နွေလေပြေ
Ir al canal en Telegram
2 857
Suscriptores
-124 horas
-277 días
-9630 días
Archivo de publicaciones
2 857
တော်တော်များများက ကျမရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေထိုင်မှုပုံစံကို သဘောကျကြပါတယ်
နောက်ပိုင်း မိန်းကလေးတွေပါ ပါလာတယ် ဆိုပါတော့
အဲဒီနောက်ပိုင်းမှာ ကျမ အနေအထိုင်ကို နည်းနည်းဆင်ခြင်လိုက်တာ တချို့ သတိထားမိမှာပါ
အခု ဒီမေးခွန်းက ကျမ ဆလုံကျွန်းပေါ်ကို two piece နဲ့တက်ပြီးလည်တယ် ဆိုတဲ့ပိုစ့်နဲ့ ပတ်သက်ပြီး မေးတာဖြစ်ပါတယ်တဲ့
ကျွန်းပေါ်တက်လည်တယ်
မပေါ့်တပေါ် ဝတ်ထားတယ်
ကျွန်းသားတွေ ဝိုင်းကြည့်ကြတယ်
ရုပ်ရှင်ထဲမှာဆိုရင် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး ဆိုပါတော့
ဒါက ဟာသသဘောနဲ့ တင်ဆက်ထားတဲ့ အများမြင်ရတဲ့ အပိုင်းပါ
မမြင်ရတဲ့ အပိုင်းမှာ
ကျမတို့က လုံခြုံရေး သေချာစီစဉ် ထားတာပါ
လူ့အသိုင်းအဝိုင်းကလည်း ယဉ်ကျေးမှု ရှိနေကြပါပြီ
ပြီးတော့ လိုအပ်ရင် အနီးကပ် ကာကွယ်ဖို့ ကိုယ်ရံတော် ၆ ယောက် ပါပါတယ်
Public awareness မဟုတ်လို့
ကျမက စာကို လိုအပ်သလောက်ပဲ ရေးတတ်လို့ပါ
ပြီးတော့ ကျမက အမြဲတမ်း
Decision maker နေရာ
Plan owner နေရာကပဲ နေသူဖြစ်လို့ တစုံတယောက်က ကျမကို လှည့်ဖျားဖို့ ခက်ခဲပါတယ်
ဒါကြောင့်လည်း Night life အကြောင်းတွေ မရေးဖြစ်တော့တာပါ
ကိုယ်က ဆင်ခြင်ဉာဏ်ရှိပြီး
အကာအကွယ် ရှိပေမယ့်
သူတပါးအတွက် ဘေးဥပါဒ်ဖြစ်မှာ
2 857
ထိုင်းမှာ ကျမနဲ့ ရင်းနှီတဲ့ OF content လုပ်နေတဲ့
ထိုင်းအမျိုးသမီးငယ်လေးတွေ ရှိတယ်
Content လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က
ပိုက်ဆံရဖို့ ဆိုပေမယ့် အဲဒီရလာတဲ့ ပိုက်ဆံကို ပြန်သုံးကြတဲ့နေရာ ကွဲပြားကြတာလေး ပြောပြချင်တာပါ
သူတို့ အားလုံးဟာ ဘန်ကောက်မြို့ပေါ်က မဟုတ်တဲ့
(ရန်ကုန်အခေါ်) နယ်က လူတွေများပါတယ်
ထိုင်းမှာက သူငယ်ချင်းဖြစ်ကြပေမယ့်
မြန်မာပြည်မှာလို တယောက်နဲ့တယောက်
Emotion & life plan ကို sharing လုပ်ကြတာ နည်းပါတယ်
ဒါကြောင့် သူတို့တယောက်ချင်းဆီကို
ကျမက ဘေးကနေပဲ ကြည့်ပြီး
ဘာတစ်ခုမှ ဝင်ပြီး အကြံဉာဏ်မပေးဖြစ်ပါဘူး
ပထမတယောက်က အသက် ၂၅ နှစ်အရွယ်
အရပ် ၅ ပေ ၆ မြင့်ပြီး ဆံပင်ကျောလည်လောက်နဲ့
လုံးကြီးပေါက်လှစတိုင်လ်နဲ့ ပလတ်စတစ်ဆာဂျရီမပါတဲ့
နဂိုချော ကောင်မလေး တယောက်ပါ
မြန်မာယူဇာ တချို့လည်း သူ့ကို သိနိုင်လောက်တဲ့ထိ
နာမည်ရှိပါတယ်
OF content ဆိုပေမယ့် nude အသားပေးတွေ များပြီး
ရံဖန်ရံခါ adult clips တွေမှာတော့ သူ့ရည်းစားနဲ့ပါ
တကယ်တော့ သူက မြို့အင်္ဂျင်နီယာဘွဲ့ရ တယောက်ပါ
ထိုင်းလို အခြေခံအဆောက်အဦး ဖွဲ့ဖြိုးပြီး နိုင်ငံမှာ
ကျောင်းဆင်းစ အင်္ဂျင်နီယာပေါက်စလေးအတွက်
လစာကောင်ူရနိုင်မယ့် အလုပ်ရှားပါးပါတယ်
ဒါကြောင့် သူကသူ့ရှေ့ရေးအတွက် OF content အဖြစ်
ရွေးချယ်ခဲ့တယ်လို့ မြင်ပါတယ်
OF content သက်တမ်း ၃ နှစ်လောက်မှာ ရတဲ့ပိုက်ဆံတွေနဲ့
Pet Spa တခု လက်ရှိဖွင့်ထားပါတယ်
သူ့ရည်းစားက ဆိုင်ကယ်ဝပ်ရှော့ခ် တခုဖွင့်ထားပြီး
သူက အခုလက်ရှိ တတ်တူးထိုးတာ သင်နေပါတယ်
သိပ်မကြာခင်က သူတို့နှစ်ယောက်ကြမှာ ဖြစ်တည်လာမယ့်
ရင်သွေးလေးကြောင့်လည်း 2nd life plan ကို
အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတယ်လို့ မြင်ပါတယ်
နောက်တယောက်ကတော့ လက်ရှိ အာခီနဲ့ ကျောင်းတက်လက်စ ကောင်မလေးတယောက်ပါ
သူ့ကို အသက် ၁၇ နှစ်လောက်အရွယ်ထဲက
ဘားတစ်ခုမှာ ဧည့်ကြိုလုပ်နေတုန်းက သိခဲ့တာပါ
ဒီတိုင်း နေ့ဆိုအိပ် ညကျမှ လှလှပပ ဝတ်ပြီး ဘားကိုလာ
ဧည့်သည်တွေနဲ့ သောက်စားပြီး ဘဝကို ဖြတ်သန်းသွားမယ့်
ကောင်မလေးပဲလို့ ထင်မြင်ခဲ့ဖူးပါတယ်
နောက်တော့ ကျောင်းတက်ဖို့ သူအလုပ်နားလိုက်ပြီ ဆိုမှ
မေးကြည့်တော့ အင်္ဂျင်နီယာကျောင်းကို အာခီအထူးပြူ ယူထားတာပါတဲ့
သူက အတွေးအမြင်ရှိတဲ့ တက်သစ်စပန်းချီဆရာမ
တယောက်လည်း ဖြစ်ပါသေးတယ်
ဒါပေမယ့် ရုန်းကိုရုန်းကန်ရမယ် ဆိုတဲ့ ဘဝသီအိုရီအရ
အထောက်အပံ့ လိုအပ်ချက်အတွက် OF content စပြီး
လုပ်နေတာ တွေ့ရပါတယ်
ထိုင်းလိုနိုင်ငံမှာ လူဖြစ်ရတာ ပျော်စရာလို့
အပေါ်ယံမြင်ရပေမယ့်
လည်ပင်နားရောက်နေတဲ့ လစဉ်အကြွေးစာရင်းတွေဟာ
လူတော်တော်များများမှာ ရှိကြပါတယ်
ဒါကြောင့်လည်း ဘဝကို ကိုယ်လွတ်မြောက်နိုင်မယ်ဖင်တဲ့
လမ်းကနေ ရုန်းဖို့ကြိုးစားနေကြရတာပါပဲ
ဒီလို ရောင်နီသန်းတာကို မျှော်မှန်းပြီး ရုန်းကန်နေကြသူတွေလည်း ရှိကြတယ်ဆိုတာ ပြောပြချင်တာပါ
#နွေလေပြေ
