Study Inspiration Hub
Відкрити в Telegram
4 907
Підписники
+224 години
+147 днів
+6930 днів
Архів дописів
Igcse biology အတွက် theory သီးသန့် free classလေးဖွင့်မယ်ဆို စိတ်ဝင်စားကြမလားမသိဘူး Buddies လေးတို့
Bio ကြောက်တတ်တဲ့သူလေးတွေအတွက် စာလုပ်နည်းလေးတွေ📝
"Biology is the study of living things" ဆိုပြီး အော်ကျက်နေတုန်းလား🗣
🙅နိုးနော်၊ အရင်တုန်းကလို အထက်တန်းမဟုတ်တော့ပါဘူး။
🌱ဇီဝဗေဒဟာ အထက်တန်းကျောင်းသားကျောင်းသူတွေ မဖြစ်မနေသင်ယူရမယ့် သိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့အပြင် အစိုးရကျောင်းမှာ Eco ပဲယူရင်တောင် အနည်းနဲ့အများတော့ သင်ရပါသေးတယ်။
🐰တချိုကလည်း ဇီဝဗေဒကို ပုံမဆွဲချင်လို၊ အင်္ဂလိပ်လိုတွေမှတ်ရမှာများလို စသဖြင့်နဲ့ မကြိုက်ကြဘူးပေါ့။
💁အဲ့ဒီလို Bio ကြောက်တတ်တဲ့သူလေးတွေအတွက် ဒီနေ့မှာ ထက်က Biology နဲ့ပတ်သတ်ပြီး စာဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
1. Read the textbook📕
ဖတ်စာအုပ်ကိုဖတ်ပါ၊ ဘာမှမသင်ခင် ဖတ်စာအုပ်ကို ကြိုဖတ်တာက အဲ့ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး အကြမ်းဖျင်းနားလည်သွားစေမှာ ဖြစ်ပါတယ်။
ပြီးတဲ့အခါ အရေးကြီးတဲ့အချက်လေးတွေကို မှတ်စုထုတ်ပြီး highlight လုပ်ထားပါ။
2. Summarize in your own words 📝
နောက်တစ်ချက်ကတော့ အရေးကြီးတဲ့ မှတ်စုတွေနဲ့ concept တွေကို ကိုယ့်ရဲ့ စကားလုံးတွေနဲ့ ပြန်ပြီး အကျဉ်းချုပ်ရေးပါ။ ဒါဆိုရင် ပိုပြီး မှတ်မိစေမှာ ဖြစ်ပါတယ်။
3. Supplement with reliable resources 📚
နံပါတ်သုံးအနေနဲ့ ကိုယ်က တခြား Online Resources တွေကနေ ရှာပြီး လေ့လာပါ။ Khan academy တိုလို website တွေကနေ လေ့လာတာ၊ YouTube video တွေကြည့်တာ၊ A.I မှာ သွားမေးတာ စသဖြင့် ယုံလိုရတဲ့ အချက်အလက်တွေကို လေ့လာပါ။
4. Make uses of visual aids 🖼
ပုံလေးတွေနဲ့တွဲမှတ်တာ၊ slides လေးတွေသုံးပြီး မှတ်စုထုတ်တာ ကလည်း Bioလေ့လာတဲ့အခါ ထိရောက်တဲ့ စာလုပ်နည်းတစ်မျိုးဖြစ်ပါတယ်။
Labeled diagram၊ flowchart နဲ့concept maps စတာလေးတွေ သုံးပြီး မှတ်ထားရင် ပြန်ပြီး review လုပ်တဲ့အခါလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်။
5. Practice with exercise 📑
လေ့ကျင်ခန်းမေးခွန်းလေးတွေနဲ့ လေ့ကျင့်တာ၊ ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ်မေးခွန်း ပြန်ထုတ်တာ၊ past paper တွေနဲ့ လေ့ကျင့်ကြည့်တာ စသဖြင့် နည်းလမ်းတွေနဲ့ လေ့လာကြည့်ပါ။
🅰️ဒါဆိုရင် Bio မကြောက်တော့ဘဲ အတန်းထဲမှာ A အမြဲရနေဖို ထက်အာမခံပါတယ်နော်
😍တခြား အရင်ကထက်ပြောပြခဲ့ဖူးတဲ့ study tips လေးတွေပါ သုံးလိုက်ရင်တော့ outstanding student လေးဖြစ်သွားမှာပေါ့နော်
🙆💛ဒီနေ့တော့ ဒီလောက်ပါပဲနော် Buddies လေးတိုရေ
To have an Effective Daily Routine 🏋️
နေ့စဉ် အလေ့အကျင့်ကောင်းလေးတွေ တည်ဆောက်မယ်🙆
✨ထက်တိုတွေ တစ်နေ့နဲ့တစ်နေ့ အချိန်ကုန်မှန်းမသိကုန်သွားလိုက်တာ 2024 တောင်ကုန်တော့မယ်နော်...🕐
💁ဒီနှစ်ရော ကိုယ်နှစ်အစက လုပ်မယ်လိုဆုံးဖြတ်ထားတာတွေ လုပ်ခဲ့ပြီလား၊ ကိုယ်ရဲ့တစ်နှစ်တာအတွက် ရည်မှန်းချက်တွေရော ပြည့်ကြပြီလား❓
💁ဒီနေ့မှာ ထက်က ဘယ်လိုမျိူး Effective ဖြစ်တဲ့Daily Routine လေးကို တည်ဆောင်ကြရမလဲဆိုတာကို ပြောပြပေးသွားမှာပါ ဖြစ်ပါတယ်။
1. စောစောထတဲ့ အလေ့အထလေး လုပ်ပါ။🛌🏻
စောစောထတဲ့ငှက်က အစာပိုရတယ် ဆိုတဲ့အတိုင်းပေါ့။🕊
စောစောမထတဲ့ တီကောင်ကတော့ အိပ်နေရင်း ငှက်ချီသွားတာတောင်သိမှာ မဟုတ်ပါဘူး။😁
မနက်အိပ်ယာစောစောထတာက 🌄စိတ်ကိုကြည်လင်စေတဲ့အပြင် စောစောထတဲ့အတွက် ကိုယ့်ရဲ့ အလုပ်တွေလဲ ပိုပြီးပါတယ်။
နောက်နေ့ကစပြီး စောစောထကြမယ်နော် အိပ်ပုတ်လေးတို...😍
2. စောစော အိပ်ပါ။ 🛌🏻
💁ကဲစောစောထပြီးပြီဆိုတော့ စောစောလည်း အိပ်ရတော့မှာပေါ့။ အိပ်ရေးဝအောင် အိပ်မှ ကိုက လန်းဆန်းတက်ကြွပြီး စာကောင်းကောင်းလုပ်နိုင်မှာမို စောစောလည်း အိပ်ကြနော်။✨
3. စာအုပ်ဖတ်ပါ။📕
စာအုပ်ဖတ်တာကလည်း တရားထိုင်သလိုပါပဲ၊ စိတ်ကိုတည်ငြိမ်စေပါတယ်။ 🧘ဗဟုသုတလည်းတိုးပွားသလို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖိုလည်း အထောက်အကူပြုပါတယ်။
4. ကိုယ့်ရဲ့ Goals လေးတွေကိုချမှတ်ပါ။🗒
💁နောက်နှစ်ကျရင် ဘာဖြစ်ချင်လဲ ကိုယ်က နောက်နှစ်ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးပြန်မြင်ချင်လဲ ဆိုတာကို ချရေးထားပါ။
ဒီလိုဆိုရင် နောက်နှစ်ကုန်ခါနီးကျရင်လည်း 🍂ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်ခဲ့လားဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုရတာပေါ့။
5. Timetable လေးလုပ်ထားပါ။📝
နေ့စဉ် ကိုယ်က ဘယ်နေ့မှာတော့ဘာလုပ်မယ်၊ ဘယ်အချိန်မှာတော့ ဘာလုပ်ဆိုတာကို 🕛သတ်သတ်မှတ်မှတ်လေးနဲ့ ထားထားမယ်ဆိုရင် မလုပ်ဖြစ်လိုက်မှာလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့။
6. Day off လေးထားပါ။⛳️
အပတ်တိုင်းမှာ ကိုယ်ကြိုက်တာတွေပဲလုပ်မယ့် တစ်နေ့၊ အနားယူမယ့်တစ်နေ့ ထားထားပါ။ 🙆ကိုယ့်ရဲ့တစ်ပတ်တာ ပင်ပန်းမှုတွေ ဖြေဖျောက်ဖို အဲ့ဒီလိုနေ့လေးကတော့ လိုကိုလိုပါတယ်နော်။🌟
💁ဒါဆိုရင် နောက်နှစ်အတွက် Ready ဖြစ်ပြီလား Buddies လေးတိုရေ...💛💛💛
ဒီနေ့ကတော့ ဒီလောက်ပါပဲနော်💁
🙆နောက်ရက်တွေမှာလည်း
ဒီလိုအကျိုးရှိတဲ့Tips လေးတွေပြောပြဖို ထက်ပြန်လာခဲ့ပါဦးမယ်။💛💛
အမှန်တိုင်းပြောရရင် ထက် vlog ရိုက်ပြီဆို ဘာပြောရမလဲမသိတော့ဘူး တီးလုံးတွေချည်း ကျပြန်တော့လဲ စာတွေနဲ့ ရှုပ်ပြီး ပျင်းဖို့ကောင်းပြန်ရော
ဒီတစ်ခါတော့အကောင်းဆုံးကြိူးစားပြီး အသံလေးထည့်ထားတာမို့ အဆင်ပြေမပြေပြောပေးကြပါဦးနော်🥺
How to be the perfect student 👩💼
ပြည့်စုံကောင်းမွန်တဲ့ study life လေးရှိစေဖို
🕘ကျောင်းတက်တယ်
🕛ကျူရှင်တက်တယ်
🕣စာလုပ်တယ်
ဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့ ကုန်မှန်းမသိ ⌛️ကုန်သွားလိုက်တာ အခုဆို ၂၀၂၄ နှစ်ကုန်ဖိုတစ်လကျော်လောက်ပဲ လိုတော့ပါလားနော်
🗓ဒီလိုဆိုရင် ကျန်တဲ့ စာသင်ရက်တွေကနေစပြီး စာကောင်းကောင်းလုပ်ရမယ်၊ နောက်တစ်နှစ်မရောက်ခင်ကတည်းက 🙆ကိုယ့်ကိုကိုယ်အကောင်းဆုံး ပြင်ဆင်ရပါတော့မယ်။
💁ဒါကြောင့် Buddies လေးတိုအတွက် နောက်နှစ်မှာ တမူထူးခြားပြီး ပြီးပြည့်စုံတဲ့ ကျောင်းသား/သူတစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ထက်ကဒီနေ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။🥰
ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီး အာဟာရ ညီမျှအောင်စားသောက်ပါ၊ ပြီးတဲ့အခါ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး အချိန်ရရင်တော့ ကရာတေး၊ တိုက်ကွမ်ဒိုစတဲ့
Martial arts အားကစားလေးတွေကိုပါ ကစားပေးပါ။
၂။ အိပ်ချိန်နဲ့ ထချိန်ကို နေ့စဉ်ပုံမှန်ထားပါ။⏱️
လူတစ်ယောက်ဟာ နေ့စဉ် အိပ်ချိန်နဲ့ထချိန်ကို ပုံမှန်လေးထ၊ ပုံမှန်လေးအိပ်မယ်ဆိုရင် ပိုပြီးတော့ productive ဖြစ်ပြီး မနက်ခင်းမှာလည်း လန်းလန်းဆန်းဆန်း ရှိစေပါတယ်။ တစ်နေ့ကို ပုံမှန် အနည်းဆုံး ၇နာရီအိပ်သင့်ပြီးတော့ ညဘက်ဆိုရင် ၁၀ နာရီထက် နောက်ကျပြီး မအိပ်တာကောင်းပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ည ၁၀နာရီကနေ မနက် ၅နာရီထိ သတ်မှတ်ထားတာက ⌚️အကောင်းဆုံးဖြစ်ပါတယ်။ night owl 🦉 လေးတွေ ကတော့ မပါဘူးပေါ့နော်
၃။ ကျောင်းတက်တဲ့အခါလည်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။👩💼
ပေါ့ပေါ့ပါးပါးဆိုလို ပေါ့ပျက်ပျက်နဲ့ စာသေချာလိုက်မလုပ်တာကို ပြောတာမဟုတ်ဘဲ နားချိန်နား၊ စာသင်ချိန်သေချာအာရုံစိုက်ပြီး canteenရောက်ရင်လည်း စာကို ပေါ့ပေါ့ပါးပါး လုပ်တာမျိူးဖြစ်ပါတယ်။ အရမ်းကြီး ဖိအားထားပြီး အလျင်လို၊ ပြာတိပြာယာ မလုပ်တာမျိုးပါ။
၄။ ကိုယ့်ကိုကိုယ်ချစ်ပါ။💕
စာကိုချည်းလည်း ဖိမလုပ်ပါနဲ့။
ပစ်ထားပြီးလည်း အလေမလိုက်ပါနဲ့နော်။
✨ကိုယ့်ကိုကိုယ်ချစ်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာ ဖြစ်သလို ကိုယ့်ရဲ့အနာဂတ်အတွက်လည်း စဉ်းစားရဦးမှာမို ကြိုးလည်းကြိုးစားဖိုလိုပါတယ်။
✨ဘဝကို ပျော်ပျော်ရွှင်ရွှင် နေတတ်အောင်နေပါ။
✨ကိုယ့်ကိုကိုယ်လည်း မတန်တဲ့သူတွေအတွက် အထိခိုက်မခံပါနဲ့။
✨သူများတွေနဲ့လည်း အရမ်းမနှိင်းယှဥ်ပါနဲ့။
🙆လူတိုင်းက ကုသိုလ်ကံချင်းမတူလို မွေးဖွားလာရတဲ့ မိသားစုပတ်ဝန်းကျင်ချင်းကလည်း မတူတာကြောင့် ကိုယ်ကသာ အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြပါနော်...💕
“ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ တစ်လမှာ (၁၂)နာရီပဲ လိုပါတယ်”🎓✨
🔹𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩🔹
အထက်တန်းသာ ပြီးမြောက်သွားတယ် နောက်တစ်ဆင့်ဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို ကူးပြောင်းရာမှာ ယုံကြည်မှုပျောက်ဆုံးပြီး၊ ခေတ်အလိုက် တက္ကသိုလ်မှာ ရှိထားသင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ဖို့ နည်းလမ်းရှာဖွေနေရတဲ့ ကျောင်းသား/သူများအတွက် 𝐔𝐧𝐢𝐏𝐫𝐞𝐩 𝐀𝐜𝐚𝐝𝐞𝐦𝐲 က 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 ကို အသစ်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။⏭️✨
ဒီ Bootcamp ဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ ပညာသင်ဆု လျှောက်ထားခြင်း၊ Assignment ရေးသားခြင်း၊ Presentation ပြုလုပ်ခြင်း၊ Internship လျှောက်ခြင်းနဲ့ Professional Profile တည်ဆောက်ခြင်းတို့အတွက် လိုအပ်တဲ့ Foundation Academic Skills တွေကို အဆင့်မြင့် ပညာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ Instructor တွေမှ လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးသွားမဲ့ Program ဖြစ်ပါတယ်။ 💎💫
🚨ဒီ Bootcamp ရဲ့ အဓိက Modules (၅)ခု ရှိပါတယ်။ ဒါတွေကတော့-
-𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐕 / 𝐑𝐞𝐬𝐮𝐦𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠
-𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐨𝐫𝐤𝐬𝐩𝐚𝐜𝐞 (𝐆 𝐒𝐮𝐢𝐭𝐞)
-𝐀𝐈 𝐓𝐨𝐨𝐥𝐬 𝐟𝐨𝐫 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐬
-𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬
-𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐓𝐡𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐟𝐢𝐥𝐞
ဒါ့အပြင် Bootcamp ပြီးဆုံးသွားရင်တော့ ပြီးဆုံးကြောင်း Certificate အပြင်၊ အကောင်းဆုံး Assignment တင်သွင်းသူတွေအတွက်လည်း Instructor တွေမှ Personalized Feedback ကိုလည်း ထပ်မံရရှိနိုင်မှာ ဖြစ်ပါတယ်။
🔵ဘယ်သူတွေ လာရောက်လျှောက်ထားနိုင်မလဲ?
- တက္ကသိုလ်ကျောင်းသားတွေ
- G-12 | GED | IGCSE | A-Level | OSSD စတဲ့ အထက်တန်းပညာရေး ပြီးမြောက်ထားသူတွေအတွက် ရည်ရွယ်ပါတယ်။
📅 𝐓𝐢𝐭𝐥𝐞: 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩
📆 𝐃𝐚𝐭𝐞: 𝟏𝟒 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 (𝐅𝐫𝐢𝐝𝐚𝐲 & 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 – 𝟖:𝟑𝟎 𝐏𝐌 (𝐌𝐌𝐓)
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠
💰 𝐅𝐞𝐞𝐬: 𝐅𝐑𝐄𝐄
🚨Register ဘယ်လိုလုပ်မလဲ?
(1) ယခု Official Bootcamp Announcement Post ကို Public နဲ့ Share လုပ်ပါ။
(2) လျှောက်လွှာ Form ထဲမှာ ကိုယ်ရေး အကျဉ်းနဲ့ ကိုယ် Share လုပ်ထားတဲ့ Screenshot ကို ထည့်ပြီး စာရေးပေးသွင်းရမှာပဲ ဖြစ်ပါတယ်။
🔷UniPrep Academy ဟာ ကျောင်းသား/သူတို့ရဲ့ အဆင့်မြင့်ပညာရေး ခရီးလမ်းနဲ့ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်တောင် ဆောင်ရွက်ပေးနေတာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်အောင် အခုပဲ လာရောက် လျှောက်ထားလိုက်တော့နော်။
📌 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/1ziN1aG818pGg2Wz6
𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 𝟏𝟎 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔
‼️𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 ‼️
💎တက်ရောက်ခွင့် ရရှိသူတွေကိုလည်း email မှတစ်ဆင့် 12 August နောက်ဆုံးထားပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။စာရင်းမပေးသွင်းခင် အထူးသတိပြု သိထားသင့်တာကတော့ ပညာဒါနဖြစ်တာနဲ့အညီ တက်ရောက်သင်ကြားသွားမဲ့ ကျောင်းသား/သူတွေဟာလည်း အတန်းချိန်မှန်ကန်စွာနဲ့ နောက်ဆုံးရက်
ရောက်သည်အထိ တက်ရောက်ပေးစေလိုပါတယ်နော်။
#UniPrepAcademy #FoundationAcademicSkillsBootcamp #Youth #StudySkills
Lessons to get better for your teenage life
(Ep 3)👭💖
🌟လူငယ်တွေအတွက် ကြိူးစားဖို့ခြေလှမ်းအစ
💁အခုလို ငယ်တုန်းရွယ်တုန်း ပညာရှာရမယ့်အချိန်၊ အတွေ့အကြုံယူရမယ့်အချိန်မှာ ကိုယ်စီ အိမ်မက်ပန်းတိုင်တွေ ရှိတဲ့ ဆယ်ကျော်သက်အရွယ် ATHENAလေးတို့အတွက် စပြီးကြိူးစားရပါတော့မယ်။ ကလေးဘဝတုန်းက ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ကိုယ့်ကိုကိုယ်ပြုပြင်ရမယ်ဆိုတဲ့အသိတရားကို ရသွားရင် အခုအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ။
👩💼💪🏻ဒီနေ့မှာလည်း ဘယ်လိုမျိုး ကြိူးစားပြီး အရာရာကိုရင်ဆိုင်ရမယ် ဆိုတာကို ထက်က မျှဝေပေးသွားမှာမို့ အဆုံးထိ ဖတ်ပေးကြပါဦးနော်
🙆လောကဓံကို ဥပေက္ခာပြုနိုင်ပြီး ဘယ်လောက်ပဲခက်ခဲပါစေ ခံနိုင်လောက်လောက်တဲ့အထိ သန်မာအောင်ကြိူးစားပါ
ခွဲခြားမှုတွေ၊ မတရားမှုတွေ၊ မလုံခြုံမှုတွေနဲ့ ဒီလောကကြီးမှာ...🌐
Remember "Life is always unfair..."🙇
💁ဒါကြောင့် အခက်အခဲတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတာကိုပဲလုပ်ပါ။
👑ဘယ်လူမျိုး၊ ဘယ်နိုင်ငံသား၊ ဘယ်မိသားစုက ဆိုပြီး မခွဲခြားနိုင်တဲ့စိတ်နဲ့ ဘယ်သူက ဖြူတယ်မဲတယ်ဆိုတာ ဂရုမစိုက်ပဲ နေတတ်တဲ့စိတ်ကိုမွေးမြူပါ။
🤵🏻Shakespeare said:
"There's nothing either good or bad, but thinking makes it so."
🧘ကိုယ်လုပ်ရမယ့်အလုပ်မှာ ပျော်မွေ့စေပါ။
⛹️ကိုယ့်ရဲ့ဝါသနာ ဒါမှမဟုတ် ကိုယ်အားသန်တဲ့ အရာတစ်ခုခုမှာ ❇️ထူးချွန်ပြောင်မြောက်အောင်လုပ်ထားပြီး အသက်မွေးဝမ်းကျောင်းအနေနဲ့ ပိုက်ဆံရှာနိုင်အောင် ကြိုးစားတာဟာ ကိုယ့်အတွက် အောင်မြင်ဖို့ အကြောင်းပြချက်တစ်ခု ရှိသွားသလိုပါပဲ။
🤩လူတစ်ယောက်က ကိုယ်ကြိုက်တဲ့အလုပ်တစ်ခုခုကို ပျော်ပျော်ရွှင်ရွှင်လုပ်နေရတယ်ဆိုရင် ပင်ပန်းတာတွေလည်း မရှိတော့ဘဲ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရသလိုပါပဲ။
📝ဒါကြောင့် ကိုယ်ကစာလုပ်ရင်လည်း ကိုယ့်အတွက် ပျော်ရွှင်စေမယ့်နည်းလမ်းလေးနဲ့စာလုပ်ပါ။
🙇အလုပ်ဆိုရင်လည်း ကိုယ့်ရဲ့တကယ့် Passionကိုရှာပါ။
💛ကိုယ့်အတွက်အကျိုးရှိစေမယ့် လက်တွေ့အရည်အချင်းတွေကို သင်ယူပါ။ အတွေ့အကြုံရအောင် စတင်ပြီး အလုပ်လုပ်ပါ။
ဥပမာ - ကိုယ်က မီလျံနာကြီး 💸တစ်ယောက်ဖြစ်ချင်တယ်ပဲ ထားပါတော့...
💁အဲ့ဒီလိုဖြစ်လာဖို့ ဘာအရည်အချင်းတွေလိုအပ်လဲ။
မီလျံနာတွေကရော ဘယ်လိုကြိုးစားခဲ့လဲ။
Marketing ပိုင်းတွေကရော ဘယ်လိုလဲ။
စသဖြင့် လေ့လာပါ။
👩⚕️👩🔧ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်ဆိုလည်း အဲ့ဒီလိုပါပဲ။ လိုအပ်တဲ့ skills တွေရှိနေအောင် အခြေခံတွေကို စလေ့လာထားပါ။
💁နောက်တစ်ခုကတော့ အရေးအကြီးဆုံးပါပဲ....
🌟တခြားသူတွေရဲ့ ဝေဖန်မှုတွေ၊ သူတို့ရဲ့အထင်အမြင်တွေကို ဂရုမစိုက်ပါနဲ့
👩💼လူတိုင်းဟာ အောင်မြင်ခါနီးလာလေ၊ အတိုက်အခိုက်များလာလေမို့ တချို့ကျတော့ ဘယ်လောက်ပဲ ကြိုးစားခဲ့ကြိူးစားခဲ့ အဲ့ဒီဒဏ်တွေ မခံနိုင်ဘဲ ပြန်လဲကျသွားတတ်ပါတယ်။
👥ဒါကလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့်လဲပါသလို ကိုယ့်ရဲ့အသုံးမကျမှုတွေကြောင့်လဲ ပါပါတယ်။
💁ဘယ်လိုပဲဖြစ်နေပါစေ အပင်မြင့်လေ လေတိုက်လေ ဆိုတဲ့ သဘောကို မှတ်ထားပါ။ ကိုယ့်ကိုဝေဖန်တိုက်ခိုက်မယ့်သူရှိထားတာဟာ ကိုယ့်အတွက် အချိန်ကုန်ပေးမယ့် fanတစ်ယောက်ရှိတယ်ပဲ သဘောထားပြီး သူတို့ဘာပြောပြော ဥပေက္ခာပြုလိုက်ပါ။
🌟ဒါဆိုရင်တော့ ကိုယ့်ရဲ့ အလုပ်၊ အိမ်မက်ပန်းတိုင်တွေ ပြည့်ဖို့ ဘယ်လိုမျိူး ရင်ဆိုင်ရမလဲဆိုတာ ATHENA လေးတို့သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။
💛နောက်နေ့တွေမှာလည်း အသုံးဝင်မယ့် Tipsလေးတွေအတူ ထက်ပြန်လာခဲ့မှာမို့စောင့်ကြည့်ပေးကြပါဦးနော်...
How to get consistency 🕰📝
တစ်ခုခုကို စွဲစွဲမြဲမြဲနဲ့ လုပ်နိုင်ဖို🌟
ဘာသာစကားအသစ်တစ်ခု စလေ့လာမယ်။📖
အားကစားတစ်ခုခုလုပ်မယ်။🏋️
💁တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ တစ်ရက်နှစ်ရက်၊ တစ်ပတ်နှစ်ပတ်ထက် ပိုမလုပ်နိုင်ဘဲ ကောက်ရိုးမီးလို ဘာလိုဖြစ်နေရတာလဲသိကြလား...🤔
💁ဘာလိုလဲဆိုတော့ အဲ့ဒီအရာတွေက ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျ အိပ်ရာထတာနဲ့ မျက်နှာသစ်သွားတိုက် မနက်စာစားရတာလို မဟုတ်လိုပါ။
⏱️ဒီလိုနဲ့ ကိုရီးယာစာ၊ တရုတ်စာသင်ပြီး အခြေခံလောက်နဲ့ ဆက်မသင်ချင်တော့တာမျိုးတွေ ဖြစ်လာကြတယ်။
📝စာလုပ်တဲ့အခါကျတော့လည်း တစ်ရက်လောက် အားတွေရှိလာပြီး လုပ်တော့မယ်လို ဆုံးဖြတ်လိုက်ပေမဲ့ နောက်နေ့ကျပြန်ပြီး မလုပ်ဖြစ်တော့ဘဲ ဒုံရင်းပဲ ဖြစ်သွားပြန်ရော။
💁ဒါက ကိုယ်က တစ်ခုခုမှားနေတာ လုံးဝမဟုတ်ပါဘူး။
✨စွဲမြဲတဲ့အလေ့အကျင့်တစ်ခုတည်ဆောက်နိုင်ဖို အစတည်းကိုက မလွယ်တာပါ။
🙆💕ဒါကြောင့် ဒီနေ့မှာ consistency ရှိလာဖို ဘယ်လိုမျိုး တည်ဆောက်ရမလဲဆိုတာ Buddies လေးတိုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကိုယ်လုပ်ချင်တဲ့တစ်ခုကို ရှင်းလင်းအောင်လုပ်ပါ။💭
💁ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် အကုန်လုပ်ချင်နေတာ၊ ဖြစ်ချင်နေတာထက် ကိုယ်တကယ်လုပ်ချင်ပြီး ✨ကိုယ်တကယ်တတ်ချင်တာကို ရွေးလုပ်ပါ။ ကိုယ်နိုင်မယ်ထင်သလောက် တစ်ခုလည်းရသလို နှစ်ခုလဲရပါတယ်။
🧐ဒီလိုရှင်းလင်းသွားပြီဆိုတာနဲ့ plan တွေ ချနေဖို၊ လုပ်ဖိုတအားစိတ်အားထက်သန်ပြီး အများကြီး တခါတည်းလုပ်ဖိုကိုဆော့ မစဉ်းစားပါနဲ့။
🙆ဖြည်းဖြည်းချင်း ငါနေ့စဉ် တစ်နေ့ကို ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ စဉ်းစားပါ။
၂။ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို မလုပ်မိအောင် အာရုံပါ။✨
🙆ကိုယ်ကတစ်ခုခုစလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုမလုပ်မိအောင် လိုက်ဖျက်နေတဲ့ အရာတွေကို မေ့နိုင်အောင် အဲ့တာတွေကို ဖျောက်လိုက်တာ၊ ဖွက်ထားတာလုပ်ပါ၊ အကောင်းဆုံးဥပမာကတော့ အခုခေတ်ရဲ့လက်စွဲတော် ဖုန်းပါ။📱 ဖုန်းကို ကိုယ်မမြင်နိုင်တဲ့နေရာမှာ၊ တခြားအခန်းမှာ ဖြစ်ဖြစ် သွားထားလိုက်ပါ။
၃။ ကိုယ်လုပ်ချင်တဲ့အရာကို ဆွဲဆောင်မှုရှိစေပါ။🌟
ဒါကတော့ အဆင့်သုံးဆင့်ရှိပါတယ်💁
၁။ ကိုယ်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။
၂။ ကိုယ်မလုပ်ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။
၃။ ကိုယ်အလုပ် သို စာလုပ်မယ့် နေရာကို အဲ့ကနေ မထချင် အောင် ဆွဲဆောင်နိုင်တဲ့ နေရာအဖြစ်ပြောင်းလဲပါ။📚
💁ဒီလိုလုပ်မယ်ဆိုရင် လုပ်ရင် ရလာမယ့် ကောင်းကျိုးကို တွေးမိပြီး လုပ်ချင်စိတ်တွေရှိလာမယ်၊ မလုပ်ချင်ဖြစ်နေတာတွေ လျှော့ကျသွားမယ်။
၄။ Reward system သို စိတ်ကျေနပ်မှုရှိအောင်လုပ်ပါ။📝
ကိုယ်ဘယ်လောက်ထိပြီးခဲ့ပြီ၊ ✨ခရီးဘယ်လောက်ရောက်ခဲ့ပြီ ဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ်ပြီးခဲ့တာ၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ goalတစ်ခုပြီးသွားတိုင်း ကိုယ့်ကိုကိုယ် ဆုချပါ။ 💁ဒီလိုနည်းအတိုင်းသာဆိုရင် ကိုယ်လိုချင်တာကိုလည်း ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ ရနေမှာကြောင့် ရပ်ချင်မှာ မဟုတ်တော့ပါဘူး။ 🌟ကိုယ်လုပ်ခဲ့ပြီးတာနဲ့ ကိုယ့်ကိုကိုယ်စိတ်အားတက်စေပြီး ငါဘာလိုစခဲ့တာလဲ ဆိုတာ အမှတ်ရပါ၊ အဲ့ဒီစိတ်နဲ့ပဲ အဆုံးထိ ဆက်သွားပါ။
🙆Consistency ဆိုတာ ပြောတော့သာလွယ်ပေမဲ့ တကယ်တမ်း တည်ဆောက်ရတဲ့အခါမှာတော့ ခက်ပါတယ်။ ✨ကိုယ်က တည်ဆောက်နိုင်ပြီဆိုကတည်းက သာမန်လူမဟုတ်ဘဲ သူများထက် ခေါင်းတစ်လုံးသာနေပါ။
🙆ဒါကြောင့် ထက်ပြောခဲ့တဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်နော်...
🌟ကိုယ်သင်ချင်တတ်ချင်နေတာလေးတွေကိုလည်း အဆုံးထိ လိုက်လုပ်ကြည့်ပါ၊ ဖိုက်တင်းပါ လို အားပေးရင်း ဒီနေ့တော့ ဒီလောက်ပါပဲနော်...💕💕
Hello buddies လေးတို့ရေ
ထက် tt acc အသစ်လေးကို Japan Region နဲ့ဖွင့်လိုက်ပါပြီ
နောက်နောင် study vlog လေးတွေကို အဲ့အကောင့်မှာတင်ပေးသွားမှာမို့ follow ပေးကြဦးနော်
@lunas.academic.alcove
အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ပြောချင်တာရှိရင် (English class, content writing, etc...)
Tg acc @Lunalylia221108 ကိုလာခဲ့လို့ရပါတယ်
Personal acc လေးကတော့ သိပြိးသားဖြစ်ကြမှာပါနော်
အမှန်တိုင်းပြောရရင် ထက်တောင်အဲ့ကိစ္စတွေကြောင့် အလူးအလဲခံရတာ ဆေးထိုးလည်းမကယ်နိုင် ဖြစ်သွားတယ်
