EHS Myanmar
الذهاب إلى القناة على Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
إظهار المزيد868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
868
ကျွန်တော်တို့အိမ်တွင်း ရေယိုစိမ့်မှုများကို ပြုပြင်ခြင်း၊ ရေကို သက်သာစေသော ကိရိယာများကို အသုံးပြုခြင်းဖြင့် ရေထိန်းသိမ်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ပါဝင်ကူညီရာ ရောက်ပါသည်။
7. အခြားသူများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ မျှဝေပေးခြင်း
ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အခြားသူများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အသိပညာများကို ပြန်လည်မျှဝေပေးခြင်းဖြင့် လူအများပါဝင်လာနိုင်စေပါသည်။
ကျွန်တော်တို့ Eco-resolutions အလေ့အကျင့်များကို စတင်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများရှိနိုင်သော်လည်း ဖြေးဖြေးမှန်မှန် လုပ်ဆောင်သွားမည်ဆိုပါက ပုံမှန်လုပ်နေကျ အလေ့အကျင့်များတိုင်းပင် လွယ်ကူလာမည် ဖြစ်ပါသည်။ ကျွန်တော်တို့ Eco-resolutions ခရီးကိုစတင်စဉ်တွင် အပြောင်းအလဲသည် တစ်ဦးချင်း လုပ်ဆောင်မှုများမှအစပြုကြောင်း သတိပြုမိရန်လိုပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ရွေးချယ်မှုတစ်ခုချင်းစီသည် ပိုမိုရေရှည်တည်တံ့သော ကမ္ဘာကြီးကို ပုံဖော်ပေးနိုင်သည့် စုပေါင်းကြိုးပမ်းမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။ ။
ရေးသားသူ - ဂီတမိုင်ချီ
References: zerowastehome.com
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #EcoResolutions #SmallHabits
868
Embracing Eco-Resolutions: A Guide to Sustainable Living
________
EHS Myanmar | 8.1.2024
ယနေ့ကျွန်တော်တို့ကမ္ဘာကြီးတွင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှု၊ ဖြေရှင်းမှုများသည် တကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှုများ၏ ပထမဦးစားပေး ပြသနာရပ်များဖြစ်နေပါသည်။ ကျွန်တော်တို့ လူသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် အရင်ကထက်ပိုမို အလေးထားဂရုပြုမိလာသည်နှင့်အမျှ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်မှုများတွင် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ ပါဝင်လုပ်ဆောင်လာကြပါသည်။ ထိုသို့လုပ်ဆောင်လာရာမှ Eco-resolutions ခေါ် သဘာဝပတ်ဝန်းကျင်အပေါ် သဟဇာတဖြစ်စေသော နေထိုင်မှုဘဝရွေးချယ်ဆုံးဖြတ်ခြင်း သဘောတရားသည် ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ ထိုသို့ရွေးချယ်ဆုံးဖြတ်မှုများတွင် ဂေဟစနစ်အပေါ် ကျွန်တော်တို့၏ သက်ရောက်မှုများကို လျော့ချနိုင်ရန်နှင့် ရေရှည်တည်တံ့သော ဂေဟစနစ်များကို မြှင့်တင်ရန် ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် လုပ်ဆောင်သော ကိစ္စရပ်များကို သတိရှိစွာနှင့် ရွေးချယ်ဆုံးဖြတ်နိုင်မှုများလည်း ပါဝင်ပါသည်။ ယနေ့ခေတ်ကမ္ဘာကြီးတွင် ကျွန်တော်တို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည် ကြီးမားသည်ဟု ထင်ရသော်လည်း သေးငယ်သော လုပ်ဆောင်ချက်တိုင်းသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ဖြစ်စေရန် အထောက်အကူပြုပါသည်။
Eco-resolutions ဆိုသည်မှာလည်း သဘာဝပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေရန် သဟဇာတဖြစ်စေသော အလေ့အကျင့်များကို ကျွန်တော်တို့ကိုယ်တိုင် ပြုစုပျိုးထောင်သော သဘောတရားပင်ဖြစ်ပါသည်။ ထိုအလေ့အကျင့်များသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ ရေ၊လေ၊မြေ ညစ်ညမ်းလာမှုများ၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု အစရှိသော အဓိကဖြေရှင်းရန်လိုအပ်နေသည့် ပြသနာများအတွက် စုပေါင်းကြိုးပမ်းမှုများကို ဆိုလိုပါသည်။ တစ်ဦးချင်းစီ လုပ်ဆောင်ချက်များ၏ အရေးပါမှုကို နားလည်ခြင်းဖြင့် ကျွန်တော်တို့သည် ပိုမိုတည်တံ့ပြီး သဟဇာတရှိသော အနာဂတ်အတွက် လမ်းခင်းပေးနိုင်ပါသည်။ ယခုဆောင်းပါးတွင် Eco-resolutions အလေ့အကျင့်များနှင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံအတွက် အကြံဉာဏ်အချို့ကို ရေးသားဖော်ပြသွားပါမည်။
ပထမဦးစွာ ကျွန်တော်တို့အနေဖြင့် Eco-resolutions အလေ့အကျင့်များကို မစတင်မီ ကျွန်တော်တို့၏ နေ့စဉ်အလေ့အကျင့်များကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ နေ့စဉ် ကျွန်တော်တို့တွေ ပလတ်စတစ်မည်မျှ အသုံးပြုနေသည်၊ ရေကို မချွေတာဘဲ မည်မျှအသုံးပြနေသည်၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကာဗွန်ခြေရာမည်မျှထွက်နေသည်၊ အစရှိသဖြင့် ကျွန်တော်တို့ကိုယ်တိုင် ဆန်းစစ်ရန်လိုအပ်ပါသည်။ ကျွန်တော်တို့ကိုယ်တိုင်က ကိုယ်တိုင်သိရှိနားလည်မှုရှိခြင်းကပင်လျှင် ကျွန်တော်တို့ စတင်မည့် Eco-resolutions အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်လာမည် ဖြစ်ပါသည်။
ကျွန်တော်တို့ နေ့စဉ်ဘဝတွင် ရိုးရှင်းစွာ လိုက်လံလုပ်နိုင်သော Eco-resolutions အလေ့အကျင့် အချို့ကို ဖော်ပြပေးသွားပါမည်။
1. တစ်ခါသုံး ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချခြင်း
ကျွန်တော်တို့ အအေးသောက်ရာတွင် ကိုယ်ပိုင်ဘူးယူသွားခြင်း၊ ဈေးဝယ်သွားရာတွင် ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော အိတ်များကိုယူသွားခြင်း အစရှိသဖြင့် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုကို ကျွန်တော်တို့ လျှော့ချနိုင်ပါသည်။
2. စွမ်းအင်ချွေတာခြင်း
နေ့ခင်းအချိန်တွင် မီးသီးများကို မလိုအပ်ဘဲ ဖွင့်မထားခြင်း၊ ပလပ်ပေါက်များတွင် လျှပ်စစ်ကြိုးတန်းလန်းဖြင့် မထားခြင်း အစရှိသဖြင့် ကျွန်တော်တို့ ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်သည်သာမက မီတာခပါ ချွေတာရာရောက်ပါသည်။
3. ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်း
စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ ကာဗွန်ခြေရာကို လျှော့ချပေးနိုင်ပါသည်။ ယခုနောက်ပိုင်း အသုံးများလာသော လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်ကား အစရှိသည်တို့ကိုလည်း ကျွန်တော်တို့ အစားထိုးအသုံးပြုနိုင်ပါသည်။
4. ဒေသတွင်း ထုတ်ကုန်များနှင့် ရေရှည်တည်တံ့စေရန် ရည်ရွယ်ထုတ်လုပ်သော ထုတ်ကုန်များကို အားပေးခြင်း
ကျွန်တော်တို့ နေထိုင်ရာဝန်းကျင်ကို ပံ့ပိုးရန်နှင့် သယ်ယူပို့ဆောင်ရေး၏ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန်အတွက် ဒေသတွင်းထုတ်ကုန်များကို ကျွန်တော်တို့ ပိုမိုအားပေးသင့်ပါသည်။
5. စွန့်ပစ်ပစ္စည်းထွက်ရှိမှုကို လျှော့ချခြင်း
စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် တစ်ခါသုံးပစ္စည်းများကို နည်းပါးအောင်ပြုလုပ်ခြင်းဖြင့် အမှိုက်ကင်းစင်သောဘဝနေထိုင်မှုပုံစံကို ကျွန်တော်တို့ ကျင့်သုံးနိုင်ပါသည်။
6. ရေကိုချွေတာသုံးစွဲခြင်း
868
~ လမ်းကြိုလမ်းကြား(သို့) လမ်းများပေါ်တွင် ဖြစ်လေ့ရှိသော ရာဇဝတ်မှုများ နည်းပါးလာခြင်း
~ လူမှုရေးအဆင့်အတန်းများ ညီမျှလာခြင်း၊
~ ငတ်မွတ်ခေါင်းပါးမှုများ လျော့ကျလာခြင်း
~ ဖိအားများ၊ လွှမ်းမိုးမှုများဖြင့် နေထိုင်ရသော အခြေအနေများ မှေးမှိန်လာခြင်း
~ လုံခြုံစိတ်ချရသော စိတ်ခံစားမှုများကို တိုးတက်စေခြင်း
စသော အကျိုးသက်ရောက်မှုများကိုပင် ဖြစ်ပေါ်စေသည်ကို တွေ့ရှိရပါသည်။
သဘာဝဖြင့် ထိန်းကျောင်းခြင်း – အခြားတစ်ဖက်တွင်လည်း ကလေးလူငယ်များအနေဖြင့် ဖုန်းများ၊ အင်တာနက်များနှင့် အချိန်ပေးအနားယူနေမည့်အစား သဘာဝနှင့် ထိတွေ့အနားယူရန် တိုက်တွန်းအပ်ပါသည်။ သို့မှသာ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများ နှင့် လူ့ပတ်ဝန်းကျင် အကြား လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးလူငယ်များအပါအဝင် ကျွန်ုပ်တို့လူသားများသည် ပင်ကိုယ်စိတ်အာရုံအရ သဘာဝတွင် ပို၍ အာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှု ပေးကြလေ့ရှိပါသည်။ သို့ဖြစ်၍ ကလေးငယ်များကိုသာ သဘာဝနှင့် ထိတွေ့ပေးလိုက်မည်ဆိုလျှင် ကလေးငယ်များ၏ အာရုံစူးစိုက်မှုများ ကောင်းလာပြီး ၎င်းတို့၏ ပညာရေး အခန်းကဏ္ဍများတွင် သိသာထင်ရှားသော အကျိုးရလဒ်များကို ဖြစ်ပေါ်စေပါလိမ့်မည်။ ကလေးများ၏ ပညာရေး အခန်းကဏ္ဍများ တိုးတက်ပြောင်းလဲခြင်းသည် ကမ္ဘာကြီးပေါ်ရှိ အခန်းကဏ္ဍမျိုးစုံ တိုးတက်စေရန်အတွက် အကြီးမားဆုံး လှုံ့ဆော်မှုပင် ဖြစ်လေသည်။
ထို့အတွက်ကြောင့် လူမှုရေးပြဿနာသည်လည်း သဘာဝနှင့် ထိတွေ့သောအခါ အပြုသဘောဆောင်သော သက်ရောက်မှုများဆီသို့ ကူးပြောင်း ရောက်ရှိသွားနိုင်ကြောင်း ဖော်ပြပါအချက်များအရ သုံးသပ်ပြောဆိုနိုင်ပါသည်။
- လက်တွေ့အသုံးချခြင်း -
အထက်ပါဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် သဘာဝတရားနှင့် ဝေးကွာနေခဲ့ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်မားရေး ပြဿနာများ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် ပြဿနာများကို တွေ့ကြုံနေရသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ထိုသို့သော ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူပြုသည့် သဘာဝနှင့် နှစ်နှစ်ခြိုက်ခြိုက် ထိတွေ့ရန် အမှန်တစ်ကယ်ပင် လိုအပ်ပါသည်။ သဘာဝနှင့် ထိတွေ့ခြင်းတွင်လည်း သဘာဝအတွင်းတွင် ဖြတ်သွားခြင်းနှင့် ထိတွေ့ခြင်းသည် မတူညီကြောင်း သတိပြုရပေမည်။ သဘာဝ တရားသည် သူ့သဘာဝအတိုင်း တည်ရှိနေပေမည်။ ထိုတည်ရှိနေသော သဘာဝကို အသိအမှတ်မပြုဘဲ လစ်လျှရှု သတိမဲ့ကာ ဖြတ်သွားလျှင် သဘာဝမှပေးသော အကျိုးကျေးဇူးများကို ခံစားရမည်မဟုတ်ပေ။ သဘာဝကို အမှန်တကယ် စိတ်ထဲတွင် အသိအမှတ်ပြုပြီး ထိတွေ့ ခံစားမှသာလျှင် အထက်တွင် ဖော်ပြခဲ့သော အဖိုးတန် အကျိုးသက်ရောက်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် သဘာဝတရားမှ ပေးသော အကျိုးသက်ရောက်မှုများကို ရယူလိုလျှင် သဘာဝတရားကြီးကို ထိန်းသိမ်း၊ စောင့်ရှောက်ပြီး သဘာဝအတွက် ကောင်းကျိုးဖြစ်စေသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်းတိုက်တွန်းသတိပေးအပ်ပါသည်။
ရေးသားသူ - ဓနိ
ကိုးကား - e360.yale.edu, press.velux.com, takingcharge.csh.umn.edu, onemedical.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #nature #natureheals #environmentalbenefits
868
၂၀၂၄ နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ် နှင့်အတူ သဘာဝတရားဆီသို့ …
-----------------------------------------------
EHS Myanmar | 11.1.2024
- သဘာဝနှင့် ဝေးကွာခြင်း -
၂၀၁၉ ခုနှစ်တွင် အနောက်နိုင်ငံများ၌ စိစစ်ကောက်ယူခဲ့သော ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုအရ ၉၀% သော လူများသည် အကြောင်းအမျိုးမျိုးကြောင့် သဘာဝနှင့် တဖြည်းဖြည်း ဝေးကွာလာသည်ကို တွေ့ရှိရပါသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်လည်း စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ ပညာရေးအရသော်လည်းကောင်း ရုန်းကန်နေရသည့်အတွက် လူအများစုသည် အပန်းဖြေချိန်၊ အနားယူချိန်များ နည်းပါးလာသည်ကို တွေ့ရှိရပါသည်။ ယခင်အခါက သစ်ပင်ကြီးများ၊ မြက်ခင်းပြင်များ၊ တလင်းပြင်များတွင် ပျော်ပျော်ပါးပါး လုံလုံခြုံခြုံ ဆော့ကစားခဲ့ကြသော ကလေးတစ်သိုက်၏ အခြေအနေများသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခုအခါတွင် တချို့တချို့သည် ပညာရေးအတွက် ရုန်းကန်လှုပ်ရှားရသည်။ တချို့တချို့သည် စားဝတ်နေရေးအတွက်တစ်ဖက် ပညာရေးအတွက်တစ်ဖက် ကြိုးစားရုန်းကန်ရသည်။ တချို့တချို့သည်လည်း ၎င်းတို့၏ ကိုယ်ပိုင်နေရာလေးတွင် ဖုန်းကိုယ်စီဖြင့် အချိန်များကို ကုန်ဆုံးဖြတ်သန်းရမှုများကြောင့် သဘာဝနှင့် တဖြည်းဖြည်း ဝေးကွာခဲ့ရသည်ကို တွေ့ရှိရပါသည်။ လူငယ်လူလတ်များ၊ လူကြီးများသည်လည်း စီးပွားရေးအတွက် လုံးပန်းလာရသည်။ ပညာတတ်မှ အလုပ်ကောင်းကောင်း ရနိုင်သည့်အတွက်ကြောင့် ပညာရေးတွင်လည်း အပြိုင်အဆိုင် အပြေးအလွှား ရှာဖွေလေ့လာရသည်။ မတူညီကွဲပြားသော ပတ်ဝန်းကျင်အမျိုးမျိုး၏ လွှမ်းမိုး၊ ဖိနှိပ်လိုမှုကြောင့် စိတ်ဓာတ်များ အလဲလဲအပြိုပြို ကျဆင်းလာသည်များကို မျက်မြင် တွေ့ရှိနေရပါသည်။ ထိုသို့သော အခြေအနေများကို ခြုံငုံကြည့်လိုက်လျှင်ပင် စိတ်ချမ်းမြေ့ဖွယ်၊ စိတ်အပန်းဖြေဖွယ် မရှိသလောက် နည်းပါးလာခြင်းကို မိမိတို့ သုံးသပ်မိလိမ့်ဟု ထင်မိပါသည်။ ထို့ကြောင့် ယခုနှစ်သစ်ဖြစ်သော ၂၀၂၄ ခုနှစ်တွင် စိတ်သစ်၊ ကိုယ်သစ်နှင့် မိမိကိုယ်ကို အချိန်ပိုပေးပြီး သဘာဝနှင့် တက်နိုင်သလောက် ထိတွေ့ကာ အထက်တွင်ဖော်ပြခဲ့သော ပြဿနာများကို ဖြေရှင်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းလိုပါသည်။
- သဘာဝနှင့် ထိတွေ့ခြင်း -
လာမည့် ၂၀၂၄ ခုနှစ်တွင် ယခုလို ပင်ပန်းရုန်းကန်နေရသည့်ကြားက အဘယ့်ကြောင့် သဘာဝနှင့် ထိတွေ့၍ အပန်းဖြေစေလိုလဲဆိုလျှင် သဘာဝတွင် မိမိတို့ ထင်မှတ်မထားသော လုပ်ဆောင်နိုင်စွမ်းများ၊ ကုသနိုင်စွမ်းများ ပိုင်ဆိုင်ထားခြင်းကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် နှစ်သစ်မှစ၍ အပန်းဖြေအနားယူမည်ဆိုလျှင် သဘာဝတရားနှင့် နီးစပ်သော နေရာများတွင် ပိုပြီး အချိန်ကုန်ဆုံး စေလိုပါသည်။ ဥပမာ - အမျိုးသားဥယျာဉ်၊ အမျိုးသားပန်းခြံ၊ အရိပ်အာဝါသကောင်းသော တိရစ္ဆာန်ရုံနှင့် တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်းများ ပြုလုပ်နိုင်သည့် အပန်းဖြေ တောတောင်စခန်းများ စသည့် နေရာဒေသများတွင် တက်နိုင်သလောက် အပန်းဖြေ အနားယူနိုင်ပါသည်။
စိတ်ကိုကုသပေးခြင်း – လေ့လာတွေ့ရှိချက်များအရ သဘာဝတရားနှင့် ထိတွေ့သောအခါ ယေဘုယျအားဖြင့် လူအများစုသည် စိတ်လုံခြုံမှု ခံစားရလာသည်ဟု ဆိုပါသည်။ ထိုမှ ဆက်စပ်၍ စိတ်ဖိစီးမှုလျော့နည်းလာခြင်း၊ တင်းမာနေသော အာရုံကြောစနစ်များ ပျော့ပျောင်းလာခြင်း၊ အာရုံခံစနစ်လုပ်ဆောင်ချက်များကို တိုးမြှင့်စေခြင်းများ ဖြစ်ပေါ်စေသည်။ ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုများကြောင့် စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ပူပန်မှုများ၊ ဒေါသစိတ်များ၊ ကြောက်စိတ်များ၊ ဖိအားများ စသော အပြုသဘောမဆောင်သည့် စိတ်များ လျော့ကျလာပြီး အေးချမ်းသော ခံစားမှုများကို ဖြစ်ပေါ်လာစေပါသည်။
အေးချမ်းစွာ အိပ်စက်နိုင်ခြင်း – သဘာဝနေရောင်ခြည်သည် သက်ရှိများ၏ အိပ်စက်ခြင်းကို ကူညီပံ့ပိုးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်သော၊ အချိန်ကြာကြာ မအိပ်ရသော ပြဿနာများရှိခဲ့လျှင် နေ့ဘက် သဘာဝအလင်းရောင်နှင့် များများ ထိတွေ့ခြင်းက အေးချမ်းစွာ အိပ်ပျော်နိုင်ရန် ဖန်တီးပေးနိုင်သည်။
ထိုသို့သော အကြောင်းအရာ၊ အဖြစ်အပျက်များကို စိတ်ပညာ ရှုထောင့်များမှ ကြည့်လျှင် သဘာဝကြီးသည် စိတ်ကျန်းမာရေးအတွက် တန်ဖိုးအကြီးဆုံး ကုထုံးအရင်းအမြစ် တစ်ခုလို့ ဆိုလို့ရပေမည်။
လူမှုရေးအတွက် ဆေးစွမ်းကောင်း – Illinois University ၏ သုတေသနတစ်ခုအရ သဘာဝတရားသည် လူမှုရေးပြဿနာများကိုပင် ဖြေရှင်းလျော့ချနိုင်စွမ်း ရှိကြောင်း ဖော်ပြထားသည်။ ဖော်ပြချက်တွင် သစ်ပင်ပန်းမန်များ၊ ပန်းခြံများ ထည့်သွင်း တည်ဆောက်ထားသော အဆောက်အဦးများတွင် လုပ်ကိုင်နေသော၊ နေထိုင်လျက်ရှိသော လူများသည် သစ်ပင်ပန်းမန်များမရှိသော အဆောက်အဦး များရှိ လူများထက် ပို၍ လူမှုဆက်ဆံရေးကောင်းခြင်း၊ စည်းလုံးညီညွတ်မှုတွင် သာလွန်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ပိုမိုကူညီရိုင်းပင်းခြင်း၊ ထောက်ပံ့ခြင်း စသော လူမှုရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုများရှိကြောင်း ဖော်ပြပါရှိသည်။ ထိုသို့သော လူမှုရေးပတ်ဝန်းကျင်ရှိခြင်းကြောင့် ၎င်းနေရာဒေသများတွင်
868
၇။ Second-hand ဆိုင်တွေမှာ ဝယ်ယူပါ။
တစ်ပတ်ရစ်ပစ္စည်းများဝယ်ယူခြင်းဟာ အမှိုက်များကို လျှော့ချရန်နှင့် ကုန်ထုတ်လုပ်မှုကိုလျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသစ်ဝယ်တာထက် အများကြီးစျေးသက်သာသလို အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ရောင်းချပေးနေတဲ့ တစ်ပတ်ရစ်စတိုးဆိုင်တွေကို ပိုမို အားပေးဝယ်ယူသင့်ပါတယ်။
၈။ ပလတ်စတစ်အသုံးပြုကို လျှော့ချပါ။
Big Plastic Count ၏ အဆိုအရ တစ်ပတ်မှာ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ရဲ့ 12% ကိုပဲ အမှန်တကယ် ပြန်လည်အသုံးပြုတယ်လို့ဆိုပါတယ်။ ကျန်တဲ့ပလတ်စတစ်အမှိုက်တွေကိုတော့ မီးရှို့ဖျက်စီးတာ၊ မြေဖို့တာမျိုးနဲ့ ပြည်ပကို တင်ပို့တာမျိုး လုပ်ဆောင်ပါတယ်။ ဒီလိုနည်းနဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြေကြီး၊ သမုဒ္ဒရာများနှင့် လေထုအတွင်းသို့ ဝင်ရောက်ကာ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ်ရှိ တောရိုင်းတိရိစ္ဆာန်များနှင့် အနာဂတ်မျိုးဆက်များအထိပါ အန္တရာယ်ဖြစ်ပေါ်စေပါတယ်။
၉။ Upcycle လုပ်ပါ။
Upcycling ဆိုတာက မလိုတဲ့ကုန်ပစ္စည်းတွေကို အသုံးဝင်တဲ့ အရာတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်တယ်။ ဥပမာ - ဟောင်းနွမ်းနေတဲ့သားရေဖိနပ်ကို အပင်အိုးအဖြစ်သို့ ပြောင်းလဲတာကအစ အရောင်တင်ခြင်း၊ ဆေးသုတ်ခြင်းနှင့် ဟောင်းနွမ်းနေတဲ့ ပရိဘောဂများကို ပြန်လည်မွမ်းမံခြင်းအထိ အမျိုးအစားအားလုံးကို အသုံးပြုနိုင်ပါတယ်။
၁၀။ ပြုပြင်ပါ။
ပစ္စည်းများကို ပြုပြင်ခြင်းက ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့ကျစေပြီး အမှိုက်သံသရာကို ရှောင်ရှားစေမှာပါ။ ပစ္စည်းတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ ဝယ်ယူခြင်းထက် ပြုပြင်သုံးစွဲခြင်းက များစွာ ပို၍ အကျိုးပြုစေပါတယ်၊၊
🌿 အခုဆိုရင် စာဖတ်သူတွေအနေနဲ့လည်း 2024 အတွက်ချမှတ်နိုင်မယ့် Green Resolution တွေကို သိပြီးဖြစ်တာကြောင့် ဒီထဲက မိမိနဲ့ ကိုက်ညီတဲ့ တစ်ခုကိုရွေးပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်လိုက်ပါ။ ပလတ်စတစ်ပိုက်တွေမသုံးတာ ဒါမှမဟုတ် ရေသန့်ဘူးလျှော့ဝယ်တာလိုမျိုး အကျင့်လေးတွေဟာလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ အလေ့အထတွေကို စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့နဲ့ မိမိရဲ့ Green Resolutions တွေကို 2024 မှာ အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်မှန်သောပြောင်းလဲမှုသည် သင့်ထံတွင် စတင်သည်။
"You can start changing our world for the better daily, no matter how small the action."
ရေးသူ - မာရီယာ (EHS Myanmar)
ကိုးကား - themodernmilkman.co.uk, goloadup.com, thehonestconsumer.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #newyearsresolutions #greenresolutions #sustainableresolutions
868
2024 နှစ်သစ် အတွက် အစိမ်းရောင်မျှော်မှန်းချက်များ
-----------------------------------------------
EHS Myanmar | 7.1.2024
🌿 အစိမ်းရောင် မျှော်မှန်းချက် (Green Resolutions) ဆိုတာ ဘာလဲ?
နှစ်သစ်မှာ လူအတော်များများက အပြုသဘောဆောင်တဲ့အလေ့အကျင့်တွေကို စတင်ဖို့ ရည်မှန်းချက်တွေ ကိုယ်စီ ချလေ့ရှိပါတယ်။ ဒါကို New Year’s Resolution လို့ ခေါ်ပါတယ်။ လူသိများတဲ့ နှစ်သစ်ရည်မှန်းချက်တွေကတော့ လေ့ကျင့်ခန်းလုပ်တာ၊ ပလတ်စတစ် လျှော့သုံးတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားသုံးတာတို့ ပါဝင်ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ တော်တော်များများက eco-friendly lifestyle (သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိတဲ့ ဘဝနေထိုင်မှုပုံစံ)ကို စတင်ကျင့်သုံးဖို့ စိတ်ဝင်စားလာကြတာကို တွေ့ရှိရပါတယ်။
🌿 အစိမ်းရောင် မျှော်မှန်းချက် (Green Resolution) နှင့် ရေရှည်တည်တံ့သော မျှော်မှန််းချက် (Sustainable Resolution ) ဆိုတာဟာ လူသားတွေအနေနဲ့ ကမ္ဘာကြီးအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးမြင့်စေပြီး မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလျှော့ချနိုင်ဖို့ကို ရည်ရွယ်ပါတယ်။
☘️ 2024 မှာ ကမ္ဘာမြေကြီးကို အကျိုးပြုစေမယ့် Green Resolution တွေ ချမှတ်ဖို့ လွယ်ကူသက်သာတဲ့ အကြံဉာဏ် ၁၀ ချက်
၁။ လျှော့ဝယ်ပါ။
လျှော့ဝယ်ခြင်းဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့နည်းစေပြီး လျှော့ဝယ်ခြင်းအားဖြင့် စွမ်းအင်နဲ့ ကမ္ဘာမြေရဲ့ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရာရောက်ပါတယ်။
၂။ ပြန်လည်အသုံးပြုခြင်းကို စတင်ပါ။
ပြန်လည်အသုံးပြုခြင်းက ကျန်တော်တို့ရဲ့carbon footprint ကို လျင်မြန်စွာ လျှော့ချဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုမှာ အဓိက အဆင့်ငါးဆင့် ရှိပါတယ် - ကုန်ကြမ်းထုတ်ယူခြင်းနှင့် ပြုပြင်ခြင်း၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ကုန်ချောပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းသက်တမ်းကုန်ဆုံးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုစီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက် လေထုထဲကို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ပြန်လည်အသုံးပြုခြင်းအားဖြင့် ထုတ်လုပ်မှုစက်ဝန်းတလျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်မှုကို လျော့နည်းစေမှာပါ။
၃။ ဉယျာဉ်ခြံမြေ စိုက်ပျိုးပါ။
မိမိကိုယ်တိုင်စိုက်ပျိုးခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးပြီး ပတ်ဝန်းကျင်အတွက် အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဟာလည်း သင့် carbon footprint ကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကျွန်တော်တို့ရဲ့ တကိုယ်ရေ carbon footprint ရဲ့ 8% ခန့်ဟာ အစားအစာများမှ လာပါတယ်။ ကိုယ်ပိုင်ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေပြီး ဓာတုဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကိုလည်း တစ်ခါတည်းရှောင်ကြဉ်ပြီးသားဖြစ်စေမှာပါ။ အိမ်မှာတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ်အသီးအနှံများကို စားသုံးနိုင်မှာဖြစ်ပါတယ်။
၄။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို မျှဝေပါ။
မိမိသိထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ခြင်းဆိုင်ရာအသိပညာဗဟုသုတတွေကို မိမိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ မျှဝေခြင်းကလည်း အရေးပါတဲ့ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်အနီးအနား မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေရင်း ကိုယ်တိုင်ကလည်း စဉ်ဆက်မပြတ်လေ့လာခြင်းဖြင့် ပိုပြီးစိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖြည်းဖြည်းချင်းဖန်တီးလာနိုင်မှာဖြစ်ပါတယ်။
၅။ food waste ကို လျှော့ချပါ။
စစ်တမ်းတွေအရ UK မှာဆိုရင် တစ်နှစ်ကို food waste တန်ချိန် ၉.၅၂ သန်းမျှ ထွက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ food waste လျှော့ချရန်အတွက် ကျွန်တော်တို့လိုက်နာသင့်တဲ့ ရိုးရှင်းလွယ်ကူတဲ့ အချက်တွေကတော့ ...
- ကိုယ်စားနိုင်သလောက်ပမာဏအတိုင်း အစားအသောက်ကို ကြိုတင် ပြင်ဆင်ပါ။
- စားလို့မကုန်တဲ့ အစားအစာ (Leftover) တွေကို ပြန်နွေးပြီး စားသုံးလို့ရအောင် သေချာသိမ်းဆည်းပါ။
- ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတွေကို လတ်ဆတ်အောင် ထိန်းသိမ်းပါ။
- အစားအစာတွေမှာပါတဲ့ ရက်လွန်ဒိတ်တွေကို အမြဲသတိပြုပါ။
- အစားအသောက်တွေကို ဘယ်လို စနစ်တကျ သိမ်းဆည်းရမလဲဆိုတာ လေ့လာပါ။
၆။ သဘာဝမြေဆွေးပြုလုပ်ပါ။
သဘာဝမြေဆွေးပြုလုပ်ခြင်းအားဖြင့် ဥယျာဉ်ခြံမြေအတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ မြေသားရရှိမှာဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချပေးနိုင်ပါတယ်။
868
📣သင်ရိုးသစ် သင်ကြားရေးစနစ်သင်တို့ဖြင့် သင်ကြားမည့် Environmental Management Planning and Monitoring Online Course Batch 3 သင်တန်းသားအသစ်လက်ခံမှုကို ဇန်နဝါရီ (၉) ရက်နေ့မှာ ရပ်နားသွားမှာဖြစ်ပါတယ်နော်။
🤩ကောင်းမွန်တဲ့အခွင့်အရေးတခု လက်မလွတ်စေဖို့ အခုပဲ Register လိုက်ပါ >>>
အသေးစိတ်ကိုဒီမှာလေ့လာပါ >>> https://www.facebook.com/ehsmyanmar/posts/pfbid031JXmvGxmwvdWQ5AhEPjKKkLjoT4CQHj8uVq16qXQ6bJYVhoBR926jgoNdRcpTCdrl
Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link
Full Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link
အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #Scholarship
868
🇲🇲 76th Independence Day of Myanmar 2024 🇲🇲
We'd like to wish ours, a happy Independence Day. We wish all Myanmar citizens a happy and prosperous Independence Day.
#EHSMyanmar #Myanmar #IndependenceDay
868
Environmental Management Planning and Monitoring Online Course Batch 3 တွင် သင်ရိုးသစ် သင်ကြားရေးစနစ်သင်တို့ဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး အောက်ဖော်ပြပါ သင်ခန်းစာတွေပါဝင်မှာဖြစ်ပါတယ်။
- Policy, Legal and Framework
- Examining Methods of Surrounding Environment
- Environmental Quality Monitoring
- Impacts of Identification and Risk Assessment
- Impact Assessment Methodologies
- Mitigation and Management Plan
- Environmental Monitoring and Planning
- Brain Storming Session
- Group Presentation
စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
အဲဒီတော့...ဒီ EMP သင်တန်းကို ဘယ်သူတွေတက်သင့်သလဲ လို့အကြံပြုရမယ်ဆိုလျှင် >>>
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း EIA နှင့် EMP နယ်ပယ် လုပ်ငန်းခွင်များအတွင်း စတင်လုပ်ကိုင်လိုသည့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအပြင် Environmental Officer များ၊ Environmental Auditor များ၊ EMP အားကိုယ်တိုင်လုပ်ရေးဆွဲလိုသည့် Manager များ နှင့် လုပ်ငန်းရှင်ကြီးများအတွက် အထူးသင့်လျော်အောင်သင်ရိုးများရေးဆွဲထားပါတယ်။
Registration Form Link >>> https://docs.google.com/forms/d/e/1FAIpQLScxXECaKwCAW7Yo4q6KrCJ4URKwzd_WwGPyFnC4no7PrGzzhQ/viewform?usp=sf_link
Full Scholarship Form Link >>> https://docs.google.com/forms/d/e/1FAIpQLSfV9Q3VYn1AnT-5ArmJr8anJRO0t5zlGmVF6URudl2PRRKcRA/viewform?usp=sf_link
အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 9988832781 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementPlanningandMonitoring #EMP03 #scholarship
868
🌟EHS Myanmar မိသားစုမှ နှစ်သစ်မင်္ဂလာဆုတောင်း ၂၀၂၄🌟
ကျွန်မတို့တွေ ခက်ခဲပင်ပန်းလှတဲ့ ၂၀၂၃ ခုနှစ်ကို အချင်းချင်းဖေးမကူညီရင်း ကြံ့ကြံ့ခံရင်ဆိုင် ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။ ဒီလိုခက်ခဲတဲ့ကာလကို ကျော်ဖြတ်ရင်း ကျွန်မတို့ The Environment, Health and Safety Myanmar (EHS Myanmar) နှင့်အတူ သဘာဝပတ်ဝန်းကျင်အတွက် ကြိုးစားလုပ်ဆောင်နေကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
ယခုလာမယ့် မင်္ဂလာနှစ်သစ် (၂၀၂၄) တွင် မြန်မာပြည်သူပြည်သားအားလုံး-
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများ တိုးပွားကာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။
ပူပန်ကြောင့်ကြကင်းစင်စွာနှင့် ဘေးရန်အပေါင်းကင်းရှင်းစွာ ပျော်ရွှင်ချမ်းမြေ့ လိုတရကြပါစေ။
ကိုယ်စိတ်နှစ်ဖြာသစ်လွင်ဆန်းသစ်ပြီး လုပ်ငန်းမှန်သမျှ အောင်မြင်တိုးတက်ကြပါစေ။
ဝမ်းနည်းပူဆွေးမှုတွေကို ထားခဲ့နိုင်ကာ နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။
မိမိချစ်ခင်သောသူများနှင့် တစ်စုတစ်ဝေးတည်း ပြန်လည်တွေ့ဆုံနိုင်ကြပါစေ။
ကျွန်မတို့လိုလားတောင့်တသော ရွှေရောင်နေ့ရက်များကိုလည်း အမြန်ဆုံးရနိုင်ကြပါစေ။
ကျွန်မတို့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးပြုနိုင်ကြပါစေကြောင်း
EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
#EHSMyanmar #NewYear #2024
868
ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလုပ်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်တွေအတွက် EHS Myanmar မှ မကြာခင်ဖွင့်မည့် Environmental Management and Planning (EMP) Batch 3 အွန်လိုင်းသင်တန်းတွင် ပါဝင်ရန် အသက် 18 နှစ်မှ 25 နှစ်ကြား မြန်မာနိုင်ငံတွင်းနေထိုင်လျက်ရှိသော လူငယ်တွေအတွက် ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်းကို ဝမ်းမြောက်စွာ ထပ်မံကြေညာအပ်ပါသည်။
🌟ယခုသင်တန်းတွင် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် စီမံကိန်းရေးဆွဲခြင်းနယ်ပယ်တွင် သင်၏အသိပညာနှင့် ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သောအနာဂတ်ကို ဖန်တီးပေးသည့် အသိုင်းအဝိုင်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပေသည်။
💠 သင်တန်းတွင် ဘာတွေသင်ကြားမှာလဲ?
ဤ EMP သင်တန်းတွင်
- Policy, Legal and Framework
- Examining Methods of Surrounding Environment
- Environmental Quality Monitoring
- Impacts of Identification and Risk Assessment
- Impact Assessment Methodologies
- Mitigation and Management Plan
- Environmental Monitoring and Planning
- Brain Storming Session
- Group Presentation
စသည်တို့အား ဆရာ၊ ဆရာမများမှ ရှင်းလင်း၊ သေချာစွာ သင်ကြားပေးသွားမည်။
💠 သင်တန်းအား ဘယ်အချိန်နဲ့ ဘယ်နေရာများတွင် သင်ကြားမှာပါလဲ?
ရုံးချိန်လွတ် ၅ပတ်တာသင်တန်းဖြစ်ပြီး သင်တန်းအားအချိန်ပြည့်တက်ပေးသူ၊ Group Presentation များတွင်တက်ကြွစွာပါဝင်သူနဲ့ Assessment ပြည့်မှီသူများကိုသာ Certificate ပေးအပ်မှာဖြစ်ပါတယ်။
အချိန်။ ။ ည ၇:၀၀ နာရီ - ၈:၃၀ နာရီ
နေ့ရက်။ ။ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ (စနေ တနင်္ဂနွေနေ့များ)
သင်ကြားရေးပလက်ဖောင်း။ ။ ZOOM Video Conferencing
💠 Scholarship အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရဖို့အတွက် Registration Form ထဲတွင်-
- ယခု Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot အား Upload လုပ်ပေးရပါမယ်။
- အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) အား Upload လုပ်ပေးရပါမယ်။
- စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား Upload လုပ်ပေးရပါမယ်။
💙 Registration Form Link >>> https://docs.google.com/.../1FAIpQLScxXECaKwC.../viewform...
💙 Scholarship Form Link >>> https://docs.google.com/.../1FAIpQLSfV9Q3VYn1.../viewform...
Learn more at www.ehsmyanmar.org
---------------------------------------------------
Don't forget to follow us on Instagram - https://instagram.com/ehsmyanmar?igshid=YmMyMTA2M2Y=
#EHSMyanmar #Onlinecourse #EnvironmentalManagementandPlanning #EMP03
868
မြန်မာ့ဆောင်းတွင်းတွင်တွေ့ကြုံရသော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ❄
-----------------------------------------------
EHS Myanmar | 17.12.2023
☃️အပူချိန်လျော့နည်းပြီးအေးမြလာသောဆောင်းရာသီသို့ရောက်လာသည့်အခါ စာရေးသူတို့မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများနှင့်ရင်ဆိုင်ရလေ့ရှိပါသည်။ ဆောင်းတွင်း၏အေးမြတဲ့ဆောင်း လေနှင့်အတူသာယာလှပနေတဲ့သဘာဝရှုခင်းများကိုတွေ့နိုင်ရသော်လည်း ကျွန်ုပ်တို့အနေနဲ့သတိမထား မိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာများနှင့်လဲရင်ဆိုင်ရနိုင်ကြောင်းသိထားဖို့လိုပါမည်။ ဘာတွေဖြစ်မလဲဆိုတာလေ့လာကြည့်ရအောင်။
၁။ လေထုညစ်ညမ်းမှု - မြန်မာနိုင်ငံမှာ ဆောင်းတွင်းရောက်ပြီဆိုလျှင် အဖြစ်များဆုံးသောပြသနာက လေထုညစ်ညမ်းမှုပင်ဖြစ်ပါသည်။ အကြောင်းမှာဆောင်းတွင်းရောက်သည့်နိုင်ငံအနှံ့ မြို့ပြကျေးလက်တို့မှာ အမှိုက်မီးရှို့တဲ့ပြသနာ (biomass burning) ကိုအကြီးအကျယ်လုပ်ဆောင်ကြလေ့ရှိပါသည်။ အမှိုက်မီးရှို့ခြင်း၊ သစ်ကိုင်းခြောက်များမီးရှို့ခြင်း နှင့် ထင်းမီးသွေးရှို့ပြီးမီးလှုံခြင်းများသည် လေးလံသောဆောင်းလေတို့နှင့်ထိတွေ့သည့်အခါ လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေခြင်းကြောင့်ဖြစ်ပါသည်။ ထို့အပြင်အမှိုက်မီးရှို့သည့်အခါ NOx, SO2, VOCs, Black Carbon နှင့် PM အစရှိသောအန္တရာယ်ရှိလေထုအမှုန်အမွှားများထွက်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ရုံသာမက ပတ်ဝန်းကျင်ရှိလူထုကျန်းမာရေးကိုပါဆိုးရွားစေပါသည်။
၂။ သစ်တောပြုန်းတီးခြင်း - ဆောင်းရာသီရောက်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် သစ်တောသစ်ပင်ပိုမို ခုတ်လေ့ရှိပါသည်။ စိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ လျှပ်စစ်မီးမရသည့် ကျေးလက်နှင့်တောင်ပေါ်ဒေသတို့တွင် အပူလှုံဖို့ နှင့် ထမင်းဟင်းချက်ဖို့အတွက် ထင်းမီးသွေးတို့ကို ပိုမိုအားကိုးရသည့်အခါ သစ်တောသစ်ပင်တို့ကိုပိုမိုအသုံးပြုရပါသည်။ ထို့အတွက်ကြောင့်လဲ ပတ်ဝန်းကျင်ဂေဟစနစ်တို့အပေါ်ထိခိုက်မှုများရှိနိုင်သည့်အတွက် ကောင်းမွန်ပြီးလက်တွေ့ကျသည့်ဖြေရှင်းနည်းများဖြင့် လုပ်ဆောင်နိုင်စေဖို့ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုနေပါဦးမည်။
၃။ အမှိုက်စွန့်ပစ်ခြင်း - ဆောင်းရာသီမှတွင်မကပဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းပြသနာက မြန်မာနိုင်ငံမှာ ၁၂ ရာသီလုံးဖြစ်နေသည့်စိန်ခေါ်မှုလို့ပင်ပြောရပါမည်။ တခါသုံးပလတ်စတစ်အမှိုက်များအသုံးပြုခြင်း၊ အားနည်းသောအမှိုက်သိမ်းမှုစနစ်၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း ဥပမာ ရေမြောင်းတွေထဲအမှိုက်ပစ်ခြင်း စသည့်စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းစနစ်တို့ကြောင့် ဆောင်းရာသီအလှနှင့်လူ့ကျန်းမာရေးတို့ကိုခြိမ်းခြောက်လျက်ရှိပါသည်။
၄။ တောရိုင်းတိရစ္ဆာန်များအပေါ်ထိခိုက်ခြင်း - ရာသီဥတုပြောင်းလဲခြင်း ပူလွန်ခြင်း အေးလွန်းခြင်း တို့သည် တောရိုင်းတိရစ္ဆာန်များနှင့်ဇီဝမျိုးစုံမျိုးကွဲတို့အပေါ်အန္တရာယ်ပြုလျက်ရှိပါသည်။ အစာရေစာရှားပါးခြင်း၊ အစာကွင်းဆက်ပျက်လာခြင်း၊ ရေထုလေထုညစ်ညမ်းလာခြင်း၊ မြို့ပြများဖွံ့ဖြိုးတိုးတက်လာခြင်း တို့ကြောင့် ဆောင်းတွင်းတွင် သက်ရောက်များပြင်းထန်လျက်ရှိပါသည်။
နိဂုံးချုပ်ရသော် သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့၏ကျန်းမာရေးအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ဖြစ်စေဖို့အတွက် EHS Myanmar နှင့်အတူ မိမိပတ်ဝန်းကျင်လူထုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ရဖို့ တိုက်တွန်းရင်း ချစ်စရာကောင်းသောဆောင်းရာသီကိုဖြတ်သန်းကြပါစို့လား။ ။
ရေးသားသူ - နိုင်ကျော်လူ
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #winter #coldseason #environmental #pollution #myanmar
