Manchester United Myanmar Supporters FC
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
7 030
Obunachilar
-924 soatlar
-687 kun
-21330 kun
Postlar arxiv
Clean sheets လည်းမယူသလို ၊ နိုင်ပွဲလည်း မယူသေးတဲ့ သခင်ကြီးမန်ယူရဲ့ ဒီရာသီ ဖြတ်သန်းပုံကတော့ အလန်းစားဘဲဟေ့....
#MUMS
မန်ယူအသင်းက သူတို့ကစားခဲ့တဲ့ ပြိုင်ပွဲစုံ 6 ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ် ။
#MUMS
ဒီအသင်းကတော့ ဒီလောက်ပါဘဲ ။ အရင်ဆုံးဂိုးသွင်းမယ် ၊ ပြီးရင် ပြန်ပေးမယ် ။ ကံကောင်းရင် နိုင်ပြီး ၊ အခါမသင့်ရင် သရေကျမယ် ၊ ရှုံးမယ်၊ ဒါနဲ့ဘဲ သံသရာလည်နေတာ ဖြစ်ပါတယ် ။ တပတ်တပွဲ သရေတမှတ်ရရင် ကျေနပ်နေတဲ့အသင်းပါ ။
#MUMS
လိဒ်စ်နဲ့ ပွဲစဉ်အတွက် မာဇာရာဝီနဲ့ ဒိုကုတို့ မပါဝင်လာနိုင်တဲ့အချိန် ဟယ်ဗင်ကို ဘယ်နောက်ခံလူနေရာ ထားသုံးဖို့ ရှိနေတယ်လို့ နည်းပြမိုက်ကယ်ကားရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ် ။
#MUMS
ဆာအဲလက်စ်ဖာဂူဆန် အနားယူချိန်ကစပြီး ဆာဂျင်ရက်ကလစ်ဖ် မဝင်လာခင်အထိ မန်ယူအသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းဟာ ၅၂.၃% ရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ နိုင်ပွဲရာခိုင်နှုန်းဟာ ၃၇.၉% အထိကို ထိုးကျသွားခဲ့ပါပြီ။
တကယ့်ကို ရူးခါသွားလောက်စရာ ပြုတ်ကျသွားတာပါပဲဗျာ... 🤯
#MUMS
The Athletic ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်း Carrington မှာ ခေါင်းဆောင်မှု အားနည်းနေတယ်လို့ ကစားသမားတွေက ခံစားနေကြရပါတယ်။
အထူးသဖြင့် အသင်းကြီးက ကစားသမားတွေဟာ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် အားမလိုအားမရ ဖြစ်ပြီး စိတ်ပျက်ခဲ့ကြပါတယ်။
#MUMS
+1
တစ်ဖက်က နည်းပြထုတ်ဖြစ်ခဲ့ရင် အသင်းဆီလာဖို့ ကမ်းလှမ်းထားတဲ့သူနဲ့ တစ်ဖက်ကတော့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတဲ့သူ ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီအစုအဖွဲ့သာ ရှိနေရင် ဘယ်သူလာလာ အဆင်မပြေဖူးဆိုတာ သိနေတာဘဲ ။
#MUMS
Fri: အခုမှ ပထမဆုံးစရှုံးဖူးသောသူငယ်ချင်း
Me: အနိုင်ဆိုတာ ဘာမှန်းမသိတော့တဲ့ မိမိ
#MUMS
မိုက်ကယ်ကားရစ်က ဒီနေ့ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို အစောဆုံးလာရောက်ခဲ့တယ်လို့ သိရပါတယ် ။ အသင်းရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝေဖန်ခဲ့လို့ အသင်းပြောင်းဖို့ သတင်းထွက်နေတဲ့ မာတီနက်စ်လည်း လေ့ကျင့်ရေးမှာ မပါလာခဲ့ပါဘူး ။
#MUMS
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာရာထူး လစ်လပ်လာခဲ့မယ်ဆိုရင် အန်တိုနီယိုကွန်တီအနေနဲ့ ဝင်ရောက်ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း သူ့ရဲ့ကိုယ်စားလှယ်တွေက ယူနိုက်တက်ဘက်ကို ဆက်သွယ်အကြောင်းကြားထားပါတယ်။
#MUMS
ချန်ပီယံလိဂ်ရှုံးပွဲအပြီး ပြောကြားခဲ့တဲ့ စကားတွေကြောင့် လီဆန်ဒရိုမာတီနက်စ်တစ်ယောက် အသင်းပြောင်းရဖို့ ရှိနေပါတယ် ။ သူ့အနေနဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်ပြောကြားခဲ့တာကြောင့် ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေဆောင်ရမယ့်အပြင် ပွဲထွက်ခွင့်လည်း မသေချာတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။
#MUMS
အက်သလက်တီကိုနဲ့ ပွဲစဉ်အပြီး တိုင်လီမန်းစ်က ချန်ပီယံလိဂ်ပွဲ 100 ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ် ။ ကစားသမားဘဝ အန်ဒါလက်ခ်ျ ၊ လက်စတာ ၊ မိုနာကို ၊ အက်စတွန်ဗီလာနဲ့ အခုမန်ယူအသင်းတို့မှာ ကစားခဲ့တာ ဖြစ်ပါတယ် ။
#MUMS
ပွဲစကတည်းက ဂိုးတစ်ဂိုးပေးလိုက်ရပြီး၊ မန်ချက်စတာယူနိုက်တက်တို့ မတရားသဖြင့် လူ ၁ ယောက်လျော့သွားချိန် ပွဲပြီးခါနီးမှာလည်း နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရပြန်တယ်။ စနေနေ့က ပွဲထက်စာရင် အသင်းက ကြိုးစားအားထုတ်မှုပြနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့သလို ကစားပုံလည်း ပိုကောင်းလာပါတယ်။ ဒါပေမဲ့ နောက်ထပ် စိတ်ပျက်စရာ ရလဒ်တစ်ခုနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာ အသင်းက ပွဲ ၉ ပွဲကစားပြီးမှ ၂ ပွဲသာ နိုင်ထားပါတော့တယ်။ အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း အနိုင်မရရှိသေးပါဘူး။
#MUMS
သုံးရာသီဆက် ဆောင်းဝင်လာပြီဆို နည်းပြအပြောင်းအလဲ လုပ်နေရတဲ့အသင်းကို အခုတွေ့ဖူးကြပြီလား ? သုံးရာသီဆက်ကိုမှ နည်းပြသုံးယောက်ဆက်နဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအသင်းတသင်းဖြစ်လာဖို့ နီးစပ်လာပါပြီ ။
#MUMS
မိုက်ကယ်ကားရစ်လက်အောက် အသင်းရဲ့ အခြေအနေကတော့ မြင်ကြတဲ့အတိုင်းပါဘဲ
✅ 2 wins
🤝 3 draws
❌ 4 losses
🏆 Out of the Carabao Cup
ဒီအသင်းက ဒီလောက်ပါဘဲ ။
#MUMS
အသင်းရဲ့ ကစားသမားတွေကြား ၊ နည်းပြကားရစ်နဲ့ ပတ်သက်ပြီး ၊ အမြင်တွေ စတင်ကွဲလွဲလာခဲ့ကြသလို ၊ ပွဲထွက်ခွင့်နဲ့ ပတ်သက်တာတွေ ၊ နည်းဗျူဟာပိုင်း အားနည်းတာတွေ အစရှိတဲ့ ပြသာနာတွေ စတင်ဖြစ်ပေါ်နေပါတယ် ။ ဒါကြောင့် အရင်ကလို နည်းပြအပြောင်းအလဲ ဖြစ်ဖို့ လမ်းကြောင်းပေါ် ရောက်လာနေပြီ ဖြစ်ပါတယ် ။
#MUMS
လီဆန်ဒရိုမာတီနက်စ် 🗣️ ကလပ်အသင်း တစ်သင်းအနေနဲ့ ကျွန်တော်က ဒီထက် ပိုပြီး မျှော်လင့်ပါတယ်။ ကျွန်တော် အသိစိတ်က မပြောဖို့ မနေနိုင်တော့ပါဘူး။ ငါတို့မှာ ရည်မှန်းချက်ကြီးကြီး ထားဖို့ ပိုလိုတယ်။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရေး၊ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေးတွေအကြောင်းကို ပိုပြီး ထုတ်ဖော်ပြောဆိုကြရမယ်။
ရာသီတိုင်းလိုလို ငါတို့ဟာ အမြဲတမ်း ဒီအကြောင်းအရာတွေချည်းပဲ ထပ်ပြောနေကြရတယ်။ အကယ်၍ သစ္စာတရား (အမှန်တရား) ကို မပြောဘူးဆိုရင် ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။
#MUMS
ထုံးစံအတိုင်း နိုင်ပွဲနဲ့ ထပ်မံဝေးကွာခဲ့ရသလို ၊ ရလဒ်ကလည်း လက်ခံရမယ့် အနေထားပါဘဲ ။ ဒီလူစာရင်းနဲ့က ပြိုင်ပွဲတစ်ခုတည်းတောင် လုံလောက်မှု မရှိတာ အခုလောက်ဆို သိကြပြီ ထင်ပါတယ် ။
#MUMS
