uz
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
7 711
Obunachilar
-324 soatlar
-357 kunlar
-17730 kunlar
Postlar arxiv
မန်ယူအသင်းရဲ့ ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့လို့ စာချုပ်ပါအချက်အလက်အတိုင်း လစာအပြင် 25% အပိုဆုထပ်မံရရှိသွ
မန်ယူအသင်းရဲ့ ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့လို့ စာချုပ်ပါအချက်အလက်အတိုင်း လစာအပြင် 25% အပိုဆုထပ်မံရရှိသွားတော့မှာ ဖြစ်ပါတယ် ။ #MUMS

မိုက်ကယ်ကားရစ် လက်ထက်မှာ မန်ယူအသင်းက မန်စီးတီး၊ အာဆင်နယ် စတဲ့ အသင်းကြီးများနဲ့ ယှဉ်ပြိုင်ရာမှာ ရလဒ်ကောင်းများ ရရှိခဲ့ပြီး၊ အထ
မိုက်ကယ်ကားရစ် လက်ထက်မှာ မန်ယူအသင်းက မန်စီးတီး၊ အာဆင်နယ် စတဲ့ အသင်းကြီးများနဲ့ ယှဉ်ပြိုင်ရာမှာ ရလဒ်ကောင်းများ ရရှိခဲ့ပြီး၊ အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အချို့မှာ အမှတ်ပြည့်များကို ရယူနိုင်ခဲ့တာဖြစ်ပါတယ် ။ ကိန်းဂဏန်းများအရ ကာရစ်က ပွဲတစ်ပွဲကို ပျမ်းမျှ ရမှတ် ၂ မှတ်ကျော်အထိ ရယူနိုင်ခဲ့ပြီး၊ အာမိုရင်ရဲ့ ရာသီအစပိုင်း ပျမ်းမျှရမှတ်ထက် သိသိသာသာ သာလွန်နေတာကို တွေ့ရပါတယ် ။ အာမိုရင်ရဲ့ လက်အောက်မှာ ရလဒ်ပိုင်း အားနည်းခဲ့သော်လည်း၊ ကားရစ်ရဲ့ အသင်းက တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ပြုပြင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် အခွင့်အရေးကောင်းများကို ပိုင်ဆိုင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ #MUMS

လာမယ့်ပွဲစဉ်တွေမှာ လီဆန်ဒရိုအနေနဲ့ ပါဝင်လာဖို့ သေချာလာတဲ့ အနေထားမှာ ရှိပါတယ် ။ အခုဆို အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး
လာမယ့်ပွဲစဉ်တွေမှာ လီဆန်ဒရိုအနေနဲ့ ပါဝင်လာဖို့ သေချာလာတဲ့ အနေထားမှာ ရှိပါတယ် ။ အခုဆို အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ကားရစ်ကလည်း သူပြန်လာနိုင်တာက ခံစစ်အတွက် ရွေးချယ်မှု တစ်ခုထပ်တိုးလာခဲ့ပြီလို့ ပြောကြားထားပါတယ် ။ #MUMS

မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေခြင်းနဲ့ ပတ်သက်ပြီး Casemiro က 🗣️ အခွင့်အရေးမရှိဘူးလို့ ငါထင်ပါတယ်၊ အခွင့်အရေးလည်း တကယ်မရှိခ
မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေခြင်းနဲ့ ပတ်သက်ပြီး Casemiro က 🗣️ အခွင့်အရေးမရှိဘူးလို့ ငါထင်ပါတယ်၊ အခွင့်အရေးလည်း တကယ်မရှိခဲ့ပါဘူး။ အဓိကအားဖြင့် ငါပြောခဲ့တဲ့အရာကြောင့်ပါ။ လေးနှစ်တာမှာ အရာအားလုံးလှပခဲ့ပြီး အခုနှစ်ကတော့ အံ့သြဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ။ ကလပ်အသင်းအတွက်သာမက ပရိသတ်တွေကိုပါ ထာဝရကျေးဇူးတင်နေပါတယ်။ ဒါပေမယ့် ငါ့အနေနဲ့ ကောင်းမွန်တဲ့အခြေအနေနဲ့ ထွက်ခွာရမယ်လို့ ထင်ပါတယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရပါဦးမယ် ။ အင်္ဂလန်မှာ ငါဟာ ယူနိုက်တက်ရဲ့ ထာဝရပရိသတ်တစ်ယောက် ဖြစ်နေမှာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ ၊ အချစ်တွေအားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ် ။ #MUMS

မိုက်ကယ်ကားရစ် 🗣️ ငါဒီကိုရောက်လာကတည်းက အာမတ်နဲ့ Senne တို့ဟာ အသင်းအတွက် အများကြီး အထောက်အကူပြုခဲ့ပါတယ် ။အမှားတွေက ဘောလုံးရဲ့
မိုက်ကယ်ကားရစ် 🗣️ ငါဒီကိုရောက်လာကတည်းက အာမတ်နဲ့ Senne တို့ဟာ အသင်းအတွက် အများကြီး အထောက်အကူပြုခဲ့ပါတယ် ။အမှားတွေက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အရေးကြီးဆုံးက ငါတို့ဘယ်လိုတုံ့ပြန်လညဆိုတာပါပဲ ။ #MUMS

အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနို ၊ ကွန်ညာ ၊ မက်ဂွါးယားတို့က လာမယ့်ရာသီ အသင်းရဲ့ နည်းပြအဖြစ် မိုက်ကယ်ကားရစ်ကို ဆက်ပြီး ရှ
အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနို ၊ ကွန်ညာ ၊ မက်ဂွါးယားတို့က လာမယ့်ရာသီ အသင်းရဲ့ နည်းပြအဖြစ် မိုက်ကယ်ကားရစ်ကို ဆက်ပြီး ရှိစေချင်ကြပါတယ် ။ ဒါကို အသင်းဘက်က မကြာခင် အစည်းအဝေးထိုင်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ် ။ #MUMS

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူနိုက်တက်တို့‌ဆိုတာ ခွဲခြားလို့ မရတဲ့ အရာပါ ။ နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပါပြီ ။ #MUMS
ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူနိုက်တက်တို့‌ဆိုတာ ခွဲခြားလို့ မရတဲ့ အရာပါ ။ နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပါပြီ ။ #MUMS

ဘာကိုဆိုလိုချင်တယ်ဆိုတာ တကယ်ကို နားမလည်တော့ဘူး 😛 #MUMS
ဘာကိုဆိုလိုချင်တယ်ဆိုတာ တကယ်ကို နားမလည်တော့ဘူး 😛 #MUMS

မျှော်လင့်ချက်တွေ ပေးပြီးမှ ရိုက်ချိုးပြတာ သခင်ကြီးတို့ အထာပါ ။ ပွဲကို စတင်ပုံက အကောင်းဆုံးပုံစံ‌မှာ ရှိခဲ့ပေမဲ့ ၊ ဒုတိယပိုင်
မျှော်လင့်ချက်တွေ ပေးပြီးမှ ရိုက်ချိုးပြတာ သခင်ကြီးတို့ အထာပါ ။ ပွဲကို စတင်ပုံက အကောင်းဆုံးပုံစံ‌မှာ ရှိခဲ့ပေမဲ့ ၊ ဒုတိယပိုင်းအရောက်မှာတော့ ဆန့်ကျင်ဖက် အနေထားကို ရောက်သွားတာတော့ တကယ်စိတ်ပျက်စရာပါ ။ ဘာဘဲဖြစ်ဖြစ် အစဉ်အလာပြိုင်ဖက်ကို အိမ်ကွင်းမှာ အနိုင်ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး ။ #MUMS

ဆွန်းကြီးထတော့ ကိုဘီခေတ် ရောက်နေပြီ 🌟 #MUMS

ဖိအားတွေ အများဆုံးရှိတဲ့ အချိန်တွေမှာ ခြေစွမ်းပြနိုင်တာဟာ စစ်မှန်တဲ့ "Big Game Player" တစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ ပွဲကြီးတို
ဖိအားတွေ အများဆုံးရှိတဲ့ အချိန်တွေမှာ ခြေစွမ်းပြနိုင်တာဟာ စစ်မှန်တဲ့ "Big Game Player" တစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ ပွဲကြီးတိုင်းမှာ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ကွန်ညာ ဟာ အသင်းရဲ့ အဓိက အားထားရမယ့် ကစားသမားအဖြစ် ဆက်လက်အသုံးတော်ခံနေဦးမှာ ဖြစ်ပါတယ် ။ #MUMS

ကြည့်ရဲမှ ကြည့်ဆိုတာ ဒီလိုပွဲမျိုး အိမ်ကွင်းမှာ အနိုင်ကျင့်သလိုများ ဖြစ်နေပြီလား ? #MUMS
ကြည့်ရဲမှ ကြည့်ဆိုတာ ဒီလိုပွဲမျိုး အိမ်ကွင်းမှာ အနိုင်ကျင့်သလိုများ ဖြစ်နေပြီလား ? #MUMS

ဖြည်းဖြည်းသွင်းကြပါလို့တော့ မှာထားတာဘဲ ထိန်းမရတော့ဘူး 🔥 #MUMS

ပရီးမီးယားလိဂ် မန်ယူ Vs လီဗာပူးလ်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻 ‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏 ❗️Main Channel Link 👇🏻 https://t.me/mfn2026 ❗️ Live Channel Link 👇🏻 https://t.me/+VmhjcuqmPzg0MTll

အိမ်ကွင်းမှာ ကြိုးကြာသားကို ဆွဲစားမယ့် ပွဲထွက်လူစာရင်း 👀 #MUMS
အိမ်ကွင်းမှာ ကြိုးကြာသားကို ဆွဲစားမယ့် ပွဲထွက်လူစာရင်း 👀 #MUMS

မိုက်ကယ်ကားရစ်ရဲ့ နည်းဗျူဟာက မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားပြီး ၊ တန်ပြန်တိုက်စစ်နဲ့ ပေါင်းစပ်ကာ ကစားကွက်ကို ပုံ
မိုက်ကယ်ကားရစ်ရဲ့ နည်းဗျူဟာက မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားပြီး ၊ တန်ပြန်တိုက်စစ်နဲ့ ပေါင်းစပ်ကာ ကစားကွက်ကို ပုံဖော်ထားတာ တွေ့ရပါတယ် ။ တိုက်စစ်ပိုင်းအတွက်လည်း ဘင်ဂျမန်ဆစ်ကိုရဲ့ ဂိုးသွင်းစွမ်းရည်နှင့် လျင်မြန်မှုက ကားရစ်အလိုရှိတဲ့ နည်းစနစ်နဲ့ ပြိုင်ဘက်ခံစစ်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ် ။ တစ်ဖက်ကအာနေးဆလော့စ်ရဲ့ လက်အောက်က လီဗာပူးလ်ကလည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကွင်းလယ်ကတစ်ဆင့် ဂိုးဖန်တီးမှုများကို ပြုလုပ်ထားနိုင်တဲ့ အသင်းဖြစ်ပါတယ် ။ ဒါပေမဲ့ ခံစစ်ပိုင်းက‌ အရှေ့ကို လိုအပ်တာထက် ပိုပြီးတက်ကစားရလို့ နောက်တန်းမှာ နေရာလွတ်အများအပြား ရှိတတ်တာက မန်ယူရဲ့ counter attack အတွက် အခွင့်အရေး ဖြစ်လာမှာ သေချာသလောက်ပါဘဲ ။ နှစ်သင်းစလုံးက ကွင်းလယ်ပိုင်းမှာ အချင်းချင်း ဖိအားပေး ၊ အားပြိုင်ကြမှာဖြစ်ပြီး အမှားအယွင်းမရှိ ၊ ဂရုစိုက်ကစားကြမယ့် ပုံစံမျိုးကို တွေ့မြင်ရဖို့ ရှိပါတယ် ။ နည်းပြနှစ်ယောက်ရဲ့ ဗျူဟာတွေ လူစားလဲမှုတွေက အဓိက အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး အနိုင်ဆိုရင် မန်ယူတို့ အိမ်ကွင်းအားသာချက်ဖြနဲ့ အနိုင်ရရှိသွားဖို့ အလားအလာ ပိုများနေပါသည် ။ #MUMS

ဒီညပွဲစဉ်မှာ ကွန်ညာပြန်ပါလာတော့မှာဖြစ်လို့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့စ်ကွင်းကြီးမှာ ရေလွှာလျှောစီးတဲ့ အောင်ပွဲခံပုံကို ထပ်
ဒီညပွဲစဉ်မှာ ကွန်ညာပြန်ပါလာတော့မှာဖြစ်လို့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့စ်ကွင်းကြီးမှာ ရေလွှာလျှောစီးတဲ့ အောင်ပွဲခံပုံကို ထပ်မံမြင်တွေ့သွားရဦးမလား ? #MUMS

🚨🚨🎙| Kobbie Mainoo က သူအကြိုက်ဆုံး မန်ချက်စတာယူနိုက်တက်ဂိုးတွေအကြောင်း ပြောပါတယ်- "ဟုတ်ပါတယ် ။ လိုင်ယွန်နဲ့ပွဲမှာ ဒါမှမဟုတ
🚨🚨🎙| Kobbie Mainoo က သူအကြိုက်ဆုံး မန်ချက်စတာယူနိုက်တက်ဂိုးတွေအကြောင်း ပြောပါတယ်- "ဟုတ်ပါတယ် ။ လိုင်ယွန်နဲ့ပွဲမှာ ဒါမှမဟုတ် ဝုလ်ဗ်နဲ့ပွဲမှာ ပထမဆုံးပရီးမီးယားလိဂ်ဂိုးလို့ ပြောချင်ပါတယ်။ အဲဒါက ငါ့အတွက် တကယ်ထူးခြားတဲ့ပွဲစဥ်တစ်ပွဲပါ။ " "၉၇ မိနစ်ဖြစ်ပြီး အဝေးကွင်းပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ် ။ ဒါကြောင့်လည်း တကယ့်ကိုအံ့သြစရာပါပဲ။" #MUMS

အာနေးဆလော့စ် 🗣️ ကားရစ်က မန်ယူအသင်းမှာ ဘာတွေပြောင်းလဲသွားလဲ။ ပြီးခဲ့တဲ့ရာသီက ငါတို့ သူတို့နဲ့ ကစားတုန်းက သူတို့က အခုလက်ရှိထက်
အာနေးဆလော့စ် 🗣️ ကားရစ်က မန်ယူအသင်းမှာ ဘာတွေပြောင်းလဲသွားလဲ။ ပြီးခဲ့တဲ့ရာသီက ငါတို့ သူတို့နဲ့ ကစားတုန်းက သူတို့က အခုလက်ရှိထက် လိဂ်အဆင့်အတန်းမှာ မရှိခဲ့ဘူး ။ သူတို့ရဲ့ ကစားသမားတွေက သူတို့ရဲ့ အကောင်းဆုံးပုံစံတစ်ခုကို ပြသထားတာထက် ပိုကောင်းတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။  ငါတို့ သူတို့အသင်းနဲ့ ကစားတိုင်း သူတို့ ဘယ်လောက်ကောင်းလဲဆိုတာ ငါ့အနေနဲ့ မြင်တွေ့ခဲ့ရပြီး ၊ အထူးသဖြင့် မိုက်ကယ်ကားရစ်လက်အောက်မှာ သူတို့အသင်းရဲ့ ရလဒ်တွေက ပိုပြီး တည်ငြိမ်လာခဲ့ပါပြီ ။ #MUMS

ကားရစ် 🗣️ လက်ရှိကိုင်တွယ်နေတဲ့ အချိန်အတွက်ကိုဘဲ အဓိကအာရုံစိုက်ပါတယ် ။ အနာဂတ်ဆိုတာ မဖြစ်သေးပေမဲ့ ကြိုတင်ပြီး စိတ်ပူပန်နေရမှာ
ကားရစ် 🗣️ လက်ရှိကိုင်တွယ်နေတဲ့ အချိန်အတွက်ကိုဘဲ အဓိကအာရုံစိုက်ပါတယ် ။ အနာဂတ်ဆိုတာ မဖြစ်သေးပေမဲ့ ကြိုတင်ပြီး စိတ်ပူပန်နေရမှာ မဟုတ်ပါဘူး ။ အခုလက်ရှိကိုဘဲ အကောင်းဆုံးကြိုးစားထားမယ်ဆိုရင် အနာဂတ်ဆိုတာလည်း အလိုလိုလှပလာမှာပါ ။ #MUMS