en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 455 subscribers, ranking 18 002 in the Movies category and 8 645 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 455 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 112 over the last 30 days and by 2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.94%. Within the first 24 hours after publication, content typically collects 2.66% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 843 views. Within the first day, a publication typically gains 410 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 455
Subscribers
+224 hours
+417 days
+11230 days
Posts Archive
Love Never Fails (落花时节又逢君) ပန်းဝတ်လွှာတို့မြေခချိန်ဝယ် Hello Souler လေးတို့ရေ ... ဒီတစ်ခေါက်ကတော့ ကောင်းကင်ဘုံရဲ့အငွေ့အသက်လေး
+4
Love Never Fails (落花时节又逢君) ပန်းဝတ်လွှာတို့မြေခချိန်ဝယ် Hello Souler လေးတို့ရေ ... ဒီတစ်ခေါက်ကတော့ ကောင်းကင်ဘုံရဲ့အငွေ့အသက်လေးတွေနဲ့ရောနှောနေတဲ့ ရှေးနတ်ကားလေး Love Never Fails (ပန်းဝတ်လွှာတို့မြေခချိန်ဝယ်) ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ် ... နှစ်ပေါင်း(၁၀၀)တိုင်း တစ်ခါကျင်းပလေ့ရှိတဲ့ ကောင်းကင်ဘုံရဲ့ပန်းပွဲတော်မှာ ပိုင်ကျိုးတောင်က လက်ဖက်ပန်းမိစ္ဆာမလေး Hong Ning ဟာ ကောင်းကင်ဘုံမင်းကြီး Jin Xiu ကို အရဲစွန့်ကာ သူ့ရဲ့မိဖုရားဖြစ်ခွင့်ရနိုင်မလားဆိုတဲ့အမေးကို ဖွင့်ဟလိုက်တဲ့အခါမှာတော့ Hong Ning ဟာ နတ်နဲ့မိစ္ဆာခြားနားခြင်းကြောင့် သူ့အနေနဲ့ မဖြစ်နိုင်တာကိုသိခဲ့ရပါတယ်။ အခြေအနေတွေကို ထိန်းညှိဖို့ရာ သူ(မ)ဟာလက်မလျှော့ဘဲ Jin Xiu နဲ့ကတိပြုကာ ဝိဇ္ဇာလမ်းစဥ်ကိုကျင့်ကြံဖို့ ကျော်ဖြတ်နေရင်းကနေ Jin Xiu တခြားတစ်ယောက်နဲ့ထိမ်းမြားသွားတဲ့သတင်းကိုကြားရပြီးနောက် Hong Ning ဟာ ကျင့်ကြံခြင်းလမ်းစဥ်ကိုစွန့်ကာ မေ့ပစ်လိုက်ဖို့ပဲကြိုးစားပြီး သံသရာပြန်လည်ဝင်စားခြင်းကိုပြုလုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း Jin Xiu အနေနဲ့ Hong Ning ပြန်လည်မွေးဖွားဖို့အတွက် ကံကြမ္မာကိုအံတုရင်း ... Hong Ning ပြန်လည်မွေးဖွားလာမှာလား ? Jin Xiu ကရော ဘယ်လိုအကြောင်းကြောင်း ကတိဖျက်သလိုဖြစ်သွားတာလဲ ? Hong Ning ဖြစ်ချင်တဲ့ နတ်ဝိဇ္ဇာဘဝကိုရော ပိုင်ဆိုင်ရမှာလား ? ... စတာတွေကို မကြာခင်မှာပဲ SoulKingdom ကနေပြီး ပရိသတ်ကြီးဆီကို ဘာသာပြန်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြည့်ရှုပေးကြပါဦး။ Native Title: 落花时节又逢君 Genres: Romance, Wuxia, Drama, Fantasy Country: China Type: Drama Episodes: 40 Airs: 28 April 2025 Original Network: Mango TV Duration: 45 min. #落花时节又逢君 #LoveNeverFails #SoulKingdom

🎋Fox Spirit Matchmaker: Love in Pavilion 🎋 🎋ဝါးရိပ်သီတဲ့ ပလွေသံစဉ်🎋 狐妖小红娘竹业篇 🔔တင်း.... တောင်🔔 အားလုံးစောင့်မျှော်နေကြတဲ
+8
🎋Fox Spirit Matchmaker: Love in Pavilion 🎋 🎋ဝါးရိပ်သီတဲ့ ပလွေသံစဉ်🎋 狐妖小红娘竹业篇 🔔တင်း.... တောင်🔔 အားလုံးစောင့်မျှော်နေကြတဲ့ အချစ်တော်မင်းသမီးလေး Liu Shi Shi နဲ့ မင်းသားချောလေး Zhang Yunlong ရဲ့ Costume Drama ဇာတ်ကားသစ်လေးဖြစ်တဲ့ Fox Spirit Matchmaker : Love in Pavilion လေး ရောက်ရှိလို့လာပါပြီနော် "Wangquan Hong Ye : မျက်နှာဖုံးအောက်က ကိုယ့်ရဲ့သရုပ်မှန်ကို မင်း တကယ် မမေးတော့ဘူးလား" "Dongfang Huai Zhu : ကျွန်မအတွက်တော့ ရှင်ဘယ်သူလဲဆိုတာထက် ရှင့်ရဲ့စိတ်ရင်းမှန်က ပိုပြီးအရေးကြီးတယ်" ဇာတ်လမ်းအညွှန်း "ကြီးလေးတဲ့ တာဝန်ကိုယ်စီကို ပခုံးပေါ်ထမ်းထားရတဲ့ မိသားစုကြီးနှစ်ခုရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့သူတို့နှစ်ဦး" "၇ လပိုင်း ၇ရက်နေ့ Huai မြစ်ဘေးက ဝါးရုံတောလေးမှာ စတင်ယှက်နွယ်ခဲ့တဲ့ ကံကြမ္မာကြိုးလေးတစ်ချောင်း" "ကျောက်စိမ်းပလွေနဲ့ဓားတစ်လက်ရဲ့ဒဏ္ဍာရီလေးတစ်ပုဒ်" ဒီဒဏ္ဍာရီလေးရဲ့အစကတော့ လူသားတွေနဲ့မိစ္ဆာတွေကြား ပဋိပက္ခတွေ ကြီးထွားနေချိန်မှာစတင်ခဲ့လေသတဲ့ မျိုးနွယ်စုနှစ်ခုကြားရှုပ်‌ထွေးနေတဲ့ အခြေအနေကို တည်ငြိမ်‌အောင် ဖြေရှင်းဖို့အတွက် Dongfang အိမ်တော် နဲ့ Wangquan အိမ်တော်ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ Dongfang Huai Zhu နဲ့ Wangquan Hong Ye ဟာ ငြိမ်းချမ်းရေးသဘောတူမှုပဋိညာဉ် ဖြစ်မြောက်အောင် အတူဦး‌ဆောင်ကြိုးစားကြပါတော့တယ် ဒီလိုနဲ့ လောကအကျိုးအတွက်ဆိုပြီး သူတော်ကောင်းယောင်ဆန်ကြတဲ့ မသမာသူတွေရဲ့ပစ်မှတ်ထားခံရမှုကြောင့် Wangquan အိမ်တော်ထဲကို ထိမ်းမြားဝင်ရောက်ဖို့ဖြစ်လာတဲ့ ထူးခြားဆန်းကြယ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ  Dongfang အိမ်တော်ရဲ့ ပထမသခင်မလေး Dongfang Huaizhu နဲ့ Wangquan အိမ်တော်သခင် Wangquan HongYe ကြားက ခါးသက်ချိုမြတဲ့ချစ်တေးသွားတစ်ပုဒ်ဟာ ပေါ်ပေါက်လို့လာပြန်ပါတယ် နောက်မျိုးဆက်တွေထိတိုင်အောင် ဂန္ထဝင်စာတင်လောက်မဲ့ ဒဏ္ဍာရီတေးသွားလေးတစ်ပုဒ်ကို ဘယ်လို ရေးဖွဲ့ခဲ့မလဲဆိုတာကိုတော့ အတူတူစောင့်မျှော်လိုက်ကြစို့နော် (ဒီဇာတ်လမ်းလေးရဲ့အညွှန်းကိုတော့ Mya မှ ရေးသားထားခြင်းဖြစ်ပါတယ်) -Native Title : 狐妖小红娘竹业篇 -Genres: Romance, Wuxia, Drama, Fantasy -Starring: Liu Shi Shi,Zhang Yunlong -Type: Drama -Episode: 36 -Airs: April 28 2025 -Duration : 45 min -Original Network: CCTV iQiyi #ReviewbyMya #FoxSpiritMatchmaker:Love in Pavilion #SoulKingdom

ပျိုပျိုမေရဲ့ထိပ်တန်းရွှေသမက် Serendipity (榜上佳婿) ဇာတ်လမ်းအကျဉ်း Jian အိမ်တော်ရဲ့သမီးဖြစ်သူ Jian Ming Shu ဟာ ချောက်ကမ်းပါးပေါ်
+9
ပျိုပျိုမေရဲ့ထိပ်တန်းရွှေသမက် Serendipity (榜上佳婿) ဇာတ်လမ်းအကျဉ်း Jian အိမ်တော်ရဲ့သမီးဖြစ်သူ  Jian Ming Shu ဟာ ချောက်ကမ်းပါးပေါ်က မတော်တဆ ပြုတ်ကျကာ မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပေမဲ့လည်း  တစ်မိသားစုလုံးသတ်ဖြစ်ခြင်းခံရာမှ လွတ်‌မြောက်ခဲ့တဲ့ Lu Cheng ဆိုတဲ့လူငယ်ကလေးဆီက ကယ်တင်ခြင်းကို ခံခဲ့ရပါတယ် ဒီလိုနဲ့ သူတို့နှစ်ဦးသားက မြို့တော်ကို စာမေးပွဲဖြေဖို့ဆိုပြီး တက်လာခဲ့ကြပါတယ် ဒါပေမဲ့ Lu Cheng မှာ တခြား ရည်ရွယ်ချက်ရှိပါတယ် အဲဒါကတော့ Lu Cheng က တစ်ချိန်လုံး သူ့ရဲ့‌ဇစ်မြစ်သရုပ်မှန်နဲ့ ပတ်သက်ပြီး သံသယရှိနေခဲ့တာကြောင့် အဖြေထုတ်ဖို့ အတွင်းအိမ်တော်ကို၀င်ကာ လိုက်လံစုံစမ်းခဲ့ပါတယ် အန္တရာယ်တွေပတ်လည်ဝိုင်းနေတယ်လို့ခံစားရတဲ့ Jiang Ming Shu တစ်ယောက် သူ့အနားမှာ အမြဲတိတ်တိတ်ကလေးစောင့်ရှောက်ပေးနေတဲ့ Lu Cheng ကို တဖြည်းဖြည်းမေတ္တာသက်၀င်လာခဲ့တဲ့အခါ ကဲ သူတို့နှစ်ယောက်ရဲ့အန္တရာယ်တွေပြည့်နှက်နေတဲ့ အချစ်ခရီးလမ်းလေးကို အတူလိုက်ပါစီးမျောဖို့အသင့်ပဲလား Native Title: 榜上佳婿 Eng Title : Serendipity Starring: Wang Zi Qi, Lu Yu Xiao, Wang Hong Yi, Snow Kong Episodes: 40 Aired: 25 April 2025 Original Network: Tencent Video #ReviewByDimple #Serendipity #榜上佳婿 #SoulKingdom

ဓားသွားထက်မှ ကြမ္မာပုစ္ဆာ (不思异 : 志怪) Mystic Tales 2025 ဇာတ်လမ်းအကျဉ်း တူမူထူးခြားတဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားသူဖြစ်သည့် မိစ္ဆာ
+9
ဓားသွားထက်မှ ကြမ္မာပုစ္ဆာ (不思异 : 志怪) Mystic Tales 2025 ဇာတ်လမ်းအကျဉ်း တူမူထူးခြားတဲ့စွမ်းအင်ကိုပိုင်ဆိုင်ထားသူဖြစ်သည့် မိစ္ဆာနှင်ဆရာဝူကျင့်ဟာ လူ့လောကမှာ သွားလာလှည့်လည်နေပြီး မိစ္ဆာနှင်မယ်လို့ သစ္စာဆိုထားသူပါ ဒီလိုလှည့်လည်သွားလာ‌နေတဲ့ ဝူကျင့်တစ်ယောက် တနေ့ကျ  ချန်ရွှိတိုင်းပြည်မှ ပြည်သူဖြစ်တဲ့ ရွှေယောင် ၊ ထျန်းလော်မြို့က ဆိုင်ရှင် စုန့်ကျီးရူ ၊လူရိုးလူဖြောင့် စာကြမ်းပိုးလေး လီရှင့်တို့နဲ့ တွေ့ပြီး အမှုတွေ ပဟေဠိဖြစ်ရပ်ဆန်းတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းဖို့ ဖြစ်လာခဲ့ပါတယ် သူတို့ရဲ့ဆန်းကြယ်တဲ့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေနဲ့ ကြုံရပြီး ဘယ်လိုအန္တရာယ်တွေကို ကျော်လွှားကြမလဲဆိုတာ ကြည့်လိုက်ကြရအောင် Ch Title : 不思异 : 志怪 Eng Title : Mystic Tales Starring: He Chang Xi ,Zhao Jia Mon ,Yuan Zi Ming ,Xue Hui Wei Episode : 30 Original Network: Sohu #SoulKingdom #不思异 : 志怪 #MysticTales

The Demon Hunter's Romance နှောင်ကြိုးစစ် သုံးထောင်သော ချည်နှောင်ခြင်းမျိုးတွင် ချစ်မေတ္တာနှင့်ချည်သောကြိုးမျှင်ကို စည်းဆိုတဲ
+4
The Demon Hunter's Romance နှောင်ကြိုးစစ် သုံးထောင်သော ချည်နှောင်ခြင်းမျိုးတွင် ချစ်မေတ္တာနှင့်ချည်သောကြိုးမျှင်ကို စည်းဆိုတဲ့ တံတိုင်းကြီးဟာ ယှဥ်ပြိုင်နိုင်ဝံ့လေမလား ... သာယာဝပြောလှတဲ့ Guangping ဆိုတဲ့မြို့တော်လေးမှာ လူသားတွေနဲ့ မိစ္ဆာအသွင်သဏ္ဌာန်ကိုဖုံးကွယ်ပြီး လူသားအသွင်ပြောင်းထားကြတဲ့ မိစ္ဆာတွေ အတူတကွပူးတွဲရောနှောနေထိုင်ကြပါလေတယ် ... ထူးခြားတဲ့သူတစ်ယောက် အဲဒီမြို့က လူကုံထံမိသားစုရဲ့သမီးဖြစ်သူ Ban Xia လေးဟာ ထူးဆန်းတဲ့ မျက်လုံးတစ်စုံရှိပြီး မိစ္ဆာတွေရဲ့အရိပ်တွေကို မကြာခဏ မြင်တွေ့နိုင်တဲ့သူဖြစ်တာကြောင့် ဘယ်လောက်ပဲအနေအထိုင်ကောင်းပါစေ Ban Xia လေးကို "အရူး" လို့တိုးတိုးတိတ်တိတ်ခေါ်ကြပါတယ် ... Ban Xia ဟာ သူ့ဝမ်းကွဲရဲ့ခယ်မဖြစ်သူဟာ မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း ဖော်ထုတ်လိုက်တဲ့အခါမှာ သူ့အား လိုက်ရှာရင်း မိစ္ဆာဖမ်းသူ Xuan Ye နဲ့တွေ့ဆုံသွားချိန် ... Xuan Ye ရဲ့ Banxia မျက်လုံးဆီနမ်းလိုက်တဲ့နူးညံ့သိမ်မွေ့တဲ့အနမ်းတစ်ချက်ကြောင့် Banxiaဟာ လူသားနဲ့မိစ္ဆာတွေရောနှောနေတဲ့လောကကြီးကိုစေ့စေ့စပ်စပ်တွေ့မြင်သွားပြီး Guangping မြို့ရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်ပေါင်းများစွာကို အတူတကွစုံစမ်းကာ Xuan Ye နဲ့ Banxia လေးဟာ နှလုံးသားချင်းနီးစပ်လာကြတဲ့အခါမှာတော့ ... မိစ္ဆာနဲ့လူသားကြားကပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ပုံဖော်ရိုက်ကူးထားတဲ့ The Demon Hunter's Romance ဆိုတဲ့ Fantasy Drama ဇာတ်လမ်းလေးမှာ သူတို့နှစ်ဦးရဲ့အချစ်ခရီးလမ်းလေးဟာ ဖြောင့်ဖြူးပါ့မလား ? Xuan Ye မှာကရောဘယ်လိုလျှို့ဝှက်ချက်မျိုးရှိနေသေးတာလဲဆိုတာ မကြာခင်မှာ SoulKingdom ကနေတင်ဆက်ပေးမဲ့ ဒီကားလေးမှာစောင့်မျှော်ကြည့်ပေးသွားကြပါဦး .... Native name : 无忧渡 Starrings : Ren Jia Lun & Song Zu Er Genres : Adventure, Romance, Drama, Fantasy Episodes : 36 Duration : 45 min Aired : 2025 12 April Original Network : iQIYI #无忧渡 #RenJiaLun #SongZuEr #TheDemonHunterRomance #SoulKingdom

𝗟𝗲𝗴𝗲𝗻𝗱𝘀 𝗼𝗳 𝘁𝗵𝗲 𝗖𝗼𝗻𝗱𝗼𝗿 𝗛𝗲𝗿𝗼𝗲𝘀: 𝗧𝗵𝗲 𝗚𝗮𝗹𝗹𝗮𝗻𝘁𝘀 2025 အကျဉ်း~ စစ်မက်ထူပြောတဲ့ခေတ်မှာ မွေးဖွားလာတ
𝗟𝗲𝗴𝗲𝗻𝗱𝘀 𝗼𝗳 𝘁𝗵𝗲 𝗖𝗼𝗻𝗱𝗼𝗿 𝗛𝗲𝗿𝗼𝗲𝘀: 𝗧𝗵𝗲 𝗚𝗮𝗹𝗹𝗮𝗻𝘁𝘀 2025 အကျဉ်း~ စစ်မက်ထူပြောတဲ့ခေတ်မှာ မွေးဖွားလာတဲ့ ကောကျင့်ဟာ ငယ်စဉ်ကတည်းက မွေးရပ်ဌာနေကနေ ထွက်လာခဲ့ပြီး သိုင်းလောကထဲ လှည့်လည်ရင်း ဆရာတွေရဲ့ ချီးမြှောက်ခံရကာ နဂါးနိုင်လက်ဝါးသိုင်း, မရဏသိုင်းကျမ်းစတဲ့ ခေတ်တစ်ခေတ်ရဲ့ နာမည်ကြီးသိုင်းပညာတွေကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ သို့ပေမဲ့ ကောကျင့်မှာ မောက်မာမှုမရှိဘဲ ဖြုစင်တဲ့ နှလုံးသားနဲ့ သူချစ်ရတဲ့ဟွမ်ရုံနဲ့တူတူ တိုင်းပြည်ကာကွယ်ဖို့ပဲ စိတ်ထဲထည့်ထားခဲ့ပါတယ် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်ရဲ့ဦးဆောင်မှုအောက်မှာ မွန်ဂိုတွေဟာ မြောက်ပိုင်း ကျင်းမင်းဆက်ကို အနိုင်ရယူပြီးနောက် တောင်ပိုင်း စုန့်ပြည်ထောင်ကို သိမ်းပိုက်ဖို့အတွက် ကြိုးစားလာခဲ့ပါတယ်။ အဲဒီလို အရေးပေါ်အချိန်မှာ တိုင်းပြည်ကို ချစ်မြတ်နိုးကြတဲ့ မြေပြန့်ဒေသမှ သိုင်းသမားကောကျင့်က ဦးဆောင်ပြီး နာမည်ကြီး မြေပြန့်ဒေသ သိုင်းပညာရှင်တွေ စုရုံးကြကာ သာ့စုန့်ပြည် ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ရှေ့တန်းထွက်လာခဲ့တဲ့အခါ..... အရင် စီးရီးမှာ မရိုက်ပြခဲ့တဲ့ ကောကျင့်ဘယ်လိုမျိုး တိုင်းပြည်ကာကွယ်တဲ့ စစ်သူကြီးဖြစ်လာခဲ့လဲဆိုတဲ့အပိုင်းတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။

စမ်းချင်သလိုစမ်း ဆရာကြီးပဲ Hidden Master /侠客行不通 (2025) 🗡️ ဇာတ်လမ်းအညွှန်း 🗡️ သိုင်းလောကကြီးမှာ အောင်မြင်ချင်ရင် ဘာရှိဖို့လိ
+1
စမ်းချင်သလိုစမ်း ဆရာကြီးပဲ Hidden Master /侠客行不通 (2025) 🗡️ ဇာတ်လမ်းအညွှန်း 🗡️ သိုင်းလောကကြီးမှာ အောင်မြင်ချင်ရင် ဘာရှိဖို့လိုလဲ... သေမတူ ရှင်မကွာ ငရဲကိုတောင် အတူတူလိုက်‌ပေးမဲ့ ညီအစ်ကိုတစ်အုပ် လိုတာပေါ့ဗျာ ဒီလိုပဲ ဒီကားလေးထဲမှာလည်း သူရဲကောင်းဖြစ်ချင်တဲ့ ကောင်ငယ်လေး Gou Lingfeng ရယ် ကြက်ခေါင်းဆိတ်မခံ တစ်ခွန်းမကျန် ပက်ခနဲပြောပစ်တတ်တဲ့  Xia Baihua ရယ် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဆက်ခံသူ သခင်ငယ်လေးဖြစ်တဲ့ Heng Zhuge တို့ သုံးယောက်ပေါင်း လောင်းကျော်အဖွဲ့ကြီးနဲ့ သိုင်းလောကရဲ့ ဘုံရန်သူ မိစ္ဆာဂိုဏ်းကြီး ထိပ်တိုက်တွေ့ကြတဲ့အခါ ....

My Destined Consort နွေလေပြည် ဆောင်ကျဥ်းသော (春来定风波) =============== ကဲ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ကြင်နာတတ်တဲ့အမျိုသမီးတစ်ဦးဟာ
+3
My Destined Consort နွေလေပြည် ဆောင်ကျဥ်းသော (春来定风波) =============== ကဲ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ကြင်နာတတ်တဲ့အမျိုသမီးတစ်ဦးဟာ မိခင်စိတ်ဓာတ်အပြည့်နဲ့ သားဖြစ်သူအတွက် အန္တရာယ်တောထဲမှာ အရဲစွန့်ပြီး ဆေးသွားရှာမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း >>>>> စိတ်သဘောထားဖြူစင်လွန်းတဲ့ Shen အိမ်တော်ကသမီးဖြစ်သူ Shen Jiang Liဟာ မင်္ဂလာပွဲမှာ အကောက်ကြံခံရလို့ ဘိုးဘေးဘုံကျောင်းမှာ အကျယ်ချုပ်နေခဲ့ရပါတယ် အန္တရာယ်များတဲ့မီးဖွားခြင်းကနေ ကျော်လွန်နိုင်ခဲ့ပေမဲ့ သားဖြစ်သူ Yan Yan မှာ နာတာရှည်ရောဂါစွဲကပ်နေတယ်ဆိုတာ သိရှိသွားတဲ့အချိန်... သားဖြစ်သူအတွက်ဆေးဟာလည်း Lu အိမ်တော်မှာပဲရှိလို့ Lu Jingmingကို သံသယဝင်ပြီး အန္တရာယ်များမှန်းသိရက်နဲ့ Lu အိမ်တော်ထဲဝင်ဖို့ဖြစ်လာတဲ့အခါမှာတော့.... Lu အိမ်တော်မှာ ဘယ်လိုဒုစရိုက်တွေရှိနေမလဲ.... Shen Jiang Li နဲ့ Lu Jingming ကြား နားလည်မှုလွဲတာရော ဘယ်လိုပျက်ပြယ်သွားမှာလဲ.... အခက်အခဲတွေကို ဘယ်လိုဘယ်ပုံအတူတူရင်ဆိုင်သွားကြမလဲဆို‌တာကိုတော့ SoulKingdom မှာ မကြာမီထုတ်လွှင့်တော့မှာဖြစ်လို့ အတူတူရှုစားလိုက်ကြရအောင်နော် ~ Native Title: 春来定风波 Starrings: Xu Hai Qiao, Hai Lu Genres: Historical, Romance, Medical Country: China Type: Drama Episodes: 28 Aired : 10 April 2025 Original Network: Tencent Video #ReviewedbyYuan #MyDestinedConsort #XuHaiQiao #HaiLu #春来定风波 #SK #SoulKingdom

🍃ကြမ္မာနှင်တဲ့ ဆောင်းဦးအလီလီ🍃 Clash of the Titans /千秋令(2025) Hi Soulers လေးတို့ရေ ဒီတစ်ခေါက်မှာတော့ Tong Meng Shi နဲ့ Zhan
+5
🍃ကြမ္မာနှင်တဲ့ ဆောင်းဦးအလီလီ🍃 Clash of the Titans /千秋令(2025) Hi Soulers လေးတို့ရေ ဒီတစ်ခေါက်မှာတော့ Tong Meng Shi နဲ့ Zhang Yu Xi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်လမ်းတွဲအသစ်ကလေးနဲ့  မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်း အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုးဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ဒွန်တွဲတိုက်ခိုက်လာခဲ့ကြပါတယ်။ သူတော်ကောင်းလမ်းစဉ်ရဲ့ခေါင်းဆောင် Fengyue Jianzun နဲ့ နတ်ဆိုးကြယ်သခင်Feng Xing တို့ဟာ အဆုံးအဖြတ်ပေးနိုင်မဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြပါတယ်။ လူငယ်နှစ်ယောက် ဖြစ်ကြတဲ့ Shen Shao You နဲ့ Feng Li Xue တို့ဟာ မထင်မှတ်ဘဲ မိတ်ဆွေတွေဖြစ်ခဲ့ကြပေမဲ့ Shen Shao You က သူ့ဆရာကိုကာကွယ်ဖို့အတွက်  Feng Li Xue ကို ချောက်ကမ်းပါးကနေ တွန်းချခဲ့ပါတယ်။ ချောက်ကမ်းပါးကနေ တွန်းချခံရတဲ့ Feng Li Xueက နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေရဲ့ဂိုဏ်းက ပထမဆရာ Chong Hua ဆီက ကယ်တင်ခံခဲ့ရပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ကံကြမ္မာအရ Feng Li Xue ဟာ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး Shen Shao You ကလည်း သူတော်ကောင်းလမ်းစဉ်ကျင့်ကြံသူဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ကြပြီးတဲ့နောက် မိတ်ဆွေဟောင်းနှစ်ယောက်အချင်းချင်းသတ်ဖြတ်ကြရဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ် (အညွှန်းရေးသားသူကတော့ Sunny ပဲဖြစ်ပါတယ်) Native Title: 千秋令 Also Known As: Qian Qiu Ling Starring: Tong Meng Shi & Zhang Yu Xi Genres: Romance, Wuxia, Fantasy Episodes: 40 Airs : April 8,2025-??? Original Network: Hunan TV Mango TV #ReviewbySunny #DestinyAndSaving #ClashOfTheTitans #SoulKingdom

👮‍♀️အမျိုးသမီးအထူးတပ်ဖွဲ့ 👮‍♀️ Sisters In Arms (女巡特警之蜂鸟突击队 2025) ကျွမ်းကျင်ထက်မြက်တဲ့လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ Binjiangမြိ
+3
👮‍♀️အမျိုးသမီးအထူးတပ်ဖွဲ့ 👮‍♀️ Sisters In Arms (女巡特警之蜂鸟突击队 2025) ကျွမ်းကျင်ထက်မြက်တဲ့လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ Binjiangမြို့ရဲ့ အတော်ဆုံး အထူးတပ်ဖွဲ့ Hummingbirdအဖွဲ့ဟာ ရာဇဝတ်မှုတွေကို နည်းဗျူဟာအမျိုးမျိုးနဲ့ တိုက်ဖျက်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အမျိုးသမီးတပ်သားများစွာပါဝင်နေပေမဲ့ အသက်ကိုမမှုဘဲ အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ၊ ခက်ခဲလှတဲ့ဖမ်းဆီးမှုတွေကို ရှေ့ဆုံးကပါဝင်ဆောင်ရွက်နေသလို ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ သူတို့အဖွဲ့အတွက် အဓိကပါတဲ့။ စုံထောက်ကားတွေ၊ အမိုက်စားActionကားတွေကြိုက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ကားလေးဖြစ်လို့ SKမှာ စောင့်ကြည့်ပေးဖို့မမေ့ကြနဲ့နော်။ (အညွှန်းရေးသားသူကတော့ Bai Xue ဖြစ်ပါတယ်။) Native Title: 女巡特警之蜂鸟突击队 Starrings: Jiang Lu Xia, Yang Xing, Zhao Zhi Yao, Li Yu Tong Released Date : March 27, 2025 - April 14, 2025 Episode: 24 #ReviewedByBaiXue #女巡特警之蜂鸟突击队 #SistersInArms #JiangLuXia #YangXing #ZhaoZhiYao #LiYuTong #SK #SoulKingdom

အချစ်စစ်ဟုတ်ရဲ့လား 值得爱 (Such a Good Love) ဇာတ်လမ်းအကျဉ်း ပေကျင်းမြို့ပေါ်က အရည်အချင်းရှိတဲ့ ကောင်လေး Zhou Shui ဟာ ရိုးသားတဲ့မ
အချစ်စစ်ဟုတ်ရဲ့လား 值得爱 (Such a Good Love) ဇာတ်လမ်းအကျဉ်း ပေကျင်းမြို့ပေါ်က အရည်အချင်းရှိတဲ့ ကောင်လေး Zhou Shui ဟာ ရိုးသားတဲ့မိန်းကလေး Da Ji နဲ့ ဆုံမိပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ် နှစ်ဦးသားဟာ ငှားထားတဲ့ အခန်းကျဉ်းလေးထဲမှာ  လှပတဲ့အနာဂတ်ကို အတူစိတ်ကူးယဉ်ကြရင်း ခက်ခဲတဲ့ နေ့ရက်တွေကြားမှာ ပျော်ရွှင်မှုကိုရှာဖွေကာ အချင်းချင်းဖေးမရင်း ဖြတ်သန်းခဲ့ကြပါတယ် ဒီလိုနဲ့ နှစ်ဦးရဲ့ဇာတ်လမ်းပုံပြင်ကို ၁၈ နှစ်ကြာပြီးနောက်မှာ လူငယ်စုံတွဲတစ်တွဲက မတော်တဆ ရှာဖွေတွေ့ရှိသွားခဲ့ပြီး ထိုအချစ်ပုံပြင်ကို ကြည့်ရှုသူနဲ့ ဝေဖန်သူတွေ ဖြစ်လာခဲ့ကြပါတယ် မျိုးဆက်နှစ်ခုရဲ့ ယခုလိုဆုံတွေ့မှုဟာ လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာအပေါ် ပြန်လည်သုံးသပ်မိစေတဲ့အခါ ... "ဒါဟာ တကယ်ပဲတန်ရဲ့လား" ? "သူတို့လိုမျိုး သတ္တိရှိနိုင်ပါ့မလား" ? Native Title : 值得爱 English Title : Such a Good Love Starring : Wang An Yu, Wang Yu Wen Episodes : 26 Airs : 2 April ,2025 Original Network : CCTV, Tencent Video #ReviewByPanda #SoulKingdom #值得爱

တစ်သက်တာ ထာ၀ရ 念无双 (A Moment But Forever) ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားမှာ စ
+9
တစ်သက်တာ ထာ၀ရ 念无双 (A Moment But Forever) ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားမှာ စစ်ပွဲတွေမပြတ် ဖြစ်ပွားခဲ့ပြီး သူတော်စင်နတ် Tai He ဟာ နတ်ဆိုးတွေကို ချိပ်ပိတ်တံဆိပ်ခတ်ဖို့ ကမ္ဘာ လောကရဲ့ တန်ခိုးအကြီးဆုံး ရှေးဟောင်းလက်နက်ဖြစ်တဲ့ "နတ်ဘုရားလက်ဝဲလက်" ကို အသုံးပြုခဲ့ပါတယ် ဒါပေမဲ့ ထိုရှေးဟောင်းပစ္စည်းဟာ ကျိုးအက်သွားခဲ့ပြီး လူ့ပြည်လောကထဲကို ကျရောက်သွားကာ ထိုအချိန်ကစပြီး သူတော်စင်နတ်တွေဟာ ကြာမြင့်စွာ အိပ်မောကျကုန်ပြီး ဘုံသုံးဘုံလုံး နတ်ဘုရားေတွရဲ့ အရိပ်အယောင်ကို မတွေ့ရဘဲ ရှိနေခဲ့ပါတယ် ပရမ်းပတာဖြစ်မှု တွေကို အခွင့်ကောင်းယူပြီး  စစ်ပွဲတစ္ဆေမျိုးနွယ်စုဟာ စစ်ပွဲကို စတင်ခဲ့ပါတယ် နတ်ဘုရားမေလး Wu Shuang ဟာ ကောင်းကင်ဘုံရဲ့ စေလွှတ်မှုကြောင့် လူသားမိန်းကလေးတစ်ဦးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ် သူမဟာ နတ်ကျွန်မိသားစုဖြစ်တဲ့ You Hu မျိုးနွယ်စုရဲ့ ဂူထဲကို ဝင်ရောက်ကာ ယဇ်ပုရောဟိတ် Yuan Zhong ရဲ့  အစေအပါးဖြစ်လာပြီး သူ့ခန္ဓာကိုယ်တွင်းထဲမှာ အချိန်ကြာဝင်ရောက် တည်ရှိနေခဲ့တဲ့ "နတ်ဘုရားလက်ဝဲလက်"ကို ပြန်လည်ရယူဖို့ ကြံစည်ခဲ့ပါတယ် တဖြည်းဖြည်းနဲ့ Wu Shuang ဟာ မျိုးနွယ်စုကနေ ခွဲခြားဆက်ဆံခြင်းကို ခံရတဲ့ Yuan Zhong ကို စာနာသနားသွားပြီး Yuan Zhong ကိုကူညီကာ ကာကွယ်ရင်း ကျန်ရှိနေတဲ့အချိန်ကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်  ဒါပေမဲ့ ပြန်လည်အသက်ဝင်လာခဲ့တဲ့ စစ်ပွဲတစ္ဆေမျိုးနွယ်စုကြောင့် အန္တရာယ်ဟာ တစ်ဖန်ကျရောက်လာပြန်တဲ့အခါ ... Native Title : 念无双 English Title : A Moment But Forever Starring : Tang Yan, Liu Xue Yi, Guo Xiao Ting, Wang Hong Yi, Zhou Ke Yu, Yang Xi Zi Episodes : 36 Aired : March 27,2025 Original Network : CCTV, IQIYI #ReviewByPanda #念无双 #SoulKingdom

စိတ္တဇကျားစေ့ခုံ 棋士 Playing Go ကဲ ကဲ လာပြန်ပါပြီ ရင်ခုန်စိတ်လှုပ်ရှား ဥာဏ်ကစားရဦးမဲ့ အက်ရှင်စုံထောက်ကားလေး သာမန်ကျားထိုးဆရာတ
+2
စိတ္တဇကျားစေ့ခုံ 棋士 Playing Go ကဲ ကဲ လာပြန်ပါပြီ ရင်ခုန်စိတ်လှုပ်ရှား ဥာဏ်ကစားရဦးမဲ့ အက်ရှင်စုံထောက်ကားလေး သာမန်ကျားထိုးဆရာတစ်ယောက်ဖြစ်တဲ့ Cui Ye ဟာမမျှော်လင့်ဘဲ ဓါးပြမှုတစ်ခုမှာ ဓါးစားခံအဖြစ် အဖမ်းခံခဲ့ရပါတယ် သူဟာကိုယ့်ကိုယ်ကာကွယ်ဖို့အတွက် ဓါးပြတွေကိုရဲလက်ကလွတ်အောင်ထွက်ပြေးရာမှာကူညီခဲ့ရပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့ကျားထိုးပါရမီကို ရာဇဝတ်မှုတွေမှာ ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကို သူတွေ့ရှိလာပါတယ် ဒီလိုနဲ့ နေ့စဥ်လူနေမှုဘဝရဲ့ ဖိအားတွေအောက်မှာ Cui Ye ဟာ ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ ဒုစရိုက်လမ်းအပေါ် တဖြည်းဖြည်းရောက်လာပါတော့တယ်။ တစ်ဖက်မှာလည်း ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အစ်ကိုဖြစ်သူ Cui Wei ကတော့ သူ့ညီကို လမ်းမှန်ပေါ်ပြန်ရောက်လာအောင် အစွမ်းကုန်ကြိုးစားပါတယ် Cui Wei တစ်ယောက်သူ့ရဲ့ညီ Cui Ye ကို သူဖြစ်စေချင်တဲ့အတိုင်း ပြန်ဖြောင်းဖျနိုင်လိမ့်မလား ? ညီအစ်ကို ၂ ယောက်ကရော မတူညီတဲ့လမ်းပေါ်လျှောက်ရင်း ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာတော့... ... Native Title: 棋士 English Title: Playing Go Genres: Thriller, Crime Starring: Wang Bao Qiang, Chen Ming Hao Episodes: 24 Airs : March 25 ,2025 Original Network: Tencent Video #ReviewByDD #棋士 #SoulKingdom #PlayingGo

ဂန္ဓာရီသိုင်းလမ်းခရီးကြမ်း 凡人修仙传 The Immortal Ascension 2025 မကြာခင်ထွက်ရှိလာတော့မယ်လို့ သတင်းတွေကြားနေရတဲ့ မင်းသားချောလေး Ya
ဂန္ဓာရီသိုင်းလမ်းခရီးကြမ်း 凡人修仙传 The Immortal Ascension 2025
မကြာခင်ထွက်ရှိလာတော့မယ်လို့ သတင်းတွေကြားနေရတဲ့ မင်းသားချောလေး Yang Yang ရဲ့ A Record Of A Mortal's Journey To Immortality ကို LA ဗားရှင်းရိုက်ကူးထားတာလေး
ဇာတ်လမ်းအကျဉ်း ရွာလေးတစ်ရွာက သာမန်ဆင်းရဲသားလေး ဟန်လိဟာ သိုင်းလောကရဲ့ ဂိုဏ်းငယ်တစ်ခုထဲကို မတော်တဆ ဝင်ရောက်သွားခဲ့ပါတယ် သူ့ရဲ့အရည်အချင်းတွေက သာမန်ဆိုပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျိုးကြောင်းသင့်တွက်ချက်မှုတွေကြောင့် ဂိုဏ်းထဲမှာ တဖြည်းဖြည်းနေရာရလာခဲ့ပါတယ် ဟန်လိဟာ သူတော်စဉ်လမ်းစဉ်ကို ကျင့်ကြံဖို့ အန္တရာယ်တွေကို ဘယ်လိုရှောင်ရှားရမလဲ ? သူတော်စင်နတ်ဖြစ်လာဖို့ ကျင့်ကြံတဲ့ လမ်းတလျှောက်မှာ နတ်ဆိုးတွေနဲ့ ကောင်းကင်ဘိုးဘေးရဲ့စိန်‌ခေါ်စမ်းသပ်မှုတွေကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာ ... ဒီကားလေးထွက်ရှိလာတဲ့အချိန်မှာ SoulKingdom ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် #SoulKingdom #凡人修仙传 #TheImmortalAscension

🤩အထက်တန်းလွှာက မိန်းမမြတ်ဂုဏ်ရည်🤩 The Glory / 雁回时 (2025) ကဲ ဒီတစ်ခါမှာတော့ Historical & Romance အမျိုးအစားနှစ်ခုကိုပေါင်းစပ
+9
🤩အထက်တန်းလွှာက မိန်းမမြတ်ဂုဏ်ရည်🤩 The Glory / 雁回时 (2025) ကဲ ဒီတစ်ခါမှာတော့ Historical & Romance အမျိုးအစားနှစ်ခုကိုပေါင်းစပ်ထားတဲ့ The Glory ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါမယ်နော် ... ငယ်စဥ်ကတည်းက ပစ်ပယ်ခံခဲ့ရပြီး တောင်ပိုင်းနယ်အစွန်အဖျားမှာသာရှင်သန်ခဲ့ရတဲ့မိန်းကလေး - Zhuang Han Yan ထူးဆန်းတဲ့ဝေဒနာကိုခံစားနေရပြီး ဂုဏ်ပညာသီလနဲ့ပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ကို လက်ဆက်ဖို့ရာရှာဖွေနေတဲ့ တော်ဝင်တရားရုံးတော်ရဲ့ ငယ်ရွယ်တဲ့အမတ်မင်း - Fu Yun Xi တစ်ရက် Zhuang Han Yan တစ်ယောက်မြို့တော်မှာရှိတဲ့ ကျွမ်းအိမ်တော်ကိုပြန်လာဖို့အကြောင်းဖန်လာရင်းကနေမှ Fu Yun Xi နဲ့တွေ့ဆုံခဲ့ပြီးနောက်မှာတော့ Han Yan ရဲ့ ကိုယ်ကျင့်သီလ သတ္တိ စိတ်နေစိတ်ထားကိုမြင်တွေ့လိုက်ရတဲ့အခါ Fu Yun Xi ရဲ့ အာရုံစူးစိုက်မှုကိုရရှိသွားပါတော့တယ် သို့ပေမဲ့ ကလေးဘဝကတည်းကနေလို့ မြို့တော်ကိုစွန့်ခွာခဲ့ရတဲ့ Zhuang Han Yan တစ်ယောက် ဘယ်လိုအရာတွေကိုကြုံခဲ့ရတာလဲ Fu Yun Xi ရဲ့ အာရုံစိုက်မှုကရော Zhuang Han Yan အတွက် ဘယ်လိုအရာတွေကိုဖြစ်စေမှာလဲ မြို့တော်ကိုပြန်ရောက်လာချိန်မှာ Zhaung အိမ်တော်နဲ့ သူ့ရဲ့ကံကြမ္မာကဖြောင့်ဖြူးနေပါဦးမလား စတာတွေကို မကြာခင်မှာ SoulKingdom ကနေပြီး ပရိသတ်ကြီးဆီကို ဘာသာပြန်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြည့်ရှုပေးကြပါဦးနော် ... Native Title: 贵女 Also Known As: Gui Nv , 貴女 Director: Yang Long Screenwriter: Cao Xiao Tian Genres: Historical, Romance Starring : Chen Du Ling & Xin Yun Lai Country: China Type: Drama Episodes: 30 Airs:  18 March 2025 - ??? Original Network: Tencent Video #TheGlory #贵女 #雁回时 #SoulKingdom

Ski into Love 嘘,国王在冬眠 နှင်းငွေ့သက် ချစ်ရိပ်ခြယ် "ကိုယ်တို့ဟာ အထီးကျန်သစ်ပင်ကြီးအောက်က လိုက်ဖက်ညီတဲ့ဝိညာဥ်ဘက်လေးတွေပေါ့" ဇာတ်လ
+2
Ski into Love 嘘,国王在冬眠 နှင်းငွေ့သက် ချစ်ရိပ်ခြယ် "ကိုယ်တို့ဟာ အထီးကျန်သစ်ပင်ကြီးအောက်က လိုက်ဖက်ညီတဲ့ဝိညာဥ်ဘက်လေးတွေပေါ့" ဇာတ်လမ်းအကျဥ်း Manga စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Wei Zhi ဟာ မကောင်းသတင်းတစ်ခုကြောင့် သူ့ရဲ့ ကလောင်နာမည်နဲ့ မူပိုင်ခွင့်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုအိပ်မက်တွေရိုက်ချိုးခံလိုက်ရတဲ့ Wei Zhi တစ်ယောက် Beishan Snow Resort ကိုသွားရင်း နှင်းလျှောစီးခြင်းနဲ့ပတ်သက်ပြီး နှင်းလျှောစီးချန်ပီယံဟောင်း Shan Chong နဲ့ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ... ကံကြမ္မာခါးသီးတဲ့အချိန် ဆုံမှတ်တစ်ခုမှာ တွေ့ဆုံကြတဲ့သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေဟာ ထပ်တူကျပါ့မလား ??? Native Title: 嘘,国王在冬眠 Starrings: Esther Yu & Lin Yi Genres: Romance, Sports Country: China Type: Drama Episodes: 32 Airs: 2025 Original Network: Youku Duration: 45 min. #SkiintoLove #嘘国王在冬眠 #SoulKingdom