en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 455 subscribers, ranking 18 002 in the Movies category and 8 645 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 455 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 112 over the last 30 days and by 2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.94%. Within the first 24 hours after publication, content typically collects 2.66% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 843 views. Within the first day, a publication typically gains 410 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 455
Subscribers
+224 hours
+417 days
+11230 days
Posts Archive
Better Halves 明媒善娶 နှစ်လွှာတစ်ရွက် ဇာတ်လမ်းအကျဥ်း ကလေးဘဝကတည်းကနေလို့ အထက်တန်းလွှာအိမ်တော်မှာ ပိုးမွေးသလိုမွေးမြူခြင်းခံခဲ့ရတာ
+5
Better Halves 明媒善娶 နှစ်လွှာတစ်ရွက် ဇာတ်လမ်းအကျဥ်း ကလေးဘဝကတည်းကနေလို့ အထက်တန်းလွှာအိမ်တော်မှာ ပိုးမွေးသလိုမွေးမြူခြင်းခံခဲ့ရတာကြောင့် ဘဝကိုစည်းစိမ်ယစ်မူးစွာနဲ့ပဲ ဖြတ်သန်းချင်ပေမဲ့လည်း မိခင်ဖြစ်သူကတော့ မိသားစုစီးပွားရေးလုပ်ငန်းကို ဦးဆောင်စေချင်နေတဲ့ သခင်မလေး Shi Fa Ke ဧကရာဇ်မင်းမြတ်ကနေပြီး လျှို့ဝှက်ကာ နန်းမြို့တော်ရဲ့ အာဏာအလွဲသုံးစားမှုအကြောင်းစုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခြင်းခံရတာကြောင့် လူချမ်းသာအသွင်နဲ့ နန်းတွင်းအမတ်လေး  Lu Chi တစ်နေ့မှာတော့ သူတို့နှစ်ဦးဆုံတွေ့ကြပြီး Shi Fa Ke ဟာ Lu Chi အတွက်အောင်သွယ်တော်လုပ်ပေးရင်းကနေ လောကထိပ်တန်း အောင်သွယ်လုပ်ငန်းစုကြီးအဖြစ်ကြိုးစားဖို့ရည်မှန်းချက်ချခဲ့ပါတယ်။ ဒီလိုနဲ့အတူလက်တွဲလုပ်ဆောင်ရင်း ၂ဦးသားရည်မှန်းချက်တွေပြည့်မြောက်သွားမလား ဆိုတာကိုတော့ ... SoulKingdom ကနေပြီး တင်ဆက်ပေးတော့မှာဖြစ်လို့ အားပေးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ... Native Title: 明媒善娶 Starrings: Ren Hao & Snow Kong Also Known As: Ming Mei Shan Qu Genres: Historical, Comedy, Romance, Political Country: China Type: Drama Episodes: 25 Original Network: iQiyi #BetterHalves #RenHao #SnowKong #明媒善娶 #SoulKingdom #SK

The Immortal Ascension 2025 ဂန္ဓာရီသိုင်းလမ်းခရီးကြမ်း ======================= ရွာငယ်ကလေးတစ်ရွာမှာ မထင်မရှား သာမန်လူငယ်လေးတစ်
+2
The Immortal Ascension 2025 ဂန္ဓာရီသိုင်းလမ်းခရီးကြမ်း ======================= ရွာငယ်ကလေးတစ်ရွာမှာ မထင်မရှား သာမန်လူငယ်လေးတစ်ဦးဟာ သိုင်းလောကမှ ဂိုဏ်းငယ်ကလေးတစ်ခုသို့ ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် ဂိုဏ်းသားအစစ်အမှန်အဖြစ်တော့ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါဘူး။ မွေးဖွားကြီးပြင်းလာကတည်းက သာမန်မျက်နှာမွဲကလေး ဟန်လီတစ်ယောက်အဖို့ ဂိုဏ်းထဲမှာ ဘယ်လိုခြေချရပ်တည်နိုင်ခွင့် ရရှိနိုင်ပါ့မလဲ? သူ့မှာ သာမန်အရည်ချင်းသာသာပဲရှိသေးတဲ့အတွက် ကောက်ကွေ့ပရိယယ်များလွန်းလှတဲ့ သိုင်းကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်ရတော့မှာဖြစ်သလို တစ်ခြားတစ်ဖက်မှာလဲ လေ့ကျင့်နေစဉ်မှာ အန္တရယ်ပေးနိုင်သူများ မသိရှိနိုင်အောင်လဲ ရှောင်ရှားနိုင်မှဖြစ်လိမ့်မယ်။ သာမန်သေမျိုးလူသားကလေးတစ်ဦးက မဖြစ်နိုင်တာတွေ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ခြင်း ဆိုးဝါးလွန်းလှတဲ့ မိစ္ဆာတွေ ရှေးဟောင်းနတ်ဒေဝတာတွေနဲ့ ရင်ဆိုင်တိုက်ပွဲဆင်နွဲရခြင်းတို့ပါပဲ။ ဒါတွေအားလုံးဟာ သူ့အတွက် တန်ခိုးရှင်မသေမျိုးနွယ်တစ်ဦးဖြစ်လာဖို့ သူလျှောက်လှမ်းခဲ့ရတဲ့ သိုင်းဂန္ဓာရီထွက်ရပ်လမ်းတစ်လျှောက် ကြုံတွေ့ရမယ့်အကြောင်းအရာ အဖြစ်အပျက်တွေဖြစ်လာပါတော့တယ်။

Treacherous waters ( 2004 ) HD ရေဆန်ဓား ========================= ငယ်ငယ်က မြဝတီရုပ်သံလိုင်းမှာ လာသွားတဲ့ မျိုးချစ်သူရဲကောင်ကြ
Treacherous waters ( 2004 ) HD ရေဆန်ဓား ========================= ငယ်ငယ်က မြဝတီရုပ်သံလိုင်းမှာ လာသွားတဲ့ မျိုးချစ်သူရဲကောင်ကြီး နဂါးကိုးကောင် ချီရှောက်စန်း။ အနီဝတ်ရုံ ဟုန်လေး။ မိန်းမလျာလှံသိုင်းသမား ဟောင်လျန်ချွန်းဆွေ။ သရဲငို ရဲဒင်း ၊ သိုင်းသမား ကုရှိချောင် ၊ နန်းတွင်းမှာ ဘုရင်ကိုလုပ်ကြံဖို့အတွက်အမတ်ကြီးက သူ့သမီးနဲ့မျှားခဲ့တဲ့ ဇာတ်ကားလေး တစ်ပတ် တစ်ပိုင်း ပုံမှန် update လုပ်ပေးပါ့မယ်။ #ရေဆန်ဓား #Treacherouswater #ni shui han #Series lab

ငါးကလေးကားက CM member နဲ့ပြတာဖြစ်လို့ နောက်သုံးလလောက်နေမှပဲ တင်ပေးပါမယ်ဗျာ

The Proud Twin (2005) ငါးကလေး ကျွန်တော်တို့ငယ်ငယ်က နှစ်ခြိုက်စွာကြည့်ခဲ့ဖူးရတဲ့ ငါးကလေးဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမှတ်မိကြဦးမယ်ထ
The Proud Twin (2005) ငါးကလေး ကျွန်တော်တို့ငယ်ငယ်က နှစ်ခြိုက်စွာကြည့်ခဲ့ဖူးရတဲ့ ငါးကလေးဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမှတ်မိကြဦးမယ်ထင်ပါတယ် ဆရာကြီးကုလုံရဲ့ Classic Novel တစ်ခုဖြစ်ပီး ဒါရိုက်တာ Wong Jing က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေရရှိခဲ့သလို ဝေဖန်မှုတွေလဲ ကြုံခဲ့ရပါတယ် ဝေဖန်မှုကတော့ မူရင်း Novel နဲ့ မတူလို့ ကွဲထွက်လို့ဆိုပီး ဝေဖန်ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် 90s born တွေရဲ့ ရင်ထဲမှာတော့ ဒီဇာတ်ကားဟာ စွဲမြဲစွာတည်ရှိနေခဲ့ပြီး ဘယ် Remake ကိုမှ ခံစားလို့မရမှာကတော့သေချာပါတယ် ဒီဇာတ်ကားမှာ ငါးကလေးအဖြစ် မင်းသား Dicky Cheung နဲ့ ဟွားဝူချွဲအဖြစ် ပျိုမေချစ်ကြတဲ့ ဦး Nicholas Tse က ပါဝင်သရုပ်ဆောင်ထားပါတယ် ဖန်ပင်းပင်းကလဲ ထျဲရှင်းလန်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ငယ်ရွယ်ပျိုမြစ်တဲ့ သူမရဲ့အလှကိုလဲ တဝကြီးခံစားရဦးမှာပါ လူတစ်ယောက်ရဲ့အချစ်ကိုမရရှိခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ကြီးမားတဲ့အညိုးတွေကြောင့် ချစ်ရတဲ့လင်မယား၂ယောက်ဟာ အသက်ကိုစွန့်ခဲ့ရသလို သွေးချင်းညီအစ်ကို ၂ယောက်ဖြစ်တဲ့ ကလေး၂ယောက်ဟာလဲ မွေးပီးကတည်းက ကွဲကွာခဲ့ရပါတယ် အစ်ကိုဖြစ်သူဟာ ပျော်ပျော်ရွှင်ရွှင်နေတတ် ဉာဏ်နီဉာဏ်နက်များတဲ့ လူတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တယ် သိုင်းလောကရဲ့ လူဆိုးကြီး ဆယ်ယောက်လို့နာမည်ကြီးတဲ့ လူဆယ်ဦးဆီမှာ အတတ်ပညာပေါင်းစုံကိုသင်ရင်း သိုင်းလောကထဲကိုဆင်းလာခဲ့ပါတယ် ညီဖြစ်သူကတော့ သိုင်းလောကရဲ့ထိပ်တန်းဂိုဏ်းတခုဖြစ်တဲ့နေရာမှာ ကြီးပျင်းလာခဲ့ပြီး အရယ်အပြုံးဆိုတာမရှိ သိုင်းပညာအရမ်းတော်ပြီး အေးစက်စက်လူတစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ပါတယ် သူလဲသိုင်းလောကထဲဆင်းလာတဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်တဲ့အကို ဖြစ်သူနဲ့ အေးစက်စက်နေတတ်တဲ့ ညီဖြစ်သူတို့ မတော်တဆ ဆုံတွေ့ကြပါတော့တယ် ဒီဇာတ်လမ်းမှာ ချစ်ခြင်းမေတ္တာ , ရန်ငြိုး နဲ့ အမုန်းတရားတွေ , အာဏာတပ်မက်မှုတွေ ပေးဆပ်အနစ်နာခံစွန့်လွှတ်ခြင်းတွေ စတာတွေကို လှလှပပ နဲ့ပုံဖော်သွားတာမို့ ကြည့်ရှုသူတွေအတွက်တော့ ငိုရင်း ရယ်ရင်း စိတ်တိုရင်း စတဲ့ခံစားချက်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် လုံးဝမကြည့်ရသေးတာပဲဖြစ်ဖြစ် အကြည်အလင် HD Version ကို ပြန်ကြည့်ရှုခံစားချင်တာဖြစ်ဖြစ် လုံးဝကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲဖြစ်ကြောင်းကိုတော့ CM ကနေ အသေအချာညွှန်းပေးလိုက်ရပါတယ် ====================================== Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Comedy, Romance, Wuxia Runtime : 60 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By LK Encoded by LK ======================================

The General's Youngest Son 将军家的小儿子 စစ်သူကြီးအိမ်တော်ရဲ့အချစ်ခံလေး ဇာတ်လမ်းအကျဥ်း Li စစ်သူကြီးအိမ်တော်ရဲ့အလိုလိုက်ခံအချစ်တော်သ
+4
The General's Youngest Son 将军家的小儿子 စစ်သူကြီးအိမ်တော်ရဲ့အချစ်ခံလေး ဇာတ်လမ်းအကျဥ်း Li စစ်သူကြီးအိမ်တော်ရဲ့အလိုလိုက်ခံအချစ်တော်သခင်လေးတစ်ယောက် Li Jian Wei ဟာ မိသားစုလိုက်လုပ်ကြံခြင်းကြုံတွေ့ခဲ့ရကာ သေခြင်းတရားကနေလွတ်မြောက်ခဲ့ပေမဲ့ လက်စားချေဖို့အတွက် အထက်တန်းစားပျော်တော်ဆက်အနေနဲ့ ရုပ်ဖျက်ကာ Jian Wei ဆီထွက်လာပြီး Chen Xiaoxi နဲ့ဆုံတွေ့ပြီးတဲ့နောက်မှာ ပေါက်လာတဲ့ အချစ်အမုန်းခံစားချက်တွေကြား ဘယ်အရာကိုရွေးချယ်လိုက်မလဲဆိုတဲ့အကြောင်း ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုရမှာပါရှင့်။ နောက်တစ်ခုပြောချင်တာကတော့ ဒီကားလေးက BL ဇာတ်လမ်းတွဲကြိုက်နှစ်သက်တဲ့ အချစ်ကလေးတွေအတွက် သေချာပေါက်လက်မလွှတ်သင့်တဲ့ ကားလေးပါနော်။ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားတွေကလည်း အဆင်လေးတွေမို့ စောင့်မျှော်ကြည့်ရှုကြပါစို့ရှင့် .. Native Title: 将军家的小儿子 Starrings: Dong Zi Fan & Li Kai Wen Also Known As: Jiang Jun Jia De Xiao Er Zi, 将军家的小儿子 & The General's Youngest Son Genres: Historical Type: Drama Episodes: 24 #TheGeneralsYoungestSon #DongZiFan #LiKaiWen #将军家的小儿子 #SoulKingdom

ဆေးဆရာမလေးရဲ့အမှုစစ်မှတ်တမ်း 🎐🔎 Coroner's Diary [朝雪录] ကျဲကျဲ Li Lan Di နဲ့ကောကော Ao Rui Peng တို့ရဲ့စိတ်၀င်စားစရာအမှုစစ်မယ့
+7
ဆေးဆရာမလေးရဲ့အမှုစစ်မှတ်တမ်း 🎐🔎 Coroner's Diary [朝雪录] ကျဲကျဲ Li Lan Di နဲ့ကောကော Ao Rui Peng တို့ရဲ့စိတ်၀င်စားစရာအမှုစစ်မယ့်ကားလေးပါ 😻 ဇာတ်လမ်းအကျဉ်း 📝 တော်၀င်တရားရုံးတော်အမတ် Shen Yi ဟာမင်းသားကျင့်အမှုမှာ၀င်ပါမိတာကြောင့်တစ်အိမ်လုံးရက်စက်စွာအသတ်ခံခဲ့ရတယ်....သမီးဖြစ်သူ Shen Wan တစ်ယောက်ချင်အိမ်တော်ရဲ့သခင်မလေး၉ {Qin Wan} ‌အနေနဲ့ကျင်းကျိုးကိုထွက်ပြေးလာခဲ့တယ်... နဂိုကအားနည်းပြီးလူတကာအနိုင်ကျင့်တာကိုခံနေရတဲ့ Qing Wan {Shen Wan} ဟာအကျင့်စရိုက်ပြောင်းလဲလာခဲ့တယ်...ဆေးကုသတတ်ရုံတင်မကဘူးအလောင်းခွဲစိတ်ပြီးအမှုတွေကိုလည်းခွဲခြမ်းစိတ်ဖြာစစ်ဆေးနိုင်တယ်... အမှုစစ်ဆေးနေတဲ့အချိန်မှာ Qin Wan တစ်ယောက်မင်းသားရွေ့ {ဆက်ခံသူသခင်လေး Yan Chi} နဲ့သိလာခဲ့တယ်.... Yan Chi ကမင်းသားကျင့်ရဲ့အမှုကိုပြန်ဖော်ထုတ်ချင်နေတယ် ... Qin Wan ကလည်းသူ့အဖေအတွက်တရားမျှတမှုကိုပြန်ယူပေးချင်နေတယ် .... ရည်ရွယ်ချက်ချင်းတိုက်ဆိုင်နေတဲ့သူတို့နှစ်ယောက်အတူတူမြို့တော်ကိုပြန်လာခဲ့ကြတယ်...လမ်းခရီးမှာအတူတူထူးဆန်းတဲ့အမှုတွေရဲ့နောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်ခဲ့ကြတယ်... မြို့တော်ကိုပြန်ရောက်ပြီးတဲ့နောက်မှာမထင်မှတ်ဘဲတွေ့လိုက်တဲ့အရိုးစုကြောင့်မင်းသားကျင့်အမှုကိုပြန်ဖွင့်ခဲ့တယ်... သူတို့နှစ်ယောက်အမှန်တရားနဲ့နီးကပ်လာတာနဲ့အမျှနန်းတော်ထဲကလျှို့ဝှက်ချက်ကြီးတစ်ခုကိုတွေ့လာကြတယ်.... ဘယ်လိုစိတ်၀င်စားစရာကောင်းတဲ့အမှုတွေပါ၀င်မလဲ....🤯 ဒီနန်းတော်ထဲကလျှို့ဝှက်ချက်ကြီးကရောဘာဖြစ်မလဲ...🤐 စိတ်၀င်စားတယ်ဆိုရင်တော့ SoulKingdom ကနေတင်ဆက်လိုက်တဲ့ဒီကားလေးကိုမင်မင်တို့နဲ့အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် ...🫶 Native Name : 朝雪录 English Name : Coroner's Diary Starring : Li Lan Di, Ao Rui Peng, Yan Li, Yue Ning Episodes : 36 Aired : July 13,2025 Original Network : CCTV, iQiyi #ReviewbyLingLan #朝雪录 #SoulKingdom #Coroner'sDiary

ကော့အယ်နဲ့ လုံမိန်းကလေးတို့ရဲ့ ဇာတ်လမ်းပါ ဒီဇာတ်လမ်းကတော့ ပထမ သိန်းငှက်သူရဲကောင်း(၁)ကို အခြေခံထားပြီး မွေးကတည်းက အဖေမရှိတော့တ
+2
ကော့အယ်နဲ့ လုံမိန်းကလေးတို့ရဲ့ ဇာတ်လမ်းပါ ဒီဇာတ်လမ်းကတော့ ပထမ သိန်းငှက်သူရဲကောင်း(၁)ကို အခြေခံထားပြီး မွေးကတည်းက အဖေမရှိတော့တဲ့ မျက်နှာမွဲအပယ်ခံ လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို စတင်ဇာတ်လမ်းဆင်ထားပါတယ် ဖခင်ရဲ့ အပြောင်းအလဲမြန်တဲ့ စိတ်ဓါတ်ကို အမွေရထားခဲ့ပြီး မိခင်ရဲ့ သနားကြင်နာတတ်တဲ့ နှလုံးသားမျိုးနဲ့ ကလေးငယ်တစ်ယောက် ဘဝရဲ့ တိုက်ပွဲအခက်အခဲတွေကြားမှာ ဘယ်လို ရှင်သန်နေထိုင် ရပ်တည်ခဲ့ရသလဲဆိုတာကို ဖော်ညွှန်းခဲ့ပြီး အော် …ဘဝဆိုတာ ထင်တိုင်း မဖြောင့်ဖြူးနိုင်ပါလားလို့ပဲ အတွေးပေါက်ခဲ့ပြန်ပါတယ်…။

The Sword and the Chess of Death [ 𝟐𝟎𝟎𝟕 ] ပါဝါသိုင်းစိန်ခေါ်သံ သိုင်းလောကမှာဖြေရှင်းဖို့ခက်တဲ့ နတ်ဘုရားနှစ်ပါးရဲ့အသေအရှင်
+2
The Sword and the Chess of Death [ 𝟐𝟎𝟎𝟕 ] ပါဝါသိုင်းစိန်ခေါ်သံ သိုင်းလောကမှာဖြေရှင်းဖို့ခက်တဲ့ နတ်ဘုရားနှစ်ပါးရဲ့အသေအရှင်စစ်တုရင်ပြိုင်ပွဲ...ဒီပြိုင်ပွဲကိုအဆုံးသတ်ဖို့အတွက် ပြန်လည်ဝင်စားခြင်းလမ်းစဥ်နဲ့အတူ ပြန်လည်မွေးဖွားလာခဲ့တဲ့ ယန်ချန်ဖုန်း နဲ့ ရန်ချင်ရှင်း ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်...လောကအလှမယ်လေး ရီရီ နဲ့ ယွဲ့အာ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်... ဒီလိုသူငယ်ချင်းလေးယောက်ကြားက ချစ်ခြင်းကံကြမ္မာဆိုးများ...မိုးကြိုးနတ်ဓား နဲ့ တိမ်တိုက်နတ်ဓား နှစ်လက်ကိုပိုင်ဆိုင်ဖို့အတွက် အရာရာကိုစတေးပြီးအရယူဖို့ကြိုးစားကာ မိတ်ဆွေသူငယ်ချင်းသံယောဇဥ်ဟူသမျှကိုဖောက်ဖျက်ခဲ့တဲ့ ရန်ချင်ရှင်း...တစ်ဖက်သတ်အချစ်ကြောင့် အမှန်တရားကိုမမြင် စုံလုံးကန်းကာ အမှားတွေဆက်တိုက်ကျူးလွန်အနိုင်လိုချင်မိနေတဲ့ ယွဲ့အာ.....အမြဲလိုလို ခွင့်လွတ်တတ်တဲ့စိတ်ထားပိုင်ရှင်ဖြစ်သူ ယန်ချန်ဖုန်း..... အရမ်းမိုက်တဲ့ သိုင်းချကွက်တွေနဲ့အတူ သူတို့တွေ သိုင်းလောကကြီးထဲမှာဖြစ်နေကြတဲ့ ရင်ဆိုင် ယှဥ်ပြိုင်မှု့တွေကို ဘယ်လို အဆုံးသတ်သွားကြမလဲဆိုတာ ပြန်လည်ခံစားကြည့်ရှု့လိုက်ကြပါစို့....

Sword Stained with Royal Blood ( 2007 ) HD သွေသစ္စာဓား ( မြွေဓားရှင် ) တရုတ်သိုင်းကားတွေကိုမှ မတူညီတဲ့ ခေတ်အသီးသီးကို အခြေခံပ
Sword Stained with Royal Blood ( 2007 ) HD သွေသစ္စာဓား ( မြွေဓားရှင် ) တရုတ်သိုင်းကားတွေကိုမှ မတူညီတဲ့ ခေတ်အသီးသီးကို အခြေခံပြီး လှလှပပ ဇာတ်အိမ်ဖွဲ့ ရေးသားတတ်တဲ့ ဆရာကြီး ကျင်းယုံဟာ ဒီဇာတ်ကားကိုတော့ မင်မင်းဆက် ပျက်သုန်းခါနီး နိုင်ငံမတည်မငြိမ်ဖြစ်နေတဲ့ အချိန်အခါကို အခြေခံပြီး ဇာတ်လမ်းဆင် ဖန်တီးထားတာပါ ဇာတ်လမ်းသွားကတော့ နန်းတက်ခါစဖြစ်တဲ့ ချုံကျန်းဘုရင်ဟာ ကျင်းဘုရင်ရဲ့ သွေးကွဲသွားအောင် ဝါဒဖြန့်ထားတဲ့ သတင်းတွေကို ယုံကြည်ပြီး တိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ကာကွယ်ပေးနေခဲ့သော သစ္စာရှိ စစ်သေနာပတိကြီး ယွမ်ချုံးဟွမ်ကို ကျင်းနိုင်ငံရဲ့ သူလျှိုလို့ အထင်မှတ်ပြီး ချုံဟွာချင်း ကိုစေလွှတ်ကာ ယွမ်မိသားစုဝင်အားလုံးကို သုတ်သင် အပြစ်ပေး စေလိုက်ပါတယ် ဒါပေမဲ့ ယွမ်စစ်သူကြီးရဲ့ သစ္စာရှိ လက်အောက်ငယ်သား အနည်းငယ်တွေဟာ ယွမ်စစ်သူကြီးရဲ့ သား ယွမ်ချန်ကျိကို ကယ်တင်နိုင်ခဲ့ပြီး ဟွာစန်းတောင်သို့ ပို့ဆောင်ပေး နိုင်ခဲ့ပါသည်။ ယွမ်ချန်ကျိဟာ ဟွာဆန်းတောင်မှာ ၁၂နှစ်ကြာ သိုင်းပညာသင်ယူ ပြီးတဲ့ အခါ မှာတော့..

Ode to Gallantry ( 2017 ) ပြန်လမ်းမဲ့ကျွန်း ==================== ၁၀ နှစ် တစ်ကြိမ် သိုင်းလောကထဲကို တမန်တော် နှစ်ယောက်စေလွှတ်ပြ
Ode to Gallantry ( 2017 ) ပြန်လမ်းမဲ့ကျွန်း ==================== ၁၀ နှစ် တစ်ကြိမ် သိုင်းလောကထဲကို တမန်တော် နှစ်ယောက်စေလွှတ်ပြီး သိုင်းပြိုင်ဖို့ ဖိတ်ခေါ် ပေမယ့် တစ်ယောက်မှ ပြန်မလာနိုင်ကြတဲ့ "သူရဲကောင်းကျွန်း"၊ တံဆိပ်တော် လက်ဝယ်ရှိသူက လိုရာဆန္ဒကို တောင်းဆိုနိုင်တဲ့ "မိုးထိတောင်သခင်ကြီး" ရဲ့ "အနက်ရောင် သံမဏိတံဆိပ်တော်" နဲ့ စာမတတ်၊ ပေမတတ်၊ မအူမလည် ကျေးတောသားလေးတစ်ယောက်အကြောင်း ဇာတ်အိမ်တည် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

စဆုံး ရပါပြီ။။ HSD Quality [ပြန်လမ်းမဲ့ကျွန်း] ဆိုပြီးလူသိများကြတဲ့ Old. version 🔜 ထွက်တဲ့ထဲ ပကားဆိုလည်းမမှားဘူး မတူကွဲပျားတ
စဆုံး ရပါပြီ။။ HSD Quality [ပြန်လမ်းမဲ့ကျွန်း] ဆိုပြီးလူသိများကြတဲ့ Old. version 🔜 ထွက်တဲ့ထဲ ပကားဆိုလည်းမမှားဘူး မတူကွဲပျားတာက အာ့ခေတ်က တရုတ်ကားတွေက ၁၉၉၀ကျော်နဲ့ ၂၀၀၀ခုနှစ် ၂၀၁၆ထိ ထွက်ခဲ့တဲ့တရုတ်ကားတွေနဲ့ ပုံစံတွေ ကွဲပြားမှုများစွာရှိတော့ ခု Oldဆိုမှ အိုးအကျဆုံး ပကားလေးကို ရသတမျိုးနဲ့ ကြည့်ရူ့ခံစားလို့ရပါပြီး။။။ စ၊ဆုံး Ep 1 မှ 20ထိ End _Vd version -SHd |•မကြာမီ Full FHD 1080p Quality Drive တွင်ရမည်။ https://t.me/+zTCGkwWPu20wNDM1

Who Rules the World Review ---------------------------------------- ချောမောကြော့ရှင်းထူးချွန်တဲ့ဖုန်းလန်ရှီးနဲ့ ထည်ဝါတင့်တယ်ပ
+2
Who Rules the World Review ---------------------------------------- ချောမောကြော့ရှင်းထူးချွန်တဲ့ဖုန်းလန်ရှီးနဲ့ ထည်ဝါတင့်တယ်ပြိုင်ဘက်ကင်းတဲ့ပိုင်ဖုန်းရှီးတိုရဲ့ လက်ချင်းတွဲကာ လောကတစ်ခွင်လှည့်လည်တဲ့ သိုင်းသူရဲကောင်းအချစ်ဒဏ္ဍာရီလေးတစ်ပုဒ်။ ဆယ်နှစ်ကာလအတွင်း သူတိုရဲ့အချစ်ဟာ သွေးတွေကြားမှာပေါက်ဖွားလာခဲ့ပါတော့တယ်။ တိုက်ပွဲကြီးတစ်ခုပြီးတဲ့နောက် ဖုန်းလန်ရှီးဟာ မိမိရဲ့စိတ်ရင်းကိုသတိပြုမိပြီး ကိုယ့်ရဲ့ကျင့်ကြံဆင့်ကိုလွင့်ပြယ်စေကာ ပိုင်ဖုန်းရှီးကိုအသက်ပြန်သွင်းခဲ့ပါတယ်။

☯️ ဆန်းကြယ်ကြာပန်း သိုင်းမှတ်တမ်း ☯️ Mysterious Lotus Casebook (2023) သိုင်းလောကထဲမှာ ပေါ်လာတာ မကြာသေးတဲ့ လီလျန်ဟွား(Cheng Yi
☯️ ဆန်းကြယ်ကြာပန်း သိုင်းမှတ်တမ်း ☯️ Mysterious Lotus Casebook (2023) သိုင်းလောကထဲမှာ ပေါ်လာတာ မကြာသေးတဲ့ လီလျန်ဟွား(Cheng Yi)ဟာ သေလူကို ပြန်ရှင်အောင်လုပ်ပေးနိုင်တဲ့ နတ်ဆေးဆရာဆိုပြီး နာမည်ကြီးနေပေမဲ့ လီလျန်ဟွားဆိုတာ ဘယ်မှာနေတာလဲ ဘယ်လိုပုံစံရှိလဲဆိုတာတောင် ဘယ်သူမှမသိကြပါဘူး တကယ်တော့ လီလျန်ဟွားဟာ စစ်ကုဂိုဏ်းခေါင်းဆောင် လီရှန်းယိဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ ရှန်းယိဓားသိုင်းနဲ့ နာမည်ကြီးသလို သိုင်းလောကမှာ ပြိုင်ဘက်ကင်းဘွဲ့ရထားတာပါ။ ဒါပေမဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကျင်းယွမ်းဂိုဏ်းခေါင်းဆောင် တီဖေးရှန်းနဲ့ သိုင်းပြိုင်ဖို့စီစဥ်နေချိန်မှာ သစ္စာဖောက်လက်အောက်ငယ်သားတစ်ယောက်ရဲ့ အဆိပ်ခတ်တာကို ခံခဲ့ရပြီး သိုင်းလောကထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ လီလျန်ဟွားကို အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်သလို သူအဆိပ်မိတဲ့အချိန်တောက်လျှောက်ရှိနေပေးခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဖန်းသောပင့်(Zeng ShunXi)ရယ် လီလျန်ဟွားကို သူပဲ သတ်မှာဆိုပြီး ပါးစပ်က တွင်တွင်ပြောနေပေမဲ့ တကယ်မသတ်ဘဲ လီလျန်ဟွားအဆိပ်ခပ်ခံရတဲ့အချိန်မှာ ကယ်ပေးခဲ့တဲ့ တီဖေးရှန်းရယ် သူတို့ ၃ ယောက်ပေါင်းပြီး သိုင်းလောကထဲမှာပေါ်လာတဲ့ ထူးဆန်းတဲ့အမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

🩵 ပင်လယ်ပြာနှင့်နှင်းဆီနီ (Rose and Gun) 爱上海军蓝 ❤️ ဒီတစ်ခေါက်မှာတော့ Rom-com လေးတွေ ရှာဖွေနေသူအတွက် ရေတပ်တပ်မှူးလေး Wu Si နဲ့
+5
🩵 ပင်လယ်ပြာနှင့်နှင်းဆီနီ (Rose and Gun) 爱上海军蓝 ❤️ ဒီတစ်ခေါက်မှာတော့ Rom-com လေးတွေ ရှာဖွေနေသူအတွက် ရေတပ်တပ်မှူးလေး Wu Si နဲ့ သတင်းထောက်မလေး Tang Xin တို့ရဲ့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးမယ်နော် ဇာတ်လမ်းအကျဉ်း Tang Xin ဟာ အလုပ်ကိုဇောက်ချလုပ်တတ်တဲ့ အမှီအခိုကင်းသူ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘဝမှာအိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်လိုအပ်တယ်လို့ မခံယူထားပေမဲ့ တချိန်ချိန်မှာ အရေးပါသူ တစ်စုံတစ်ယောက် ထွက်ပေါ်လာဖို့တော့ မျှော်လင့်နေသူပါ သူမနဲ့ ကြင်ဖက်တွေ့ဆုံသူ Wu Si ကတော့ စာမေးပွဲဖြေရင်း ၊ စစ်ထဲဝင်ရင်းကနေ အိမ်ထောင်ပြုတဲ့အထိ အစီအစဉ်အတိုင်း နေ့စဉ်ဘဝကို နေထိုင်ဖို့ကြံရွယ်ထားပုံပေါက်တဲ့ ငြီး‌ငွေ့ဖွယ်ဖြတ်သန်းနေတဲ့ ရေတပ်အရာရှိတစ်ယောက်ပါ အများအမြင်မှာ ပြီးပြည့်စုံအောင် လိုက်ဖက်ညီပုံပေါက်တဲ့ သူတို့နှစ်ဦးဟာ အစမှာကတည်းက တစ်ယောက်ကိုယ်တစ်ယောက် ကန့်လန့်တိုက်ခဲ့ကြပေမဲ့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံပြီးနောက်မှာတော့ ချစ်သူတွေ ဖြစ်လာခဲ့ကြပါတယ် တစ်ဖက်မှာတော့ Tang Xin နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ Lan Yang Yang ဟာ ဆေးကျောင်းမှ ဘွဲ့ရပြီးတာနဲ့ အရာရှိ Zong Qing ကို မြင်မြင်ချင်းချစ်မိသွားပြီး မတွေဝေဘဲ ရဲဝံ့စွာ လက်ထပ်ခဲ့ပါတယ် ဒါပေမဲ့ အသက်မွေးဝမ်းကြောင်းကွဲပြားမှု၊ ကွဲလွဲနေတဲ့ဘဝတန်ဖိုး သတ်မှတ်ချက်တွေနဲ့ ချစ်သူနှစ်ဦးရဲ့ ထူးခြားတဲ့ အလုပ်အကိုင်ကြောင့် ဖြစ်လာတဲ့ သည်းခံ၊အနစ်နာခံမှုတွေဟာ မိန်းကလေးနှစ်ဦးကို တချိန်ကခံစားချက်တွေကို မသေချာမရေရာဘဲ တွန့်ဆုတ်စေတဲ့အခါ ... Native Title : 许你岁月静好 / 爱上海军蓝 English Title : Rose and Gun Starring : Jin Han, Xuan Lu, Xu Yang, Zhang Tian Ai, Wang Yu, Luo Yan, Episodes : 36 Airs : 2 July 2025 Original Network : Tencent Video #ReviewByPanda #SoulKingdom #爱上海军蓝 #RoseAndGun

သရဖူထက်က ချစ်ဧကရီ (2021) Rebirth For You 2021 လှပပြီးထက်မြက်တဲ့အပြင် တော်၀င်မျိုးနွယ်ကဆင်းသက်လာသူဖြစ်တဲ့ ကျားနန်မင်းသမီး ကျန်
သရဖူထက်က ချစ်ဧကရီ (2021) Rebirth For You 2021 လှပပြီးထက်မြက်တဲ့အပြင် တော်၀င်မျိုးနွယ်ကဆင်းသက်လာသူဖြစ်တဲ့ ကျားနန်မင်းသမီး ကျန်းပေါင်နင်ဟာ ပြန်လည်မွေးဖွားပြီးနောက် အတိတ်ဘ၀က သူမရဲ့အဖြစ်ဆိုး ကိုသတိရနေပြီး ထိုအဖြစ်ဆိုးရဲ့ အကြောင်းရင်းမှန်ကို သိချင်နေသူ။ ထိုအကြောင်းရင်းမှန်ကိုသိဖို့ သူမကိုကူညီနိုင်မယ့်သူကို ရှာဖွေတဲ့အခါမှာတော့ စစ်သူကြီးရဲ့သားတစ်ယောက်ဖြစ်တဲ့အပြင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ တပ်မှူးလေးဖြစ်တဲ့ လီချန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ လီချန်းဟာ အတိတ်ဘ၀က ပေါင်နင်မုန်းတီးတဲ့လူတစ်ယောက်ဖြစ်ပြီး လီချန်းအတွက်ကတော့ ပေါင်နင်ဟာ အတိတ်ဘ၀က မြင်သာမြင်ရ မကြင်ရတဲ့သူပေါ့။ သူတို့ နှစ်ယောက်အတူတူ အကြောင်းရင်းမှန်ကို စုံစမ်းရင်းကနေ လီချန်းအပေါ်မှာထားတဲ့ ပေါင်နင်ရဲ့ စိတ်ထားတွေဟာပြောင်းလဲလာခဲ့ပြီး တစ်ဦးပေါ်တစ်ဦးမေတ္တာသက်၀င်လာကြပါတယ်။ တစ်ဖက်မှာလည်း ပေါင်နင်ကို လူပျိုလှည့်ပိုးပန်းနေပြီး တောင်မျိုးနွယ်ဖွားတစ်ယောက်ဖြစ်တဲ့ကျောက်ရှောက်က ကြားဝင်နှောင့်ယှက်နေတဲ့အခါမှာ လီချန်းတစ်ယောက် ပေါင်နင်ကို ဘယ်လိုအရယူမလဲ.....??? လက်ထပ်ပြီးတဲ့အခါမှာရော ပေါင်နင်တစ်ယောက် သူမရဲ့ခင်ပွန်းကို အင်အားကြီးသူတစ်ယောက်ဖြစ်အောင်ဘယ်လိုတွေအကူအညီပေးမလဲ...???

Legend Of Fei ( 2020 )
+2
Legend Of Fei ( 2020 )

🏵️In The Name Of Blossom (锦绣芳华 2025) ပျိုနီပန်းကလေးရဲ့ဖူးပွင့်ချိန် အတွဲ၂🏵️ "သူ့စိတ်ထဲမှာ ခါးသီးတဲ့လျှို့ဝှက်ချက်တစ်ခုရှိပေ
+9
🏵️In The Name Of Blossom (锦绣芳华 2025)  ပျိုနီပန်းကလေးရဲ့ဖူးပွင့်ချိန် အတွဲ၂🏵️ "သူ့စိတ်ထဲမှာ ခါးသီးတဲ့လျှို့ဝှက်ချက်တစ်ခုရှိပေမဲ့ ကျွန်မ သိတာက သူက ကျွန်မခင်ပွန်းပဲ " - မူတန်း ဇာတ်လမ်းအကျဉ်း💭 Flourished Peony ဆိုတဲ့ နာမည်လေးနဲ့ အတွဲတစ်မှာ Jiang Changyang က Mudan ကို မင်းသားကြီးလက်ကနေ ကာကွယ်ပေးဖို့အတွက် ကိုယ်လုပ်တော်အဖြစ် လက်ထပ်လိုက်ပါတယ်။ မိခင်ဖြစ်သူ အမွေပေးခဲ့တဲ့ ဖန်းဥယျာဉ်ကို လက်ဝယ်ပြန်ရယူပြီး ညီအစ်မတွေမိတ်ဆွေတွေနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း ပျိုးထောင်နေတဲ့ He Weifang (Mudan) မျက်နှာက အမြဲပြုံးနေပြီး လာဘ်စားတဲ့ တော်ဝင်ပန်းငှက်သံတမန်အဖြစ်... လျှို့ဝှက်ချက်ရှိပေမဲ့ ရိုးရှင်းသယောင်ဖြစ်နေတဲ့ Jiang Changyang Mudan ကို ဒီလိုအခြေအနေအထိရောက်အောင် တစ်လျှောက်လုံး ကူညီပေးခဲ့တဲ့ Jiang Changyang က တိုင်းပြည်ရေးရာကိစ္စရပ်တွေမှာ အခက်အခဲတွေကြုံလာရင် Mudan က ဘယ်လိုတွေပြန်ကူညီပေးမလဲ... အကျိုးအမြတ်အတွက် အစပြုတဲ့သူတို့နှစ်ဦးပတ်သက်မှုက အတုအယောင်လင်မယားဆက်ဆံရေးကနေ သံယောဇဉ်တွေ ပိုပြီးခိုင်မြဲလာဦးမလား...။ မိဘတွေရဲ့ထိန်းချုပ်မှုကြောင့် မင်းသားကြီးအာဏာအောက်မှာ ခိုလှုံလိုက်ရတဲ့ Liu Chang... သူ့ရဲ့အမျက်ဒေါသတွေက ဘယ်လိုအခြေအနေအထိရောက်ဦးမလဲ... အတွဲ၁ထက် ပိုပိုပြီးစိတ်ဝင်စားမှုအပြည့်ဖြစ်လာမဲ့ In The Name of Blossom ပျိုနီပန်းကလေးရဲ့ ဖူးပွင့်ချိန် အတွဲ(၂) ကို SoulKingdom မှာ အတူတူကြည့်ရအောင်နော် (အညွှန်းရေးသားသူက Kay Zin Win ဖြစ်ပါတယ်☀️) Native Title: 锦绣芳华 Also Known As: Flourished Peony Part 2 , Guo Se Fang Hua , Jin Xiu Fang Hua , 国色芳华 , 國色芳華 , 錦繡芳華 Director: Ding Zi Guang Genres: Historical, Business, Romance Episodes: 24 Airs: Jun 30, 2025 Original Network : Hunan TV, Mango TV #ReviewedByKayZinWin☀️ #InTheNameofBlossom #锦绣芳华 #FlourishedPeonySeason2 #SoulKingdom

Legend of Awakening /天醒之路 (2020) မြန်မာစာတန်းထိုး HD Link ” ဒဏ္ဍာရီထဲက လွတ်မြောက်ခြင်း “
+3
Legend of Awakening /天醒之路 (2020) မြန်မာစာတန်းထိုး HD Link ” ဒဏ္ဍာရီထဲက လွတ်မြောက်ခြင်း “

The Legend of He Xian Gu (2025) 修仙记之何仙姑传 🪷ဝိဇ္ဇာမယ်တော်ကြီး ဟယ်ရှန်းကူး🪷 Hi Souler လေးတို့ရယ် ငယ်ငယ်က TV တွေမှာကြည့်ဖူးတဲ့
+3
The Legend of He Xian Gu (2025) 修仙记之何仙姑传 🪷ဝိဇ္ဇာမယ်တော်ကြီး ဟယ်ရှန်းကူး🪷 Hi Souler လေးတို့ရယ် ငယ်ငယ်က TV တွေမှာကြည့်ဖူးတဲ့ ဝူခုန်းတို့ ကွမ်ရင်မယ်တော်တို့လို ဇာတ်ကားမျိုးကို ကြည့်ချင်လား ဒါဆိုရင် ၂၀၁၆ မှာရိုက်ကူးပြီးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုမှထုတ်လွှင့်ဖြစ်တဲ့ဒီကားလေးကို ရွေးချယ်လိုက်တော့နော် ဇာတ်လမ်းအညွှန်း Tang Xuan Zong အုပ်ချုပ်တဲ့ကာလမှာ Lv Dong Bin ၊Tieguai Li နဲ့တခြားသော ဝိဇ္ဇာခုနစ်ပါးတို့က လူ့ပြည်လောကက မိန်းမလှလေးတစ်ယောက်ကို ရွေးချယ်ဖို့လုပ်ခဲ့ပါသတဲ့...... အဲဒီလိုနဲ့ သာမန်မိသားစုလေးဖြစ်တဲ့ Zhuang မိသားစုလေးမှာ မွေးလာတဲ့ He Xian Gu ဆိုတဲ့မိန်းမလှလေးကို အားလုံးစုပေါင်းရွေးချယ်ဖြစ်ခဲ့ကြပါတယ်..... He Xian Gu လေးအရွယ်ရောက်လာတဲ့အခါမှာ  အမျိုးသားပုံစံအသွင်ယူရင်း အစ်ကိုဖြစ်သူနောက်ကလိုက်ကာ BeiJing မြို့ကြီးကို ရောက်လာပါတော့တယ်.... ကံကြုံကြိုက်လို့တွေ့ခဲ့ရတဲ့ မိတ်ဆွေဖြစ်သူ Li Tu Yi နဲ့အတူ ပြည်သူတွေကို ကုသပေးဖို့ ဆေးခန်းမဆောင် ဖွင့်လှစ်မိတဲ့ He Xian Gu လေးတစ်ယောက် အမတ်ချုပ်ကြီးနဲ့ သူ့ရဲ့အရည်အချင်းမရှိတဲ့သမားတော်ဆီကနေလည်း မကြာမကြာအနှောင့်အယှက်ပေး ဒုက္ခရောက်အောင်လုပ်တာတွေလည်းကြုံလာရပါတော့တယ်..... Lv Dong Bin ရဲ့အကြံအတိုင်း ဝိဇ္ဇာခုနစ်ပ့ူရဲ့လမ်းညွှန်မှုကိုလိုက်ရင်း မကောင်းမှုကို အပြစ်ပေးသွားမဲ့ He Xian Gu တစ်ယောက် မကောင်းမှုတွေကိုရော အောင်အောင်မြင်မြင်အပြစ်ပေးသွားနိုင်မလား.... အမတ်ချုပ်ကြီးကရော ဘယ်လိုအကောက်ကြံချောက်ချမှုတွေကို လုပ်သွားမှာလဲဆိုတာတွေရယ် He Xian Gu ဘက်ကရော ဘယ်လိုချေပသွားမယ်ဆိုတာတွေကို စိတ်ဝင်စားဖွယ်ရာ SoulKingdom Channel မှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် (ဒီဇာတ်လမ်းရဲ့အညွှန်းကို BLue မှရေးသားပေးထားပါတယ်) Native Title.....修仙记之何仙姑传 Genres....Mythology,Romance,Wuxia,Fantasy Episode....70 Original Network...Sohu TV #thelegendofhexiangu #soulkingdom #reviewbyBLue