en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 455 subscribers, ranking 18 002 in the Movies category and 8 645 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 455 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 112 over the last 30 days and by 2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.94%. Within the first 24 hours after publication, content typically collects 2.66% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 843 views. Within the first day, a publication typically gains 410 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 455
Subscribers
+224 hours
+417 days
+11230 days
Posts Archive
Dominator of Martial Gods (武神主宰 2023) သိုင်းပါရဂူ Qin Chen ဟာ ရာဇဝင်မှာ စာတွင်ခဲ့တဲ့ အကျော်ဇေယျတစ်ဦးဖြစ်ပေမဲ့ အချစ်ဆုံးသူငယ်ခ
+5
Dominator of Martial Gods (武神主宰 2023) သိုင်းပါရဂူ Qin Chen ဟာ ရာဇဝင်မှာ စာတွင်ခဲ့တဲ့ အကျော်ဇေယျတစ်ဦးဖြစ်ပေမဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ချစ်ရသူရဲ့ သစ္စာဖောက်မှုကြောင့် နာကျင်မှုတွေနဲ့အတူ လဲပြိုရင်း အရှုံးသမားဖြစ်ခဲ့ရတယ်။ နောင်နှစ်သုံးရာကြာတဲ့နောက် Qin Chenတစ်ယောက် တော်ဝင်မိသားစုရဲ့ တရားမဝင်သားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ပြန်လည်မွေးဖွားလာတဲ့အခါ…။ တရားမဝင်သားမလို့ အနှိမ်ခံရဲ့အပြင် အရင်ကဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်ခြင်းမရှိခဲ့တဲ့ Qin Chenဟာ  ယခင်က သူကျင့်ကြံခဲ့တဲ့အရာတွေကိုအားကိုးပြီး အမြင့်ရောက်အောင်တက်လှမ်းရင်း ကလဲ့စားချေနိုင်ဖို့ ကြိုးစားပါတော့တယ်။ Qin Chenတစ်ယောက် သူရောက်ရှိချင်တဲ့ပန်းတိုင်ကို အရောက်တက်လှမ်းနိုင်ပါ့မလား၊ သူ့ကိုသစ္စာဖောက်ခဲ့သူတွေကိုရော အနိုင်နဲ့ပိုင်းနိုင်ပါ့မလားဆိုတာကို တင်ဆက်ပေးသွားမဲ့ ဒီဇာတ်လမ်းတွဲလေးထဲမှာ ကြည့်လိုက်ရအောင်။ Native Title: 武神主宰 Starrings: Zhang Yu & Chen Yi Ying Genres : WuXia, Adventure, Fantasy Episodes : 30 Airs:  June 14,2023 - July 5,2023 Original Network : Youku #DominatorOfMartialGods #武神主宰

Battle Through the Heaven Season 2 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း အတွဲ(၂) ❝ လူတွေက ဘဝမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ပြီးရင် ပိုပြ
+9
Battle Through the Heaven Season 2 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း အတွဲ(၂) ❝ လူတွေက ဘဝမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ပြီးရင် ပိုပြီးသန်မာလာတတ်ကြတယ် ❞ မင်္ဂလာပါ Souler လေးတို့ရေ။ ဒီတစ်ခေါက် SoulKingdom ကနေ ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ သိုင်းကားကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ ရှောင်းယန် ဆိုတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို Live-action အနေနဲ့ ဆက်လက်ရိုက်ကူးထားတဲ့ Battle Through the Heaven Season 2 ~ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း အတွဲ(၂) ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရှောင်းယန်ဟာ နာ့လန်ယန်းရန်နဲ့ သုံးနှစ်တာ သဘောတူညီမှုကို အဆုံးသတ်ပြီးချိန်မှာ ရှောင်းမိသားစုဟာ ရုတ်တရက် ယွင်လန်ဂိုဏ်းရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သူ့ရဲ့အဖေဖြစ်သူ ရှောင်းကျန့်ကိုလည်း တခြားအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။ သူ့ရဲ့အဖေကိုကယ်တင်ပြီး ရှောင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် ရှောင်းယန်ဟာ ယွင်လန်ဂိုဏ်းကို ဖျက်ဆီးနိုင်တဲ့အထိအင်အားကြီးမားလာအောင် နှလုံးကြွေမီးတောက်ကိုရယူနိုင်ဖို့ သူ့ဆရာ ယောင့်ချန်ရဲ့ အကြံပေးချက်အတိုင်း ကျားနန်ကျောင်းတော်ကို ပြန်သွားပါတော့တယ်။ အဲဒီကျောင်းတော်မှာပဲ ရှောင်းယန်ဟာ ငယ်ငယ််က ချစ်ရသူ ရှောင်းရွှင်းအာနဲ့ အတူတူပြန်ဆုံစည်းကြသလို နောက်ထပ် မိတ်ဆွေတွေလည်း ရလာခဲ့ပါတယ်။ အဲဒီနောက်မှာ ရှောင်းယန်နဲ့ သူ့မိတ်ဆွေတွေကရော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ... အချင်းချင်းရော ဘယ်လို အကူအညီပေးပြီး ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကိုတော့ မကြာခင် SoulKingdoom ကနေ တင်ဆက်ပေးတော့မှာဖြစ်လို့ အတူတူ ‌စောင့်မျှော်ကြည့်ရှုကြရအောင်လား။... ✨ ဒီဇာတ်လမ်းတွဲလေးကို အညွှန်းရေးသားသူကတော့ Leo Kash ဖြစ်ပါတယ်။ Name - Battle Through the Heaven Native Title: 斗破苍穹之少年归来 Also Known As: Battle Through the Heavens 2 , Fights Break Sphere Return of the Youth , Fights Break Sphere Season 2 , Dou Po Cang Qiong Zhi Shao Nian Gui Lai , Dou Po Qiong Cang 2 , 斗破苍穹 2 Genres: Romance, Wuxia, Fantasy Country: China Type: Drama Episodes: 27 Airs: Dec 8, 2023 - ? Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network: Tencent Video #ReviewedbyLeoKash #BattleThroughtheHeaven2 #斗破苍穹2 #ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း(၂) #SoulKingdom

Fights Break Sphere 2018 ကောင်းကင်ဘုံသို စစ်ပြိုင်ခြင်း အတွဲ(၁)
Fights Break Sphere 2018 ကောင်းကင်ဘုံသို စစ်ပြိုင်ခြင်း အတွဲ(၁)

🍊“ကံကြမ္မာကျော့ကွင်းထဲက မိန်းမပျို”🍊 🍊橘祥如意🍊 🍊Girls Fighting Fate🍊 အစ်ကိုရဲ့ဇနီးဖြစ်သူ မရီးကိုမှ ချစ်မိသူ…. လိမ္မော်သီးဆ
+6
🍊“ကံကြမ္မာကျော့ကွင်းထဲက မိန်းမပျို”🍊 🍊橘祥如意🍊 🍊Girls Fighting Fate🍊 အစ်ကိုရဲ့ဇနီးဖြစ်သူ မရီးကိုမှ ချစ်မိသူ…. လိမ္မော်သီးဆိုတာ တရုတ်ရိုးရာအယူအဆအရ ကံကောင်းမှုတွေ ဆောင်ကျဉ်းပေးတဲ့အရာတဲ့ ဒီကားလေးထဲက ချစ်သူ ၂ ဦးအတွက်ကိုရော ကံကောင်းခြင်းတွေ တကယ်ယူဆောင်ပေးပါ့မလား…. ဇာတ်လမ်းအညွှန်း မျိုးရိုးအစဉ်အဆက် လိမ္မော်သီးလုပ်ငန်းကို လုပ်ကိုင်လာတဲ့ Shen မိသားစု မျိုးနွယ်စုရဲ့အကြီးဆုံးအုပ်ချုပ်သူ Shen Yanqing နဲ့ သူ့ညီ Shen Yangzhou ၂ ဦးလုံးက ဆင်းရဲတဲ့မိသားစုကမွေးဖွားလာတဲ့ မိန်းမငယ်လေး Xiujv ကို တပြိုင်နက်တည်း ချစ်မိသွားတဲ့အခါမှာတော့ Shen မိသားစုရဲ့မျိုးဆက် ဆက်လက်တည်မြဲဖို့ မိShen Yanqingရဲ့ တရားဝင်ဇနီးဖြစ်သူ Zhuang Hui က Xiujv ကို Shen Yangqing နဲ့ထိမ်းမြားစေခဲ့ပါတယ် နာကျင်မှုတွေနဲ့အစချီရမဲ့ Xiujv နဲ့ Shen Yangzhou တို့ ၂ ဦးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ အမုန်းတွေ စွဲလမ်းမှုတွေ ချစ်ခြင်းတွေ အတ္တတွေကို ပေါ်လွင်အောင်ပုံဖော်ထားတဲ့ “ကံကြမ္မာကို အံတုမဲ့မိန်းမပျို”ဇာတ်ကားလေးကို SoulKingdom ကနေတဆင့် အားပေးကြပါဦးနော် ဇာတ်လမ်းအညွှန်းကို ရေးသားသူကတော့ “မောင်” ဖြစ်ပါတယ် Native Title: 橘祥如意 Genres: Historical, Business, Life, Drama Country: China Starring:Victoria Huang,Wang Rui Chang,Guan Chang Type: Drama Episodes: 24 Airs: Jun 25, 2025 - ? Original Network: Youku, Mango #ReviewbyMaung #SoulKingdom #橘祥如意 #GirlsFightingFate

အာဏာပြည်လွှမ်း ပွင့်လန်းသည့်ပန်း The Princess's Gambit [桃花映江山] လောကဓံအန်တု ဖူးပွင့်တဲ့ပန်းငယ် {Blossom} ကားထဲက ကျဲကျဲ Meng Zi
+6
အာဏာပြည်လွှမ်း ပွင့်လန်းသည့်ပန်း The Princess's Gambit [桃花映江山] လောကဓံအန်တု ဖူးပွင့်တဲ့ပန်းငယ် {Blossom} ကားထဲက ကျဲကျဲ Meng Zi Yi နဲ့ တစ်သက်တာထာ၀ရ {A moment but forever} ကားထဲကကောကော Liu Xue Yi တို့ရဲ့ကားသစ်‌လေး 😍😍 ဇာတ်လမ်းအကျဉ်း ရက်စက်ကောက်ကျစ်တဲ့ အမတ်ချုပ်နဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ မင်းသမီးလေးတို့ကြားကပုံပြင်လေး... လက်ဝဲအမတ် Shen Zai Ye တစ်ယောက် သူများ ချောက်ချတာခံရပြီး လက်ဆက်မင်းသမီးလေး Jiang Tao Hua ကိုဆန္ဒမရှိဘဲ လက်ထပ်ယူခဲ့ရတယ်... Shen Zai Ye ကအပေါ်ယံမှာတော့ ရက်စက်ပြီးကောက်ကျစ်တဲ့ အမတ်ချုပ် တကယ်တမ်းတော့ တိုင်းပြည်အတွက် ပြည်သူအတွက်ပဲ အရာရာစိတ်နှစ်ထားတဲ့သူ.... Jiang Tao Hua ကအသက်ရှင်ဖို့ ကြိုးစားရုန်းကန်ရင်း နှစ်ယောက်သား လက်တွဲဖူးတယ် တိုက်ခိုက်ဖူးတယ်.... အခက်အခဲတွေ တစ်ခေါက်ပြီးတစ်ခေါက် ရင်ဆိုင်ဖြတ်ကျော်ရင်းက သူတို့ကြားမှာ အချစ်မီးပွားလေးက အစပျိုးလာခဲ့တယ်.... ကဲ အဆင်လေးတွေလည် အများကြီးပါတာဆိုတော့ SoulKingdom ကနေ စောင့်ကြည့်ဖို့ ရယ်ဒီပဲလား😏😏😏 Native Name : 桃花映江山 English Title : The Princess's Gambit Other Name : Peach Blossom Overturning the Country Starring : Liu Xue Yi, Meng Zi Yi, Gao Han, Liu Ling Zi, Bian Cheng, Fab Jing Wen Episodes : 36 Original Network : Tencent video Aired : June 25,2025 #ReviewbyLingLan #桃花映江山 #SoulKingdom #ThePrincess'sGambit #PeachBlossomOverturningtheCountry

Channel Link📞📞📞 https://t.me/SK_5_Chseries 🌙အိပ်မက်ထဲက အိပ်မက်တစ်ခု🌙 A Dream Within A Dream / 书卷一梦 (2025) အားလုံးစောင့်မ
+7
Channel Link📞📞📞 https://t.me/SK_5_Chseries 🌙အိပ်မက်ထဲက အိပ်မက်တစ်ခု🌙 A Dream Within A Dream / 书卷一梦 (2025) အားလုံးစောင့်မျှော်နေကြတဲ့ ကိုကို Liu Yu Ning နဲ့ မမ Li Yi Tong တို့ရဲ့ A Dream Within A Dream ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို SoulKingdom ကနေ ဘာသာပြန်တင်ဆက်ပေးပါတော့မယ် ဇာတ်လမ်းအညွှန်း တကယ်လို့များ ဇာတ်လမ်းတစ်ပုဒ်ထဲကို ရောက်သွားပြီး ရက်စက်တဲ့လူစွမ်းကောင်းတစ်ယောက်ဆီကနေ သေလောက်အောင်နှိပ်စက်ခံရပြီး စွန့်ပစ်ခံရတဲ့ အမျိုးသမီးလူစွမ်းကောင်းတစ်ယောက်နေရာကို ရောက်သွားရင်ဘယ်လိုလုပ်ကြမလဲ Song Xiao Yu (Li Yi Tong) ကတော့တွေးနေစရာတောင်မလိုပါဘူး သူတတ်နိုင်သမျှမြန်မြန်ထွက်ပြေးလာမှာပါ ဒါပေမဲ့ သူဘယ်လောက်ကြိုးစားကြိုးစား ဇာတ်လမ်းကတော့ သူ့ကို ဇာတ်လမ်းရဲ့နာမည်ကြီးဇာတ်ဝင်ခန်းတစ်ခုဖြစ်လာအောင် လူစွမ်းကောင်း Nan Heng (Liu Yu Ning) ဆီကိုပဲ တွန်းပို့ပေးနေတော့တာပေါ့ (တို့သာဆိုရင်တော့ကိုကို့ဆီက ထွက်မပြေးဘူးနော်) ဇာတ်လမ်းလောကထဲမှာ အချိန်အကြာကြီးဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကောင်တွေရှိပါတယ်...တချို့ကနက်နဲတဲ့နန်းတော်ထဲမှာ ပိတ်မိနေပြီး တချို့ကတော့မင်းမျိုးမင်းနွယ်မိသားစုမှာ ပိတ်မိနေပါတယ် ...တချို့ကမိန်းမတွေကြားက ပြိုင်ဆိုင်မှုတွေမှာပင်ပန်းနေပြီး တချို့ကတော့ ချစ်ခြင်းမေတ္တောနဲ့လွတ်လပ်မှုတို့ကို လိုချင်တောင့်တနေပေမဲ့ တချို့ကတော့အချုပ်အနှောင်တွေကြားမှာ ကခုန်နေရုံကလွဲပြီးမတတ်နိုင်ကြပါဘူး...တချို့ကတော့မြန်မြန်တိုးတက်လာဖို့အိပ်မက်မက်နေကြပေမဲ့ တစ်ရက်ပြီးတစ်ရက် ကန့်သတ်မှုတွေကြောင့် စွဲလမ်းမှုဝါသနာ‌တွေကပါးလွှာကုန်ကြတာပေါ့   ဒီဇာတ်လမ်းတွဲ‌လေးက သေရမှာကြောက်နေတဲ့ Song Xiao Yu (Li Yi Tong) နဲ့ ရက်စက်ပြီး သနားညှာတာမှုကင်းမဲ့တဲ့ Nan Heng (Liu Yu Ning) တို့ကြားက ဇာတ်လမ်းတင်မကဘဲ ဇာတ်ကောင်တွေအားလုံးက သူတို့ကံကြမ္မာနဲ့ရင်ဆိုင်တိုက်ခိုက်ကြမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ကဲ အညွှန်းလေးဖတ်ပြီးပြီဆိုတော့ ကိုကို Liu Yu Ning နဲ့ မမ Li Yi Tong တို့ကိုကြူးရင်း SoulKingdom ကနေ စောင့်မျှော်ကြည့်ရှုကြရအောင်နော် (အညွှန်းရေးသားသူကတော့ Sunnyပဲဖြစ်ပါတယ်ရှင့်) Native Title: 书卷一梦 Starrings : Li Yi Tong & Liu Yu Ning Genres: Historical, Comedy, Romance, Fantasy Country: China Type: Drama Air on:  June 26,2025--??? Episodes: 38 #ReviewBySunny #书卷一梦 #ADreamWithinADream #SoulKingdom

ကောင်းကင်ဖီဆန်အမတဒဏ္ဍာရီ 🧝‍♂️🌹 Be Yourself (逆天成仙) နှစ်တစ်ရာကြာအောင်ကြိုးစားကျင့်ကြံလာခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး တစ်နေ့မှာ
ကောင်းကင်ဖီဆန်အမတဒဏ္ဍာရီ 🧝‍♂️🌹 Be Yourself (逆天成仙) နှစ်တစ်ရာကြာအောင်ကြိုးစားကျင့်ကြံလာခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး တစ်နေ့မှာမိုးကြိုးကပ်ဘေးကိုခံယူပြီး အထက်ကောင်းကင်ဘုံသို့ အောင်အောင်မြင်မြင်ပျံတက်နိုင်မယ်ထင်ထားခဲ့ပေတယ်။ ဒါပေမဲ့ ဘယ်သူထင်ထားမိမှာလဲ တစ်ခါတည်း မိုးကြိုးကပ်ဘေးအချက်ပေါင်းတစ်ရာ အပစ်ခံရပြီးနောက် ရုပ်ခန္ဓာရောစိတ်ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးမှာ ကျောက်အိမ်တော်ရဲ့ ၄ယောက်မြောက်သား ပါရမီမပါသောအသုံးမကျသူလေး Zhao Feiyangနဲ့ပေါင်းစပ်ပြီး အသက်ဆက်ခဲ့ရရှာတယ်။ စစချင်းမှာတင်ပဲ စေ့စပ်စာချုပ်၃ခုနဲ့ အိမ်တော်တည့်တည့် လက်ထပ်ခွင့်လာတောင်းနေလေတဲ့အခါ နွားအိုမြက်နုကြိုက်ပြီးပဲ အိမ်ထောင်ရေးကိုအစပြုလေတော့မလား ??? ဒါမှမဟုတ် ဒီအပယ်ခံခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံတက်လှမ်းဖို့ ဆက်ကြိုးစားဦးမှာလား ??? သူ့ရဲ့ဘဝကြီးကရော ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖွယ် အတက်အကျတွေနဲ့ပြည့်နေမလဲဆိုတာကိုတော့….🐙 Native Title : 逆天成仙 English Title : Be Yourself Starring : Pan Lu Yu, Zhao Mu Yan, Chen Yu Ling, Deng Yun Da, Gao Man Er Episodes : 24 Original Network : Tencent Video #ReviewByCarrot #逆天成仙 #SoulKingdom #BeYourself

Qingchuan's Veil of Vengeance 2025 ဒဏ္ဍာရီသူရဲကောင်းချင်းချွမ် EP 1-4 ============================ အပိုင်း (18)ပိုင်းပဲ ပါရှိ
+2
Qingchuan's Veil of Vengeance 2025 ဒဏ္ဍာရီသူရဲကောင်းချင်းချွမ် EP 1-4 ============================ အပိုင်း (18)ပိုင်းပဲ ပါရှိမယ့် ဝူရှသိုင်းစီးရီးလေးပဲဖြစ်ပါတယ်နော်။ Ep 01 ခနစောင့်ပေးနော် Ep 02 Ep 03 Ep 04

အမှောင်ခွင်းမည့် ဇာမဏီငါးဖော် The Seven Relics of Omen 七根心简 ရှေးခေတ်က ထူးဆန်းတဲ့ဥက္ကာခဲတစ်ခုက Fengzi ချောက်ပေါ်ကို ကျလာခဲ့ပြီ
+2
အမှောင်ခွင်းမည့် ဇာမဏီငါးဖော် The Seven Relics of Omen 七根心简 ရှေးခေတ်က ထူးဆန်းတဲ့ဥက္ကာခဲတစ်ခုက Fengzi ချောက်ပေါ်ကို ကျလာခဲ့ပြီး သူနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါခုနစ်ကောင်ကိုပါ ခေါ်ဆောင်လာခဲ့တယ်။ အဲဒီအကောင်တွေက လူသားတွေကိုကပ်တွယ်နိုင်တဲ့အပြင် သူတို့ရဲ့အသိစိတ်ကို ဝင်နှောင့်ယှက်နိုင်ပြီး မကောင်းမှုတွေကိုပါ ကျူးလွန်အောင် နှိုးဆော်ခဲ့တယ်။ သီလသမာဓိနဲ့ ပြည့်စုံတဲ့ဆရာကြီးက သူ့တပည့်တွေနဲ့အတူ မြင့်မြတ်တဲ့သစ်ပင်ကနေရတဲ့ အသားနဲ့ သစ်သားပြားခုနစ်ပြားကို ပြုလုပ်ခဲ့ပြီး ဂြိုဟ််သားတွေကို အဲဒီထဲ ပိတ်ထားခဲ့တယ်။ အဲဒီကနေ Seven Heart Tablets ဆိုတဲ့ နာမည်လေးပေးခဲ့ပြီး ချိပ်ပိတ်ခဲ့ပါတော့တယ်။ အရည်အချင်းရှိပြီး မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေက ဆရာကြီးရဲ့ တာဝန်ကို အမွေဆက်ခံပြီး Heart Tablets ချိပ်ပိတ်တဲ့နည်းလမ်းတွေကို မှတ်တမ်းတင်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်မှာ ခွေးတစ်ကောင်က Fengzi ချောက်မှာမြှုပ်ထားတဲ့ သစ်သားပြားတွေထဲက တစ်ခုကို မတော်တဆတူးမိသွားတဲ့အခါမှာတော့ လောကကြီးထဲကို ချိပ်ပိတ်ထားခဲ့တဲ့ Heart Tablets ပြန်ရောက်လာခဲ့ပါတော့တယ်

လိုင်ချီးတမန်တော်ရဲ့စွန့်စားခန်း The Litchi Road (2025) ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ထန်မင်းဆက်ခေတ်က အရာရှိငယ်လေး လီရှန်းသယ်တစ်
+9
လိုင်ချီးတမန်တော်ရဲ့စွန့်စားခန်း The Litchi Road (2025) ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ထန်မင်းဆက်ခေတ်က အရာရှိငယ်လေး လီရှန်းသယ်တစ်ယောက် ဘဝမှာ မဖြတ်သန်းနိုင်ဘူးလို့ထင်ထားတဲ့ အတားအဆီးတွေကိုကျော်ဖြတ်၊ မိသားစုအတွက် စွန့်စားအနစ်နာခံခြင်းတွေနဲ့ အာဏာပါဝါ လက်အောက်က သာမန်လူတွေရဲ့ ရုန်းကန်မှုတွေကို ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ အရာရှိငယ်လေးလီရှန်းသယ်တစ်ယောက် ချန်အန်းမှာ မိဖုရားကြီးယန်ရဲ့ မွေးနေ့ပွဲကျင်းပဖို့ ကီလိုမီတာ ၂၅၀၀ကျော်ကွာဝေးတဲ့ လင်းနန်ကနေ လိုင်ချီးသီးတွေကို လတ်လတ်ဆတ်ဆတ်ဖြစ်အောင် သယ်ယူပေးရမယ်ဆိုတဲ့  ဒီလိုမျိုး မဖြစ်နိုင်တဲ့ တာဝန်ကိုပေးအပ်ခြင်းခံခဲ့ရပါတယ် သူဟာ ဒီမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အလုပ်ကို ၃ လအတွင်းပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက သူ့ကိုသေဒဏ်ပေးပြီး  သူ့မိသားစုကတော့ ကျွန်ဘဝကို ရောက်မှာပါ မိသားစုအတွက် လီရှန်းသယ်က ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှာလား ဒါမှမဟုတ် ကျရှုံးမှာလား... မိသားစုအတွက် စွန့်စားမှုကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့....  အတူတူစောင့်ကြည့်လိုက်ရအောင် #TheLitchiRoad

🤩ချစ်သူ့အမုန်း ငြိုးသူရန်ဘက်🤩 Feud / 临江仙 (2025) မင်္ဂလာပါ SKပရိသတ်ကြီးရေ ...ဒဏ္ဍာရီရှေးဟောင်းကားတွေမှကြိုက်နှစ်သက်တယ်ဆိုတဲဲ
+9
🤩ချစ်သူ့အမုန်း ငြိုးသူရန်ဘက်🤩 Feud / 临江仙 (2025) မင်္ဂလာပါ SKပရိသတ်ကြီးရေ ...ဒဏ္ဍာရီရှေးဟောင်းကားတွေမှကြိုက်နှစ်သက်တယ်ဆိုတဲဲ့  Soulers လေးတို့အတွက်  iQiyi ကနေရိုက်ကူးထားတဲ့ Feud ဆိုတဲ့ Wuxia, Fantasy ဇာတ်လမ်းတွဲလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် 🫶 🫧ဇာတ်လမ်းအညွှန်း စွဲမက်ဖွယ်ရာ ဒဏ္ဍာရီပုံပြင်ထဲက ဝိညာဉ်ကြီးလေးပါးထဲမှ တန်ခိုးကြီးမားပြီး ထာဝရရှင်သန်နိုင်တဲ့ Li Qing Yue နဲ့ Dacheng ရဲ့ဆရာသခင်ဖြစ်သူ Bai Jiu Si တို့ဟာ နှစ်ပေါင်းကြာရှည်စွာ ရင်းနှီးကြတဲ့ မိတ်ဆွေဟောင်းကြီးတွေဖြစ်ပါတယ် ဒါပေမဲ့လည်း ကံကြမ္မာရဲ့ ကြမ်းတမ်းတဲ့လှည့်ကွက်တွေဟာ နားလည်မှုလွဲခြင်းဆီကိုပင် ဦးတည်သွားစေခဲ့ပြီး ကြေကွဲဖွယ်ရာ ပဋိပက္ခကို ဖြစ်ပေါ်စေကာ သူတို့ရဲ့မရဏလမ်းကိုပင် ခင်းစေခဲ့ပါတယ် ဒါ​ပေမဲ့လည်း သူတို့ရဲ့ကံကြမ္မာက တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်ပေါ်လာတဲ့အခါ .... ကျိုး​ပြတ်သွားပြီဖြစ်တဲ့ နှောင်ကြိုးတစ်ချောင်းက တစ်ဖန်ပြန်ဆက်နိုင်ပါဦးမလား... တစ်ပါးသူ​တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ဘေးကျပ်နံကျပ်အခြေအနေကြားကနေရော ရုန်းထွက်နိုင်ပါ့မလား... ဆိုတာကိုတော့ SoulKingdom ကနေ တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင့် ဒီကားလေးထဲမှာဆိုရင် ကျွန်မတို့ မိန်းမလှလေး Bai Lu နဲ့ မင်းသားချောလေး Zeng Shun Xi တို့ အဓိကပါဝင်ရိုက်ကူးထားတာမလို့ ကြည့်ရှုသူတွေ့ရဲ့ စိတ်ကျေနပ်မှုကိုအပြည့်အဝရရှိစေမဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်မယ်ဆိုတာ အသေအချာပါပဲရှင် .... [ကျွန်မကတော့ အညွှန်းရေးသားသူ Xiao Bai ပါရှင့်🤍] Native Title: 临江仙 Starring: Bai Lu, Zeng Shun Xi, He Rui Xian , Chen Xin Hai Genres: Romance, Wuxia, Fantasy Episodes: 32 Air: 6 June,2025---? Original Network: iQiyi Duration: 45 min #ReviewByXiaoBai #LamentOfTheRiverImmortal #Feud #临江仙 #SoulKingdom

Repost from SoulKingdom_Ch16
What a Wonderful World 在人间 နားခိုရာ ဇာတ်လမ်းအကျဥ်း Xu Tian : ငါ့မှာအိပ်မက်တစ်ခုရှိမှန်း မင်းဘယ်လိုသိလဲ Jia Xiao Duo : ကျွန်မက
+7
What a Wonderful World 在人间 နားခိုရာ ဇာတ်လမ်းအကျဥ်း Xu Tian : ငါ့မှာအိပ်မက်တစ်ခုရှိမှန်း မင်းဘယ်လိုသိလဲ Jia Xiao Duo : ကျွန်မက ရှင်ပဲကို ကွဲပြားသောကိုယ်ရည်ကိုယ်သွေးအခြေအနေများစွာခံစားနေရတဲ့ရောဂါ ဒါဟာ လူတစ်ယောက်အနေနဲ့ အတွေးခံစားချက် မှတ်ဉာဏ် ဒါမှမဟုတ် ဝိသေသလက္ခဏာတွေဆီကနေပြီး အဆက်အသွယ်ဖြတ်သွားတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုပါ။ Xu Tian ဆိုတဲ့ကောင်လေးဟာ အဲဒီရောဂါကိုခံစားနေရတဲ့လူနာတစ်ဦးဖြစ်ပြီး ဆရာဝန်ရဲ့ပြောကြားချက်အရ သူ့မှာအခြားသော ပင်ကိုစရိုက် ၆ခုတိတိရှိနေသေးတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့လို့ သူကိုယ်တိုင် အဲဒီပင်ကိုစရိုက် ၆ခုကိုမတွေ့ဖူးခဲ့ပါဘူး။ Jia Xiao Duo ဆိုတဲ့ကောင်မလေးမှာလည်း အဲဒီစရိုက်ကွဲပြားတဲ့ရောဂါကို တွေ့ကြုံနေရပြီး သူဟာ သူ့ကိုယ်သူ လောကကြီးရဲ့ ဘဝခရီးတစ်လျှောက် ဆုံတွေ့ရတဲ့ ပျော်ရွှင်ဝမ်းနည်းမှုတွေကို ခံစားနေရတဲ့ အမှန်တည်ရှိဖြစ်တည်မှုတစ်ခုလို့ မှတ်ယူထားသူပါ။ ငြီးငွေ့စရာကောင်းလှတဲ့ နေ့စဥ်ရုန်းကန်မှုတွေကြားက အထီးကျန်ခြင်းရဲ့ လွှမ်းမိုးမှုအမှောင်ထုအောက် နစ်မြုပ်နေတဲ့ကာလ .... စိတ်ဝိညာဥ်၂ခုရဲ့ တစ်ယောက်ပေါ်တစ်ယောက် လက်ခံယုံကြည်ကာ လက်တွေ့နဲ့ လှည့်စားမှုတွေကြား ဆန်းကြယ်ရင်ဖိုမှုယှက်နွယ်လို့ ခံစားချက်နဲ့ နားခိုရာတို့ ယှဥ်တွဲပေါက်ဖွားလာကြပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Native Title: 在人间 Starrings: Zhao Li Ying & Yin Fang. Genres: Mystery, Sci-Fi Country: China Type: Drama Episodes: 8 Airs: May 28, 2025 Original Network: iQiyi Duration: 40 min. #WhatAWonderfulWorld #ZhaoLiYing #YinFang #SoulKingdom #SK

“ရွှေမင်းသားရဲ့ ကြင်သူသက်လျာ” Destiny of Love 错嫁世子妃 မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ အခုတစ်ခါ မိတ်ဆက်ပေးမှာကတော့ ပရိသတ်တို့နဲ့ ရင်း
“ရွှေမင်းသားရဲ့ ကြင်သူသက်လျာ” Destiny of Love 错嫁世子妃 မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ အခုတစ်ခါ မိတ်ဆက်ပေးမှာကတော့  ပရိသတ်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားDarren Chenနဲ့ မင်းသမီးHuang Riyingတို့ရဲ့ Destiny of Loveဆိုတဲ့ ချစ်စရာhistorical romanticကားလေး ဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ The Blood Of Youthထဲက ရှောင်းဆဲ့ဖြစ်တဲ့ မင်းသားLi Hongyiကလည်း တစ်ထောင့်တစ်နေရာကနေ ပါ၀င်သရုပ်ဆောင်ထားတာမလို့ စိတ်၀င်စားတယ်ဆိုရင် အညွှန်းလေး ဖတ်လိုက်ရအောင်လားရှင် 🌻 ဇာတ်လမ်းအညွှန်း 🌻 သွက်လက်တက်ကြွပြီး ချစ်စရာကောင်းတဲ့ ဆိုင်ပိုင်ရှင်အမျိုးသမီးလေး Qiao Manman (Huang Riying)ဟာ စီးပွားရေးသဘောတူညီချက်ကြောင့် မသန်စွမ်းဖြစ်နေတဲ့ မင်းသား Fu Chengjin (Darren Chen)နဲ့ မှားယွင်းလက်ထပ်မိသွားပါတယ် အစပိုင်းမှာ တစ်ယောက်‌နဲ့တစ်ယောက် စကားများရန်ဖြစ်ရင်း တစောင်းစေးနဲ့မျက်ချေး ဖြစ်ခဲ့ကြပေမဲ့ ဒုတိယမင်းသား Fu Yunnuo (Wang Zhuocheng)နဲ့ တစ်ဖက်တိုင်းပြည်ရဲ့ မင်းသား Hu Ersa (Chang Zhekuan)တို့ လျှို့ဝှက်အကြံအစည်တွေနဲ့ ချဉ်းကပ်၀င်ရောက်လာတဲ့အခါ ရန်သူကိုရင်ဆိုင်ဖို့ သူတို့နှစ်ဦးပူးပေါင်းရာမှ သံယောဇဉ်တွေ ပိုမိုခိုင်မြဲလာပါတော့တယ် ထိုအချိန်မှာပဲ ရှီးလင်တိုင်းပြည်က မင်းသမီး Alia (Zhang Muxi)ဟာ တိုင်းပြည်ချင်း မဟာမိတ်ဖွဲ့တဲ့အနေနဲ့ မင်းသား Fu Chengjinနဲ့ လက်ဆက်ဖို့ ရောက်ရှိလာချိန်မှာတော့ မင်းသားနဲ့တွေ့ဆုံ‌လက်ထပ်ရမဲ့အစား Qiao Manmanရဲ့ ဆိုင်လက်ထောက်ဖြစ်တဲ့ Ji Mo (Li Hongyi)နောက်ကို လွဲမှားလိုက်ပါသွားတော့တယ် ဒီတော့ သတို့သား သတို့သမီးချင်း လွဲမှားနေကြတဲ့ သူတို့တွေရဲ့မင်္ဂလာပွဲကနေ ဘယ်လိုအချစ်ဇာတ်လမ်းတွေ ပေါ်ပေါက်လာမလဲဆိုတာ အဆင်ကြည့်ရင်း  အချိုစားရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာကြောင့် Destiny Of Loveဇာတ်လမ်းလေးကို Soulkingdomကနေ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ (ဇာတ်ညွှန်းရေးသားသူကတော့ Elena Linပဲ ဖြစ်ပါတယ်ရှင့်🥰) Native Title: 错嫁世子妃 English Title: Destiny Of Love Starrings: Darren Chen, Huang Riying, Wang Zhuocheng, Chang Zhekuan, Zhang Muxi, Li Hongyi Genres: Historical, Comedy, Romance Episodes: 24 Airs: 28.5.2025 #DestinyOfLove #错嫁世子妃 #SoulKingdom

အမတ်ချုပ်လေးရဲ့အသွင်စစ် 👀 A Prime Minister's Disguise (青衿志) ဇာတ်လမ်းအကျဉ်း Hou Ning မင်းဆက်ကိုသတ်မှတ်ပြီးသွားတဲ့နောက်ပိုင်း
+8
အမတ်ချုပ်လေးရဲ့အသွင်စစ် 👀 A Prime Minister's Disguise (青衿志) ဇာတ်လမ်းအကျဉ်း Hou Ning မင်းဆက်ကိုသတ်မှတ်ပြီးသွားတဲ့နောက်ပိုင်း ဧကရာဇ်အသစ် Huo Jingheng က ကိုယ်လုပ်တော်မိဖုရားရွေးချယ်ဖို့လုပ်ပါတော့တယ်။ နှစ်နှစ်ကြာပျောက်ဆုံးနေတဲ့ အရင်မင်းဆက်အမတ်ဟောင်း  Yue Chi ရဲ့ ညီမဖြစ်သူ Yue Ling'erကနန်းတော်ထဲကိုဝင်ရောက်လာပါတော့တယ်။ ညီမလေးကိုအရမ်းချစ်မြတ်နိုးတဲ့  Yue Chi ကညီမဖြစ်သူနန်းတော်ထဲဝင်ရင်ဒုက္ခရောက်မှာရယ် Huo Jingheng ကမကြာသေးခင်ကအရင်မင်းဆက်ကလူတွေနဲ့ကိစ္စတွေကိုအာရုံစိုက်နေတော့  Huo Jingheng က အရင်မင်းဆက်ကအရာရှိတွေကိုသုတ်သင်ပစ်မှာရယ်ကိုစိုးရိမ်နေ‌တော့  ညီမဖြစ်သူကိုယ်စားနန်းတော်ထဲကိုဝင်ပြီး အမှန်တရားကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးက  Yue Ling'erနဲ့ Huo Jingheng ရဲ့အကြံအစည်ဖြစ်နေသောအခါ ... သူတို့တွေကြားထဲကိုအရင်မင်းဆက်ရဲ့မင်းသမီးဖြစ်တဲ့ Jiang Yunqing ဝင်ရောက်လာတဲ့အခါ... Yue Chi ကရောနန်းတွင်းထဲကအတိုက်အခိုက်တွေကိုဘယ်လိုရှောင်တိမ်းမလဲ... Huo Jingheng ကရော Yue Chi ကိုတဆင့်ဆင့်နဲ့လက်ယာဝန်ကြီးချုပ်ဖြစ်လာအောင်ဘယ်လိုတွန်းပို့လာလေမလဲ... အဟမ်းဟမ်း ဒါလေးကတော့ အရင်မင်းဆက်ကအမတ်ကြီးက ဧကရာဇ်ကြီးဆီကိုမိန်းကလေးဟန်ဆောင်ပြီးကိုယ်လုပ်တော်သွားလုပ်မှာဆိုတော့ ..🌚 သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုတွေဖြစ်လာမလဲ ရန်သူကနေမိတ်ဆွေဖြစ်လာမလားဆိုတာတော့ မကြာခင် soul ကတင်ဆက်ပေးမဲ့ဒီကားလေးမှာကြည့်လို့ရနေပြီနော် 🌴 Native Title : 青衿志 English Title : A Prime Minister's Disguise Starring : Wang Rui Chang,Li Zi Xuan,Roy Xie,Gong Wan Yi Episodes: 24 Airs: May 27, 2025 - May 30, 2025 Original Network : IQIYI #ReviewBylittlefish #青衿志 #SoulKingdom #APrimeMinister'sDisguise

Princess Wu You 2004 နန်းဒေဝီရဲ့သိုင်းကြမ္မာ သိုင်းကားစစ်စစ်၊ဇာတ်အိမ်ခိုင်ခိုင်၊ဇာတ်လမ်းရှည်ရှည်၊သိုင်းကွက်လှလှ၊ရိုက်ချက်လှလှ
Princess Wu You 2004 နန်းဒေဝီရဲ့သိုင်းကြမ္မာ သိုင်းကားစစ်စစ်၊ဇာတ်အိမ်ခိုင်ခိုင်၊ဇာတ်လမ်းရှည်ရှည်၊သိုင်းကွက်လှလှ၊ရိုက်ချက်လှလှပါတာလေးပါ။ ဆေးပညာနဲ့သိုင်းပညာမှာ တစ်ဖက်ကမ်းခတ်တဲ့ ဖန်အိမ်တော်က ဖန်ထာဟာ မအိုတဲ့ဆေးကို ဖော်စပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါနဲ့အတူပဲ ဓားလှံမပေါက်တဲ့ အဖိုးတန်ဝတ်ရုံကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲ့ဒါတွေကို မကောင်းတဲ့ဝမ်ရယ်ကို ဆက်သမိတဲ့အခါ ဖန်အိမ်တော်ကို ဖျက်စီးခံရပြီး မအိုဆေး(ချန်ချင်းစု)ဟာလည်း သိုင်းလောကကနေ ပျောက်ကွယ်သွားပါတယ်။ ဖန်အိမ်တော်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ပျံလွှားမယ်ဟာ သူ့အဘိုးကို ကယ်တင်ချင်လို့ ဇာတ်မြှပ်ပုန်းအောင်းနရာမှ သိုင်းလောကထဲ ပြန်ဝင်လာပြီး ချန်စန်းစုကို လိုက်ရှာပါတော့တယ်။ ချန်စန်းစုနဲ့ ကျောက်စိမ်းဝတ်ရုံကို ပိုင်ဆိုင်ရတဲ့သူဟာ သိုင်းလောကမှာ ပြိုင်ဘက်ကင်း ဖြစ်လာမှာမလို့အသဲအသန်ရှာဖွေနေသူတွေလည်း ရှိနေပါတယ်။ လေပေါ်ကမဆင်းတဲ့ သိုင်းကွက်အမိုက်စားတွေကို မြင်တွေ့ရမယ်ဆိုတာ အာမခံပါတယ်။

၂၀၉၉ (Sayonara My Love) ဇာတ်လမ်းအကျဉ်း အတု‌အယောင်ကမ္ဘာထဲမှာ Chen Xiao Hua နဲ့ Madam Xiao (2099) တို့ဟာ ချန်တိုင်းပြည်ရဲ့ မငြိ
+2
၂၀၉၉ (Sayonara My Love) ဇာတ်လမ်းအကျဉ်း အတု‌အယောင်ကမ္ဘာထဲမှာ Chen Xiao Hua နဲ့ Madam Xiao (2099) တို့ဟာ ချန်တိုင်းပြည်ရဲ့ မငြိမ်မသက်ဖြစ်နေမှုကြားထဲ ရောက်ရှိလို့နေပါတယ် သူတို့နှစ်ဦးဟာ သစ္စာဖောက်အမတ်‌ တွေကို ပြုပြင်ဖို့ ၊ ရန်သူ့တိုင်းပြည်တပ်‌တွေကို တိုက်ထုတ်ဖို့‌နဲ့ အတု‌အ‌ယောင်ကမ္ဘာထဲက သတ်မှတ်ထားပြီးသား ကံကြမ္မာကို ပြုပြင်ပြောင်းလဲဖို့အတူလက်တွဲလိုက်ကြပါတယ် ကိုးကြိမ်တိုင်တိုင် ပရိုဂရမ်စနစ်ထဲက ပယ်ရှားဖျက်သိမ်းခံရပေမဲ့ ဇွဲမလျှော့ဘဲ ပြန်လည်စတင်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သူတို့နှစ်ဦး ... အချစ်ရဲ့စွမ်းအားဟာ ပရိုဂရမ်ရဲ့ ဟာကွက် bugs တွေကို ဘယ်လိုအခွင့်ကောင်းယူ တိုက်ထုတ်အနိုင်ယူမလဲ ? Native Title : 2099 English Title : Sayonara My Love Starring : Li Xi Rui, Sun Ze Yuan, Lin Jia Chuan, Zhang Ke Ying, Chi Jia, Qin Xue Airs : 16 May 2025 Original Network : Youku #2099 #SayonaraMyLove #SoulKingdom

ဒဏ္ဍာရီဟု မည်တွင်သော Legend of Zang Hai / 藏海传 (2025) မင်္ဂလာပါ ... အားလုံးစောင့်မျှော်နေကြတဲ့ ပျိုတို့အသည်းစွဲရှောင်းကျန့်လေး
+9
ဒဏ္ဍာရီဟု မည်တွင်သော Legend of Zang Hai / 藏海传 (2025) မင်္ဂလာပါ ... အားလုံးစောင့်မျှော်နေကြတဲ့ ပျိုတို့အသည်းစွဲရှောင်းကျန့်လေးပါဝင်ပုံဖော်ထားတဲ့ Zang Hai Zhuan ဆိုတဲ့ Adventure, Historical ဇာတ်လမ်းတွဲအမျိုးအစားလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ... ကံကြမ္မာကိုရိုက်ချိုးကာ ဘဝတစ်ဆစ်ချိုးစေခဲ့တဲ့ အမှောင်တိညအချိန်မှာ နန်းတွင်းနက္ခတ္တဌာနရဲ့ကြီးကြပ်သူအမတ် Kuai Duo ရဲ့တစ်မိသားစုလုံးဟာ လုပ်ကြံခံခဲ့ရပါတယ် ဒီကြမ္မာဆိုးကနေ ပွတ်ကာသီကာလွတ်မြောက်ခဲ့တဲ့တစ်ဦးတည်းသောသူကတော့ Kuai Duoရဲ့သားဖြစ်သူ Zhi Nu ပါ။ အားမတန်သေးတာကြောင့် Zhi Nu ဟာမြို့တော်ကနေတိမ်းရှောင်ခဲ့ပြီး ဆယ်နှစ်အကြာမှာတော့ ဗိသုကာပညာ တိုင်းပြည်ရေးရာအဖြာဖြာတို့ကိုလေ့လာတတ်မြောက်ပြီးတဲ့နောက်မှာတော့ နန်းမြို့တော်ဆီပြန်လည်ရောက်ရှိလာပါတော့တယ် ဒီလိုနဲ့ သာ့ယုံးနန်းတော်မှာရာထူးတစ်နေရာရဖို့ Zang Hai ဆိုတဲ့အမည်နာမကိုသုံးကာ အမတ် Ping Jin ရဲ့ ယုံကြည်မှုကိုအရယူပြီး နက္ခတ်ပညာပိုင်းဆိုင်ရာမှာ စွမ်းဆောင်ပြနိုင်ခဲ့တာကြောင့် နက္ခတ္တဌာနမှာအကြီးပိုင်းရာထူးတစ်ခုကိုခြေကုပ်ရယူနိုင်ခဲ့ပါတယ် မိသားစုအတွက် လက်စားချေပြီး လုပ်ကြံသူတွေကို အပြစ်ကြွေးဆပ်စေဖို့ရာ ချက်ကောင်းကိုကိုင် အပိုင်နှိမ်နိုင်အောင် အသေးစိတ်အစီအစဥ်ဆွဲခဲ့ပေမဲ့ တိုင်းပြည်စစ်ရေးဟာ သုန်းရှားနဲ့ တခြားသောအိမ်နီးချင်းတိုင်းပြည်တွေကို စစ်ခင်းသိမ်းပိုက်ဖို့ရာ အကြောင်းအမျိုးမျိုးဖန်လာတဲ့အခါ ... သာ့ယုံးပြည်ကြီး စစ်ခင်းဖို့အကြံအစည်ကရော အထမြောက်သွားမလား ??? Zang Hai တစ်ယောက် မိသားစုတစ်ခုလုံးရဲ့သွေးကြွေးကို ဖြေဖျောက်ပေးနိုင်ပါ့မလား ??? မကြာခင်မှာ SoulKingdom ကနေပြီး ပရိသတ်ကြီးဆီကို ဘာသာပြန်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြည့်ရှုပေးကြပါဦးနော် ... Native Title: 藏海传 Genres: Adventure, Historical, Mystery, Fantasy Country: China Type: Drama Episodes: 40 Original Network: Youku Duration: 45 min. Starring: Xiao Zhan, Zhang Jing Yi, Zhou Qi, Huang Jue Aired: May 18,2025-??? #ZangHaiZhuan #藏海传 #SoulKingdom

The Prisoner of Beauty အလှလေးရဲ့ ကျေးကျွန်တော် ဇာတ်လမ်းအကျဥ်း မတည်ငြိမ်တဲ့ကာလမှာ အဖေဖြစ်သူနဲ့ အစ်ကိုကိုပါဆုံးရှုးခဲ့ရပြီး မျိ
+5
The Prisoner of Beauty အလှလေးရဲ့ ကျေးကျွန်တော် ဇာတ်လမ်းအကျဥ်း မတည်ငြိမ်တဲ့ကာလမှာ အဖေဖြစ်သူနဲ့ အစ်ကိုကိုပါဆုံးရှုးခဲ့ရပြီး မျိုးနွယ်စုရဲ့တာဝန်ကိုထမ်းခဲ့ရသူ ထက်မြက်ပြီး အကြင်နာတရားရှိတဲ့ ခေါင်းဆောင် Wei Shao. တိုင်းပြည်အပေါ်မြတ်နိုးစိတ်ရှိပြီး ပါးနပ်ထက်မြက်လှတဲ့ Qiao မျိူးနွယ်ရဲ့ အမျိုးသမီးငယ်လေး Xiao Qiao. အခြေအနေပြောင်းလဲမှုတွေနဲ့အတူ သဘောတူညီချက်တစ်ခုကြောင့် Wei Shao ဟာ တစ်ချိန်က Wei မျိုးနွယ်ကိုသစ္စာဖောက်ခဲ့တဲ့ Qiao မျိုးနွယ်က အမျိုးသမီးလေးနဲ့ မင်္ဂလာဆောင်ဖိုရာ အကြောင်းဖန်လာခဲ့ပါတယ်။ အတိတ်မျိုးဆက်က ရန်ငြိုး အမုန်းတရား အာဃာတတွေကြောင့် သူတို၂ဦးရဲ့ အိမ်ထောင်ရေးမှာ အချစ်ဆိုတဲ့အရာပါဝင်မနေခဲ့ပါဘူး။ ဒါကြောင့်နေ့ရက်တိုင်းဟာ သဘောထားမတူညီမှုတွေဖြစ်နေရင်းကပဲ ပစ္စုပန်ရဲ့ကြုံတွေ့စေတဲ့ ဖြစ်ရပ်လေးတွေဟာ တစ်ယောက်ပေါ်တစ်ယောက် လက်ခံနိုင်ခြင်းတွေ ဖြည်းဖြည်းချင်းရှိလာစေခဲ့တဲ့နောက်မှာတော့ ... အမုန်းတရားတွေဟာ ချစ်ခြင်းမေတ္တာအဖြစ်ပြောင်းလဲသွားနိုင်ပါ့မလား ... အတိတ်ကစွန်းထင်းမှုတွေကိုရော လက်ရှိနဲ့ နောင်အနာဂတ်အတွက် သင်ပုန်းချေနိုင်ကြပါ့မလား ...