ru
Feedback
RSN WEB

RSN WEB

Открыть в Telegram

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Больше
7 259
Подписчики
+224 часа
-177 дней
-3530 дней
Архив постов
RSN WEB
7 260
🔴 လှိုင်မြို့နယ် ၇ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်၊ မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းတဝိုက် အကြမ်းဖက်စစ်သားများ ရောက်ရှိနေကြောင်း သိရှိရသည်။ ဧည့်စစ်ဝင်နိုင်ချေရှိသည်။ Source: HSC (Hlaing Scout Channel) 15 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 ရွှေပေါက္ကံ ၁၂ ရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ ၁၂ ရပ်ကွက်၊ အောင်ရွှေစင်လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အကြမ်းဖက် စစ်သား ရဲ အင်အား ၃၀ ခန့်ပါသည်။ အခန်းမှန်သမျှ လူပေါက်စေ့ အောက်ဆင်းတန်းစီခိုင်းပြီး ဧည့်စာရင်းစာအုပ်ဖြင့် တိုက်စစ်ကြောင်း သိရသည်။ 15 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
⚫️ စစ်မှုထမ်းဖို့ နေအိမ်ထိ လာဆွဲခေါ်ပြီး ရပ်ကွက်ရုံးထဲထည့် ရိုက်နှက်သတ်ဖြတ် - ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ မောင်ဂျေမောင်မောင် (ခ) အငယ်လေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် အုပ်ကြီးသန်းရွှေနှင့်အဖွဲ့က စစ်မှုထမ်းဖို့ဟုကာ နေအိမ်ထိဝင်ဆွဲပြီး ရပ်ကွက်ရုံးသို့ ခေါ်သွားကြကာ သံတုတ်ဖြင့် ရိုက်နှက်နှိပ်စက် သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ပစ်ခဲ့ကြကြောင်း သိရှိရသည်။ အလောင်းကို ကားနောက်ဖုံးထဲထည့်ကာ FMI နှင့် ရှမ်းကျောင်းကျေးရွာဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံတခု၌ စွန့်ပစ်ခဲ့ကြသည်ဟု ဆိုသည်။ ထို့နောက် စက်တင်ဘာလ ၁၀ ရက်နေ့မှသာ ဆယ်အိမ်မှူးမျိုးနိုင်မှ လူငယ်နေအိမ်သို့ အသိပေးလာခဲ့သည်။ သတင်းမထွက်စေရန် ပိတ်ပင်ထားသောကြောင့် ချက်ချင်းမပြောနိုင်ခဲ့ဟု ဆိုသည်။ လူငယ်လေးကို သတ်ဖြတ်အလောင်းဖျောက်သည့်အဖွဲ့ထဲ အုပ်ကြီးသန်းရွှေအပါအဝင် ၇ ယောက်ပါပြီး ၎င်းတို့ကို စစ်ကောင်စီရဲတပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးပြီး အမှုဖွင့်ထားသည်ဟု သိရသည်။ Source: The Irrawaddy 15 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်ထဲ အကြမ်းဖက်တပ်သားများ၊ လဝကများနှင့် အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: Tamwe Nway Oo Channel 14 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🟠 တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက် ဧည့်စစ်သတိ ယနေ့ စက်တင်ဘာလ ၁၄ ရက် ညဘက်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ ည ၈ နာရီခွဲခန့်ကတည်းက ရပ်ကွက်ရုံးထဲ အုပ်ကြီးအဖွဲ့များ ရောက်နေကြကြောင်း သိရသည်။ Source: Tamwe Nway Oo Channel 14 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Sep 7 - 13, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Sep 7 - 13, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၆ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· စက်တင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း မတရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်နှင့် အင်းစိန်မြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ ကားလမ်းမပေါ်သွားလာနေစဉ်/လမ်းဘေး၌ရှိနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၃၄ ဦး၊ လမ်းပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၂ ဦး ၊ လိမ်လည်ခေါ်ဆောင်ပြီး ဖမ်းဆီးခံရသူ ၁ ဦး နှင့် နေအိမ်ထိရှာဖွေဖမ်းဆီးခံရသူ ၁ ဦး တို့ဖြစ်သည်။ · ထို့ပြင် စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အတွင်း မြို့နယ် ၈ မြို့နယ်မှ လူ ၁၉ ဦး ဖမ်းဆွဲခံခဲ့ရကြောင်း နောက်ကျသတင်းများလည်း ထပ်မံသိရှိခဲ့ရသည်။ ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ ဒေါပုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာနှင့် သန်လျင်မြို့နယ်တို့မှ ဖြစ်သည်။ ကားလမ်းမပေါ်သွားလာနေစဉ်/လမ်းဘေး၌ရှိနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၁၆ ဦး၊ အိမ်ထိ လာရှာခေါ်ခံရသူ ၁ ဦး နှင့် လမ်းပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၂ ဦးတို့ဖြစ်သည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ တာမွေ၊ သာကေတနှင့် မရမ်းကုန်းမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
———— ▪️စစ်မှုထမ်းသင်တန်း
· စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။
———— ▪️လူလိုက်ဆွဲသည့် အုပ်ကြီးအဖွဲ့ကို အဖမ်းပြ
· လှိုင်သာယာမြို့နယ်ထဲ လူငယ်များကို လိုက်ဆွဲပြီး ဖမ်းချုပ်ထားလို့ဆိုပြီး လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်အုပ်ကြီးနှင့် အဖွဲ့ကို စက်တင်ဘာလ ၁၀ ရက်နေ့က အကြမ်းဖက်စစ်တပ်မှ အဖမ်းပြ သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းအုပ်ကြီးအပါအဝင် စုစုပေါင်း ၇ ယောက်ကို ဖမ်းပြီး အမှုတပ် တရားစွဲထားသည်ဟု ဆိုသည်။
———— ▪️ယာဉ်မောင်းနှင်ခွင့် စုံ/မ စနစ် ပယ်ဖျက်ဟု ကြေညာ
· မော်တော်ယာဉ်နံပါတ် စုံ/မ အလိုက် ရက်ခွဲကန့်သတ်ပြီး မောင်းနှင်ခိုင်းခဲ့သည်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပယ်ဖျက်လိုက်သည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုံးမှ သတင်းထုတ်ပြန်ထားသည်။ စက်သုံးဆီအခက်အခဲဖြစ်လို့ဆိုပြီး ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မော်တော်ယာဉ်မောင်းနှင်ခွင့် ပြန်ဖြေလျှော့လိုက်သော်လည်း စက်သုံးဆီဝယ်ယူရာတွင်မူ ၎င်းတို့သတ်မှတ်ထားသည့် စုံ/မ ရက်စနစ် နှင့် QR Code တို့ဖြင့်သာ ဆက်လက်ဝယ်ယူရမည်ဟု ဆိုသည်။
———— ▪️တနိုင်ငံလုံး လျှပ်စစ်မီးပြတ်
· စက်တင်ဘာလ ၁၁ ရက်နေ့တွင် System Breakdown ဖြစ်လို့ဆိုပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ကာလကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။ မနက် ၆ နာရီခန့်မှ ၁၁ နာရီခန့်ထိ တကြိမ်၊ နေ့လည် ၁ နာရီခွဲခန့်မှ ညနေဘက်ထိတချိန် မီးပြတ်တောက်ခဲ့သည်။
14 Sep 2026 #RangoonScoutNetwork #YGN_weekly

RSN WEB
7 260
⚫️ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ဖွင့်ပြီးပြီးချင်း ရက်သတ္တပတ်ထဲလည်း လမ်းပေါ် လူလိုက်ဆွဲဖမ်းနေသည့်ပမာဏ မလျော့ကျသွား - ယခု ရက်သတ္တပတ် စက်တင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အတွင်းတွင်လည်း ရှေ့ရက်သတ္တပတ်ကဲ့သို့ပင် အဖမ်းအဆီးဖြစ်စဉ်များပြားခဲ့သည်။ မြို့နယ် ၁၀ မြို့နယ်မှ လူ ၃၈ ဦး ဖမ်းဆီးခံခဲ့ရသည်ကို သိရှိခဲ့ရသည်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်နှင့် အင်းစိန်မြို့နယ်တို့၌ ဖြစ်သည်။ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ပြီးဖြစ်သော်လည်း အဆွဲအရမ်း အဖမ်းအဆီးများ မလျော့သွားခဲ့ပေ။ ▪️ကြည့်မြင်တိုင်မြို့နယ် - ၁ ဦး
· စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီခန့်တွင် ထီးတန်းလမ်း နှင့် တော်ဝင်လမ်းဆုံအနီး ယောကျ်ားလေး ၁ ဦးကို အရပ်ကား ၁ စီးပေါ်ဆွဲတင်သွားခဲ့သည်။ (Source: RSN)
▪️စမ်းချောင်းမြို့နယ် - ၇ ဦး
· စက်တင်ဘာလ ၇ ရက် ည ၈ နာရီခွဲခန့်တွင် ကျွန်းတောမြောက်ရပ်ကွက်၊ မကြီးကြီးလမ်း နှင့် ဗဟိုလမ်းထောင့် ဂွဈေးအမှိုက်ပုံနား ယောကျ်ားလေး ၂ ဦး နှင့် အောင်ချမ်းသာရပ်ကွက်၊ ကံမြင့်ကျောင်းတိုက်အနီး ယောကျ်ားလေး ၁ ဦး တို့ကို အရပ်ကားများဖြင့် ဆွဲခေါ်သွားကြသည်။ · စက်တင်ဘာလ ၉ ရက် ည ၉ နာရီခန့်တွင် မြောက်နီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်းနှင့် ဓမ္မာရုံလမ်းထောင့်ရှိ အမျိုးသား ၂ ဦးကို ကားပေါ်ဆွဲတင်ခဲ့ပြီး အနီးအနားရှိလူများ ဝိုင်းကူညီပေးမှုကြောင့် ပြန်လွတ်လာနိုင်ခဲ့သည်။ · စက်တင်ဘာလ ၁၁ ရက် မနက် ၈ နာရီခန့်တွင် စမ်းချောင်းတောင်ရပ်ကွက်၊ မင်းလမ်းပေါ် ယောကျ်ားလေး ၁ ဦးကို ရဲများ တားစစ်ပြီး အိတ်ထဲ အရက်ပုလင်းတွေ့လို့ဆိုပြီး ဖမ်းခေါ်သွားခဲ့သည်။ ထို့ပြင် အဆိုပါနေ့ မနက်တွင်ပင် မုန့်လက်ဆောင်းကုန်းမြောက်ရပ်ကွက်၊ ကျွန်းတောလမ်းအထွက် ရန်ကင်းလမ်းဘက် ယောကျ်ားလေး ၁ ဦးကိုလည်း ရဲကားဖြင့် ဖမ်းခေါ်သွားသည်။ (Source: RSG, Scout Yangon, Sanchaung Scout Channel)
▪️ဒေါပုံမြို့နယ် - ၁ ဦး
· စက်တင်ဘာလ ၆ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဝက်စုမှတ်တိုင်၌ ကားစောင့်နေသည့် ယောကျ်ားလေး ၁ ဦးကို အရပ်ကားဖြင့် ဆွဲခေါ်သွားသည်။ (Source: Khit Thit)
▪️ဗိုလ်တထောင်မြို့နယ် - ၂ ဦး
· စက်တင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီခန့်တွင် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်အနီး ယောကျ်ားလေး ၁ ဦးကို အရပ်ကားပေါ်ဆွဲတင်သွားခဲ့သည်။ · စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ၇ ရပ်ကွက်၊ ၄၂ လမ်းနေ ယောကျ်ားလေး ၁ ဦး ရေကျော်လမ်းဘက်သို့ လမ်းလျှောက်သွားစဉ် ဖမ်းဆီးခံလိုက်ရသည်။ (Source: RSN, Botahtaung Scout Channel)
▪️မင်္ဂလာတောင်ညွန့်မြို့နယ် - ၆ ဦး
· စက်တင်ဘာလ ၇ ရက် ည ၉ နာရီခန့်တွင် သိမ်ဖြူလမ်း ၅ ခွဆုံအနီး စာသင်ကျောင်းနား ယောကျ်ားလေး ၃ ဦးကို အရပ်ကား ၂ စီးပေါ် ဆွဲတင်သွားကြသည်။ ထိုအချိန်ဝန်းကျင်တွင်ပင် ၉၁ လမ်းမှ ၁ ဦး နှင့် သိမ်ဖြူလမ်း နဲ့ ဗိုလ်မင်းရောင်လမ်းထောင့် စေတနာဖြူဆေးခန်းရှေ့မှ ၂ ဦး ဆွဲခံခဲ့ရသည်။ (Source: MGTN Spring News and Scout Channel)
▪️မရမ်းကုန်းမြို့နယ် - ၃ ဦး
· စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်တွင် ဘုရင့်နောင်လမ်းဆုံ ရန်ကင်းဘုရားအနီး ယောကျ်ားလေး ၃ ဦးကို အုပ်ကြီးအဖွဲ့က ပရဟိတကားပေါ် ရိုက်နှက်ဆွဲတင်သွားကြသည်။ (Source: Khit Thit)
▪️မြောက်ဒဂုံမြို့နယ် - ၃ ဦး
· စက်တင်ဘာလ ၇ ရက် ည ၉ နာရီခန့်တွင် ဗိုလ်မင်းရောင်လမ်း ၄၃ ရပ်ကွက်ဘက် လက်ဖက်ရည်ဆိုင်အနီး ယောကျ်ားလေး ၁ ဦးကို အရပ်ဝတ်များမှ ဆွဲခေါ်သွားကြသည်။ · စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်တွင် ဘုရင့်နောင်လမ်းပေါ် ၃၉ ရပ်ကွက်ဘက် အရက်ဆိုင်အနီး ယောကျ်ားလေး ၂ ဦးကို ရိုက်နှက်ပြီး စစ်ကားပေါ်ဆွဲတင်သွားကြသည်။ (Source: RSN)
▪️မြောက်ဥက္ကလာမြို့နယ် - ၅ ဦး
· စက်တင်ဘာလ ၈ ရက် ည ၈ နာရီခန့်တွင် ဈ ရပ်ကွက်၊ ဧရာ ၅ လမ်းထိပ် အုတ်ခုံရှိ ယောကျ်ားလေး ၂ ဦးကို ရဲများ ဆွဲခေါ်သွားခဲ့ကြသည်။ · စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရွှေပေါက္ကံဘက်တွင် နေထိုင်သူ အမျိုးသား ၁ ဦး ဆိုင်ကယ်ဝယ်ရောင်းလုပ်ရာမှ ဧရာလမ်း နှင့် သုနန္ဒာလမ်းထောင့်သို့ လိမ်ခေါ်ခံရပြီး ကားပေါ်ဆွဲတင်ခံရသည်။ · စက်တင်ဘာလ ၁၁ ရက်နေ့ ညဘက်တွင် ဆ ရပ်ကွက် သုနန္ဒာ ၁၂ လမ်းနေ အမျိုးသား ၁ ဦး ဣန္ဒြာလမ်းသွယ်များဘက် သွားရာမှ ကားပေါ်ဆွဲတင်ခံခဲ့ရသည်။ (Source: RSG)
▪️လှိုင်မြို့နယ် - ၄ ဦး
· စက်တင်လာလ ၇ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဗဟိုလမ်းပေါ် မာလာလမ်းထိပ်၌ အမျိုးသား ၂ ဦးကို ရဲနှင့် အရပ်ဝတ်များမှ ရိုက်နှက်၍ Hijet ပေါ်ဆွဲတင်သွားကြသည်။ · စက်တင်ဘာလ ၉ ရက် ည ၈ နာရီခန့်တွင် ၁ ရပ်ကွက်၊ လှိုင်မြစ်လမ်းသွယ် ၁ လမ်းထဲရှိ ယောကျ်ားလေး ၁ ဦးကို အရပ်ဝတ်များက ကားပေါ်ဆွဲတင်သွားကြသည်။ · စက်တင်ဘာလ ၁၂ ရက် ညဘက်တွင် ၁၅ ရပ်ကွက်၊ အမှတ် ၈ သစ်စက်ဘက် နေထိုင်သည့် ယောကျ်ားလေး ၁ ဦးကို အုပ်ကြီးအဖွဲ့မှ နေအိမ်ထဲထိ ဝင်ဆွဲခေါ်သွားကြသည်။ (Source: Scout Yangon, RSG, Khit Thit)
▪️အင်းစိန်မြို့နယ် - ၆ ဦး
· စက်တင်ဘာလ ၇ ရက် ည ၈ နာရီခန့်တွင် ပြည်တော်သာကွေ့အနီး ရထားလမ်းအကျော်နားရှိ လူ ၂ ဦး နှင့် ပုလဲလမ်းထိပ်အကျော် အကွေ့နားရှိ လူ ၃ ဦးတို့ကို အရပ်ကားများဖြင့် ဆွဲခေါ်သွားခဲ့ကြသည်။ · စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခန့်တွင် အောက်မင်္ဂလာလမ်းပေါ် အင်းစိန်ဆေးရုံအကျော် အကျဉ်းဦးစီးအပေါက်ဝရှေ့ စက်ဘီးဖြင့်ဖြတ်သွားသည့် အမျိုးသား ၁ ဦးကို ရဲများက တားစစ်ပြီး ဆွဲခေါ်သွားကြသည်။ (Source: RSG, Scout Yangon)
14 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🟠 မြောက်ဥက္ကလာမြို့နယ် က ရပ်ကွက် ဧည့်စစ်သတိ ယနေ့ စက်တင်ဘာလ ၁၃ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်ထဲ အကြမ်းဖက် ရဲနှင့် နောက်လိုက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ဧည့်စစ်ဝင်နိုင်ချေရှိသည်။ 13 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
⚫️ မြောက်ဒဂုံမြို့နယ် ဘုရင့်နောင်လမ်းပေါ် လူငယ်များကို စစ်ကားပေါ်ဆွဲတင်သွား ယနေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အရက်ဆိုင်မှ ယောကျ်ားလေး ၂ ဦး (အသက် ၃၀ နှစ်အောက်၊ ပန်းရံလုပ်သားများဟု ယူဆရ) ထွက်လာပြီး ဆိုင်အနီး လမ်းပေါ်၌ ရှိနေစဉ် စစ် DC ၁ စီးဖြင့် အကြမ်းဖက်တပ်သားများ ရုတ်တရက်ရောက်လာပြီး ရိုက်နှက်ကာ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ 13 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🟠 အရှေ့ဒဂုံမြို့နယ် ၁၁ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ စက်တင်ဘာလ ၁၂ ရက် ညဘက်တွင် ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၁၁ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 12 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🟠 လှိုင်မြို့နယ် ၁၁ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ စက်တင်ဘာလ ၁၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း နှင့် အနောက်ပေ ၅၀ အဆုံ ငွေမိုးစတိုးဆိုင်အနီး အကြမ်းဖက်တပ်သားများ ရောက်နေပြီး ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ Source: RSG 12 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🟥 လှိုင် ပြည်လမ်း သံလမ်းဘက်ကနေ လှည်းတန်းဂုံးတံတားဘက်အသွား ( ပြည်လမ်းအတိုင်း အင်းစိန်လမ်းဘက်အတက် freeကြော)နေရာမှာ ရခဂျစ် ၁ စီးနဲ့ အဖွဲ့စုံ အစစ်အဆေးရှိ – RSG 7:41 PM 📬 @Inform_RSN

RSN WEB
7 260
🔴 သာကေတမြို့နယ်၊ ၁ အနော်မာရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁ အနော်မာရပ်ကွက်၊ အနော်မာ ၇ လမ်း အနောက်ဘက်တဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 10 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 အင်းစိန်အကျဉ်းဦးစီးအပေါက်ဝအနီး စက်ဘီးစီးသွားလာနေသူကို ဆွဲခေါ် ယနေ့ စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာလမ်းပေါ် အင်းစိန်ဆေးရုံ ရေခဲတိုက်အကျော် အကျဉ်းဦးစီးအပေါက်ဝအနီး အကြမ်းဖက်ရဲ ၇ ယောက်ခန့်ရှိနေစဉ် အမျိုးသား ၁ ဦး (လူလတ်ပိုင်းအရွယ်၊ ပုဆိုးဝတ်ထား) စက်ဘီးစီးပြီး ဖြတ်သွားသည်ကို တားစစ်ပြီး အကျဉ်းဦးစီးအပေါက်ဝထဲ အတင်းဆွဲခေါ်သွားကြောင်း သိရှိရသည်။ Souce: Scout Yangon 10 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၉ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: Tamwe Nway Oo Channel 09 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၉ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်း အပေါ်ဘက်ထဲ အကြမ်းဖက် စစ်သား ရဲနှင့် အဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: Sanchaung Scout Channel 09 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
▪️ယာဉ်မောင်းနှင်ခွင့် စုံ/မ စနစ် ပယ်ဖျက်ဟု ကြေညာ မော်တော်ယာဉ်နံပါတ် စုံ/မ အလိုက် ရက်ခွဲကန့်သတ်ပြီး မောင်းနှင်ခိုင်းခဲ့သည်ကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ပယ်ဖျက်လိုက်သည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုံးမှ သတင်းထုတ်ပြန်ထားသည်။ စက်သုံးဆီအခက်အခဲဖြစ်လို့ဆိုပြီး ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မော်တော်ယာဉ်မောင်းနှင်ခွင့် ပြန်ဖြေလျှော့လိုက်သော်လည်း စက်သုံးဆီဝယ်ယူရာတွင်မူ ၎င်းတို့သတ်မှတ်ထားသည့် စုံ/မ ရက်စနစ် နှင့် QR Code တို့ဖြင့်သာ ဆက်လက်ဝယ်ယူရမည်ဟု ဆိုသည်။ 09 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
🔴 စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် ဧည့်စစ် ယနေ့ စက်တင်ဘာလ ၈ ရက် ည ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဟုမ်းလမ်း ၄ လမ်းထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: Sanchaung Scout Channel 08 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
⚫️ သမိုင်းလမ်းဆုံအနီး လူငယ်များကို ဖမ်းပြီး ဘန်ကာထဲ ဆွဲခေါ်သွား ယမန်နေ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီကျော်တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမီးပွိုင့်၊ ကျိုက်ဝိုင်းဘုရားလမ်း စစ်တပ်ဘန်ကာ၏ မျက်နှာချင်းဆိုင်ဘက် မုန့်ဟင်းခါးဆိုင်အနီး ယောကျ်ားလေး ၂ ဦး (အသက် ၂၀ နှစ်ဝန်းကျင်ဟု ယူဆရ) လမ်းလျှောက်သွားလာနေစဉ် အရပ်ဝတ်များရောက်လာကာ ဖမ်းချုပ်ပြီး ဘန်ကာထဲ ဆွဲခေါ်သွားကြကြောင်း သိရှိရသည်။ Source: RSG 07 Sep 2026 #RangoonScoutNetwork

RSN WEB
7 260
⚫️ စမ်းချောင်းမြို့နယ် မြေနီကုန်းဘက် ကားပေါ်ဆွဲတင်သွား ယမန်နေ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ရန်ကင်းလမ်းပေါ် (ဈေးလမ်းနှင့်ဆက်ထားသည့် လမ်းကြားထိပ်) ၌ အမျိုးသား ၁ ဦး ရှိနေစဉ် Honda Fit ကားဖြင့် လူတစုရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ Source: Scout Yangon 07 Sep 2026 #RangoonScoutNetwork