en
Feedback
Manchester United Myanmar Supporters FC

Manchester United Myanmar Supporters FC

Open in Telegram
7 306
Subscribers
-624 hours
-517 days
-17530 days
Posts Archive
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ SumUp တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကလပ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး လက်မောင်
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ SumUp တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကလပ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး လက်မောင်းစပွန်ဆာအဖြစ် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ် ။ #MUMS

🚨 လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ နှစ်ယောက်စလုံး လာမယ့် ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ကားလို့စ်တီးဗက်စ်ရဲ့ နှုတ်ဆက်
🚨 လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ နှစ်ယောက်စလုံး လာမယ့် ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ကားလို့စ်တီးဗက်စ်ရဲ့ နှုတ်ဆက်ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ဖိတ်ကြားခံထားရပါတယ်။ သူတို့သာ လက်ခံခဲ့ရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ သူတို့ရဲ့ ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းတစ်သင်းတည်းမှာ အတူတူ ပူးပေါင်းပါဝင် ကစားသွားကြမှာ ဖြစ်ပါတယ်။ 😍🇦🇷🇵🇹 #MUMS

ချန်ပီယံလိဂ် training kit နဲ့ သရဲနီတပ်သားများ 👀💪 #MUMS
+3
ချန်ပီယံလိဂ် training kit နဲ့ သရဲနီတပ်သားများ 👀💪 #MUMS

ပီတာရှက်မိုက်ကယ်က အဲဗာတန်နဲ့ ပွဲမှာပြသခဲ့တဲ့ ဆန်နီလာမန်းစ်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး 🗣️ မန်ယူအသင်းက ဒေးဗစ်ဒီဂီယာရဲ့ နေရာကို
ပီတာရှက်မိုက်ကယ်က အဲဗာတန်နဲ့ ပွဲမှာပြသခဲ့တဲ့ ဆန်နီလာမန်းစ်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး 🗣️ မန်ယူအသင်းက ဒေးဗစ်ဒီဂီယာရဲ့ နေရာကို အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။ လာမန်းစ်က ကျွန်တော့်ကို မျှော်လင့်ချက်တွေ အများကြီး ပေးခဲ့ပေမဲ့ အခုတော့ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာပါပြီ။ ဂိုးသမားတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ နောက်ဆုံးဝင်သွားတဲ့ ဂိုးကို ကာကွယ်ဖို့ ကြိုးစားခဲ့သင့်တာပါ။ ဒါပေမဲ့ သူကတော့ ဘောလုံး ဂိုးထဲဝင်သွားတာကို ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။ မန်ယူအနေနဲ့ ခံစစ်ပိုင်းရော ဂိုးသမားနေရာကိုပါ ပြန်လည်ပြင်ဆင် မွမ်းမံဖို့ လိုအပ်နေပါပြီ။ #MUMS

🚨📊 လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မန်ယူအသင်းဟာ လိဂ်ရာသီသစ်ရဲ့ ပထမဆုံး ၃ ပွဲဆက်တိုက်မှာ ပွဲတိုင်း အနည်းဆုံ
🚨📊 လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မန်ယူအသင်းဟာ လိဂ်ရာသီသစ်ရဲ့ ပထမဆုံး ၃ ပွဲဆက်တိုက်မှာ ပွဲတိုင်း အနည်းဆုံး ၂ ဂိုးနဲ့အထက် ပေးဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။ ဒီလိုမျိုး ဆိုးရွားတဲ့ စံချိန်မျိုးကို ၂၀၂၀-၂၁ ရာသီတုန်းကလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။ #MUMS

နောက်ကျဂိုး‌နဲ့ သရေတမှတ်ယူနိုင်ခဲ့တာ တကယ်ကို နစ်နာခဲ့ရပါတယ် ။ ဒီရာသီ ခံစစ်ကြောင်းက မေးခွန်းထုတ်ရမှာဖြစ်ပြီး ဒီတိုင်းဆို လာမယ့
နောက်ကျဂိုး‌နဲ့ သရေတမှတ်ယူနိုင်ခဲ့တာ တကယ်ကို နစ်နာခဲ့ရပါတယ် ။ ဒီရာသီ ခံစစ်ကြောင်းက မေးခွန်းထုတ်ရမှာဖြစ်ပြီး ဒီတိုင်းဆို လာမယ့်ပြိုင်ပွဲအတွက် ရင်လေးစရာပါဘဲ ။ #MUMS

သူငယ်ချင်းဖင်ကောက်ကျေးဇူးတင်ပါတယ် 🥳 #MUMS

အင်္ဂလန်ပရီးမီးယားလိဂ် အဲဗာတန် Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻 ‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏 ❗️Main Channel Link 👇🏻 https://t.me/mfn2026 ❗️ Live Channel Link 👇🏻 https://t.me/+5wpl5s7oeEZhNGY9 https://t.me/+fz9NOvR_4RgzZjQ9

အဝေးကွင်းမှာ နိုင်ပွဲယူမယ့် ပွဲထွက်လူစာရင်း 👀💪 #MUMS
အဝေးကွင်းမှာ နိုင်ပွဲယူမယ့် ပွဲထွက်လူစာရင်း 👀💪 #MUMS

မန်ယူအသင်းက ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး 10 ပွဲမှာ 3 ပွဲသာ clean sheets ရထားခဲ့တာဖြစ်ပါတယ် ။ #MUMS
မန်ယူအသင်းက ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး 10 ပွဲမှာ 3 ပွဲသာ clean sheets ရထားခဲ့တာဖြစ်ပါတယ် ။ #MUMS

ဘယ်လီဘာရဲ့ ဒဏ်ရာက အမြန်ဆုံးသက်သာ‌လာ‌နေပြီး ဒီလကုန်လောက် အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ် ။ #MUMS
ဘယ်လီဘာရဲ့ ဒဏ်ရာက အမြန်ဆုံးသက်သာ‌လာ‌နေပြီး ဒီလကုန်လောက် အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ် ။ #MUMS

ဆစ်ကိုက အသင်းနဲ့ကြာလေ ပိုပြီးအသားကျလာလေဖြစ်တယ်လို့ မိုက်ကယ်ကားရစ်က ပြောကြားလိုက်ပါတယ် ။ တစ်ချို့အချိန်တွေမှာ သူ့အနေနဲ့ လိုအပ်
ဆစ်ကိုက အသင်းနဲ့ကြာလေ ပိုပြီးအသားကျလာလေဖြစ်တယ်လို့ မိုက်ကယ်ကားရစ်က ပြောကြားလိုက်ပါတယ် ။ တစ်ချို့အချိန်တွေမှာ သူ့အနေနဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ဒါကအရမ်းကြီး ပြသာနာမဟုတ်ပါဘူး ။ တစ်ချိန်မှာ သူက အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မယ်ဆိုတာ ငါ့အနေနဲ့ ရဲရဲကြီးပြောရဲပါတယ် ။ #MUMS

Dorgu ကိုဘယ်နောက်ခံလူ (LB) အဖြစ် ပွဲထုတ်နိုင်ခြေနဲ့ပတ်သက်ပြီး မိုက်ကယ်ကားရစ်ပြောကြားချက် 🗣️ သူ အဲဒီနေရာမှာ သေချာပေါက် ကစားနိ
Dorgu ကိုဘယ်နောက်ခံလူ (LB) အဖြစ် ပွဲထုတ်နိုင်ခြေနဲ့ပတ်သက်ပြီး မိုက်ကယ်ကားရစ်ပြောကြားချက် 🗣️ သူ အဲဒီနေရာမှာ သေချာပေါက် ကစားနိုင်ပါတယ်။ အရင်ကလည်း ကစားခဲ့ဖူးသလို၊ မကစားနိုင်ဘူးလို့လည်း ကျွန်တော် မပြောပါဘူး ။ ကျွန်တော် ရောက်ကတည်းက အသင်းကို ကိုင်တွယ်လာတဲ့ ပုံစံအတိုင်းဆိုရင် သူက ကံမကောင်းစွာနဲ့ တော်တော်ကြာ ဒဏ်ရာရနေခဲ့တာပါ။ ကျွန်တော့်အတွက်တော့ သူဟာ အသင်းအတွက် ကစားသမားသစ်တစ်ယောက် ရလိုက်သလိုပါပဲ။ အသင်းကို ရောက်လာပြီး ကူညီပေးနိုင်မှုတွေ အများကြီး ဖြည့်ဆည်းပေးခဲ့လို့ ကစားသမားသစ်တစ်ယောက် ခေါ်ယူလိုက်ရသလိုတောင် ခံစားရပါတယ်။ သူဟာ နွေရာသီတုန်းက ဒိန်းမတ်အသင်းအတွက် ညာတောင်ပံမှာ ကစားပြီး အံ့ဩစရာ ဂိုးတစ်ဂိုးသွင်းယူခဲ့ဖူးသလို၊ ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်ပါတယ်။ နေရာမျိုးစုံမှာ အသုံးဝင်တဲ့သူပါ။ တစ်ချိန်ချိန်မှာတော့ အဲဒီနေရာမှာ သူ့ကို သုံးရရင်လည်း သုံးရပါလိမ့်မယ်။ လေ့ကျင့်ရေးဆင်းချိန်တွေမှာလည်း အဲဒီနေရာမှာ ကစားတဲ့အခါတွေ ရှိပါတယ်။ သူက ငယ်သေးတာမို့လို့ သူ့မှာရှိတဲ့ အရည်အသွေးကောင်းတွေကို ကျွန်တော်တို့အစွမ်းကုန် ဆွဲထုတ်သုံးစွဲသွားရမှာပါ။ #MUMS

အသက် 18 နှစ်အရွယ် လူငယ်ကစားသမားလေး Tynan Thompson က ချန်ပီယံလိဂ်ကစားရမယ့် အသင်းလူစာရင်းမှာ ထည့်သွင်းခြင်း ခံခဲ့ရတယ်လို့ သိရပါ
အသက် 18 နှစ်အရွယ် လူငယ်ကစားသမားလေး Tynan Thompson က ချန်ပီယံလိဂ်ကစားရမယ့် အသင်းလူစာရင်းမှာ ထည့်သွင်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ် ။ #MUMS

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ နဲ့အတူ မန်ယူအသင်းမှာ အသစ်ရရှိထားတဲ့ ကျောနံပါတ် ၉ ကို ခန္ဓာကိုယ
မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ နဲ့အတူ မန်ယူအသင်းမှာ အသစ်ရရှိထားတဲ့ ကျောနံပါတ် ၉ ကို ခန္ဓာကိုယ်မှာ တက်တူးထိုးလိုက်ပါတယ်။ အခုဆိုရင် သူဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ်တိုင်းကို တက်တူးရေးထိုးပြီးသား ဖြစ်သွားခဲ့ပါပြီ ။ #MUMS

ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့ သရဲနီတပ်သားများ 🔴🤩 #MUMS
+6
ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့ သရဲနီတပ်သားများ 🔴🤩 #MUMS

ဩဂုတ်လရဲ့ အကောင်းဆုံးကစားသမားဆုစာရင်းထဲ ဘရူနိုပါဝင်လာခဲ့ပါတယ် ။ #MUMS
ဩဂုတ်လရဲ့ အကောင်းဆုံးကစားသမားဆုစာရင်းထဲ ဘရူနိုပါဝင်လာခဲ့ပါတယ် ။ #MUMS

၂၀၂၅ မှာ တိုက်စစ်အတွက် အပြောင်းအရွေ့စရိတ် 215M သုံးစွဲထားခဲ့ပြီး ၊ ၂၀၂၆ မှာ ကွင်းလယ်အတွက် 155M (အန်ဒရီဆန်းတို့စ်၊ တိုင်လေမန်းစ်၊ ကားလို့စ်ဘယ်လီဘာ) စတဲ့ကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ် ။ ၂၀၂၇ နွေရာသီမှာ ခံစစ်ပိုင်းကို အဓိက ပစ်မှတ်ထား ဦးစားပေးတော့မှာ သေချာသလောက် ရှိနေပါတယ်။ အသင်းရဲ့ အားကစားဒါရိုက်တာ ဂျေဆန်ဝီးကော့စ်နဲ့ အုပ်ချုပ်ရေးပိုင်းတို့ဟာ ခံစစ်ကစားသမား ၄ ဦးအထိ ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။ ဟယ်ရီမက်ဂွိုင်းယားနဲ့လုခ်ရှောတို့ နှစ်ဦးစလုံးရဲ့ စာချုပ်တွေဟာ ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်လို့ အသက်အရွယ်အရ ရေရှည်အစားထိုးဖို့ လိုအပ်နေပါတယ်။ လီဆန်ဒရိုမာတီနက်စ်နဲ့ဒီလစ်ခ်ျ ဒဏ်ရာပြဿနာ မကြာခဏ ကြုံတွေ့နေရတာကြောင့် ဒီရာသီမှာ သူတို့ရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့ လိုအပ်နေပြီး မပြနိုင်ပါက အစားထိုးခံရဖွယ် ရှိပါတယ်။ လန်နီယိုရိုနဲ့ အိုင်ဒင်ဟီဗင်တို့လို လူငယ်တွေကို မြေတောင်မြှောက်ပေးရင်း ဝါရင့် ခံစစ်ခေါင်းဆောင်သစ် တစ်ဦးကို ခေါ်ယူသွားမှာပါ။ Left-Back (ဘယ်တောင်ပံခံစစ်) အတွက် နယူးကာဆယ်၏ Lewis Hall ဟာ ယူနိုက်တက်ရဲ့ နံပါတ် (၁) ပစ်မှတ်အဖြစ် ရှိနေပါတယ်။ Centre-Back (ဗဟိုခံစစ်) က မက်ဂွိုင်းယားနေရာကို အစားထိုးမယ့် ခေါင်းဆောင်မှုပေးနိုင်သည့် ဗဟိုခံစစ်မှူးသစ် ဈေးကွက်ထဲ ရှာဖွေနေပါတယ် ။ Right-Back (ညာတောင်ပံခံစစ်)အတွက် ဒါးလော့စ်နဲ့ မာဇရာဝီတို့ ရှိသော်လည်း ပိုမို ထက်မြက်သည့် တိုက်စစ်လိုက်နိုင်သော ညာနောက်ခံနေရာကလည်း ဖြည့်တင်းသွားရဦးမှာ ဖြစ်ပါတယ် ။ ၂၀၂၅ တိုက်စစ်၊ ၂၀၂၆ ကွင်းလယ်တို့ကို အားဖြည့်ပြီးနောက် ၂၀၂၇ မှာတော့ ယူနိုက်တက်ဟာ ခိုင်မာသည့် ခံစစ်ကြောင်းသစ်ကို တည်ဆောက်ပြီး ဆုဖလားစိန်ခေါ်နိုင်မည့် အသင်းအဖြစ် ပုံဖော်သွားမှာ ဖြစ်ပါတယ် ။ #MUMS

2026/27 ဘောလုံးရာသီ မန်ယူအသင်းရဲ့ အကောင်းဆုံးလူစာရင်းဖြစ်ပါတယ် ။ ပြိုင်ပွဲစုံကစားရမှာဖြစ်တာကြောင့် မလုံလောက်သေးတာ သိပေမဲ့ ဘယ်
2026/27 ဘောလုံးရာသီ မန်ယူအသင်းရဲ့ အကောင်းဆုံးလူစာရင်းဖြစ်ပါတယ် ။ ပြိုင်ပွဲစုံကစားရမှာဖြစ်တာကြောင့် မလုံလောက်သေးတာ သိပေမဲ့ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရ‌မှာ ဖြစ်ပါတယ် ။ #MUMS

တစ်ချိန်က မျှော်လင့်ချက်အများကြီးထားခဲ့ဖူးတဲ့ ကောင်လေးလည်း အခုတော့ အသင်းပြောင်းသွားရှာပြီ ☹️ #MUMS
တစ်ချိန်က မျှော်လင့်ချက်အများကြီးထားခဲ့ဖူးတဲ့ ကောင်လေးလည်း အခုတော့ အသင်းပြောင်းသွားရှာပြီ ☹️ #MUMS