en
Feedback
The Standard Time Digital

The Standard Time Digital

Open in Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Show more
The country is not specifiedThe category is not specified
274
Subscribers
+124 hours
+37 days
+2630 days
Posts Archive
◾️စစ်ပွဲအဆုံးသတ်ရန် အမေရိကန်နှင့် အီရန်ကြား သဘောတူညီချက်ရရှိ နှစ်ဖက်ကြား စစ်ပွဲကို အဆုံးသတ်၍ အီရန်အပေါ်အမေရိကန်၏ ပိတ်ဆို့မှုများ ဖယ်ရှားကာ ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် မူဘောင်တစ်ခုကို သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် အီရန်အရာရှိများက ပြောကြားကြသည်။ “အီရန်နိုင်ငံနဲ့သဘောတူညီချက် ပြီးစီးသွားပါပြီ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းပိုင် လူမှုမီဒီယာပေါ်တွင်ရေးသားသည်။ ယင်းမတိုင်မီတွင် နှစ်နိုင်ငံကြား သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း ကြားဝင်ညှိနှိုင်းပေးနေသူ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ်က ကြေညာခဲ့သည်။ နားလည်မှုစာချွှန်လွှာကို သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်‌‌ရေးထိုးရန် စီစဉ်ထားသည်။ သို့ရာတွင် စာချွှန်လွှာတွင် ပါဝင်သော အချက်အလက်များကို ချက်ချင်းမသိရသေးပေ။ ရှီဘက်ဇ်ရှာရစ်ဖ်ကမူ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် စစ်ဆင်ရေးမျာအားလုံး ရပ်တန့်ရေးကို သဘောတူညီချက်က တောင်းဆိုထားသည်ဟု ပြောသည်။ တနင်္လာနေ့ညမှစ၍ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် စစ်ပွဲနှင့် စစ်ဆင်ရေးလုပ်ငန်းအားလုံးကို ထာဝရ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်သီး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းဝန်ရုံးက ထုတ်ပြန်ပြောကြားသည်။ အီရန်အတွက် ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရေးနှင့် ပို၍ကျယ်ပြန့်သော သဘောတူညီချက်ကို ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲကာလတွင် ဆွေးနွေးညှိနှိုင်းသွားကြမည် ဖြစ်ကြောင်း အီရန် လက်ထောက်နိုင်ငံခြား‌ရေးဝန်ကြီး ကာဇမ်ဂါရီဘက်ဘာဒီက ပြောကြားသည်။ ခက်ခဲသော အကြောင်းအရာတစ်ခုဖြစ်သည့် အီရန်နျူကလီးယားအစီအစဉ် အကြောင်းကိုလည်း နောက်ပိုင်းတွင် ဆွေးနွေးသွားကြမည်ဟု သတင်းရင်းမြစ်များက ယခင်က ပြောကြားခဲ့ကြသည်။ အမေရိကန် - အီရန် ဆွေးနွေးပွဲများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောကြားခဲ့သည့် အစ္စ‌ရေးထံမှ သဘောတူညီချက်နှင့်ပတ်သက်၍ တုံံ့ပြန်မှု ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကရေလမ်းကြောင်း ဖြစ်သော်လည်း အီရန်က လပေါင်းများစွာ ထိထိရောက်ရောက်ပိတ်ဆို့ထားခဲ့သည့် ဟောမုဇ်ရေလက်ကြားကို သောကြာနေ့တွင် ပြန်ဖွင့်သွားမည်ဖြစ်ကာ အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့မှုများကို အဆုံးသတ်သွားရန်လည်း အမိန့်ပေးထားပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters

◾️အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ၏ ဈာပနအခမ်းအနား ဇူလိုင် ၄ ရက်တွင် စတင်ကျင်းပမည် ကွယ်လွန်သူ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် တီဟီရန်မြို့တော်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန် ထားသည်။ ဈာပနအခမ်းအနားများ ကျင်းပပြီးနောက် အယာတိုလာအလီခါမေနီ၏ရုပ်ကလာပ်ကို အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ၎င်း၏ ဇာတိမြို့ဖြစ်သောမက်ရှ်ဟက်ဒ်မြို့၌ ဇူလိုင် ၁၉ ရက်တွင် မြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ်ကြောင်း အီရန်မီဒီယာများ၏ အဆိုအရသိရသည်။ အသက် (၈၆)နှစ်အရွယ် အယာတိုလာအလီခါမေနီသည် အစ္စရေးနှင့်အမေရိကန်ပြည်ထောင်စုတို့က အီရန်နိုင်ငံအား စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့သော ဖေဖော်ဝါရီ ၂၈ ရက်မှာပင် သေဆုံးခဲ့ရသည်။ အယာတိုလာအလီခါမေနီသည် အီရန်နိုင်ငံကို ၃၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အစ္စလာမ္မစ်ဥပဒေစည်းမျဉ်းများအရ ကွယ်လွန်သူများကို ကွယ်လွန်ပြီး၂၄ နာရီအတွင်း မြှုပ်နှံသင်္ဂြိုဟ်ရန် လိုအပ်သော်လည်း စစ်ရေးစစ်ရာ ပေါ်နေချိန်များတွင် ယင်းစည်းမျဉ်းကို ကင်းလွတ်ခွင့်ပေးထားသည်။ အီရန်နိုင်ငံကို ဦးဆောင်နေစဉ်အတွင်း အယာတိုလာအလီခါမေနီသည်အီရန်နိုင်ငံကို အင်အား တောင့်တင်းသော အမေရိကန်ဆန့်ကျင်ရေးအင်အားစုအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ပြီး အီရန်၏ စစ်ရေးဩဇာကိုလည်း အရှေ့အလယ်ပိုင်းဒေသရှိ ဩဇာခံအုပ်စုများမှတစ်ဆင့် ချဲ့ထွင်ဖြန့်ကြက်ခဲ့သည်။ ကိုးကား-ရိုက်တာ

◾️ကနေဒီစင်တာ အဆောက်အအုံမှဒေါ်နယ်ထရန့် အမည်ကို ဖယ်ရှား ဝါရှင်တန်မြို့တော် ကနေဒီစင်တာအဆောက်အအုံရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ နာမည်ကို အလုပ်သမားများက ဇွန် ၁၃ ရက်တွင် ပြန်လည်ဖယ်ရှားခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ကွန်ဂရက်လွှတ်တော်၏ သဘောတူညီချက်မပါဘဲ ကနေဒီစင်တာအဆောက်အအုံကို အမည်ပြောင်းလဲ၍ မရနိုင်ကြောင်း တရားသူကြီးတစ်ဦးကဆုံးဖြတ်ခဲ့ပြီးနောက် အလုပ်သမားများက သမ္မတဒေါ်နယ်ထရန့်၏ နာမည်ကိုကနေဒီစင်တာမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့်ခြောက်လခန့်ကကနေဒီစင်တာကို ဒေါ်နယ်ဂျေထရန့်နှင့် ဂျွန်အက်ဖ်ကနေဒီ အနုပညာဗဟိုဌာနအဖြစ် အမည်ပြောင်းလဲခဲ့သည်။ ကနေဒီ အနုပညာစင်တာသည် လုပ်ကြံခံခဲ့ရသည့် သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို ရည်စူး၍ လွန်ခဲ့ သည့် နှစ်ပေါင်း ၅၀ ခန့်က တည်ဆောက်ခဲ့သော အဆောက်အအုံဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရေးအတွက် ကနေဒီစင်တာကို နှစ်နှစ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ကြေညာထားသည်။ ကနေဒီစင်တာမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နာမည် ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်တာဝန်ရှိသူများနှင့် ကနေဒီစင်တာ တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြား ခြင်းမရှိသေးပေ။ ကိုးကား-ရိုက်တာ

◾️အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို အမေရိကန်နှင့် အီရန် လက်မှတ်ရေးထိုးဖွယ်ရှိ သုံးလကျော်ကြာ အီရန်စစ်ပွဲကို အဆုံးသတ်ပေးမည့် သဘောတူညီချက်မူဘောင်တစ်ရပ်ကို ဇွန် ၁၄ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန် အမေရိကန်နှင့်ပါကစ္စတန်ခေါင်းဆောင်များက မျှော်လင့်ထားကြောင်း သိရသည်။ သို့ရာတွင် အထက်ပါသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးမည့်အချိန်ကာလနှင့် ပတ်သက်၍ အီရန်အစိုးရဘက်တွင် မရေမရာဖြစ်နေဆဲဖြစ်ပြီးတစ်ယူသန်ဆန္ဒပြသမားများက ၎င်းသဘောတူညီချက် မူဘောင်ကို ကန့်ကွက်နေကြကြောင်း သိရသည်။ အီရန်စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်မူဘောင်ကို ၎င်း၏အသက်(၈၀)ပြည့် မွေးနေ့ဖြစ်သည့် မေ ၁၄ ရက်တွင် လက်မှတ်ရေးထိုးနိုင်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာပေါ်တွင် ရေးသားထားသည်။ အလားတူ အီရန်စစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်၍ သဘောတူညီချက်မူဘောင်တစ်ရပ်ကို အမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးက လက်ခံထားပြီဖြစ်ပြီးယင်းသဘောတူညီချက်မူဘောင်ကို ဇွန် ၁၄ ရက်တွင် လက်မှတ်ရေးထိုးရေးအတွက် ပါကစ္စတန်အစိုးရက ပြင်ဆင်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက်ဇ်ရှရစ်ဖ်ကလည်း အတည်ပြုပြောကြားထားသည်။ အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို လက်မှတ်ရေးထိုးပြီးပါကနောက်ဆက်တွဲ ဆွေးနွေး ပွဲများကို လာမည့်သီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြား ထားသည်။ သို့ရာတွင် အီရန်စစ်ပွဲပြီးဆုံးရေး သဘောတူညီချက်မူဘောင်ကို ဇွန် ၁၄ရက်တွင် လက်မှတ် ရေးထိုးနိုင် ဖွယ်မရှိဘဲ လာမည့်ရက်များအတွင်းမှသာလက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ

◾️လေယာဉ်လက်မှတ်ခများသတ်မှတ်ထားသည့် ဈေးထက်ပိုရောင်းပါက အရေးယူမည် လေယာဉ်လက်မှတ်ခ နှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုမြှင့်တင်ကာရောင်းချပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇွန် ၁၃ ရက်တွင်ထုတ်ပြန်ထားသည်။ ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ်များအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးချေကာ ဝယ်ယူခဲ့ရပါက ခရီးသည် အမည်၊ ဝယ်ယူခဲ့သော ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့သောagent အမည်၊ ဝယ်ယူရသော ဈေးနှုန်းနှင့် ငွေပေးချေခြင်းအထောက်အထားများအား သတင်းအချက်အလက်များနှင့် အတူ သက်ဆိုင်ရာလေကြောင်းလိုင်းထံသို့ တိုက်ရိုက် တိုင်ကြားနိုင် ကြောင်းသိရသည်။ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချသော မည်သူမဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ကို အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ လေယာဉ်လက်မှတ်ခ ဈေးနှုန်းများအနေဖြင့်ရန်ကုန်- မြစ် ကြီးနား ခရီးစဉ် ကျပ် ခုနစ်သိန်းကျော်၊ ရန်ကုန်-ကော့သောင်း ခရီးစဉ် ကျပ်ရှစ်သိန်းကျော် ၊ ရန်ကုန်-စစ်တွေခရီးစဉ် ကျပ်လေးသိန်းကျော်၊ ရန်ကုန်-တာချီလိတ် ခရီးစဉ်ကျပ်ခြောက်သိန်းကျော် နှင့် ရန်ကုန်-မြိတ်ခရီးစဉ် ကျပ်ငါးသိန်း စသည့်ခ ရီးစဉ်များအပေါ် မူတည်ကာ ပေါက်ဈေးရှိနေကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများထံစုံစမ်းသိရသည်။ သတင်း-မြင့်မိုရ် ဓာတ်ပုံ- MAI

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️အမျိုးသမီးလိဂ် ဆုကြေးငွေများတိုးမြှင် မြန်မာအမျိုးသမီးလိဂ်နှင့် ကုမ္ပဏီများ ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့မှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ရာသီ အမျိုးသမီးလိဂ်တွင် ဆုကြေးငွေများ တိုးမြှင့်ရရှိတော့မည် ဖြစ်သည်။ ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံအသင်းကို ငွေကျပ်သိန်း ၁၀၀၀၊ ဒုတိယအသင်းကို ငွေကျပ်သိန်း၇၀၀၊ တတိယအသင်းကို ငွေကျပ်သိန်း ၅၀၀၊စတုတ္ထအသင်းကို ငွေကျပ်သိန်း ၃၀၀၊ ပဉ္စမအသင်းကို ငွေကျပ်သိန်း ၂၀၀၊ ဆဋ္ဌမအသင်းကို ငွေကျပ်၁၇၅ သိန်း၊ သတ္တမအသင်းကို ငွေကျပ်သိန်း ၁၅၀၊အဋ္ဌမအသင်းကို ငွေကျပ် ၁၂၅ သိန်း၊ န၀မအသင်းကို ငွေကျပ်သိန်း ၁၀၀ နှင့် အဆင့် (၁၀) အသင်းကိုငွေကျပ် ၇၅ သိန်း ချီးမြှင့် ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် ကစားသမားများ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသနိုင်စေရန်နှင့် ပြိုင်ဆိုင်မှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ AYA Pay ၏ အဓိကပံ့ပိုး ကူညီမှုဖြင့် AYA Pay Player of the Match ဆုအဖြစ် ပွဲစဉ်တစ်ပွဲချင်းစီ၏အကောင်းဆုံး ကစားသမားရွေးချယ်ခံရသူအားAYA Pay Player of the Matchဆုတံဆိပ်နှင့် AYA Payငွေသားဆုငွေ ကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ်သည်။ ထို့အတူ ဝင်ရောက်ယှဉ်ပြိုင်သည့်အသင်းများအား ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးမည့်အပြင် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပခြင်းနှင့်ဆက်စပ် ကုန်ကျစရိတ်များအတွက် သီးခြားထောက်ပံ့ပေးမည်ဖြစ်ကာ Myanmar Women’s League မှ သတ်မှတ်ထားသော Development Criteria များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သော ကလပ်အသင်းများကို Club Development Subsidy အဖြစ် အများဆုံး ငွေကျပ် သိန်း ၂၀၀ အထိ ထပ်မံထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ယင်းထောက်ပံ့ကြေးများကို ကလပ်အသင်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပရော်ဖက်ရှင်နယ်စံနှုန်းများ မြှင့်တင်ရေးနှင့် မြန်မာ့အမျိုးသမီးဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ သတင်း-မြင့်မိုရ် ဓာတ်ပုံ-Myanmar Women’s League

◾️မြန်မာ့၀ဥ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး မြန်မာ့၀ဥကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများအသင်း (MFVP)မှ သိရသည်။ မြန်မာ့သစ်သီး၀လံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ စီးပွားရေးပူးပေါင်းချိတ်ဆက်ရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း သူများအသင်းမှ တာဝန်ရှိသူများက တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဇွန် ၉ ရက်မှ ၁၃ရက်ထိ သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အသေး စိတ်ဆွေးနွေးခဲ့ကြပြီး 10th China-South Asia Expo30 Kumming Import & Export Fair ကို တက်ရောက်ခဲ့ပြီး စီးပွားရေးမိတ်ဖက်အသစ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည့်အပြင် အသင်းဝင် ကုမ္ပဏီတစ်ခုကလည်းမြန်မာ့၀ဥများ တရုတ်နိုင်ငံကို တင်ပို့နိုင်ရေး အထွေထွေပူးပေါင်း ဆောင်ရွက်မှု MoUလက်မှတ်ရေးထိုးမှုများကိုပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယူနန်ပြည်နယ်ရှိသစ်သီး၀လံ ကုန်သည်များနှင့် တွေ့ဆုံကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်ဆွေးနွေးခဲ့ကြပြီး ဈေးကွက် လေ့လာရေးနှင့် ဆက်ဆံရေး မြှင့်တင်မှု အဖြစ်ကူမင်းမြို့ရှိ သစ်သီးလက်ကားဈေးကြီးများကို သွားရောက်ကာ မိတ်ဟောင်း မိတ်သစ်ကုန်သည်များနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကာ မြန်မာ့ သစ်သီး၀လံများ နေရာရရှိရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်း-လင်းလက်ကြယ်စင် ဓာတ်ပုံ-MDN

မြန်မာ့၀ဥ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး မြန်မာ့၀ဥကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ သစ်သီး၀လံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများအသင်း (MFVP)မှ သိရသည်။ မြန်မာ့သစ်သီး၀လံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံယူနန်ပြည်နယ်နဲ့ စီးပွားရေးပူးပေါင်းချိတ်ဆက်ရန် မြန်မာနိုင်ငံ သစ်သီး၀လံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း သူများအသင်းမှ တာဝန်ရှိသူများက တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဇွန် ၉ ရက်မှ ၁၃ရက်ထိ သွားရောက်ခဲ့ကြပြီး ခရီးစဉ်အတွင်း ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အသေး စိတ်ဆွေးနွေးခဲ့ကြပြီး 10th China-South Asia Expo30 Kumming Import & Export Fair ကို တက်ရောက်ခဲ့ပြီး စီးပွားရေးမိတ်ဖက်အသစ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည့်အပြင် အသင်းဝင် ကုမ္ပဏီတစ်ခုကလည်းမြန်မာ့၀ဥများ တရုတ်နိုင်ငံကို တင်ပို့နိုင်ရေး အထွေထွေပူးပေါင်း ဆောင်ရွက်မှု MoUလက်မှတ်ရေးထိုးမှုများကိုပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယူနန်ပြည်နယ်ရှိသစ်သီး၀လံ ကုန်သည်များနှင့် တွေ့ဆုံကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်ဆွေးနွေးခဲ့ကြပြီး ဈေးကွက် လေ့လာရေးနှင့် ဆက်ဆံရေး မြှင့်တင်မှု အဖြစ်ကူမင်းမြို့ရှိ သစ်သီးလက်ကားဈေးကြီးများကို သွားရောက်ကာ မိတ်ဟောင်း မိတ်သစ်ကုန်သည်များနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကာ မြန်မာ့ သစ်သီး၀လံများ နေရာရရှိရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်း-လင်းလက်ကြယ်စင် ဓာတ်ပုံ-MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

လိင်တူပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ်နိုင်ဂျာစစ်အစိုးရ သတ်မှတ်ကြေညာ လိင်တူချင်း ပေါင်းဖော်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသောရာဇသတ်ကြီးဥပဒေတစ်ရပ်ကို နိုင်ဂျာစစ်အစိုးရက ဇွန် ၁၂ ရက်တွင်ကြေညာထားကြောင်းသိရသည်။ အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော နိုင်ဂျာနိုင်ငံသည်လိင်တူချင်း ပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သော အာဖရိကနိုင်ငံများထဲတွင် နောက်ဆုံးပါဝင်လာသော နိုင်ငံဖြစ်သည်။ နိုင်ဂျာနိုင်ငံ၏ အထက်ပါ ရာဇသတ်ကြီးဥပဒေသစ်အရ လိင်တူချင်းပေါင်းဖော်မှု၊ ပေါင်းဖော်ရန် ကြိုးပမ်းမှုတို့ကို ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်မည်ဖြစ်ကြောင်း နိုင်ဂျာတရားရေးဝန်ကြီးဌာန တာဝန်ရှိသူများကပြောကြားထားသည်။ ယခု နှစ်စပိုင်းတွင် လိင်တူချင်းပေါင်းဖော်မှုများကို ရာဇဝတ်မှုအဖြစ်ဆီနီဂေါနိုင်ငံက ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နိုင်ဂျာနိုင်ငံကလည်းအလားတူလမ်းစဉ်ကို စတင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ နိုင်ဂျာနိုင်ငံ၌ ရှေးယခင်က လိင်တူချင်းပေါင်းဖော်မှုများမှာ ရာဇဝတ်မှုမမြောက်သော်လည်း လူအများ၏ ပြင်းထန်စွာဝေဖန်ရှုတ်ချမှုနှင့် ကြုံရလေ့ ရှိသည်။ အာဖရိကနိုင်ငံပေါင်း ၅၄ နိုင်ငံအနက် နိုင်ငံ ၃၀ တို့သည် လိင်တူချင်းပေါင်းဖော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သဘောတူ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က သဘောတူထားကြောင်း ဇွန် ၁၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထောက်လှမ်းရေးသတင်း မျှဝေဖလှယ်မှု၊ ပူးတွဲ ကင်းလှည့်မှုများ မြှင့်တင်ပြုလုပ်မည်ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ထားသော နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်ချင်း ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) အထိ ထိစပ်နေပြီးကမ္ဘာပေါ်၌ အရှည်လျားဆုံး နှစ်နိုင်ငံနယ်စပ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် အထောက်အထားမှတ်ပုံတင်မဲ့ လူဝင်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရသည်။ အိန္ဒိယအစိုးရအနေဖြင့် သင့်လျော်သော လုပ်ထုံးလုပ်နည်းများမရှိပဲ ရွှေ့ပြောင်းဝင်ရောက်သူများကို နှစ်နိုင်ငံနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့လွှတ်ရန် ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက စွပ်စွဲထားသည်။ အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရ ဘရာတိယာ ဂျနေတာပါတီသည် ဘင်္ဂါလီစကားပြော မွတ်စလင်များကိုတရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်၍ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် ကြိုးစားလျက်ရှိသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း