cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

DYC - Democratic Youth Council

🛑Our Generation Must be Able to End Dictatorship ✊✊✊ 🛑အကြမ်းမဖက်ရှေ့သို့ဆက်မည် ဒီမိုကရက်တစ်လူငယ်ကောင်စီ 💪💪💪 Please Visit our Facebook Link 👇 https://www.facebook.com/dyc22222

Більше
М'янма16 449Бірманська14 039Політика23 487
Рекламні дописи
728
Підписники
-124 години
-67 днів
-630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

😢 1
ယခု တော်လှန်ရေးဟာ စည်းမဲ့ကမ်းမဲ့၊ဥပဒေမဲ့၊လက်လွတ်စပယ် လုပ်ချင်ရာလုပ်နိုင်ဖို့အတွက် အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ပြည်သူ့အကျိုး ရှေးရူပြီး ပြည်သူတွေရဲ့ ဘဝအာမခံချက်နှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်မည့် ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြခြင်းကို အမြဲ နှလုံးသွင်းထားကြဖို့လိုသည်။လက်နက်မဲ့ နိုင်ငံရေးသမားဖြစ်စေ၊ပြည်သူကျောင်းသားလူငယ်ဖြစ်စေ၊ ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ဒီမိုကရေစီ ယဉ်ကျေးမှုကို နှလုံးမသွင်းထားခြင်း ဖြစ်သည်။ကျွန်တော်တို့ အခုအာဏာရှင်စနစ်ပြီးလျှင် နောက်အာဏာရှင်စနစ်ကို မွေးထုတ်နေခြင်းမျိုး မဖြစ်ဖို့လိုသည်။ ဝက်လက်မြို့နယ်၊ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အထူးထိတ်လန့်ကြေကွဲရသကဲ့သို့ မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီယဉ်ကျေးမှု ဖေါ်ဆောင်မှုကိုလည်း အထူးစိုးရိမ်မိသည်။ထို့အပြင် တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း အဆိုပါ ယုတ်မာရိုင်းစိုင်းသည့် သတ်ဖြတ်မှုမျိုးကို စနစ်တကျ၊ဖေါ်ထုတ်အရေးယူပေးဖို့လိုပါသည်။ကျူးလွန်သူ သို့ အဖွဲ့အစည်းအား စုံစမ်းဖေါ်ထုတ် အရေးယူ၍ နောက်ထပ် ထိုသို့ လုပ်ရပ်မျိုး မဖြစ်ပွါးစေရေး တာဝန်ခံစေရေးအတွက် အာမခံချက်ပေးနိုင်ဖို့ လိုသည်။လွပ်လပ်သည့် စုံစမ်းရေးအဖွဲ့များ ဖွဲ့စည်း၍ အဆိုပါကိစ္စအား ရှင်းလင်းသည့် သတင်းစကားထုတ်ပြန်ပေးဖို့နှင့် ကျူးလွန်သူများအား ဖေါ်ထုတ် အရေးယူပေးနိုင်ရေးအတွက် အထူးတလည် တိုက်တွန်းအပ်ပါသည်။ ဇူလိုင် ၁၁၊၂၀၂၄ ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း
Показати все...
တော်လှန်ရေးဆိုတာ အိမ်အဟောင်းကို ဖျက်ပြီး အိမ်အသစ်ဆောက်သလိုပါပဲ အိမ်ဆောက်ဖို့ဆိုရင် အောက်ခံက ခိုင်ခိုင်ခံခံ၊ထုထည်ကြီးကြီးမားမား ရှိနေဖို့လိုပါတယ်။ အဲ့တာက မေတ္တာကိုဆိုလိုတယ်လို့ ဒီလိုပဲပြောချင်ပါတယ်။ပြည်သူလူထုရဲ့ ဒုက္ခနဲ့ သောကကို စာနာလို့၊လွတ်မြောက်စေချင်တယ်၊ငြိမ်းအေးစေလိုတဲ့ ခွဲခြားမှုမရှိသော၊အစွန်းအထင်း ကင်းတဲ့ မေတ္တာအခြေခံနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒို့တတွေ စုပေါင်းတော်လှန်နေကြရတယ်။ ဒီနေရာမှာ စုပေါင်းခေါင်းဆောင်မှု အားနည်းနေပေမယ့်လည်း တစ်စုတဖွဲ့တည်း တော်လှန်နေတဲ့ပုံစံမျိုး ရယ်တော့လည်း မဟုတ်ပြန်ဘူး။ဒါ့ကြောင့် မေတ္တာဖေါင်ဒေရှင်းကို ထုထည်ကြီးကြီးမားမား ထားရှိဖို့ လိုတယ်။ ဒုတိယအရေးကြီးပြန်တာက အိမ်တိုင်ဖြစ်ပါတယ်။ တိုင်ထူ ဖြောင့်မတ်တဲ့ဗျာ။ ကွေးကောက်နေတဲ့ တိုင်၊ပိုးစားနေတဲ့ တိုင်နဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မဖြစ်နိုင်ပါဘူး။ဒီလိုပဲ ဒီတော်လှန်ရေးမှာ သစ္စာလို့ပြောတဲ့ အပြစ်အနာအဆာ ကင်းစင်တဲ့ တိုင်မျိုး ရနိုင်ဖို့ ကျွန်တော်တို့ ရှာဖွေကျင့်ကြံကြဖို့လိုတယ်။မွေးကတည်းက သစ္စာအားကောင်းချင်မှ ကောင်းလာနိုင်ပေမယ့် မိမိရဲ့ မေတ္တာတရား အားကောင်းရင် သစ္စာတရားဟာလည်း အားကောင်းလာပါလိမ့်မယ်။နောက်တစ်ခုက ခေါင်မိုးလုံခြုံဖို့လည်း အရေးကြီးပါတယ်။ဒီနေရာမှာ ခေါင်မိုးဆိုတာ ပညာဖြစ်ပါတယ်။ပညာဆိုတာဟာ နိုင်ငံရေးအသိပညာ၊တော်လှန်ရေးအသိပညာ စသည့် အပြင် ကျင့်ဝတ်ပိုင်း၊ခေါင်းဆောင်မှု၊ပူးပေါင်းဆောင်ရွက်မှု၊တာဝန်ခံ၊တာဝန်ယူမှု ဒါတွေဟာ သိမှ၊ကျင့်နိုင်မယ်၊ဒါ့ကြောင့် ပညာဉာဏ်ရင့်သန်ဖို့လိုတယ်။ကောင်းတာ၊အကျိုးရှိတာ၊လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ရဲဖို့နဲ့ မကောင်းဘူး၊အကျိုးမရှိပါပဲ မလုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ရဲတာကလည်း ပညာတရားရဲ့ သက်ရောက်မှုတွေရယ်ပါ။ ဒါ့ကြောင့် အုတ်မြစ် ခိုင်မြဲ၊တိုင်ထူ ဖြောင့်မတ်၊ခေါင်မိုးလုံခြုံ ပါမှ အင်္ဂါစုံတဲ့ အိမ်ကလေး ဖြစ်ပါတယ်။အိမ်ကလေးပြီးရင် ကိုယ်နေမယ့်အခန်းမှာတော့ အားလုံးကလည်း သဘောတူတယ်၊ကိုယ်လည်း သဘောကျရင်တော့ ကိုယ်ကြိုက်တဲ့ ဆေးအရောင်ကိုယ်သုတ်၊အတွင်း အပြင်အဆင်တွေ ဆောင်ရွက်လို့ ရနိုင်တာပေါ့ဗျာ။ အဓိကက အင်္ဂါစုံတဲ့ အိမ်ကလေး ဖြစ်နေဖို့သာ အရေးကြီးတာပါ။ တော်လှန်ဉာဏ်တွေ ရင့်သန်ကြပါစေ။ ပြည်သူ့အကျိုး သယ်ပိုးနိုင်ကြပါစေ။ သစ္စာတရား လက်ကိုင်ထားနိုင်ကြပါစေ။ ဥက္ကဌ ဒီမိုကရက်တစ်လူငယ်ကောင်စီ
Показати все...
1
Фото недоступнеДивитись в Telegram
Фото недоступнеДивитись в Telegram
မြစ်ကြီးနား 🚨အရေးပေါ် အကူညီတောင်းရန်🚨 ညအချိန်မတော် ရေဘေးကျရောက်လာပါက အကူအညီ တောင်းခံနိုင်ပါသည်၊ ဆက်သွယ်ရန် - 09424724477 - 09881433881 - 09400050420 သောက်ရေသန့် လိုအပ်ပါက ဖုန်း 09256444034 09400039195 09773339800 Healthy Plus သောက်ရေသန့် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်နေ၍ နေရာပြောင်းရွှေ့ရန် အကူအညီလိုအပ်နေသူများအတွက် မြစ်ကြီးနားမြို့လူမှုကူညီရေးဖုန်းနံပါတ်များ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း 09259043644 09440002161 09788051052 09790620778 လူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်) 09424724477 09881433881 09400050420 မီးသတ်တပ်ဖွဲ့(ကယ်ဆယ်ရေး) 074 2520167 074 2522467 09266386192 ချီဆောင်ခြင်းလူမှုကူညီရေးအသင်း 09450125256 09444657566 မျိုးဆက်သစ်လူမှုကူညီရေးအသင်း 09777705099 09400038358 ပေးဆပ်သူလူမှုကူညီရေးအသင်း 09777472525 09677289818 09266902282 မာမကလူမှုကူညီရေးအသင်း 09400020600 09793409219 ရွှေပန်းမြိုင်လူမှုကူညီရေးအသင်း 09400003725 09440002264 09453896252 Credit:
Показати все...
Фото недоступнеДивитись в Telegram
လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိ ကျကျ အလုပ်ကို လုပ်သွားရမယ်။ ကိုယ်အလုပ် လုပ်တဲ့အခါ ' အများ ကြိုက်စေချင်လို့ လုပ်တာ မဟုတ်ဘူး။ပေါ်ပြူ လာဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ရာထူးခံချင်လို့လုပ်တာ မဟုတ်ဘူး။နာမည်လိုချင်လို့ လုပ်တာ မဟုတ်ဘူး။ "ယုံကြည်ချက် အရ မှန်တယ်ထင်လို့" လုပ်တာသာ ဖြစ်ရမယ်။ 'ကိုယ့်ရဲ့ယုံကြည်ချက် အရ မှန်တယ်ထင်လို့ လုပ်လိုရှိရင် ဘယ်သူက ဘယ်လိုပဲ အန္တရာယ် ပြုပြု ခံနိုင်ရည် ရှိရမယ်။ ဘယ်သူကပဲ ကိုယ့်ကို ပုတ်ခတ် ပုတ်ခတ် ခံနိုင်ရည် ရှိရမယ်။ ဒီလို ခံစားချက်တွေနဲ့လုပ်သွားမှသာ 'လူငယ်များဟာ တိုင်းပြည် အကျိူး ထမ်းဆောင်နိုင်မှာ' ဖြစ်ပါတယ်။” #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
Показати все...
6
နိုင်ငံရေးစီမံခန့်ခွဲမှု နှင့် လူမှုစီးပွါးရေးဆိုင်ရာ ပညာရပ်များကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်မယ့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်မှလူငယ်သို့ အစီအစဉ်မှ ဖေါ်ဆောင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI) ၏ ဇွန်လတန်းခွဲများ လေ့လာဆည်းပူးလက်တွေ့ ဆောင်ရွက်လိုကြသော အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးများထံကို ရောက်ရှိလာခဲ့ပါပြီ။ထူးထူးခြားခြား အစီအစဉ်အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ဒီမိုကရေစီအင်အားစုများ နှင့် ကျောင်းသားကျောင်းသူများကိုပဲ သီးသန့် လက်ခံသင်ကြားပေးသွားမှာဖြစ်ပါသည်။ မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံးကို “Human Resources Development Institute ” မှ တန်းခွဲများနှင့် မိတ်ဆက်ပေးပါရစေ။ ဇူလိုင်လတန်းခွဲမှာတော့ ပုံမှန်ဖွင့်လှစ်နေကြ နိုင်ငံရေးစီမံခန့်ခွဲမှုတန်းခွဲများသာမက လက်တွေ့ လုပ်ငန်းခွင်မှာ အင်မတန် အသုံးဝင်တဲ့ ပညာရပ်တွေဖြစ်ကြတဲ့ Sustainable Political Development Sharing Program Department (SPDSP)မှ နေ၍ (1) Certificate in International Relationship Studies, (2) Certificate in Studies of Federal Democracy Charter, Sustainable Social Economic Development Sharing Program Department (SSESDP) (1) Certificate Course in Basic LAW Studies တို့ကို ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ််။ မိမ်ိစိတ်ဝင်စားရာ နယ်ပယ်အသီးသီးမှ ဘာသာရပ်များကို ရွေးချယ်နိုင်မယ့် အခွင့်အရေး တစ်ရပ်ဖြစ်တဲ့အပြင် တန်းခွဲအများစုကို အတွေ့အကြုံရှိ ပို့ချသူများ မှ သင်ကြား မျှဝေပေးမှာ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သင်တန်းများလျှောက်ထားရန် ဤနေရာတွင် နှိပ်ပါ။ https://docs.google.com/forms/d/e/1FAIpQLSdZfZzgIvf91RZH6kmiONj8X_ReZyXs5GVTI_dZ9ZRF6nD0kQ/viewform?usp=sf_link သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ကျောင်းသားရေးရာဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ့ (HRDI)a
Показати все...
Registration of HRD Institute

ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်ရေးရာကော်မတီ၊လူငယ်မှ လူငယ်သို့ အစီအစဉ်၏ လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ မှာ ကြိုဆိုပါသည်။လူစွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးအင်စတီကျူ သည်နိုင်ငံရေး၊စီးပွါးရေး၊ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် လူငယ်အထောက်အကူပြုအင်စတီကျူတစ်ခုဖြစ်ပါသည်။ သင်တန်းအား ပြီးဆုံသည်အထိ တက်ရောက်နိုင်သူများကိုသာ စိစစ်လက်ခံသွားမည်။ (မိမိတို့ တက်ရောက်လျှောက်ထားလိုသည့် ဘာသာရပ်များအား မှန်ကန်စွာရွေးချယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်) သင်တန်းများနှင့်ပတ်သတ်၍ သင်တန်းဆိုင်ရာသတင်းအချက်အလက်ဖေါ်ပြသည့် အောက်ဖေါ်ပြပါ telegram channel သို့ ချိတ်ဆက်ဝင်ရောက်ခြင်းဖြင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရယူနိုင်ပါပြီ။ Telegram Link Here >>>>>>>>>>>

https://t.me/YouthProgram_DYC

1
Показати все...
Daw Aung San Su Kyi's 79th Birthday

Happy Birthday အမေစု အချုပ်အနှောင်မှအမြန်ဆုံးကင်းလွတ်ပါစေ အမေပြန်လာမှသားတိုလည်းအိမ်ပြန်ပါမယ် အမေကျန်းမာပါစေ အသက်ရှည်၍အနာမျိုး၉၆ပါးကင်းဝေးပါစေ အမေ့ကိုပြောပြချင်တဲ့အကြောင်းအရာတွေကအများကြီးပါ စာနဲ့ရေးရင်ပြီးမှာမဟုတ်တော့လိုသားမရေးတော့ပါဘူးအမေ အမေကျန်းကျန်းမာမာနဲ့ရှိနေပေးပါ🙏 အရေးတော်ပုံဧကန်မုချအောင်ရမည် Saya Bhone

4👍 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.