en
Feedback
EIO

EIO

Open in Telegram

See early.Know first.Stay Safe.‼️ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 057
Subscribers
-124 hours
+47 days
+130 days
Posts Archive
EIO
1 057
လေကြောင်းတိုက်ခိုက်မှုသတင်း ရက်စွဲ ၀၃.၈.၂၀၂၆ အချိန် ၇ နာရီ ၊ ၃၅ မိနစ် ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)မှလွှတ်တင်လိုက်သော ခွေးဆူဆိုက်ဒရုန်းနှစ်စီးအနက် ပထမ ဆူဆိုက်သည် ဝက်လက်မြို့အရှေ့တောင်ဘက်တနေရာသို့ (၆)နာရီ (၄၉)မိနစ်နှင့် ဒုတိယဆူဆိုက်သည် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းတနေရာသို့ (၆)နာရီ (၅၃)မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားပြီး အထိခိုက်ရှိ/မရှိစီစစ်ဆဲဖြစ်ကြောင်းသတင်းရရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းသတိ လေကြောင်းအသိဖြင့် နေထိုင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပကဖ၊ဝက်လက်မြို့နယ်၊NUG

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 7:52PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
photo content
+1

EIO
1 057
လေယာဉ်အတက်အဆင်း ၇,၀၀၀ ကျော် ၏ နောက်ကွယ် ◾️ လေယာဉ် အတက်အဆင်းအကြိမ်ရေ ၇၀၀၀ ကျော် ဘယ်နေရာတွေက လုပ်ခဲ့ကြလဲ မြန်မာနိုင်ငံတဝှမ်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်အုပ်စုဟာ ၂၀၂၅ ဇွန် ၁၆ ကနေ စက်တင်ဘာ ၁၆ (၃ လ အတွင်း) လေယာဉ်၊ ရဟတ်ယာဉ် အကြိမ်ရေ (၇,၃၇၁) ကြိမ် အတက်အဆင်း ပြုလုပ်ခဲ့ပါတယ်။ လေတပ်စခန်းဌာနချုပ်တွေက စစ်အုပ်စု အဓိကသုံးတဲ့ နေရာတွေဖြစ်ပြီး လေတပ်စခန်းတွေ၊ တပ်ရင်းတပ်မတွေ၊ ပျူရွာတွေနဲ့ စာသင်ကျောင်းကိုလည်း လေယာဉ်၊ ရဟတ်ယာဉ် အတက်အဆင်းလုပ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ မြန်မာပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတခွင် လက်လှမ်းမှီတဲ့ တံတားဦးလေတပ်စခန်းဌာနချုပ် - လတခ(တတဥ) ဟာ အတက် (၁,၆၁၇) ကြိမ်၊ အဆင်း (၁,၅၄၂) ကြိမ်နဲ့ အများဆုံး အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ မိတ္ထီလာက လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ် (လသခ) ဖြစ်ပြီး အတက် (၁,၄၅၂) ကြိမ် နဲ့ အဆင်း (၁,၁၁၉) ကြိမ်ထိ ရှိခဲ့ပါတယ်။ တတိယကတော့ စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်လေတပ်စခန်း - လတခ(နပတ) ကနေ အတက် (၁,၀၀၄) ကြိမ်၊ အဆင်း (၈၈၈) ကြိမ်နဲ့ ဖြစ်ပါတယ်။ မကွေး၊ ချင်းနဲ့ အညာဒေသတခွင် အချိန်တိုအတွင်း ပျံသန်းနိုင်တဲ့ မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) မှာလည်း အတက် (၄၃၁) ကြိမ် နဲ့ အဆင်း (၄၆၂) ကြိမ်ထိ ရှိခဲ့ပါတယ်။ တောင်ပိုင်းဒေသ အနီးဆုံးဖြစ်တဲ့ မှော်ဘီလေတပ်စခန်း - လတခ(မဘ) မှာ အတက် (၅၈၀) ကြိမ် နဲ့ အဆင်း (၅၆၇) ကြိမ်ထိ ရှိပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် (ဒလခ) ကိုတော့ အတက် (၃၈၁) ကြိမ် နဲ့ အဆင်း (၂၄၁) ကြိမ်ထိ သုံးခဲ့ကြပါတယ်။ တောင်ငူလေတပ်စခန်းဌာနချုပ် (တလခ) ကနေလည်း အတက် (၂၁၃) ကြိမ်နဲ့ အဆင်း (၂၀၁) ကြိမ်၊ မြိတ်လေတပ်စခန်းဌာနချုပ် (မလခ) ကနေ အတက် အကြိမ် (၁၂၀) နဲ့ အဆင်း (၁၁၉) ကြိမ်ထိ ရှိခဲ့ပါတယ်။ လေ့ကျင့်ရေးအတွက် အသုံးများတဲ့ ပုသိမ်လေတပ်စခန်းဌာနချုပ် (ပလခ) ကိုတော့ အတက် (၃၃၂) ကြိမ် နဲ့ အဆင်း (၃၀၄) ကြိမ်ထိ သုံးခဲ့ကြပါတယ်။ အရပ်ဘက်လေယာဉ် (၅) ကွင်းထိ အသုံးပြုခဲ့ကြပြီး မုံရွာလေယာဉ်ကွင်းကနေ အတက် (၃၃) ကြိမ် နဲ့ အဆင်း (၄၀) ကြိမ်ထိ ရှိခဲ့ပါတယ်။ ကလေးလေယာဉ်ကွင်းကနေ အတက် (၁၇) ကြိမ် နဲ့ အဆင်း (၁၈) ကြိမ်၊ အနီးစခန်း လေယာဉ်ကနေ အတက် (၆) ကြိမ် နဲ့ အဆင်း (၈) ကြိမ်၊ မော်လမြိုင်ကွင်းကနေ အတက် (၅) ကြိမ် နဲ့ အဆင်း (၁) ကြိမ်၊ ဗန်းမော် လေယာဉ်ကွင်းကနေ အတက် (၆) ကြိမ် နဲ့ အဆင်း (၄) ကြိမ်ထိ ရှိခဲ့ကြပါတယ်။ ရေဦးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာလည်း Mi-17 ရဟတ်ယာဉ် အတက်အဆင်း (၁) ကြိမ် ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းတပ်မတွေနဲ့ ပျူစောထီးတွေ ကြီးစိုးရာ ရွာတွေကိုလည်း အတက် (၃၁၆) ကြိမ်နဲ့ အဆင်း (၃၃၅) ကြိမ် အသုံးပြုခဲ့ကြပါတယ်။ ၃ လအတွင်း စစ်အုပ်စုရဲ့ လေယာဉ်၊ ရဟတ်ယာဉ် အတက်အဆင်း (၇,၃၇၁) ကြိမ်စီမှာ အတက်အကြိမ်ရေ (၆,၉၀၃) ကြိမ်နဲ့ အဆင်း (၆,၂၃၄) ကြိမ်ထိ အတက်အဆင်းနေရာများကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီ ၃ လအတွင်း အနည်းဆုံး လေယာဉ်ဆီ အင်ပီရီယံဂါလံ IG ၃,၉၁၁,၆၅၆ (၃.၉ သန်းကျော်) သုံးစွဲခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ဆီဈေးအရ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး (၉,၆၆၃,၈၄၀) ကုန်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် သွေးစွန်းငွေတွေ ဘယ်က ရနေကြတာလဲ❓❓❓ #DevilAirbasesBloodyFuel #AdvocacyReport #SanctionAviationFuel #CutTheRoute #CloseTheSky #WhatsHappeningInMyanmar #BloodMoneyCampaignMM

EIO
1 057
Repost from EIO
photo content

EIO
1 057
Repost from EIO
အရေးပေါ် ဆုတ်ခွာရပါက မိမိတို့၏ အရေးကြီး စာရွက်စာတမ်းများ၊ ဖုန်းများနှင့် ဆက်သွယ်ရေး ကိရိယာများကို ရန်သူ့လက်ထဲ မပါသွားစေရန် ချက်ချင်း ဖျက်ဆီးပစ်နိုင်မည့် အစီအစဉ် ရှိရပါမည်။ ⚠️ စစ်ရေးသတိပေးချက်။ "စစ်မြေပြင်တွင် စကားကျွံခြင်း၊ ဓာတ်ပုံတစ်ပုံ အလောတကြီး တင်မိခြင်းသည် ရန်သူ့ထံသို့ လေကြောင်းဗုံးကြဲရန် ဖိတ်ခေါ်စာ ပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။" တိုက်ပွဲတစ်ပွဲ၊မစ်ရှင်တစ်ခု ဖော်ဆောင်နိုင်ခြင်းသည် အလုံးစုံ တော်လှန်ရေးပြီးသွားတာမျိုးမဟုတ်သည့်အတွက် အစစအရာရာ ဂရုစိုက်ကြဖို့ရန် အထူးလိုအပ်ပါသည်။ #OPSEC သည် ရှုပ်ထွေးပြီး စည်းကမ်းများလှသည်ဟု ထင်ရသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ် တော်လှန်ရာတွင် မိမိတို့ဘက်က အထိအခိုက် အနည်းဆုံးဖြင့် အောင်ပွဲရရှိရန်အတွက် အခြေခံအကျဆုံး စစ်ဦးစီးအတတ်ပညာ ဖြစ်ပါသည်။ "စစ်ရေးသတိ အမြဲရှိပါ၊ အချက်အလက်ကို မြှုပ်နှံပါ၊ စစ်ဆင်ရေး လျှို့ဝှက်ချက်ကို ထိန်းသိမ်းပြီး အောင်ပွဲဆီသို့ အတူချီတက်ကြပါစို့"လို့တိုက်တွန်းနှိုးဆော်ရင်း....... #OPSEC #MilitarySecurity #Eagle_Information_Operator #EIO #SpringRevolution #DigitalSecurity #WhatsHappeningInMyanmar

EIO
1 057
Repost from EIO
"နွေဦးတော်လှန်ရေးနှင့် စစ်ရေးဆိုင်ရာ" #OPSEC (Operational Security) ⚠️ စစ်ဆင်ရေးအောင်မြင်မှုနှင့် ရဲဘော်များ၏ အသက်ကို ကာကွယ်ခြင်း။ နွေဦးတော်လှန်ရေး၏ စစ်ရေးလှုပ်ရှားမှုများ၊ ပြောက်ကျားစစ်ဆင်ရေးများနှင့် စစ်ကြောင်းလှုပ်ရှားမှုများတွင် အောင်ပွဲရရှိရန်နှင့် ရဲဘော်များ၏ အသက်ကို ကာကွယ်ရန်အတွက် #OPSEC (Operational Security) သည် မရှိမဖြစ် အရေးအကြီးဆုံး လက်နက်တစ်ခု ဖြစ်သည်။ စစ်ရေးတွင် #OPSEC အားနည်းပါက ရန်သူ့ထံ စစ်ရေးလျှို့ဝှက်ချက်များ ပေါက်ကြားပြီး စစ်ဆင်ရေးတစ်ခုလုံး ပျက်စီးရုံသာမက တန်ဖိုးမဖြတ်နိုင်သော ရဲဘော်များ၏ အသက်ပေါင်းများစွာ ဆုံးရှုံးရနိုင်ပါသည်။ 🚨 စစ်ရေးဆိုင်ရာ #OPSEC ဆိုတာ ဘာလဲ ⁉️ စစ်ရေးဆိုင်ရာ #OPSEC (Operational Security) ဆိုသည်မှာ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများ၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးရည်ရွယ်ချက်၊ စစ်ကြောင်းလှုပ်ရှားမှု၊ အင်အားဖြည့်တင်းမှု၊ စစ်လက်နက်ပစ္စည်း တည်နေရာ၊စခန်းချရာတည်နေရာများ နှင့် စစ်ဆင်ရေးအစီအစဉ် အစရှိသည့် "အရေးကြီး သတင်းအချက်အလက်များ (Critical Information)" ကို ရန်သူက ကြိုတင်ရယူ မသိရှိနိုင်အောင် စနစ်တကျ ကာကွယ်၊ ဖုံးကွယ်ပြီး ထိန်းချုပ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ စစ်မြေပြင်တွင် မိမိဘက်က မည်မျှပင် လက်နက်အင်အား သာလွန်ပါစေ၊ #OPSEC ပေါက်ကြားသွားပါက ရန်သူ၏ ကြိုတင်ပြင်ဆင်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံရပြီး စစ်ရှုံးနိုင်ခြေ အလွန်များပါသည်။ 🚨 စစ်ရေးတွင် #OPSEC ဘာကြောင့် အသက်တမျှ အရေးကြီးရသလဲ ⁉️ လက်ရှိတော်လှန်ရေးတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းများအပြင် နည်းပညာမြင့် ကိရိယာများဖြစ်သော #Drone များ၊ တိုက်လေယာဉ်များ၊ လေကြောင်းကင်းထောက်မှုများနှင့် ဖုန်းလိုင်း/အင်တာနက် ကြားဖြတ်နားထောင်မှုများကို အလွန်အကျွံ အသုံးပြုလာပါသည်။ မိမိတို့ဘက်မှ အချက်အလက် အစအနတစ်ခုလေး ပေါက်ကြားသွားရုံဖြင့် ရန်သူသည် ကွန်ပျူတာဗေဒ (Computer Vision) နှင့် အချက်အလက်ဆန်းစစ်မှုများ အသုံးပြုကာ မိမိတို့တပ်စခန်းများ၏ တည်နေရာကို ရှာဖွေပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် လှမ်းထုခြင်းများ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ 🛡️ စစ်ရေးအောင်မြင်မှုအတွက် မဖြစ်မနေ လိုက်နာရမည့် #OPSEC စည်းကမ်းများ။ ၁။ စစ်ကြောင်းလှုပ်ရှားမှုနှင့် တည်နေရာ လျှို့ဝှက်ခြင်း။ (Movement & Location Security) ⚠️ စစ်ကြောင်းသွားမည့် လမ်းကြောင်းကို ကြိုတင်မပြောပါနှင့်။ မည်သည့်စစ်ကြောင်း၊ မည်သည့်အဖွဲ့ မည်သည့်နေရာသို့ ချီတက်မည်၊ မည်သည့်အချိန်တွင် ရွှေ့ပြောင်းမည်ကို ကာယကံရှင် ရဲဘော်များပင် ကြိုတင်မသိရှိစေဘဲ အမိန့်ပေးချိန်မှသာ သိရှိစေသည့် စနစ်ကို ကျင့်သုံးရပါမည်။ ⚠️ စခန်းချသည့်နေရာများကို သတိပြုပါ။ မိမိတို့ ယာယီစခန်းချသည့် နေရာများ၊ ကင်းပုန်းဝပ်သည့် နေရာများကို ဒေသခံများပင် ကြိုတင်မသိရှိစေရန် အထူးဂရုစိုက်ရပါမည်။ ၂။ စစ်မြေပြင် ဒီဂျစ်တယ်နှင့် ဆက်သွယ်ရေးလုံခြုံရေး။ (Comms OPSEC) ⚠️ ဖုန်းနှင့် #Walkie-Talkie (စကားပြောစက်) အသုံးပြုမှုကို ထိန်းချုပ်ပါ။ ရန်သူသည် စစ်မြေပြင်အနီးရှိ ဖုန်းလိုင်းများနှင့် စကားပြောစက်လိုင်းများကို ကြားဖြတ်နားထောင်လေ့ရှိသည်။ ထို့ကြောင့် စစ်ဆင်ရေးကာလအတွင်း လျှို့ဝှက်ကုဒ်များ (Code Words) ကိုသာ သုံးရမည်ဖြစ်ပြီး၊ တည့်တည့်ပြောဆိုခြင်းကို လုံးဝ-လုံဝရှောင်ကြဉ်ရပါမည်။ ⚠️ ဓာတ်ပုံနှင့် ဗီဒီယို မီဒီယာထိန်းချုပ်မှု။ (Media Discipline) စစ်မြေပြင်တွင် ရိုက်ကူးသော ဓာတ်ပုံ/ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ ချက်ချင်းတင်ခြင်း လုံးဝမပြုလုပ်ရပါ။ ဓာတ်ပုံနောက်ကွယ်ရှိ တည်နေရာပြအချက်အလက် (Photo Metadata/GPS Location) များကို မဖျက်ဘဲ အင်တာနက်ပေါ် ပေးပို့ခြင်း (သို့မဟုတ်) တင်ခြင်းကို တင်းကျပ်စွာ တားမြစ်ရပါမည်။ စခန်းနောက်ခံ ရှုခင်းများ၊ တောင်တန်းပုံသဏ္ဍာန်များနှင့် အထင်ကရနေရာများ ဓာတ်ပုံထဲပါသွားပါက ရန်သူက ဂြိုဟ်တုမြေပုံ (#Satellite Imagery) နှင့် တိုက်ဆိုင်စစ်ဆေးကာ စခန်းတည်နေရာကို ဖော်ထုတ်နိုင်ပါသည်။ ၃။ စစ်ဆင်ရေးအပြီး ပျက်စီးဆုံးရှုံးမှု ဆန်းစစ်ခြင်း (#Battle_Damage_Assessment - #BDA ) ရန်သူ့စခန်းကိုတိုက်ခိုက်ပြီးနောက် (သို့မဟုတ်) မိမိတို့ဘက်က တိုက်ခိုက်ခံရပြီးနောက် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အွန်လိုင်းပေါ်တွင် စာဖြင့်ဖြစ်စေ၊ ဓာတ်ပုံဖြင့်ဖြစ်စေ အသေးစိတ် သတင်းထုတ်ပြန်ခြင်း မပြုရပါ။ မိမိတို့ဘက်က မည်မျှထိခိုက်သွားသည်ကို ရန်သူသိရှိသွားပါက ၎င်းတို့၏ တိုက်ခိုက်မှု မည်မျှထိရောက်သည်ကို တွက်ချက်နိုင်သွားပြီး နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းစပေးသလို ဖြစ်သွားတတ်ပါသည်။ ၄။ အရေးပေါ် ဆုတ်ခွာခြင်းနှင့် လုံခြုံရေးအစီအစဉ်။ (Extraction & Contingency Plan) စစ်ဆင်ရေးတိုင်းတွင် Plan A အပြင် အခြေအနေ မဟန်ပါက ဘေးကင်းစွာ ဆုတ်ခွာနိုင်မည့် လမ်းကြောင်းနှင့် အစီအစဉ် (Extraction Plan) ကို ကြိုတင်စနစ်တကျ ရေးဆွဲထားရပါမည်။

EIO
1 057
(3,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက်စစ်ကောင်စီဌာနချုပ်မှ တက်လာသော Mi-35P Attack Helicopter (1)စီးသည် စစ်ကိုင်းတိ
(3,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက်စစ်ကောင်စီဌာနချုပ်မှ တက်လာသော Mi-35P Attack Helicopter (1)စီးသည် စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:46)PM အချိန်မှစ၍ (5:57)PM အချိန်ဝန်းကျင်ခန့်အထိ လေကြောင်း တိုက်ခိုက်မှုများ (10)ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
(3,9,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တက်လာသော Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့
(3,9,2026)၊ မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တက်လာသော Jet Fighter (1)စီးသည် စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:40,41)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
(3,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတို
(3,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊‌ မြောင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:20)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
Repost from EIO
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက - ⚠️လှုပ်ရှားမှု ရပ်တန့်ပါ။ အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။ ⚠️တောက်ပသောအရောင်များ ရှောင်ပါ။ ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။ ⚠️အလင်းပြန်ခြင်းကို ထိန်းပါ။ ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။ ⚠️အရေးကြီးသော မှတ်ချက်။ လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📧 http://www.eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator

EIO
1 057
Repost from EIO
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨
​🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ​⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ​ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ​⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ ​🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨​Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 ​စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ ​မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ ​🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ​⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 ​အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ ​စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ​ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ ​📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
​⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
​"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ​#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ် ကျီကုန်းရွာရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 11:36AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News 📌 ချောင်းဦးနယ်၊ ရွှေဒါးကျရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Sep 3, 11:11AM @EIO2021_bot ၊ @EagleInformationOperator_bot #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 057
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ မြေနဲရွာထိပ်ရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 10:58AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ် ရွှေဒါးကျရွာမှ ထွက်လာသော စခများနှင့် စခကားများသည် ရွှေဒါးကျရွာမုဒ်ဝမှ ရွှေဒါးကျရွာအတွင်းသို့ ပြန်လည်ဝင်‌ေရာက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 10:51AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ် ရွှေဒါးကျရွာမှ ထွက်လာသော စခများနှင့် စခကားများသည် ရွှေဒါးကျရွာမုဒ်ဝမှ အရှေ့အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 10:43AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ၆ဘီးကား(၂)စီးသည် ခင်မွန်ရွာထိပ်မှ ခင်မွန်ရွာအနောက်ဘက်တွင် စခ(၁)ဖွဲ့၊ကျီးကုန်းရွာအရိုးဘုရားအနီး(၁)ဖွဲ့ ချထားကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 10:19AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ၆ဘီးကား(၂)စီးသည် ခင်မွန်ရွာထိပ်မှ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 10:15AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ ၆ဘီးကား(၂)စီးသည် ခင်မွန်ရွာထိပ်မှ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 3, 9:54AM @EIO2021_bot ၊ @EagleInformationOperator_bot