fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 498 مشترک است و جایگاه 16 805 را در دسته اخبار و رسانه‌ها و رتبه 10 307 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 498 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 11 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -156 و در ۲۴ ساعت گذشته برابر 4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.77% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.64% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 664 بازدید دریافت می‌کند. در اولین روز معمولاً 534 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 12 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 498
مشترکین
+424 ساعت
-227 روز
-15630 روز
آرشیو پست ها
ဆော်ဒီမြို့တော်ကိုဟူသီတို့တိုက်လိုက်ပြန် NOM ယနေ့စောစောပိုင်းက ဆော်ဒီနိုင်ငံ၊ရီယဒ်မြို့ တော်ရှိ ဆော်ဒီနိုင်ငံပိုင် Aramco Tow
+1
ဆော်ဒီမြို့တော်ကိုဟူသီတို့တိုက်လိုက်ပြန် NOM ယနေ့စောစောပိုင်းက ဆော်ဒီနိုင်ငံ၊ရီယဒ်မြို့ တော်ရှိ ဆော်ဒီနိုင်ငံပိုင် Aramco Tower သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ ရီယဒ်မြို့၏ အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်သည့် ထိုတာဝါ၏ အထပ်ပေါင်းများစွာတွင် ပျက်စီးသွားသော ပြတင်းပေါက်မှန်များကို တွေ့ရှိခဲ့ရသည်။ဆော်ဒီအာဏာပိုင်များက ထိခိုက်ပျက်စီးမှုမှာ နည်းပါးပြီး ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရန်ကအမေရိကန်တွင်အာဏာရပါတီရှုံးနိမ့်အောင်ပြုလုပ်နိုင်ခဲ့သည်ကို AIဗီဒီယိုဖြင့်ထရမ့်ကိုလှောင်ပြောင်

ဇေယျာသီရိမြို့နယ်တွင် ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး နိုဝင်ဘာ ၈၊၂၀၂၆ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇ
ဇေယျာသီရိမြို့နယ်တွင် ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး နိုဝင်ဘာ ၈၊၂၀၂၆ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် လယ်ကွင်းအတွင်း ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ၈ရက် နံနက် ၉နာရီ၅၀မီနစ် ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်စု၊ ဝက်စုကျေးရွာရှိ လယ်ကွင်းအတွင်း လူတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း သိရသည်။ အဆိုပါ သေဆုံးသူမှာ ဝက်စုကျေးရွာတွင် နေထိုင်သည့် အသက် (၃၆) နှစ်အရွယ် ဦးချစ်စန်းမောင် ဖြစ်ပြီး၊ ယာတံတောင်ဆစ်တွင် ညိုမဲဒဏ်ရာ၊ လက်မောင်းနှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရ‌သည်။ ယင်း၏ရုပ်အလောင်းအား နေပြည်တော် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ရေဆင်းနယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

+2
ပိုလန်အာဏာပိုင်များက မနေ့က ကရာကော့ဗ် (Kraków) မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားအပါအဝင် ဒဏ်ရာရရှိသူ ၁၆ ဦးရှိပြီး၊ ၎င်းတို့အနက် ၁၁ ဦးမှာ ပိုလန်နိုင်ငံသားများဖြစ်ကြပြီး ၅ ဦးမှာ နိုင်ငံခြားသားများဖြစ်သည်။ ၁၄ ဦးမှာ စိုးရိမ်စရာမရှိသည့် အခြေအနေတွင်ရှိကာ၊ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး၊ အကြမ်းဖက်သမားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ အကြမ်းဖက်သမားအား ညတွင်းချင်း ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်ကုသပေးခဲ့ရသည်။ ဒဏ်ရာရရှိခဲ့သည့် နိုင်ငံခြားသားများမှာ ဗြိတိန်၊ ပေါ်တူဂီ၊ ရုရှား၊ ဂျာမနီနှင့် သြစတြီးယား နိုင်ငံသားများဖြစ်ကြသည်။ ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိများအနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးဝါးဖြင့် ကိုမာသွင်း (medically induced coma) ၍ ကုသပေးနေရသည်။ ထို့အပြင် သေဆုံးသူ ၆ ဦးအနက် ၄ ဦးမှာ ပိုလန်နိုင်ငံသားများဖြစ်ပြီး၊ ၁ ဦးမှာ ဗြိတိန်နိုင်ငံသားနှင့် ကျန် ၁ ဦးမှာ ပိုလန်နိုင်ငံသားမဟုတ်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ ထိုအမျိုးသမီး၏ နိုင်ငံသားကို အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း TASS သတင်းအေဂျင်စီကမူ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ ၎င်းမှာ ရုရှားနိုင်ငံသူဖြစ်ကြောင်း ဖော်ပြထားသည်။

ပြင်ဦးလွင် မြို့ရှောင်လမ်းထိပ်၌ တွဲကားနှင့် မီနီအိုးဝေ တိုက်မိ NOM၊နိုဝင်ဘာ ၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ တွဲ
ပြင်ဦးလွင် မြို့ရှောင်လမ်းထိပ်၌ တွဲကားနှင့် မီနီအိုးဝေ တိုက်မိ NOM၊နိုဝင်ဘာ ၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ တွဲကားနှင့် မီနီအိုးဝေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ် ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ၇ရက် နံနက် ၈နာရီတွင် ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းထိပ်ရှိ အေရှားဝါးတိုးဂိတ် အဟောင်းအနီး၌ တွဲကားနှင့် မီနီအိုးဝေယာဉ် မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ များအား ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အီရန်ကယနေ့လူသုံးဦးကိုကွပ်မျက် NOM ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမျ
အီရန်ကယနေ့လူသုံးဦးကိုကွပ်မျက် NOM ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အစ္စရေးနှင့် အမေရိကန်တို့အတွက် သူလျှိုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားသုံးဦးကို အီရန်နိုင်ငံက ကွပ်မျက်လိုက်ပြီ ဖြစ်သည်။ ၎င်းစွပ်စွဲချက်များကို ထောက်ခံနိုင်သည့် လူသိရှင်ကြား အတည်ပြုထားသော သက်သေအထောက်အထားများ မရှိသော်လည်း ယခုကဲ့သို့ ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ နှိပ်စက်ညှင်းပန်းခံရမှုများ၊ အတင်းအကြပ် ဝန်ခံခိုင်းမှုများနှင့် တရားမျှတမှုမရှိသော စစ်ဆေးစီရင်မှုဆိုင်ရာ စွပ်စွဲချက်များကို မှတ်တမ်းတင်ထားကြသည်။ Iran Human Rights အဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၏ ပထမ ၁၀ လအတွင်း အီရန်တွင် ကွပ်မျက်ခံရသူ အနည်းဆုံး ၆၉၁ ဦးရှိခဲ့ပြီးအောက်တိုဘာလ တစ်လတည်း၌ပင် ၇၇ ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အပြစ်မဲ့ဈေးသည်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွ
တောင်တွင်းကြီးမြို့နယ်တွင် အပြစ်မဲ့ဈေးသည်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်နေ ဦးကြည်ထွေး (၅၇) နှစ်သည် နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၌ မီးရှောင်ကုန်းကျေးရွာသို့ ဈေးရောင်းရန် သွားရောက်စဉ် ကျေးရွာအဝင် လမ်းဆုံအရောက်၌ PDF အကြမ်းဖက်သမားလေးဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့်  ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ေအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒ
တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ေအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး (၅၆) နှစ်သည် နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးမှ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မြန်မာ့ရိုးရာပွဲဈေးနှင့် မြန်မာ့ပရိဘောဂပြပွဲတို့သို့ သွားရောက်ကြည့်ရှုအားပေး မြန်မာ့ရိုးရာပွဲဈေးကို ရိုးရာအမွေအနှစ်တစ်ခုအဖြစ် မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် ယခုလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်သာယာ Shopping Centre ၌ မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပရိဘောဂပြပွဲ (၂၀၂၆) ကိုလည်း မြန်မာ့ပရိဘောဂလက်ရာများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်၊ အရည်အသွေးနှင့် လက်ရာပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နိုင်ရန်နှင့် ဈေးကွက်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ယခုလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ေအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒ
တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ ေအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ် NOM နိုဝင်ဘာ ၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး (၅၆) နှစ်သည် နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးမှ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

မြေငလျင်သတင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၂၄) မိနစ်၊ (၄၇) စက္ကန့်အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အုတ်တွင်းမြို့၏ အနောက်-အနောက်တောင်ဘက် (၁၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၄) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာ ကို ဗဟိုပြု၍ ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

လုံခြုံရေးဝန်ထမ်းက မီးရှို့သဖြင့် တောင်ကြီး i Car ဝပ်ရှော့ မီးလောင်ဖြစ်ပွား ဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦးအားအရေးယူထား NOM၊နိုဝင်ဘာ၈၊၂၀၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ယမန်နေ့ နိုဝင်ဘာ၇ရက်ည၁၁နာရီခန့်က i CAR (18) Auto Service Centerကားဝပ်ရှော့ဆိုင်တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ အဖြူရောင် Super Custom မော်တော်ယာဉ်တစ်စီးနှင့် Hanshin 110 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၈၂ သိန်းခန့်ရှိကြောင်း မီးသတ်တပ်ဖွဲ့က ထုတ် ပြန်ထားသည်။ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းမှာ ဆိုင်လုံခြုံရေးဝန်ထမ်းဖြစ်သည့် ဟိန်းသူထက်ဆိုသူက ပြုပြင်ရန် ထားရှိသည့် မော်တော်ယာဉ်တစ်စီးကို မီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်းသိရသည် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်၊ မီးငြှိမ်းသတ် ယာဉ်၊ ရေသယ်ယာဉ်များ ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည၁၁နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့သူဟု သံသယရှိသည့် လုံခြုံရေးဝန်ထမ်း ဟိန်းသူထက် ကို တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

အစ္စရေးအတိုက်အခံခေါင်းဆောင် ဂါဒီ အိုက်ဆန်ကော့ (Gadi Eisenkot) သည် အစိုးရအဖွဲ့ ဖွဲ့စည်းရန်အတွက် အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ (Isaac Herzog) ထံမှ လုပ်ပိုင်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။ နေတန်ယာဟု ကတော့ ပြီးသွားခဲ့ပြီ ဖြစ်သည်။

အီရန်နိုင်ငံ၏ ကုန်းလမ်းနယ်စပ်များမှတစ်ဆင့် အဆင့်မြင့် လက်နက်စနစ်များ၊ အစိုးရနှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့်
အီရန်နိုင်ငံ၏ ကုန်းလမ်းနယ်စပ်များမှတစ်ဆင့် အဆင့်မြင့် လက်နက်စနစ်များ၊ အစိုးရနှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် နည်းပညာများ၊ ပိတ်ဆို့အရေးယူထားသော ပစ္စည်းများနှင့် တရားမဝင် ဝင်ငွေစီးဆင်းမှုများကို တားဆီးရန် အမေရိကန် ဗဟိုစစ်ဌာနချုပ်က ‘Task Force Iron Gate’ (သံမဏိတံခါး တပ်ဖွဲ့) ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်စစ်တပ်အနေဖြင့် အီရန်နိုင်ငံအပေါ် ထို ‘ကုန်းလမ်းပိတ်ဆို့မှု’ ကို မည်သို့ မည်ပုံ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သမ္မတ ထရမ့်က UFC ဥက္ကဋ္ဌ ဒါနာ ဝှိုက် (Dana White) အား အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာထူး ပေးအပ်ရန် ကမ်းလှမ်းခဲ့ကြောင်း ကြ
+1
သမ္မတ ထရမ့်က UFC ဥက္ကဋ္ဌ ဒါနာ ဝှိုက် (Dana White) အား အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာထူး ပေးအပ်ရန် ကမ်းလှမ်းခဲ့ကြောင်း ကြေညာခဲ့သည်။ ဒါနာဝှိုက် ကလည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာထူးကို လက်ခံခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် လမ်းဘေးရပ်ထားသည့်တွဲကားအားအိုးဝေယာဉ်မှ နောက်မှဝင်တိုက်နှစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာပြင်း NOM၊နိုဝင်ဘာ၈၊၂
မော်လမြိုင်မြို့နယ်တွင် လမ်းဘေးရပ်ထားသည့်တွဲကားအားအိုးဝေယာဉ်မှ နောက်မှဝင်တိုက်နှစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာပြင်း NOM၊နိုဝင်ဘာ၈၊၂၀၂၆ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင်ယမန်နေ့ (နိုဝင်ဘာ၇)ရက် ည၈နာရီခန့်က အိုးဝေယာဉ်နှင့်တွဲကားတိုက်မိရာ နှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည့်ဟု မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မှ မုဒုံသို့မောင်းနှင်လာသော အိုးဝေယာဉ်သည် ကြာအင်းကျေးရွာအနီတွင် လမ်းဘေး၌ရပ်ထားသော တွဲကားယာဉ်အား အနောက်မှ တိုက်မိခဲ့သည့်အတွက်အိုးဝေယာဉ်မောင်းအပါအမျိုးသားလေးဦးအနက် အမျိုးသား နှစ်ဦးမှာသေဆုံးပြီးနှစ်ဦးမှာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မော်လမြိုင် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဖွဲ့များဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူ များကိုရာမညလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ကာမလိမ်လည်ရယူသည့်ဟု စွပ်စွဲ ပြောဆိုခဲ့သောအမျိုးသမီးအားပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် NOM၊နိုဝင်ဘာ၈၊၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက အမျိုးသမီးတယောက်အား ကာမလိမ်လည်ရယူခဲ့သည့်ဆိုသောသတင်းမှာမဟုတ်မမှန် ကြောင်းနှင့်စွပ်စွဲ ပြောဆိုခဲ့သောအမျိုးသမီးအားသီပေါမြို့နယ် ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်ထားသည့်ဟုဦးစိုင်းကောင်းသက်စံက၎င်း ၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ပြန်လည်ဖြေရှင်းထားကြောင်းသိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံသည် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူမည်ဟု ကတိပေးကာ ကာမလိမ်လည်ရယူခဲ့ပြီး နောက်ပိုင်းတွင် လက်မထပ်ပဲ ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်နေသည့်အတွက်ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီထံ လိပ်မူပြီးတိုင်ကြားစာပေးပို့ထားသည့်ဟုသတင်းများထွက်ပေါ်နေကြောင်းသိရသည်။ “သူကအွန်လိုင်းကနေကျွန်တော်ဆီကိုချဥ်းကပ်လာတာလည်း အခွင့်အရေးရယူချင်တဲ့ပုံရှိတယ် သူနဲ့ကားနှစ်ခါစီးဖူးတယ်အဲဒီမှာ သူနဲ့ပြောဆိုဆက်ဆံတဲ့သူတွေကိုကြည်ရတာ မရိုးရှင်းဘူး ဒါကိုသိတော့ သူ့ရဲ့နောက်ကြောင်းကိုကျွန်တော်စုံစမ်းကြည်လိုက်တော့ မရိုးရှင်းဘူး။ အဲဒီမှာဘဲသူကကျွန်တော်ကိုအတင်းလက်ထပ်ချင်လာတယ်။ ဒါကိုမဖြစ်နိုင်ဘူးပြောတော့ခြိမ်းခြောက်တယ်။ လိုင်းပေါ်ကိုယ်တုံးလုံးပုံတွေတင်မယ်ပြောတယ်။ တင်ရင်တင်ပါ ဒီနေ့ဒီချိန်ထိ ကိုယ်တုံးလုံးပုံလည်းမရှိပါဘူး။ လိုင်းပေါ်မှာလျှောက်ဖွတဲ့ ကျွန်တော်နဲ့အိပ်ပါတယ်ဆိုတဲ့ ရက်တွေကလည်း လွှတ်တော်တက်နေတဲ့ရက်တွေပါ။ ပြီးတော့နောက်တစ်ခုကသူကကျွန်တော်နဲ့အိပ်ပါတယ်ဆိုရင်ဆေးလာစစ်ခံပါဆိုတော့လာအစစ်မခံဘဲဘာလို့ထွက်ပြေးတိမ်းရှောင်နေတာလဲ၊သူ့ဘက်ကတစ်ကယ်မှန်တယ်ဆိုရင်ဆေးစစ်ခံရဲရမှာပါ”ဟုဦးစိုင်းကောင်းသက်စံက ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ပြန်လည်ဖြေရှင်းထားကြောင်းသိရသည်။ ယင်အမျိုးသမီး၏ ခဲအိုနှင့် ဦးစိုင်း​ကောင်းသက်စံတိုမှာသူငယ်ချင်းဖြစ်သည့်အတွက်သူမနှင့်အတူ တစ်ခါတစ်ရံ သွားလာစားသောက်မှုများရှိခဲ့ကြောင်းကာမကိစ္စများလုံးဝမရှိခဲ့ကြောင်းမိတ်ဆွေသဘောအရ မိသားစုသဘောအရ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ခြင်းသည်မှာ တမြို့လုံးသိကြောင်း၊ လူမြင်သာသည့် ဆက်ဆံရေးမျိုးသာဖြစ်ခဲ့သည် ဟု ဦးစိုင်း​ကောင်းသက်စံက ပြန်လည်ရှင်လင်းရေးသားထား ကြောင်းသိရသည်။ ယင်ကိစွများနှင့်ပတ်သက်၍လည်းပြည်သူလွှတ်တော်ဥက္ကဋ္ဌထံသို့ နိုဝင်ဘာ၆ရက်နေ့တွင် ဦးစိုင်း​ကောင်းသက်စံကအကျိုးအကြောင်းတင်ပြထားသည့်အတွက်ဥက္ကဌမှသဘော ထားမှတ်ချက်ပြန်ပေးထားပြီးဖြစ်၍၎င်းသဘောထားမှတ်ချက် အတိုင်း ဆက်လက်လုပ်နေကြောင်းသိရသည်။

ဟုမ္မလင်းမြို့အနီး ဗဟိုပြု၍ အင် အား၃.၅ အဆင့်ရှိ မြေငလျင်တစ် ခု လှုပ်ခတ် NOM၊နိုဝင်ဘာ၈၊၂၀၂၆ စစ်ကိုင်တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ တွင်တွင်ယနေ့(နိုဝင်ဘာ၈ရက်) နံနက်ပိုင်းတွင် အင်အား ပမာဏ ၃.၅ (M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါမြေငလျင်သည် နိုဝင်ဘာလ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီ၊ ၃၉ မိနစ်၊ ၅၉ စက္ကန့် အချိန်တွင်တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၈) မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ ၊အနက်(၁၁၀)ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၅ (M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂျာမနီတွင်အလုပ်သမားလေးသိန်းသပိတ်မှောက် NOM ဂျာမနီနိုင်ငံရှိ အော်ဒီကါးစက်ရုံတွင် အလုပ်သမားများ အစုလိုက်အပြုံလိုက် သပိတ်မှောက်ပြီးဆန္ဒပြသူများ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ယခုသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းခွင်မှ အလုပ်သမား လေးသိန်းကျော် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြကြသည်။ ပဋိပက္ခ၏ အဓိကအချက်မှာအလုပ်သမားသမဂ္ဂက နှစ်စဉ် လုပ်ခလစာ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တွန်းအားပေးနေသော်လည်း ကုမ္ပဏီများဘက်မှ တစ်ကြိမ်တည်းပေးချေမှုများနှင့် ၂၀၂၈ ခုနှစ်မှစ၍ ၁.၃ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးမည်ဟု ကမ်းလှမ်းထားခြင်းကြောင့်ဖြစ်သည်။

ပိုလန်နိုင်ငံ၊ ခရာကော့ဗ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသောအကြမ်းဖက်သမားနှင့် ရဲတစ်ဦးတို့အနီးကပ် အပြန်အလှန်ပစ်ခတ်နေပုံ။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူအနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်သမားကိုလည်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့။