cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

DYC - Democratic Youth Council

🛑Our Generation Must be Able to End Dictatorship ✊✊✊ 🛑အကြမ်းမဖက်ရှေ့သို့ဆက်မည် ဒီမိုကရက်တစ်လူငယ်ကောင်စီ 💪💪💪 Please Visit our Facebook Link 👇 https://www.facebook.com/dyc22222

Mostrar más
Publicaciones publicitarias
737
Suscriptores
+324 horas
-27 días
-230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း နှင့်အတူ ဇွန်(၁၉) ပန်းသပိတ် ဆင်နွဲကြစို့ မကြာခင်ကျရောက်တော့မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်မွေးနေ့ လှုပ်ရှားမှုအဖြစ် ပန်းသပိတ်ဆင်နွဲသွားမှာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဇွန်လ ၁၈ရက်နေ့ ညနေ ၆နာရီ နောက်ဆုံးထား၍ ပန်းပန်ထားခြင်း၊ပန်းများကိုင်ဆောင်ထားခြင်း၊ပန်းပန်၍ လက်သုံးချောင်းထောင်ထားသည့် ဓါတ်ပုံများ၊ဗွီဒီယိုများကို telegram @DYC22222 သို့ ပို့ပေးကြခြင်းဖြင့် ပါဝင်ဆင်နွဲကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။ (၇၉)နှစ်ပြည့် မွေးနေ့ အမှတ်တရဆုတောင်းစကားများကိုပါ Video အတို ရိုက်၍ ပေးပို့ နိုင်ပါသည်။ လုံခြုံရေးအရ မျက်နှာဖေါ်ပြနိုင်ခြင်းမရှိပါကလည်း ဖေါ်ပြခြင်းမပြုပါနှင့်။ #တပွင့်ကြွေရင် #နှစ်ပွင့်ဝေမယ် #ဒီမိုကရက်တစ်လူငယ်ကောင်စီ #HBD_MomSu #79_HBD
Mostrar todo...
👍 2
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်မည့် ၇၉နှစ်ပြည့် မွေးနေ့ အမှတ်တရ ဒေါ်အောင်ဆန်းစုကြည် ပုံတူ (ရေဆေးပန်းချီ)ကို နော်ဝေးနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် လေလံတင်ရောင်းချသွားဖို့အတွက် CRPH Support Group (Norway) နှင့် တိုင်ပင်စီစဉ်လျှက်ရှိနေပါသည်။ အဆိုပါ ရန်ပုံငွေရှာဖွေရေးဆိုင်ရာ လူထုခေါင်းဆောင်၊ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရေဆေးပန်းချီကား( 8inch x 10 inch) ကို နော်ဝေးနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမှုမှ ရရှိသည့် ငွေကြေးများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ နိုင်ငံရေးအသိပညာမျှဝေရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာ/ကျန်းမာကဏ္ဍများတွင် သုံးစွဲသွားမည် ဖြစ်သဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊မိတ်ဆွေများအနေဖြင့် ဝင်ရောက်ဝယ်ယူထောက်ပံ့နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်အချက်အလက်များကို CRPH Support Group (Norway) မှ အချိန်နှင့် တပြေးညီ တင်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပရှိ နိုင်ငံသူ၊နိုင်ငံသားများ အနေဖြင့် စံချိန်တင်လေလံရရှိစေရန် ပူးပေါင်းအားပေးနိုင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီ အနေဖြင့် အာဏာဖီဆန်နိုင်ငံရေးအံတုမှု အရှိန်မြှင့်တင်ရေး မူဝါဒအား ကြိုးပမ်းဖေါ်ဆောင်လျှက်ရှိပြီး နိုင်ငံရေးအသိပညာမျှဝေရေးဆိုင်ရာသင်တန်းများ(အခြေခံနိုင်ငံရေးသင်တန်း၊ဒီမိုကရေစီ နှင့် ဖက်ဒရယ်လစ်ဇင်သင်တန်း၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာသင်တန်း နှင့် လူ့အခွင့်အရေးနှင့် အကူးအပြောင်းကာလတရားမျှတရေး)၊အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများကို ဖွဲ့စည်းပြီးသည့် ဖက်ဒရယ်ယူနစ်များ၊တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ နှင့် ပူးပေါင်းကာ မြေပြင်တွင် သွားရောက် ပို့ချမျှဝေလျှက်ရှိနေပြီး အဆိုပါလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖေါ်နိုင်စေရေးအတွက်လည်း အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ၊ပုဂ္ဂလိက ဖြစ်စေ ပံ့ပိုးကူညီလိုသည့် ပြည်တွင်း/ပြည်ပရှိ တော်လှန်ပြည်သူများအား အထူးကြိုဆိုဖိတ်ခေါ်ကြောင်း အသိပေးအပ်ပါသည်။ ဥက္ကဌ ဒီမိုကရက်တစ်လူငယ်ကောင်စီ
Mostrar todo...
8
Photo unavailableShow in Telegram
📣 နောက်ဆုံးထားလက်ခံမည့်နေ့ ၂၉ရက်၊မေလ၊၂၀၂၄ခုနှစ်။ (ညနေ ၆:၀၀နာရီ) နိုင်ငံရေးစီမံခန့်ခွဲမှု နှင့် လူမှုစီးပွါးရေးဆိုင်ရာ ပညာရပ်များကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်မယ့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်မှလူငယ်သို့ အစီအစဉ်မှ ဖေါ်ဆောင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI) ၏ ဇွန်လတန်းခွဲများ လေ့လာဆည်းပူးလက်တွေ့ ဆောင်ရွက်လိုကြသော အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးများထံကို ရောက်ရှိလာခဲ့ပါပြီ။ မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံးကို “Human Resources Development Institute ” မှ တန်းခွဲများနှင့် မိတ်ဆက်ပေးပါရစေ။ ဇွန်လတန်းခွဲမှာတော့ ပုံမှန်ဖွင့်လှစ်နေကြ နိုင်ငံရေးစီမံခန့်ခွဲမှုတန်းခွဲများသာမက လက်တွေ့ လုပ်ငန်းခွင်မှာ အင်မတန် အသုံးဝင်တဲ့ ပညာရပ်တွေဖြစ်ကြတဲ့ Sustainable Political Development Sharing Program Department (SPDSP)မှ နေ၍ (1) Certificate in Political Management, (2) Certificate in Studies of Democracy , Sustainable Vocational Development Sharing Program Department (SVDSP) မှနေ၍ Certificate in Basic Chinese Language (4 skills), Certificate in Proposal Writing Sustainable Social Economic Development Sharing Program Department (SSESDP) Certificate Course in SOGIESC Certificate in Management Development တို့ကို ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ််။ မိမ်ိစိတ်ဝင်စားရာ နယ်ပယ်အသီးသီးမှ ဘာသာရပ်များကို ရွေးချယ်နိုင်မယ့် အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အပြင် တန်းခွဲအများစုကို အတွေ့အကြုံရှိ ပို့ချသူများ မှ သင်ကြား မျှဝေပေးမှာ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သင်တန်းများလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။ https://docs.google.com/forms/d/e/1FAIpQLSdZfZzgIvf91RZH6kmiONj8X_ReZyXs5GVTI_dZ9ZRF6nD0kQ/viewform?usp=sf_link သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ကျောင်းသားရေးရာဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI)
Mostrar todo...
Registration of HRD Institute

ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်ရေးရာကော်မတီ၊လူငယ်မှ လူငယ်သို့ အစီအစဉ်၏ လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ မှာ ကြိုဆိုပါသည်။လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ သည်နိုင်ငံရေး၊စီးပွါးရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် လူငယ်အထောက်အကူပြုအင်စတီကျူတစ်ခုဖြစ်ပါသည်။ (မိမိတို့ တက်ရောက်လျှောက်ထားလိုသည့် ဘာသာရပ်များအား မှန်ကန်စွာရွေးချယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်) သင်တန်းများနှင့်ပတ်သတ်၍ သင်တန်းဆိုင်ရာသတင်းအချက်အလက်ဖေါ်ပြသည့် အောက်ဖေါ်ပြပါ telegram channel သို့ ချိတ်ဆက်ဝင်ရောက်ခြင်းဖြင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရယူနိုင်ပါပြီ။ Telegram Link Here >>>>>>>>>>>

https://t.me/YouthProgram_DYC

Photo unavailableShow in Telegram
👍 1
သတင်းထုတ်ပြန်ချက် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်းအနေဖြင့် အာရက္ခတပ်တော်ရဲ့ ပြည်သူအားလုံးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေမှု၊ရခိုင့်ကြမ္မာရခိုင် ဖန်တီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို အထူးလေးစားဂုဏ်ယူလျှက်ရှိနေသည့် သဘောထားသည် မည်သည့် အကြောင်းပြချက်နှင့်မျှ ပြောင်းလဲသွားမည် မဟုတ်ပါချေ။ထို့ကြောင့် မိမိတို့၏ လေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းအား အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်မှုများ၊တိုက်ခိုက်မှုများ နှင့် နိုင်ငံတကာ၏ အထင်အမြင်လွှဲမှုများကိုလည်း မလိုလာပါ။ထို့အပြင် မိမိတို့ တန်ဖိုးထားလေးစားရသည့် အာရက္ခတပ်တော်အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုင်ရာ စံတန်ဖိုးများကို တာဝန်ခံသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွါး၊ဒုက္ခနှင့် သောကတို့ကို နားလည်၍ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ပေးနိုင်ရေး နှင့် ဒီမိုကရေစီ အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်အား ဖေါ်ဆောင်နေကြကြောင်း နိုင်ငံတကာသို့ ရှင်းလင်းပြတ်သားသည့် သတင်းစကားကို ဂုဏ်ယူစွာ ပေးပို့သိရှိစေလိုသည့် စိတ်ရင်းအမှန် ရှိနေကြသည်။ကျွန်တော်တို့ ဒီမိုကရက်တစ်လူငယ်ကောင်စီအပါအဝင် အခြားတော်လှန်ရေးအင်အား အများစုသည်လည်း ထိုသို့ သဘောထားများရှိကြကြောင်း လေ့လာသိရှိခွင့်ရခဲ့ပါသည်။သို့ဖြစ်ပါ၍ အာဏာရှင်စနစ် နိဂုံးချုပ်ရေး နှင့် ဒီမိုကရေစီ အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်အား ဖေါ်ဆောင်ရေးတို့အတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ခိုင်မာတည်ကြည်သည့် ဆုံးဖြတ်ချက်များ၊ဆောင်ရွက်မှုများနှင့် ပြတ်သားသည့် လုပ်ငန်းစဉ်များကို အပြည့်အဝယုံကြည်၍ ပိုမိုနီးကပ်ထိတွေ့မှု၊မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ နှင့် တရားမျှတမှု၊ကိုယ်ပိုင်ပြဌာန်းခွင့်၊လူ့အခွင့်အရေး စံတန်ဖိုးများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများတွင် ထိထိမိမိ ဆက်လက်ချိတ်ဆက်သွားကြမည်ဟု ယုံကြည်ကြောင်း ဂုဏ်ယူစွာဖြင့် သတင်းထုတ်ပြန်အပ်ပါသည်။ မေ ၂၅၊ရန်ကုန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒီမိုကရက်တစ်လူငယ်ကောင်စီ #democratic_youth_council #press_release
Mostrar todo...
👍 2
နိုင်ငံရေးစီမံခန့်ခွဲမှု နှင့် လူမှုစီးပွါးရေးဆိုင်ရာ ပညာရပ်များကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်မယ့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်မှလူငယ်သို့ အစီအစဉ်မှ ဖေါ်ဆောင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI) ၏ ဇွန်လတန်းခွဲများ လေ့လာဆည်းပူးလက်တွေ့ ဆောင်ရွက်လိုကြသော အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးများထံကို ရောက်ရှိလာခဲ့ပါပြီ။ မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံးကို “Human Resources Development Institute ” မှ တန်းခွဲများနှင့် မိတ်ဆက်ပေးပါရစေ။ ဇွန်လတန်းခွဲမှာတော့ ပုံမှန်ဖွင့်လှစ်နေကြ နိုင်ငံရေးစီမံခန့်ခွဲမှုတန်းခွဲများသာမက လက်တွေ့ လုပ်ငန်းခွင်မှာ အင်မတန် အသုံးဝင်တဲ့ ပညာရပ်တွေဖြစ်ကြတဲ့ Sustainable Political Development Sharing Program Department (SPDSP)မှ နေ၍ (1) Certificate in Political Management, (2) Certificate in Studies of Democracy , Sustainable Vocational Development Sharing Program Department (SVDSP) မှနေ၍ Certificate in Basic Chinese Language (4 skills), Certificate in Proposal Writing Sustainable Social Economic Development Sharing Program Department (SSESDP) Certificate Course in SOGIESC Certificate in Management Development တို့ကို ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ််။ မိမ်ိစိတ်ဝင်စားရာ နယ်ပယ်အသီးသီးမှ ဘာသာရပ်များကို ရွေးချယ်နိုင်မယ့် အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အပြင် တန်းခွဲအများစုကို အတွေ့အကြုံရှိ ပို့ချသူများ မှ သင်ကြား မျှဝေပေးမှာ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သင်တန်းများလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။ https://docs.google.com/forms/d/e/1FAIpQLSdZfZzgIvf91RZH6kmiONj8X_ReZyXs5GVTI_dZ9ZRF6nD0kQ/viewform?usp=sf_link သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ကျောင်းသားရေးရာဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI)
Mostrar todo...
Registration of HRD Institute

ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်ရေးရာကော်မတီ၊လူငယ်မှ လူငယ်သို့ အစီအစဉ်၏ လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ မှာ ကြိုဆိုပါသည်။လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ သည်နိုင်ငံရေး၊စီးပွါးရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် လူငယ်အထောက်အကူပြုအင်စတီကျူတစ်ခုဖြစ်ပါသည်။ (မိမိတို့ တက်ရောက်လျှောက်ထားလိုသည့် ဘာသာရပ်များအား မှန်ကန်စွာရွေးချယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်) သင်တန်းများနှင့်ပတ်သတ်၍ သင်တန်းဆိုင်ရာသတင်းအချက်အလက်ဖေါ်ပြသည့် အောက်ဖေါ်ပြပါ telegram channel သို့ ချိတ်ဆက်ဝင်ရောက်ခြင်းဖြင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရယူနိုင်ပါပြီ။ Telegram Link Here >>>>>>>>>>>

https://t.me/YouthProgram_DYC

👍 1
1