en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 435 subscribers, ranking 18 066 in the Movies category and 8 669 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 435 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 147 over the last 30 days and by 8 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 22.75%. Within the first 24 hours after publication, content typically collects 3.20% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 511 views. Within the first day, a publication typically gains 494 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 435
Subscribers
+824 hours
+397 days
+14730 days

Data loading in progress...

Attracting Subscribers
September '26
September '26
+61
in 10 channels
August '26
+234
in 10 channels
Get PRO
July '26
+362
in 8 channels
Get PRO
June '26
+661
in 9 channels
Get PRO
May '26
+517
in 13 channels
Get PRO
April '26
+455
in 10 channels
Get PRO
March '26
+426
in 12 channels
Get PRO
February '26
+278
in 9 channels
Get PRO
January '26
+584
in 8 channels
Get PRO
December '25
+951
in 13 channels
Get PRO
November '25
+263
in 11 channels
Get PRO
October '25
+580
in 10 channels
Get PRO
September '25
+575
in 9 channels
Get PRO
August '25
+1 044
in 11 channels
Get PRO
July '25
+972
in 8 channels
Get PRO
June '25
+667
in 7 channels
Get PRO
May '25
+182
in 6 channels
Get PRO
April '25
+430
in 10 channels
Get PRO
March '25
+290
in 6 channels
Get PRO
February '25
+408
in 10 channels
Get PRO
January '25
+545
in 12 channels
Get PRO
December '24
+449
in 7 channels
Get PRO
November '24
+246
in 6 channels
Get PRO
October '24
+541
in 9 channels
Get PRO
September '24
+411
in 6 channels
Get PRO
August '24
+563
in 8 channels
Get PRO
July '24
+1 046
in 9 channels
Get PRO
June '24
+1 040
in 9 channels
Get PRO
May '24
+3 066
in 0 channels
Date
Subscriber Growth
Mentions
Channels
08 September0
07 September+8
06 September+12
05 September+23
04 September+4
03 September+5
02 September0
01 September+9
Channel Posts
The Missing Piece (2026) 请记住我的名字 ပျောက်ဆုံးသွားသော ရင်ခုန်သံ အတိတ်မေ့သွားချိန်မှာ ကိုယ့်ကို ကယ်တင်ခဲ့တဲ့သူကို ချစ်သူလို့ ထင်မ
+6
The Missing Piece (2026) 请记住我的名字 ပျောက်ဆုံးသွားသော ရင်ခုန်သံ အတိတ်မေ့သွားချိန်မှာ ကိုယ့်ကို ကယ်တင်ခဲ့တဲ့သူကို ချစ်သူလို့ ထင်မှတ်မှားပြီး ချစ်မိသွားခဲ့ပေမဲ့ မှတ်ဉာဏ်တွေ ပြန်ရလာချိန်မှာတော့ သူနဲ့ ချစ်ခဲ့တဲ့ အချိန်တွေကို လုံးဝမေ့သွားတဲ့အခါ သူ့ကို အနားမှာ ဆက်ထားချင်လွန်းလို့ စာချုပ်နဲ့ ချည်နှောင်ထားရတဲ့ အသည်းယားစရာ (BL / Contract Romance / Sweet & Angsty) ကားသစ်လေး ရောက်လာပါပြီ။ ဒီကားလေးကတော့ အချစ်၊ အလွမ်းနဲ့ Contract Lover (အထာလေးတွေကို သဘောကျတဲ့ BL ပရိသတ်တွေအတွက် အထူးသင့်တော်မယ့် ကားကောင်းလေးပါပဲ။ (တရုတ်နာမည်ရဲ့ အဓိပ္ပာယ်လေးက "ကျေးဇူးပြုပြီး ကိုယ့်နာမည်ကို မှတ်မိပေးပါ" တဲ့ နာမည်လေးကအစ ရင်နင့်စရာလေးနော်) ဇာတ်လမ်းအကျဉ်း မတော်တဆမှု တစ်ခုကြောင့် Shen Mo တစ်ယောက် အတိတ်မေ့သွားတဲ့ အချိန်မှာ သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ Ji Ming Xuan ကို သူ့ရဲ့ ချစ်သူအဖြစ် အထင်လွဲသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး သူတို့နှစ်ယောက်ဟာ (၆) လတိတိ အရမ်းကို ချစ်ခင်ကြည်နူးရတဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။ Shen Mo တစ်ယောက် သူ့ရဲ့ မူလမှတ်ဉာဏ်တွေ ပြန်ရလာတဲ့ အခါမှာတော့ Ji Ming Xuan နဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အဲ့ဒီ (၆) လစာ အချစ်မှတ်ဉာဏ်တွေ အကုန်လုံးက ပျောက်ဆုံးသွားခဲ့ပါပြီ။ ကိုယ်အရမ်းချစ်ရတဲ့သူက ကိုယ့်ကို သူစိမ်းတစ်ယောက်လို ပြန်ဆက်ဆံလာတဲ့အခါ Ji Ming Xuan တစ်ယောက် Shen Mo ကို သူ့အနားမှာ ဆက်ရှိနေစေချင်တဲ့ လောဘနဲ့ (၃) နှစ်စာ "Contract Lover" လုပ်ဖို့ အသည်းအသန် ကမ်းလှမ်းလာပါတော့တယ်။ အစကတည်းက တစ်ယောက်ကိုတစ်ယောက် ချစ်နေခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ဒီစာချုပ်ကြီးရဲ့ နောက်ကွယ်မှာ ကိုယ့်ခံစားချက်တွေကို ဘယ်လိုများ ဆက်ပြီး ထိန်းချုပ်ထားနိုင်ပါ့မလဲ... သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်မှတ်ဉာဏ်လေးတွေကို ဘယ်လို လှလှပပ ပြန်လည်ရှာဖွေသွားကြမလဲ ဆိုတာကိုတော့... SoulKingdom မှာ ရင်ခုန်လှိုက်မောစွာနဲ့ အခုပဲ သွားကြည့်လိုက်တော့နော် .... Title : The Missing Piece Native Title : 请记住我的名字 Genre : BL / Romance / Drama / Contract Relationship Episodes: 15 Airs: Sep 7, 2026 - Oct 24, 2026 #SoulKingdom #Review #请记住我的名字 #TheMissingPiece

2
အလင်းဆောင်မည့် သန်းခေါင်ယံသစ္စာ《交锋》 Jiao Feng 2026 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ စက်တင်ဘာ(၆)ရက်နေ့မှာ စတင်+7
အလင်းဆောင်မည့် သန်းခေါင်ယံသစ္စာ《交锋》 Jiao Feng 2026   ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ စက်တင်ဘာ(၆)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသတော့မဲ့ တရုတ်အက်ရှင်၊ စုံထောက်နှင့် နိုင်ငံတော်လုံခြုံရေး ဇာတ်လမ်းတွဲသစ် "အလင်းဆောင်မည့် သန်းခေါင်ယံသစ္စာ" 《交锋》ပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသား 王凯 (Wang Kai)၊ မင်းသမီး 周依然 (Zhou Yiran) ၊ မင်းသား 欧豪 (Ou Hao) နဲ့   彭昱畅 (Peng Yuchang) တို့ ပါဝင်အားဖြည့်ပေးထားပါတယ်....   "သေနတ်သံတွေ မကြားရပေမဲ့ ခြေလှမ်းတိုင်းဟာ ထိတ်လန့်စရာကောင်းပြီး ယမ်းခိုးယမ်းငွေ့တွေ မရှိပေမဲ့ နေရာတိုင်းမှာ ထောင်ချောက်တွေနဲ့ ပြည့်နှက်နေတယ်..."   <ဇာတ်လမ်းအကျဉ်း>   ပြောင်းလဲဆန်းသစ်နေတဲ့ ခေတ်ရေစီးကြောင်းကြီးထဲ ချွမ်းရှောင်၊ ကျင်လန်၊ လင်ခန့်ရှန်း နဲ့ မာချိ တို့ရဲ့ ကံကြမ္မာတွေက လျှို့ဝှက်စိစစ်ရေး ရှေ့တန်းစစ်မျက်နှာစာမှာ ဆုံစည်းထိတွေ့ခဲ့ကြပြီး သူတို့ရဲ့ ပုံပြင်တွေဟာ နိုင်ငံတော်လုံခြုံရေးအပြင် ခေတ်စနစ် ပြောင်းလဲမှုတွေနဲ့ပါ အနီးကပ် ဆက်နွှယ်နေခဲ့ပါတယ်   ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက မင်ကျိုးမြို့မှာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှု အမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်၊ အဲဒီအမှုမှာ ဝါရင့်နိုင်ငံတော်လုံခြုံရေး စုံထောက် မာချိက "မြောက်လေ" လို့ အမည်ဝှက်ပေးထားတဲ့ ပြည်ပသူလျှိုလင်ခန့်ရှန်းကို မတော်တဆ လွတ်မြောက်သွားစေခဲ့ရာက နှစ်ပေါင်း (၂၀)ကြာမြင့်လာမဲ့ အလင်းနှင့် အမှောင် အားပြိုင်မှုကြီး စတင်ခဲ့ပါတော့တယ်   နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာတော့ နိုင်ငံတော် လုံခြုံရေးဗျူရိုထဲကို မျိုးဆက်သစ် အင်အားစုတွေအဖြစ် နည်းပညာနှင့် ဒေတာခွဲခြမ်းစိတ်ဖြာမှု ကျွမ်းကျင်သူ အရာရှိအသစ်လေးတွေဖြစ်ကြတဲ့ ချွမ်းရှောင် နဲ့ ကျင်လန်တို့ ရောက်ရှိလာကြပါတယ် ချွမ်းရှောင်ဟာ မာချိရဲ့ တပည့်ဖြစ်လာခဲ့ပြီး (၉၀)ပြည့်လွန်နှစ်များရဲ့ ရိုးရာ စုံစမ်းထောက်လှမ်းရေး နည်းလမ်းတွေကို စွဲကိုင်ထားတဲ့ ဆရာဖြစ်သူ မာချိ နဲ့ ခေတ်သစ် နည်းပညာကို ပိုင်နိုင်တဲ့ တပည့်ဖြစ်သူ ချွမ်းရှောင် တို့ ပူးပေါင်းကာ နှစ်ပေါင်း (၂၁) နှစ်တိုင် ခြေကုပ်ယူထားခဲ့တဲ့ "မြောက်လေ" လင်ခန့်ရှန်း ရဲ့ ပြည်ပသူလျှိုကွန်ရက်ကြီးကို စတင်ဖော်ထုတ်ကြပါတော့တယ်   ကြီးမားရှုပ်ထွေးလှတဲ့ နိုင်ငံတော်လုံခြုံရေး အမှုကြီးတွေကို ဖော်ထုတ်ရင်းနဲ့ပဲ ချွမ်းရှောင် နဲ့ ကျင်လန်တို့ဟာ အတွေ့အကြုံနုနယ်တဲ့ အရာရှိပေါက်စဘဝကနေ ရဲရင့်ပြတ်သားတဲ့ လျှို့ဝှက်တိုက်ပွဲဝင် ရဲဘော်ကြီးတွေအဖြစ် ရင့်ကျက်လာခဲ့ကြပါတယ်၊တစ်ဖက်မှာလည်း မာချိတို့အဖွဲ့ဟာ နိုင်ငံရေးဩဇာတွေ၊ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းတွေကြား စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရပေမဲ့ ဆရာတပည့်များရဲ့ မယိမ်းယိုင်တဲ့ သစ္စာတရားနဲ့ ပုန်းအောင်းနေသော သူလျှိုအဖွဲ့အစည်းကြီးကို အမြစ်ပြတ် နှိမ်နင်းနိုင်ခဲ့ကြပါတယ်   အချိန်‌တွေ ကုန်လွန်သွားချိန်မှာတော့ ချွမ်းရှောင်၊ ကျင်လန် နဲ့ မာချိတို့က မိမိတို့ရဲ့ လူငယ်ဘဝ၊ သွေးနဲ့ ချွေးတွေကို ရင်းနှီးပြီး မိခင်နိုင်ငံတော်ရဲ့ ညီညွတ်ရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် စောင့်ရှောက်နိုင်သွားခဲ့ပါတယ်   ဒါပေမဲ့ ရန်သူဖြစ်တဲ့ "မြောက်လေ" လင်ခန့်ရှန်း ရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့ ထောင်ချောက်တွေ ဖုံးကွယ်‌နေဦးမလဲ... မျိုးဆက်နှစ်ခုက ခေတ်ဟောင်းနဲ့ ခေတ်သစ် စုံထောက်နည်းလမ်းတွေကို ပေါင်းစပ်ပြီး ရန်သူနဲ့ ဉာဏ်ရည်ချင်းယှဉ်ပြီး ဘယ်လို အနိုင်ယူသွားမလဲ...   အမှောင်ထုထဲက သေနတ်သံမထွက်တဲ့ လျှို့ဝှက်တိုက်ပွဲတစ်ခုမှာ မိမိတို့ရဲ့ လူငယ်ဘဝတွေကို စွန့်လွှတ်ပြီး နိုင်ငံတော်အတွက် သစ္စာရှိစွာ ပေးဆပ်ခဲ့ကြပုံကို ပုံဖော်ထားတဲ့ "အလင်းဆောင်မည့် သန်းခေါင်ယံသစ္စာ " 《交锋》ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို GC Chinese မှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် Reviewed by April Amora Translated by GC Chinese Team Encoded by Wobushi #အလင်းဆောင်မည့် သန်းခေါင်ယံသစ္စာ #交锋 #JiaoFeng
649
3
Prelude of the White Snake (2026) အတိတ်ကြေးမုံမှ ချစ်တေးပန်းချီ ဒီတစ်ခါတော့ Legend of white snake ဖန်တွေအကြိုက်တွေ့စေမဲ့စီးရီ+8
Prelude of the White Snake (2026) အတိတ်ကြေးမုံမှ ချစ်တေးပန်းချီ ဒီတစ်ခါတော့ Legend of white snake ဖန်တွေအကြိုက်တွေ့စေမဲ့စီးရီးသစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းက တရုတ်နတ်ဘုရားဒဏ္ဍာရီကြီးဖြစ်တဲ့ Legend of the White Snake ကို New Twist အနေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Xianxia Fantasy Romance အမျိုးအစားဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အလှလေး Zhao Ya Ting၊ Lin Ya Dong၊ Zhang Chen Yao တို့က အဓိကပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> မြွေဖြူမလေးပိုင်စူးကျန်းဟာ နှစ်ပေါင်းငါးရာတိုင်တိုင်အပြင်းအထန်ကျင့်ကြံခဲ့ပြီး မကြာမီမှာ အမတအဆင့်ကိုရောက်ရှိတော့မှာပါ။ ဒါပေမဲ့ အဲလိုအရေးကြီးနေချိန်မှာပဲ မပြီးပြတ်သေးတဲ့ အတိဒုက္ခထဲကတစ်ပါးဖြစ်တဲ့ ချစ်မေတ္တာကပ်ဘေးကြောင့် အရေးကြီးလှတဲ့အတိတ်အမှတ်ရစရာတချို့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အမတတွေရဲ့အမိန့်တော်အရ သူဟာ လူ့ပြည်လောကဆီ ဆင်းသက်လာခဲ့ပြီး ရွှီရှန်းဆိုတဲ့လူသားလေးကိုရှာဖွေကာ ကျေးဇူးတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ရပါတယ်။ ဒါကြောင့် ရှောင်ချင်းနဲ့အတူ လူ့ဘုံလောကထဲ ခြေချခဲ့ပြီး မိသားစုတစ်စုလုံး သတ်ဖြတ်ခံခဲ့ရတဲ့အတိတ်ဆိုးကြီးကြောင့် ထိပ်တန်းမိစ္ဆာမုဆိုးဖြစ်လာတဲ့ ရွှီရှန်း၊ ကျင်းရှန်းကျောင်းတော်ရဲ့ တပည့်ဖြစ်တဲ့ ဖာဟိုင်တို့နဲ့ ကံကြမ္မာအရဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကံကြမ္မာ‌နှောင်ကြိုးတစ်ခုတည်းနဲ့ချည်နှောင်ခံထားရတဲ့ သူတို့လေးဦးဟာ အန္တရာယ်နဲ့အချစ်အမုန်းတွေပြည့်နှက်နေတဲ့လမ်းခရီးကြီးကို အတူတကွစတင်လျှောက်လှမ်းခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ မြွေဖြူမလေး ပိုင်စူးကျန်းက အတိတ်က အမှတ်ရစရာတွေပျောက်ဆုံးနေတဲ့အပြင် သူတို့လေးယောက်ပေါင်းပြီး ခရီးထွက်ရမယ့် Fate-bound Journey မို့လို့ ရင်ခုန်စရာပဟေဠိတွေကြောင့် ကြည့်ရင်းစိတ်လှုပ်ရှားရင်ခုန်ရဦးမှာပါဗျို့။ #PreludeOfTheWhiteSnake
1 032
4
The Last Oath ကမ္ဘာအဆုံးထိတိုင် ဇွန်ဘီကိုက်ခံရပေမဲ့ ဗိုင်းရပ်စ်မကူးစက်တဲ့ ထူးခြားတဲ့ သွေးပိုင်ရှင် Lin Zai Lin Zai ကို ဖမ်းဆီ+9
The Last Oath ကမ္ဘာအဆုံးထိတိုင် ဇွန်ဘီကိုက်ခံရပေမဲ့ ဗိုင်းရပ်စ်မကူးစက်တဲ့  ထူးခြားတဲ့ သွေးပိုင်ရှင် Lin Zai Lin Zai ကို ဖမ်းဆီးဖို့ စေလွှတ်ခံရတဲ့ သွေးအေးတဲ့ ကြေးစား A Leh ​ဇာတ်လမ်းအကျဉ်း ​ဇွန်ဘီဗိုင်းရပ်စ်ကြောင့် ကမ္ဘာကြီး ပျက်စီးနေချိန်မှာ Lin Zai ဟာ ဗိုင်းရပ်စ် ခုခံနိုင်စွမ်းရှိတဲ့ ထူးခြားသူတစ်ယောက် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ကာကွယ်ဆေးအကြောင်းပြပြီး ကိုယ်ကျိုးရှာချင်ကြတဲ့ အာဏာမက် အဖွဲ့အစည်းတွေကြောင့် Lin Zai တစ်ယောက် အမဲလိုက်ခံ ပစ်မှတ် ဖြစ်လာခဲ့ရပါတယ်၊၊ A-Leh အတွက်တော့ Lin Zai ကအမိန့်အတိုင်း ရှင်းပစ်ရမဲ့ ပစ်မှတ် ဖြစ်ပေမဲ့ ဖမ်းဆီးဖို့ ကြိုးစားရင်း ဒဏ်ရာရခဲ့တဲ့အခါမှာတော့ Lin Zai ကပဲ သူ့အသက်ကို ပြန်ကယ်ပေးခဲ့ပါတယ်။ ​အချင်းချင်း ယုံကြည်ဖို့ ခက်ခဲသလို ခွဲထွက်သွားဖို့လည်း အန္တရာယ်များလှတဲ့ အခြေအနေမှာ ​သွေးဆာနေတဲ့ ဇွန်ဘီတွေ အကွက်ချ ချောက်တွန်းမဲ့ လူယုတ်မာတွေကြား ရောက်သွားတဲ့အခါ အသက်ပေး ကာကွယ်ရင်း နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ သစ္စာတရားတွေ ပေါ်လာပါတော့တယ်၊၊ ​အမဲလိုက်သူနဲ့ သားကောင် ဖြစ်ရာကနေ တစ်ကမ္ဘာလုံးကို ဆန့်ကျင်ပြီး ပျက်ကပ်မှာအတူ ရှင်သန်ကြမဲ့ The Last Oath ဇာတ်လမ်းကို Soul မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Native Title: 末誓 Also Known As: Genres: Action, Horror, Romance, Fantasy Format: Web Series Country: Hong Kong Episodes: 24 Airs: Sep 4, 2026 - Oct 24, 2026 Airs On: Friday, Saturday Duration: 20 min. Original Network:GagaOOLala, Rakuten Viki #TheLastOath #SoulKingdom #BL
1 083
5
Against the Current (2026) ပညာရှိအမတ်ချုပ်ရဲ့ အကြီးဆုံးမြေးမဖြစ်သူ ရှန်ကျားလန်ဟာ လင်မျိုးနွယ်စုရဲ့ သားကြီးသြရသ လင်ကျင်းချီ နဲ
Against the Current (2026) ပညာရှိအမတ်ချုပ်ရဲ့ အကြီးဆုံးမြေးမဖြစ်သူ ရှန်ကျားလန်ဟာ လင်မျိုးနွယ်စုရဲ့ သားကြီးသြရသ လင်ကျင်းချီ နဲ့ စေ့စပ်ကြောင်းလမ်းထားသူပါ။ ဒါပေမဲ့ နန်းတွင်းနိုင်ငံရေး လှိုင်းလေထန်လာပြီး အဘိုးဖြစ်သူ ရှန်အမတ်ချုပ်ကြီးဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရကာ ရှန်မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် ကွပ်မျက်သုတ်သင်ခံလိုက်ရပါတယ်။ လင်မိသားစုကတော့ မိမိတို့အကျိုးစီးပွားနဲ့ ဘေးကင်းရေးအတွက် ရှန်မိသားစုနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ချက်ချင်းဖျက်သိမ်းပြီး ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကို အသစ်ရရှိထားတဲ့ ကျောက်မျိုးနွယ်စုနဲ့ ချက်ချင်း လက်ထပ်ထိမ်းမြားပေးခဲ့ပါတယ်။ ရှန်ကျားလန်ရဲ့ မိခင်ဖြစ်သူ ကူညီစောင့်ရှောက်ပေးခဲ့ဖူးတဲ့ လင်မိသားစုရဲ့ အစေခံလင်မယားတို့က ရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့သမီးအရင်းရဲ့ ရုပ်အလောင်းနဲ့ ကျားလန်ကို အစားထိုးပြီး အသက်ဘေးက ကယ်ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျားလန်ဟာ ရွှီလန်ရှန်း ဆိုတဲ့ အမည်သစ်ကို ခံယူကာ လင်စံအိမ်တော်ထဲမှာ တတိယတန်းစား အစေခံမလေး အဖြစ် ဝင်ရောက်ခိုလှုံခဲ့ရပါတယ်။ အခက်အခဲအတားအဆီးတွေ ပြည့်နှက်နေတဲ့ အခြေအနေဆိုးထဲမှာတောင် လန်ရှန်းဟာ ကံကြမ္မာကို ဘယ်လိုရင်ဆိုင်သွားမလဲ
762
6
နေခြည်ထွေး၍ပွေ့သော လေပြည် In My Prime / 生逢其时 (2026) 🌻🏡 ၁၉၈၀ ပြည့်နှစ်များဆီမှ အိမ်နီးနားချင်း မိသားစုနှစ်ခုရဲ့ ခြားနားလှသော+8
နေခြည်ထွေး၍ပွေ့သော လေပြည် In My Prime  / 生逢其时 (2026) 🌻🏡 ၁၉၈၀ ပြည့်နှစ်များဆီမှ အိမ်နီးနားချင်း မိသားစုနှစ်ခုရဲ့ ခြားနားလှသော ဘဝနောက်ခံဖြင့် ကြီးပြင်းလာသည့် လူငယ်လေးနှစ်ဦးရဲ့အချစ်ဇာတ်လမ်း...... 🌻 ဒီတစ်ခါမှာတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီးချောလေး Guan Xiaotong နဲ့ ဇာတ်ကားကောင်းတွေကိုသာ အမြဲယူဆောင်လာပေးတဲ့ မင်းသားချော‌ Wang Ziqi ရဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် ဇာတ်လမ်းအကျဉ်း 📝 ၁၉၈၀ ပြည့်နှစ်များရဲ့ အစောပိုင်း ကာလတွင် Qingwu မြို့တော်လေးမှာ ဘဝပုံစံ လုံးဝ မတူညီကြတဲ့ Qi မိသားစုနှင့် Cao မိသားစုတို့ နေထိုင်ကြပြီး မထင်မှတ်ဘဲ တစ်နေ့တည်းမှာ Qi Shi နဲ့ Cao Xin တို့ ကလေးနှစ်ဦး တစ်ပြိုင်နက်တည်း မွေးဖွားလာခဲ့ကြပါတော့တယ် ခန္ဓာကိုယ်မှာ Albinism ရောဂါ ခံစားနေရတဲ့ မိန်းကလေး Qi Shi ဟာ ငယ်စဉ်ကတည်းက တခြားသူတွေလို သာမန်လူအဖြစ်နေထိုင်ဖို့အတွက် ပဲငါးပိရည်သောက်ခြင်း ဆံပင်အတု တပ်ခြင်းများ ပြုလုပ်ကာ နေထိုင်ခဲ့ရပါတယ် အခြားတစ်ဖက်တွင်လည်း လူတော်လေး Cao Xin ဟာ လူတိုင်းရဲ့ချီးကျူးမှုကို ခံရတဲ့စံပြကလေးတစ်ဦး ဖြစ်ပေမဲ့ အဲဒီဂုဏ်ပုဒ်ရဲ့ နောက်ကွယ်မှာ ဖခင်၏ တင်းကြပ်လှသော ဖိအားများကို ခံစားခဲ့ရသူပါ ထူးခြားပြီး ရဲရင့်တဲ့ မိန်းကလေး Qi Shi နဲ့ စည်းကမ်းတင်းကြပ်တဲ့ လူတော်ကောင်ကလေး Cao Xin တို့ ဆုံတွေ့ကြတော့ မိသားစုနှစ်ခုကြား သံယောဇဉ်များ ပိုမို နက်ရှိုင်းလာခဲ့တာပေါ့ " ငါ့ရဲ့ငယ်ဘ၀အမှတ်တရတွေအားလုံးမှာ မင်းရှ်ိနေခဲ့တယ်နော် အသက်ကြီးတဲ့အထိ အမှတ်တရတွေ ဆက်ဖန်တီးခွင့်ပေးပါလားဟင်" ခေတ်ကာလ ရေစီးကြောင်းကြီးမှာ ဘဝတွေအလဲလဲအပြိုပြို ဖြစ်ခဲ့ကြပေမဲ့ သူတို့နှစ်ဦးက အတိတ်က နာကျင်စရာများကို ကုစားရင်း အပြန်အလှန် ဖေးမကူညီရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကို ဘယ်လို ရယူရှာဖွေကြမလဲဆိုတာ...... ကဲSoulKingdom နဲ့အတူ သူတို့နှစ်ယောက်ရဲ့ နွေးထွေးလွန်းတဲ့ အချစ်ဇာတ်လမ်းလေးကို အခုပဲကြည့်လိုက်ကြရအောင်နော် 🌻 Native Title : 生逢其时 English Title : In My Prime Starring : Guan Xiaotong , Wang Ziqi Episodes : 26 Airs : September 3, 2026 Genre : Romance / Family / Youth Original Network : IQiyi #SoulKingdom #Review #生逢其时 #BornattheRightTime #klSnn #InMyPrime
1 018
7
အကြင်နာလေယာဉ် သက်ဆင်းစေ Blossom Through The Cloud / 飞到我心上 (2026) ✈️🤍 "ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေပြီမို့ မင်းလေး ကိုယ့်ရဲ့ နှလ+9
အကြင်နာလေယာဉ် သက်ဆင်းစေ Blossom Through The Cloud / 飞到我心上 (2026) ✈️🤍 "ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေပြီမို့ မင်းလေး ကိုယ့်ရဲ့ နှလုံးသားပေါ် ပျံသန်းသက်ဆင်းလာမဲ့အချိန်ကိုပဲ စောင့်နေခဲ့တော့တာပါ"🤍 ကဲ ဒီတစ်ခါ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ စာရေးဆရာမ Qiao Yao  ရဲ့ နာမည်ကြီး အချစ်ဝတ္ထု 降落我心上 ကို ဒါရိုက်တာ Zheng Shilong က ဖန်တီးရိုက်ကူးလိုက်ပါပြီ နာမည်ကြီး ဇာတ်လမ်းတွဲ Unforgettable Love နဲ့ပရိတ်သတ်အချစ်ကိုသိမ်းပိုက်ထားပြီး နှစ်တွေကြာလေနုလာလေမို့ ကိုကြာနုလို့ ခေါ်တွင်ထားတဲ့ မင်းသားချော Wei Zheming နဲ့  The Double, Perfect Match တို့လို နာမည်ကြီးဇာတ်လမ်းတွေထဲက ငေးမောကြည့်ရတဲ့ထိလှတဲ့ အလှလေး Liu Xining တို့ အဓိက ပါဝင်ရိုက်ကူးထားတာဆိုတော့ ရှယ်ကို ဇွန်းတပ်ပဲပေါ့ 🤩 ဇာတ်လမ်းအကျဉ်း 📝 Ruan Sixian ဟာ လေယာဉ်မှူး ဖြစ်လိုတဲ့ အိပ်မက်ကြီးကို ရင်ဘတ်ထဲ ပိုက်ထွေးထားသည့် လေယာဉ်မယ်တစ်ဦး ဖြစ်သော်လည်း Hengshi လေကြောင်းလိုင်းမှ လေယာဉ်မှူး သင်တန်းအစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည့်အတွက် အခက်တွေ့ခဲ့ရပါတယ် အဲဒီအပြင် လေကြောင်းလိုင်းရဲ့ ဒုဥက္ကဋ္ဌ Fu Mingyu နဲ့ပါ နားလည်မှုများ လွဲမှားခဲ့တာမို့ ရဲရင့်စွာ အလုပ်မှ နှုတ်ထွက်ခဲ့ပြီး လေကြောင်းသင်တန်းကျောင်းသို့ သွားရောက် သင်ယူခဲ့ပါတော့တယ် ဒီလိုနဲ့ သုံးနှစ်အကြာမှာ Ruan Sixian ဟာ လေကြောင်းသင်တန်းကျောင်းမှ ပထမဆုနဲ့ အောင်မြင်စွာ ဘွဲ့ရရှိခဲ့ပြီး လေကြောင်းလိုင်း အသီးသီးမှ လိုချင်နေကြတဲ့ ထက်မြက်တဲ့လေယာဉ်မှူး ဖြစ်လာခဲ့ပါတယ် Fu Mingyu ဟာ လေယာဉ်သစ်များ မိတ်ဆက်ရန်အတွက် သင်တန်းကျောင်းသို့ ကိုယ်တိုင် သွားရောက်ခဲ့ပြီး အတိတ်က မာနများကို စွန့်လွှတ်ကာ Ruan Sixian ကို မိမိကုမ္ပဏီထံ ပြန်လည် ဖိတ်ခေါ်ခဲ့ရတော့တာပေါ့ အဆင်မြင့်မြင့် ပြန်လည်ရောက်ရှိလာတဲ့ Ruan Sixian ဟာ တင်းကြပ်လှတဲ့ စစ်ဆေးမှုတွေ ရုတ်တရက် မတော်တဆမှုတွေနှင့် ရွှေ့ဆိုင်းခံရမှုများကို ကြုံတွေ့ခဲ့ရသလို Fu Mingyu ကလည်း ကုမ္ပဏီ ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရပါတယ် ဒါပေမဲ့ နှစ်ဦးသား အခက်အခဲတွေကြားထဲမှာပဲ အပြန်အလှန် ဖေးမကူညီရင်းမှ အချစ်စစ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါ....... တစ်ယောက်ရဲ့နှလုံးသားထဲကို တစ်ယောက်က ဘယ်လို ဘေးကင်းစွာ သက်ဆင်းသွားကြမလဲဆိုတာ..... ကဲ SoulKingdom မှာ အတူပျံသန်းလိုက်ကြရအောင် ➰ Native Title : 飞到我心上 English Title : Blossom Through The Cloud Director : Zheng Shilong Starring : Wei Zheming , Liu Xining , Fei Qiming Episode : 24 Airs : 31 August, 2026 Genre : Romance / Metropolitan / Workplace / Drama Original Network : Mango TV / Hunan TV #SoulKingdom #Review #飞到我心上 #BlossomThroughTheCloud #klSnn
1 361
8
သမက်တော်ရဲ့မှုခင်းဆေးဆရာမလေး The Legendary Chitose-Sama / 驸马小仵作 2026🤍 ဇာတ်လမ်းအကျဉ်း 📝 Jun Qinglan ဟာ ချမ်းသာကြွယ်ဝပြီး ပြည+6
သမက်တော်ရဲ့မှုခင်းဆေးဆရာမလေး The Legendary Chitose-Sama / 驸马小仵作 2026🤍 ဇာတ်လမ်းအကျဉ်း 📝 Jun Qinglan ဟာ ချမ်းသာကြွယ်ဝပြီး ပြည့်စုံလှတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပေမဲ့ မထင်မှတ်ဘဲ မိသားစုတစ်စုလုံး သတ်ဖြတ် ဖျက်ဆီးခြင်း ခံခဲ့ရပါတယ် သူမရဲ့ အတိတ်က စေ့စပ်ထားသူ Li Congyao ဟာ ကူညီမှု မပေးခဲ့ရုံတင်မကဘဲ သူမရဲ့ မျက်နှာကိုပါ ရက်စက်စွာ ဖျက်ဆီးပစ်ခဲ့ပါတော့တယ် သေကံမရောက်ဘဲ ကံကောင်းစွာ လွတ်မြောက်လာခဲ့ပြီးနောက် သူမဟာ အသွင်အပြင်ပြောင်းလဲကာ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ရာဇဝတ်စုံစမ်းရေး ဌာန မှာ အလောင်းစစ်ဆေးသူ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ် သူမဟာ မိသားစုရဲ့ မတရား အသတ်ခံလိုက်ရတဲ့ အမှုဟောင်းကို တိတ်တဆိတ် ပြန်လည် စုံစမ်းရင်း အမှန်တရားကို ဖော်ထုတ်ကာ လက်စားချေဖို့ ကြိုးစားလာခဲ့ပါတော့တယ် နာကျင်ဖွယ်အတိတ်တွေနဲ့အတူ အသွင်ပြောင်း ရုန်းကန်ရင်း အမှန်တရားကို ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ဖော်ထုတ်သွားမလဲ တစ်ဘ၀စာ ချစ်ရသူနဲ့ရော ဘယ်ကနေ ဘယ်လိုဖူးစာဆုံလာမလဲဆိုတာ..... SoulKingdom Mini မှာ အခုပဲ အတူကြည့်လိုက်ကြရအောင် 🤍 Native Title : 驸马小仵作 English Title : The Legendary Chitose-Sama Starring : Eden Kai, Keng Ning Episodes : 43 Genre : Mystery / Historical / Drama / Romance Original Network : Youku #SoulKingdom #Review #驸马小仵作 #TheLegendaryChitoseSama
1 440
9
ဇာတ်ကားကြည့်ရန်ချန်နယ်အရင် Join ပေးပါ။ https://t.me/+tptvMXge6ss1NGM1 🍁အမှောင်ယံ၏နိုးထချိန် The Awake / 醒来 (2026) 🤍 ဟယ်လို+5
ဇာတ်ကားကြည့်ရန်ချန်နယ်အရင် Join ပေးပါ။ https://t.me/+tptvMXge6ss1NGM1 🍁အမှောင်ယံ၏နိုးထချိန် The Awake / 醒来 (2026) 🤍 ဟယ်လို စာရေးဆရာ Hai Fei  ရဲ့ နာမည်တူဝတ္ထုကို ဒါရိုက်တာ Zhao Baogang နဲ့ Liu Xingang တို့ ပူးတွဲရိုက်ကူးထားပြီး Oho Ou , Gulnezer Bextiyar နဲ့ Feng Shaofeng တို့ အဓိက ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဒီဇာတ်ကားလေးက ရှင်းကျန်းအလှလေး Gulinazha ကို လွမ်းနေသူတွေအတွက်တော့ အလွမ်းဓာတ်ဖြည့်စွက်စာတစ်ခွက်ပါပဲနော် 🍁 ဇာတ်လမ်းအကျဉ်း 📝 ၁၉၄၁ ခုနှစ် ဆောင်းရာသီမှာ ကွန်မြူနစ် မြေအောက်တော်လှန်ရေး ရဲဘော် Li Musheng ဟာ Hangzhou မြို့မှာ သတင်းပေါက်ကြားကာ သေဆုံးခဲ့ရပါတယ် မသေဆုံးမီ Li Musheng ဟာ ဂျပန်စစ်တပ်ရဲ့ Sleeping Plan တည်နေရာတွေကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံလိပ် အများအပြားကို ဓာတ်ပုံသင်တန်းသားလေး Chen Kailai ထံ ယုံကြည်စွာ အပ်နှံခဲ့ပြီး Shanghai မြို့ရှိ ရဲဘော်များထံ ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ပါတယ် Chen Kailai ဟာ ဒုက္ခရောက်နေတဲ့ ကချေသည်မလေး Jin Bao နဲ့အတူ Shanghai သို့ ထွက်ခွာလာစဉ် Wang Jingwei အစိုးရအရာရှိ Sumen နဲ့ နံပါတ် 76 စပိုင်အဖွဲ့ ခေါင်းဆောင်တို့ရဲ့ ပြင်းထန်လွန်းတဲ့ အာဏာလုပွဲ မုန်တိုင်းအတွင်းသို့ မထင်မှတ်ဘဲ ကျရောက်သွားခဲ့ရတဲ့အခါ ..... အဂတိလိုက်စားမှု မြင်းပြိုင်ကွင်း လုပ်ကြံမှု စတဲ့ စိန်ခေါ်မှုများကို ကျော်ဖြတ်အပြီးမှာ Chen Kailai ဟာ လျှို့ဝှက်ဝှက်သင်္ကေတ Sudi ကို ကိုင်ဆောင်ထားသူ မြေအောက်ရဲဘော် Shen Kexi နဲ့ အောင်မြင်စွာ ဆုံတွေ့ကာ သတင်းအချက်အလက်များကို လွှဲပြောင်းပေးပါ့မလား...... ကွန်မြူနစ်ပါတီကရော Chen Kailai ရဲ့ ထူးခြားလှတဲ့ စုံစမ်းစိစစ်နိုင်စွမ်းကို သတိပြုမိသွားခဲ့ပြီး ဂျပန်စစ်တပ်ရဲ့လျှို့ဝှက်အစီအစဉ်ကို ဖျက်ဆီးရန်အတွက် ဓာတ်ပုံပါ သဲလွန်စများကို ကူညီခွဲခြမ်းစိတ်ဖြာပေးရန် တောင်းဆိုလာတဲ့အခါ ..... Chen Kai Lai တစ်ယောက် ဂျပန်စစ်တပ်ရဲ့ Sleeping Plan နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲဆိုတာ ဖော်ထုတ်နိုင်ပါ့မလား ငြိမ်းချမ်းရေးဆိုတဲ့အရာကို သူတို့ဖော်ဆောင်နိုင်ပါ့မလား အောင်မြင်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်နောက်က အမှောင်မိုက်ဆုံးအချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေနဲ့ အလင်းပေးရင်း ရှေ့ဆက်သွားနိုင်ပါ့မလားဆိုတာ ....... SoulKingdom မှာ အခုပဲ အတူကြည့်လိုက်ကြရအောင် ➰ Native Title : 醒来 English Title : The Awake Original Author : Hai Fei Directors : Zhao Baogang , Liu Xingang Starring : Oho Ou , Gulnezer Bextiyar , Feng Shaofeng , Jiang Shuying , Liang Jie Episode : 40 Airs : 26 August 2026 Genre : Republican / Historical / Spy / Suspense / Drama Original Network : CCTV  / iQIYI #SoulKingdom #Review #醒来 #TheAwake #klSnn
1 846
10
+1
No text...
1 612
11
The Early Spring (2026) နွေဦးစရဲ့ရင်ခုန်စရာနေ့ရက်များ ဒီတစ်ခါကြည့်ရမဲ့ဇာတ်ကားသစ်လေးကတော့ နာကျင်စရာပင်ပန်းမှုတွေနဲ့ရောထွေးနေတဲ+9
The Early Spring (2026) နွေဦးစရဲ့ရင်ခုန်စရာနေ့ရက်များ ဒီတစ်ခါကြည့်ရမဲ့ဇာတ်ကားသစ်လေးကတော့ နာကျင်စရာပင်ပန်းမှုတွေနဲ့ရောထွေးနေတဲ့ လုပ်ငန်းခွင်တွင်းက အချစ်ဇာတ်လမ်းလေးကို ရှုစားအားပေးရမှာပါ။ ဒီဇာတ်ကားထဲမှာဆိုရင် MC အဖြစ် Jing Bo Ran နဲ့ တောသားအချစ် ဈေးမဆစ်နဲ့ဆိုတဲ့စီးရီးထဲက ကိုတောသားလေးရဲ့အိမ်သူသက်ထားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sun Qian တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဘွဲ့ရခါစ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ရှန်းကျစ်ထောင်ဟာ ကမ္ဘာ့ထိပ်တန်းကြော်ငြာကုမ္ပဏီကြီးတစ်ခုမှာ အမှတ်မထင်အလုပ်ရရှိခဲ့ပြီး လုပ်ငန်းခွင်ထဲကို အတွေ့အကြုံမရှိသေးတဲ့ Newbie လေးအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ အလုပ်ဝင်တဲ့ပထမဆုံးနေ့မှာတင် ပါးစပ်ထဲရှိရာပြောတတ်တဲ့ အထက်လူကြီး လွမ်နျန်က သူ့ကို အလုပ်ကနေထွက်ဖို့အထိ ပြောဆိုပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်မကျဘဲ ဖိအားတွေကိုကြံ့ကြံ့ခံရင်း စိန်ခေါ်မှုတွေကြားကနေ တဖြည်းဖြည်းရင့်ကျက်ထက်မြက်လာကာ နောက်ဆုံးမှာတော့ အရည်အချင်းရှိသူတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ အဲဒီလိုရုန်းကန်ရတဲ့အတောအတွင်းမှာပဲ သူဟာ လွမ်နျန်အပေါ် ရင်ခုန်သံတွေ စတင်ဖြစ်ပေါ်ခဲ့ပါတော့တယ်။ ချစ်ကံဆိုးချင်တော့ သူတို့နှစ်ယောက်ဟာ အတူတကွ (၆) နှစ်ကြာဖြတ်သန်းခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ နားလည်မှုလွဲမှားခြင်းတွေကြောင့် ရှန်းကျစ်ထောင်ဟာ ဘာစကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျစ်ထောင်တစ်ယောက် မွေးရပ်မြေမှာ ကိုယ်ပိုင်စားသောက်ဆိုင်နဲ့ Event အေဂျင်စီသေးသေးလေးတစ်ခုကို အောင်မြင်စွာစီမံခန့်ခွဲရင်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ကာ ကိုယ်ပိုင်ဘဝကို စိတ်တိုင်းကျအမှီအခိုကင်းစွာ လှပစွာဖန်တီးနေခဲ့ချိန်လေးမှာပဲ မဆုံနိုင်ခဲ့တဲ့ချစ်ရသူနဲ့ ပြန်လည်ဆုံစည်းခဲ့ပါတော့တယ်။ တစ်ခါလွဲရင် ဘယ်လောက်ကြာလဲ။ ကိုယ်တို့တွေ ဘယ်ရထားမှာ လွဲခဲ့ကြတာလဲဆိုတဲ့အခြေအနေတွေကနေ အချိန်တစ်ခုအရောက်မှာ ပြန်လည်ဆုံစည်းခဲ့တဲ့နှလုံးသားတစ်စုံရဲ့ချစ်မီးစတွေဟာ ဘယ်လိုများပြန်လည်ရှင်သန်လာမလဲကတော့ ချစ်ရသူနဲ့ တစ်ဘဝစာလွဲသွားပြီဖြစ်တဲ့ချစ်ပရိသတ်တို့က စောင်ကိုက်ရင်း အသဲကလိလိဖြစ်ရင်း ရင်ခုန်အားပေးလိုက်ပါဦးနော်။ #TheEarlySpring
2 240
12
သိုင်းလောကရဲ့ရွှေရောင်ကန္တာရ Remnants of Gold / 金色 (2026) 🏜️ ဒီတစ်ခါမှာတော့ သိုင်းစာရေးဆရာကြီး Gu Long ရဲ့ နာမည်ကြီး 《大地飞鹰》+9
သိုင်းလောကရဲ့ရွှေရောင်ကန္တာရ Remnants of Gold  / 金色 (2026) 🏜️ ဒီတစ်ခါမှာတော့ သိုင်းစာရေးဆရာကြီး Gu Long ရဲ့ နာမည်ကြီး 《大地飞鹰》 ဝတ္ထုကို ပြန်လည်မှီငြမ်းပြီး ဒါရိုက်တာ Xu Bing က ရိုက်ကူးထားကာ Xin Zhilei,  Yin Fang , Chen Kun , Gao Weiguang တို့လို တကယ့်ဝါရင့်တွေချည်း စုစည်းထားတဲ့ သိုင်းလောကဇာတ်လမ်းတွဲသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် သိုင်းကားကြိုက်သူတွေအတွက်တော့ လုံး၀လက်မလွှတ်သင့်သောပါပဲနော် 👋 ဇာတ်လမ်းအကျဉ်း 📝 ကန္တာရပြင်ကြီးအတွင်းသို့ ရွှေစသုံးသိန်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုရွှေများကို ရှာဖွေသူများမှာ အချင်းချင်း ပြန်လည် သတ်ဖြတ်ကာ စိတ္တဇမိစ္ဆာများအဖြစ် ပြောင်းလဲသွားကြတယ်ဆိုတဲ့ သတင်းဆိုးကြီးက ပံ့ပိုးထွက်ပေါ်လာခဲ့ပါတယ် အမှုစုံစမ်းဖို့ ရောက်ရှိလာတဲ့ မင်းစိုးရာဇာအရာရှိမှာ ပထမရက်မှာပင် ရူးသွပ်သွားခဲ့ရသလို သစ္စာရှိလှတဲ့ ဒုတိယသံတမန်တောင်မှ ရွှေမြင်ပြီး လောဘနှင့် သစ္စာတရားကြားတွင် တွေဝေ မိန်းမောခဲ့ရလာတဲ့အခါ...... ထိုအချိန်မှာ မိသားစုတစ်ခုလုံး သတ်ဖြတ်ခြင်း ခခံလိုက်ရပြီး ဘယ်လိုအဆိပ်မျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ကလဲ့စားချေရန်အတွက် ကန္တာရဆီ ပြန်လည်ခြေချခဲ့ပါတယ် ဒီလိုနဲ့ သဲမုန်တိုင်းတွေ အုံ့ဆိုင်းနေတဲ့ ကန္တာရနောက်ကွယ်က ရွှေတွေကို တပ်မက်နေတဲ့ လောဘသားတွေနဲ့ ထောင်ချောက်ပေါင်းများစွာ ကိန်းအောင်းနေတဲ့ကြားကနေ  အရှေ့တိုင်းသိုင်းလောကရဲ့ စိတ္တဇဆန်တဲ့ အငြိုးတိုက်ပွဲက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကတော့..... SoulKingdom မှာ အမြန်ဆန်ဆုံးနဲ့ကြည့်ရှုအားပေးနိုင်ပါပြီ ➰ Native Title : 金色 English Title : Remnants of Gold Director / Screenwriter : Xu Bing (徐兵) Starring : Yin Fang (尹昉), Xin Zhilei (辛芷蕾), Chen Kun (陈坤), Gao Weiguang (高伟光) Episode : 12 Airs : 25 August, 2026 Genre : Wuxia / Adventure / Suspense / Drama Original Network : Tencent Video #SoulKingdom #Review #金色 #RemnantsOfGold #klSnn
2 752
13
Pull Strings (2026) အမတကမ္ဘာရဲ့ဝှက်ဖဲမာယာသခင် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ လေပေါ်ပျံဝဲ သိုင်းနတ်ကားလေးပါ။ ဒီစီးရီးလ+9
Pull Strings (2026) အမတကမ္ဘာရဲ့ဝှက်ဖဲမာယာသခင် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ လေပေါ်ပျံဝဲ သိုင်းနတ်ကားလေးပါ။ ဒီစီးရီးလေးက နာမည်ကျော်စာရေးဆရာ Yan Gui Zheng Zhuan ရဲ့နာမည်ကြီးဝတ္ထုဖြစ်တဲ့ 我师兄实在太稳健了 ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကလည်း တရုတ်နတ်ဘုရားဒဏ္ဍာရီတွေထဲက နာမည်ကျော် Fengshen Yanyi နောက်ခံဖြစ်တာမို့ ကျင့်စဉ်လောကအငွေ့အသက်တွေ အပြည့်ပါဝင်ပါတယ်။ ဒီစီးရီးမှာ ပုံမှန်လို ML တစ်ယောက် FML တစ်ယောက်မဟုတ်ဘဲ မချောတစ်ယောက် ကိုနှစ်ယောက်ပါမှာပါ။ အဓိကဇာတ်ကောင်တွေအဖြစ် The Coroner's Diary နဲ့ Moonlight Mystique မှာ ပါဝင်ခဲ့တဲ့ ကိုကို Ao Rui Peng၊ The Blossoming Love မှာ ရဲရဲနီခဲ့တဲ့ မမလှလှလေး Sun Zhen Ni နဲ့ Whispers of Fate မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ ကောင်ချောလေး Ao Zi Yi တို့က ကမ်မီရော ရူပပါမိနေအောင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> နတ်ဘုရားရာထူးခန့်အပ်ပွဲဆိုင်ရာ ယှဉ်ပြိုင်ပွဲကြီးမတိုင်မီ ရှေးဟောင်းခေတ်ဦးမှာ ဘဝသစ်နဲ့ ပြန်လည်နိုးထလာခဲ့သူ လီချန်ရှို့ဟာ အထုံပါရမီလုံးဝမပါတဲ့ သာမန်ကျင့်ကြံသူလေးတစ်ယောက်ပါ။ သူဟာ ကြီးမားတဲ့ကံကြမ္မာနဲ့ မွေးဖွားလာတာမျိုးမရှိသလို ကြီးမားတဲ့ဘေးဒုက္ခတွေ ရင်ဆိုင်ရဖို့လည်း မရှိပါဘူး။ သူ့ရဲ့တစ်ခုတည်းသောအိပ်မက်ကတော့ ဒီရက်စက်လှတဲ့လောကကြီးထဲမှာ အသက်ရှည်တဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် အေးအေးဆေးဆေးနေသွားဖို့ပါပဲ။ ဒါပေမဲ့ ရက်စက်လှတဲ့လောကအလယ်မှာ ရှင်သန်နိုင်ဖို့အတွက် လီချန်ရှို့ဟာ ကြမ္မာရဲ့ဖိနှိပ်မှုမခံရအောင် မကောင်းတာအကုန်လုံးကို ရှောင်ရှားခဲ့ပါတယ်။ ဘာလို့ဆို သတ်ဖြတ်ခြင်းက ရန်ငြိုးရန်စတွေကိုပဲ မွေးဖွားပေးတာမို့လို့ပေါ့။ ဒါကြောင့်မို့လို့ သူဟာ ဘာပဲလုပ်လုပ် မလုပ်ခင်မှာ အကွက်စိပ်စိပ်နဲ့ သေချာတွက်ချက်ပြီး ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။ အန္တရာယ်ရှိတဲ့အခြေအနေတွေဆီကို လုံးဝမသွားဘဲ အစွမ်းထက်ဝှက်ဖဲတွေကို ဖုံးကွယ်ထားပြီး ထွက်ပြေးလွတ်မြောက်နိုင်တဲ့ဗျူဟာတွေကိုလေ့ကျင့်ခဲ့ပါတယ်။ နောက်ပြီး အဆိပ်ဆေးပြားတွေကို ဖော်စပ်တယ်။ အဲလိုကနေ နက်နဲတဲ့ပညာရပ်တွေကို ကျွမ်းကျင်အောင်သင်ယူခဲ့ပါတော့တယ်။ မလှုပ်ရှားခင်မှာ တည်ငြိမ်လွန်းတဲ့အမူအရာကို ပြထားတတ်ပေမဲ့ သူ့လှုပ်ရှားမှုတိုင်းကတော့ လောကမြေမဟီကို တုန်လှုပ်သွားစေလောက်တဲ့အထိ ကြီးမားလှပြီး ကိစ္စပြီးတာနဲ့ သူဟာ အရိပ်အယောင်တောင်မကျန်ရစ်ဘဲ အစအနမရှိ ပျောက်ကွယ်သွားတတ်ပါတယ်။ လီချန်ရှို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ တောင်ပေါ်မှာပဲ တိတ်တဆိတ်ပုန်းကွယ်နေပြီး နတ်ဘုရားဖြစ်တဲ့အထိ ကျင့်ကြံဖို့ပါ။ ဒါပေမဲ့ တစ်နှစ်မှာတော့ အရာရာဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ဆရာဖြစ်သူက သူတို့ရဲ့ဘဝကြီးက ငြိမ်သက်လွန်းနေတယ်လို့ ထင်သွားပုံရပြီး ဆရာတူညီမလေးတစ်ယောက်ကို ခေါ်ဆောင်လာခဲ့တဲ့အခါမှာတော့ ဘယ်လိုမျိုးစုံကြိုးခုန်ရမလဲဆိုတာ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့လီချန်ရှို့ကလည်း တကယ်တမ်းမှာ အလွန်စွမ်းအားကြီးတဲ့ဝှက်ဖဲပေါင်းစုံကိုပိုင်ဆိုင်ထားလို့ ကြည့်ရတာ အရမ်းဇာတ်ရှိန်တက်သလို ရယ်စရာအလွဲတွေကြောင့် ဘဝအမောပြေစေမှာ အသေအချာပါပဲနော်။ #PullStrings
12 946
14
Ash (2026) မီးလျှံကြားက ချစ်ပြာငွေ့ ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဂေးကားဆို တျုတ်ဂေးကားကိုမှ စွဲလမ်းခုံမင်တဲ့ဂေးကားဖန်တွေအတ+8
Ash (2026) မီးလျှံကြားက ချစ်ပြာငွေ့ ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဂေးကားဆို တျုတ်ဂေးကားကိုမှ စွဲလမ်းခုံမင်တဲ့ဂေးကားဖန်တွေအတွက်ပါ။ တျုတ်ဂေးကားဆိုကတည်းက အကြည့်နဲ့တင် မီးတွေပွင့်၊ လျှပ်စီးတွေလက်မှာကတော့ သိပ်ပြောစရာတောင်မလိုလှပါဘူး။ ဒီစီးရီးက Action ကိုမှ Thriller နဲ့ Romance ပုံစံဇာတ်အိမ်မို့ လက်သီးချက်တွေကြားက ရင်ခုန်သံတစ်စွန်းတစ်စကိုပါ မြင်တွေ့ခံစားရစေမှာမျိုးလေးပါ။ အဓိကဇာတ်ကောင်တွေအဖြစ် ခပ်မိုက်မိုက်ရှောင်ကောကောတွေဖြစ်တဲ့ Kingston၊ Leo Peng နဲ့ Sing Lee တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ဟောင်ကောင်ဒရမ်မာပုံစံပါဖြစ်နေတော့ ဟောင်ကောင်အက်ရှင် vibe ကိုပါ အပြည့်အဝခံစားရစေမှာပါနော်။ ဇာတ်လမ်းအညွှန်း >>> ထောက်လှမ်းရေးရဲအရာရှိမော့ဖေးဖန်းဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် မထင်မှတ်ဘဲ ထင်းပင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ ဟွေးလော့်ထော်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နှစ်ယောက်လုံးဟာ အန္တရာယ်များတဲ့လျှို့ဝှက်ချက်တွေကိုယ်စီနဲ့ သေချာပြင်ဆင်ထားတဲ့မာယာမျက်နှာဖုံးတွေ နောက်ကွယ်မှာ ပုန်းကွယ်နေကြသူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့တကယ့်အထောက်အထား အမှန်တွေ တဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါမှာတော့ အစပိုင်းက ချိုမြိန်ခဲ့တဲ့သံယောဇဉ်ဟာ သံသယတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး နက်ရှိုင်းလှပါတယ်ဆိုတဲ့ သစ္စာတရားကလည်း ပျက်စီးဖို့ ကံကြမ္မာပါလာခဲ့ပါတယ်။ ဟွေးလော့်ထော်ရဲ့မဆင်မခြင်ပြောလိုက်တဲ့စကားတစ်ခွန်းကပဲ ထိရှလွယ်တဲ့ဆက်ဆံရေးကို အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲပစ်လိုက်သလို ဖြစ်ခဲ့တာပါ။ အဲဒီအတောအတွင်းမှာပဲ ငွေအတုထုတ်လုပ်မှုရာဇဝတ်မှုကြီးတစ်ခုကြောင့် ဒေသတွင်းဒုစရိုက်အဖွဲ့အစည်းတွေကြားထဲမှာ သွေးဆာတဲ့အာဏာလုပွဲကြီးစတင်လာခဲ့ပြီး ဒုစရိုက်လောကရော ရဲတပ်ဖွဲ့ပါ သေမင်းတိုက်ပွဲကြီးထဲကို ဆွဲသွင်းခံလိုက်ရပါတယ်။ အဲလိုအခြေအနေရဲ့ဗဟိုချက်မှာ ပိတ်မိနေတဲ့ မော့ဖေးဖန်းနဲ့ဟွေးလော့်ထော်တို့နှစ်ယောက်ဟာ သူတို့ အမှန်တကယ်ယုံကြည်လို့ရတဲ့တစ်ဦးတည်းသောသူဟာ သူတို့အချင်းချင်းပဲရှိတယ်ဆိုတာကို သဘောပေါက်လာခဲ့ကြပါတယ်။ လျှောက်လှမ်းသမျှခြေလှမ်းတိုင်းက အန္တရာယ်ဆီ ဦးတည်နေပြီး ဝေးကွာနေတဲ့စက္ကန့်တိုင်းက တောင့်တမှုကို ပိုမိုနက်ရှိုင်းစေခဲ့ပေမဲ့ သူတို့နှစ်ဦးဟာ ကြီးမားလှတဲ့ အခက်အခဲတွေကို အတူတကွရင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ခြားနားလှတဲ့ကမ္ဘာနှစ်ခုမှာ သီးခြားစီရပ်တည်နေကြရပေမဲ့ နှလုံးသားတွေကတော့ လမ်းကြောင်းတစ်ခုတည်းဆီကိုပဲ အမြဲတမ်းဦးတည်နေခဲ့တာပါ။ ဒီဇာတ်လမ်းက High Tension Action Romance အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကို အရှိန်အဝါရှိလှပါတယ်။ လက်သီးချက်တွေကြားက အကြည့်နဲ့တင် ဒူးထောက်ပြာကျမတတ်မိမိုက်တဲ့ဂေးကားကိုမှ ကြည့်ချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်ဗျို့။ #Ash
2 323
15
ကြငှန်းထက်က ဇာမဏီနတ်ဧကရီ The Great Queen / 吾凰在上 (2026) 🪭 ဒီတစ်ခါမှာတော့ လူကြိုက်များနာမည်ကြီး ကာတွန်းဆရာ Ao Xiaoze ရဲ့ နာမည်+8
ကြငှန်းထက်က ဇာမဏီနတ်ဧကရီ The Great Queen / 吾凰在上 (2026) 🪭 ဒီတစ်ခါမှာတော့ လူကြိုက်များနာမည်ကြီး ကာတွန်းဆရာ Ao Xiaoze ရဲ့ နာမည်ကြီး Wu Huang Zai Shang Mega ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဇာတ်လမ်းအကျဉ်း 📝 ခေတ်သစ်က ကောင်မလေး Xi Yuan ဟာ မမျှော်လင့်ဘဲ မာယာများလှတဲ့ Xuanji ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားခဲ့ပြီးနောက် Huyun နိုင်ငံရဲ့ ပြည်တွင်းစစ် ပဟေဠိ မုန်တိုင်းထဲကို ကျရောက်သွားခဲ့ရပါတယ် အသက်ဘေး အန္တရာယ်ပေါင်းများစွာနဲ့ ကြုံတွေ့ရချိန်မှာပဲ Xi Yuan ရဲ့ စစ်မှန်တဲ့ဇစ်မြစ်က တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီး သူမရဲ့ ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ ဇာမဏီနတ်ဘုရား စွမ်းအင်တွေလည်း မထင်မှတ်ဘဲ နိုးထလာခဲ့ပါတော့တယ် Xuanji ကမ္ဘာကြီးတစ်ခုလုံးရဲ့ အသက်အန္တရာယ်ကို ကိုယ်ပေါ် တင်ဆောင်ထားရတဲ့ Xi Yuan ဟာ ကိုယ်ကျိုးကို စွန့်လွှတ်ကာ ရှေ့ထွက်လာခဲ့ပြီး အမြင့်ဆုံး နတ်ဘုရား ဥပဒေစည်းမျဉ်းတွေကိုပါ ရဲရင့်စွာ စိန်ခေါ်တော့တာပေါ့ နောက်ဆုံးမှာတော့ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ မလျှော့သော ဇွဲလုံ့လတို့နဲ့အတူ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ SoulKingdom Mini မှာ ကြည့်လို့ရပါပြီ Native Title : 吾凰在上 Also Known As : 吾凰在上之凤御四方 English Title : The Great Queen Starring : Jiang Zhenyu ,Zhao YuBo Genre : Fantasy / Romance / Adventure / Action Episodes : 20 Original Network : Wetv #SoulKingdom #Review #吾凰在上之凤御四方 #TheGreatQueen #klSnn
2 263
16
💐 ကတ္တီပါခင်းတဲ့ တော်၀င်လမ်း The Road To Splendor / 花开锦绣 (2026) 🍁 ဒီတစ်ခါ စာရေးဆရာမ Zhi Zhi (吱吱) ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိ+1
💐 ကတ္တီပါခင်းတဲ့ တော်၀င်လမ်း The Road To Splendor / 花开锦绣 (2026) 🍁 ဒီတစ်ခါ စာရေးဆရာမ Zhi Zhi (吱吱) ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ Deng Ke က ပြန်လည်ရိုက်ကူးထားပြီး Melody of Golden Age ထဲက တိုင်းသိပြည်သိ မင်းသားချောလေး Ding Yuxi နဲ့ အလှပဂေးမင်းသမီးငယ်လေး Deng Enxi တို ဒုတိယအကြိမ်မြောက် လက်တွဲရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ✍️ ဇာတ်လမ်းအကျဉ်း 📝 သစ္စာတရားကိုသာ ရှေ့တန်းတင်တတ်ပြီး သတ္တိရှိတဲ့ ဆားမှောင်ခိုကုန်သည်လေး Zhao Ling ဟာ သာမန် ဆင်းရဲသား အသိုင်းအဝိုင်းက ဆင်းသက်လာသူဖြစ်ပေမဲ့ ကြီးမားတဲ့ ရည်မှန်းချက်ရှိသူပါ တစ်နေ့မှာတော့ သူတစ်ပါးရဲ့အကွက်ချစွပ်စွဲတာကို ခံလိုက်ရတဲ့ မြင့်မြတ်တဲ့ အထက်တန်းစား အမျိုးသမီးငယ် Fu Tingyun နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး အတူတူ ထွက်ပြေးလွတ်မြောက်ခဲ့ရပါတော့တယ် ဒီလိုနဲ့ ကံကြမ္မာအလိုကျ တွေ့ဆုံခဲ့ရတဲ့ သူတိုနှစ်ဦးဟာ မိသားစုနဲ့ နန်းတွင်း အာဏာလုပွဲ စိန်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ရင်း ကံကြမ္မာရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ တိုက်ခိုက်ကြရင်း အောင်မြင်မှုနဲ့အတူ ဘယ်လို သမိုင်း၀င်ချစ်ခြင်းမေတ္တာကို ပုံဖော်ရေးခြယ်သွားမလဲ ..... 🍁 
2 629
17
The Genius of Girlfriend (2026) ချစ်ပုစ္ဆာ ဖွေဖွေရှာ ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျောင်းသားအချစ်ဇာတ်အိမ်ပုံစံလေ+9
The Genius of Girlfriend (2026) ချစ်ပုစ္ဆာ ဖွေဖွေရှာ ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျောင်းသားအချစ်ဇာတ်အိမ်ပုံစံလေးပါ။ မတူတာက ဒီဇာတ်လမ်းထဲမှာ ဟိုက်ပါဉာဏ်ကြီးရှင်လေးက Female Lead ဖြစ်နေတာပါပဲ။ ဒီဇာတ်လမ်းက စာရေးဆရာမ Su Guang Tong ရဲ့နာမည်ကြီး Student Life Web Novel (Tian Cai Nv You) ကို အခြေခံရိုက်ကူးထားတာမို့ ကျောင်းသားဘဝ ရင်ခုန်စရာနွေးထွေးမှု၊ အချစ်နဲ့သံယောဇဉ်နှောင်ကြိုးရစ်ငင်မိမှုတွေကို တစ်ဝကြီးခံစားရစေမှာပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် POJ မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xi Wei နဲ့ ပြိတ်သတ်တို့ရဲ့အသည်းစွဲလေးဖြစ်တဲ့ ခပ်ချေချေကိုလူချောလေး Hu Yi Tian တို့က လိုက်ဖက်ညီညီပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။ သူတို့နှစ်ဦးဟာ အတန်းဖော်ရဲ့လိမ်လည်လှည့်ဖြားခံရမှုကို အတူတကွဖြေရှင်းပေးခဲ့ကြသလို ကလပ်လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်နယ်အဆင့်သင်္ချာပြိုင်ပွဲမှာလည်း အတူပါဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားအပေါ် မေတ္တာသက်ဝင်စတင်ယိုဖိတ်ခဲ့ပေမဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ်သိမ်းဆည်းထားခဲ့ပါတယ်။ ဒါပေမဲ့ လင်ကျစ်ရှားတစ်ယောက် နာမည်ကြီးဖူတန့်တက္ကသိုလ်ကို အောင်မြင်စွာတက်ရောက်ခွင့်ရရှိသွားချိန်မှာတော့ ကျန်းယွီပိုင်ဟာ ကျောင်းဆင်းပွဲခရီးစဉ်အတွင်းမှာ ချစ်မေတ္တာကို စာစီကဗျာသီပြီး ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကံဆိုးချင်တော့ မိခင်ဖြစ်သူက လိမ်လည်မှုတစ်ခုထဲပါဝင်ပတ်သက်မိသွားရာကနေ ကျန်းယွီပိုင်လည်း ရင်ထဲက နောင်တတွေနဲ့အတူ မတတ်သာဘဲ ထွက်သွားခဲ့ရပါတယ်။ အဲလိုနဲ့ သင်္ချာဉာဏ်ကြီးရှင်လေးနှစ်ယောက်ခမျာ သူတို့ရဲ့အချစ်ပုစ္ဆာကို အဖြေရှာရင်း တဝဲလည်လည်ဖြစ်ကြရပါတော့တယ်။ သူတို့ရဲ့အချစ်ပုံပြင်ဟာ ဘဝမှာ တစ်ကြိမ်သာဖြတ်ဆုံရပြီး ထာဝရဝေးသွားတဲ့ဖြတ်မျဉ်းလိုမျိုးများ ဖြစ်သွားလေမလား။ တစ်ခါဆုံတွေ့ပြီး ဝေးသွားခဲ့ရတဲ့ချစ်ခရီးဟာ အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ တိတ်တခိုးအချစ်ကနေ ထာဝရဆုံးတိုင်‌ပေါင်းဖက်ခွင့်ရသွားကြမလားဆိုတာကတော့ တကယ်ကို အသည်းယားစရာမို့ တစ်ပိုင်းမှ ကျော်ပစ်စရာမရှိမှာ အသေအချာပါပဲ။ #TheGeniusOfGirlfriend
2 806
18
Mystic Nine (2026) မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက် သာ့ကျားတို့အတွက် ယူဆောင်လာတဲ့ကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့+9
Mystic Nine (2026) မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက် သာ့ကျားတို့အတွက် ယူဆောင်လာတဲ့ကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့ ဘရိုမန့်စ်ဇာတ်အိမ်လေးပါ။ ဘရိုမန့်စ်ဇာတ်အိမ်ဖြစ်သလို Tomb Raiders Universe ထဲက ဇာတ်လမ်းမို့ ဘရိုမန့်စ်ငတ်နေတဲ့သာ့ကျားတို့အတွက် မဟာသတင်းကောင်းကြီးပါပဲနော်။ ဒီကားမှာ ခပ်မိုက်မိုက်ရှောင်ကောကောတို့က အဓိကပါဝင်ထားပါတယ်။ ခပ်မိုက်မိုက်ရှောင်ကောကောဆိုလို့ အသစ်လေးတွေလားလို့လဲ မထင်ကြနဲ့အုံး။ အဟောင်းပေမဲ့ အကောင်းတကာ့အကောင်းတွေဖြစ်နေဆဲဖြစ်တဲ့ ဘဲကြီး William Chan နဲ့ ကိုကို Joseph Zeng တို့က ကမ်မီရော ရူပမိမိပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ကျန်းမိသားစုရဲ့အမှတ် (၄၀၁) တပ်ဖွဲ့တစ်ခုလုံးဟာ မေးခွန်းထုတ်စရာပဟေဠိဆန်းကြီးအဖြစ် အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့တပ်ဖွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ကျန်းချီရှန်းဟာ ကိုးတံခါးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူလောင်ကုန်း၊ ဟော့ရှန်းကု၊ ချီထျယ်ကျွေ့တို့နဲ့လက်တွဲပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာခြားမျှော်စင်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီမျှော်စင်ကြီးရဲ့အတွင်းထဲမှာတော့ ထိမိတာနဲ့ အသက်ပျောက်နိုင်တဲ့ သေမင်းထောင်ချောက်တွေ၊ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အချိန်လေဟာနယ်တွေ လိမ်ဖိန်းဖရိုဖရဲဖြစ်နေတာကို သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မုန်တိုင်းထန်လုဆဲဆဲအခြေအနေမှာ ကျန်းချီရှန်းတစ်ယောက် သွေးဆာနေတဲ့ တခြားအင်အားစုအဖွဲ့အစည်းပေါင်းများစွာနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာမို့ ကိုးတံခါးအဖွဲ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ရင်တလှပ်လှပ်အသဲတအေးအေးနဲ့ ခံစားရင်ခုန်စီးမြောရမှာပါနော်။ #MysticNine
2 016
19
Royal Betrothal 2026 တော်ဝင်နန်းက နှလုံးသားရတနာ တရုတ်သမိုင်းဝင် နန်းတွင်းနိုင်ငံရေးနဲ့ အချစ်ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွ+9
Royal Betrothal 2026 တော်ဝင်နန်းက နှလုံးသားရတနာ တရုတ်သမိုင်းဝင် နန်းတွင်းနိုင်ငံရေးနဲ့ အချစ်ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ အသစ်စက်စက် ထွက်ရှိလာတဲ့ "Yu Ting Yao" (御廷瑶 / Royal Betrothal) ဇာတ်လမ်းတွဲကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားဟာ စာရေးဆရာမ Xing Yan Yan ရဲ့ နာမည်ကျော်ဝတ္ထု "Jiang Shan Wei Pin" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး၊ ပရိသတ်အချစ်တော် မင်းသားချော Chen Zhe Yuan (ချန်ကျယ်ယွမ်) နဲ့ နန်းတွင်းကားတွေရဲ့ ဘုရင်မလို့ တင်စားရမယ့် မင်းသမီး Wu Jin Yan (ဝူကျင်ယန်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။ သူမနဲ့ အပြိုင် ဇာတ်လမ်းကို အသက်သွင်းပေးမယ့်သူကတော့ အိမ်ရှေ့စံမင်းသားဘဝကနေ ဧကရာဇ်ဖြစ်လာတဲ့ Ying Gua ပါပဲ။ ဧကရာဇ် Ying Gua ဟာ အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းတတ်တဲ့ ဖြောင့်မတ်ပြီး အာဏာစက်ပြင်းသူတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးမားပြီး ဉာဏ်များတဲ့ အမျိုးသမီးအမတ်ချုပ်လေးနဲ့ တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ချင်တဲ့ ဧကရာဇ်တို့ကြားက အားပြိုင်မှုတွေ၊ နိုင်ငံရေး ကစားကွက်တွေနဲ့အတူ တဖြည်းဖြည်း ပေါက်ဖွားလာမယ့် သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ သာမန် နန်းတွင်းအချစ်ကားမျိုး မဟုတ်ဘဲ၊ အမျိုးသမီးဇာတ်ဆောင်ရဲ့ ကြိုးစားအားထုတ်မှု၊ နိုင်ငံရေး အကွက်ချမှုတွေနဲ့ အာဏာလုပွဲတွေကို အဓိကထား ရိုက်ကူးထားတာပါ။ Wu Jin Yan ရဲ့ ပီပြင်တဲ့ Strong Female Lead သရုပ်ဆောင်ချက်တွေရယ်၊ Chen Zhe Yuan ရဲ့ တည်ကြည်ခန့်ညားတဲ့ ဧကရာဇ်ပုံစံအသစ်ကိုပါ မြင်တွေ့ရမှာဖြစ်လို့ နန်းတွင်းနိုင်ငံရေး (Court Politics) နဲ့ Power Couple ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူတိုင်း လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်။
2 128
20
👼 အတ္တဖန်တဲ့ မီးလျှံငှက် Spring Over Phoenix Pond / 凤池生春 2026 👼 အခုတင်ဆက်ပေးမှာကတော့ Pursuit of Jade ထဲက အားလုံးရဲ့အသည်းကို+9
👼 အတ္တဖန်တဲ့ မီးလျှံငှက်    Spring Over Phoenix Pond / 凤池生春 2026 👼 အခုတင်ဆက်ပေးမှာကတော့ Pursuit of Jade ထဲက အားလုံးရဲ့အသည်းကိုဖမ်းစားသွားတဲ့ အလံနီမင်းသားလေး ကိုသန်းခိုင် Deng Kai နဲ့ မင်းသမီးချောလေး Zhu Lilan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 သားသတ်သမားရဲ့ သမီးအဖြစ် ကြီးပြင်းလာရတဲ့ Qi Yuan ဟာ အမှန်တော့ အတိတ်က လဲလှယ်ခံလိုက်ရတဲ့ မြင့်မြတ်လှတဲ့ မင်းမျိုးမင်းနွယ် အိမ်တော်ရဲ့ သမီးအရင်း အစစ်အမှန် ဖြစ်ပါတယ် ဒါပေမဲ့ မင်းသမီးအတုမလေးဟာ မိမိနေရာမြဲဖို့အတွက် Qi Yuan ကို တမင်စွပ်စွဲ နှိပ်စက်တာမို့အခြေအနေမဲ့သွားတဲ့ Qi Yuan ဟာ ကျင်း၀မ်မင်းသား Xiao Yunting ရဲ့ လျှို့ဝှက်ကိုယ်ရံတော် ဖြစ်လာခဲ့ရပြီး အတူတူ အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့မှ မထင်မှတ်ဘဲ နှလုံးသားချင်း နီးကပ်ကာ အချစ်စိတ်တွေ ပေါက်ဖွားလာခဲ့ပါတယ် ဒါပေမဲ့ မင်္ဂလာဦးညမှာပဲ ချီမင်းသားက ရုတ်တရက် အတင်းအဓမ္မ ဝင်ရောက်စီးနင်းလာခဲ့လို့ Qi Yuan ဟာ ရန်သူနဲ့အတူ သေတွင်းထဲ အတူဆင်းပြီး သေဆုံးသွားခဲ့ရပါတယ် မမျှော်လင့်ဘဲ Qi Yuan ဟာ အတိတ်ဘဝက သွေးစွန်းခဲ့ရတဲ့ နာကျင်မှုတွေနဲ့အတူ ပြန်လည်မွေးဖွားလာခဲ့တဲ့အခါမှာတော့..... ဒီတစ်ကြိမ် ဘဝမှာတော့ သူမဟာ ဘယ်သူ့ကိုမှ မညှာတာဘဲ လမ်းကိုပိတ်ဆို့သူတိုင်းကိုသတ်မယ်ဆိုတဲ့ ရက်စက်လှတဲ့ ခံယူချက်နဲ့ နောက်ကွယ်က ရန်သူတွေကို ဘယ်လို ကလဲ့စားချေသွားမလဲ Xiao Yunting နဲ့ သူမရဲ့ဇာတ်လမ်းက ဘာတွေဆက်ဖြစ်သွားမလဲ ကဲ SoulKingdom Mini ချန်နယ်လေးမှာ အသင့်ကြည့်လို့ရနေပါပြီ ➰ Native Title : 凤池生春 English Title : Spring Over Phoenix Pond Starring : Deng Kai , Zhu Lilan Genre : Historical / Romance / Revenge / Rebirth / Drama Episodes : 21 Original Network : Tencent Video #SoulKingdom #Review #凤池生春 #SpringOverPhoenixPond #klSnn
2 110