en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

Study Inspiration Hub

Study Inspiration Hub

Open in Telegram

Let's explore educational knowledges from SIH

Show more
4 841
Subscribers
-124 hours
-57 days
-430 days
Posts Archive
ကျိုက်ထိုမှာ နေတဲ့ buddies လေးတွေရှိကြလား! ထက် ကျိုက်ထိုမှာ In person conversation club နဲ့ English Free class လေးဖွင့်ပေးမလို့ပါ
03 Nov, 08:09

ဒီအတန်းလေး မနက်ဖြန်မှစမှာမို့လာအပ်လို့ရပါသေးတယ်
09 Oct, 22:18

🎓UWC Scholarship Webinar🎓 UWC 2027 Entry ကို လျှောက်ဖို့ပြင်ဆင်နေကြတဲ့ Applicants တွေအတွက် UWC Senior Scholars တွေကနေ အလွန်ကို အသုံးဝင်မယ့် Information Sharing Webinar လေး ပြင်ဆင်ပေးထားပါတယ်။ UWC scholarship ဆိုတာ International Baccalaureate (IB) Diploma ကို Offer ပေးတဲ့ Up to Full-ride Scholarship Program ဖြစ်ပြီး အထက်တန်းမပြီးသေးတဲ့ အသက် (15 -18) အတွင်းရှိတဲ့ ကျောင်းသား/သူ တွေလျှောက်ထားနိုင်တဲ့ Scholarship လည်း ဖြစ်ပါတယ်။ Webinar မှာ အဓိက Sharing လုပ်ပေးသွားမှာတွေကတော့ ✅ What is UWC? ✅ UWC Application Pathways, ✅ Eligibility & Requirements, ✅ Application Process, ✅ Dos & Don'ts, ✅ Tips & Tricks, ✅ Campus Life, ✅ Q & A တို့ပဲဖြစ်ပါတယ်။ ✨ Detailed Information ✨ 🗓️ Date: 11th October, 2026 (Sunday) ⏰ Time: 9:00 to 10:30 PM (MMT) 🖥️ Platform: Zoom 👥 Participant: 80 📍Registration: https://docs.google.com/forms/d/e/1FAIpQLSf-HXDsW56Lt3iy3BF2ezeg8iQxVRL3F2MCvBg6P811vo6PKg/viewform?usp=publish-editor လက်ရှိ UWC Campus တွေမှာ တက်ရောက်နေတဲ့ Scholars တွေကိုယ်တိုင် Sharing လုပ်ပေးသွားမှာမလို့ လက်လွတ်မခံသင့်တဲ့ Webinar ဖြစ်ပါတယ်ရှင့် 🎉 UWC Application Link https://www.facebook.com/share/p/1A7ed46dmt/?mibextid=wwXIfr #UWC #UWCscholarshipwebiner #Myanmarnationalcommittee
09 Oct, 09:05

ဒါနဲ့လေ ထက်တစ်ခုပြောဖို့မေ့သွားတယ်ရယ် ဒီအတန်းလေးကို တက်တဲ့သူတိုင်းကို ထက်ကိုယ်တိုင် လက်‌ရေးနဲ့ သေချာထုတ်ထားတဲ့ 🦠Bio notebook အပြင် 🦠2026 May June အထိ Bio past paper file တွေနဲ့ 🦠Commonly asked questions file တွေနဲ့ 🦠Topical bio notes file တွေအကုန် share ဖြစ်ပါတယ်နော်။
09 Oct, 08:45

အတန်းလေးအပ်ချင်သေးတယ်ဆိုရင် ဒီနေ့ည ၁၂ နာရီမတိုင်ခင်ထိပဲရပါတော့မယ်ရှင့်
09 Oct, 07:42

မနက်ဖြန် ၉ နာရီမှအတန်းလေးစပါမယ်ရှင့်
09 Oct, 07:40

photo content
07 Oct, 13:02

🧬Bio ဆိုထိုင်ငိုနေရပြီလား buddy လေးတို့ရေ ထက် ဒီအပတ်ကစပြီးIGCSE Biology Theory Only Class လေးလုပ်ပေးပါမယ်နော်
Start date - 10th September Time - Sat Sun 9-10 AM Duration - 6 months Student limits - 10 to 20 students Fees - 30000 Ks per month
 ဘယ်သူတွေ join လို့ရနိုင်မလဲဆိုရင် 🦠Edexcel Bio ကို Theory ပြန်နွေးချင်တဲ့သူတွေ 🦠Concepts တွေကို ရှင်းရှင်းလင်းလင်းနားလည်ချင်တဲ့သူတွေ 🦠IGCSE တက်မယ်လို့ စဉ်းစားထားပြီး ကြိုလေ့လာထားချင်တဲ့သူတွေ အပြင် 🦠IGCSE students မဟုတ်ပေမဲ့ ဇီဝဗေဒကို စိတ်ဝင်စားလို့ လေ့လာချင်တယ် ဆိုတဲ့သူတွေလည်း လာတက်လို့ရပါတယ် ရှင့် ထက်အနေနဲ့ အတန်းတစ်ခုလိုဆိုတာထက် အချင်းချင်း ဆွေးနွေးရင် Textbook ထဲက အကြောင်းအရာတွေကို လိုတိုရှင်း မှတ်စုလေးတွေနဲ့ နားလည်အောင်ရှင်းပြပေးသွားမှာပါရှင့် အတန်းက အများကြီးလက်မခံတာမို့ မြန်မြန်လာအပ်ဖို့တော့ လိုပါမယ်နော် IGCSE subject တွေဆိုရင် တစ်လတစ်လကို အနည်းဆုံး သိန်းချီပြီး ပေးနေရတဲ့ ခေတ်ကြီးမှ။ Bio class လေးကို မုန့်ဖိုးသာသာလောက်နဲ့ တက်ရတာ အရှုံးမရှိပါဘူးရှင် အတန်းလေးအပ်ချင်တယ်ဆိုရင် @Lunalylia221108 မှာလာအပ်လို့ရပါတယ်ရှင့် ထက်ကိုယ်တိုင်လည်း တီချယ်တစ်ယောက်လို သင်ပေးမှာထက် သူငယ်ချင်း အချင်းချင်း စာရှင်းပြပေးသလို ဆွေးနွေးရင် တူတူလေ့လာကြမှာမို့ ငြီးငွေ့သွားမှာ ပျင်းစရာကောင်းနေမှာတော့ စိတ်မပူပါနဲ့ရှင်
07 Oct, 12:40

ထက်ဒီအတန်းလေးဖွင့်ပေးချင်ပေမဲ့ အင်္ဂလိပ်စာအတန်းတွေလာအပ်တာနဲ့‌တင်အချိန်ပြည့်နေလို့ ဖွင့်ပေးဖို့မအားသေးဖြစ်နေတယ်😭
27 Sep, 10:33

Hey guys who can guess my age...
17 Sep, 04:45
17 Sep, ~04:45

Igcse biology အတွက် theory သီးသန့် free classလေးဖွင့်မယ်ဆို စိတ်ဝင်စားကြမလားမသိဘူး Buddies လေးတို့
30 Aug, 01:25

photo content
30 Aug, 01:18

Bio ကြောက်တတ်တဲ့သူလေးတွေအတွက် စာလုပ်နည်းလေးတွေ📝 "Biology is the study of living things" ဆိုပြီး အော်ကျက်နေတုန်းလား🗣 🙅နိုးနော်၊ အရင်တုန်းကလို အထက်တန်းမဟုတ်တော့ပါဘူး။ 🌱ဇီဝဗေဒဟာ အထက်တန်းကျောင်းသားကျောင်းသူတွေ မဖြစ်မနေသင်ယူရမယ့် သိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့အပြင် အစိုးရကျောင်းမှာ Eco ပဲယူရင်တောင် အနည်းနဲ့အများတော့ သင်ရပါသေးတယ်။ 🐰တချိုကလည်း ဇီဝဗေဒကို ပုံမဆွဲချင်လို၊ အင်္ဂလိပ်လိုတွေမှတ်ရမှာများလို စသဖြင့်နဲ့ မကြိုက်ကြဘူးပေါ့။ 💁အဲ့ဒီလို Bio ကြောက်တတ်တဲ့သူလေးတွေအတွက် ဒီနေ့မှာ ထက်က Biology နဲ့ပတ်သတ်ပြီး စာဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ 1. Read the textbook📕 ဖတ်စာအုပ်ကိုဖတ်ပါ၊ ဘာမှမသင်ခင် ဖတ်စာအုပ်ကို ကြိုဖတ်တာက အဲ့ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး အကြမ်းဖျင်းနားလည်သွားစေမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ အရေးကြီးတဲ့အချက်လေးတွေကို မှတ်စုထုတ်ပြီး highlight လုပ်ထားပါ။ 2. Summarize in your own words 📝 နောက်တစ်ချက်ကတော့ အရေးကြီးတဲ့ မှတ်စုတွေနဲ့ concept တွေကို ကိုယ့်ရဲ့ စကားလုံးတွေနဲ့ ပြန်ပြီး အကျဉ်းချုပ်ရေးပါ။ ဒါဆိုရင် ပိုပြီး မှတ်မိစေမှာ ဖြစ်ပါတယ်။ 3. Supplement with reliable resources 📚 နံပါတ်သုံးအနေနဲ့ ကိုယ်က တခြား Online Resources တွေကနေ ရှာပြီး လေ့လာပါ။ Khan academy တိုလို website တွေကနေ လေ့လာတာ၊ YouTube video တွေကြည့်တာ၊ A.I မှာ သွားမေးတာ စသဖြင့် ယုံလိုရတဲ့ အချက်အလက်တွေကို လေ့လာပါ။ 4. Make uses of visual aids 🖼 ပုံလေးတွေနဲ့တွဲမှတ်တာ၊ slides လေးတွေသုံးပြီး မှတ်စုထုတ်တာ ကလည်း Bioလေ့လာတဲ့အခါ ထိရောက်တဲ့ စာလုပ်နည်းတစ်မျိုးဖြစ်ပါတယ်။ Labeled diagram၊ flowchart နဲ့concept maps စတာလေးတွေ သုံးပြီး မှတ်ထားရင် ပြန်ပြီး review လုပ်တဲ့အခါလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်။ 5. Practice with exercise 📑 လေ့ကျင်ခန်းမေးခွန်းလေးတွေနဲ့ လေ့ကျင့်တာ၊ ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ်မေးခွန်း ပြန်ထုတ်တာ၊ past paper တွေနဲ့ လေ့ကျင့်ကြည့်တာ စသဖြင့် နည်းလမ်းတွေနဲ့ လေ့လာကြည့်ပါ။ 🅰️ဒါဆိုရင် Bio မကြောက်တော့ဘဲ အတန်းထဲမှာ A အမြဲရနေဖို ထက်အာမခံပါတယ်နော် 😍တခြား အရင်ကထက်ပြောပြခဲ့ဖူးတဲ့ study tips လေးတွေပါ သုံးလိုက်ရင်တော့ outstanding student လေးဖြစ်သွားမှာပေါ့နော် 🙆💛ဒီ‌နေ့တော့ ဒီလောက်ပါပဲနော် Buddies လေးတိုရေ
30 Aug, 01:18

To have an Effective Daily Routine 🏋️ နေ့စဉ် အလေ့အကျင့်ကောင်းလေးတွေ တည်ဆောက်မယ်🙆 ✨ထက်တိုတွေ တစ်နေ့နဲ့တစ်နေ့ အချိန်ကုန်မှန်းမသိကုန်သွားလိုက်တာ 2024 တောင်ကုန်တော့မယ်နော်...🕐 💁ဒီနှစ်ရော ကိုယ်နှစ်အစက လုပ်မယ်လိုဆုံးဖြတ်ထားတာတွေ လုပ်ခဲ့ပြီလား၊ ကိုယ်ရဲ့တစ်နှစ်တာအတွက် ရည်မှန်းချက်တွေရော ပြည့်ကြပြီလား❓ 💁ဒီနေ့မှာ ထက်က ဘယ်လိုမျိူး Effective ဖြစ်တဲ့Daily Routine လေးကို တည်ဆောင်ကြရမလဲဆိုတာကို ပြောပြပေးသွားမှာပါ ဖြစ်ပါတယ်။ 1. စောစောထတဲ့ အလေ့အထလေး လုပ်ပါ။🛌🏻 စောစောထတဲ့ငှက်က အစာပိုရတယ် ဆိုတဲ့အတိုင်းပေါ့။🕊 စောစောမထတဲ့ တီကောင်ကတော့ အိပ်နေရင်း ငှက်ချီသွားတာတောင်သိမှာ မဟုတ်ပါဘူး။😁 မနက်အိပ်ယာစောစောထတာက 🌄စိတ်ကိုကြည်လင်စေတဲ့အပြင် စောစောထ‌တဲ့အတွက် ကိုယ့်ရဲ့ အလုပ်တွေလဲ ပိုပြီးပါတယ်။ နောက်နေ့ကစပြီး စောစောထကြမယ်နော် အိပ်ပုတ်လေးတို...😍 2. စောစော အိပ်ပါ။ 🛌🏻 💁ကဲစောစောထပြီးပြီဆိုတော့ စောစောလည်း အိပ်ရတော့မှာပေါ့။ အိပ်ရေးဝအောင် အိပ်မှ ကိုက လန်းဆန်းတက်ကြွပြီး စာကောင်းကောင်းလုပ်နိုင်မှာမို စောစောလည်း အိပ်ကြနော်။✨ 3. စာအုပ်ဖတ်ပါ။📕 စာအုပ်ဖတ်တာကလည်း တရားထိုင်သလိုပါပဲ၊ စိတ်ကိုတည်ငြိမ်စေပါတယ်။ 🧘ဗဟုသုတလည်းတိုးပွားသလို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖိုလည်း အထောက်အကူပြုပါတယ်။ 4. ကိုယ့်ရဲ့ Goals လေးတွေကိုချမှတ်ပါ။🗒 💁နောက်နှစ်ကျရင် ဘာဖြစ်ချင်လဲ ကိုယ်က နောက်နှစ်ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးပြန်မြင်ချင်လဲ ဆိုတာကို ချရေးထားပါ။ ဒီလိုဆိုရင် နောက်နှစ်ကုန်ခါနီးကျရင်လည်း 🍂ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်ခဲ့လားဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုရတာပေါ့။ 5. Timetable လေးလုပ်ထားပါ။📝 နေ့စဉ် ကိုယ်က ဘယ်နေ့မှာတော့ဘာလုပ်မယ်၊ ဘယ်အချိန်မှာတော့ ဘာလုပ်ဆိုတာကို 🕛သတ်သတ်မှတ်မှတ်လေးနဲ့ ထားထားမယ်ဆိုရင် မလုပ်ဖြစ်လိုက်မှာလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့။ 6. Day off လေးထားပါ။⛳️ အပတ်တိုင်းမှာ ကိုယ်ကြိုက်တာတွေပဲလုပ်မယ့် တစ်နေ့၊ အနားယူမယ့်တစ်နေ့ ထားထားပါ။ 🙆ကိုယ့်ရဲ့တစ်ပတ်တာ ပင်ပန်းမှုတွေ ဖြေဖျောက်ဖို အဲ့ဒီလိုနေ့လေးကတော့ လိုကိုလိုပါတယ်နော်။🌟 💁ဒါဆိုရင် နောက်နှစ်အတွက် Ready ဖြစ်ပြီလား Buddies လေးတိုရေ...💛💛💛 ဒီနေ့ကတော့ ဒီလောက်ပါပဲနော်💁 🙆နောက်ရက်တွေမှာလည်း ဒီလိုအကျိုးရှိတဲ့Tips လေးတွေပြောပြဖို ထက်ပြန်လာခဲ့ပါဦးမယ်။💛💛
19 Aug, 23:15

အမှန်တိုင်းပြောရရင် ထက် vlog ရိုက်ပြီဆို ဘာပြောရမလဲမသိတော့ဘူး တီးလုံးတွေချည်း ကျပြန်တော့လဲ စာတွေနဲ့ ရှုပ်ပြီး ပျင်းဖို့ကောင်းပြန်ရော ဒီတစ်ခါတော့အကောင်းဆုံးကြိူးစားပြီး အသံလေးထည့်ထားတာမို့ အဆင်ပြေမပြေပြောပေးကြပါဦးနော်🥺
18 Aug, 12:37

18 Aug, 12:31

How to be the perfect student 👩‍💼 ‌ပြည့်စုံကောင်းမွန်တဲ့ study life လေးရှိစေဖို 🕘ကျောင်းတက်တယ် 🕛ကျူရှင်တက်တယ် 🕣စာလုပ်တယ် ဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့ ကုန်မှန်းမသိ ⌛️ကုန်သွားလိုက်တာ အခုဆို ၂၀၂၄ နှစ်ကုန်ဖိုတစ်လကျော်လောက်ပဲ လိုတော့ပါလားနော် 🗓ဒီလိုဆိုရင် ကျန်တဲ့ စာသင်ရက်တွေကနေစပြီး စာကောင်းကောင်းလုပ်ရမယ်၊ နောက်တစ်နှစ်မရောက်ခင်ကတည်းက 🙆ကိုယ့်ကိုကိုယ်အကောင်းဆုံး ပြင်ဆင်ရပါတော့မယ်။ 💁ဒါကြောင့် Buddies လေး‌တိုအတွက် နောက်နှစ်မှာ တမူထူးခြားပြီး ပြီးပြည့်စုံတဲ့ ကျောင်းသား/သူတစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ထက်ကဒီနေ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။🥰 ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီး အာဟာရ ညီမျှအောင်စားသောက်ပါ၊ ပြီးတဲ့အခါ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး အချိန်ရရင်တော့ ကရာတေး၊ တိုက်ကွမ်ဒိုစတဲ့ Martial arts အားကစားလေးတွေကိုပါ ကစားပေးပါ။ ၂။ အိပ်ချိန်နဲ့ ထချိန်ကို နေ့စဉ်ပုံမှန်ထားပါ။⏱️ လူတစ်ယောက်ဟာ နေ့စဉ် အိပ်ချိန်နဲ့ထချိန်ကို ပုံမှန်လေးထ၊ ပုံမှန်လေးအိပ်မယ်ဆိုရင် ပိုပြီးတော့ productive ဖြစ်ပြီး မနက်ခင်းမှာလည်း လန်းလန်းဆန်းဆန်း ရှိစေပါတယ်။ တစ်နေ့ကို ပုံမှန် အနည်းဆုံး ၇နာရီအိပ်သင့်ပြီးတော့ ညဘက်ဆိုရင် ၁၀ နာရီထက် ‌နောက်ကျပြီး မအိပ်တာကောင်းပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ည ၁၀နာရီကနေ မနက် ၅နာရီထိ သတ်မှတ်ထားတာက ⌚️အကောင်းဆုံးဖြစ်ပါတယ်။ night owl 🦉 လေးတွေ ကတော့ မပါဘူးပေါ့နော် ၃။ ကျောင်းတက်တဲ့အခါလည်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။👩‍💼 ပေါ့ပေါ့ပါးပါးဆိုလို ပေါ့ပျက်ပျက်နဲ့ စာသေချာလိုက်မလုပ်တာကို ပြောတာမဟုတ်ဘဲ နားချိန်နား၊ စာသင်ချိန်သေချာအာရုံစိုက်ပြီး ‌canteenရောက်ရင်လည်း စာကို ပေါ့ပေါ့ပါးပါး လုပ်တာမျိူးဖြစ်ပါတယ်။ အရမ်းကြီး ဖိအားထားပြီး အလျင်လို၊ ပြာတိပြာယာ မလုပ်တာမျိုးပါ။ ၄။ ကိုယ့်ကိုကိုယ်ချစ်ပါ။💕 စာကိုချည်းလည်း ဖိမလုပ်ပါနဲ့။ ပစ်ထားပြီးလည်း အလေမလိုက်ပါနဲ့နော်။ ✨ကိုယ့်ကိုကိုယ်ချစ်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာ ဖြစ်သလို ကိုယ့်ရဲ့အနာဂတ်အတွက်လည်း စဉ်းစားရဦးမှာမို ကြိုးလည်းကြိုးစားဖိုလိုပါတယ်။ ✨ဘဝကို ပျော်ပျော်ရွှင်ရွှင် နေတတ်အောင်နေပါ။ ✨ကိုယ့်ကိုကိုယ်လည်း မတန်တဲ့သူတွေအတွက် အထိခိုက်မခံပါနဲ့။ ✨သူများတွေနဲ့လည်း အရမ်းမနှိင်းယှဥ်ပါနဲ့။ 🙆လူတိုင်းက ကုသိုလ်ကံချင်းမတူလို မွေးဖွားလာရတဲ့ မိသားစုပတ်ဝန်းကျင်ချင်းကလည်း မတူတာကြောင့် ကိုယ်ကသာ အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြ‌ပါနော်...💕
18 Aug, 10:01

Study Inspiration Hub - Statistics & analytics of Telegram channel @studyinspirationhub