es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

EHS Myanmar

EHS Myanmar

Ir al canal en Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Mostrar más
868
Suscriptores
Sin datos24 horas
+27 días
+230 días
Archivo de publicaciones
photo content

မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ပြီလား? --------------------------------------------------- EHS Myanmar 17/12/2023 ✈️ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာသည်နှင့်အမျှ တစ်နေရာမှတစ်နေရာသို့ လေ့လာလည်ပတ်ခရီးထွက်ရန်လွယ်ကူလာပေသည်။ သို့သော်လည်း ထိုသို့ကမ္ဘာလှည့်ခရီးသွား ပေါများလာခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုများရှိလာပေသည်။ ထို့ကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းကိုဖော်ဆောင်ခြင်းသည် အရေးကြီးသောဏ္ဍတစ်ရပ်ဖြစ်လာပေသည်။ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှသည် ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်ဆုံး‌ဒေသအဖြစ် Lonely Planet's List မှ သတ်မှတ်ခြင်းခံခဲ့ရပြီးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပေါကြွယ်ဝမှုကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျကြသည့် လည်ပတ်စရာပေါသော မြန်မာနိုင်ငံတွင်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရန် စိန်ခေါ်မှုများ ရှိနေပေသည်။ ✈️ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဆိုသည်မှာ ကမ္ဘာမြေကြီးကို ထိခိုက်ပျက်စီးမှု မရှိစေသည့်န ည်းစနည်းများပါဝင်သည့်အပြင် နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေလည်း ရရှိနိုင်ရမည်ဖြစ်သည်။ ထိုသို့ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် မြန်မာနိုင်ငံတွင်တွေ့ကြုံနေရသောစိန်ခေါ်မှုများမှာ ၁။ ပို့ဆောင်ဆက်သွယ်ရေး အများပြည်သူသုံးယာဉ်အသုံးပြုမှု လုံလုံလောက်လောက်မရှိခြင်းကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် အကြီးမားဆုံးအနှောင့်အယှက်ဖြစ်ပေသည်။ လက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်မြို့၌သာ အများပြည်သူယာဉ်ပြေးဆွဲမှု အများဆုံးရှိပြီး ကျန်ရှိဒေသများတွင် ကိုယ်ပိုင်ယာဉ်အသုံးပြုမှုများသည့်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပေသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်လာပတ်သူများပြားသည့် ပုဂံတွင် နှစ်စဉ် ငလျင်လှုပ်ခြင်းကဲ့သို့သော သ‌ဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့ရကာ ဘုရားပုထိုးစေတီများ ပျက်စီးစေသည့်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်မှာ အရေးကြီးလှပေသည်။ ၂။ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း လာရောက်လည်ပတ်သူများ အသိစိတ်ရှိလျှင်တောင်မှ မြန်မာနိုင်ငံတွင် စနစ်ကျသော အမှိုက်စွန့်ပစ်မှုနည်းစနစ် မရှိခြင်းကလည်းရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါသည်။ နည်းစနစ်ကျသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုမရှိသည့်အတွက် လာရောက်လည်ပတ်သူများစွန့်ပစ်လိုက်သည့်အမှိုက်များသည် ထိုခရီးသွားဒေသကို အရုပ်ဆိုးအကျည်းတန်စေရုံမကပဲ လူအများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ၃။ ယဉ်ကျေးမှုနှင့်လူမှုအကျိုးပြုမှု ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းတိုးတက်လာသည်နှင့်အမျှ ပေါများလာသော အလည်အပတ်ခရီးထွက်လာသူများကို စီမန်ခန့်ခွဲမှုအားနည်းခြင်းသည်လည်း အဓိကစိန်ခေါ်မှုများထဲမှ တစ်ခု‌ဖြစ်ပေသည်။ လက်ရှိမြန်မာနိုင်ငံတွင် လာရောက်လည်ပတ်ကြသည့် ခရီးသွားအရေအတွက်ကို တိကျသေချာစွာ စီမန့်ခန့်ခွဲနိုင်သည့် စည်းမျဉ်းစည်းကမ်းမရှိခြင်းကလည်း ခရီးသွားလုပ်ငန်းတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါသည်။ ထို့အတွက် ခရီးသွားများလာရောက်လည်ပတ်မှု များသည့်နေရာများတွင် ခရီးသွားဦးရေ ကန့်သတ်ခြင်းအားဖြင့် ထိုနေရာ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုင်မည့်အပြင် လူအများကြောင့်ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။ ၄။ တတ်သိနားလည်ကျွမ်းကျင်သော ပညာရှင်ကင်းမဲ့ခြင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းကို စီစဉ်ဆောင်ရွက် အကောင်အထည်ဖော်နိုင်မည့် ပညာရှင်များ မလုံလောက်ခြင်းကလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်မည့် နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိစေနိုင်ပါသည်။ ✈️ နောက်ဆုံးအခြားဦးစားပေး ဆောင်ရွက်ရမည့်အထဲတွင် ခရီးသွားဒေသကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာလှည့်ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းနှင့်သက်‌ဆိုင်သည့် ဥပဒေရေးရာများကို ချမှတ်ခြင်း၊ EIA သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ် စီစစ်ဆောင်ရွက်ခြင်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် လက်တွေ့လုပ်ဆောင်သင့်ပေသည်။ ✈️ ထို့ကြောင့်အနှစ်ချုပ်ဆိုရသော် ထိုစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန် ပြည့်စုံကျယ်ပြန့်သော နည်းစနစ်များအပြင် လူတစ်ဦးတစ်ယောက်ခြင်းမှသည် အဖွဲ့အစည်းများစွာထိ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပေသည်။ ထို့အပြင်ကမ္ဘာလှည့်ခရီးသွားများသာမက ပြည်တွင်းနေပြည်သူများအားလုံးကို အသိပညာပေးခြင်းသည်လည်း မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားခြင်းလုပ်ငန်း အောင်မြင်စေရန် အဓိကအရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပေတော့သည်။ ကိုးကား - burma-center.org #EHSMyanmar #SustainableTourism #Myanmar

(၂၀၂၃ ခုနှစ်) မှာ အောက်ကအချက်လေးတွေကိုကြည့်ပြီး သင် ဘာတွေလုပ်ဖြစ်ခဲ့လဲ၊ ဘယ်လိုတိုးတက်မှုတွေ လုပ်နိုင်ခဲ့လဲ ဆန်းစစ်ကြည့်ရအောင်
(၂၀၂၃ ခုနှစ်) မှာ အောက်ကအချက်လေးတွေကိုကြည့်ပြီး သင် ဘာတွေလုပ်ဖြစ်ခဲ့လဲ၊ ဘယ်လိုတိုးတက်မှုတွေ လုပ်နိုင်ခဲ့လဲ ဆန်းစစ်ကြည့်ရအောင်။ ♻👇 ဘယ်နှမှတ်ရကြလဲ? မှန်မှန်ဖြေကြည့်လိုက်ပါနော်။ 🌏 #EHSMyanmar #2023 #recap #goals #sustainabledevelopment

photo content
+3

အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------- Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y= #EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #Scholarship

သင်ရိုးသစ်ကိုသင်ကြားရေးစနစ်သစ်ဖြင့်သင်ကြားသွားမည့် “Environmental Management Planning & Monitoring Online Class Batch-3” —-------------------------------------------------------------------------- 🌏 EHS Myanmar မှ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်သည့် အသိပညာဗဟုသုတများ မြှင့်တင်နိုင်ရန်နှင့် နိုင်ငံအတွင်း များစွာလိုအပ်နေသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ - Environmental Management Planning and Monitoring Online Course Program (Batch-3) သင်တန်းအား ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ 📌 ယခင်Batchတွေနဲ့ ဘာတွေကွဲထူခြားသွားသလဲ? ယခု Batch-3 မှာတော့ EMoP ဟုခေါ်သည့် Environmental Monitoring Plan ရေးဆွဲနည်းအသစ်ကိုပါ သင်ရိုးညွှန်းတန်းထဲတွင် ထည့်သွင်းသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ ပတ်သတ်ပြီး ပိုမိုနားလည်သဘောပေါက်စေဖို့အတွက် Group Presentation ကိုလည်း ထည့်သွင်းထားပါတယ်။ 📌 EMP03 သင်တန်းတွင် ဘာတွေသင်ကြားမှာလဲ? ဤ EMP သင်တန်းတွင် - Policy, Legal and Framework - Examining Methods of Surrounding Environment - Environmental Quality Monitoring - Impacts of Identification and Risk Assessment -‌ Impact Assessment Methodologies - Mitigation and Management Plan - Environmental Monitoring and Planning - Brain Storming Session - Group Presentation စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 📌 သင်တန်းတွင် ဘယ်သူတွေသင်ကြားမှာလဲ? သင်တန်းအား EIA နယ်ပယ်တွင်များစွာအတွေ့အကြုံရှိသည့်၊ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့များရရှိထားသည့် ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ 📌 သင်တန်းအား ဘယ်သူတွေတက်သင့်ပါလဲ? EMP သင်တန်းအား EIA နှင့် EMP နယ်ပယ်များအတွင်း လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျော်ပါသည်။ 📌 ဘယ်အချိန်တွေသင်မှာလဲ? ရုံးချိန်လွတ် ၅ပတ်တာသင်တန်းဖြစ်ပြီး သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ Group Presentation များတွင်တက်ကြွစွာပါဝင်သူနဲ့ Assessment ပြည့်မှီသူများကိုသာ Certificate ပေးအပ်မှာဖြစ်ပါတယ်။ အချိန်။ ။ ည ၇:၀၀ နာရီ - ၈:၃၀ နာရီ နေ့ရက်။ ။ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ (စနေ တနင်္ဂနွေနေ့များ) သင်ကြားရေးပလက်ဖောင်း။ ။ ZOOM Video Conferencing 📣သင်တန်းဖောင်ပိတ်ရက်။ ။ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီ သင်တန်းသားအရေအတွက် ကန့်သတ်ထားသည့်အပြင် သင်တန်းကြေးပေးသွင်းသူများသာ ဦးစားပေးခေါ်ယူမည်ဖြစ်တာကြောင့် သင်တန်းအားအမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုပါတယ်။ 📍သင်တန်းကြေးကကောဘယ်လောက်လဲ? သင်တန်းကြေးသည် ၄၀,၀၀၀/- ကျပ်သာ ဖြစ်ပြီး Online Payment များဖြစ်သည့် KBZ Pay၊ Wave Pay၊ AYA Bank၊ CB Bank များဖြင့်ပေးချေနိုင်ပါတယ်။ EHS Myanmar ၏ Partnership Organizations များမှ Members များ နှင့် EHS Myanmar မှ ဖွင့်လှစ်ခဲ့သည့် သင်တန်းများအား တက်ရောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန် လိုအပ်ပါသည်။ Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link 💠 Scholarship Opportunity for Youths ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလုပ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် EHS Myanmar မှ ဖွင့်လှစ်မည့် Environmental Management Planning and Monitoring (EMP) အွန်လိုင်းသင်တန်းတွင် ပါဝင်ရန် အသက် 18 နှစ်မှ 25 နှစ်ကြား လူငယ်တွေအတွက် ၁၀၀ရာခိုင်နှုန်းပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။ 💠 Scholarship အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရဖို့အတွက် Registration Form ထဲတွင်- - ယခု Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot အား Upload လုပ်ပေးရပါမယ်။ - အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) အား Upload လုပ်ပေးရပါမယ်။ - စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား Upload လုပ်ပေးရပါမယ်။ 💙Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link

🇲🇲 ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Environmental Management Plan (EMP) အစီရင်ခံစာရေးဆွဲပြီး လျှင့် EMoP ဟုခေါ်သည့် Enviro
🇲🇲 ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Environmental Management Plan (EMP) အစီရင်ခံစာရေးဆွဲပြီး လျှင့် EMoP ဟုခေါ်သည့် Environmental Monitoring Plan ကိုတိတိကျကျရေးဆွဲဖို့တောင်းဆိုလာတာတွေတွေ့ ရပါတယ်။ 📣 ထို EMoP ကို စီမံကိန်းလုပ်ငန်းရှင်ကြီးများကိုယ်တိုင်ရေးဆွဲနိုင်စေဖို့အတွက် EHS Myanmar တွင် မကြာခင်ဖွင့်လှစ်တော့မည့် "Environmental Management Planning and Monitoring" Online Course Batch 3 တွင်ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦးရှင့်။ ------------------------------------------------------ Don't forget to join our Telegram Channel. https://t.me/ehsmyanmar #EHSMyanmar #EMP #batch3 #environmentalmanagement #monitoring #planning

⛰️🌍 Happy International Mountain Day 2023 from EHS Myanmar! 🏔️ Today, we celebrate the majestic peaks that shape our landsc
⛰️🌍 Happy International Mountain Day 2023 from EHS Myanmar! 🏔️ Today, we celebrate the majestic peaks that shape our landscapes and cultures. Join us in honoring these natural wonders and advocating for their preservation. Let's pledge to protect the biodiversity, support mountain communities, and ensure sustainable development for these breathtaking treasures. 🌄🌿 #InternationalMountainDay #PreserveThePeaks #EHSMyanmar

photo content
+3

👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား? 👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား? 👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား? ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။ #ဘာတွေသင်ရမှာလဲ? - Concept of Biodiversity and Ecosystem - Context for Biodiversity Conservation - Monitoring of Biodiversity and Ecosystem - Biodiversity and its conservation Methods - Management of Biodiversity and Ecosystems, အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ #ဘယ်သူသင်မှာလဲ? သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ #သင်တန်းကြေးနဲ့သင်တန်းကြာချိန်? သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ #သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ? ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။ #Certificate ပေးမှာလား? Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Registration Form >>> https://docs.google.com/forms/d/e/1FAIpQLScLSspMNEdXaATF46ApmGsoyg-qERZ8oMw10yZC2IBnnfYEOw/viewform?usp=sf_link အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org #EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded

photo content

ရေရှည်တည်တံ့သောခရီးသွားလာခြင်းသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီခြင်းနှင့် ခရီးသွားလုပ်ငန်းအစပျိုးခြင်းများတွင် ရပ်ရွာလူထုများပါ၀င်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူဖြစ်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပါသည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသူများအနေဖြင့် ရေရှည်တည်တံ့သော ခရီးသွားလာခြင်းကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နေပါသော်လည်း တစ်ဖက်တွင်မူ ရင်ဆိုင်ရမည့်အခက်အခဲများ ရှိနေပါသေးသည်။ ခရီးသွားလုပ်ငန်း အလွန်အကျွံလုပ်ဆောင်ခြင်း၊ အခြေခံအဆောက်အအုံမလုံလောက်ခြင်းနှင့် ခရီးသွားလာသူများကြား အခြေခံအသိပညာ မရှိခြင်းတို့သည် ကျော်လွှားရန်လိုအပ်သော အတားအဆီးများဖြစ်နေပါသေးသည်။ ဦးတည်မှုစီမံခန့်ခွဲမှု ဗျူဟာများ၊ ခရီးသွားများအား ပညာပေးရေးလုပ်ငန်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းသည် အထက်ပါ အတားအဆီးများကို ဖြေရှင်းရာတွင် လိုအပ်သော အစိတ်အပိုင်းများ ဖြစ်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည် ခေတ်ရေစီးကြောင်းကို လိုက်နေသည့် အခေါ်ဝေါ်တစ်ခုမဟုတ်ပါ။ ကျွန်တော်တို့ ကမ္ဘာမြေကြီး၏ ကျန်းမာရေးနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများ၏ အကျိုးအမြတ်များအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။ ခရီးသွားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများသည် ခရီးသွားလုပ်ငန်း၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ရေရှည်တည်တံ့သော အလေ့အကျင့်များကို လက်ခံခြင်းဖြင့်၊ ကျွန်တော်တို့၏ ခရီးစဉ်များသည် ပတ်ဝန်းကျင်နှင့် လမ်းတစ်လျှောက်တွင် ကြုံတွေ့နေရသော လူမှုအသိုင်းအဝိုင်းများအပေါ် အပြုသဘောဆောင်သော၊ ရေရှည်တည်တံ့သော သက်ရောက်မှုများ ကျန်ရစ်စေကြောင်း သေချာစေခြင်းဖြင့် ကျွန်တော်တို့၏ ကမ္ဘာကို စူးစမ်းလေ့လာသည့် နည်းလမ်းကို ပြောင်းလဲနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်နေသူတိုင်းပြောလေ့ရှိသည့် “Take only memories, leave only footprints”- “အမှတ်တရများကိုသာ ယူပါ၊ ခြေရာများကိုသာ ချန်ခဲ့ပါ” ဆိုသည့်အတိုင်း ကျန်ခဲ့သော ခြေရာများသည် အပြုသဘောဆောင်သော ခြေရာများဖြစ်ပါစေဟု တိုက်တွန်းလိုက်ပါသည်။ ရေးသားသူ - ဂီတမိုင်ချီ References : WiKiEducator, SustainableTourism.net, UN Sustainable Development Department ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMM #SustainableTourism #EcoTourism #Travelling

Nurturing The Planet While Exploring Its Wonder ________ EHS Myanmar| 7/12/2023 🌿ကျွန်တော်တို့ တော်တော်များများသည် ခရီးထွက်ရခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ လူကြီး၊ လူငယ်မရွေး စိတ်အပန်းဖြေရန်နှင့် အနားယူရန် ဘာလုပ်ချင်ပါသလဲ မေးကြည့်ပါက နေရာအသစ်တစ်ခုသို့ ခရီးထွက်ရင်း အနားယူချင်သည်ဟု အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်သောက ဖြေကြပါလိမ့်မည်။ ခရီးသွားလာခြင်းဖြင့် ကျွန်တော်တို့သည် နေရာအသစ်များ၊ ယဉ်ကျေးမှုအသစ်များ၊ မိတ်ဆွေအသစ်များနှင့် အခြားအံ့ဩဖွယ်ကောင်းသော သဘာဝအလှတရားများကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခွင့် ရရှိနိုင်ပါသည်။ ♻️သို့သော် ကျွန်တော်တို့၏ မဆင်ခြင်သော အပြုအမူများကြောင့် ပတ်ဝန်းကျင်နှင့် ကျွန်တော်တို့ လှည့်လည်သွားလာခဲ့သော နေရာများအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါသည်။ ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။ တဖက်တွင်လည်း ကျွန်တော်တို့၏ စူးစမ်းရှာဖွေလိုသော စိတ်ဖြင့် အသစ်သစ်သော နေရာများကို ကျွန်တော်တို့ သွားရောက်လိုကြပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့၏ တာဝန်နှင့် စူးစမ်းရှာဖွေလိုစိတ်တို့ကို မျှခြေညီသွားအောင် မည်သို့ လုပ်နိုင်ကြပါမည်လဲ။ 🎄တစ်ခုတည်းသောနည်းလမ်းကတော့ ကျွန်တော်တို့၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်စေသော ဆိုးကျိုးများကို နည်းပါးစေပြီး အပြုသဘောဆောင်သော သက်ရောက်မှုများကို အမြင့်ဆုံးဖြစ်စေသော ရေရှည်တည်တံ့သည့် ခရီးသွားအလေ့အကျင့်များ(Sustainable Tourism Practices)ကို ချမှတ်ရန်ဖြစ်သည်။ ရေရှည်တည်တံ့သော ခရီးသွားအလေ့အကျင့်များတွင် သဘာဝပတ်ဝန်းကျင်အပေါ် သဟဇာတဖြစ်စေသော နည်းလမ်းများဖြစ်သည့် အများသုံးယာဉ်များအသုံးပြု၍ သွားလာခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများအသုံးပြုခြင်း၊ မိမိ၏ ကာဗွန်ခြေရာများကို လျော့ချခြင်း အစရှိသည့် အလေ့အကျင့်များသာမက ဒေသခံတိုင်းရင်းသားများနှင့် သူတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို လေးစားအသိမှတ်ပြုမှု၊ ထောက်ပံ့ပေးမှုအစရှိသည့် ကျင့်ဝတ်များပါ ပါဝင်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်းတွင် ကျွန်တော်တို့ လိုက်နာသင့်သည့် အခြေခံမူများရှိပါသေးသည်။ 1. Environmental Conservation (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး) ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည့် တာဝန်သိအလေ့အကျင့်များဖြစ်သည့် အမှိုက်ထွက်ရှိမှု လျော့ချခြင်း၊ စွမ်းအင်လုံလောက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ခြင်း စသည်တို့ကို မြှင့်တင်ခြင်းဖြင့် ခရီးသွားခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်စေမှုများကို လျော့ချရန် ရည်ရွယ်ပါသည်။ 2. Cultural Respect(မတူညီသော ယဉ်ကျေးမှုများအပေါ် လေးစားမှုရှိခြင်း) ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရီုးရာဓလေ့ယဉ်ကျေးမှုများအပေါ် လေးစားမှုရှိခြင်းသည် ရေရှည်တည်တံ့သော ခရီးသွားလာခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် ဒေသခံတို့၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများအပေါ် အသိအမှတ်ပြု နားလည်နိုင်အောင် ကြိုးစားသင့်ပါသည်။ 3. Economic Benefits for Local Communities(ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် အကျိုးမြတ်များ) ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည် ဒေသခံလူထုထံသို့ စီးပွားရေးအကျိုးအမြတ်များ တိုက်ရိုက်ရရှိစေရန် ကြိုးပမ်းပြီး ခရီးသွားလုပ်ငန်းမှ ငွေကြေးအမြတ်အစွန်းများသည် အိမ်ရှင်ဖြစ်ရာနေရာ၏ ရေရှည်တည်တံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေကြောင်း အာမခံမှုပေးရန် ရည်ရွယ်ပါသည်။ ရေရှည်တည်တံ့သော ခရီးသွားလာခြင်း၏ အခြေခံမူများကို သိရှိနားလည်ပြီးနောက် ကျင်သုံးလိုက်နာပါက ကျွန်တော်တို့ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ရရှိခံစားနိုင်မည့် အကျိုးအမြတ်များလည်း ရှိပါသေးသည်။ 1. Preservation of Natural Resources(သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းထားရှိခြင်း) ဂေဟစနစ်နှင့် သဟဇာတဖြစ်စေသော အလေ့ကျင့်များကို ကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွားလာခြင်းသည် ထိခိုက်လွယ်သော ဂေဟစနစ်များ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျင်စားရာနေရာများ၊ သဘာဝအရင်းမြစ်များကို ကာကွယ်ပေးရန် ကူညီပေးခြင်းဖြင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေကြီး၏ အလှကိုလက်ဆင့်ကမ်းစေ နိုင်ပါသည်။ 2. Cultural Preservation(ယဉ်ကျေးမှုများကို ထိန်းသိမ်းထားရှိပေးခြင်း) ဒေသခံတိုင်းရင်းသားများကို လေးစားမှုဖြင့်ဆက်ဆံခြင်းဖြင့် သူတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ရန် အထောက်အကူပြုပါသည်။ ဤသို့ဖြင့် ခရီးသွားလာခြင်းဖြင့် အတွေ့အကြုံကို ပိုရရှိစေနိုင်သည့်အပြင် အသစ်သစ်သော အရာတို့ကို သင်ယူခွင့်လည်းရရှိနိုင်ပါသေးသည်။ 3. Economic Empowerment(စီးပွားရေးစွမ်းဆောင်မှုတိုးတက်စေခြင်း)

🌟Environmental Impact Assessment (EIA) လုပ်ငန်းခွင်တွင် စတင်လုပ်ကိုင်မည့် လူငယ်များ၊ ပတ်ဝန်းကျင်အစီရင်ခံစာ (EMP) အပါအဝင် Env
🌟Environmental Impact Assessment (EIA) လုပ်ငန်းခွင်တွင် စတင်လုပ်ကိုင်မည့် လူငယ်များ၊ ပတ်ဝန်းကျင်အစီရင်ခံစာ (EMP) အပါအဝင် Environmental Monitoring နှင့် Environmental Audit စသည်တို့ကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ချင်သည့် လုပ်ငန်းရှင်ကြီးများ၊ မန်နေဂျာကြီးများ နှင့် Environmental Officer များအတွက် အထူးရည်ရွယ်ထားပါသည်။ 📌မကြာခင်ဖွင့်လှစ်တော့မည့် EMP Online Course Program Batch 3 ကို သင်ရိုးညွှန်တမ်းအသစ် သင်ကြားရေးစနစ်အသစ်တို့ဖြင့် သင်ကြားသွားမှာဖြစ်ပါသည်။ ------------------------------------------------------ Don't forget to join our Telegram Channel. https://t.me/ehsmyanmar #EHSMyanmar #EMP #batch3 #environmentalmanagement #monitoring #planning

🌱🌍 Happy World Soil Day 2023 from EHS Myanmar! 🌾 Let's dig deep and celebrate the foundation of life beneath our feet. Tod
🌱🌍 Happy World Soil Day 2023 from EHS Myanmar! 🌾 Let's dig deep and celebrate the foundation of life beneath our feet. Today, we honor the importance of healthy soils for agriculture, biodiversity, and our planet's health. Join us as we advocate for sustainable soil management and nurture the ground beneath us for a greener, healthier future. 🌿🌏 #WorldSoilDay #HealthySoils #EHSMyanmar

photo content

📊 Small and Medium-sized Enterprises (SMEs) ဟုခေါ်သည့် အသေးစားနဲ့ အလတ်စားလုပ်ငန်းများသည် ကမ္ဘာပေါ်တွင် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများဖြစ်ကြပါသည်။ နိုင်ငံတစ်နိုင်ငံရှိပြည်သူများအတွက် အလုပ်အကိုင်များဖန်တီးရာတွင်သော်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုများပြုလုပ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထောက်ပံ့ရာတွင်လည်းကောင်း SME များသည် လွန်စွာအရေးပါအရာရောက်သည့် နေရာတွင်ရှိကြပါသည်။ World Economic Forum ၏ အချက်အလက်များအရ SME များသည် ကမ္ဘာပေါ်ရှိ 90% သော လုပ်ငန်းများတွင်ပါဝင်လျက်ရှိပြီး ကမ္ဘာ့အလုပ်အကိုင်များ၏ သုံးပုံတွင် နှစ်ပုံသည် SME များမှဖြစ်ပါသည်။ 📊 ထိုနည်းတူ မြန်မာနိုင်ငံတွင်လည်း SME များသည် လွန်စွာအရေးပါလှပါသည်။ Asian Development Bank ၏ 2020 SME Monitor အချက်အလက်များအရ SME များသည် မြန်မာနိုင်ငံ၏ 90% သော လုပ်ငန်းများတွင်ပါဝင်လျက်ရှိပြီး နိုင်ငံ၏ 70% သော အလုပ်အကိုင်များကို ဖန်တီးပေးထားပါသည်။ ထို့အပြင် USAID ၏ 2016 ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံ၏ GDP 36% သည် SME များမှဖြစ်ပါသည်။ ထိုသို့ အရေးပါလှသည့်အလျောက် SME များသည် ယခုအချိန်ထိများစွာသော အခက်အခဲများကို ရင်ဆိုင်ရလျက်ရှိရာ လုပ်ငန်းအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သောနည်းလမ်းများ (Sustainability Practices) များကို လွယ်ကူစွာ အသုံးပြုရန်မှာလည်း အခက်အခဲတစ်ခုဖြစ်နေပါသည်။ 📊 ကမ္ဘာပေါ်ရှိ လုပ်ငန်းများသည် Sustainable Development Goals များနှင့်အညီ လုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတက်ရန်လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံရှိလုပ်ငန်းများသည်လည်း ထိုနည်းတူ လုပ်ဆောင်သင့်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ SME များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက စားသုံးသူများထဲတွင် နာမည်ကြော်ကြားလာနိုင်ခြင်း၊ နိုင်ငံ့ဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်တွင်မှာပါ ဝင်ဆံလာနိုင်ခြင်း၊ လုပ်ငန်းအတွင်း တန်ဖိုးရှိသော စံများ (Values)၊ ကိုယ်ကျင့်တရားများ (Principles) များထားရှိခြင်းကြောင့် အလုပ်သမားများ၏ စိတ်ဓာတ်များကို မြင့်တင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။ 📊 ထို့ကြောင့် ကျွန်နိုပ်တို့ EHS Myanmar အနေဖြင့် ထိုသို့သော အရေးပါမှု၊ တန်ဖိုးများကို သိရှိသောကြောင့် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ပိုမို၍ရေရှည်တံ့တည်ခိုင်မြဲလာနိုင်စေရန် "Challenges and Opportunities for Sustainability in Myanmar Small and Medium Enterprises: An In-depth Analysis" ခေါင်းစဉ်ဖြင့် သုတေသနပရောချက်တစ်ခု စတင်လုပ်ဆောင်လျက်ရှိပါသည်။ ထိုပရောချက်တွင် ပူးပေါင်းပါဝင်လိုသည့် အဖွဲ့အစည်းများကိုလည်း ကျွန်ုပ်တို့ EHS Myanmar မှ ကြိုဆိုပါသည်။ ပရောချက်ပြီးမြောက်သွားပါကလည်း သုတေသနကြမ်းကို ပြည်သူများဖတ်ရှုနိုင်ရန် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ For more information, please contact our Research Team at ehsresearch.projects@gmail.com. #EHSMyanmar #ResearchProject #SME #Sustainability

🌿✨ EHS Myanmar wishes you a Merry Christmas and a New Year filled with eco-conscious endeavors, paving the way for a greener
🌿✨ EHS Myanmar wishes you a Merry Christmas and a New Year filled with eco-conscious endeavors, paving the way for a greener and brighter future for Myanmar. Let's make sustainability our gift to the planet! 🎄🌏 #SustainableMyanmar #GreenNewYear #EHSMyanmar

photo content

EHS Myanmar's Monthly Theme: What is it for December? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ❄️ ရုံးပိတ်ကျောင်းပိတ်ခရီးသွားရာသီရောက်ပြီဖြစ်တဲ့အတွက် ခရီးထွက်ရင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့ အတွက် "Sustainable Tourism" ဆိုတဲ့ Theme ကိုရွေးချယ်ထားပါသည်။ 🌿 ကမ္ဘာပေါ်တွင်တစ်နှစ်ကို လူပေါင်း သန်း (၉၅၀) ကျော်ကနိုင်ငံအနှံအပြားသို့ခရီးသွားလာလျက်ရှိပါသည်။ မြန်မာနိုင်ငံမှာလဲ တစ်နှစ်ကို ခရီးသွားပေါင်း (၂သိန်း)ဝန်းကျင်လာရောက်လျက်ပတ်လျက်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်မည်ဆိုလျှင်တော့အရမ်း နည်းပါးနေတာကိုတွေ့နိုင်ပါသည်။ သို့သော်ခရီးသွားပြည်သူတစ်ယောက်ဆီမှ ဟိုတယ်အခန်းတစ်ညတာတည်းခိုလျှင် CO2 emission ၃၀ kg ထွက်ရှိပြီး အခြားသောသဘာဝပတ်ဝန်းကျင်ထိခိုက်မှုများစွာထွက်ရှိ နိုင်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားလာလျှင် မည်ကဲ့သို့ Ecotourism သို့မဟုတ် Sustainable Tourism ဖြစ်အောင် သိရှိနိုင်စေရန်အတွက် ဆောင်းပါးများရေးသားခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်း နှင့် ဗဟုသုတရစရာများမျှဝေပေးခြင်း တို့ကိုမျှ‌ဝေပေးသွားပါမည်။ 😍 Sustainable Tourism December နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #tourism #ecotourism #environmental #sustainability #climatechange #December #SDG