EHS Myanmar
Ir al canal en Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Mostrar más934
Suscriptores
Sin datos24 horas
+47 días
+730 días
Archivo de publicaciones
934
ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲ။
---------------------------------------------------------
EHS Myanamr | 23.11.23
အကယ်၍သာ ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာကြီးပူနွေးလာမှုကြောင့် ယခုရှိနေသောပင်လယ်ရေမျက်နှာပြင်ထက် ၁ မီတာ သို့မဟုတ် လက်မ ၄၀ သာ မြင့်တက်လာမယ်ဆိုလျှင် ကမ္ဘာ့နိုင်ငံတော်တော်များကိုသက်ရောက်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေ နဲ့ ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ နိုင်ငံတွေအပေါ်မှာ ပြောင်းလဲမှုတွေဖြစ်လာစေမှာဖြစ်ပါတယ်။
(က) ကျွန်းနိုင်ငံများ - ပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာ မှာရှိတဲ့ကျွန်းနိုင်ငံတွေက ထိပ်ဆုံးကနေသက်ရောက်မှာဖြစ်ပါတယ်။ ပင်လယ်ရေမြင့်တက်လာတဲ့အတွက် Maldives, Kiribati, Tuvalu နဲ့ the Marshall ကျွန်းနိုင်ငံတော်တော်များများ ပင်လယ်ရေအောက်ရေနိုင်ကြောင်းပညာရှင်များကခန့်မှန်းထားကြပါတယ်။
(ခ) မြစ်ဝကျွန်းပေါ်ဒေသကြီးများ - ကမ်းရိုးတန်းဒေသပိုင်ဆိုင်သောနိုင်ငံများ သို့မဟုတ် မြစ်ဝကျွန်းပေါ်ဒေသကြီးများရှိသော နိုင်ငံများ အတွက်ရေကြီးရေလျှံမှု နှင့်အတူ ကျေးရွာများမြို့ပြများပင်လယ်ရေအောက်သို့ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ဆိုလျှင် ရေကြီးမှုဒဏ်ကို ယခုအချိန်ထည်းကခံစားနေရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ကိုလဲ ခြိမ်းခြောက်လာနိုင်ပါတယ်။
(င) ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ - အမေရိကန်နိုင်ငံ (ဖလော်ရီဒါ)၊ တရုတ် (ရှန်ဟိုင်း) နှင့် အီဂျစ် (နိုင်းမြစ်ဝကျွန်းပေါ်ဒေသ) ကဲ့သို့သော နိုင်ငံများတွင် ရေလွှမ်းမိုးမှုအန္တရာယ် ပိုများလာနိုင်ပါတယ်။
(ဃ) နယ်သာလန်နိုင်ငံ - နယ်သာလန်နိုင်ငံက ပင်လယ်ရေကြီးမှုဒဏ်ကိုကာကွယ်ဖို့အတွက် နှစ်ပေါင်းချီကြိုးစားကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး အစီအမံများကို အကောင်အထည်ဖော်လာခဲ့ကြပါတယ်။ သို့သော်လည်း ပင်လယ်ရေမျက်နှာပြင် ၁ မီတာ မြင့်တက်လာမှုသည် နယ်သာလန်အတွက်တောင် စိန်ခေါ်မှုများ ရှိနေဦးမှာဖြစ်ပါတယ်။
ယခုဖော်ပြချက်များက ယေဘုယျခန့်မှန်းချက်များသာဖြစ်ပါတယ်။ အမှန်တကယ်အကျိုးသက်ရောက်မှုတွေကိုတော့ ကမ်းရိုးတန်းမြေမျက်နှာသွင်ပြင်၊ ရှိပြီးသားအခြေခံအဆောက်အအုံနဲ့ ဒေသအလိုက်လိုက်လျောညီထွေမှုအစီအမံများကဲ့သို့သော အချက်များပေါ်တွင်များစွာမူတည်နေမှာဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ထားကြပါတယ်။ ။
ရေးသားသူ - နိုင်ကျော်လူ
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanamr #climatechange #globalwarming #sealevelrise #global
934
🌟 Hurry Up! Only 3 Days Left to Apply for Our Home-based Internship in EHS Myanmar! 🌟
f you're passionate about making a difference and gaining valuable experience in Environmental and Sustainability field, this internship is perfect for you.
📅 Application Deadline: November 26, 2023
🌐 Location: Home-based in Myanmar
🔍 Internship Focus: Social Green Influencers Team 3 Posts and Eco-Awareness Initiator Team 2 Posts
To apply or learn more, click the link below before the deadline hits: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing
Apply now before it's too late!
#EHSMyanmar #InternshipOpportunity #ApplyNow #CareerGrowth
934
မြန်မာ့ကြယ်လိပ်ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို ပြန်လွှတ်ပေးမည်
=============================================
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ် ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသည့် ဒေသရင်းဖွားမျိုးစိတ်ဖြစ်ပြီး မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များဖြစ်ပြီး ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြကြောင်း သိရသည်။
Read more - https://www.popularmyanmar.com/?p=136476
#EHSMyanmar #burmese #startortoise
934
Dive into the deep blue with us as we celebrate World Fisheries Day! 🌊🎣 Let's honor the vital role fisheries play in our world's ecosystems and communities. Together, we can ensure sustainable fishing practices for a brighter, more bountiful future. 🐟💙
#EHSMyanmar #WorldFisheriesDay #SustainableSeafood
934
⁉️ 𝘼𝙧𝙚 𝙮𝙤𝙪 𝙥𝙖𝙨𝙨𝙞𝙤𝙣𝙖𝙩𝙚 𝙩𝙤 𝙬𝙤𝙧𝙠 𝙬𝙞𝙩𝙝 𝙀𝙃𝙎 𝙈𝙮𝙖𝙣𝙢𝙖𝙧 ⁉️
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🌟 𝗘𝗛𝗦 𝗠𝘆𝗮𝗻𝗮𝗺𝗿 𝗶𝘀 𝘀𝗲𝗲𝗸𝗶𝗻𝗴 𝘂𝗻𝗱𝗲𝗿𝗴𝗿𝗮𝗱𝘂𝗮𝘁𝗲𝘀 𝘁𝗼 𝗰𝗮𝗿𝗿𝘆 𝗼𝘂𝘁 𝗵𝗼𝗺𝗲-𝗯𝗮𝘀𝗲𝗱 𝗶𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽𝘀 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝗦𝗼𝗰𝗶𝗮𝗹 𝗜𝗻𝗳𝗹𝘂𝗲𝗻𝗰𝗲𝗿𝘀 𝗧𝗲𝗮𝗺 𝗮𝗻𝗱 𝘁𝗵𝗲 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗜𝗻𝗶𝘁𝗶𝗮𝘁𝗼𝗿𝘀 𝗧𝗲𝗮𝗺 𝘂𝗻𝗱𝗲𝗿 𝘁𝗵𝗲 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁.
🌟 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲: 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟮𝟲, 𝟮𝟬𝟮𝟯
📢 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 𝗽𝗱𝗳: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing
📢 𝗦𝘂𝗯𝗺𝗶𝘁 𝗮𝘁: 𝗵𝗿.𝗲𝗵𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
📢 𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻: 𝘄𝘄𝘄.𝗲𝗵𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗼𝗿𝗴
-----------------------------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#𝗘𝗛𝗦𝗠𝘆𝗮𝗻𝗺𝗮𝗿 #𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 #𝗣𝗿𝗼𝗴𝗿𝗮𝗺
934
🚽🌍 EHS Myanmar is excited to join the global movement on World Toilet Day 2023, accelerating change one flush at a time! 💧💫 Let's raise awareness, promote sanitation, and work together for a brighter, cleaner future. This year theme is Accelerating Change. 🌟🚽
#WorldToiletDay #AcceleratingChange #EHSMyanmar
934
World Toilet Day:Accelerating Change နဲ့ပက်သက်တဲ့ Quizz ဖြေပြီးcertificateယူလိုက်ပါ
------------------------------------------------------------
ကမ္ဘာပေါ်မှာရှိသောလူဦးရေ၏၃.၅သန်း သည် ကျန်းမာရေးနှင့်အညီ ဘေးကင်းလုံခြုံသော အိမ်သာများ မရှိပဲ နေထိုင်နေရတယ်ဆိုတာ သင်သိပါသလား?? ထိုကဲ့သို့ သန့်ရှင်းလုံခြုံသော အိမ်သာများမရှိသည့်အတွက် ရောဂါပိုးများပျံ့နှံ့ကူးစက်ကာ နေ့စဉ် အသက်ငါးနှစ်အောက်ကလေး အယောက်တစ်ထောင်ခန့် သေဆုံးနေပါတယ်။ ကမ္ဘာနှင့်တစ်ဝန်းဖြစ်ပွားနေသော ထိုကပ်ဆိုးကြီးသည် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေး အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားအားနည်းသောအုပ်စုများ ကိုခြိမ်းခြောက်နေပေသည်။ ထို့ကြောင့် ကျွန်မတို့သည် မိလ္လာ၊ရေဆိုးစနစ်နဲ့ ပက်သက်၍ ယခင်ကထက် ငါးဆမြန်သောအရှိန်နှုန်းဖြင့် မြှင့်တင်မောင်းနှင်ရပေမည်။
သို့ဖြစ်ရာလာမည့်နိုဝင်ဘာလ၁၉ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့အိမ်သာများနေ့ (World Toilet Day) ၏ ဆောင်ပုဒ် "Accelerating Change" ပြောင်းလဲမှုဆီအရှိန်မြှင့်တင်ကြစို့ ဆိုသည့်အတိုင်း EHS Myanmar နှင့် UN Waterတို့ပူးပေါင်းကာ သင်ကိုယ်တိုင်ပါဝင်ပြီး ပြည်သူအများကိုအသိပညာဖြန့်ဝေပေးနိုင်မည့်အပြင် certificateပါရယူလို့ရမည့် online campaignကိုစီစဉ်ထားပါသည်။
ဘယ်လိုပါဝင်ရမလဲ။
၁။ ပထမဦးစွာ ယခုပို့စ်ကို #WorldToiletDay #EHSMyanmar #19November #sanitation #Opendefecation ဆိုသည့် hastagများအသုံးပြုကာ Public ဖြင့် မိမိတို့၏ Social Media Account တွင် Shareပေးရပါမည်။
၂။ မိမိတို့Shareထားကြောင်းကို Screenshotရိုက်ပြီးယခုပို့စ်အောက်တွင် မန့်ပေးရပါမည်။
၃။ အောက်တွင်ပေးထားသောGoogle Formသို့ဝင်ရောက်၍ World Toilet Dayနှင့်ပက်သက်သည့် quizများကို ဖြေဆိုရပါမည်။
https://docs.google.com/.../1FAIpQLSdojZOTrC0.../viewform...
အထက်ပါအဆင့်၃ခု လုပ်ရုံမျှဖြင့် သင်ကိုယ်တိုင်ပါဝင်ပြီး
👉World Toilet Dayအကြောင်း လူထုစိတ်ဝင်စားမှု မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်ရုံမကပဲ
👉UNESCO, AquaFed, WHO နှင့် UNICEF တို့၏တရားဝင်အသိအမှတ်ပြု Certificate of Participation ကို ရယူနိုင်မှာဖြစ်ပါတယ်။
🙋သတိပြုရမည့်အချက်ကတော့ ဒီcampaignကို November 17 မှ 19 ထိ သုံးရက်သာပြုလုပ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်ဖို့တော့လိုမယ်နော်။
🙋အထက်ပါစည်းကမ်းချက်များနှင့် ပြည့်စုံသူများကို EHS Myanmar မှ campaignအပြီး တစ်ပတ်အတွင်း emailမှတစ်ဆင့် certificateများ ပေးပို့ပေးမှာဖြစ်ပါတယ်။
🙋သင်ကိုယ်တိုင်မှစပါဝင်ပြီး ပြောင်းလဲမှုဆီ အရှိန်မြှင့်တင်လိုက်ပါ။
#WorldToiletDay #EHSMyanmar
#19November #sanitation #Opendefecation
934
၆။ Foresters - ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ လူတို့သည် သစ်တောသစ်ပင်များ၏ အရေးပါမှုကို သိရှိလာကြသည်ဖြစ်ရာ သစ်တောပညာရှင်များ၏ ကျွမ်းကျင်မှုလုပ်ငန်းခွင်သည်လည်း ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဖော်ပြထားပြီး အခြေခံလစာအနေဖြင့် ဒေါ်လာ ၆၃,၉၈၀ ထိ ရရှိနိုင်မည်ဟု စစ်တမ်းများအရ ဖော်ပြထားပါသည်။
Green Jobs လုပ်ငန်းများသည် အဖက်ဖက်မှ တိုးတက်လာနေပြီဖြစ်သော်လည်း ကျွန်တော်တို့အနေနှင့် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများလည်းရှိနေပါသေးသည်။ ထိုစိန်ခေါ်မှုများထဲမှ အချို့ကို အောက်တွင်ဖော်ပြထားပါသည်။
● အခန်းကဏ္ဍများနှင့် နိုင်ငံအနှံ့ Green Jobsများ၏ အကျိုးသက်ရောက်မှု နှင့် အရည်အသွေးကို တိုင်းတာရန်နှင့် နှိုင်းယှဉ်ရန် ခက်ခဲစေပြီး Green Jobs တွင်ပါဝင်သော စံသတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်းနှင့် တစ်သမတ်တည်း အဓိပ္ပါယ်သတ်မှတ်ချက်မရှိခြင်း ဖြစ်ပါသည် ။
● အထူးသဖြင့် ဘဏ္ဍာရေး၊ ကျွမ်းကျင်မှုနဲ့ အခြေခံလိုအပ်ချက်များ အကန့်အသတ်ရှိနိုင်သော သို့မဟုတ် ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မြင့်မားမှုနှင့် နည်းပညာဆိုင်ရာ အတားအဆီးများလည်း ရှိနေပါသည်။
● အလုပ်အကိုင် ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် လူမှုရေး အကာအကွယ်များ မရှိသော၊ စိုက်ပျိုးရေး၊ သစ်တော နှင့် စွန့်ပစ်ပစ္စည်းများ စုဆောင်းခြင်း ကဲ့သို့ ကဏ္ဍများတွင် Green Jobs လုပ်ငန်းသမားများအနေဖြင့် အလွတ်သဘောဆောင်သော စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသေးသည်။
● ပညာရေးနိမ့်ကျသော သို့မဟုတ် ဖွံဖြိုးမှုနောက်ကျသော နိုင်ငံများအနေဖြင့် Green Jobs လုပ်ငန်းများကို အဆင့်မြှင့်တင်ရန်အတွက် ကျွမ်းကျင်မှုဆိုင်ရာလိုအပ်မှုများနှင့် အရည်ချင်းရှိသော ကျွမ်းကျင်သူများကို လိုအပ်ချက်သည် အလွန်အရေးကြီးပါသည်။
● ပတ်ဝန်းကျင်နှင့် လူမှုရေးရည်ရွယ်ချက်များစပ်ကြား ဖြစ်နိုင်ခြေရှိသော ကုန်သွယ်မှုများနှင့် ပဋိပက္ခများ၊ ရိုးရာဓလေ့ကဏ္ဍများမှ တိုင်းရင်းသားများအတွက်ဖြည့်တင်းပေးနိုင်မည့် ပဋိပက္ခများ၊ စားသုံးသူများနှင့် ထုတ်လုပ်သူများ အပေါ် Green Jobs အခွန်များကောက်ယူခြင်း သို့မဟုတ် ထောက်ပံ့မှုများ၏ အကျိုး သက်ရောက်မှုများ၊ သို့မဟုတ် ဒေသများနှင့် ရပ်ရွာများအနှံ့ Green Jobs အကူးအပြောင်းများ၏ အကျိုးအမြတ်များနှင့် ကုန်ကျစရိတ်များ ဆိုင်ရာ ပြသနာများ အစရှိသည့် ဖြေရှင်းမရနိုင်သေးသော ပဋိပက္ခများစွာလည်း ဖြေရှင်းရန်ကျန်ရှိနေပါသေးသည်။
Green Jobsများသည် ကမ္ဘာမြေကြီးအတွက်သာမက စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများအတွက်လည်း အကျိုးပြုပါသည်။ ဈေးကွက်အသစ်တွင်ဖန်တီးနိုင်ယုံသာမက စိတ်ကူးအိုင်ဒီယာအသစ်များကို ယူဆောင်လာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများကိုလည်း တိုးတက်လာစေပါသည်။ ဥပမာအားဖြင့် Green Job တစ်ခုသည် နည်းပညာအသစ်တစ်ခုကို ဖန်တီးခြင်းဖြင့် ထုတ်ကုန်အသစ်တစ်ခုကို တီထွင်ခြင်း သို့မဟုတ် ဖြေရှင်းနည်းအသစ်တစ်ခုကို ရှာဖွေခြင်းဖြစ်နိုင်သည်။ ထို့အပြင် အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်းများ ကို လည်း သူတို့၏ဘဝတွင် ပိုမိုရွေးချယ်မှုရှိစေနိုင်ပြီး လူတိုင်းအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ပြုလုပ်ပေး နိုင်ရန်အတွက်လည်း ရွေးချယ်ခွင့်များကို ရရှိစေနိုင်ပါသည်။ Green Jobs များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဓိကဦးတည်ချက်ဖြစ်သော ကာဗွန်ထုတ်လွှင့်မှု လျော့ချနိုင်ရန်နှင့် သဘာဝ အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းနိုင်ရန်ဖြစ်သည့် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်ပါသည်။
ရေးသားသူ - ဂီတမိုင်ချီ (EHS Myanmar)
References :: U.S. Bureau of Labour Statistics
CNBC Make it!
Green Economy
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #GreenJobs #GreenEconomy #Environmental
934
What is Green Jobs? Their Benefits & Challenges
=============================================
EHS Myanmar | 15/11/2023
Green Jobs ဆိုသည်မှာ Environmental Fields ကို လေ့လာနေသူတိုင်း မစိမ်းသော ဝေါဟာရတစ်ရပ် ဖြစ်ပါသည်။ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို အကျိုးပြုသော အလုပ်အကိုင်အားလုံးကို Green Jobs အဖြစ်သတ်မှတ်နိုင်ပါသည်။ Green Jobs ဟုဆိုရာ၌ နယ်ပယ်အသီးသီးတွင် ရှိသော လုပ်ငန်းအားလုံးကို ခေါ်ဆိုနိုင်ပါသည်။ အမှိုက်ကောက်သူ၊ ဆိုက်ကားနင်းသူ စသည့် အောက်ခြေသိမ်းလုပ်ငန်းများမှစ၍ Solar တပ်ဆင်သည့်လုပ်ငန်း၊ Wind Turbine တပ်ဆင်သည့် လုပ်ငန်းများ စသည့် နည်းပညာဆိုင်ရာ လုပ်ငန်းများအထိ ပါဝင်ပါသည်။
Green Jobs များသည် ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ပြုပြင်ရန် အထောက်အကူပြုသည့် လုပ်ငန်းများလည်းဖြစ်ပါသည်။ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ထုတ်လုပ်ငန်းများ၊ recycling လုပ်ငန်းများ၊ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ အစရှိသည့် လုပ်ငန်းများအားလုံးပါဝင်ရာ လူမှုပတ်ဝန်းကျင်အတွက် အကျိုးပြုသော လုပ်ငန်းများပင်ဖြစ်ပါသည်။
Green Jobs များမှ ရရှိနိုင်သည့်အကျိုးကျေးဇူးအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
● ကာဗွန်လျှော့ချသော နည်းပညာများနှင့် အလေ့အကျင့်များကို မြှင့်တင်ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့နည်းစေနိုင်ပါသည်။
● ရင်းနှီးမြှုပ်နှံမှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး အရင်းအမြစ်များကို ပို၍ပညာရှိရှိအသုံးပြုပြီး ပြန်လည်အသုံးချခြင်းဖြင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးနိုင်ပါသည်။
● သဘာဝနေထိုင်ရာဒေသများကို ကာကွယ်ပေးခြင်းနှင့် ပျက်စီးသွားသောနေရာများကို ပြန်လည်ထူထောင်ပေးခြင်းဖြင့် ဇီဝမျိုးစိတ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို တိုးမြှင့်ပေးနိုင်ပါသည်။
● အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ပြီး အလုပ်သမားများနှင့် လူ့အသိုင်းအဝိုင်းများအတွက် ဝင်ငွေ၊ ကျွမ်းကျင်မှုနှင့် လူမှုရေးကာကွယ်မှုများ ထောက်ပံ့ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
● မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားလူမျိုးများ ကဲ့သို့သော အကန့်အသတ်ရှိသည့် အုပ်စုများကို အခွင့်အာဏာပေးခြင်းဖြင့် လူမှုရေးနှင့် တရားမျှတမှုကို လည်းမြှင့်တင်ပေးနိုင်ကြပါသေးသည်။
အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဗျူရိုအဖွဲ့စစ်တမ်းများအရ လာမည့်နှစ်များအတွင်း Green Jobs များသည် (၈ ရာခိုင်နှုန်း) အထိ တိုးတက်လာမည်ဖြစ်သည်။ အထူးသဖြင့် အလုပ်အကိုင်ပိုမိုများပြားလာမည့် Green Jobs ၆ခု ကိုလည်းဖော်ပြထားပါသေးသည်။
၁။ Wind turbine service technicians - လေအားကိုအသုံးပြု၍ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးသော နည်းပညာဖြစ်သည့်အလျှောက် wind turbine များတပ်ဆင်သည့် လုပ်ငန်းသည် ၆၈.၂ ရာခိုင်နှုန်းထိ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာသည် ၅၆,၂၃၀ ဒေါ်လာအထိ ရရှိနိုင်ပါမည်။
၂။ Solar photovoltaic installers - နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သုံးစွဲမှုသည် ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်- renewable energy ဖြစ်သည့်အလျှောက် လာမည့်အနာဂတ်များတွင် ဆိုလာတပ်ဆင်သည့် လုပ်ငန်းများသည် ၅၂.၁ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာ ၄၆,၄၇၀ ဒေါ်လာထိ ရရှိနိုင်မည်ဖြစ်ပါသည်။
၃။ Forest fire inspectors and prevention specialists - တောမီးလောင်မှုများသည် တောရိုင်းတိရစ္ဆာန်များနှင့် လူတို့အပေါ်တွင်သာမက သဘာဝပတ်ဝန်းကျင်အပေါ်တွင်လည်း ကြီးမားစွာသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည့်အလျောက် တောမီးလောင်မှုစစ်ဆေးရေးမှူးများနှင့် ကြိုတင်ကာကွယ်ရေးကျွမ်းကျင်သူများ၏ အလုပ်အကိုင်အခွင့်လမ်းများသည် ၂၃.၉ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာသည် ဒေါ်လာ ၄၂,၁၅၀ ထိ တိုးမြှင့်ရရှိလာနိုင်မည်ဖြစ်သည်။
၄။ Environmental science and protection technicians - ယခုနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အာရုံစိုက်လာကြပြီး အလေးပေးလုပ်ဆောင်လာကြသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာနှင့် ကာကွယ်ရေးကျွမ်းကျင်သူများအတွက် အခွင့်လမ်းသည် ၁၀.၆ ရာခိုင်နှုန်းထိ များပြားလာမည်ဖြစ်ပြီး ဒေါ်လာ ၄၆,၈၅၀ ထိ အခြေခံလစာ ရရှိနိုင်မည်ဖြစ်ပါသည်။
၅။ Soil and plant scientists - ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ စာနပ်ရိက္ခာလိုအပ်ချက်များသည် မြင့်တက်လာသည်ဖြစ်ရာ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များသည်လည်း တိုးမြင့်လာပါသည်။ သို့ဖြစ်ရာ မြေဆီလွှာနှင့် အပင်ပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း လာမည့်အနာဂတ်တွင် ၁၀ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ပြီး အခြေခံလစာ အနေဖြင့် ၆၆,၁၂၀ ဒေါ်လာထိ ရရှိနိုင်မည်ဖြစ်ပါသည်။
934
October 27 ရက်နေ့မှာ Goethe-Institut Myanmar ရဲ့ ပွဲခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သိပ္ပံရုပ်ရှင်ပွဲတော် မြန်မာရဲ့ (၁၂)ကြိမ်မြောက် သိပ္ပံရုပ်ရှင်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို EHS Myanmar မှ ကိုထက်မြတ်ထွန်းနှင့် အတူ မခိုင်စုဝေနှင့် ကိုအံ့ဖုန်းသာ တို့မှ တက်ရောက်ခဲ့ပါတယ်။
သိပ္ပံရုပ်ရှင်ပွဲတော် ဖွင့်ပွဲအစီအစဉ်နဲ့အတူ အဖွင့်ရုပ်ရှင်များကိုလည်း ကြည့်ခဲ့ပြီး ပျော်ရွှင်စွာ Game Activities များကိုလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သိပ္ပံရုပ်ရှင်ဖွင့်ပွဲသို့ ဖိတ်ကြားပေးပါသော Goethe-Institut Myanmar မှ တာဝန်ရှိသူများနှင့် volunteers လူငယ်များကိုလည်း EHS Myanmar မှ ကျေးဇူးတင်ရှိပါတယ်ဗျ။
သိပ္ပံရုပ်ရှင်ပွဲတော်အကြောင်း သိရှိလိုပါက>>>>>>
Facebook Page - Science Film Festival Myanmar
YouTube - Science Film Festival Myanmar
Instagram - ssfmyanmar
Telegram - https://t.me/sffmyanmar
Website - https://www.sciencefilmfestival.org
#ssfmyanmar #EHSMyanmar
934
မြန်မာနိုင်င်ငံရှိ အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္မဏီများထဲမှ တစ်ခုဖြစ်သည့် ရွှေတောင်ကုမ္မဏီသည် ရန်ကုန်မြို့ရှိ Junction City ဈေးဝယ်စင်တာနှင့် Pan Pacific ဟိုတယ်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီဒီဇိုင်းရေးဆွဲထားပြီးအဓိကအနေဖြင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်ရည်ရွယ်၍ Glass Tubesများ အသုံးပြုခြင်း၊ အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ခြင်း စသည့်နည်းများဖြင့် ဆောက်လုပ်ထားပါသည်။ ထို့အတွက်ဆောက်လုပ်ရေးကဏ္ဍတွင်လည်း Green Jobs အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်။ သို့ရာတွင် ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဘဏ်များအနေဖြင့် အထူးသဖြင့် MCB ဘဏ်သည် မြန်မာနိုင်ငံရှိ green finance projectနှင့် သက်ဆိုင်သည့် အသေးစား အလတ်စားလုပ်ငန်းများအတွက်ချေးငွေထုတ်ပေးခြင်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုပေးသည်လည်းရှိပါသည်။ ထို့အတွက် ဘဏ်များသည်လည်း green jobs ဖန်တီးပေးနိုင်ရန် တစ်စိတ်တစ်ပိုင်းအနေဖြင့်ပါဝင်နေပေသည်။
☘️ အနှစ်ချုပ်ဆိုရသော် Green Jobs များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သာမက စီးပွားရေးအခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်ကာနောင်မျိုးဆက်သစ်များအတွက် ပို၍ကျန်းမာသော၊ ပို၍ သင့်တင့်မျှတသော ဂေဟစနစ်ကို ဖော်ဆောင်ပေးနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စီးပွားရေးလုပ်ငန်းဖော်ဆောင်ရာတွင် green jobs များ သည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေပေတော့သည်။
🙋 Augustine(EHS Myanmar)မှ ရေးသားသည်။
ကိုးကား- (12) What is the situation of Green Finance in Myanmar? | LinkedIn
Asia Pacific Research and Training Network on Trade (ARTNeT) 2014
#GreenJobs #GreenInvestment #EHSMyanmar
934
မြန်မာနိုင်ငံတွင်ရှိသော Green Jobs များဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုများ
=====================================
EHS Myanmar 14/11/2023
☘️ Green Jobs ဆိုသည်မှာ အဘယ်နည်း။
Green jobs ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုမရှိစေပဲ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်နိုင်ပြီး ရေရှည်ဖွံဖြိုး တိုးတက်မှုဆီ
ဦးတည်နိုင်သည့်အလုပ်များ ဖြစ်ပါသည်။ ဂေဟဗေဒစနစ်နှင့် သင့်တင့်မျှတသည့် စီးပွားရေးလုပ်ငန်းကို ဖော်ဆောင်ရာတွင် Green Jobs များသည် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ပါသည်။
🏦အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာ့စီးပွားရေးသည် နှစ်စဉ် ၃-၄ရာခိုင်နှုန်းခန့်မြင့်တက်နေသည်ဟု သုံးသပ်ထားသည်။ သို့သော် ထိုသို့ စီးပွားရေးကြီးထွားလာမှုများသည် ငွေကြေးဆိုင်ရာကြွယ်ဝချမ်းသာစေ သော်လည်း သဘာဝသယံဇာတအရင်းအမြစ်များနှင့်သဘာဝပတ်ဝန်းကျင်ကို စတေးပြီးမှ ဖြစ်တည်လာပေသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် ထိုစီးပွားရေးလုပ်ငန်းများ၏ အသိသာအထင်ရှားဆုံး နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်မှာငြင်းဆန်၍မရနိုင်သည့်အမှန်တရားဖြစ်နေပေသည်။
☘️ မြန်မာနိုင်ငံသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော ရာသီဥတုဖောက်ပြန်ပျက်စီးမှုများ အထူးသဖြင့် အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းချိန်မမှန်ကန်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းဒဏ်ခံရခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအသောက်ဖူလုံရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ နှင့် ပြည်သူ့ကျန်းမာရေး အစရှိသည့် ကဏ္ဍများသည် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးကို အဓိကခံစားရပေသည်။ ထို့အတွက် သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုနည်းစေသည့် Green Jobs များဖန်းတီးပေးမည့် စီးပွားရေး ရင်းနှီးမြှပ်နှံမှုများ လိုအပ်ပေသည်။
☘️ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရစဉ်မှာပဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်သည့် Green Jobs နှင့်သက်ဆိုင်သည့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများလည်း တဖြည်းဖြည်း ပေါ်ပေါက်လာနေပြီဖြစ်ပါသည်။သုသေသနစာတမ်းများအရ အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးကဏ္ဍတွင် အစိမ်းရောင်ရင်းနှီးမြှပ်နှံမှု (Green Investments) ၇% ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင်စုစုပေါင်းရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေး ၃% ရှိနိုင်သည်ဟု သုံးသပ်ထားပါသည်။
👷♂️ မြန်မာနိုင်ငံရှိ Green Jobs ဖန်တီးပေးမည့်စီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ-
၁။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) နှင့်သက်ဆိုင်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များဖြစ်သည့် နေ၊လေ၊ရေအမြောက်အမြားရရှိသည့် နိုင်ငံဖြစ်သည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဆိုင်သည့် ရင်းနှီးမြှပ်နှံမှုများသည် Green jobs များဖန်တီးပေးသည့် နေရာတွင် အကြီးမားဆုံးသော သက်ရောက်မှုရှိပေသည်။ ဥပမာ- မြန်မာနိုင်ငံတွင်လက်ရှိအခြေအနေ
အရ နေရောင်ခြည်သုံးစွမ်းအင်ကို အများအပြာအသုံးပြုလာကြပေသည်။ သို့အတွက် ဆိုလာပြားထုတ်လုပ်သည့်စက်ရုံများပေါ်ပေါက်လာကာဆိုလာတပ်ဆင်ရန်နှင့် ထိန်းသိမ်းပြုပြင်ရန်အင်ဂျင်နီယာများ၊နည်းပညာရှင်များ လိုအပ်လာသည့်အတွက် Green Jobs ဖန်တီးပေးနိုင်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟု ဆိုနိုင်ပေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီမှပြန်လည်ဖြိုးမြဲစွမ်းအင်ဆီသို့ ကူးပြောင်းမှုများသည် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်သည့်အပြင် ထိုစွမ်းအင်များသည် နိုင်ငံတွင်းမှာထုတ်လုပ်သည့်စွမ်းအင်ဖြစ်၍ ထို Green Jobs များသည် နိုင်ငံတွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။
🚘 ထို့အပြင်သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးစေသည့်ဓာတ်ဆီ၊ဒီဇယ်သုံးကားများအစားသန့်ရှင်းသည့်စွမ်းအင်လျှပ်စစ်ကား EVကား တင်သွင်းမှုများရှိလာသည့်အတွက် မဝေးတော့သည့်အနာဂတ်ကာလတွင် EVကားအရောင်းကိုယ်စားလှယ်များ၊ EVကားများထိန်းသိမ်းပြုပြင်တတ်သည့်နည်းပညာရှင်များ၊လျှပ်စစ်အား ဖြည့်သွင်းရန်သတ်မှတ်ထားသည့်နေရာတွင် တာဝန်ယူရန်အတတ်ပညာရှင်များ စသည့် Green Jobs များ ပို၍ဖန်တီး ပေးလာနိုင်ပါသည်။
၂။ စိုက်ပျိုးရေးကဏ္ဍ
မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောသည် စိုက်ပျိုးရေးဖြစ်သည်နှင့်အညီ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေသည့် စိုက်ပျိုးရေးနည်းလမ်းဖြစ်သော သဘာဝအတိုင်းစိုက်ပျိုးခြင်းလုပ်ငန်း (Organic farming) သည်လည်း ဓာတုပစ္စည်းသုံးစွဲမှုမရှိပဲ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီးသားဖြစ်ကာသဘာဝမြေဆီမြေနှစ်ကိုမထိခိုက်စေသည့်အတွက် စိုက်ပျိုးရေး
ကဏ္ဍတွင်လည်း green jobsများ ဖန်တီးပေးနိုင်ပါသည်။
၃။ ဆောက်လုပ်ရေးကဏ္ဍ
934
November လ 5 ရက်နေ့တွင်ကျင်းပခဲ့သည့် 3Zero House Myanmar Grand Opening အား EHS Myanmar Research & Project Associate ဖြစ်သည့် Ko Toe Lwin Shein မှတက်ရောက်ခဲ့ပါတယ်။
ပွဲမှ 3Zero ဖြစ်သည့် သုံညချန်လှပ်၊ သုံညကာဗွန်၊ သုံညဆင်းရဲအကြောင်းတို့အား များစွာသင်ယူလေ့လာခဲ့ရသည့်အပြင် အခြားတက်ရောက်လာသူများနှင့်လည်း ရင်းနှီးစွာစကားပြောဆိုခွင့်ရခဲ့သည့်အတွက် EHS Myanmar မှ အထူးကျေးဇူးတင်ရှိပါတယ်။
3Zero House Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက https://www.facebook.com/3ZeroMyanmar?mibextid=ZbWKwL သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။
#3ZeroHouseMyanmar #EHSMyanmar
934
၆၅ ရာခိုင်နှုန်းသော ယခုခေတ်ကျောင်းသားလူငယ်များ က ယခုခေတ်တွင် မရှိသေးသော အလုပ်အကိုင်များကို အနာဂတ်မှာ လုပ်ကိုင်ရတော့မှာဖြစ်ပါတယ်။
--------------------------------------------
EHS Myanmar | 13.11.2023
အနာဂတ်၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ ပိုမိုထွန်းကားလာနေသည့် ယနေ့ခေတ်ကမ္ဘာမှာ၊ လူငယ်များအနေနှင့် ၎င်းတို့ဘဝတစ်သက်တာတွင်ရှိခဲ့ဖူးသောအလုပ်အကိုင်များအပြင် ယခင်က မစဉ်းစားခဲ့ဖူးသော အလုပ်အကိုင်များအတွက် ကြိုတင်ပြင်ဆင်ထားရန် အလွန်အရေးကြီးကြောင်းကို သုတေသီများကထောက်ပြထားကြပါသည်။ ထိုသို့အလုပ်အကိုင်များထဲတွင် AI နည်းပညာကို အသုံးချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် Sustainabile Development များကိုအထောက်အကူပြုစေမည့် အလုပ်အကိုင်များလဲပါဝင်နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် - https://www.linkedin.com/pulse/careers-future-65-young-people-employed-jobs-dont-yet-/
-----------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #jobs #career #environmental #sustainabledevelopemnt
934
EHS Myanmar ၏ Project Assistant မခိုင်ဆုဝေ သည် MYEO Inclusivity Matters : Conflict and Cohesion Workshop ၏ Essay Competition တွင် Winner အဖြစ်ရွေးချယ်ခံရကြောင်းကြားသိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 🤩🏆
#EHSMyanmar #winner #prize #teammemberappreciation
934
🚽5 Facts about World Toilet Day🚽
November 19 ရက်နေ့ဟာ “World Toilet Day” - “ကမ္ဘာ့အိမ်သာများနေ့” ဖြစ်ပါတယ်။ ဆိုတော့ toilet တွေနဲ့ ပတ်သတ်လို့ Fun Facts အချို့ကို သိပြီးပြီလား?🤔
World Toilet Day နဲ့ပတ်သတ်ပြီး EHS Myanmar ကနေ Campaign တစ်ခုလုပ်ဖို့ရှိလို့ Facebook Page ကို စောင့်ကြည့်ပေးကြပါအုံးနော်။🤗
#WorldToiletDay2023 #EHSMyanmar #FunFacts
