en
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Open in Telegram
7 155
Subscribers
-324 hours
-447 days
-21930 days
Posts Archive
2026/27 ဘောလုံးရာသီရဲ့ တတိယမြောက်ဂျာစီ ဒီဇိုင်းကာလာအနေထား 👀 #MUMS
+4
2026/27 ဘောလုံးရာသီရဲ့ တတိယမြောက်ဂျာစီ ဒီဇိုင်းကာလာအနေထား 👀 #MUMS

ဒီပုံထဲမှာ ဘယ်ကစားသမားတစ်ယောက် ပျောက်နေတယ်ဆိုတာ သိကြလား ? #MUMS
ဒီပုံထဲမှာ ဘယ်ကစားသမားတစ်ယောက် ပျောက်နေတယ်ဆိုတာ သိကြလား ? #MUMS

အေစီမီလန်အသင်းနဲ့ ကစားရမယ့်အပေါ် မာဇာရာဝီရဲ့အမြင် 🗨️ အေစီမီလန်နဲ့ ပွဲစဥ်ကလည်း အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမှာမို့လို့ ပွဲကြ
အေစီမီလန်အသင်းနဲ့ ကစားရမယ့်အပေါ် မာဇာရာဝီရဲ့အမြင် 🗨️ အေစီမီလန်နဲ့ ပွဲစဥ်ကလည်း အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမှာမို့လို့ ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ကျွန်တော်တို့အားလုံး ရူဘင်အမိုရင်ကို သိကြတာဆိုတော့ သူနဲ့ ပြန်တွေ့ရမှာလည်း ဝမ်းသာစရာ ကောင်းပါတယ် ။ #MUMS

မိုက်ကယ်ကားရစ်နဲ့ ယူနိုက်တက် era အသစ် 👀 ✅️ Rashford 14 ✅️ Lammens 1 ⌛️ Sesko 9 #MUMS
မိုက်ကယ်ကားရစ်နဲ့ ယူနိုက်တက် era အသစ် 👀 ✅️ Rashford 14 ✅️ Lammens 1 ⌛️ Sesko 9 #MUMS

ဘာဘာတော့ပ် 🗣️ ဇာဇီနဲ့ အမ်ဘူမိုတို့ရဲ့တိုးတက်လာပုံက အတော်လေး သိသာထင်ရှားပါတယ် ။ သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်မှုတွ
ဘာဘာတော့ပ် 🗣️ ဇာဇီနဲ့ အမ်ဘူမိုတို့ရဲ့တိုးတက်လာပုံက အတော်လေး သိသာထင်ရှားပါတယ် ။ သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်မှုတွေ ကောင်းမွန်လာနေပြီဆိုတာထင်ရှားနေပြီး နှစ်ယောက်စလုံး တိုက်စစ်ပိုင်းမှာ ယုံကြည်မှုတွေ ပိုရှိလာသလို ပိုလည်း ထက်မြက်လာကြပါပြီ။ ဇာဇီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ သူ့ရဲ့ တိုးတက်မှုကတော့ ငြင်းမရအောင် ထင်ရှားနေပြီး ကာရစ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်မှာလည်း အမ်ဘူမိုက ဒီရာသီအတွက် အစစအရာရာ အပြည့်အဝ အသင့်ဖြစ်နေပါပြီ။ ဒီပုံစံအတိုင်းသာ ဆက်လက် တိုးတက်သွားနိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ တကယ့်ကို အန္တရာယ်ကြီးမားတဲ့ တိုက်စစ်တွဲဖက်မှုကို ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ် ။ #MUMS

ကိုယ်တိုင်ဖိတ်ခေါ်ပြီး ဖလားမရတာထက်စာရင် ဒီလိုလေးရလည်း ကျေနပ်ပါတယ် :) #MUMS
+2
ကိုယ်တိုင်ဖိတ်ခေါ်ပြီး ဖလားမရတာထက်စာရင် ဒီလိုလေးရလည်း ကျေနပ်ပါတယ် :) #MUMS

လာမယ့်ခြေစမ်းပွဲ‌တွေအတွက် အသင်းရဲ့ အဓိကကစားသမားတွေ ပါဝင်လာတော့မှာဖြစ်သလို ၊ အသင်းရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရဖို့ ရှိနေပါတယ
+5
လာမယ့်ခြေစမ်းပွဲ‌တွေအတွက် အသင်းရဲ့ အဓိကကစားသမားတွေ ပါဝင်လာတော့မှာဖြစ်သလို ၊ အသင်းရဲ့ ခြေစွမ်းအမှန်ကို မြင်တွေ့ရဖို့ ရှိနေပါတယ် ။ #MUMS

ရီယိုဖာဒီနန် 🗣️ ရက်ရှ်ဖို့ဒ်တစ်ယောက် မန်ချက်စတာယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လို့လာပါပြီ။ ကြည့်ရတာ အသံငြိမ့်ငြိမ
ရီယိုဖာဒီနန် 🗣️ ရက်ရှ်ဖို့ဒ်တစ်ယောက် မန်ချက်စတာယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လို့လာပါပြီ။ ကြည့်ရတာ အသံငြိမ့်ငြိမ့်လေးနဲ့ အစွမ်းကုန်ဟိန်းထွက်နေတဲ့ ဖာရာရီ ပြိုင်ကားတစ်စီးလိုပဲ ။ ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်နေပုံပါပဲဗျာ။ အဲဒီထက်ပိုတာကတော့ သူနဲ့အတူ ပါလာတဲ့ အပြုံးမျက်နှာလေးနဲ့ လန်းဆန်းတက်ကြွနေတဲ့ ခြေလှမ်းတွေပါပဲ။ သူ ဒီမှာပဲ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ ဆိုရရင်တော့ သူဟာ ကျွန်တော်တို့ အသင်းအတွက် ကစားသမားသစ်တစ်ယောက် ရလိုက်သလိုမျိုးပါပဲ ။ #MUMS

အသင်းရဲ့နောက်ခံလူ လီချာ ပရီးမီးယားလိဂ်ပွဲစဉ်အမှီ ပြန်လာနိုင်ပါပြီ ။ လာမယ့်ပွဲစဉ်တွေကစလို့ မြင်တွေ့ရဖို့ ရှိနေပါတယ် ။ #MUMS
အသင်းရဲ့နောက်ခံလူ လီချာ ပရီးမီးယားလိဂ်ပွဲစဉ်အမှီ ပြန်လာနိုင်ပါပြီ ။ လာမယ့်ပွဲစဉ်တွေကစလို့ မြင်တွေ့ရဖို့ ရှိနေပါတယ် ။ #MUMS

ကွင်းလယ်က ဂူမာရက်စ်ရောက်လာလို့ အာဆင်နယ်ဖက်က စကယ်လီကို ရောင်းထုတ်သွားမလားဆိုပြီး မန်ယူဖက်က စုံစမ်းမေးမြန်းမှုတစ်ခု ပြုလုပ်ခဲ့တ
ကွင်းလယ်က ဂူမာရက်စ်ရောက်လာလို့ အာဆင်နယ်ဖက်က စကယ်လီကို ရောင်းထုတ်သွားမလားဆိုပြီး မန်ယူဖက်က စုံစမ်းမေးမြန်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။ မန်ယူဖက်က စကယ်လီကို ခေါ်ယူဖို့ ကြိုးစားနေတာ အတော်ကြာနေခဲ့ပြီလည်း ဖြစ်ပါတယ် ။ #MUMS

ဟယ်ရီမက်ဂွါးယား 🗣️ ပြီးခဲ့တဲ့ ရာသီကုန်တုန်းကလို အရှိန်အဟုန်မျိုးအတိုင်း ဆက်သွားနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ မိုက်ကယ် ကာ
ဟယ်ရီမက်ဂွါးယား 🗣️ ပြီးခဲ့တဲ့ ရာသီကုန်တုန်းကလို အရှိန်အဟုန်မျိုးအတိုင်း ဆက်သွားနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ မိုက်ကယ် ကားရစ်ရောက်လာပြီးတည်းက ကျွန်တော်တို့ရမှတ်တွေ အများကြီး စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီမှာလည်း ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် နည်းဗျူဟာသစ်တွေနဲ့ မတူညီတဲ့ ကစားကွက် ပုံစံတွေကိုလည်း မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့ရာသီက ပွဲအချို့မှာ ပွဲထွက်ခြေစွမ်း တကယ်ကောင်းခဲ့ပေမဲ့ တချို့ပွဲတွေမှာတော့ ဒီထက်မက ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တာကို ကျွန်တော်တို့ ကိုယ်တိုင်လည်း သိပါတယ်။ ရလဒ်နဲ့ ရမှတ်တွေကတော့ ရခဲ့တာ မှန်ပေမဲ့ ခြေစွမ်းပိုင်းမှာ ဒီထက်မက ပိုပြနိုင်ခဲ့သင့်ပါတယ်။ ရာသီကြို လေ့ကျင့်ရေးကာလမှာ ဒါတွေကို ပြင်ဆင်လေ့ကျင့်ထားတာကြောင့် ဒီရာသီမှာ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေကို မြင်တွေ့ရတော့မှာပါ။ #MUMS

ဘယ်နောက်ခံလူနေရာအတွက် Hall ကို မရနိုင်တော့လို့ စပိန်ကလပ် ဆန်တန်ဒါအသင်းရဲ့ အသက် 19 နှစ်အရွယ် ဘယ်နောက်ခံလူဖြစ်တဲ့ Jorge Salinas
ဘယ်နောက်ခံလူနေရာအတွက် Hall ကို မရနိုင်တော့လို့ စပိန်ကလပ် ဆန်တန်ဒါအသင်းရဲ့ အသက် 19 နှစ်အရွယ် ဘယ်နောက်ခံလူဖြစ်တဲ့ Jorge Salinas ကို ခေါ်ယူဖို့ အလေးနက်ထားစောင့်‌ကြည့်နေပါတယ် ။ #MUMS

ခြေစမ်းပွဲကစားဖို့အတွက် အိုင်ယာလန်ကိုသွားတဲ့ ခရီးစဉ်မှာ အသင်းရဲ့ အဓိကကစားသမားအများစု ပြန်လည်ပါဝင်လာခဲ့ကြပါတယ် ။ #MUMS
+6
ခြေစမ်းပွဲကစားဖို့အတွက် အိုင်ယာလန်ကိုသွားတဲ့ ခရီးစဉ်မှာ အသင်းရဲ့ အဓိကကစားသမားအများစု ပြန်လည်ပါဝင်လာခဲ့ကြပါတယ် ။ #MUMS

အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ မားကပ်စ်ရက်ဖို့က ကျောနံပတ် 14 ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ် ။ ရက်ဖို့စ်က ခြေစမ်းပွဲအတွက် အသင်းရှိ
အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ မားကပ်စ်ရက်ဖို့က ကျောနံပတ် 14 ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ် ။ ရက်ဖို့စ်က ခြေစမ်းပွဲအတွက် အသင်းရှိရာ နေရာကို သွားရောက်ပူးပေါင်းနေပြီလည်းဖြစ်ပါတယ် ။ #MUMS

အမ်ဘူမိုရဲ့ pre-season ခြေစွမ်းကတော့ တကယ့်ကို အားရစရာ ကောင်းလွန်းပါတယ်။ ရိုဆင်ဘော့စ် ၊ တီကို နဲ့ PSG တို့လို အသင်းကြီးတွေနဲ့
အမ်ဘူမိုရဲ့ pre-season ခြေစွမ်းကတော့ တကယ့်ကို အားရစရာ ကောင်းလွန်းပါတယ်။ ရိုဆင်ဘော့စ် ၊ တီကို နဲ့ PSG တို့လို အသင်းကြီးတွေနဲ့ ရာသီကြို ပွဲစဉ်တွေမှာ ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့အတူ Rating မြင့်မြင့်မားမား ရရှိကာ ပွဲစဉ်တိုင်းလိုလိုမှာ အကောင်းဆုံး ခြေစွမ်းပြသထားပါတယ်။ ဒီလို ခြေစွမ်းမျိုးကို ဆက်လက် ထိန်းသိမ်းသွားနိုင်ရင်တော့ လာမယ့် ရာသီသစ်မှာ အသင်းအတွက် အားထားရဆုံး၊ ပြိုင်ဘက် ခံစစ်မှူးတွေ တကယ် ထိတ်လန့်ရမယ့် ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ ။ #MUMS

တကွက်ဘဲပြလိုက်တဲ့ ရိုယို 👀 #MUMS

ရက်ဖို့စ်က ဒီနေ့မှာဘဲ ကာရင်တန်ကိုလာရောက်ခဲ့ပြီး အသင်းရဲ့ပရိတ်သတ်ကလေးငယ်တစ်ယောက်ကို အမှတ်တရလက်မှတ်ထိုးပေးခဲ့ပါတယ် ။ ခြေစမ်းပွဲ
ရက်ဖို့စ်က ဒီနေ့မှာဘဲ ကာရင်တန်ကိုလာရောက်ခဲ့ပြီး အသင်းရဲ့ပရိတ်သတ်ကလေးငယ်တစ်ယောက်ကို အမှတ်တရလက်မှတ်ထိုးပေးခဲ့ပါတယ် ။ ခြေစမ်းပွဲတွေကိုတော့ အသင်းနဲ့ပူးပေါင်းခြင်းမရှိပေမဲ့ ဆစ်ကိုနဲ့အတူ လေ့ကျင့်ခန်းအတူဆင်းနေခဲ့ပါတယ် ။ #MUMS

ညကပွဲစဉ်မှာ ကွင်းလယ်လူ မေဆင်မောင့်ဒဏ်ရာရရှိသွားခဲ့လို့ အသင်းဘုတ်အဖွဲ့ကို မိုက်ကယ်ကားရစ်က လူသစ်‌ထပ်မံခေါ်ယူပေးဖို့ တောင်းဆိုထာ
ညကပွဲစဉ်မှာ ကွင်းလယ်လူ မေဆင်မောင့်ဒဏ်ရာရရှိသွားခဲ့လို့ အသင်းဘုတ်အဖွဲ့ကို မိုက်ကယ်ကားရစ်က လူသစ်‌ထပ်မံခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ် ။ #MUMS

ဂုတ်ကြီးမက်ဆီရဲ့ဖခင် ဂျော့ခ်ျမက်ဆီက အသက် (၆၈) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သားဖြစ်သူရဲ့ အောင်မြင်မှုတွေကို မြင်တွေ့ခွင့
ဂုတ်ကြီးမက်ဆီရဲ့ဖခင် ဂျော့ခ်ျမက်ဆီက အသက် (၆၈) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သားဖြစ်သူရဲ့ အောင်မြင်မှုတွေကို မြင်တွေ့ခွင့်ရခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ ဆန္ဒပြည့်ဝသွားခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ ငြိမ်းချမ်းစွာ အနားယူပါ ဂျော့ချ်🕊️ #MUMS

Line up လေးတော့ ထွက်လာပြီဗျာ ❗ #MUMS
Line up လေးတော့ ထွက်လာပြီဗျာ ❗ #MUMS