Manchester United Myanmar Supporters FC
الذهاب إلى القناة على Telegram
إظهار المزيد
7 024
المشتركون
-224 ساعات
-617 أيام
-20230 أيام
أرشيف المشاركات
⚽️ ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (သို့) ဂိုးဖန်တီးမှု မရှိတာ ၅ ပွဲဆက် ရှိသွားပါပြီ... ဒါဟာ ၂၀၂၄/၂၅ ရာသီနောက်ပိုင်း သူ့အတွက် အကြာဆုံး ဂိုးပေါက်ပျောက်ဆုံးနေတဲ့ အချိန်ကာလပါပဲ 😬❌
ပြီးခဲ့တဲ့ရာသီက စံချိန်တင်ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးနောက်မှာတော့... လက်ရှိရာသီသစ်မှာ အဲ့ဒီပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့ ရုန်းကန်နေရပါတယ်
#MUMS
ကစားသမားသစ်တွေ ရောက်လာရင် အစပိုင်းမှာ တကယ့်စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ပေမဲ့ ဒီအသင်းရဲ့ မီဒီယာဖိအားနဲ့ ပရိသတ်တွေရဲ့ အလွန်အမင်း တောင်းဆိုမှုတွေအောက်မှာ တဖြည်းဖြည်း ယုံကြည်မှုတွေ ပျက်ပြားသွားတတ်ပါတယ်။
ဒါကြောင့် ဘယ်လို ထိပ်တန်းနည်းပြပဲ လာလာ၊ အသင်းရဲ့ အုပ်ချုပ်မှုပိုင်းနဲ့ ကစားသမားရွေးချယ်မှု မဟာဗျူဟာတွေ မပြောင်းလဲသမျှ ကာရစ်ကိုရော၊ ဘယ်သူ့ကိုမဆို အလွယ်တကူဖိအားတွေအောက် ရောက်သွားနိုင်ပါတယ် ။
ဒါပေမဲ့ ကစားသမားတွေရဲ့ အရည်အသွေး တစ်ခုတည်းကိုပဲ အပြစ်ပုံချလို့လည်း မရပါဘူး ။ ကွင်းထဲက ကစားသမားတွေရဲ့ အရည်အသွေးက အဓိကကျတယ်လို့ ဆိုထားပေမဲ့ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ပြဿနာက အရည်အသွေး မရှိတာထက် စုဖွဲ့မှု (Squad Balance) နဲ့ ကစားသမားခေါ်ယူမှု မဟာဗျူဟာ ညံ့ဖျင်းတာက ပိုဆိုးပါတယ်။
ဘောလုံးသမားကောင်းတွေ တစ်ဦးချင်းစီ ရှိနေပေမဲ့ အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်တကျ ခေါ်ယူမှု မရှိဘဲ နည်းပြအဆက်ဆက်ရဲ့ စိတ်ကြိုက်ပုံစံတွေ ရောထွေးနေတာကြောင့် Squad က ဟာကွက်တွေ အများကြီးနဲ့ ဖြစ်နေပါတယ်။
ဒါကြောင့် Line Up မှားတာ၊ Position မှားတာတွေက နည်းပြရဲ့ အမှားလည်း ဖြစ်သလို၊ အသင်းက ခင်းကျင်းပေးထားတဲ့ ကန့်သတ်ချက်တွေ ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။
အသင်းရဲ့ လက်ရှိ အဆိပ်အတောက်ဆန်တဲ့ အသိုင်းအဝိုင်းက တကယ်ကြီးမားတဲ့ အတားအဆီး ဖြစ်ပေမဲ့ ဘောလုံးလောကမှာ အသင်းကြီးတွေ ပြန်လည်နိုးထလာဖို့အတွက် မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ ရေရှည်စီမံကိန်းနဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေက အချိန်အတိုင်းအတာတစ်ခုအတွင်း အပြောင်းအလဲ အမြန်လုပ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလို ပြောင်းလဲဖို့ဆိုရင် ပရိသတ်တွေ အနေနဲ့ရော၊ အသင်းအုပ်ချုပ်သူတွေ အနေနဲ့ပါ ရလဒ်ဆိုးတွေကြားမှာ သည်းခံနိုင်စွမ်း (Patience) နဲ့ တည်ဆောက်မှုကို အမှန်တကယ် ယုံကြည်အားပေးဖို့ လိုအပ်ပါလိမ့်မယ်။
#MUMS
မန်ယူအသင်းရဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် 5 ပွဲ 👀
Bournemouth (H)
Chelsea (A)
Aston Villa (H)
Liverpool (A)
Brentford (H)
ကလင်ဒါကျဆို ပါပူးလ်နဲ့ပွဲအပြီး နည်းပြထုတ်တက်တဲ့ ထုံးစံတော့ ရှိစမြဲ :)
#MUMS
Clean sheets လည်းမယူသလို ၊ နိုင်ပွဲလည်း မယူသေးတဲ့ သခင်ကြီးမန်ယူရဲ့ ဒီရာသီ ဖြတ်သန်းပုံကတော့ အလန်းစားဘဲဟေ့....
#MUMS
မန်ယူအသင်းက သူတို့ကစားခဲ့တဲ့ ပြိုင်ပွဲစုံ 6 ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ် ။
#MUMS
ဒီအသင်းကတော့ ဒီလောက်ပါဘဲ ။ အရင်ဆုံးဂိုးသွင်းမယ် ၊ ပြီးရင် ပြန်ပေးမယ် ။ ကံကောင်းရင် နိုင်ပြီး ၊ အခါမသင့်ရင် သရေကျမယ် ၊ ရှုံးမယ်၊ ဒါနဲ့ဘဲ သံသရာလည်နေတာ ဖြစ်ပါတယ် ။ တပတ်တပွဲ သရေတမှတ်ရရင် ကျေနပ်နေတဲ့အသင်းပါ ။
#MUMS
လိဒ်စ်နဲ့ ပွဲစဉ်အတွက် မာဇာရာဝီနဲ့ ဒိုကုတို့ မပါဝင်လာနိုင်တဲ့အချိန် ဟယ်ဗင်ကို ဘယ်နောက်ခံလူနေရာ ထားသုံးဖို့ ရှိနေတယ်လို့ နည်းပြမိုက်ကယ်ကားရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ် ။
#MUMS
ဆာအဲလက်စ်ဖာဂူဆန် အနားယူချိန်ကစပြီး ဆာဂျင်ရက်ကလစ်ဖ် မဝင်လာခင်အထိ မန်ယူအသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းဟာ ၅၂.၃% ရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ နိုင်ပွဲရာခိုင်နှုန်းဟာ ၃၇.၉% အထိကို ထိုးကျသွားခဲ့ပါပြီ။
တကယ့်ကို ရူးခါသွားလောက်စရာ ပြုတ်ကျသွားတာပါပဲဗျာ... 🤯
#MUMS
The Athletic ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်း Carrington မှာ ခေါင်းဆောင်မှု အားနည်းနေတယ်လို့ ကစားသမားတွေက ခံစားနေကြရပါတယ်။
အထူးသဖြင့် အသင်းကြီးက ကစားသမားတွေဟာ နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် အားမလိုအားမရ ဖြစ်ပြီး စိတ်ပျက်ခဲ့ကြပါတယ်။
#MUMS
+1
တစ်ဖက်က နည်းပြထုတ်ဖြစ်ခဲ့ရင် အသင်းဆီလာဖို့ ကမ်းလှမ်းထားတဲ့သူနဲ့ တစ်ဖက်ကတော့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတဲ့သူ ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီအစုအဖွဲ့သာ ရှိနေရင် ဘယ်သူလာလာ အဆင်မပြေဖူးဆိုတာ သိနေတာဘဲ ။
#MUMS
Fri: အခုမှ ပထမဆုံးစရှုံးဖူးသောသူငယ်ချင်း
Me: အနိုင်ဆိုတာ ဘာမှန်းမသိတော့တဲ့ မိမိ
#MUMS
မိုက်ကယ်ကားရစ်က ဒီနေ့ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို အစောဆုံးလာရောက်ခဲ့တယ်လို့ သိရပါတယ် ။ အသင်းရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝေဖန်ခဲ့လို့ အသင်းပြောင်းဖို့ သတင်းထွက်နေတဲ့ မာတီနက်စ်လည်း လေ့ကျင့်ရေးမှာ မပါလာခဲ့ပါဘူး ။
#MUMS
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာရာထူး လစ်လပ်လာခဲ့မယ်ဆိုရင် အန်တိုနီယိုကွန်တီအနေနဲ့ ဝင်ရောက်ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း သူ့ရဲ့ကိုယ်စားလှယ်တွေက ယူနိုက်တက်ဘက်ကို ဆက်သွယ်အကြောင်းကြားထားပါတယ်။
#MUMS
ချန်ပီယံလိဂ်ရှုံးပွဲအပြီး ပြောကြားခဲ့တဲ့ စကားတွေကြောင့် လီဆန်ဒရိုမာတီနက်စ်တစ်ယောက် အသင်းပြောင်းရဖို့ ရှိနေပါတယ် ။ သူ့အနေနဲ့ အသင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်ပြောကြားခဲ့တာကြောင့် ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေဆောင်ရမယ့်အပြင် ပွဲထွက်ခွင့်လည်း မသေချာတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။
#MUMS
အက်သလက်တီကိုနဲ့ ပွဲစဉ်အပြီး တိုင်လီမန်းစ်က ချန်ပီယံလိဂ်ပွဲ 100 ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ် ။ ကစားသမားဘဝ အန်ဒါလက်ခ်ျ ၊ လက်စတာ ၊ မိုနာကို ၊ အက်စတွန်ဗီလာနဲ့ အခုမန်ယူအသင်းတို့မှာ ကစားခဲ့တာ ဖြစ်ပါတယ် ။
#MUMS
ပွဲစကတည်းက ဂိုးတစ်ဂိုးပေးလိုက်ရပြီး၊ မန်ချက်စတာယူနိုက်တက်တို့ မတရားသဖြင့် လူ ၁ ယောက်လျော့သွားချိန် ပွဲပြီးခါနီးမှာလည်း နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရပြန်တယ်။ စနေနေ့က ပွဲထက်စာရင် အသင်းက ကြိုးစားအားထုတ်မှုပြနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့သလို ကစားပုံလည်း ပိုကောင်းလာပါတယ်။ ဒါပေမဲ့ နောက်ထပ် စိတ်ပျက်စရာ ရလဒ်တစ်ခုနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာ အသင်းက ပွဲ ၉ ပွဲကစားပြီးမှ ၂ ပွဲသာ နိုင်ထားပါတော့တယ်။ အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း အနိုင်မရရှိသေးပါဘူး။
#MUMS
သုံးရာသီဆက် ဆောင်းဝင်လာပြီဆို နည်းပြအပြောင်းအလဲ လုပ်နေရတဲ့အသင်းကို အခုတွေ့ဖူးကြပြီလား ? သုံးရာသီဆက်ကိုမှ နည်းပြသုံးယောက်ဆက်နဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအသင်းတသင်းဖြစ်လာဖို့ နီးစပ်လာပါပြီ ။
#MUMS
မိုက်ကယ်ကားရစ်လက်အောက် အသင်းရဲ့ အခြေအနေကတော့ မြင်ကြတဲ့အတိုင်းပါဘဲ
✅ 2 wins
🤝 3 draws
❌ 4 losses
🏆 Out of the Carabao Cup
ဒီအသင်းက ဒီလောက်ပါဘဲ ။
#MUMS
