7 155
Subscribers
-324 hours
-447 days
-21930 days
Posts Archive
အန်းဒရစ်ရဲ့ အေးဂျင့်က သူ့ရဲ့ကစားသမားကို ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ပြောကြားလိုက်ပါတယ် ။
အဆိုပါအသင်းတွေထဲ ကိုယ်တွေအသင်းရော ပါဦးမလား ?
#MUMS
PSG အသင်းနဲ့ ပွဲစဉ်အတွက် အသင်းကခေါ်ဆောင်သွားခဲ့တဲ့ ကစားသမားများ 👀
Goalkeepers: Tom Heaton, Dermot Mee, Fred Heath.
Defenders: Harry Amass, Dan Armer, Patrick Chinazaekpere Dorgu, Diogo Dalot, Ayden Heaven, Harry Maguire, Noussair Mazraoui, Luke Shaw, Leny Yoro.
Midfielders: Bruno Fernandes, Jack Fletcher, Tyler Fletcher, Mason Mount, Andrey Santos, Youri Tielemans.
Forwards: Amad, Shea Lacey, Bryan Mbeumo, Joshua Zirkzee
#MUMS
+2
PSG အသင်းနဲ့ ပွဲစဉ်အတွက် ဂိုသမ်ဘတ်ကို ရောက်ရှိနေကြတဲ့ သရဲနီများ 🫡🥳
#MUMS
+2
မနက်ဖြန်ကစားမယ့် ခြေစမ်းပွဲအတွက် ပါဝင်လာနိုင်ဖွယ်ရှိမယ့် အသင်းရဲ့ အဓိကကစားသမားများ 👀
🇧🇷 Matheus Cunha
🇵🇹 Bruno Fernandes
🇵🇹 Diogo Dalot
🇫🇷 Youri Tielemans
🇧🇪 Senne Lammens
🇲🇦 Noussair Mazraoui
We are SO back 🤩
#MUMS
လူဆိုတဲ့အမျိုးက မျှော်လင့်ချက်နဲ့ ရှင်သန်နေရတယ်ဆိုတာ ဟုတ်တယ်မလား :)
#MUMS
မန်ယူအသင်းက အနာဂတ်မှာအလားအလာကောင်းတဲ့ ကွင်းလယ်လူငယ်ကြယ်ပွင့် ခရစ်စတီယန်အိုရိုဇ်ကို ကိုခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။
သူက မန်ယူအသင်းရဲ့လူနေမှုဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် အစပိုင်းမှာ လူငယ်အကယ်ဒမီအသင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ် ။ ကလပ်အသင်းသားအားလုံးက ခရစ်စတီယန်ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး ကံကောင်းမှုတွေ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။
#MUMS
ဘရူနိုဖာနန်ဒက်စ်သာ ၂၆/၂၇ ရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖန်တီးပေးနိုင်မှု အများဆုံး ကစားသမား ဖြစ်လာခဲ့ရင် ၊ သူက ဒီစံချိန်ကို ၅ ရာသီ ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာပါ ။
#MUMS
ဆစ်ကိုအတွက် မည်သည့်ကမ်းလှမ်းမှုမျိုးမဆို ပယ်ချသွားမှာ ဖြစ်ပြီး အသင်းရဲ့ အနာဂတ်စီမံကိန်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြကားရစ်က ပြောကြားလိုက်ပါတယ် ။
#MUMS
လာမယ့်ရာသီအတွက် ဖြစ်နိုင်ဖွယ် မန်ယူအသင်းရဲ့ လူစာရင်း 👀
#MUMS
အသင်းရဲ့ ဒုတိယဦးစားပေးဂိုးသမား ဘရင်ဒီယာကတော့ စပိန်ကလပ် ဆဲလ်တာဗီဂိုအသင်းဆီကို တရားဝင်ပြောင်းရွေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ် ။
#MUMS
+7
လာမယ့်ခြေစမ်းပွဲအတွက် လေ့ကျင့်ခန်းဆင်းနေကြတဲ့ သရဲနီတပ်သားများ 👀
#MUMS
Big six အသင်းတွေထဲ ဒီ squad က အားအနည်းဆုံးဖြစ်သလို ၊ ရေရှည်ပြိုင်ရမယ့် ပရီးမီးယားလိဂ်လို ပြိုင်ပွဲအတွက် မလုံလောက်သေးတာတော့ အမှန်ပါဘဲ ။ အသင်းအတွက် လူသစ်ခေါ်ဖို့က မဖြစ်မနေ လိုအပ်နေသေးသလို ၊ အပြောင်းအရွေ့ကလည်း ပိတ်ဖို့ 3 ပတ်ကျော်လောက်သာ လိုတော့တာ ဖြစ်ပါတယ် ။ ကစားသမားတွေ စိတ်ဝင်စား ၊ ငြင်းလောက်မယ့်ပမာဏတွေနဲ့ ကမ်းလှမ်းတာတွေရဲ့ အကျိုးဆက်က ပြိုင်ပွဲစုံကန်လာရတဲ့အချိန်မှာ သိသာလာမယ့် အခြေအနေတစ်ခုဖြစ်ပါတယ် ။ အခုချိန်ထိတော့ တကယ်ကို အားမရသေးတဲ့ အပြောင်းအရွေ့တစ်ခုလို့ဘဲ မြင်မိပါသေးတယ် ။
#MUMS
🚨🗣️ Lewis Hall နဲ့ ပတ်သက်ပြီး Andy Mitten ပြောကြားချက်
Lewis Hall ရဲ့ အခြေအနေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ နည်းပြ Eddie Howe တို့က အေဂျင်စီ (အေဂျင့်) တစ်ခုတည်းကို အတူသုံးထားတာပါ။ အခုတော့ Eddie Howe က နယူးကာဆယ် နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။
ဒီကိစ္စ (အေဂျင့် တူနေတာ) က အရင်က သေချာပေါက် ပြဿနာတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ အရင်လောက် ပြဿနာမရှိတော့ဘူးလို့ ကျွန်တော် နားလည်ထားပါတယ်။ ဒါ့အပြင် Lewis Hall ဘက်ကလည်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လုံးဝ စိတ်အားထက်သန်နေတယ် လို့ သိရပါတယ်။
#MUMS
မိုက်ကယ်ကားရစ်က အန်ဒရေဆန်းတို့စ်အပေါ်အမြင် 🗣️ သူ့ရဲ့ပွဲအပေါ် ချဉ်းကပ်ပုံ၊ အသင်းဖော်တွေအပေါ် ပေးဆပ်ကစားပုံတွေက အတော်လေး အားရစရာကောင်းပါတယ် ။ သူက ကိုယ့်အတ္တအတွက် ကစားတဲ့သူ မဟုတ်ပါဘူး ။ ပွဲကိုအကဲခတ်ရာမှာလည်း သိပ်ကို ဉာဏ်ထက်မြက်သလို ဒီမှာလည်း အကောင်းဆုံး အသားကျနေပါပြီ။ ကြည့်လိုက်ရင် ဒီအသင်းမှာ ကစားလာတာ ကြာနေပြီလို့တောင် ထင်ရလောက်တယ်။ အသက်ကလည်း ငယ်သေးသလို အသင်းအတွက် ပေးနိုင်တာတွေ ပိုပြီး ကျန်ပါသေးတယ် ။ ဒါဟာ ကျွန်တော်တို့အတွက်တော့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ ။
#MUMS
ကြံ့ခိုင်မှုသာ ပြည့်ဝနေရင် နောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်က ခေါ်စရာမလိုတော့အောင် ခြေစမ်းပွဲတွေမှာ မှော်ဝင်ခြေစွမ်းနဲ့ ကွင်းလယ်ကို အကောင်းဆုံးမောင်းနှင်နေတဲ့ မေဆင်မောင့် 🫡
#MUMS
၂၀၂၄/၂၅ ရာသီတုန်းက အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ အထိ ထိုးကျသွားခဲ့ပြီး ပရိသတ်တွေကို စိတ်ပျက်အားငယ်စေခဲ့တဲ့ မန်ယူအသင်းက ပြီးခဲ့တဲ့ ၂၀၂၅/၂၆ ဘောလုံးရာသီမှာတော့ အံ့အားသင့်စရာ စွမ်းဆောင်ရည်နဲ့ ပြန်လည်ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီတစ်ခုလုံးမှာ သရဲနီတို့ရဲ့ အံ့ဩစရာကောင်းတဲ့ စံချိန်တစ်ခုကတော့ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ၂ ပွဲဆက်ရှုံးပွဲ လုံးဝမကြုံတွေ့ခဲ့ရတဲ့ တစ်ခုတည်းသော အသင်း အဖြစ် စံချိန်တင် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲတစ်ပွဲ ရှုံးနိမ့်သွားခဲ့ရင်တောင် နောက်တစ်ပွဲမှာ အမြန်ဆုံး ပြန်လည် ရုန်းထွက်နိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောမှုကို သက်သေပြခဲ့တာပါ။
အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့ရတဲ့ အမှောင်ထုထဲကနေ အခုလို တည်ငြိမ်တဲ့ ရလဒ်ကောင်းတွေဆီ ပြန်လည် ဦးတည်နိုင်ခဲ့တာဟာ အသင်းရဲ့ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေက တစ်ခုဖြစ်လာခဲ့ပါတယ် ။
#MUMS
လူငယ်ခံစစ်မှူး Ayden Heaven ဟာ ခြေစမ်းပွဲတွေမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာမှု၊ ဘောလုံးမပျက်ဘဲ ခံစစ်မှာ အေးဆေးတည်ငြိမ်တဲ့ ကစားဟန်တွေကို ပြသထားနိုင်ခဲ့ပါတယ်။
အဓိက ခံစစ်မှူးအချို့ ဒဏ်ရာပြဿနာ ဒါမှမဟုတ် ကြံ့ခိုင်မှု ပိုင်း လိုအပ်ချက်တွေရှိနေချိန်မှာ လူငယ်သွေးသစ် Heaven ကို ယုံယုံကြည်ကြည် ပွဲထုတ်လိုက်တာက အသင်းအတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသထားလို့ ပွဲကြီး အတွေ့အကြုံ ရသွားအောင် ချက်ချင်း ယုံကြည်မှုပေးသင့်တယ်လို့ ယူဆကြပါတယ်။
လူငယ်ကစားသမားတစ်ယောက်ကို ချက်ချင်းကြီး ပရီးမီးယားလိဂ်လို ဖိအားများစေတဲ့ ပြိုင်ပွဲမှာ ပွဲထွက်ခွင့်ပေးတာက အနည်းငယ်စွန့်စားရာ ရောက်ပါတယ်။
စီနီယာတွေကနေ လက်ဆင့်ကမ်းခေါ်ဆောင်နိုင်မှ ကစားသမားရဲ့ဖိအားကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် သူ့ရဲ့ အကောင်းဆုံးဆိုတဲ့ အရည်အသွေးကို အသင်းဖက်ကနေ ပြန်ပြီးရရှိနိုင်မှာ ဖြစ်ပါတယ် ။
#MUMS
