en
Feedback
နွေလေပြေ

နွေလေပြေ

Open in Telegram
2 916
Subscribers
-324 hours
-387 days
-9130 days
Posts Archive

2020 ကိုဗစ်ကာလမှာ လုပ်ခဲ့တဲ့အရာတွေထဲမှာ ဒီ Body Casting လည်းပါတယ် 😁 အိမ်ပြင်မထွက်ရတော့ Lazada ကနေ ပစ္စည်းတွေမှာ YouTube ကြည့်ပြီး လျှောက်လုပ်ပေါ့လေ .. ပိုက်ဆံတွေသာကုန်သွားတယ် တစ်ခုမှ ကောင်းကောင်းကန်းကန်း မရလိုက်ဘူးရယ်

Move on photo be like 😁
Move on photo be like 😁

ခေတ်က ပြောင်းပြန်ဖြစ်နေပြီ ရေခဲသေတ္တာဝယ်ထားတာ လတ်လတ်ဆတ်ဆတ် စားရမယ့်အစား ထမင်းကျန်ဟင်းကျန်တွေပဲ သိမ်းပြီး စားနေရတယ်တဲ့ ကော့သောင်းကျွန်းစုဘက် ခရီးသွားတုန်း တရက်ကျ ဆလုံကျွန်းဘက် သွားလည်ဖြစ်ကြတယ် ပင်လယ်ပြင်ခရီးဆိုတော့ ရေကူးဝတ်စုံသဘောမျိုး Beach wear two pieces ဝတ်ပြီး အပေါ်က life jacket ပြန်ထပ်ဝတ်ပေါ့ ဒါမှ ပင်လယ်ပြင်ထဲမှာ Speed Boat နဲ့ ဓါတ်ပုံရိုက်တဲ့အခါ လွယ်တယ်ပေါ့လေ လမ်းပြဂိုက်က ဆလုံရွာကို ဝင်လည်ကြမယ် ပြောတော့ ကိုယ့်မျက်စိထဲ တန်းနေအောင်မြင်မိတာက ပုဆိုးနံငယ်ပိုင်းလေးဝတ်ပြီး ကိုယ်ခန္ဓာအထက်ပိုင်း ဗလာကျင်းနဲ့ ဆံပင်ရှည်တွေ ရှုပ်ပွနေပြီး နေလောင်တဲ့အသားအရည်ရှိတဲ့ လူမျိုးစုတွေပေါ့လေ ဆလုံရွာရှိတဲ့ ကျွန်းဘက်ရောက်တော့ ကမ်းခြေမှာ ယိုင်နဲ့နဲ့တဲအိမ်လေးတွေ ခပ်စုစုတွေ့ရတယ် အတော်ဟောင်းနွမ်းနေကြပြီ လူတွေတော့ မတွေ့ရလို့ လမ်းပြဂိုက်ကို မေးကြည့်တော့ ဆလုံတွေက အခု ကျွန်းပေါ်မှာ နေကြတာတဲ့ ကျွန်းပေါ်ကို စပြီးတက်ကြတော့ ကိုယ်က အပေါ်ဝတ် Life jacket ချွတ်ထားပစ်ခဲ့လိုက်တယ် ဆလုံတွေတောင် ဘာမှမဝတ်ကြတာ ငါလည်း အသားဖြူနေတာကလွဲရင် တူတူပါပဲ ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ ရွားအနားနီးလာတော့ သီချင်းသံစပြီး ကြားရတယ် အဆိုတော် လေးဖြူရဲ့ သီချင်းတစ်ပုဒ်ပဲ ကျယ်ကျယ်လောင်လောင်ကို ဖွင့်ထားတာမျိုး အော် ဆလုံတွေတောင် သီချင်းနားထောင်တတ်နေပြီပေါ့ ဒီလိုနဲ့ ရွာလယ်လမ်းရောက်လာတော့ ဧည့်သည်တွေလာတယ်ဆိုပြီး ဆလုံတွေက အိမ်ထဲကနေ ထွက်လာပြီး ကြည့်ကြတယ် ဆံပင်ကေတိုလေးတွေ ရှပ်လက်တို/ရှည်တွေ ပုဆိုးတွေ ဘောင်းဘီတွေနဲ့ သပ်သပ်ရပ်ရပ်ပဲ ကိုယ့်စိတ်ထဲက တွေးထားသလိုမျိုး နံငယ်ပိုင်းနဲ့ မပါဘူး ကိုယ်တွေအဖွဲ့ကသာ ရွာလယ်ခေါင်မှာ tow pieces လေးတွေနဲ့ ဝိုင်းကြည့်နေတဲ့ လူတွေကြား ဟိုဟာဖုံးရမလို ဒီဟာဖိရမလိုနဲ့ ရွာသားတွေကလည်း ကျွန်းပေါ်မှာ အုန်းသီးစိမ်းပေါပေမယ့် အုန်းသီးဖြူတော့ မမြင်ဖူးကြလို့ထင်ပါရဲ့ သေသေချာချာလေး ကြည့်ကြရှာပါတယ် ကုသိုလ်ဆိုပါတော့လေ 😁 ဓါတ်ပုံတူတူရိုက်ဖို့ စကားပြောကြည့်ဖို့တွေ တစ်ခုမှ သတိမရတော့ပဲ ခပ်တည်တည်နဲ့ ရွာလယ်မှာ Cat Walk လျှောက်ပြီး ပြန်ခဲ့ရတယ် ပင်လယ်ပြင်သွား၍ ဆလုံအကြည့်ခံခြင်း အမှတ်တရပေါ့ #နွေလေပြေ

X acc တော့ရှိတယ်လေ 😅 အသက်မပြည့်သေးတော့ ဘာမှကြည့်မရဘူး
X acc တော့ရှိတယ်လေ 😅 အသက်မပြည့်သေးတော့ ဘာမှကြည့်မရဘူး

Facebook & messenger အသုံးပြုလို့ ရကြပါသလား

ဒါက lady boy တဲ့ 😱 ကိုယ်ပဲ စပ်စပ်ဆော့ဆော့ သွားဝင်ကြည့်ပြီး ကိုယ်ပဲ ပါးစပ်ကြီး ဟပြီးပြန်လာခဲ့ရတယ်
+1
ဒါက lady boy တဲ့ 😱 ကိုယ်ပဲ စပ်စပ်ဆော့ဆော့ သွားဝင်ကြည့်ပြီး ကိုယ်ပဲ ပါးစပ်ကြီး ဟပြီးပြန်လာခဲ့ရတယ်

ဘာမှ မဟုတ်ဘူး 😁 FB acc ပြန်ရပြီလို့ လာပြောပြတာ
+3
ဘာမှ မဟုတ်ဘူး 😁 FB acc ပြန်ရပြီလို့ လာပြောပြတာ

အိုင်စီ ( Iron Cross ) ဟာ အငဲကိုရခဲ့တာ ပြည့်စုံမှုတစ်ခုပဲ ဆိုတဲ့ခေါင်းစီးနဲ့ စာတစ်ပုဒ်ရေးချင်တယ် .. ဒါပေမယ့် ဒီကာလမှာ ပေါ်ပင်ဆန်နေမှာ စိုးလို့ ခဏလက်ရှောင်ပြီး သီချင်းပဲနားထောင်လိုက်ပါဦးမယ် .. အိုင်စီနဲ့ ကနဦး ပြဿနာတက်ကြတာလည်း ဦးငဲပဲ ဆိုတော့ 😅

ပြေးကြတော့လေ 😁
ပြေးကြတော့လေ 😁

အဟဲ

နည်းပညာနဲ့ လူတွေရဲ့ကြားက ပြဿနာ မဟုတ်ပဲ FB နဲ့ ကိုယ့်ရဲ့ကြားက စီးပွားရေး ပြဿနာပဲ ဖြစ်ပါတယ် .. FB က ကိုယ့်ရဲ့ social အသုံးပြုမှု လမ်းကြောင်းနဲ့ Audience တွေကို ထိန်းချုပ်ဖျော်ဖြေနိုင်စွမ်းကို သိသွားတယ် ဒီတော့ ဒေါ်လာနဲ့ မက်လုံးပေးပြီး နည်းပညာပိုင်းအရ ထိန်းချုပ် အလုပ်လုပ်ပေးစေချင်တယ် ကိုယ်ကလည်း ကိုယ့်ဘာသာ လုက်ချင်ရာသာ လုပ်တာ သူများက လာခိုင်းရင် လုံးဝမကြိုက် လိုက်မလုပ်တတ်တဲ့သူမျိုး တရက်တာအတွင်း organic follower နဲ့ reach ရောက်အောင် လမ်းကြောင်းချပြီး အသုံးပြုလို့ Bot လို့စွပ်စွဲပြီး အကောင့်ကိုတားမြစ်တယ် Video selfie နဲ့ ID ပြပြန်တော့လည်း အရင်အကောင့်နဲ့ တူတူပဲဖြစ်လို့ ဆိုပြီး ပိတ်ပင်ပြန်ပါတယ် ID ကို ရက် ၃၀ ကြာ record လုပ်ထားမှာ ဖြစ်လို့ အကောင့်သစ်ဖွင့်ဖို့ မလွယ်သေးပါဘူး ဆိုတော့ကာ ဒီရက်ပိုင်း လျှောက်သွားမယ် စာဖတ်မယ် အိမ်သန့်ရှင်းရေးလုပ်မယ် အပင်စိုက်မယ် မျက်စိကလည်း အနားပေးဖို့ တောင်းဆိုနေတာ တော်တော်ကြာပြီ ဆိုတော့ အတော်ပဲပေါ့ ဒါပါပဲ

အသစ်ဖွင့်ထားတဲ့ အကောင့်လည်း Suspended ဖြစ်သွားပါပြီနော် 😌 အကြောင်းပြချက်က သူတို့ပိတ်ထားတဲ့အကောင့်နဲ့ နာမည်ရော လူရော တူနေလို့
အသစ်ဖွင့်ထားတဲ့ အကောင့်လည်း Suspended ဖြစ်သွားပါပြီနော် 😌 အကြောင်းပြချက်က သူတို့ပိတ်ထားတဲ့အကောင့်နဲ့ နာမည်ရော လူရော တူနေလို့ပါတဲ့ ဒါကြောင့် နာမည်အသစ်နဲ့ လူအသစ် အရင်ရှာလိုက်ဦးမယ်နော် 😁 တွေ့မှပဲ ဒီမှာလာပြန်ပြောတော့မယ်

ဆန္ဒရှိကြရင် Friend add လို့ရပါတယ် ရှင့် https://www.facebook.com/share/199hhtkJA8/