uz
Feedback
EHS Myanmar

EHS Myanmar

Kanalga Telegram’da o‘tish

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Ko'proq ko'rsatish
934
Obunachilar
Ma'lumot yo'q24 soatlar
+47 kunlar
+730 kunlar
Postlar arxiv
🇪🇺 EMAS, the Eco-Management and Audit Scheme, was established by the European Commission through the dedicated EMAS Regulat
🇪🇺 EMAS, the Eco-Management and Audit Scheme, was established by the European Commission through the dedicated EMAS Regulation, helping organisations enhance their environmental performance, save energy, and optimise resource usage. It is a premium management instrument to evaluate, report, and improve organisations’ environmental performance. Download here - https://green-business.ec.europa.eu/publications/emas-users-guide-0_en ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #EuropeanUnion #EMAS

photo content

၉။ အစိမ်းရောင်နည်းပညာရှင်များ (သို့မဟုတ်) Green Tech Innovators- ယခုခေတ်တွင်နည်းပညာသည်အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေတယ်ဆိုတာ စာဖတ်သူတို့ လဲနားလည်ပါမှာ။ အဲ့ဒီလို နည်းပညာနှင့်ပေါင်းစပ်အဖြေရှာသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်လျှောက်ရေးနည်းလမ်းများလဲခေတ်စားလာပါမည်။ ထိုကဏ္ဍများအတွက် နည်းပညာရှင်များ IT ပညာရှင်များစွာလိုအပ်လျက်ရှိပါသည်။ ထို့အတူ နည်းပညာကဏ္ဍတွင်လဲ သဘာဝပတ်ဝန်းကျင်နှင့်လျှော်ညီသည့် Data Center များအပါအဝင် Smart Grid နည်းပညာများတည်ဆောက်ရန်လဲလိုအပ်လာပါမည်။ ၁၀။ Environmental Educators - သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ၊ အသိပညာများကိုသဘောပေါက်နားလည်စေရန် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်သည် သဘာဝပတ်ဝန်းကျင်ပြဿနာများကိုဖြေရှင်းခြင်း၏အခြေခံပင်ဖြစ်ပါသည်။ ထိုအသိပညာများ တိုးပွားလာသည်နှင့်အမျှ ပညာတတ်မျိုးဆက်သစ်များသည် ကျွန်ုပ်တို့ကမ္ဘာမြေကြီးကိုစောင့်ရှောက်မည့်သူများအဖြစ် အတွေးအခေါ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနေပါသည်။ နိဂုံးချုပ်ရသော် အလုပ်အကိုင်ဈေးကွက်သည် ကမ္ဘာတွင်သာမက စာရေးသူတို့မြန်မာနိုင်ငံတွင်ပါတိုးတက်ပြောင်းလဲနေပြီး ဖြစ်ပါသည်။ ဤစိမ်းလန်းသောအသက်မွေးဝမ်းကြောင်းအလုပ်များသည် ပုဂ္ဂိုလ်ရေးအရ ဖြည့်ဆည်းပေးရုံသာမက ပိုမိုကျန်းမာပြီး ရေရှည်တည်တံ့သော ကမ္ဘာမြေဖြစ်လာစေရန်အတွက်လဲ အထောက်အကူပြုလာပါမည်။ စာရေးသူရေးသားဖော်ပြခဲ့တဲ့အလုပ်တွေထဲမှ မည်သည့်အလုပ်ကို သင်စိတ်ဝင်စားဆုံးဖြစ်သနည်း သို့မဟုတ် ကျွန်ုပ်တို့၏အနာဂတ်အတွက် အရေးကြီးဆုံးဟု သင်ထင်ပါသလား။ သင့်အတွေးအမြင်များကို commentတွင် မျှဝေပေးပါဦးနော်။ 🌱💼 ရေးသားသူ - နိုင်ကျော်လူ ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #GreenJobs2035 #Sustainability #GreenFuture

🌿🌍 ၂၀၃၅ တွင်ခေတ်စားလာမည့် အစိမ်းရောင်အလုပ်အကိုင်များ 🌍🌿 --------------------------------------------------- EHS Myanmar | 7.11.2023 ကျွန်ုပ်တို့အနေဖြင့် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသောအနာဂတ်ဆီသို့ ကြိုးစားလုပ်ကိုင်နေကြသည့်အခါ ပိုမိုစိမ်းလန်းပြီး သန့်ရှင်းသောကမ္ဘာကြီး၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်း များကလည်းတိုးတက်ပြောင်းလဲလျက်ရှိတာကိုတွေ့ရပါလိမ့်မယ်။ ထို့အတွက်အကြောင့် အစိမ်းရောင်အလုပ်အကိုင်များ ကပိုမိုခေတ်စားလာမှာဖြစ်ပါတယ်။ အစိမ်းရောင်အလုပ်အကိုင်များ (သို့မဟုတ်) Green Jobs ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ထူထောင်ရန် အထောက်အကူဖြစ်စေသည့်အလုပ်အကိုင်များကိုဆိုလိုပါတယ်။ အဲ့ဒီအတွက်ကြောင့် (၂၀၃၅ ခုနှစ်) တွင် ရေပန်းအစားဆုံးဖြစ်လာမည့် အစိမ်းရောင်အလုပ်များ (Green Jobs) များကိုစုစည်းဖော်ပြပေးလိုက်ရပါတယ်။ ၁။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာရှင်များ (Renewable Energy Technicians) - သန့်စင်သောစွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းလာကြမှုနှင့်အတူ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာအလုပ် လိုအပ်ချက်မြင့်မားလျက်ရှိနိုင်ကြောင်းသုံးသပ်ထားကြသည်။ နေရောင်ခြည်စွမ်းအင်များ၊ လေစွမ်းအင်များ၊ geothermal စွမ်းအင်တို့နဲ့သက်ဆိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေယခုထက်ပေါများလာနိုင်ပါတယ်။ ၂။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ (Environemntal Engineer) - ဂေဟစနစ်ဆိုင်ရာအင်ဂျင်နီယာများလို့လဲခေါ်ဆိုကြသည့် အင်ဂျင်နီယာများသည် လေထုညစ်ညမ်းမှုကိုလျှော့ချရန်၊ အမှိုက်စီမံခန့်ခွဲမှုကိုမြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို ကာကွယ်ရန် အစိမ်းရောင်အခြေခံအဆောက်အအုံများ (Green Infrastructure) တို့ကို ဒီဇိုင်းထုတ်ရန်တည်ဆောက်ရန် စသည့်လုပ်ငန်းခွင်များအတွက်များစွာ အလုပ်လိုလျက်ရှိပါတယ်။ ၂၀၃၅ခုနှစ်တွင်လဲခေတ်စားလာလိမ့်မည်ဟုခန့်မှန်းထားကြပါတယ်။ ၃။ အစိမ်းရောင်ဗိသုကာပညာရှင်များ (Green Architecets) - လူသားတွေရှိနေသမျှ အခြေခံအဆောက်အအုံများလဲလိုအပ်နေဦးမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးစားပေးလုပ်ကိုင်စဉ်းစားနိုင်မည့် အစိမ်းရောင်ဗိသုကာပညာရှင်များလိုအပ်လာနိုင်ပါတယ်။ စွမ်းအင်သုံးစွဲမှုသက်သာပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အဆောက်အဦများကို ဖန်တီးရာတွင် ရှေ့တန်းမှဖြစ်သည့်ဗိသုကာပညာရှင်အလုပ်အကိုင်များ ခေတ်စားလာနိုင်ပါသည်။ ၄။ Sustainable Agriculture Specialists - သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကမ္ဘာကြီးကို ကျွေးမွေးခြင်းသည် ဦးစားပေးကဏ္ဍဖြစ်ပါသည်။ စဉ်ဆက်မပြတ်စိုက်ပျိုးရေးပညာရှင်များသည် ကျွန်ုပ်တို့လူသားတွေအတွက် သန့်ရှင်းကျန်းမာသောအစားအစာစနစ်ဖြစ်စေရန် အော်ဂဲနစ်စိုက်ပျိုးခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း နှင့် ဆန်းသစ်သောစိုက်ပျိုးမွေးမြူရေးနည်းလမ်းများကို ရှာဖွေအသုံးချခြင်းများကျယ်ပြန့်လာမည်။ ၅။ Clean Transportation Experts - လျှပ်စစ်ကား နည်းပညာရှင်များမှ မြို့ပြစီမံကိန်းရေးဆွဲသူများအထိ eco-friendly public Transportation စနစ်များကို ဒီဇိုင်းဆွဲခြင်း တီထွင်ဖန်တီးအသုံးပြုခြင်း၊ သုတေသနပြုလုပ်ခြင်း တို့ကိုလုပ်ဆောင်ပေးမည့် ပညာရှင်များလိုအပ်နိုင်ပါသည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကိုအဓိကဒုက္ခပေးလျက်ရှိသော သယ်ယူပို့ဆောင်ရေးကဏ္ဍ ကိုစိမ်းလန်းသောအသွင်ကူးပြောင်းမှုကို လုပ်ဆောင်နိုင်ရန်နိုင်ငံအားလုံးကတာဆူလျက်ရှိပါသည်။ ၆။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရှင်များ (Environmental Scientists) - ရာသီဥတုပြောင်းလဲမှုဆိုင်ရာသုတေသနများ၊ ပတ်ဝန်းကျင်ဂေဟစနစ်ထိန်းသိမ်းရေး ကြိုးပမ်းမှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်းတို့သည် သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင်တစ်ဦး၏ နေ့စဉ်လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ Environmental Scientists များသည် ၂၀၃၅ ရောက်မှသာမက ယခုနှစ်များတွင်လဲ ရေပမ်းစားသောအလုပ်အကိုင်ဖြစ်လျက်ရှိပါသည်။ ၇။ အမှိုက်လျှော့ချရေးမန်နေဂျာများ (Waste Reduction Manager) - ဤကျွမ်းကျင်ပညာရှင်များသည် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်၊ ပြန်လည်အသုံးပြုခြင်းနှင့် တဖန်ပြန်လည်တီထွင်အသုံးပြုခြင်းတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးပါသည်။ ထိုစွန့်ပစ်ပစ္စည်းများကို လျှော့ချရန် (သို့မဟုတ်) လျော့နည်းစေရန် အခြေခံအရင်းအမြစ်ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေသော Circular Economy ကို များစွာအထောက်အကူဖြစ်စေပါသည်။ ၈။ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များ (Water Resource Managers) - သန့်ရှင်းသောရေကို လူတိုင်းလက်လှမ်းမီနိုင်စေရေးသည် ကမ္ဘာ့နံပါတ်၁အရေးကြီးကိစ္စဖြစ်လျက်ရှိ ပါသည်။ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များသည် ထိရောက်သောရေအသုံးချမှု၊ ရေချိုထိန်းသိမ်းရေးနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို အထူးလေ့လာလုပ်ကိုင်လျက်ရှိသည့် ကျွမ်းကျင်ပညာရှင်များဖြစ်ပါသည်။

🚽🌍 EHS Myanmar is excited to announce our participation in the celebration of World Toilet Day 2023. Let's raise awareness,
🚽🌍 EHS Myanmar is excited to announce our participation in the celebration of World Toilet Day 2023. Let's raise awareness, promote sanitation, and work together for a brighter, cleaner future.🌟🚽 #EHSMyanmar #WorldToiletDay #AcceleratingChange

🌍💚 Celebrating the International Day for Preventing the Exploitation of the Environment in War and Armed Conflict with a co
🌍💚 Celebrating the International Day for Preventing the Exploitation of the Environment in War and Armed Conflict with a commitment to protect our planet at all costs. Let's stand together for a greener, more peaceful world. #EHSMyanmar #ProtectOurPlanet #PeaceAndEnvironment

The real monsters of Halloween? Disposable plastics haunting our oceans! #EHSMyanmar #noplastic #plasticfree #Halloween
The real monsters of Halloween? Disposable plastics haunting our oceans! #EHSMyanmar #noplastic #plasticfree #Halloween

photo content
+3

“Biodiversity is Key for More Variety” - ဇီဝမျိုးကွဲတွေအကြောင်းကိုသင်ဘယ်လောက်ထိသိပြီးပြီလဲ? +++++++++++++++++++++++++++++++++++++++++++++ 👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား? 👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား? 👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား? ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။ #ဘာတွေသင်ရမှာလဲ? - Concept of Biodiversity and Ecosystem - Context for Biodiversity Conservation - Monitoring of Biodiversity and Ecosystem - Biodiversity and its conservation Methods - Management of Biodiversity and Ecosystems, အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ #ဘယ်သူသင်မှာလဲ? သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ #သင်တန်းကြေးနဲ့သင်တန်းကြာချိန်? သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ #သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ? ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။ #Certificate ပေးမှာလား? Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Registration Form >>> https://forms.gle/P6Yvbsx4r7fahcKs8 အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org #EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded

🏮ဝါလကင်းလွတ် သီတင်းကျွတ် 🏮 ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ နေ့ထူးနေ့မြတ်လေး တစ်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာန
🏮ဝါလကင်းလွတ် သီတင်းကျွတ် 🏮 ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ နေ့ထူးနေ့မြတ်လေး တစ်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့လေး ဖြစ်ပါတယ်။ ဒီနေ့လို သီတင်းကျွတ်ကာလမှာ အိမ်တိုင်းလိုလိုရဲ့ တံခါးဝတွေ၊ ဝရန်တာတွေနဲ့ ခြံဝန်းတွေထဲမှာ ဆီမီးခွက်၊ ဖယောင်းတိုင်အပြင် မီးပုံးကလေးတွေ၊ ရောင်စုံမီးသီးလေးတွေနဲ့ အလှဆင်ပြီး မီးရောင်စုံထွန်းညှိကာ ဘုရားရှင်ကို ပူဇော်လေ့ရှိကြပါတယ်။ သီတင်းကျွတ်အခါသမယမှာ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ မိဘဆရာသမားတွေ စတဲ့ ပူဇော်ထိုက်သူအားလုံးကို ရှိခိုးကန်တော့လေ့ရှိကြပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်လေးပဲ ဖြစ်ပါတယ်။ အခုကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ကစပြီး ကိုယ်ချစ်တဲ့ မိသားစုဆွေမျိုးတွေ၊ သူငယ်ချင်း အပေါင်းအပါတွေနဲ့ မဝေးမကွာနေရပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ EHS Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ #EHSMyanmar #ThadingyutFullMoonDay

Environemntal Education ကို ဘယ်အသက်အရွယ်ထည်းက စသင်သင့်တယ်လို့မြင်ပါသလဲ။ ကိုယ့်အမြင်လေးတွေကို comment မှာရေးပေးသွားပါနော်။ 🍀
Environemntal Education ကို ဘယ်အသက်အရွယ်ထည်းက စသင်သင့်တယ်လို့မြင်ပါသလဲ။ ကိုယ့်အမြင်လေးတွေကို comment မှာရေးပေးသွားပါနော်။ 🍀 #EHSMyanmar #environmental #education #age #youthempowerment

🌎 Join us in celebrating Sustainability Day on October 26, 2023! 🌿 At EHS Myanmar, we're dedicated to making our world a gr
🌎 Join us in celebrating Sustainability Day on October 26, 2023! 🌿 At EHS Myanmar, we're dedicated to making our world a greener and cleaner place. Let's unite for a sustainable future and take actions that matter. 🌱💚 #SustainabilityDay #EHSMyanmar #GreenFuture #TogetherForChange

photo content

Join the EHS Myanmar Facebook Group and be a part of the conversation about our beautiful environment! 🌏 Let's discuss and share the latest environmental news, and together, make a positive impact on our world. 📣💚 EHS Myanmar Society - https://www.facebook.com/groups/ehsmyanmar/ Clean Air Society - https://www.facebook.com/groups/cleanairclimatechange/ #EHSMyanmar #EnvironmentalAction #TogetherForChange

photo content

3️⃣ စီးပွားရေး ရေရှည်တည်တံ့ရေး (Economic Sustainability) 💸 သာယာဝပြောရေးအတွက် အခွင့်အလမ်းများ ပေးဆောင်သည့် တည်ငြိမ်သောစီးပွားရေး ဖန်တီးခြင်းကို ဆိုလိုသည်။ ၎င်းသည် အလုပ်အကိုင်အသစ်နှင့် တီထွင်ဆန်းသစ်မှုများကို ရှိစေပြီး စီးပွားရေးအကျပ်အတည်းများ၏ အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ ♻️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အားလုံး ရေရှည်တည်တံ့နိုင်ပါသလား။⁉️ ✅❌ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အမှန်တကယ် ရေရှည်တည်တံ့ခြင်း ရှိ၊ မရှိ ဆန်းစစ်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါသည်။ 1. 💰🪙ကုန်ကျစရိတ်- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အခြေခံအဆောက်အအုံများအတွက် ကုန်ကျစရိတ်သည် သိသာထင်ရှားသော ပမာဏဖြစ်သည်။ ကုန်ကျစရိတ်နှင့် ရရှိနိုင်သော အကျိုးကျေးဇူးကို နှိုင်းယှဉ်သင့်ပါသည်။ 2. 🏔🌋သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများ- ရေအားလျှပ်စစ် ဆည်များသည် ရေနေဂေဟစနစ်များ၊ မြစ်များစီးဆင်းမှုကို ထိခိုက်စေနိုင်သည်။ ဒေသခံလူထုများ နေရာရွှေ့ပြောင်းမှုကိုလည်း မြင့်တက်စေနိုင်သည်။ 3. 🏗👷နည်းပညာ အရင်းအမြစ်ရှားပါးမှု- လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများ လွယ်ကူစွာ ရရှိနိုင်မှုသည် အလွန်အရေးကြီးသည်။ ထိန်းသိမ်းမှုတွင်လည်း ကျွမ်းကျင်လုပ်သားများ ရှိခြင်းလည်း အလွန်အရေးပါပါသည်။ 4. 🏕🗺မြေယာနှင့် နေထိုင်ရာနေရာများအပေါ် သက်ရောက်မှု - လေနှင့်ဆိုလာ စီမံကိန်း အကြီးစားများအတွက် မြေယာအသုံးပြုမှုပဋိပက္ခများနှင့် နေထိုင်ရာနေရာများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဆိုလာပြားများအတွက် မြေယာရှင်းလင်းခြင်း သို့မဟုတ် လေအားတာဘိုင်များ စိုက်ထူခြင်းသည် ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်သည်။ 5. ⚡️🔋စွမ်းအင်သိုလှောင်မှု- နေရောင်ခြည်နှင့် လေကဲ့သို့သော စွမ်းအင်ရင်းမြစ်များအတွက် ထိရောက်သော စွမ်းအင်သိုလှောင်မှုမရှိပါက စွမ်းအင်ထုတ်လုပ်မှုနည်းပါးသည့်ကာလများအတွင်း ၎င်းစွမ်းအင်ရင်းမြစ်များကို မှီခိုအားထားနိုင်မည် မဟုတ်ပါ။ 💡💥ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပိုမိုရေရှည်တည်တံ့သောစွမ်းအင်အနာဂတ်သို့ ကူးပြောင်းရာတွင် ကြီးမားသော အထောက်အကူများ ပေးဆောင်နေသော်လည်း အချို့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသည် ရေရှည်တည်တံ့မည် မဟုတ်ပါ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ ရေရှည်တည်တံ့နိုင်မှုသည် အရင်းအမြစ်ရရှိနိုင်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေယာအသုံးပြုမှုနှင့် နည်းပညာတိုးတက်မှုအပါအဝင် အမျိုးမျိုးသောအချက်များပေါ်တွင် မူတည်သည်။ ရေးသားသူ - မိုင်ဇလပ် Reference: Challenges in Renewable Energy, Sustainable Review Renewable energy – powering a safer future, United Nations What Is Sustainability and Why Is It Important?, Environmental Science #EHSMyanmar #renewableenergy #cleanenergy #greenenergy #sustainability

💡🌞 Renewable energy: Is it sustainable? ♻️ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် တကယ်ရေရှည်တည်တံ့နိုင်ပါသလား။ ✅❎⁉️ __________ EHS Myanmar | 22.10.23 💨🌊 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် အဓိကကျသော အဖြေတစ်ခု ဖြစ်သည့်အပြင် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကိုလည်း လျှော့ချစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့နည်း စေနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှု တိုးလာခြင်းကြောင့် နေ၊ လေနှင့် ရေအားလျှပ်စစ် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်လာကြသည်။ ဤစွမ်းအင်ရင်းမြစ်များသည် ကြီးမားသောအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အားလုံးသည် အမှန်တကယ် ရေရှည်တည်တံ့ခြင်း ရှိ၊ မရှိ ဆန်းစစ်ရန် အရေးကြီးပါသည်။ ☀️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အဓိပ္ပာယ်ဖွင့်ဆိုချက် 🌊 ✅💨ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပြီး မကုန်ခန်းနိုင်သော သဘာဝအရင်းအမြစ်များမှ ထွက်ရှိသော စွမ်းအင်ဖြစ်ပါသည်။ စိမ်းလန်းသောစွမ်းအင် (သို့မဟုတ်) သန့်ရှင်းသောစွမ်းအင်ဟုလည်း ခေါ်ကြပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များကို ကမ္ဘာမြေ၏ အရင်းအမြစ်များ မကုန်ဆုံးစေဘဲ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်မှုမဖြစ်စေဘဲ ထပ်ခါတလဲလဲ အသုံးပြုနိုင်သည်။ အချုပ်အားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ကျွန်ုပ်တို့၏ စွမ်းအင်လိုအပ်ချက်များကို ရေရှည်တည်တံ့ပြီး ဂေဟစနစ် သဟဇာတနည်းလမ်းဖြင့် ဖြည့်ဆည်းပေးနိုင်သော စွမ်းအင်ဖြစ်သည်။ ⚡️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အရင်းအမြစ်များ 🔌 1️⃣ နေရောင်ခြည်စွမ်းအင် (Solar power) ☀️ ဆိုလာပြားများ (သို့မဟုတ်) photovoltaic ဆဲလ်များက နေရောင်ခြည်ကို စုပ်ယူပြီး လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။ နေရောင်ခြည်စွမ်းအင်သည် ပေါများပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သည်။ 2️⃣ လေစွမ်းအင် (Wind power) 🌬💨 တာဘိုင်များသည် လေ၏ အရွေ့စွမ်းအင်ကို ဖမ်းယူကာ လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။ 3️⃣ ရေအားလျှပ်စစ် (Hydropower)🌊 ဆည်များ သို့မဟုတ် အခြားသော ရေထိန်းအဆောက်အဦများမှ တစ်ဆင့် ရေ၏ရွေ့လျားမှုဖြင့် ရေအားလျှပ်စစ်ကို ထုတ်လုပ်ပါသည်။ စီးဆင်းနေသော ရေ၏တွန်းအားသည် တာဘိုင်များကို လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပေးသည်။ 4️⃣ ဇီဝလောင်စာစွမ်းအင် (Biomass energy) 🍃🔋 ထင်း၊ သီးနှံအကြွင်းအကျန်များနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကဲ့သို့သော အော်ဂဲနစ်ပစ္စည်းများသည် လောင်ကျွမ်းခြင်းအားဖြင့် အီသနောနှင့် ဇီဝဒီဇယ်ကဲ့သို့သော ဇီဝလောင်စာအဖြစ်သို့ ပြောင်းလဲနိုင်သည်။ 5️⃣ ဘူမိအပူစွမ်းအင် (Geothermal energy)🌒⚡️ ဘူမိအပူစွမ်းအင်သည် ကမ္ဘာ၏အပူကို မြေကြီးအတွင်းမှ စုပ်ယူပြီး ရရှိသော စွမ်းအင်ဖြစ်သည်။ ၎င်းသည် စဉ်ဆက်မပြတ် စွမ်းအင်အရင်းအမြစ်ကို ထောက်ပံ့ပေးသော်လည်း များပြားလှသော ဘူမိအပူအရင်းအမြစ်များရှိသည့် ဒေသများတွင် ပထဝီဝင်အနေအထားအရ စုပ်ယူခြင်းကို ကန့်သတ်ထားပါသည်။ ♻️စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲခြင်း ဆိုသည်မှာ အဘယ်နည်း။ ✅ ✔️💭စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲခြင်း (Sustainability) ဆိုသည်မှာ အနာဂတ်မျိုးဆက်များ၏ ရယူပိုင်ဆိုင်သင့်သည်ကို မပျက်စီးစေပဲ မိမိတို့၏ ပစ္စုပ္ပန်လိုအပ်ချက်များကို ဟန်ချက်ညီစွာ ရှာဖွေအသုံးပြုခြင်းကို ဆိုလိုသည်။ ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင် ရေရှည်တည်တံ့ခြင်းဆိုင်ရာ သဘောတရားသည် အလွန်အရေးပါလာသည်။ ✅စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)တွင် အဓိကဒေါက်တိုင် သုံးခုပါဝင်သည်။ ၎င်းတို့မှာ 1️⃣ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး (Environmental Sustainability) ⛰🏞 သဘာဝအရင်းအမြစ်များကို တာဝန်သိစွာ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း၊ ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့ပါးသက်သာစေခြင်းတို့ကို ဆိုလိုသည်။ ၎င်းတို့သည် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ခံနိုင်ရည်နှင့် ကောင်းမွန်စွာ ရှင်သန်ရေးအား ထိန်းသိမ်းရန်အတွက် အလွန်အရေးပါသည်။ 2️⃣ လူမှု ရေရှည်တည်တံ့ခိုင်မြဲရေး (Social Sustainability) 👨‍👩‍👧‍👦👩‍🦼👥 ပျော်ရွှင်ဖွယ်လူမှုအသိုင်းဝိုင်းနှင့် သာတူညီမျှသော လူ့အဖွဲ့အစည်းများ ခိုင်မြဲခြင်းကို ဆိုလိုပါသည်။ ၎င်းတွင် အခြေခံလိုအပ်ချက်များဖြစ်သည့် သန့်ရှင်းသောရေနှင့် အစားအစာ၊ အရည်အသွေးရှိသော ပညာရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးတရားမျှတမှု၊ မတူကွဲပြားမှုနှင့် လူတိုင်းအကျုံးဝင်သော အသိုင်းအဝိုင်းတို့ကို မြှင့်တင်ပေးခြင်းတို့ ပါဝင်သည်။

photo content

Ethical Consumer - ထောင်နှင့်ချီသော ထုတ်ကုန်ပစ္စည်းများနှင့် တံဆိပ်များ၏ လူ့ကျင့်ဝတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြုသဘောဆောင်သည့် အထောက်အထားများအပေါ် သတင်းအချက်အလက်များနှင့် အဆင့်သတ်မှတ်ချက်များကို ထောက်ပံ့ပေးသည့် မဂ္ဂဇင်းနှင့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါသည်။ Good on You - သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနှင့် တိရိစ္ဆာန်တို့အပေါ် အကျိုးသက်ရောက်စေမှုတို့ကို တိုင်းတာပြီး ဖက်ရှင်ထုတ်ကုန်များအပေါ် အဆင့်သတ်မှတ်ပေးသည့် application နှင့် website ဖြစ်ပါသည်။ ပစ္စည်းတစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်ချပြီး ဝယ်ယူမှုတစ်ခုပြုတိုင်းမှာ ကျွန်တော်တို့နေထိုင်ချင်သော ကမ္ဘာမျိုးအတွက် vote တစ်ခုပေးပြီးသား ဖြစ်သည်ကို ဝယ်ယူတိုင်းမှာ သတိရပေးပါ။ ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက် ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် ကျွန်တော်တို့မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်သော အနာဂတ်မြေကြီးကို လက်ဆောင်ပေးနိုင်ရန်သေချာစဉ်းစားရွေးချယ်ပြီး အပြောင်းအလဲများကိုပြုလုပ်ရန် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီကနေ စတင်ကြပါစို့။ ရေးသားသူ - ဂီတမိုင်ချီ References - Good on You The Good Trade United Nations Environment Programme #Eco-friendlyFashion #EHSMyanamr #Environment #FastFashion

Fast Fashion or Eco-friendly Fashion ============================================= EHS Myanmar | 20.10.2023 Fast Fashion ဆိုသည်မှာ သုံးစွဲသူတို့အကြိုက် အဝတ်အထည် ဒီဇိုင်းနှင့် ဈေးနှုန်းများကို သက်သာစွာဝယ်ယူ ဝတ်ဆင်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းအမြောက်အများကို အသုံးပြုပြီး တစ်ခါသုံး အဝတ်အထည်ပုံစံမျိုး အများအပြားထုတ်လုပ်ခြင်း ဖြစ်ပါသည်။ Fast Fashion တွင် အဝတ်အထည်များကို ခေတ်နှင့်အညီ ဒီဇိုင်းထုတ်ထားပြီး ဈေးနှုန်းသက်သာသည့် အတွက် ဝယ်ယူသူများကို ပိုပိုပြီး ဝယ်ယူချင်လာအောင် ဆွဲဆောင်လေ့ရှိပါသည်။ သို့သော်လည်း Fast Fashion စီးပွားရေး‌ဈေးကွက်သည် ထုတ်လုပ်သူကော သုံးစွဲသူကော လျစ်လျူရှုထားသည့် သဘာဝပတ်ဝန်းကျင်နှင့် လူနေထိုင်မှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ကုလသမ္မဂ္ဂ၏ စစ်တမ်းများအရ အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၁၀ရာခိုင်နှုန်း၊ စွန့်ပစ်ရေထုတ်လွှတ်မှု၏ ၂၀ရာခိုင်နှုန်းနှင့် ပိုးသတ်ဆေး၊ ဆိုးဆေးအစရှိသဖြင့် ဓာတုဆေးများ ထုတ်လွှတ်မှု၏ ၂၄ရာခိုင်နှုန်းအတွက် တာဝန်ရှိပါသည်။ ယခုနောက်ပိုင်း အသစ်ဖြစ်လာသော Fast Fashion ၏ လွှမ်းမိုးမှုကြောင့် ထုတ်လုပ်မှုပိုင်းအတွက် လိုအပ်ချက်ကုန်ကြမ်းများ မြင့်တက်လာပြီး ရေ၊ ဝါဂွမ်းနှင့် လောင်စာဆီကဲ့သို့သော သဘာဝအရင်းအမြစ်များကို ပိုမို လျော့နည်းသွားစေပါသည်။ ထို့အပြင် လုပ်အားခနည်းနည်းဖြင့် အလုပ်ချိန်ကြာမြင့်စွာအလုပ်လုပ်ရခြင်း၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုအတွက် တာဝန်ယူမှုမရှိခြင်း၊ ကလေးလုပ်သားများကို အသုံးပြုခြင်း အစရှိသော အလုပ်သမားခေါင်းပုံဖြတ်မှုများကို Fast Fashion ထုတ်လုပ်မှု လုပ်ငန်းခွင်များတွင် တွေ့ရလေ့ရှိပါသည်။ Fast Fashion နှင့် ဆန့်ကျင်စွာ Eco-friendly Fashion ဆိုသည်မှာ ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကို အတတ်နိုင်ဆုံး လျော့နည်းစေသည့် နည်းလမ်းများဖြင့် အဝတ်အထည်နှင့် အသုံးအဆောင်များကို ထုတ်လုပ်သည့် ဒီဇိုင်းမျိုးဖြစ်ပါသည်။ Eco-friendly fashion သည် ထုတ်လုပ်မှု အဆင့်ဆင့်တွင် သဘာဝအော်ဂဲနစ်ပစ္စည်းများ၊ recycled ပြုလုပ်နိုင်သော ပစ္စည်းများ ဖြစ်သည့် ဝါး၊ လျှော်ပင်၊ ဝါဂွမ်းနှင့် ယခုနောက်ပိုင်းတွင် tencel ချည်များကို အသုံးပြုထုတ်လုပ်ကြပါသည်။ ထို့အပြင် အလုပ်ချိန်နှင့် ညီမျှသည့် လုပ်အားခကို ပေးဆောင်ခြင်း၊ အလုပ်သမား အခွင့်အရေးများကို သေချာစေခြင်းနှင့် ဒေသခံရပ်ရွာများကို အကျိုးအမြတ်ဖြစ်စေခြင်း စသည့် လူ့ကျင့်ဝတ်နှင့် မျှတသော ကုန်သွယ်မှုအလေ့အကျင့် များ ကိုလည်း လက်ခံကျင့်သုံးသည်။ Eco-friendly fashion ဈေးကွက်သည် ထုတ်လုပ်သူတို့၏ အကျိုးအမြတ်တစ်ခုတည်းကိုသာ ရှေးရှုခြင်းမျိုးမဟုတ်ဘဲ ပိုမိုရေရှည်တည်တံ့၍ ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် ရှေးရှုသည့် နေထိုင်မှုပုံစံမျိုးဖြစ်သော လျှော့ဝယ်ခြင်း၊ အရေအတွက်ထက် အရည်အသွေးကို ရွေးချယ်ခြင်း၊ အဝတ်အထည်များကို ပြန်လည်အသုံးပြုခြင်း သို့မဟုတ် မလိုလားအပ်သော ပစ္စည်းများကို လှူဒါန်းခြင်း စသည့် လူနေထိုင်မှု အဆင့်အတန်းကို အဆင့်မြှင့်တင်ပေးသည့် နည်းလမ်းများကိုလည်း ပံ့ပိုးပေးပါသည်။ သို့ဖြစ်ရာ စာဖတ်သူတို့ အနေဖြင့်လည်း မည်သည့် Fashion ကို ရွေးချယ်ပါမည်လဲ။ ခေတ်နှင့်အညီ trend နောက်ကို လိုက်မည့် Fast Fashion လား? ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းကို ရေရှည်တည်တံ့စေမည့် Eco-friendly Fashion လား? ကျွန်တော်တို့ ကမ္ဘာမြေကြီးနှင့် ပတ်ဝန်းကျင်အပေါ် ဂရုစိုက်တတ်သည့် သူများအနေဖြင့် Eco-friendly Fashion ကို ရွေးချယ်မည်မှာ အသေချာဖြစ်ပါသည်။ Eco-friendly Fashion ကို ရွေးချယ်လိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ footprints များကို လျော့ချပြီးသား ဖြစ်ရုံသာမက သုံးစွဲသူတို့ အနေနဲ့လည်း သက်သောင့်နှင့် ဝတ်ရအဆင်ပြေသော ကြာရှည်ခံသော တမူထူးခြားသော အဝတ်အထည်များကို ဝတ်ဆင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကြာရှည်ခံသော အဝတ်အစားများကို ရွေးချယ်ပြီး ဝတ်ဆင်သည့်အတွက် ရေရှည်တွင် အသုံးစရိတ်ချွေတာပြီးသားလည်း ဖြစ်စေပါသည်။ အကယ်၍ စာဖတ်သူတို့အနေဖြင့် Eco-friendly Fashion အကြောင်းကို ပိုမိုလေ့လာသိရှိလိုပါက လေ့လာနိုင်မည့် website အချို့ကို အောက်တွင်ဖော်ပြသွားပါမည်။ The Good Trade - သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော လူနေမှုပုံစံ၊ အဝတ်အထည်၊ အစားအသောက်ပုံစံ၊ အလှအပရေးရာ၊ ကျန်းမာရေး၊ ခရီးသွားလာခြင်းစသည့် အကြောင်းအရာမျိုးစုံကို လေ့လာနိုင်သည့် Platform တစ်ခုဖြစ်ပါသည်။ Fashion Revolution - ပိုမိုရေရှည်တည်တံ့စေမည့် ဖက်ရှင်စီးပွားရေးဈေးကွက်ကို ပုံဖော်နိုင်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်နေသော Campaigns များကို ဦးဆောင်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။ Eco-Age - ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ဆောင်မှု တိုးတက်စေလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် ဖြေရှင်းချက်များနှင့် အသိအမှတ်ပြုချက်များကို ကမ်းလှမ်းပေးသည့် ရေရှည်တည်တံ့မှုဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်ပါသည်။