7 711
Подписчики
-324 часа
-357 дней
-17730 день
Архив постов
ကတ်စမဲရိုး မပါဝင်တဲ့ အသင်းရဲ့ ပွဲစဉ်တွေမှာ ရလဒ်အနေနဲ့ ဆိုးရွားနေပြီး ၊ ဒါက ကွင်းလယ်မှာ ကတ်စမဲရိုးရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါနေလည်းဆိုတာ သက်သေပါဘဲ :)
🤝 2-2 vs Grimsby
❌ 3-0 vs Man City
❌ 1-2 vs Brigthon
🤝 0-0 vs Sunderland
#MUMS
ကိုယ်မဟုတ်တဲ့ တစ်ခြားသူရင်ခွင်မှာ ပျော်နေတာလေး မြင်ရတော့ တကယ်ဝမ်းသာမိတယ် :)
#MUMS
+1
မားကပ်ရက်ဖို့စ် 🗣️ ငါလေ့ကျင့်ရေးကွင်းသွားတဲ့အခါ ခရစ္စတီယာနိုလုပ်သလိုမျိုး ဖရီးကစ်ကန်တာတွေကို အမြဲလိုလို လေ့ကျင့်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဖရီးကစ်ကန်သွင်းသူဖြစ်တာကြောင့်ပါပဲ ။
#MUMS
လုခ်ရှောရဲ့ နေရာအတွက် အသင်းရဲ့တာဝန်ရှိသူတွေက အလားအလာရှိတဲ့ ဘယ်နောက်ခံလူအဖြစ် မိုင်လ်စ်လူးဝစ်စကယ်လီကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ် ။ ကစားသမားဘက်ကလည်း ပွဲထွက်ခွင့်နေရာသေချာဖို့အတွက် တကယ်ကမ်းလှမ်းလာခဲ့ပါက ငြင်းဆိုဖို့ ခက်ခဲမယ့် အနေထားမှာ ရှိပါတယ် ။
#MUMS
Rashy ရဲ့ အက်ကလက်စီကိုမှာ အရေးပါခဲ့တဲ့ ဖရီးကစ်ဂိုးလေးပေါ့ 🔥
#MUMS
အဘက်ဘက်မှ ဖလားရရှိအောင် ကူညီပေးခဲ့တဲ့ သူငယ်ချင်းပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် 🌚
#MUMS
လာမယ့်အပတ်ဆို ကတ်စမဲရိုးရဲ့မန်ယူကစားသမားဘဝ အိမ်ကွင်းအိုးထရက်ဖို့စ်ကွင်းကြီးမှာ နောက်ဆုံးပွဲစဉ်ကို ကစားရတော့မှာဖြစ်တော့မှာ ဖြစ်ပါတယ် ။
#MUMS
ယူနိုက်တက်က အီဒါဆန်အတွက် သဘောတူညီမှုကို မကြာခင်ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ် ။ ကစားသမားရဲ့အေးဂျင့်က အပြောင်းအရွှေ့အတွက် တွန်းအားပေးနေပြီး ဂျေဆန် ဝီလ်ကော့စ်တို့ဘက်ကလည်း ကစားသမားရဲ့ ခြေစွမ်းကို အတောိလေး သဘောကျနေခဲ့ပြီး တရားဝင်ကမ်းလှမ်းဖို့ စီစဉ်သွားတော့မှာ ဖြစ်ပါတယ် ။
#MUMS
3 ပွဲဆက် နိုင်ပွဲဆက်ခဲ့တဲ့ အနေထားက ဆန်းဒါးလန်းနဲ့ အတွေ့မှာ သရေကျခဲ့လို့ ရပ်တန့်သွားခဲ့ရပြန်ပါပြီ ။ ဒီရာသီ ဒီလိုအခြေအနေက အမြဲလိုလို ဖြစ်နေကြဘဲမို့ အရမ်းကြီးတော့ ထူးဆန်းမနေတော့ပါဘူး
✅ 1-0 win vs Chelsea
✅ 2-1 win vs Brentford
✅ 3-2 win vs Liverpool
➖ 0-0 draw vs Sunderland
#MUMS
Injury prome ကိုရှောတောင် ဒီရာသီ မိနစ် 90 ပြည့်အောင် ကစားနိုင်တဲ့ ပွဲတောင် အတော်များလာတာဘဲ ။ ဒါကြောင့်လည်း အသင်းရဲ့ ရလဒ် ပြန်တက်လာတာ မထူးဆန်းတော့ပါဘူး ။
#MUMS
ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း သေချာသွားပြီဖြစ်လို့ ဒီပွဲရဲ့ရလဒ်က ဘာဘဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုတော့ပါဘူး ။ အဝေးကွင်းဆို ထုံးစံအတိုင်း ရုန်းကန်နေရတာက ယူနိုက်တက်ရဲ့ DNA ပါဘဲ ။ Senne Lammens အတွက် clean sheets ရလိုက်တာတော့ တကယ်ဝမ်းသာစရာပါ ။
#MUMS
Repost from Myanmar Football Network 2
ပရီးမီးယားလိဂ်
ဆန်းဒါးလန်း Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
ဘရူနိုဖာနန်ဒက်စ်က ဘောလုံးစာရေးဆရာများအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဖြစ်လာခဲ့ပါတယ် ။
ဘရူနိုဖာနန်ဒက်စ်က ၂၀၀၉/၁၀ ခုနှစ် ဝိန်းရွန်းနီနောက်ပိုင်း အမျိုးသား FWA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တဲ့ ပထမဆုံးမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပါတယ် ။
#MUMS
ချူအာမန်နီနဲ့ ရီးရဲလ်အသင်းကြား အခြေအနေကို မန်ယူဘက်က စောင့်ကြည့်နေပြီး ရာသီကုန်ကမ်းလှမ်းသွားမယ့် အနေထားမှာ ရှိနေပါတယ် ။
#MUMS
ပြီးခဲ့တဲ့နှစ်က ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး Luke Shaw က - တကယ်တမ်းပြောရရင် အရမ်းခက်ခဲပါတယ်။ လူတွေက သူ ဒဏ်ရာရနေတယ်၊ သူ ဘာမှ မစိုးရိမ်ဘူး။ သူ ဂရုမစိုက်ဘူး၊ သူ ထပ်ပြီး ဒဏ်ရာရပြန်ပြီ' လို့ပဲ တွေးနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။
#MUMS
ချူအာမန်နီနဲ့ အခုဆို သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပြီး ကစားသမားဘက်ကလည်း အသင်းပြောင်းဖို့ ရှိနေတယ်လို့ သိရပါတယ် ။ ခြေစွမ်းကို ကြိုက်ပေမဲ့ နောက်ထပ်ဗိုင်းရပ်စ်တကောင် ထပ်ရောက်လာမှာမျိုးကို တကယ်မလိုလားပါဘူး ။ အခုမှ အသင်းက အထိုင်ကျခါမယ်ဆိုမှ ဒီလိုကစားသမားတွေ ထပ်ရောက်လာခဲ့ရင် မပြီးဆုံးနိုင်တဲ့ သံသရာထဲမှာ ထပ်ပြီးကျင်လည်နေရဦးမယ့် ဘဝမျိုး ရောက်သွားဦးမှာပါ ။
#MUMS
+3
ကွင်းလယ်နေရာအတွက် လာမယ့်ရာသီ ခေါ်ယူဖို့ အဓိကထား စောင့်ကြည့်နေတဲ့ ကစားသမားများ 👀
🗣️ Alex Crook (talkSPORT): on Manchester United midfield targets:
* Mateus Fernandes
* Hayden Hackney
* Alex Scott
* Aurélien Tchouaméni
* Éderson
#MUMS
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
