7 711
مشترکین
-324 ساعت
-357 روز
-17730 روز
آرشیو پست ها
မန်ယူအသင်းရဲ့ ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့လို့ စာချုပ်ပါအချက်အလက်အတိုင်း လစာအပြင် 25% အပိုဆုထပ်မံရရှိသွားတော့မှာ ဖြစ်ပါတယ် ။
#MUMS
မိုက်ကယ်ကားရစ် လက်ထက်မှာ မန်ယူအသင်းက မန်စီးတီး၊ အာဆင်နယ် စတဲ့ အသင်းကြီးများနဲ့ ယှဉ်ပြိုင်ရာမှာ ရလဒ်ကောင်းများ ရရှိခဲ့ပြီး၊ အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်အချို့မှာ အမှတ်ပြည့်များကို ရယူနိုင်ခဲ့တာဖြစ်ပါတယ် ။ ကိန်းဂဏန်းများအရ ကာရစ်က ပွဲတစ်ပွဲကို ပျမ်းမျှ ရမှတ် ၂ မှတ်ကျော်အထိ ရယူနိုင်ခဲ့ပြီး၊ အာမိုရင်ရဲ့ ရာသီအစပိုင်း ပျမ်းမျှရမှတ်ထက် သိသိသာသာ သာလွန်နေတာကို တွေ့ရပါတယ် ။ အာမိုရင်ရဲ့ လက်အောက်မှာ ရလဒ်ပိုင်း အားနည်းခဲ့သော်လည်း၊ ကားရစ်ရဲ့ အသင်းက
တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီအောင် ပြုပြင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် အခွင့်အရေးကောင်းများကို ပိုင်ဆိုင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။
#MUMS
လာမယ့်ပွဲစဉ်တွေမှာ လီဆန်ဒရိုအနေနဲ့ ပါဝင်လာဖို့ သေချာလာတဲ့ အနေထားမှာ ရှိပါတယ် ။ အခုဆို အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ကားရစ်ကလည်း သူပြန်လာနိုင်တာက ခံစစ်အတွက် ရွေးချယ်မှု တစ်ခုထပ်တိုးလာခဲ့ပြီလို့ ပြောကြားထားပါတယ် ။
#MUMS
မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေခြင်းနဲ့ ပတ်သက်ပြီး Casemiro က 🗣️
အခွင့်အရေးမရှိဘူးလို့ ငါထင်ပါတယ်၊ အခွင့်အရေးလည်း တကယ်မရှိခဲ့ပါဘူး။ အဓိကအားဖြင့် ငါပြောခဲ့တဲ့အရာကြောင့်ပါ။ လေးနှစ်တာမှာ အရာအားလုံးလှပခဲ့ပြီး အခုနှစ်ကတော့ အံ့သြဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ။ ကလပ်အသင်းအတွက်သာမက ပရိသတ်တွေကိုပါ ထာဝရကျေးဇူးတင်နေပါတယ်။
ဒါပေမယ့် ငါ့အနေနဲ့ ကောင်းမွန်တဲ့အခြေအနေနဲ့ ထွက်ခွာရမယ်လို့ ထင်ပါတယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရပါဦးမယ် ။ အင်္ဂလန်မှာ ငါဟာ ယူနိုက်တက်ရဲ့ ထာဝရပရိသတ်တစ်ယောက် ဖြစ်နေမှာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ ၊ အချစ်တွေအားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ် ။
#MUMS
မိုက်ကယ်ကားရစ် 🗣️ ငါဒီကိုရောက်လာကတည်းက အာမတ်နဲ့ Senne တို့ဟာ အသင်းအတွက် အများကြီး အထောက်အကူပြုခဲ့ပါတယ် ။အမှားတွေက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အရေးကြီးဆုံးက ငါတို့ဘယ်လိုတုံ့ပြန်လညဆိုတာပါပဲ ။
#MUMS
အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနို ၊ ကွန်ညာ ၊ မက်ဂွါးယားတို့က လာမယ့်ရာသီ အသင်းရဲ့ နည်းပြအဖြစ် မိုက်ကယ်ကားရစ်ကို ဆက်ပြီး ရှိစေချင်ကြပါတယ် ။ ဒါကို အသင်းဘက်က မကြာခင် အစည်းအဝေးထိုင်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ် ။
#MUMS
ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူနိုက်တက်တို့ဆိုတာ ခွဲခြားလို့ မရတဲ့ အရာပါ ။
နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပါပြီ ။
#MUMS
မျှော်လင့်ချက်တွေ ပေးပြီးမှ ရိုက်ချိုးပြတာ သခင်ကြီးတို့ အထာပါ ။ ပွဲကို စတင်ပုံက အကောင်းဆုံးပုံစံမှာ ရှိခဲ့ပေမဲ့ ၊ ဒုတိယပိုင်းအရောက်မှာတော့ ဆန့်ကျင်ဖက် အနေထားကို ရောက်သွားတာတော့ တကယ်စိတ်ပျက်စရာပါ ။ ဘာဘဲဖြစ်ဖြစ် အစဉ်အလာပြိုင်ဖက်ကို အိမ်ကွင်းမှာ အနိုင်ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး ။
#MUMS
ဖိအားတွေ အများဆုံးရှိတဲ့ အချိန်တွေမှာ ခြေစွမ်းပြနိုင်တာဟာ စစ်မှန်တဲ့ "Big Game Player" တစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ ပွဲကြီးတိုင်းမှာ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ကွန်ညာ ဟာ အသင်းရဲ့ အဓိက အားထားရမယ့် ကစားသမားအဖြစ် ဆက်လက်အသုံးတော်ခံနေဦးမှာ ဖြစ်ပါတယ် ။
#MUMS
ကြည့်ရဲမှ ကြည့်ဆိုတာ ဒီလိုပွဲမျိုး
အိမ်ကွင်းမှာ အနိုင်ကျင့်သလိုများ ဖြစ်နေပြီလား ?
#MUMS
ဖြည်းဖြည်းသွင်းကြပါလို့တော့ မှာထားတာဘဲ
ထိန်းမရတော့ဘူး 🔥
#MUMS
Repost from Myanmar Football Network 2
ပရီးမီးယားလိဂ်
မန်ယူ Vs လီဗာပူးလ်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+VmhjcuqmPzg0MTll
အိမ်ကွင်းမှာ ကြိုးကြာသားကို ဆွဲစားမယ့် ပွဲထွက်လူစာရင်း 👀
#MUMS
မိုက်ကယ်ကားရစ်ရဲ့ နည်းဗျူဟာက မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားပြီး ၊ တန်ပြန်တိုက်စစ်နဲ့ ပေါင်းစပ်ကာ ကစားကွက်ကို ပုံဖော်ထားတာ တွေ့ရပါတယ် ။ တိုက်စစ်ပိုင်းအတွက်လည်း ဘင်ဂျမန်ဆစ်ကိုရဲ့ ဂိုးသွင်းစွမ်းရည်နှင့် လျင်မြန်မှုက ကားရစ်အလိုရှိတဲ့ နည်းစနစ်နဲ့ ပြိုင်ဘက်ခံစစ်အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ် ။
တစ်ဖက်ကအာနေးဆလော့စ်ရဲ့ လက်အောက်က လီဗာပူးလ်ကလည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကွင်းလယ်ကတစ်ဆင့် ဂိုးဖန်တီးမှုများကို ပြုလုပ်ထားနိုင်တဲ့ အသင်းဖြစ်ပါတယ် ။ ဒါပေမဲ့ ခံစစ်ပိုင်းက အရှေ့ကို လိုအပ်တာထက် ပိုပြီးတက်ကစားရလို့ နောက်တန်းမှာ နေရာလွတ်အများအပြား ရှိတတ်တာက မန်ယူရဲ့ counter attack အတွက် အခွင့်အရေး ဖြစ်လာမှာ သေချာသလောက်ပါဘဲ ။
နှစ်သင်းစလုံးက ကွင်းလယ်ပိုင်းမှာ အချင်းချင်း ဖိအားပေး ၊ အားပြိုင်ကြမှာဖြစ်ပြီး အမှားအယွင်းမရှိ ၊ ဂရုစိုက်ကစားကြမယ့် ပုံစံမျိုးကို တွေ့မြင်ရဖို့ ရှိပါတယ် ။ နည်းပြနှစ်ယောက်ရဲ့ ဗျူဟာတွေ လူစားလဲမှုတွေက အဓိက အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး အနိုင်ဆိုရင် မန်ယူတို့ အိမ်ကွင်းအားသာချက်ဖြနဲ့ အနိုင်ရရှိသွားဖို့ အလားအလာ ပိုများနေပါသည် ။
#MUMS
ဒီညပွဲစဉ်မှာ ကွန်ညာပြန်ပါလာတော့မှာဖြစ်လို့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့စ်ကွင်းကြီးမှာ ရေလွှာလျှောစီးတဲ့ အောင်ပွဲခံပုံကို ထပ်မံမြင်တွေ့သွားရဦးမလား ?
#MUMS
🚨🚨🎙| Kobbie Mainoo က သူအကြိုက်ဆုံး မန်ချက်စတာယူနိုက်တက်ဂိုးတွေအကြောင်း ပြောပါတယ်-
"ဟုတ်ပါတယ် ။ လိုင်ယွန်နဲ့ပွဲမှာ ဒါမှမဟုတ် ဝုလ်ဗ်နဲ့ပွဲမှာ ပထမဆုံးပရီးမီးယားလိဂ်ဂိုးလို့ ပြောချင်ပါတယ်။ အဲဒါက ငါ့အတွက် တကယ်ထူးခြားတဲ့ပွဲစဥ်တစ်ပွဲပါ။ "
"၉၇ မိနစ်ဖြစ်ပြီး အဝေးကွင်းပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ် ။ ဒါကြောင့်လည်း တကယ့်ကိုအံ့သြစရာပါပဲ။"
#MUMS
အာနေးဆလော့စ် 🗣️ ကားရစ်က မန်ယူအသင်းမှာ ဘာတွေပြောင်းလဲသွားလဲ။ ပြီးခဲ့တဲ့ရာသီက ငါတို့ သူတို့နဲ့ ကစားတုန်းက သူတို့က အခုလက်ရှိထက် လိဂ်အဆင့်အတန်းမှာ မရှိခဲ့ဘူး ။ သူတို့ရဲ့ ကစားသမားတွေက သူတို့ရဲ့ အကောင်းဆုံးပုံစံတစ်ခုကို ပြသထားတာထက် ပိုကောင်းတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
ငါတို့ သူတို့အသင်းနဲ့ ကစားတိုင်း သူတို့ ဘယ်လောက်ကောင်းလဲဆိုတာ ငါ့အနေနဲ့ မြင်တွေ့ခဲ့ရပြီး ၊ အထူးသဖြင့် မိုက်ကယ်ကားရစ်လက်အောက်မှာ သူတို့အသင်းရဲ့ ရလဒ်တွေက ပိုပြီး တည်ငြိမ်လာခဲ့ပါပြီ ။
#MUMS
ကားရစ် 🗣️ လက်ရှိကိုင်တွယ်နေတဲ့ အချိန်အတွက်ကိုဘဲ အဓိကအာရုံစိုက်ပါတယ် ။ အနာဂတ်ဆိုတာ မဖြစ်သေးပေမဲ့ ကြိုတင်ပြီး စိတ်ပူပန်နေရမှာ မဟုတ်ပါဘူး ။ အခုလက်ရှိကိုဘဲ အကောင်းဆုံးကြိုးစားထားမယ်ဆိုရင် အနာဂတ်ဆိုတာလည်း အလိုလိုလှပလာမှာပါ ။
#MUMS
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
