ar
Feedback
နွေလေပြေ

နွေလေပြေ

الذهاب إلى القناة على Telegram
2 807
المشتركون
-224 ساعات
-177 أيام
+1930 أيام
أرشيف المشاركات

Rolling in the deep
Rolling in the deep

photo content

photo content

ချစ်မေတ္တာ - သျှီ

photo content

ဒီစာက အဖေမရှိတော့တာ ၇ နှစ်အကြာမှာမှ ရေးဖြစ်ရတဲ့ ဒုတိယမြောက်စာပါ အဖေ ၇ နစ်အကြာမှ စာနှစ်ခါပဲ ရေးဖူးတယ်ဆိုတာ သူများတွေအတွက် ထူးဆန်းနေပေမယ့် အဖေနဲ့ကျမရဲ့ ကြားထဲက ဆက်ဆံရေးအရဆိုရင် ဒါက ပုံမှန်အခြေနေပဲ ဆိုတာ အ‌ဖေလည်းပဲသိမှာပါ အတူရှိစဉ်က သိပ်ပြီးမနွေးထွေးခဲ့ကြသလို အတူမရှိတော့တဲ့အခါမှာလည်း စကားထဲထည့်ပြီး သိပ်မပြောဖြစ်တာ ဝန်ခံပါတယ် ဒါပေမယ့် ကျမ တိတ်တိတ်လေး သတိရပါတယ် အဖေ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်ရပေမယ့် အကျင့်စရိုက် အကြိုက်နဲ့ ဝါသနာတွေမှာ ကျမက အဖေနဲ့အတူဆုံးပဲလေ အဖေ ဝါသနာပါတဲ့ သီချင်းတွေ အဖေ ကြိုက်နှစ်သက်တဲ့ မော်တော်ကားတွေ အဖေလုပ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကျမလည်းထပ်တူ ဝါသနာပါခဲ့တာ အဖေသိတာပဲလေ မိန်းကလေးမို့ ဒီအလုပ်တွေ မလုပ်ရဘူးလို့ အမေက ကန့်သတ်လာတဲ့အခါ ကျမက အိမ်မှာ ဦးဆောင်သူဖြစ်နေပါလျက် ဦးဆောင်နေနိုင်ပါလျက် မိန်းကလေးမို့ နေရာမပေးနိုင်ဘူးလို့ ဖြစ်လာတဲ့အခါ အဖေ ကျမကို မကာကွယ်ခဲ့ဘူး အဖေ ကျမဘက်မှာ ရှိမနေခဲ့ဘူး ကျမ ဝမ်းနည်းခဲ့ရတယ် ကျမ စိတ်ဆိုးခဲ့တယ် ဒီလိုနဲ့ ကျမတို့ ရှင်ကွဲ ခွဲဖို့ထိ ဖြစ်လာခဲ့ရတယ် အမေက အမွေပြတ်ကြောင်း ကြေငြာတဲ့အခါ နောက်ဆုံး အကြိမ်အဖြစ်တောင် အဖေ ကျမကို အကာအကွယ် မပေးခဲ့ပါဘူး ဒီလိုနဲ့ကျမ အိမ်မပြန်ဖြစ်တော့ဘူး ဒါပေမယ့် ကျမ အိမ်ကထွက်သွားပြီး တနှစ်အကြာမှာ အဖေက ကျမကို တခြားနည်းနဲ့ အိမ်ပြန်လာစေခဲ့တယ် မဟုတ်လား ကျမ အိမ်ကိုရောက်တော့ အဖေက အိပ်ရာထဲမှာ လှဲနေပြီလေ အခုလို ရှစ်လပိုင်း ဩဂုတ်လရဲ့ ညသန်းခေါင်ယံတွေမှာ ဆေးအရှိန်နဲ့ အိပ်ပျော်သလို မှိန်းမောနေတဲ့ အဖေ့ကို အခန်းတံခါးဝကနေ တိတ်တဆိတ်နဲ့ ကျမ ညတိုင်း ရပ်ပြီးကြည့်ခဲ့တယ် အဖေ ကျမတို့ကြားမှာ အမုန်းမရှိတော့ပါဘူး နားလည်ခြင်းတွေလည်း မရှိတော့ပါဘူး ကျမတို့ တယောက်ကိုတယောက် အပြစ်တင်ကြဖို့ မရှိတော့သလို တောင်းပန်ကြဖို့လည်း မလိုအပ်တော့ဘူး ထင်လို့ စကားလည်း သိပ်မပြောဖြစ်ခဲ့ကြပါဘူး အဖေ ထွက်သွားတဲ့အခါမှာလည်း ကျမ မငိုခဲ့ပါဘူး အဖေ့ ဈာပနပြီးတဲ့နောက်လည်း ကျမ အိမ်ကို ထပ်ပြီး မပြန်ဖြစ်တော့ပါဘူး ကျမ ဆံပင်အရှည်တွေ ထပ်ပြီးမထားဖြစ်တော့ဘူး အဖေနဲ့ အတူစားနေကျ ဒူးရင်းသီးလည်း မစားတော့ဘူး အဖေကြိုက်တဲ့ ကော်ဖီကိုတော့ တရက်တစ်ခွက် ပိုသောက်ဖြစ်တယ် တခါတလေ ခြံတံခါးဝနားမှာ အရင်က အဖေပြန်အလာကို စောင့်ရတဲ့ညတွေလို ထိုင်နေဖြစ်တယ် အဖေ အဖေအရမ်းကြိုက်ပြီး အမေတားမြစ်ထားတဲ့ အမဲသားတွေကို ကျမ စိတ်လိုလက်ရရှိတိုင်း ချက်စားဖြစ်တယ် အဖေ ဒီ ခုနစ်နှစ် အတွင်းမှာ ကျမရဲ့ စိတ်အထုံးတွေ အတော်လေးပြေလျော့လာခဲ့တယ် အဖေ ရင်ထဲကအကြောင်းအရာ တချို့ဟာ စကားအဖြစ်ထုတ်ပြောဖို့ ခက်တယ်ဆိုတာ သိလာရတဲ့အခါ အဖေ ဘာဖြစ်လို့ ကျမကို သမီးလို့ တခါမှ မခေါ်ခဲ့တာကို ခံစားတတ်လာတယ် အဖေ ရယ်စရာတစ်ခု ပြောပြရရင် ကျမအခု လုပ်နေတဲ့လုပ်ငန်းနာမည်ကို အဖေ့ရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတယ် အဖေ တစုံတယောက်က ဦး#### ရောလို့ မေးလာရင် အိမ်မှာ အိပ်နေတယ်လို့ပဲ ကျမ ဖြေဖြစ်ပါတယ် အဖေ မပွင့်လင်းကြတာဟာ ကျမတို့နှစ်ယောက်ကြားမှာ ထာဝရဆက်ဆံရေး တစ်ခုအဖြစ် အမြဲတမ်း ရှိနေဦးမှာပါ အဖေ အဖေ ဟိုဘက်မှာ နေကောင်းကျန်းမာပါစေ #နွေလေပြေ

photo content

ဖင်ရိုက်ချင်ရုံ။သက်သက်နဲ့တော့ လိင်ဆက်ဆံချင်ဟု မညာသင့် 😅
ဖင်ရိုက်ချင်ရုံ။သက်သက်နဲ့တော့ လိင်ဆက်ဆံချင်ဟု မညာသင့် 😅

မိန်းမတွေ ရန်ဖြစ်နေတာ ဘယ်ယောက်ျားမှ ဝင်မဆွဲဘူးတို့ ဘာတို့

တယောက်ထဲ နားထောင်ပါ

gOOd night
gOOd night

နွေလေပြေ - إحصائيات وتحليلات قناة تيليجرام @nwaylaypyay