှိုက်များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲမှုကြောင့် ဈေးမှလှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံသို့ စွန့်ပစ်အမှိုက် ပို့ဆောင်မှုသည်လည်း ထက်ဝက်နီးပါးလျော့ကျသွားကြောင်း သိရသည်။    “သီးနှံဈေးဖြစ်တဲ့အတွက် နေ့စဉ်ထွက်ရှိတဲ့စွန့်ပစ်အမှိုက်ကို သဘာဝမြေဩဇာအဖြစ် အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်အောင် ထုတ်လုပ်နေပါတယ်။ ‌ရက်တိုတိုနဲ့ဆွေးမြည့်လွယ်ပြီး မြေဆွေးရလွယ်တဲ့ ဂေါ်ဖီနဲ့သီးနှံတွေကိုအသုံးပြုတာများပါတယ်။ သီရိမင်္ဂလာဈေးကနေ တစ်ရက်ကိုစွန့်ပစ်အမှိုက်တန်ချိန် ၈၀ ကနေ ၁၀၀ အထိစွန့်ပစ်ရပြီးတော့ အခုလို သဘာဝမြေဩဇာထုတ်လုပ်မှုကြောင့် အမှိုက်ပို့ဆောင်စွန့်ပစ်ရမှုလျော့ကျသွားတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးကိုအကျိုးပြုတဲ့ သဘာဝမြေဩဇာရရှိတယ်” ဟု မရမ်းကုန်းခရိုင် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဌာနခွဲမှူး ဦးဝေလင်းကပြောသည်။   သီရိမင်္ဂလာဈေးမှထွက်ရှိသော သဘာဝမြေဩဇာကို မင်္ဂလာဒုံနှင့်မှော်ဘီမြို့နယ်တို့ရှိ နှင်းဆီခြံ၊ စပယ်ခြံများတွင် အသုံးပြုနေသည့်အပြင် ရန်ကုန်မြို့ဈေးများရှိ စိုက်ခင်းနှင့် ပန်းခြံများ၊ ငွေနှင်းမှို စိုက်ပျိုးမှုများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ ဇွန် ၁၅၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံ တော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ ခရီးစဉ် တွင်လိုက်ပါသွားကြသည်။  ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီး အကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်သို့ တက်ရောက်၍ အဆင့်မြင့်နည်းပညာသုံး စက်မှု လုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင် ချင်း ဖလှယ်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ NOM

အိမ်ဖြူတော်မှာ ကျင်းပတဲ့ "UFC Freedom 250" MMA ပြိုင်ပွဲကို သမ္မတ ထရမ့်နဲ့ UFC ရဲ့ စီအီးအို ဒါနာဝှိုက်တို့ အတူတူ တက်ရောက်လာစဉ်။ NOM

ယူကရိန်း တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်အရ ကိဗ်မြို့တော် (Kyiv) ၏ လက်ရှိအခြေအနေ။ ပြီးခဲ့သည့် နာရီပိုင်းအတွင်း ကိဗ်မြို့ပေါ်သ
ယူကရိန်း တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်အရ ကိဗ်မြို့တော် (Kyiv) လက်ရှိအခြေအနေ။ ပြီးခဲ့သည့် နာရီပိုင်းအတွင်း ကိဗ်မြို့ပေါ်သို့ ရုရှားပဲ့ထိန်းဒုံးကျည်အစင်း ၃၀ အထိ ကျရောက်ပေါက်ကွဲခဲ့သည်။ NOM

ကလေးများကို အလုပ်သမားများအဖြစ်ခိုင်းစေခြင်းက ကလေးများ၏ အနာဂတ်အလားအလာများကို မှေးမှိန်ပျက်စီးစေသည်။ ပညာသင်အရွယ်တွင် အလုပ်လုပ်ခိုင်းခြင်းဖြင့် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။ ပညာသင်ကြားနေရမည့် ကလေးများကိုကောင်းစွာပညာသင်ကြား လေ့ကျင့်ပေးခြင်းအားဖြင့် နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိစေသကဲ့သို့ ကလေးငယ် တစ်ဦးချင်းစီ၏ အနာဂတ်အတွက်လည်း ပိုမိုမြင့်မားကောင်းမွန်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းထွက်နှုန်းမြင့်မားနေခြင်းသည် မိသားစုအလုပ်ကိုကူရန်အတွက်ဟူသော အကြောင်းပြချက်ဖြင့်အများဆုံးဖြစ်ရာ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးတို့အတွက် ကဏ္ဍအသီးသီးတို့မှ ကြိုးပမ်းဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။

ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် ကျောင်းနေအရွယ်များအားလုံး ကျောင်းတက်ရေး   ကမ္ဘာပေါ်ရှိ ကလေးသူငယ်ဦးရေ စုစုပေါင်း၏ ၈ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ကလေး ၁၇ ယောက်တွင် တစ်ယောက်တို့မှာ ကလေးအလုပ်သမားများ ဖြစ်နေကြသည်ဟု ဆိုသည်။ ခန့်မှန်း ခြေအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားဦးရေ ၁၃၈ သန်းခန့်ရှိသည့်အနက် ၅၄ သန်းခန့်မှာ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် စာရိတ္တပိုင်းဆိုင်ရာတို့အတွက် အာမခံချက်ကင်းမဲ့သော အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေကြရသည်ဟုဆိုသည်။   အထက်တွင်ဖော်ပြခဲ့သည့်အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင်ရှိခဲ့သော ကလေးအလုပ်သမားဦးရေ သန်း ၁၆၀ မှ သိသာစွာကျဆင်းလာခဲ့သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမား လုံးဝပပျောက်စေရေးဟူသည့် ကုလသမဂ္ဂ၏ရည်မှန်းချက်ကိုမူ မဖြည့်ဆည်းနိုင်ဘဲ လွဲချော်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမားများတွင် ယောက်ျားလေး ၇၈ သန်းနှင့် မိန်းကလေး ၅၉ သန်းတို့ပါရှိနေရာ ဝင်ငွေရှာဖွေရသည့် အလုပ်များတွင် ယောက်ျားလေးများက ပိုမိုများပြားနေသည်ကို တွေ့ရသော်လည်း တစ်ပတ်လျှင် ၂၁ နာရီထက်မနည်း အလုပ်လုပ်ကြရပြီး အခကြေးငွေမရသည့် အိမ်မှုကိစ္စများကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ပါက မိန်းကလေးဦးရေက သိသာစွာ ပို၍များပြားသွားသည်ဟုဆိုသည်။   ကမ္ဘာ့ကလေးအလုပ်သမားများ၏ ၆၁ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ရာ အဓိကအားဖြင့် မိသားစုပိုင် အသေးစားလယ်ယာများတွင် အခကြေးငွေမယူဘဲလုပ်ကိုင်နေကြရခြင်းဖြစ်သည်။ အိမ်အကူအလုပ်၊ စားပွဲထိုးအလုပ်၊ လမ်းဘေးဈေးရောင်းအလုပ်များတွင် လုပ်ကိုင်နေကြသည့် ကလေးများမှာ ၂၇ ရာခိုင်နှုန်းရှိပြီး အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် ဆောက်လုပ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ အုတ်ဖုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ကမ္ဘာ့ကလေးအလုပ်သမား စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်း လုပ်ကိုင်နေကြသည်ဟုဆိုသည်။ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကလေးအလုပ်သမားရာခိုင်နှုန်း အမြင့်ဆုံးနိုင်ငံများ၌ ဆာဟာရ အောက်ပိုင်းနိုင်ငံများဖြစ်သည့် တောင်ဆူဒန် ၄၈ ရာခိုင်နှုန်း၊ အီသီယိုပီးယား ၄၅ ရာခိုင်နှုန်း၊ ဘာကိနာဖာဆို ၄၂ ရာခိုင်နှုန်း၊ ကင်မရွန်း ၃၉ ရာခိုင်နှုန်း၊ ချဒ် ၃၉ ရာခိုင်နှုန်းတို့ ပါဝင်နေသည်ကို တွေ့ရသည်။   မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအရွယ်ကို အသက် ၁၄ နှစ်အဖြစ် သတ်မှတ်ထားရာ အသက် ၁၄ နှစ်အောက်ကလေးများကို မည်သည့်လုပ်ငန်းခွင်၌မဆို အလုပ်လုပ်ခွင့်မပြုဘဲ တားမြစ်ထားသည်။ အသက် ၁၄ နှစ်မှ ၁၅ နှစ်အရွယ်များကို ပုံမှန် လုပ်ငန်းခွင်များတွင် မွန်းလွဲ ၂ နာရီမတိုင်မီ ပညာသင်ကြားရေးကို မထိခိုက်စေဘဲ ပေါ့ပါးသည့်အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိသည်။ အသက် ၁၆ နှစ်မှ ၁၈ နှစ် အရွယ်များကို လူငယ်လုပ်သားများအဖြစ်သတ်မှတ်ပြီး လုပ်ကိုင်ခွင့်ရှိသော်လည်း အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း သတ်မှတ်ထားသည်။   မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ပင်ဖြစ်သည်။ မိသားစုဝင်ငွေနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မိဘများက ကလေးများကိုလုပ်ငန်းခွင်သို့စေလွှတ်ခြင်း၊ ကလေးများကိုယ်တိုင် ဝင်ငွေရှာပေးရခြင်းဖြစ်သည်။ ပညာသင်ကြားရန် တိုက်ရိုက်စရိတ်၊ သွယ်ဝိုက်စရိတ်တို့ကို မတတ်နိုင်ခြင်း၊ ကျောင်းနှင့် ဝေးကွာခြင်းတို့ကြောင့် ပညာကို ဆက်လက်မသင်ယူနိုင်ကြဘဲ ငယ်ရွယ်စဉ်မှာပင် အလုပ်လုပ်ကြခြင်းလည်းဖြစ်သည်။ ကလေးအလုပ်သမားအများစုမှာ ကျေးလက်ဒေသများတွင် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းများ၊ မြို့ပြဒေသများတွင်အိမ်အကူ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ လက်လီလက်ကားဆိုင်များတွင် ဆိုင်အကူ၊ အရောင်းဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများနှင့် ဝပ်ရှော့များ၊ အုတ်ဖုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးအကူလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

ယူကရိန်းနိုင်ငံ၊ ဇူလျာနီရှိ နိုဗာ ပိုရှ်တာ (Nova Poshta) ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင် တိုက်ခိုက်ခံရ ဇူလျာနီ ရှိ နိုဗာ ပိုရှ်တ
+1
ယူကရိန်းနိုင်ငံ၊ ဇူလျာနီရှိ နိုဗာ ပိုရှ်တာ (Nova Poshta) ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင် တိုက်ခိုက်ခံရ ဇူလျာနီ ရှိ နိုဗာ ပိုရှ်တာ (ယူကရိန်းစာတိုက်နှင့် ပါဆယ်ပို့ဆောင်ရေးလုပ်ငန်း) အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရကြောင်း ယူကရိန်း တဲလီဂရမ်ချန်နယ်များက ဖော်ပြနေကြသည်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့သည် အဆိုပါကုမ္ပဏီ၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို လက်နက်များ သိုလှောင်ရန်နှင့် သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးချင်ဇောဖြင့် ဓာတ်ပုံနှင့် စာများမတင်ဘဲ မနေနိုင်ကြသည့် ဗြိတိန်နိုင်ငံသား စေတနာ့ဝန်ထမ်း အသုံးမကျသူများကြောင့် နိုဗာ ပိုရှ်တာ ကို ရှေ့တန်းစစ်မျက်နှာသို့ လက်နက်များ ပို့ဆောင်ရာတွင် အသုံးပြုနေသည်ဟူသောအချက်ကိုပါ ရုရှားတို့ကသိခွင့်ရခဲ့သည်။ NOM

သမ္မတ ထရန့် — 'ကျွန်တော့်မတိုင်ခင်က သမ္မတတော်တော်များများ အီရန်နဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားခဲ့ကြပေမဲ့ အားလုံးကျရှုံးခဲ့ကြ
သမ္မတ ထရန့် — 'ကျွန်တော့်မတိုင်ခင်က သမ္မတတော်တော်များများ အီရန်နဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားခဲ့ကြပေမဲ့ အားလုံးကျရှုံးခဲ့ကြတယ်' 'ဟော်မုဇ်ရေလက်ကြား သောကြာနေ့တွင် ပြန်ပွင့်မည်' အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Truth Social) တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ ယခင်အမေရိကန်သမ္မတဟောင်းများ အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုအားလုံး မအောင်မြင်ခဲ့ဘဲ ၎င်း၏လက်ထက်တွင်မှ သမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂုဏ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက်ကို သောကြာနေ့ (ဇွန်လ ၁၉ ရက်) တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင်လက်မှတ်ရေးထိုးပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာ့ရေနံနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို မိုင်းများစတင်ရှင်းလင်းကာ ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ NOM

အမေရိကန်သမ္မတထရန့်— 'အီရန်နဲ့သဘောတူညီချက် အပြီးသတ်အောင်မြင်ပြီ' ဟော်မုဇ်ရေလက်ကြား 'ပြန်ပွင့်ပြီ' ရေတပ်ပိတ်ဆို့မှု ရုပ်သိမ်းလိ
အမေရိကန်သမ္မတထရန့်— 'အီရန်နဲ့သဘောတူညီချက် အပြီးသတ်အောင်မြင်ပြီ' ဟော်မုဇ်ရေလက်ကြား 'ပြန်ပွင့်ပြီ' ရေတပ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီ 'ဂုဏ်ယူပါတယ်… ရေနံတွေ စီးဆင်းခွင့်ပြုလိုက်ကြစို့' အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်က အီရန်နှင့် ရရှိခဲ့သော သဘောတူညီချက် (MoU) အဆင့်များ အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း၊ ပိတ်ဆို့ထားသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို အီရန်အပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေညာကာ အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လူသိရှင်ကြား အားရဝမ်းသာ ပြောကြားလိုက်ခြင်း ဖြစ်သည်။ NOM

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်နိုင်ငံမှ ဆုတ်ခွာရန် ငြင်းဆန် — အမေရိကန်-အီရန် သဘောတူညီချက်ပါ 'လက်ဘနွန်ဆိုင်ရာ စည်းကမ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်နိုင်ငံမှ ဆုတ်ခွာရန် ငြင်းဆန် — အမေရိကန်-အီရန် သဘောတူညီချက်ပါ 'လက်ဘနွန်ဆိုင်ရာ စည်းကမ်းချက်' ကို အစ္စရေးအနေဖြင့် 'လိုက်နာရန် တာဝန်မရှိကြောင်း' အမေရိကန်သမ္မတ ထရန့်ကို ပြောကြား — Maariv (အစ္စရေးသတင်းစာ) NOM

အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ (MoU) ဆိုင်ရာ အသေးစိတ်အချက်အလက်များ အဆင့် (၁) | နားလည်မှုစာချွန်လွှာ (MoU) ထုတ်ပြန်ကြေညာချိန် (ချက်ချင်းသက်ရောက်စေရန်) MoU ထုတ်ပြန်ကြေညာသည်နှင့်တစ်ပြိုင်နက် နှစ်ဖက်စလုံးက လက်ဘနွန်အပါအဝင် ဒေသတွင်းရှိ ရန်လိုတိုက်ခိုက်မှုအားလုံးကို ချက်ချင်း၊ လုံးဝနှင့် အမြဲတမ်း ရပ်စဲကြောင်း ကြေညာရမည်။ MoU ထုတ်ပြန်ကြေညာသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ချမှတ်ထားသော ရေတပ်ပိတ်ဆို့မှုများကို ချက်ချင်းနှင့် အပြီးတိုင် ရုပ်သိမ်းကြောင်း ကြေညာရမည်။ အဆင့် (၂) | နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် (ရက်ပေါင်း ၃၀ အချိန်ကာလ) MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာမည်ဖြစ်ကြောင်း အတည်ပြုကတိပြုရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုသည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း ဒေသတွင်းရှိ စစ်အင်အား သို့မဟုတ် စစ်ရေးအရင်းအမြစ်များကို တိုးမြှင့်ခြင်း မပြုလုပ်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံမချမှတ်ရန် အတည်ပြုကတိပြုရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အီရန်နိုင်ငံသည် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အပေါ် ၎င်း၏ကတိကဝတ်ကို ပြန်လည်အတည်ပြုရမည်ဖြစ်ပြီး နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ထုတ်လုပ်ခြင်း၊ တီထွင်ခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းပြုမည်မဟုတ်ကြောင်း အတည်ပြုရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုသည် ဆိုင်းငံ့ (သိမ်းဆည်း) ထားသော အီရန်၏ရန်ပုံငွေများထဲမှ ထက်ဝက် (အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ) ကို ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ရုပ်သိမ်း၍မရသော နည်းလမ်းဖြင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကြေညာရမည်ဖြစ်ပြီး ကျန်ရှိသော ထက်ဝက်ကို နောက်ဆက်တွဲ ရက်ပေါင်း ၆၀ အတွင်း လွှဲပြောင်းပေးရန် ကတိပြုရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတုပစ္စည်း တင်ပို့မှုများအတွက် ဒဏ်ခတ်ပိတ်ဆို့မှု ကင်းလွတ်ခွင့်များကို ချက်ချင်းသက်ရောက်စေရန် ထုတ်ပြန်ပေးရမည်ဖြစ်ပြီး အပြီးသတ်သဘောတူညီချက်ရရှိပါက ယင်းကင်းလွတ်ခွင့်များကို အမြဲတမ်းသက်တမ်းတိုးပေးရန် ကတိပြုရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အမေရိကန်သည် ၂၀၂၄ ခုနှစ် အစ္စရေး-ဟစ်ဇ်ဘိုလာ သဘောတူညီချက်အပြီး သိမ်းပိုက်ထားသော နေရာများအပါအဝင် လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးစစ်တပ် အပြည့်အဝရုပ်သိမ်းရေးအတွက် ရေတိုအချိန်ဇယားတစ်ခု တင်ပြနိုင်ရန် အစ္စရေးနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးမှုများ စတင်ရမည်။ MoU လက်မှတ်ရေးထိုးသည်နှင့်တစ်ပြိုင်နက် အီရန်သည် ၎င်းက သတ်မှတ်ထားသော အချို့သော အစီအမံများနှင့်အညီ ဟော်မုဇ်ရေလက်ကြားကို ရက်ပေါင်း ၃၀ အတွင်း ရေကြောင်းကုန်သွယ်ရေးအတွက် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အတည်ပြုရမည်။ အဆင့် (၃) | အပြီးသတ်သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးခြင်း (ရက်ပေါင်း ၆၀ ကာလ + သက်တမ်းတိုးနိုင်ခြေ) ပြီးခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း MoU ပါ စည်းကမ်းချက်များအားလုံးကို လိုက်နာဆောင်ရွက်ပြီးပါက ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေးနွေးမှုကာလကို စတင်မည်ဖြစ်သည်။ နှစ်ဖက်အပြန်အလှန် သဘောတူညီချက်ဖြင့် ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေးနွေးမှုကာလကို သက်တမ်းတိုးနိုင်သည်။ ဤရက်ပေါင်း ၆၀ အတွင်း အမေရိကန်သည် ဆိုင်းငံ့ထားသော အီရန်၏ကျန်ရှိနေသည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို လွှဲပြောင်းပေးရမည်။ ဤရက်ပေါင်း ၆၀ အတွင်း အမေရိကန်သည် ပင်လယ်ကွေ့နိုင်ငံများမှ တစ်စိတ်တစ်ပိုင်း မတည်ပံ့ပိုးပေးမည့် အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ (အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ) စီမံကိန်းများကို တင်ပြရမည်။ အမေရိကန်နှင့် အီရန်တို့သည် နျူကလီးယားသန့်စင်မှု၊ လက်ရှိ ယူရေနီယံသိုလှောင်မှုနှင့် နျူကလီးယားစခန်းများ၏ အနာဂတ်အခြေအနေတို့အပါအဝင် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို အမြဲတမ်းဖြေရှင်းနိုင်မည့် အသေးစိတ်ဆွေးနွေးမှုများကို စတင်ရမည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံး (အဓိက၊ အလယ်အလတ်၊ အမေရိကန်နှင့် ကုလသမဂ္ဂ ပိတ်ဆို့မှုများအပါအဝင်) ကို ရုပ်သိမ်းရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အုပ်ချုပ်ရေးမှူးများအဖွဲ့၏ အီရန်အပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်များအားလုံးကို ရုပ်သိမ်းရေးအတွက် အသေးစိတ်ဆွေးနွေးမှုများကို စတင်ရမည်။ အပြီးသတ်သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲရန်အတွက် စောင့်ကြည့်စစ်ဆေးရေး ယန္တရားတစ်ခုကို ထူထောင်မည်။ အပြီးသတ်သဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုမည်ဖြစ်သည်။ NOM

အမေရိကန်-အီရန်နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီးတာနဲ့ ချက်ချင်းဆိုသလို အီရန်နိုင်ငံဟာ ဒေါ်လာ ၁၂ ဘီလီယံ ရရှိမှာဖြစ်ပြီး ရေနံ၊ ရေနံဓာတုပစ္စည်းနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုတွေအပေါ် ပိတ်ဆို့အရေးယူထားတာတွေကိုလည်း ကင်းလွတ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အီရန်ဘက်က ပြန်လုပ်ပေးရမယ့် တစ်ခုတည်းသော အရာကတော့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရေလက်ကြားကို အီရန်ကပဲ ဆက်လက်စီမံခန့်ခွဲသွားမှာဖြစ်ပြီး ဝန်ဆောင်မှုကြေးတွေလည်း ကောက်ခံသွားဦးမှာပါ။ ကျန်တဲ့အချက်အလက်တွေကိုတော့ နောက်ဆုံးအပြီးသတ် သဘောတူညီချက် ရရှိပြီးမှပဲ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ NOM

အမေရိကန်နှင့် အီရန်သဘောတူစာချုပ်နှင့်ပတ်သက်၍ i24 News သတင်းထောက် Amichai Stein ကသူ​၏ X အကောင့်တွင် "ဒီသဘောတူညီချက်ဟာ ဘာကြောင့
အမေရိကန်နှင့် အီရန်သဘောတူစာချုပ်နှင့်ပတ်သက်၍ i24 News သတင်းထောက် Amichai Stein ကသူ​၏ X အကောင့်တွင် "ဒီသဘောတူညီချက်ဟာ ဘာကြောင့် ဗျူဟာမြောက် မအောင်မြင်မှုတစ်ခု ဖြစ်ရတာလဲ။ အမေရိကန်တွေက အီရန်ကို အများကြီး ပေးလိုက်ရပြီး ပြန်ရတာတော့ ဘာမှမရှိဘူး။ အဓိပ္ပာယ်အမရှိဆုံး ကိစ္စကတော့ ဒီစစ်ပွဲဟာ ရေနံရောင်းဝယ်မှုအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ဖယ်ရှားပေးတာနဲ့ပဲ အဆုံးသတ်သွားတာပါပဲ။ ဒါဟာ စစ်မဖြစ်ခင်က မရှိခဲ့တဲ့ အခွင့်အရေးမျိုးပါ။ ဒါဆို အမေရိကန်တွေ ဘာပြန်ရလဲ။ ဘာမှမရဘူး။ နျူကလီးယားကိစ္စလည်း မပါ၊ ဒုံးကျည်ကိစ္စလည်း မပါ၊ ကြားခံလက်ဝေခံအဖွဲ့တွေ (Proxies) ကိစ္စလည်း ဘာမှ မပါဝင်ဘူး။" NOM

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ
+1
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး   ဇွန် ၁၄၊ ၂၀၂၆   ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။   ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား မြန်မာ့ မီးရထားတိုင်း (၆) တာဝန်ရှိသူများက ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ တရားမဝင်လမ်းကူးနေရာများတည်ရှိနေမှု၊ DEMU အထူးအမြန်ရထားပြေးဆွဲမည့်အခြေအနေနှင့် ခေတ္တရပ်နားမည့် ဘူတာစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။   ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီ-ပြည် ရထားလမ်း တစ်လျှောက် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန်၊ မီးရထားနှင့်မလွတ်ကင်းသည့် သစ်ပင်များဖယ်ရှားရှင်းလင်းရန်၊ တရားမဝင်ရထားလမ်းကူးများ နေရာများပိတ်သိမ်းနိုင်ရေးနှင့် ရထာလမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။   ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ ခရိုင်၊ လက်ပံတန်းဘူတာသို့ရောက်ရှိခဲ့ပြီး ဘူတာအဆောက်အဦများ ဘက်စုံအဆင့်မြှင့်တင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် RBE ရထားတွဲဖြင့် ပြည်ဘူတာသို့ရောက်ရှိခဲ့ပြီး ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဘူတာရှေ့ပန်းခြံအား ပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများ အခ
+3
မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသ ဇွန် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများမှ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ အလုံရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကင်ဆာ၊ စိတ် ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊နှာခေါင်း၊လည်ချောင်း၊ မျက် စိနှင့်ကလေး ကျန်းမာရေးဆိုင်ရာများ အခမဲ့ ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းကုသပေးလျက်ရှိရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဆေးကုသမှုလာရောက်ခံယူကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများ လိုက်လံပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အလုံကျေးလက် ကျန်းမာရေးဌာန အဆောက်အဦအတွင်းရှိ သတ်မှတ်ဆေးစစ်ဆေးခန်းများအတွင်း မုံရွာမြို့ ခုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့်ကလေး ကျန်းမာရေးဆိုင်ရာ ရောဂါစစ်ဆေးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အထူးကုဆရာဝန်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ဆေးကုသမှုလာရောက်ခံယူလာကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ အား နေ့လယ်စာ ထမင်းဘူးများ၊ အချိုရည်ဗူးများနှင့် သောက်သုံးရေသန့်ဗူးများအား လိုက် လံဝေငှပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။