es
Feedback
Study Inspiration Hub

Study Inspiration Hub

Ir al canal en Telegram

Let's explore educational knowledges from SIH

Mostrar más
4 907
Suscriptores
+224 horas
+147 días
+6930 días
Archivo de publicaciones
Hey guys who can guess my age...

Igcse biology အတွက် theory သီးသန့် free classလေးဖွင့်မယ်ဆို စိတ်ဝင်စားကြမလားမသိဘူး Buddies လေးတို့

photo content

Bio ကြောက်တတ်တဲ့သူလေးတွေအတွက် စာလုပ်နည်းလေးတွေ📝 "Biology is the study of living things" ဆိုပြီး အော်ကျက်နေတုန်းလား🗣 🙅နိုးနော်၊ အရင်တုန်းကလို အထက်တန်းမဟုတ်တော့ပါဘူး။ 🌱ဇီဝဗေဒဟာ အထက်တန်းကျောင်းသားကျောင်းသူတွေ မဖြစ်မနေသင်ယူရမယ့် သိပ္ပံဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့အပြင် အစိုးရကျောင်းမှာ Eco ပဲယူရင်တောင် အနည်းနဲ့အများတော့ သင်ရပါသေးတယ်။ 🐰တချိုကလည်း ဇီဝဗေဒကို ပုံမဆွဲချင်လို၊ အင်္ဂလိပ်လိုတွေမှတ်ရမှာများလို စသဖြင့်နဲ့ မကြိုက်ကြဘူးပေါ့။ 💁အဲ့ဒီလို Bio ကြောက်တတ်တဲ့သူလေးတွေအတွက် ဒီနေ့မှာ ထက်က Biology နဲ့ပတ်သတ်ပြီး စာဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ 1. Read the textbook📕 ဖတ်စာအုပ်ကိုဖတ်ပါ၊ ဘာမှမသင်ခင် ဖတ်စာအုပ်ကို ကြိုဖတ်တာက အဲ့ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး အကြမ်းဖျင်းနားလည်သွားစေမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ အရေးကြီးတဲ့အချက်လေးတွေကို မှတ်စုထုတ်ပြီး highlight လုပ်ထားပါ။ 2. Summarize in your own words 📝 နောက်တစ်ချက်ကတော့ အရေးကြီးတဲ့ မှတ်စုတွေနဲ့ concept တွေကို ကိုယ့်ရဲ့ စကားလုံးတွေနဲ့ ပြန်ပြီး အကျဉ်းချုပ်ရေးပါ။ ဒါဆိုရင် ပိုပြီး မှတ်မိစေမှာ ဖြစ်ပါတယ်။ 3. Supplement with reliable resources 📚 နံပါတ်သုံးအနေနဲ့ ကိုယ်က တခြား Online Resources တွေကနေ ရှာပြီး လေ့လာပါ။ Khan academy တိုလို website တွေကနေ လေ့လာတာ၊ YouTube video တွေကြည့်တာ၊ A.I မှာ သွားမေးတာ စသဖြင့် ယုံလိုရတဲ့ အချက်အလက်တွေကို လေ့လာပါ။ 4. Make uses of visual aids 🖼 ပုံလေးတွေနဲ့တွဲမှတ်တာ၊ slides လေးတွေသုံးပြီး မှတ်စုထုတ်တာ ကလည်း Bioလေ့လာတဲ့အခါ ထိရောက်တဲ့ စာလုပ်နည်းတစ်မျိုးဖြစ်ပါတယ်။ Labeled diagram၊ flowchart နဲ့concept maps စတာလေးတွေ သုံးပြီး မှတ်ထားရင် ပြန်ပြီး review လုပ်တဲ့အခါလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်။ 5. Practice with exercise 📑 လေ့ကျင်ခန်းမေးခွန်းလေးတွေနဲ့ လေ့ကျင့်တာ၊ ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ်မေးခွန်း ပြန်ထုတ်တာ၊ past paper တွေနဲ့ လေ့ကျင့်ကြည့်တာ စသဖြင့် နည်းလမ်းတွေနဲ့ လေ့လာကြည့်ပါ။ 🅰️ဒါဆိုရင် Bio မကြောက်တော့ဘဲ အတန်းထဲမှာ A အမြဲရနေဖို ထက်အာမခံပါတယ်နော် 😍တခြား အရင်ကထက်ပြောပြခဲ့ဖူးတဲ့ study tips လေးတွေပါ သုံးလိုက်ရင်တော့ outstanding student လေးဖြစ်သွားမှာပေါ့နော် 🙆💛ဒီ‌နေ့တော့ ဒီလောက်ပါပဲနော် Buddies လေးတိုရေ

To have an Effective Daily Routine 🏋️ နေ့စဉ် အလေ့အကျင့်ကောင်းလေးတွေ တည်ဆောက်မယ်🙆 ✨ထက်တိုတွေ တစ်နေ့နဲ့တစ်နေ့ အချိန်ကုန်မှန်းမသိကုန်သွားလိုက်တာ 2024 တောင်ကုန်တော့မယ်နော်...🕐 💁ဒီနှစ်ရော ကိုယ်နှစ်အစက လုပ်မယ်လိုဆုံးဖြတ်ထားတာတွေ လုပ်ခဲ့ပြီလား၊ ကိုယ်ရဲ့တစ်နှစ်တာအတွက် ရည်မှန်းချက်တွေရော ပြည့်ကြပြီလား❓ 💁ဒီနေ့မှာ ထက်က ဘယ်လိုမျိူး Effective ဖြစ်တဲ့Daily Routine လေးကို တည်ဆောင်ကြရမလဲဆိုတာကို ပြောပြပေးသွားမှာပါ ဖြစ်ပါတယ်။ 1. စောစောထတဲ့ အလေ့အထလေး လုပ်ပါ။🛌🏻 စောစောထတဲ့ငှက်က အစာပိုရတယ် ဆိုတဲ့အတိုင်းပေါ့။🕊 စောစောမထတဲ့ တီကောင်ကတော့ အိပ်နေရင်း ငှက်ချီသွားတာတောင်သိမှာ မဟုတ်ပါဘူး။😁 မနက်အိပ်ယာစောစောထတာက 🌄စိတ်ကိုကြည်လင်စေတဲ့အပြင် စောစောထ‌တဲ့အတွက် ကိုယ့်ရဲ့ အလုပ်တွေလဲ ပိုပြီးပါတယ်။ နောက်နေ့ကစပြီး စောစောထကြမယ်နော် အိပ်ပုတ်လေးတို...😍 2. စောစော အိပ်ပါ။ 🛌🏻 💁ကဲစောစောထပြီးပြီဆိုတော့ စောစောလည်း အိပ်ရတော့မှာပေါ့။ အိပ်ရေးဝအောင် အိပ်မှ ကိုက လန်းဆန်းတက်ကြွပြီး စာကောင်းကောင်းလုပ်နိုင်မှာမို စောစောလည်း အိပ်ကြနော်။✨ 3. စာအုပ်ဖတ်ပါ။📕 စာအုပ်ဖတ်တာကလည်း တရားထိုင်သလိုပါပဲ၊ စိတ်ကိုတည်ငြိမ်စေပါတယ်။ 🧘ဗဟုသုတလည်းတိုးပွားသလို ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖိုလည်း အထောက်အကူပြုပါတယ်။ 4. ကိုယ့်ရဲ့ Goals လေးတွေကိုချမှတ်ပါ။🗒 💁နောက်နှစ်ကျရင် ဘာဖြစ်ချင်လဲ ကိုယ်က နောက်နှစ်ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးပြန်မြင်ချင်လဲ ဆိုတာကို ချရေးထားပါ။ ဒီလိုဆိုရင် နောက်နှစ်ကုန်ခါနီးကျရင်လည်း 🍂ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်ခဲ့လားဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုရတာပေါ့။ 5. Timetable လေးလုပ်ထားပါ။📝 နေ့စဉ် ကိုယ်က ဘယ်နေ့မှာတော့ဘာလုပ်မယ်၊ ဘယ်အချိန်မှာတော့ ဘာလုပ်ဆိုတာကို 🕛သတ်သတ်မှတ်မှတ်လေးနဲ့ ထားထားမယ်ဆိုရင် မလုပ်ဖြစ်လိုက်မှာလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့။ 6. Day off လေးထားပါ။⛳️ အပတ်တိုင်းမှာ ကိုယ်ကြိုက်တာတွေပဲလုပ်မယ့် တစ်နေ့၊ အနားယူမယ့်တစ်နေ့ ထားထားပါ။ 🙆ကိုယ့်ရဲ့တစ်ပတ်တာ ပင်ပန်းမှုတွေ ဖြေဖျောက်ဖို အဲ့ဒီလိုနေ့လေးကတော့ လိုကိုလိုပါတယ်နော်။🌟 💁ဒါဆိုရင် နောက်နှစ်အတွက် Ready ဖြစ်ပြီလား Buddies လေးတိုရေ...💛💛💛 ဒီနေ့ကတော့ ဒီလောက်ပါပဲနော်💁 🙆နောက်ရက်တွေမှာလည်း ဒီလိုအကျိုးရှိတဲ့Tips လေးတွေပြောပြဖို ထက်ပြန်လာခဲ့ပါဦးမယ်။💛💛

အမှန်တိုင်းပြောရရင် ထက် vlog ရိုက်ပြီဆို ဘာပြောရမလဲမသိတော့ဘူး တီးလုံးတွေချည်း ကျပြန်တော့လဲ စာတွေနဲ့ ရှုပ်ပြီး ပျင်းဖို့ကောင်းပြန်ရော ဒီတစ်ခါတော့အကောင်းဆုံးကြိူးစားပြီး အသံလေးထည့်ထားတာမို့ အဆင်ပြေမပြေပြောပေးကြပါဦးနော်🥺

How to be the perfect student 👩‍💼 ‌ပြည့်စုံကောင်းမွန်တဲ့ study life လေးရှိစေဖို 🕘ကျောင်းတက်တယ် 🕛ကျူရှင်တက်တယ် 🕣စာလုပ်တယ် ဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့ ကုန်မှန်းမသိ ⌛️ကုန်သွားလိုက်တာ အခုဆို ၂၀၂၄ နှစ်ကုန်ဖိုတစ်လကျော်လောက်ပဲ လိုတော့ပါလားနော် 🗓ဒီလိုဆိုရင် ကျန်တဲ့ စာသင်ရက်တွေကနေစပြီး စာကောင်းကောင်းလုပ်ရမယ်၊ နောက်တစ်နှစ်မရောက်ခင်ကတည်းက 🙆ကိုယ့်ကိုကိုယ်အကောင်းဆုံး ပြင်ဆင်ရပါတော့မယ်။ 💁ဒါကြောင့် Buddies လေး‌တိုအတွက် နောက်နှစ်မှာ တမူထူးခြားပြီး ပြီးပြည့်စုံတဲ့ ကျောင်းသား/သူတစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ထက်ကဒီနေ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။🥰 ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီး အာဟာရ ညီမျှအောင်စားသောက်ပါ၊ ပြီးတဲ့အခါ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး အချိန်ရရင်တော့ ကရာတေး၊ တိုက်ကွမ်ဒိုစတဲ့ Martial arts အားကစားလေးတွေကိုပါ ကစားပေးပါ။ ၂။ အိပ်ချိန်နဲ့ ထချိန်ကို နေ့စဉ်ပုံမှန်ထားပါ။⏱️ လူတစ်ယောက်ဟာ နေ့စဉ် အိပ်ချိန်နဲ့ထချိန်ကို ပုံမှန်လေးထ၊ ပုံမှန်လေးအိပ်မယ်ဆိုရင် ပိုပြီးတော့ productive ဖြစ်ပြီး မနက်ခင်းမှာလည်း လန်းလန်းဆန်းဆန်း ရှိစေပါတယ်။ တစ်နေ့ကို ပုံမှန် အနည်းဆုံး ၇နာရီအိပ်သင့်ပြီးတော့ ညဘက်ဆိုရင် ၁၀ နာရီထက် ‌နောက်ကျပြီး မအိပ်တာကောင်းပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ည ၁၀နာရီကနေ မနက် ၅နာရီထိ သတ်မှတ်ထားတာက ⌚️အကောင်းဆုံးဖြစ်ပါတယ်။ night owl 🦉 လေးတွေ ကတော့ မပါဘူးပေါ့နော် ၃။ ကျောင်းတက်တဲ့အခါလည်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။👩‍💼 ပေါ့ပေါ့ပါးပါးဆိုလို ပေါ့ပျက်ပျက်နဲ့ စာသေချာလိုက်မလုပ်တာကို ပြောတာမဟုတ်ဘဲ နားချိန်နား၊ စာသင်ချိန်သေချာအာရုံစိုက်ပြီး ‌canteenရောက်ရင်လည်း စာကို ပေါ့ပေါ့ပါးပါး လုပ်တာမျိူးဖြစ်ပါတယ်။ အရမ်းကြီး ဖိအားထားပြီး အလျင်လို၊ ပြာတိပြာယာ မလုပ်တာမျိုးပါ။ ၄။ ကိုယ့်ကိုကိုယ်ချစ်ပါ။💕 စာကိုချည်းလည်း ဖိမလုပ်ပါနဲ့။ ပစ်ထားပြီးလည်း အလေမလိုက်ပါနဲ့နော်။ ✨ကိုယ့်ကိုကိုယ်ချစ်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှာ ဖြစ်သလို ကိုယ့်ရဲ့အနာဂတ်အတွက်လည်း စဉ်းစားရဦးမှာမို ကြိုးလည်းကြိုးစားဖိုလိုပါတယ်။ ✨ဘဝကို ပျော်ပျော်ရွှင်ရွှင် နေတတ်အောင်နေပါ။ ✨ကိုယ့်ကိုကိုယ်လည်း မတန်တဲ့သူတွေအတွက် အထိခိုက်မခံပါနဲ့။ ✨သူများတွေနဲ့လည်း အရမ်းမနှိင်းယှဥ်ပါနဲ့။ 🙆လူတိုင်းက ကုသိုလ်ကံချင်းမတူလို မွေးဖွားလာရတဲ့ မိသားစုပတ်ဝန်းကျင်ချင်းကလည်း မတူတာကြောင့် ကိုယ်ကသာ အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြ‌ပါနော်...💕

“ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ တစ်လမှာ (၁၂)နာရီပဲ လိုပါတယ်”🎓✨ 🔹𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩🔹 အထက်တန်းသာ ပြီးမြောက်သွားတယ် နောက်တစ်ဆင့်ဖြစ်တဲ့ တက္ကသိုလ်ပညာရေးကို ကူးပြောင်းရာမှာ ယုံကြည်မှုပျောက်ဆုံးပြီး၊ ခေတ်အလိုက် တက္ကသိုလ်မှာ ရှိထားသင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်ဖို့ နည်းလမ်းရှာဖွေနေရတဲ့ ကျောင်းသား/သူများအတွက် 𝐔𝐧𝐢𝐏𝐫𝐞𝐩 𝐀𝐜𝐚𝐝𝐞𝐦𝐲 က 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 ကို အသစ်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။⏭️✨ ဒီ Bootcamp ဟာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ ပညာသင်ဆု လျှောက်ထားခြင်း၊ Assignment ရေးသားခြင်း၊ Presentation ပြုလုပ်ခြင်း၊ Internship လျှောက်ခြင်းနဲ့ Professional Profile တည်ဆောက်ခြင်းတို့အတွက် လိုအပ်တဲ့ Foundation Academic Skills တွေကို အဆင့်မြင့် ပညာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ Instructor တွေမှ လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးသွားမဲ့ Program ဖြစ်ပါတယ်။ 💎💫 🚨ဒီ Bootcamp ရဲ့ အဓိက Modules (၅)ခု ရှိပါတယ်။ ဒါတွေကတော့- -𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐕 / 𝐑𝐞𝐬𝐮𝐦𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠 -𝐆𝐨𝐨𝐠𝐥𝐞 𝐖𝐨𝐫𝐤𝐬𝐩𝐚𝐜𝐞 (𝐆 𝐒𝐮𝐢𝐭𝐞) -𝐀𝐈 𝐓𝐨𝐨𝐥𝐬 𝐟𝐨𝐫 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐬 -𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 -𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐓𝐡𝐞 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐟𝐢𝐥𝐞 ဒါ့အပြင် Bootcamp ပြီးဆုံးသွားရင်တော့ ပြီးဆုံးကြောင်း Certificate အပြင်၊ အကောင်းဆုံး Assignment တင်သွင်းသူတွေအတွက်လည်း Instructor တွေမှ Personalized Feedback ကိုလည်း ထပ်မံရရှိနိုင်မှာ ဖြစ်ပါတယ်။ 🔵ဘယ်သူတွေ လာရောက်လျှောက်ထားနိုင်မလဲ? - တက္ကသိုလ်ကျောင်းသားတွေ - G-12 | GED | IGCSE | A-Level | OSSD စတဲ့ အထက်တန်းပညာရေး ပြီးမြောက်ထားသူတွေအတွက် ရည်ရွယ်ပါတယ်။ 📅 𝐓𝐢𝐭𝐥𝐞: 𝐒𝐜𝐡𝐨𝐥𝐚𝐫 𝐂𝐫𝐚𝐟𝐭: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐒𝐤𝐢𝐥𝐥𝐬 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩 📆 𝐃𝐚𝐭𝐞: 𝟏𝟒 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 (𝐅𝐫𝐢𝐝𝐚𝐲 & 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲) ⏰ 𝐓𝐢𝐦𝐞: 𝟕:𝟎𝟎 – 𝟖:𝟑𝟎 𝐏𝐌 (𝐌𝐌𝐓) 💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐌𝐞𝐞𝐭𝐢𝐧𝐠 💰 𝐅𝐞𝐞𝐬: 𝐅𝐑𝐄𝐄 🚨Register ဘယ်လိုလုပ်မလဲ? (1) ယခု Official Bootcamp Announcement Post ကို Public နဲ့ Share လုပ်ပါ။ (2) လျှောက်လွှာ Form ထဲမှာ ကိုယ်ရေး အကျဉ်းနဲ့ ကိုယ် Share လုပ်ထားတဲ့ Screenshot ကို ထည့်ပြီး စာရေးပေးသွင်းရမှာပဲ ဖြစ်ပါတယ်။ 🔷UniPrep Academy ဟာ ကျောင်းသား/သူတို့ရဲ့ အဆင့်မြင့်ပညာရေး ခရီးလမ်းနဲ့ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်တောင် ဆောင်ရွက်ပေးနေတာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်အောင် အခုပဲ လာရောက် လျှောက်ထားလိုက်တော့နော်။ 📌 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/1ziN1aG818pGg2Wz6 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: 𝟏𝟎 𝐀𝐮𝐠𝐮𝐬𝐭, 𝟐𝟎𝟐𝟔 ‼️𝐋𝐢𝐦𝐢𝐭𝐞𝐝 𝐒𝐞𝐚𝐭 ‼️ 💎တက်ရောက်ခွင့် ရရှိသူတွေကိုလည်း email မှတစ်ဆင့် 12 August နောက်ဆုံးထားပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။စာရင်းမပေးသွင်းခင် အထူးသတိပြု သိထားသင့်တာကတော့ ပညာဒါနဖြစ်တာနဲ့အညီ တက်ရောက်သင်ကြားသွားမဲ့ ကျောင်းသား/သူတွေဟာလည်း အတန်းချိန်မှန်ကန်စွာနဲ့ နောက်ဆုံးရက် ရောက်သည်အထိ တက်ရောက်ပေးစေလိုပါတယ်နော်။ #UniPrepAcademy #FoundationAcademicSkillsBootcamp #Youth #StudySkills

Lessons to get better for your teenage life (Ep 3)👭💖 🌟လူငယ်တွေအတွက် ကြိူးစားဖို့ခြေလှမ်းအစ 💁အခုလို ငယ်တုန်းရွယ်တုန်း ပညာရှာရမယ့်အချိန်၊ အတွေ့အကြုံယူရမယ့်အချိန်မှာ ကိုယ်စီ အိမ်မက်ပန်းတိုင်တွေ ရှိတဲ့ ဆယ်ကျော်သက်အရွယ် ATHENAလေးတို့အတွက် စပြီးကြိူးစားရပါတော့မယ်။ ကလေးဘဝတုန်းက ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ကိုယ့်ကိုကိုယ်ပြုပြင်ရမယ်ဆိုတဲ့အသိတရားကို ရသွားရင် အခုအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ။ 👩‍💼💪🏻ဒီနေ့မှာလည်း ဘယ်လိုမျိုး ကြိူးစားပြီး အရာရာကိုရင်ဆိုင်ရမယ် ဆိုတာကို ထက်က မျှဝေပေးသွားမှာမို့ အဆုံးထိ ဖတ်ပေးကြပါ‌ဦးနော် 🙆လောကဓံကို ဥပေက္ခာပြုနိုင်ပြီး ဘယ်လောက်ပဲခက်ခဲပါစေ ခံနိုင်လောက်လောက်တဲ့အထိ သန်မာအောင်ကြိူးစားပါ ခွဲခြားမှုတွေ၊ မတရားမှုတွေ၊ မလုံခြုံမှုတွေနဲ့ ဒီ‌လောကကြီးမှာ...🌐 Remember "Life is always unfair..."🙇 💁ဒါကြောင့် အခက်အခဲတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတာကိုပဲလုပ်ပါ။ 👑ဘယ်လူမျိုး၊ ဘယ်နိုင်ငံသား၊ ဘယ်မိသားစုက ဆိုပြီး မခွဲခြားနိုင်တဲ့စိတ်နဲ့ ဘယ်သူက ဖြူတယ်မဲတယ်ဆိုတာ ဂရုမစိုက်ပဲ နေတတ်တဲ့စိတ်ကိုမွေးမြူပါ။ 🤵🏻Shakespeare said: "There's nothing either good or bad, but thinking makes it so." 🧘ကိုယ်လုပ်ရမယ့်အလုပ်မှာ ပျော်မွေ့စေပါ။ ⛹️ကိုယ့်ရဲ့ဝါသနာ ဒါမှမဟုတ် ကိုယ်အားသန်တဲ့ အရာတစ်ခုခုမှာ ❇️ထူးချွန်ပြောင်မြောက်အောင်လုပ်ထားပြီး အသက်မွေးဝမ်းကျောင်းအနေနဲ့ ပိုက်ဆံရှာနိုင်အောင် ကြိုးစားတာဟာ ကိုယ့်အတွက် အောင်မြင်ဖို့ အကြောင်းပြချက်တစ်ခု ရှိသွားသလိုပါပဲ။ 🤩လူတစ်ယောက်က ကိုယ်ကြိုက်တဲ့အလုပ်တစ်ခုခုကို ပျော်ပျော်ရွှင်ရွှင်လုပ်နေရတယ်ဆိုရင် ပင်ပန်း‌တာတွေလည်း မ‌ရှိတော့ဘဲ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရသလိုပါပဲ။ 📝ဒါကြောင့် ကိုယ်ကစာလုပ်ရင်လည်း ကိုယ့်အတွက် ပျော်ရွှင်စေမယ့်နည်းလမ်းလေးနဲ့စာလုပ်ပါ။ 🙇အလုပ်ဆိုရင်လည်း ကိုယ့်ရဲ့တကယ့် Passionကိုရှာပါ။ 💛ကိုယ့်အတွက်အကျိုးရှိစေမယ့် လက်တွေ့အရည်အချင်းတွေကို သင်ယူပါ။ အတွေ့အကြုံရအောင် စတင်ပြီး အလုပ်လုပ်ပါ။ ဥပမာ - ကိုယ်က မီလျံနာကြီး 💸တစ်ယောက်ဖြစ်ချင်တယ်ပဲ ထားပါတော့... 💁အဲ့ဒီလိုဖြစ်လာဖို့ ဘာအရည်အချင်းတွေလိုအပ်လဲ။ မီလျံနာတွေကရော ဘယ်လိုကြိုးစားခဲ့လဲ။ Marketing ပိုင်းတွေကရော ဘယ်လိုလဲ။ စသဖြင့် လေ့လာပါ။ 👩‍⚕️👩‍🔧ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်ဆိုလည်း အဲ့ဒီလိုပါပဲ။ လိုအပ်တဲ့ skills တွေရှိနေအောင် အခြေခံတွေကို စလေ့လာထားပါ။ 💁နောက်တစ်ခုကတော့ အရေးအကြီးဆုံးပါပဲ.... 🌟တခြားသူတွေရဲ့ ဝေဖန်မှုတွေ၊ သူတို့ရဲ့အထင်အမြင်တွေကို ဂရုမစိုက်ပါနဲ့ 👩‍💼လူတိုင်းဟာ အောင်မြင်ခါနီးလာလေ၊ အတိုက်အခိုက်များလာလေမို့ တချို့ကျတော့ ဘယ်လောက်ပဲ ကြိုးစားခဲ့ကြိူးစားခဲ့ အဲ့ဒီဒဏ်တွေ မခံနိုင်ဘဲ ပြန်လဲကျသွားတတ်ပါတယ်။ 👥ဒါကလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့်လဲပါသလို ကိုယ့်ရဲ့အသုံးမကျမှုတွေကြောင့်လဲ ပါပါတယ်။ 💁ဘယ်လိုပဲဖြစ်နေပါစေ အပင်မြင့်လေ လေတိုက်လေ ဆိုတဲ့ သဘောကို မှတ်ထားပါ။ ကိုယ့်ကိုဝေဖန်တိုက်ခိုက်မယ့်သူရှိထားတာဟာ ကိုယ့်အတွက် အချိန်ကုန်ပေးမယ့် fanတစ်ယောက်ရှိတယ်ပဲ သဘောထားပြီး သူတို့ဘာပြောပြော ဥပေက္ခာပြုလိုက်ပါ။ 🌟ဒါဆိုရင်တော့ ကိုယ့်ရဲ့ အလုပ်၊ အိမ်မက်ပန်းတိုင်တွေ ပြည့်ဖို့ ဘယ်လိုမျိူး ရင်ဆိုင်ရမလဲဆိုတာ ATHENA လေးတို့သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ 💛နောက်နေ့တွေမှာလည်း အသုံးဝင်မယ့် Tipsလေးတွေအတူ ထက်ပြန်လာခဲ့မှာမို့စောင့်ကြည့်ပေးကြပါဦးနော်...

How to get consistency 🕰📝 တစ်ခုခုကို စွဲစွဲမြဲမြဲနဲ့ လုပ်နိုင်ဖို🌟 ဘာသာစကားအသစ်တစ်ခု စလေ့လာမယ်။📖 အားကစားတစ်ခုခုလုပ်မယ်။🏋️ 💁တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ တစ်ရက်နှစ်ရက်၊ တစ်ပတ်နှစ်ပတ်ထက် ပိုမလုပ်နိုင်ဘဲ ကောက်ရိုးမီးလို ဘာလိုဖြစ်နေရတာလဲသိကြလား...🤔 💁ဘာလိုလဲဆိုတော့ အဲ့ဒီအရာတွေက ကိုယ့်ရဲ့ ပုံမှန်လုပ်နေကျ အိပ်ရာထတာနဲ့ မျက်နှာသစ်သွားတိုက် မနက်စာစားရတာလို မဟုတ်လိုပါ။ ⏱️ဒီလိုနဲ့ ကိုရီးယာစာ၊ တရုတ်စာသင်ပြီး အခြေခံလောက်နဲ့ ဆက်မသင်ချင်တော့တာမျိုးတွေ ဖြစ်လာကြတယ်။ 📝စာလုပ်တဲ့အခါကျတော့လည်း တစ်ရက်လောက် အားတွေရှိလာပြီး လုပ်တော့မယ်လို ဆုံးဖြတ်လိုက်ပေမဲ့ နောက်နေ့ကျပြန်ပြီး မလုပ်ဖြစ်တော့ဘဲ ဒုံရင်းပဲ ဖြစ်သွားပြန်ရော။ 💁ဒါက ကိုယ်က တစ်ခုခုမှားနေတာ လုံးဝမဟုတ်ပါဘူး။ ✨စွဲမြဲတဲ့အလေ့အကျင့်တစ်ခုတည်ဆောက်နိုင်ဖို အစတည်းကိုက မလွယ်တာပါ။ 🙆💕ဒါကြောင့် ဒီနေ့မှာ consistency ရှိလာဖို ဘယ်လိုမျိုး တည်ဆောက်ရမလဲဆိုတာ Buddies လေးတိုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ကိုယ်လုပ်ချင်တဲ့တစ်ခုကို ရှင်းလင်းအောင်လုပ်ပါ။💭 💁ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် အကုန်လုပ်ချင်နေတာ၊ ဖြစ်ချင်နေတာထက် ကိုယ်တကယ်လုပ်ချင်ပြီး ✨ကိုယ်တကယ်တတ်ချင်တာကို ရွေးလုပ်ပါ။ ကိုယ်နိုင်မယ်ထင်သလောက် တစ်ခုလည်းရသလို နှစ်ခုလဲရပါတယ်။ 🧐ဒီလိုရှင်းလင်းသွားပြီဆိုတာနဲ့ plan တွေ ချနေဖို၊ လုပ်ဖိုတအားစိတ်အားထက်သန်ပြီး အများကြီး တခါတည်းလုပ်ဖိုကိုဆော့ မစဉ်းစားပါနဲ့။ 🙆ဖြည်းဖြည်းချင်း ငါနေ့စဉ်‌ တစ်နေ့ကို ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ စဉ်းစားပါ။ ၂။ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို မလုပ်မိအောင် အာရုံပါ။✨ 🙆ကိုယ်ကတစ်ခုခုစလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုမလုပ်မိအောင် လိုက်ဖျက်နေတဲ့ အရာတွေကို မေ့နိုင်အောင် အဲ့တာတွေကို ဖျောက်လိုက်တာ၊ ဖွက်ထားတာလုပ်ပါ၊ အကောင်းဆုံးဥပမာကတော့ အခုခေတ်ရဲ့လက်စွဲတော် ဖုန်းပါ။📱 ဖုန်းကို ကိုယ်မမြင်နိုင်တဲ့နေရာမှာ၊ တခြားအခန်းမှာ ဖြစ်ဖြစ် သွားထားလိုက်ပါ။ ၃။ ကိုယ်လုပ်ချင်တဲ့အရာကို ဆွဲဆောင်မှုရှိစေပါ။🌟 ဒါကတော့ အဆင့်သုံးဆင့်ရှိပါတယ်💁 ၁။ ကိုယ်လုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၂။ ကိုယ်မလုပ်ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးပါ။ ၃။ ကိုယ်အလုပ် သို စာလုပ်မယ့် နေရာကို အဲ့ကနေ မထချင် အောင် ဆွဲဆောင်နိုင်တဲ့ နေရာအဖြစ်ပြောင်းလဲပါ။📚 💁ဒီလိုလုပ်မယ်ဆိုရင် လုပ်ရင် ရလာမယ့် ကောင်းကျိုးကို တွေး‌မိပြီး လုပ်ချင်စိတ်တွေရှိလာမယ်၊ မလုပ်ချင်ဖြစ်နေတာတွေ လျှော့ကျသွားမယ်။ ၄။ Reward system သို စိတ်ကျေနပ်မှုရှိအောင်လုပ်ပါ။📝 ကိုယ်ဘယ်လောက်ထိပြီးခဲ့ပြီ၊ ✨‌ခရီးဘယ်လောက်ရောက်ခဲ့ပြီ ဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ်ပြီးခဲ့တာ၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ goalတစ်ခုပြီးသွားတိုင်း ကိုယ့်ကိုကိုယ် ဆုချပါ။ 💁ဒီလိုနည်းအတိုင်းသာဆိုရင် ကိုယ်လိုချင်တာကိုလည်း ကိုယ်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ ရနေမှာကြောင့် ရပ်ချင်မှာ မဟုတ်တော့ပါဘူး။ 🌟ကိုယ်လုပ်ခဲ့ပြီးတာနဲ့ ကိုယ့်ကိုကိုယ်စိတ်အားတက်စေပြီး ငါဘာလိုစခဲ့တာလဲ ဆိုတာ အမှတ်ရပါ၊ အဲ့ဒီစိတ်နဲ့ပဲ အဆုံးထိ ဆက်သွားပါ။ 🙆Consistency ဆိုတာ ပြောတော့သာလွယ်ပေမဲ့ တကယ်တမ်း တည်ဆောက်ရတဲ့အခါမှာ‌တော့ ခက်ပါတယ်။ ✨ကိုယ်က တည်ဆောက်နိုင်ပြီဆိုကတည်းက သာမန်လူမဟုတ်ဘဲ သူများထက် ခေါင်းတစ်လုံးသာနေပါ။ 🙆ဒါကြောင့် ထက်ပြောခဲ့တဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်‌နော်... 🌟ကိုယ်သင်ချင်တတ်ချင်နေတာလေးတွေကိုလည်း အဆုံးထိ လိုက်လုပ်ကြည့်ပါ၊ ဖိုက်တင်းပါ လို အားပေးရင်း ဒီနေ့တော့ ဒီလောက်ပါပဲနော်...💕💕

Hello buddies လေးတို့ရေ ထက် tt acc အသစ်လေးကို Japan Region နဲ့ဖွင့်လိုက်ပါပြီ နောက်နောင် study vlog လေးတွေကို အဲ့အကောင့်မှာတင်ပေးသွားမှာမို့ follow ပေးကြဦးနော် @lunas.academic.alcove အလုပ်ကိစ္စ‌နဲ့ပတ်သတ်ပြီး ပြောချင်တာရှိရင် (English class, content writing, etc...) Tg acc @Lunalylia221108 ကိုလာခဲ့လို့ရပါတယ် Personal acc လေးကတော့ သိပြိးသားဖြစ်ကြမှာပါနော်

အမှန်တိုင်းပြောရရင် ထက်တောင်အဲ့ကိစ္စတွေကြောင့် အလူးအလဲခံရတာ ဆေး‌ထိုးလည်းမကယ်နိုင် ဖြစ်သွားတယ်

ထက်ကိုယ်ပိုင် study vlog လေးတွေတင်ရင် အားပေးကြမှာလား👀