en
Feedback
EIO

EIO

Open in Telegram

See early.Know first.Stay Safe.‼️ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 056
Subscribers
No data24 hours
+97 days
No data30 days
Posts Archive
EIO
1 056
ထို့ကြောင့် မြန်မာ့အာဏာဓလေ့ကို လေ့လာခြင်းသည် အတိတ်ကို ပြန်လည်ဝေဖန်ခြင်းသက်သက် မဟုတ်ပေ။ အနာဂတ်တွင် အာဏာကို မည်သို့တည်ဆောက်မည်၊ မည်သို့ကန့်သတ်မည်၊ မည်သို့မျှဝေမည်ဆိုသည့် မေးခွန်းများအတွက် အဖြေရှာခြင်းလည်း ဖြစ်သည်။ သမိုင်း၏ အမွေသည် ပြောင်းလဲရန်ခက်ခဲသော်လည်း မပြောင်းလဲနိုင်သော ကံကြမ္မာတော့ မဟုတ်ပါ။ အာဏာကို ကိုးကွယ်သည့် ယဉ်ကျေးမှုမှ အခွင့်အာဏာကို မျှဝေသည့် ယဉ်ကျေးမှုဆီသို့ ရွေ့လျားနိုင်ရန်မှာ မြန်မာ့လူ့အဖွဲ့အစည်း ရင်ဆိုင်ရမည့် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဏာဓလေ့ကို နားလည်လိုပါက ပဒေသရာဇ်ခေတ်တွင်သာ ရပ်တန့်၍ မရနိုင်ပါ။ သမိုင်းသည် တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲခဲ့သော်လည်း အာဏာကို မြင်သည့် အခြေခံအယူအဆများသည် အပြောင်းအလဲအသစ်များအောက်တွင် ပုံစံပြောင်းပြီး ဆက်လက်ရှင်သန်နေခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတည်ဆောက်ရေးကာလနှင့် စစ်အုပ်ချုပ်ရေးခေတ်တို့ကို တစ်ဆက်တည်း ကြည့်မြင်ရန် လိုအပ်သည်။ ၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ပြီး ဗြိတိသျှအုပ်ချုပ်ရေး စတင်လာချိန်၌ ဘုရင်စနစ် ပျက်သွားသော်လည်း "အာဏာသည် အထက်မှလာသည်" ဟူသော စိတ်ဓာတ်မှာ မပျောက်ကွယ်သွားခဲ့ပေ။ ဘုရင်နေရာတွင် ကိုလိုနီအုပ်ချုပ်ရေး ယန္တရား အစားထိုးဝင်ရောက်လာခဲ့သည်။ အမိန့်များသည် ယခင်ကကဲ့သို့ပင် အထက်မှ အောက်သို့ ဆင်းသက်လာပြီး ဒေသခံပြည်သူများသည် ဆုံးဖြတ်ချက်ချသူများမဟုတ်ဘဲ ဆုံးဖြတ်ချက်ကို လိုက်နာရသူများအဖြစ်သာ ဆက်လက်တည်ရှိခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံသားများကို နိုင်ငံရေးအရ ပါဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ ထိရောက်စွာ အုပ်ချုပ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် ဗဟိုမှ အမိန့်ပေး၊ အောက်ခြေက အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာစေခဲ့သည်။ ဤအတွေ့အကြုံသည် နောင်လာမည့် နိုင်ငံတည်ဆောက်ရေးကာလအတွက်လည်း သက်ရောက်မှုရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ လူမျိုးရေးပဋိပက္ခ၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံတည်ဆောက်ရေး စိန်ခေါ်မှုများကို တပြိုင်နက် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေတွင် "အာဏာကို ဗဟိုတွင် စုစည်းထားမှ နိုင်ငံတည်ငြိမ်မည်" ဟူသော အယူအဆသည် နိုင်ငံရေးအတွေးအခေါ်အဖြစ် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ လုံခြုံရေးနှင့် စည်းလုံးညီညွတ်ရေးကို အကြောင်းပြ၍ အာဏာဗဟိုပြုစနစ်ကို ပိုမိုအားပေးလာကြသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလတွင် ထိုအယူအဆသည် အစိုးရ၏ တရားဝင်အုပ်ချုပ်ရေးအခြေခံဖြစ်လာသည်။ နိုင်ငံတော်၏ တည်ငြိမ်မှုသည် အာဏာစုစည်းမှုအပေါ် မူတည်သည်ဟု အလေးပေးဖော်ပြခဲ့ပြီး အမိန့်နာခံခြင်း၊ စည်းကမ်းလိုက်နာခြင်းနှင့် ဗဟိုအမိန့်ကို အဓိကထားသည့် ယဉ်ကျေးမှုကို အဖွဲ့အစည်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းခဲ့သည်။ ဤယဉ်ကျေးမှုသည် နိုင်ငံရေးအဖွဲ့အစည်းများတွင်သာ မဟုတ်ဘဲ ပညာရေး၊ အုပ်ချုပ်ရေး၊ လုပ်ငန်းခွင်နှင့် နေ့စဉ်လူမှုဘဝထဲသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ကျောင်းသားက ဆရာကို မေးခွန်းထုတ်ခြင်းထက် နာခံခြင်းကို ပိုအရေးကြီးသည်ဟု သင်ယူလာခဲ့သည်။ အစိုးရဝန်ထမ်းတစ်ဦးအတွက် အထက်အမိန့်ကို မေးမြန်းခြင်းထက် လိုက်နာခြင်းက ပိုမိုလုံခြုံသည်ဟု ယူဆလာခဲ့သည်။ အလုပ်ခွင်များတွင်လည်း ဆွေးနွေးညှိနှိုင်းခြင်းထက် အမိန့်ပေးခြင်းကို ခေါင်းဆောင်မှု၏ သင်္ကေတအဖြစ် မြင်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအလေ့အထများသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်လာခဲ့သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ နားထောင်တတ်သူထက် အမိန့်ပေးတတ်သူ၊ သဘောတူညီမှုရယူတတ်သူထက် အဆုံးအဖြတ်ချနိုင်သူဟု မြင်လာကြသည်။ အာဏာကို မျှဝေခြင်းသည် အားနည်းခြင်းဖြစ်ပြီး အာဏာကို စုစည်းထားခြင်းသည် ခိုင်မာခြင်းဖြစ်သည်ဟူသော အယူအဆများသည် လူမှုအသိစိတ်အတွင်း နေရာယူလာခဲ့သည်။ သို့သော် သမိုင်းက ပြသခဲ့သည်မှာ အာဏာဗဟိုပြုစနစ်သည် အချို့ကာလများတွင် လျင်မြန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သော်လည်း ရေရှည်တွင် ပြဿနာအသစ်များကိုလည်း ဖန်တီးတတ်သည်။ အာဏာကို စုစည်းထားလေ၊ အမှားများကို ပြင်ဆင်နိုင်သည့် အခွင့်အလမ်း နည်းလေဖြစ်သည်။ ဝေဖန်သံများ လျော့နည်းလာလေ၊ ဆုံးဖြတ်ချက်များသည် အများပြည်သူ၏ လိုအပ်ချက်နှင့် ကင်းကွာလာနိုင်လေဖြစ်သည်။ ထို့ကြောင့် အာဏာကို စုစည်းခြင်းသည် ထိရောက်မှုအချို့ကို ပေးနိုင်သော်လည်း တာဝန်ခံမှုနှင့် အပြန်အလှန်ထိန်းကျောင်းမှု မရှိလျှင် ရေရှည်တည်တံ့သော အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်ရန် ခက်ခဲလာသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အမှားအမှန်ကိုသာ အာရုံစိုက်ခြင်းထက် အာဏာကို ဗဟိုပြုသည့် ယဉ်ကျေးမှုသည် မည်သို့ ဆက်လက်အမွေဆက်ခံလာသနည်း၊ အဖွဲ့အစည်းအသီးသီးက ထိုယဉ်ကျေးမှုကို မည်သို့ ပြန်လည်ထုတ်လုပ်နေသနည်း ဆိုသည့် မေးခွန်းများကိုပါ ဆန်းစစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာရှင်စနစ်တစ်ခု ပြီးဆုံးသွားနိုင်သော်လည်း အာဏာရှင်ယဉ်ကျေးမှု မပြောင်းလဲသရွေ့ အလားတူ ပြဿနာများသည် ပုံစံအသစ်ဖြင့် ပြန်လည်ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။

EIO
1 056
"အာဏာကို ကိုးကွယ်သည့် လူ့အဖွဲ့အစည်းမှ အခွင့်အာဏာကို မျှဝေသည့် ဒီမိုကရေစီယဉ်ကျေးမှုဆီသို့" 🔹တေဇ (CDM) "အာဏာသည် မည်သူ့ထံမှ လာသနည်း။" ဤမေးခွန်းသည် နိုင်ငံရေးအတွေးအခေါ်၏ အခြေခံအကျဆုံး မေးခွန်းများထဲမှ တစ်ခုဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် အဖြေမှာ ရှင်းလင်းသည်။ အာဏာသည် ပြည်သူထံမှ ဆင်းသက်လာပြီး အစိုးရသည် ထိုအာဏာကို ယာယီအပ်နှင်းခံထားရသော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်း၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ပြန်လည်သုံးသပ်ကြည့်လျှင် အာဏာကို နားလည်ပုံမှာ ကွဲပြားနေသည်။ အာဏာသည် အထက်မှ အောက်သို့ ဆင်းသက်လာသည့် အရာ၊ အုပ်ချုပ်သူတစ်ဦး၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကဲ့သို့သော အရာဟု မြင်ယူသည့် အလေ့အထများသည် ရာစုနှစ်များစွာကြာ အမြစ်တွယ်လာခဲ့သည်။ ယနေ့ မြန်မာနိုင်ငံကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို လက်ရှိဖြစ်ရပ်များတစ်ခုတည်းဖြင့်သာ ရှင်းလင်း၍ မရနိုင်ပါ။ ယင်းတို့၏ နောက်ကွယ်တွင် သမိုင်းကြောင်းရှည်လျားသော အာဏာနှင့်ပတ်သက်သည့် ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် လူမှုစိတ်ဓာတ်များ ရှိနေသည်။ အာဏာကို လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အထက်စီးအဖြစ် နားလည်လာသည့် အစဉ်အလာသည် မျိုးဆက်များစွာကို ဖြတ်သန်းပြီး ယနေ့အချိန်ထိ အကျိုးသက်ရောက်မှုများ ရှိနေဆဲဖြစ်သည်။ မြန်မာ့သမိုင်းတွင် ပဒေသရာဇ်စနစ်သည် ရာစုနှစ်များစွာကြာ အုပ်ချုပ်ရေးပုံစံ၏ အခြေခံဖြစ်ခဲ့သည်။ ထိုစနစ်အောက်တွင် ဘုရင်သည် နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်သာ မဟုတ်ဘဲ "ရေမြေ့အရှင်"၊ "ဘဝရှင်မင်းတရား" ဟု ခေါ်ဆိုခံရသည့် အရှင်သခင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရသည်။ ဤအသုံးအနှုန်းများသည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးတို့ ရောနှောတည်ဆောက်ထားသော အာဏာ၏ သင်္ကေတများ ဖြစ်သည်။ "ရေမြေ့အရှင်" ဟူသော အယူအဆသည် မြေ၊ ရေ၊ သယံဇာတနှင့် နိုင်ငံအတွင်းရှိ လူသားများအားလုံး၏ အဆုံးစွန်သော ပိုင်ရှင်မှာ ဘုရင်ဖြစ်သည်ဟူသော သဘောတရားကို ထင်ဟပ်စေသည်။ ”ဘဝရှင် မင်းတရားကြီး”ဆိုသည်မှာလည်း ပြည်သူတစ်ယောက်၏ အသက်နှင့် ဘဝတစ်ခုလုံးကိုပါ ရှင်ဘုရင်က ပိုင်ဆိုင်သည့်သဘောသာ ဖြစ်ပါသည်။ ဤစကားလုံးများသည် မြန်မာ့ လူမှုနယ်ပယ်အတွင်း ရင်းနှီးကျွမ်းဝင်နေပြီးသားလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူသည် အခွင့်အရေးပိုင်ရှင်မဟုတ်ဘဲ သနားကြင်နာမှု ခံယူရသူများအဖြစ် ပုံဖော်ခံရသည်။ အခွင့်အရေးသည် မွေးရာပါမဟုတ်ဘဲ အုပ်ချုပ်သူထံမှ ပေးအပ်ခံရသည့် အရာဟု မြင်ယူသည့် အတွေးအခေါ်သည် ထိုအချိန်ကတည်းက အမြစ်တွယ်လာခဲ့သည်။ ပဒေသရာဇ်စနစ်တွင် အာဏာ၏ လမ်းကြောင်းသည် အထက်မှ အောက်သို့သာ ဖြစ်သည်။ ဘုရင်က အမိန့်ပေးသည်၊ မှူးမတ်များက အကောင်အထည်ဖော်သည်၊ ပြည်သူများက နာခံသည်။ ပြည်သူသည် အုပ်ချုပ်ရေး၏ မူလအရင်းအမြစ်မဟုတ်ဘဲ အုပ်ချုပ်ခံရသူများသာ ဖြစ်သည်။ ထို့ကြောင့် အာဏာကို “စစ်ဆေးခြင်း၊ ကန့်သတ်ခြင်း၊ မျှဝေခြင်း" ဟူသော အယူအဆများ ဖွံ့ဖြိုးလာရန် အခက်အခဲများ ရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံရေးစနစ်များ ပြောင်းလဲခဲ့သော်လည်း အာဏာကို မြင်သည့် အခြေခံစိတ်နေသဘောထားများသည် အလွယ်တကူ မပျောက်ကွယ်သွားခဲ့ပေ။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးနောက်ကာလ၊ စစ်အုပ်ချုပ်ရေးနှင့် ခေတ်သစ်နိုင်ငံရေးအပြောင်းအလဲများအတွင်း အုပ်ချုပ်ရေးပုံစံများ အဆင့်ဆင့် ပြောင်းလဲခဲ့သော်လည်း "အာဏာသည် တဦးတယောက်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုအရာ" ဟူသော အတွေးအခေါ်သည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်အသက်ရှင်နေခဲ့သည်။ ဤစိတ်နေသဘောထားသည် နိုင်ငံရေးလောကတွင်သာ မဟုတ်ဘဲ နေ့စဉ်လူမှုဘဝအတွင်းသို့လည်း စိမ့်ဝင်နေသည်။ “မိသားစုတွင် အသက်ကြီးသူကသာ ဆုံးဖြတ်ရမည်၊ ကျောင်းတွင် ဆရာပြောသမျှကိုသာ လိုက်နာရမည်၊ အလုပ်ခွင်တွင် အထက်လူကြီး၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်သင့်”ဟု ယူဆသည့် အလေ့အထများသည် အာဏာကို အထက်မှသာ စီးဆင်းလာသည့် အရာအဖြစ် နေ့စဉ် ပြန်လည်ထုတ်လုပ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူငယ်တစ်ဦးအတွက် အာဏာသည် မျှဝေရမည့် တာဝန်တစ်ရပ်အဖြစ်ထက် အခြားသူများကို အုပ်ချုပ်နိုင်စေမည့် ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ် မြင်လာရန် ပိုမိုလွယ်ကူသွားစေခဲ့သည်။ (ဤအခြေအနေတွင် အာဏာရှင်စနစ်များသည် စစ်လက်နက်များ၊ ဥပဒေများ သို့မဟုတ် အင်အားသုံးမှုတစ်ခုတည်းဖြင့်သာ မတည်တံ့နိုင်ပေ။ လူ့အဖွဲ့အစည်းအတွင်း အာဏာကို မြင့်မြတ်သည့်အရာ၊ အထက်စီးရသည့်အရာ၊ မေးခွန်းမထုတ်သင့်သည့်အရာဟု ယုံကြည်သည့် စိတ်ဓာတ်များ ရှိနေသရွေ့ အာဏာဗဟိုပြုစနစ်များသည် ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ပေါ်ထွက်လာနိုင်သည်။) ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ရွေးကောက်ပွဲများ သို့မဟုတ် အစိုးရအပြောင်းအလဲများဖြင့်သာ လုံလောက်မည် မဟုတ်ပေ။ အာဏာကို နားလည်သည့် လူ့အဖွဲ့အစည်း၏ အတွေးအခေါ်ကိုပါ ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ "အာဏာသည် အုပ်ချုပ်သူ၏ ပိုင်ဆိုင်မှုမဟုတ်၊ ပြည်သူက ယာယီအပ်နှင်းထားသည့် တာဝန်" ဟူသော အယူအဆသည် လူမှုယဉ်ကျေးမှုအတွင်း အမြစ်တွယ်လာမှသာ ဒီမိုကရေစီသည် ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။

EIO
1 056
photo content

EIO
1 056
တော်လှန်ရေးစစ်ပွဲမှာ နည်းပညာက ဘာကြောင့် အရေးကြီးလာတာလဲ? တစ်ချိန်က စစ်ပွဲဆိုတာ လူအင်အားများသူ၊ လက်နက်များသူက အနိုင်ရမယ် လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ စစ်ပွဲရဲ့ အခြေအနေတွေ ပြောင်းလဲလာပြီ။ အင်အားကြီးသူတိုင်း အနိုင်မရနိုင်ဘူး။ နည်းပညာကို နားလည်ပြီး အသုံးချတတ်သူက အခြေအနေကို ပြောင်းလဲနိုင်တယ်။ သတင်းအချက်အလက်ကို မြန်မြန်ရရှိနိုင်ခြင်း၊ ဆက်သွယ်ရေးကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း၊ နည်းပညာကို တီထွင်ဖန်တီးနိုင်ခြင်း— ဒီအရာတွေဟာ ယနေ့ခေတ် တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အင်အားတွေ ဖြစ်လာနေပြီ။ နည်းပညာဆိုတာ စက်ပစ္စည်းတစ်ခုတည်း မဟုတ်ဘူး။ အင်အားနည်းသူကို ပိုစနစ်ကျစေတယ်။ အချိန်နည်းသူကို ပိုမြန်စေတယ်။ အရင်းအမြစ်နည်းသူကို ပိုထိရောက်စေတယ်။ တော်လှန်ရေးအတွက် ရှေ့တန်းမှာရှိနေသူတွေတင် အရေးကြီးတာ မဟုတ်ဘူး။ Computer ရှေ့မှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်၊ နည်းပညာကို လေ့လာနေတဲ့ လူငယ်တစ်ယောက်၊ သတင်းအချက်အလက်တွေကို စနစ်တကျ စီမံနေသူတစ်ယောက်— သူတို့အားလုံးဟာ မတူညီတဲ့ နေရာကနေ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတာပဲ။ ဒီနေ့ နည်းပညာကို လေ့လာနေခြင်းဟာ မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကို တိုးတက်အောင် ပြင်ဆင်နေခြင်းပဲ။ ဒီနေ့ အသိပညာကို စုဆောင်းနေခြင်းဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို ဖန်တီးနိုင်ဖို့ပဲ။ တော်လှန်ရေးတစ်ခုမှာ စိတ်ဓာတ်လိုတယ်။ ဒါပေမယ့် စိတ်ဓာတ်တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အသိပညာလိုတယ်။ နည်းပညာလိုတယ်။ တီထွင်ဖန်တီးနိုင်စွမ်းလိုတယ်။ အနာဂတ်စစ်ပွဲတွေမှာ အင်အားကြီးသူကသာ အနိုင်ရမယ့်ခေတ် မဟုတ်တော့ဘူး… နည်းပညာကို နားလည်သူ၊ အသိပညာကို အသုံးချတတ်သူ၊ ပြောင်းလဲမှုကို ဖန်တီးတတ်သူက အနာဂတ်ကို ပုံဖော်နိုင်မယ့်ခေတ် ဖြစ်လာပြီ။ #kndfuav #kndf #UAV #reelsfacebook #fightagainstcoronavirus #flowers

EIO
1 056
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ကျီကုန်းအရှေ့ရွာရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3,9:23AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
ငရဲခန်းတွေနဲ့အရပ်ဟာ အညာပဲ မြတ်နိုးဧကရီ ----------------------------------------------------- စစ်ကြီးထဲမှာ တစ်ယောက်ရင်ဘတ်ထဲတစ်ယောက်ဝင်ကြည့်ကြတဲ့အခါ စိတ်ပင်ပန်းနွမ်းနယ်မှုများက အဆုပ်လိုက်အခိုင်လိုက် လွတ်လပ်စွာ သတိမရကြရ ငြိမ်းချမ်းစွာ မချစ် မလွမ်းကြရ တစ်ယောက်အကြောင်းတစ်ယောက်မေးပြန်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပတဲ့ အညာဟာ မသာယာပါဘူးလေ ကျနော်တို့အညာမှာ အရင်ကလို လက်ပံပွင့်နီစွေးစွေးတွေ လှလှပပမကြွေကျနိုင်ရှာတော့ဘူး ဥသြငှက်တွေရဲ့တွန်ကျူးသံဟာလည်း အရင်ကလို သာယာနာပျော်ဖွယ်မရှိတော့ဘူး အညာကရွာလေးတွေမှာ အရင်ကလို ရိုးရာဓလေ့ပွဲတော်တွေလည်း မကျင်းပနိုင်ရှာတော့ဘူး အညာမှာ အရင်ကလို ချူခလောက်သံဒိုးဒိုးဒေါင်ဒေါင်မျှမကြားရ နွားကျောင်းသားတချို့ရဲ့ ပလွေသံချိုလွင်လွင်ကိုလည်းနားသောတမဆင်ရ အလှူမင်္ဂလာပွဲတွေဆီက ဆိုင်းသံဝိုင်းသံကိုလည်းမကြားရ ခုတော့ အညာကရွာစဥ်တောတန်းတလျှောက်မှာ ဖုန်တလုံးလုံး မိုင်းသံတအုန်းအုန်းနဲ့ပေါ့ မြတ်နိုးဧကရီရေ ကျနော်တို့အညာဟာ ငရဲခန်းတွေအထပ်ထပ်နဲ့အရပ်မို့ အလည်လာခဲ့ဖို့မဖိတ်ခေါ်ရက်ပါဘူးကွယ် ခေတ်ကောင်းတဲ့အခါကျမှ အချစ်ကြောင်းလေးတွေတဖွဖွပြောပြဖို့ မြတ်နိုးဧကရီဆီ ကျနော် မပျက်မကွက်ဆက်သွယ်လိုက်ပါ့မယ် အညာဟာ ထိုင်ခုံပေါ်ကလူကြီးမင်းတွေလျစ်လျူရှုထားခံရတဲ့ တကယ့်ငရဲအစစ်ပါပဲကွယ် ။ ကျော်သုခမွန် #ငါတို့မျိုးဆက်တော်လှန်စာစဉ် #အတွဲ၃_အမှတ်၂

EIO
1 056
တော်လှန်ရေးကာလ ရေချိန်မြင့်လာချိန်တွင် အသက်အန္တရာယ်၊ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စွန့်စားမှုများစွာဖြင့် သတင်းပေးပို့နေကြသည့် တာဝန်သိပြည်သူများနှင့် သတင်းရင်းမြစ်များအပေါ် တန်ဖိုးထားလေးစားမှု ပျက်ကွက်ခြင်းသည် တော်လှန်ရေးယန္တရားတစ်ခုလုံး၏ အသက်သွေးကြောကို ထိခိုက်စေနိုင်သည်အထိ အကျိုးဆက်ဆိုးများစွာ ဖြစ်ပေါ်စေနိုင်သည်။ 🔸 သတင်းအချက်အလက် စီးဆင်းမှု ပြတ်တောက်ခြင်း။ တန်ဖိုးထားမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် အသိအမှတ်ပြုမှု ကင်းမဲ့လာသောအခါ သတင်းပေးပို့နေသူများသည် မိမိတို့၏ အသက်အန္တရာယ်အတွက် တွန့်ဆုတ်လာကြသည်။ ယင်းကြောင့် အချိန်နှင့်တစ်ပြေးညီ သိရှိရမည့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် မဟာဗျူဟာမြောက် သတင်းအချက်အလက်များ ပြတ်တောက်သွားပြီး အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် အချက်အလက် အမှားအယွင်းများ ဖြစ်ပေါ်စေနိုင်သည်။ 🔸 ယုံကြည်မှု တည်ဆောက်ပုံ (Trust Network) ပြိုလဲခြင်း။ တော်လှန်ရေးတစ်ခုတွင် ပြည်သူနှင့် ဦးဆောင်သူများကြား၊ တော်လှန်ရေးအင်အားစုများနှင့် သတင်းပေးပို့သူများကြား အပြန်အလှန်ယုံကြည်မှုသည် အဓိက အုတ်မြစ်ဖြစ်သည်။ သတင်းပေးပို့သူများ၏ ပေးဆပ်မှုကို လျှော့တွက်ခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းက အဆိုပါ ယုံကြည်မှုကို ထိခိုက်စေပြီး အချင်းချင်း သံသယဝင်လာခြင်းကို ဦးတည်စေသည်။ 🔸 လုံခြုံရေးဆိုင်ရာ ပေါ့ဆမှုများနှင့် ထိခိုက်ဆုံးရှုံးမှုများ။ သတင်းရင်းမြစ်များနှင့် သတင်းပေးပို့သူများ၏ လုံခြုံရေးကို ဦးစားပေးကာ တန်ဖိုးထားစောင့်ရှောက်ရန် ပျက်ကွက်ပါက ရန်သူ့ဘက်မှ ထောက်လှမ်းရေးယန္တရားများက ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် လွယ်ကူသွားစေသည်။ ဤအခြေအနေသည် တာဝန်သိပြည်သူများအား ဖိနှိပ်ခံရမှုဒဏ်ကို ပိုမိုဆိုးရွားစွာ ရင်ဆိုင်စေရုံသာမက နောင်တွင် သတင်းပေးလိုစိတ်များကိုလည်း အပြီးတိုင် သတ်ပစ်လိုက်သကဲ့သို့ ဖြစ်စေသည်။ 🔹 တန်ဖိုးထားမှုနှင့် အကာအကွယ်ပေးမှု အားနည်းခြင်း၏ အခြားနောက်ဆက်တွဲများ။ * တော်လှန်ရေးအပေါ် လူထုပါဝင်မှု အားနည်းလာခြင်းနှင့် စိတ်ဓာတ်ကျဆင်းလာခြင်း။ * အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ကျဆင်းသွားခြင်း။ * ရန်သူ့ဘက်တော်သားများ၏ ဝါဒဖြန့်မှုနှင့် ထိုးဖောက်ဝင်ရောက်မှုများကို မကာကွယ်နိုင်တော့ခြင်း။ ဤကဲ့သို့သော အကျိုးဆက်ဆိုးများကို ရှောင်ရှားနိုင်ရန်အတွက် တော်လှန်ရေးကာလအတွင်း အဖိုးတန်လှသည့် သတင်းအချက်အလက်များကို ပေးပို့နေကြသော တာဝန်သိပြည်သူများကို အမြဲတမ်း ကျေးဇူးတင်လေးစားခြင်း၊ လုံခြုံရေးအရ အထူးဂရုစိုက် ကာကွယ်ပေးခြင်းနှင့် ၎င်းတို့၏ စွန့်လွှတ်စွန့်စားမှုများကို ထိုက်တန်စွာ အသိအမှတ်ပြုခြင်းတို့သည် မရှိမဖြစ် လိုအပ်လှပါသည်။ #Eagle_Information_Operator #RevolutionaryUpdates #InformationSecurity #PeoplePower #MyanmarRevolution

EIO
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ (Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။ တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 056
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 7:57PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 056
လေကြောင်းတိုက်ခိုက်မှုသတင်း ရက်စွဲ ၀၃.၈.၂၀၂၆ အချိန် ၇ နာရီ ၊ ၃၅ မိနစ် ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)မှလွှတ်တင်လိုက်သော ခွေးဆူဆိုက်ဒရုန်းနှစ်စီးအနက် ပထမ ဆူဆိုက်သည် ဝက်လက်မြို့အရှေ့တောင်ဘက်တနေရာသို့ (၆)နာရီ (၄၉)မိနစ်နှင့် ဒုတိယဆူဆိုက်သည် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းတနေရာသို့ (၆)နာရီ (၅၃)မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားပြီး အထိခိုက်ရှိ/မရှိစီစစ်ဆဲဖြစ်ကြောင်းသတင်းရရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းသတိ လေကြောင်းအသိဖြင့် နေထိုင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပကဖ၊ဝက်လက်မြို့နယ်၊NUG

EIO
1 056
⚜️ #EIO_Update_News ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 7:52PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 056
photo content
+1

EIO
1 056
လေယာဉ်အတက်အဆင်း ၇,၀၀၀ ကျော် ၏ နောက်ကွယ် ◾️ လေယာဉ် အတက်အဆင်းအကြိမ်ရေ ၇၀၀၀ ကျော် ဘယ်နေရာတွေက လုပ်ခဲ့ကြလဲ မြန်မာနိုင်ငံတဝှမ်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်အုပ်စုဟာ ၂၀၂၅ ဇွန် ၁၆ ကနေ စက်တင်ဘာ ၁၆ (၃ လ အတွင်း) လေယာဉ်၊ ရဟတ်ယာဉ် အကြိမ်ရေ (၇,၃၇၁) ကြိမ် အတက်အဆင်း ပြုလုပ်ခဲ့ပါတယ်။ လေတပ်စခန်းဌာနချုပ်တွေက စစ်အုပ်စု အဓိကသုံးတဲ့ နေရာတွေဖြစ်ပြီး လေတပ်စခန်းတွေ၊ တပ်ရင်းတပ်မတွေ၊ ပျူရွာတွေနဲ့ စာသင်ကျောင်းကိုလည်း လေယာဉ်၊ ရဟတ်ယာဉ် အတက်အဆင်းလုပ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ မြန်မာပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတခွင် လက်လှမ်းမှီတဲ့ တံတားဦးလေတပ်စခန်းဌာနချုပ် - လတခ(တတဥ) ဟာ အတက် (၁,၆၁၇) ကြိမ်၊ အဆင်း (၁,၅၄၂) ကြိမ်နဲ့ အများဆုံး အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ မိတ္ထီလာက လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ် (လသခ) ဖြစ်ပြီး အတက် (၁,၄၅၂) ကြိမ် နဲ့ အဆင်း (၁,၁၁၉) ကြိမ်ထိ ရှိခဲ့ပါတယ်။ တတိယကတော့ စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်လေတပ်စခန်း - လတခ(နပတ) ကနေ အတက် (၁,၀၀၄) ကြိမ်၊ အဆင်း (၈၈၈) ကြိမ်နဲ့ ဖြစ်ပါတယ်။ မကွေး၊ ချင်းနဲ့ အညာဒေသတခွင် အချိန်တိုအတွင်း ပျံသန်းနိုင်တဲ့ မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) မှာလည်း အတက် (၄၃၁) ကြိမ် နဲ့ အဆင်း (၄၆၂) ကြိမ်ထိ ရှိခဲ့ပါတယ်။ တောင်ပိုင်းဒေသ အနီးဆုံးဖြစ်တဲ့ မှော်ဘီလေတပ်စခန်း - လတခ(မဘ) မှာ အတက် (၅၈၀) ကြိမ် နဲ့ အဆင်း (၅၆၇) ကြိမ်ထိ ရှိပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် (ဒလခ) ကိုတော့ အတက် (၃၈၁) ကြိမ် နဲ့ အဆင်း (၂၄၁) ကြိမ်ထိ သုံးခဲ့ကြပါတယ်။ တောင်ငူလေတပ်စခန်းဌာနချုပ် (တလခ) ကနေလည်း အတက် (၂၁၃) ကြိမ်နဲ့ အဆင်း (၂၀၁) ကြိမ်၊ မြိတ်လေတပ်စခန်းဌာနချုပ် (မလခ) ကနေ အတက် အကြိမ် (၁၂၀) နဲ့ အဆင်း (၁၁၉) ကြိမ်ထိ ရှိခဲ့ပါတယ်။ လေ့ကျင့်ရေးအတွက် အသုံးများတဲ့ ပုသိမ်လေတပ်စခန်းဌာနချုပ် (ပလခ) ကိုတော့ အတက် (၃၃၂) ကြိမ် နဲ့ အဆင်း (၃၀၄) ကြိမ်ထိ သုံးခဲ့ကြပါတယ်။ အရပ်ဘက်လေယာဉ် (၅) ကွင်းထိ အသုံးပြုခဲ့ကြပြီး မုံရွာလေယာဉ်ကွင်းကနေ အတက် (၃၃) ကြိမ် နဲ့ အဆင်း (၄၀) ကြိမ်ထိ ရှိခဲ့ပါတယ်။ ကလေးလေယာဉ်ကွင်းကနေ အတက် (၁၇) ကြိမ် နဲ့ အဆင်း (၁၈) ကြိမ်၊ အနီးစခန်း လေယာဉ်ကနေ အတက် (၆) ကြိမ် နဲ့ အဆင်း (၈) ကြိမ်၊ မော်လမြိုင်ကွင်းကနေ အတက် (၅) ကြိမ် နဲ့ အဆင်း (၁) ကြိမ်၊ ဗန်းမော် လေယာဉ်ကွင်းကနေ အတက် (၆) ကြိမ် နဲ့ အဆင်း (၄) ကြိမ်ထိ ရှိခဲ့ကြပါတယ်။ ရေဦးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာလည်း Mi-17 ရဟတ်ယာဉ် အတက်အဆင်း (၁) ကြိမ် ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းတပ်မတွေနဲ့ ပျူစောထီးတွေ ကြီးစိုးရာ ရွာတွေကိုလည်း အတက် (၃၁၆) ကြိမ်နဲ့ အဆင်း (၃၃၅) ကြိမ် အသုံးပြုခဲ့ကြပါတယ်။ ၃ လအတွင်း စစ်အုပ်စုရဲ့ လေယာဉ်၊ ရဟတ်ယာဉ် အတက်အဆင်း (၇,၃၇၁) ကြိမ်စီမှာ အတက်အကြိမ်ရေ (၆,၉၀၃) ကြိမ်နဲ့ အဆင်း (၆,၂၃၄) ကြိမ်ထိ အတက်အဆင်းနေရာများကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီ ၃ လအတွင်း အနည်းဆုံး လေယာဉ်ဆီ အင်ပီရီယံဂါလံ IG ၃,၉၁၁,၆၅၆ (၃.၉ သန်းကျော်) သုံးစွဲခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ဆီဈေးအရ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး (၉,၆၆၃,၈၄၀) ကုန်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် သွေးစွန်းငွေတွေ ဘယ်က ရနေကြတာလဲ❓❓❓ #DevilAirbasesBloodyFuel #AdvocacyReport #SanctionAviationFuel #CutTheRoute #CloseTheSky #WhatsHappeningInMyanmar #BloodMoneyCampaignMM

EIO
1 056
Repost from EIO
photo content