en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 448 subscribers, ranking 18 002 in the Movies category and 8 645 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 448 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 112 over the last 30 days and by 2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.94%. Within the first 24 hours after publication, content typically collects 2.66% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 843 views. Within the first day, a publication typically gains 410 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 448
Subscribers
+224 hours
+417 days
+11230 days
Posts Archive
Repost from SoulKingdom-17
ထီးဖြူနောက်ကွယ်မှ ရာဇဝင် 海昏行 Marquis of Haihun ခုတစ်ခါမှာတော့ အတိတ်ကိုအချိန်ခရီးသွားခဲ့တဲ့အပြင် သမိုင်းကြောင်းကိုပါပြင်ဖို့ကြ
+5
ထီးဖြူနောက်ကွယ်မှ ရာဇဝင် 海昏行 Marquis of Haihun ခုတစ်ခါမှာတော့ အတိတ်ကိုအချိန်ခရီးသွားခဲ့တဲ့အပြင် သမိုင်းကြောင်းကိုပါပြင်ဖို့ကြိုးစားခဲ့တဲ့ Wang Heng ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းကို ပြောပြသွားမှာပါ Wang Heng တစ်ယောက်ဟာစိတ်ဓာတ်ကျဆင်းနေချိန်မှာပဲ မမျှော်လင့်စွာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်က အနောက်ဟန်ခေတ်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ် အဲဒီမှာပဲသူ့ရဲ့ မျက်မှောက်ခေတ်ကရည်းစားနဲ့တူလွန်းလှသူ သူရဲကောင်းမလေး De Jiu ကိုသာမက ပျော်ပျော်နေပျော်ပျော်စားတတ်တဲ့ မင်းသား Liu He နဲ့ပါသိကျွမ်းရပြီး သူတို့တစ်တွေဟာ မိတ်ဆွေရင်းချာတွေဖြစ်လို့လာခဲ့ပါတယ် မျက်မှောက်ခေတ်ကလာခဲ့တဲ့ Wang Heng ဟာ ၂၇ ရက်သာနန်းစံရမယ့် Liu He ရဲ့အဖြစ်ဆိုးကိုသိနေခဲ့တာကြောင့် သမိုင်းကိုပြောင်းပြန်လှန်ပြီးတိုက်ခိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ် သူတို့ရဲ့ ဒီအတင့်ရဲလှတဲ့အကြံကြီးဟာ အောင်မြင်နိုင်ပါ့မလား... ... ဒါနဲ့ De Jiu ကရော သူ့မျက်မှောက်ခေတ်ကရည်းစားနဲ့တစ်ယောက်တည်းပဲလား... ... Native Title: 海昏行 English Title: Marquis of Haihun Genres: Historical, Fantasy Starring: Mao Zi Jun, Huang Ri Ying, Eddy Geng, Chen Shu Jun Episodes: 24 Aired: August 30,2025 Original Network: Tencent Video #ReviewByDD #海昏行 #SoulKingdom #MarquisOfHaihun

The Dauntless Youths 2025 ပျိုမြစ်နုနယ်ခြင်း ဟူသည် ================== စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေကြတဲ့ လူငယ်တစ်စု.. အိ
The Dauntless Youths 2025 ပျိုမြစ်နုနယ်ခြင်း ဟူသည် ================== စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေကြတဲ့ လူငယ်တစ်စု.. အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလူငယ်တစ်စုရဲ့ ရင်ထဲမှာ တိုင်းပြည်နဲ့ မိသားစုအတွက် သစ္စာရှိခြင်းနဲ့ ကာကွယ်လိုစိတ်တွေ ပြင်းပြလိုနေပါတယ်..။ တိုင်းပြည်နဲ့ လူမျိုးအတွက် အချင်းချင်း ကူညီကြရင်း နောက်ဆုံးမှာ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်အစစ်အမှန်၊ သစ္စာရှိခြင်းရဲ့ အဓိပ္ပါယ်တွေကို အတူတူရှာဖွေဖော်ထုတ်လာနိုင်ကြသောအခါ..။

Kill to love 紫陌红尘 ကမ္ဘာခြားချစ်ခြင်း 🤩 စစ်ပွဲတွေကြောင့် မတည်ငြိမ်တဲ့ တိုင်းပြည်အခြေအနေမှာ ကံကြမ္မာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်
+7
Kill to love 紫陌红尘 ကမ္ဘာခြားချစ်ခြင်း 🤩 စစ်ပွဲတွေကြောင့် မတည်ငြိမ်တဲ့ တိုင်းပြည်အခြေအနေမှာ ကံကြမ္မာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နဲ့ မင်းသားတစ်ပါးကိုဆုံစည်းစေခဲ့ပါတယ်။ Duan Jiang ဟာ သတ်ဖြတ်ဖို့ စွမ်းရည်တွေအပြည့်နဲ့ ပျိုးထောင်ခံလာရတဲ့ သူတစ်ယောက်ပါ။ တစ်ဖက်မှာတော့ Xiao Shu He ဟာ ထီးနန်းကိုဆက်ခံဖို့အလားအလာရှိတဲ့ အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ပါတယ်။ တစ်နေ့မှာတော့ Duan Jiang ရဲ့အသက်ကို မင်းသား Shu He က ကယ်တင်ပြီးနောက်မှာတော့ သူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါပေမဲ့ အချစ်ခရီးလမ်းဆိုတာ အမြဲဖြောင့်ဖြူးမနေပါဘူး။ အိမ်ရှေ့စံမင်းသား Shu He ကို ကာကွယ်ဖို့အတွက် Duan Jiang ဟာ ရုတ်တရက်ပျောက်ကွယ်သွားပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာ သူပြန်ရောက်လာခဲ့ပေမဲ့ Duan Jiang ဟာ အရင်က Shu He သိခဲ့တဲ့ Duan Jiang မဟုတ်တော့ဘဲ စစ်သည်တွေကို ဦးဆောင်လာတဲ့ ဘုရင်တစ်ပါးဖြစ်‌လာခဲ့ပါတယ်။ တစ်ချိန်က ချစ်ခဲ့ကြတဲ့သူနှစ်ဦးဟာ အခုအချိန်မှာတော့ စည်းရဲ့တစ်ဖက်တစ်ချက်စီမှာ ရပ်နေကြတဲ့ ရန်သူတွေဖြစ်လာကြပါတယ်။ တာဝန်တွေ၊ ဝတ္တရားတွေနဲ့ တိုင်းပြည်အရေးကို ကိုယ်စီထမ်းပိုးထားကြတဲ့ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Native Title: 紫陌红尘 Also Known As: Shan He Yong Ji , 山河永寂 , 紫陌紅塵 , Zi Mo Hong Chen Genres: Romance, Wuxia, War Country: China Type: Drama Episodes: 12 Airs: Aug 25, 2025 - Sep 23, 2025 #ReviewByMayDay #紫陌红尘 #KilltoLove #SoulKingdom

ချစ်မြေခွေးသံစဥ် 🦊🎶 Qing Qing Hu Yin 青青狐吟 🐾နောက်ဆုံးသူ ရွေးချယ်ခဲ့တာ သုံးလောကအတွင်းကသက်ရှိတွေကိုလား? ချစ်ရတဲ့သူကိုလား? လွန
+1
ချစ်မြေခွေးသံစဥ် 🦊🎶 Qing Qing Hu Yin  青青狐吟   🐾နောက်ဆုံးသူ ရွေးချယ်ခဲ့တာ သုံးလောကအတွင်းကသက်ရှိတွေကိုလား? ချစ်ရတဲ့သူကိုလား? လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကျင့်ကြံသူမိန်းကလေးငယ်လေး  Yao Ling'er က ကပ်ဘေးကျော်ဖြတ်တာကျဆုံးပြီးတော့ အနှိုင်းမဲ့အေးခဲနယ်မြေအတွင်းကိုဝင်ရောက်သွားတယ်။ ကပ်ဘေးမိုးကြိုးတွေက နှစ်ထောင်ချီချိပ်ပိတ်ခံထားရတဲ့  မြေခွေးကြီး Qing Qiu ကိုလွတ်မြောက်သွားစေခဲ့ပြီး မြေခွေးကြီးကလည်း  Yao Ling'er ကို ကယ်တင်သွားခဲ့တယ်။ သေလုနီးမြောပါးဖြစ်နေတဲ့ သူ(မ)ကို မြေခွေးကြီးတစ်ကောင်က ခန္ဓာကိုယ်နဲ့အနွေးဓာတ်ပေးပြီးတော့ အသက်ကိုကယ်ပေးခဲ့တယ်။ ကပ်ဘေးကိုလည်းအောင်မြင်အောင် ကျော်ဖြတ်ဖို့ ကူညီပေးခဲ့တယ်။ လိုက်လံဖမ်းဆီးမှုတွေကိုရှောင်ရှားဖို့အတွက်  Yao Ling'er နဲ့ Qing Qiuက အတူတကွပုန်းအောင်းနေပါတော့တယ်။  ရက်တွေ လတွေ နှစ်တွေကြာလာတော့ သူတို့ကြားမှာ မမြင်နိုင်တဲ့ သံယောဇဥ်အမျှင်တန်းလေးပေါ်ပေါက်လာခဲ့တယ်။   မျိုးနွယ်စုတွေကြားက ရန်ငြိုးတွေ၊ နတ်နဲ့မိစ္ဆာကကြားက မသင့်မြတ်မှုတွေက သူတို့ကြားမှာဆူးတစ်ချောင်းလိုနစ်ဝင်နေလေတော့ 。。。 တိုက်စားမှုတွေ ရိုက်ခတ်မှုတွေကြားမှာ သူတို့ကအရင်ကအတိုင်းပဲ သူတို့ဖြစ်နေဦးမှာလား? သက်ရှိတွေနဲ့ ချစ်ရသူ ၊ တာဝန်နဲ့ ဝတ္တရားတွေ ၊ ရှေ့ဆက်တိုးချင်ပေမဲ့ မဝံ့ရဲတဲ့ နှလုံးသားတစ်စုံ 。。。 ကဲ နတ်ကားဆိုတော့ သိတဲ့အတိုင်းပဲ တစ်ရှူးထုတ်လေးသာဆောင်ပြီးတော့ကြည့်ကြပါတော့။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကရောဘယ်လိုဖြစ်မလဲဆိုတာ အားလုံးပဲ soul ကတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးထဲစောင့်မျှော်နိုင်ပါပြီနော် 🎶 Native Title :青青狐吟 English Title : Qing Qing Hu Yin Starring :Han Xiao Yao , Sun Yan En Episodes: 24 Airs: Aug 26, 2025 - ? Original Network: Youku #ReviewBylittlefish #青青狐吟 #SoulKingdom #QingQingHuYin

ကျွန်ုပ်တို့ရဲ့တိုင်းပြည် Our Homeland ( 我们的河山 ) ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၃၇ခုနှစ်အချိန်ကာလကို နောက်ခံထ
+4
ကျွန်ုပ်တို့ရဲ့တိုင်းပြည် Our Homeland ( 我们的河山 ) ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၃၇ခုနှစ်အချိန်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ တရုတ်တော်လှန်ရေးဇာတ်လမ်းတွဲလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ ၁၉၃၇ခုနှစ် ကုချိန်ခရိုင် လူငယ်ကွန်မြူနစ်ပါတီအဖွဲ့ဝင် Zhuang Qi Fengဟာ အထက်ခေါင်းဆောင်ရဲ့ လျှို့ဝှက်အမိန့်ကို အားထုတ်ကြိုးပမ်းခဲ့ပုံကို အဓိကထားရိုက်ကူးပြသထားပါတယ်။ လယ်ယာငွေပေးချေမှုလျှော့ချမှု၊ လယ်သမားကယ်ဆယ်ရေးအသင်းစည်းရုံးထူထောင်ခြင်း၊ ပြည်သူတွေနဲ့အတူ ဆန့်ကျင်တိုက်ပွဲဝင်မှု၊ ပြည်သူတွေကို အနှောင့်အယှက်ပေးနေတဲ့ ဂျပန်လူမျိုးများကို တိုက်ထုတ်မှု၊ မူဝါဒကွဲပြားနေတဲ့ဂျပန်ဆန့်ကျင်အစိုးရကို ဆန့်ကျင်တော်လှန်မှု အစရှိတဲ့ ဆန့်ကျင်တော်လှန်တိုက်ခိုက်မှုအထွေထွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက် Soulkingdomပရိသတ်ကြီးများကို ဖိတ်ခေါ်ပါတယ်..... Native Title : 我们的河山 English Title :Our Homeland Starring : Wang Lei, Chen Yu Qi, Jiao Jun Yan, Zhang Tian Yang Episodes : 40 #ReviewedbyFangFang #Soulkingdom #OurHomelang #我们的河山

အရိပ်လိုအချစ် Shadow Love [与晋长安] ⚔ အမျိုးသမီးစစ်သူကြီးနဲ့ရန်သူ့တိုင်းပြည်ကမင်းသားတို့ရဲ့ဆူးငြောင့်ကြားကချစ်မေတ္တာကိုဖော်ကြူးထ
+5
အရိပ်လိုအချစ် Shadow Love [与晋长安] ⚔ အမျိုးသမီးစစ်သူကြီးနဲ့ရန်သူ့တိုင်းပြည်ကမင်းသားတို့ရဲ့ဆူးငြောင့်ကြားကချစ်မေတ္တာကိုဖော်ကြူးထားတဲ့ကားလေးလာပါပြီရှင့် 🪄 ဇာတ်လမ်းအကျဉ်း 📝 ရဲရင့်သတ္တိနဲ့ပြည့်စုံတဲ့ Taijin ရဲ့အမျိုးသမီးစစ်သူကြီး Li Shuang, ပုန်းခို‌နေတဲ့သူလျှိုကိုတစ်လအတွင်းရှာဖွေဖမ်းမိဖို့အမိန့်လက်ခံရရှိထားတယ်.... တစ်နေ့မှာတော့ Li Shuang တစ်ယောက်မထင်မှတ်ဘဲဒဏ်ရာအပြင်းအထန်‌ရနေပြီးအတိတ်မေ့နေတဲ့အမျိုးသားတစ်ဦးကိုကယ်တင်ပြီးတော့စစ်တပ်ကိုပြန်ခေါ်လာခဲ့တယ်... အမျိုးသားက Li Shuang ကိုသူ့ကိုလက်ခံပေးဖို့တောင်းဆိုခဲ့ပြီးသူ(မ)နဲ့အတူတိုက်ပွဲ၀င်ခဲ့တယ်... အတိတ်မေ့နေတာကြောင့် Li Shuang ကသူ့ကို Jin An လို့နာမည်ပေးခဲ့တယ် ... Taijin နိုင်ငံတော်အဓွန့်ရှည်တည်တံ့ပါစေဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့... သူတို့နှစ်ယောက်အတူတူကြိုးစားပြီးသူလျှိုကိုရှာဖွေနေချိန်မှာအသစ်တက်လာတဲ့တပ်မှူးနဲ့အိမ်နီးချင်းနိုင်ငံ Da Yao ရဲ့တိုက်ခိုက်မှုပြဿနာတွေကိုတွေ့ကြုံခဲ့ရတယ်... Jin An တစ်ယောက်သူ့ရဲ့ဖြတ်ထိုးဉာဏ်ကိုအသုံးပြုပြီး Li Shuang နဲ့အတူအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ကြတယ် ... နှစ်ဦးကြားမှာလည်းအချစ်မီးပွားလေးတွေတောက်လောင်စပြုလာတယ်... ဒီအချိန်မှာ Jin An ကိုယ့်ရဲ့ဘ၀မှန်ကိုတဖြည်းဖြည်းပြန်မှတ်မိလာတယ်... သူ့ရဲ့သရုပ်မှန်ကတကယ်တမ်းတော့ Da Yao ကမင်းသား... နှစ်ဖက်နိုင်ငံစစ်မက်ဖြစ်ပွားတဲ့အချိန်မှာသူတို့နှစ်ယောက်ဓားကိုင်ပြီးမတိုက်လို့မရခဲ့ဘူး... စစ်ပွဲတွေကိုမုန်းတီးနေတဲ့သူတို့နှစ်ယောက်လက်တွဲပြီးနှစ်နိုင်ငံကြားရန်ငြိုးတွေကိုဖြေရှင်းကာပြည်သူတွေကိုအေးချမ်းသာယာတဲ့ဘ၀ပေးဖို့ဆုံးဖြတ်ချက်ခဲ့တယ်.... ကဲကဲဒီလိုစိတ်၀င်စားစရာဇာတ်လမ်းလေးကို SoulKingdom ကနေ Soulers လေးတို့အတွက်တင်ဆက်ပေးနေပါပြီနော် 😍 Native Name : 与晋长安 English Name : Shadow of Love Starring : Song Yi, Ryan Cheng, Bi Wen Jun, Shi Ce, Darren Chen, Ji Xiao Bing Episodes : 38 Aired : August 24,2025 Original Network : iQiyi #ReviewbyLingLan #与晋长安 #SoulKingdom #ShadowofLove

နဂါးမုန်တိုင်းကြားက ကန္တာရဆူးပန်း 🐾🌵 龙门诀之大漠风云变 Secret of Loong Power အရိုက်အရာကျ မင်းသားဖြစ်သူ Yu Wen Jue က Bei Que Chen အဖ
+7
နဂါးမုန်တိုင်းကြားက ကန္တာရဆူးပန်း 🐾🌵 龙门诀之大漠风云变  Secret of Loong Power အရိုက်အရာကျ မင်းသားဖြစ်သူ  Yu Wen Jue က Bei Que Chen အဖြစ်ဟန်ဆောင်ခဲ့ပြီး ကျဆင်းသွားတဲ့မင်းဆက်ကိုပြန်ပြီးတော့ ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ Zhou Ziheng နဲ့ သိရှိလာပြီးတော့ အတူတကွလက်တွဲရင်းပြင်ပရန်သူတွေကိုတွန်းလှန်ခဲ့ပါတယ်။ သူဟာတိတ်တဆိတ်နောက်ကွယ်ကနေ ကြိုးကိုင်နေတုန်း လျှို့ဝှက်ချက်တစ်ခုက သူ့ကို အာဏာတိုက်ပွဲဝဲဂယက်ထဲကိုဆွဲ‌ခေါ်သွားခဲ့ချိန်မှာတော့.... ကိစ္စအမျိုးမျိုးအဖုံဖုံကြားမှာ တဖြည်းဖြည်းနဲ့ မင်းဆက်ပြောင်းလဲမှုလျှို့ဝှက်ချက်ကပေါ်ထွက်လာခဲ့လေတော့ ,,, အာဏာ၊ အမုန်းတရား ၊ လောဘ ၊ တပ်မက်မှု ၊ မတရားမှုတွေကြားမှာ အလူးအလဲခံစားနေရတာပြည်သူတွေဖြစ်နေမှန်းသိလိုက်ရတဲ့သူတို့ ,,, နောက်ဆုံးမှာ အတူတကွလက်တွဲပြီး မတရားမှုကိုရှင်းလင်းနိုင်မလား? ပြည်သူတွေကို ငြိမ်းချမ်းတဲ့လောကတစ်ခုဖန်တီးပေးနိုင်မလား? တရားမျှတပြီး ဖြောင့်မတ်မှု၊ စိတ်အားထက်သန်မှု အပြည့်နဲ့ လူငယ်လေးတွေက လိုရာပန်းတိုင်ကို‌ရောက်နိုင်ပါ့မလား? ကဲ လျှို့ဝှက်ချက်ပေါင်းများစွာအပြင်ကို သူတို့နှစ်ယောက်ကြားထဲက တမူထူးကဲတဲ့ သံယောဇဥ်ကိုပါတသသနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ မကြာခင် soul ကနေတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်   🦥 Native Title :  龙门诀之大漠风云变 English Title : Secret of Loong Power Starring :  Peng Xing Yue , He Qiu Shi Episodes: 30 Original Network: Youku #ReviewBylittlefish #龙门诀之大漠风云变 #SoulKingdom #SecretofLoongPower

မှတ်ဉာဏ်ဆက်ကြိုးစများ (搏忆) Hide Games 2025 Journey of Flower ဇာတ်ကားထဲက မင်းသားကြီး Wallace Huo နဲ့ ဟောင်ကောင်နာမည်ကြီး အက်ရှ
+8
မှတ်ဉာဏ်ဆက်ကြိုးစများ (搏忆) Hide Games 2025
Journey of Flower ဇာတ်ကားထဲက မင်းသားကြီး Wallace Huo နဲ့ ဟောင်ကောင်နာမည်ကြီး အက်ရှင်မင်းသား Bosco Wong တို့ အပြိုင်ကြမ်းမဲ့ ဇာတ်ကားလေး
ဇာတ်လမ်းအကျဉ်း မူးယစ်တိုက်ဖျက်ရေးရဲအရာရှိတစ်ဦးဖြစ်တဲ့ ဟန်ရွှိဟာ အရေးကြီးအမှုတစ်ခုလိုက်နေတုန်းမှာ ရုတ်တရက်မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့တဲ့အပြင် မှူခင်းရဲတစ်ယောက်လည်း လက်သည်မပေါ် အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့ဟန်ရွှိတစ်ယောက် ဘယ်ဟာကအမှန် ဘယ်ဟာက အမှားလို့ ဝေခွဲမရဖြစ်နေချိန်မှာပဲ အထူးရဲတပ်ဖွဲ့ဘက်ကပါ သူ့ကို သံယသရှိဖွယ်စပိုင်လို့ ထင်မြင်လာကြပါတော့တယ် ဒီလိုနဲ့ နောက်ပိုင်းမှာ သိလာခဲ့ရတာကတော့ သူ့မှာ သာမန်ထက်အလွန်အားကောင်းတဲ့ မှတ်ဉာဏ်ရှိနေတယ်ဆိုတာပါပဲ အမှုတစ်ခုရဲ့သဲလွန်စကလေးတွေကနေ အဖြစ်မှန်ကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိနေသောအခါ ......... သာမန်ထက်ထူးခြားတဲ့ ဇာတ်အိမ်နဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ပါ၀င်အားဖြည့်ထားမှုကြောင့် 2025 ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရပါတယ် Native Title : 搏忆 English Title : Hide Games Starring : Wallace Huo , Bosco Wong,Adi Kan Episodes : 24 Airs : 21 August ,2025 Original Network : Wetv #ReviewBy #Hide Games #SoulKingdom #搏忆

“မွှေးရနံ့လွှမ်းမဲ့ နန်းဆောင်ယံ” 满庭芳 🍃Luminosity behind the Palace(2025)🍃 “အချိန်တွေ ပြောင်းရင်း ရက်တွေဖြစ်လာ🍃 ရက်တွေ ပြော
+3
“မွှေးရနံ့လွှမ်းမဲ့ နန်းဆောင်ယံ” 满庭芳 🍃Luminosity behind the Palace(2025)🍃 “အချိန်တွေ ပြောင်းရင်း ရက်တွေဖြစ်လာ🍃 ရက်တွေ ပြောင်းရင်း လတွေဖြစ်လာ🍃 လတွေ ပြောင်းရင်း နှစ်တွေဖြစ်လာပြီးနောက်🍃 တစ်ချိန်ချိန် အနာဂတ်မှာတော့ လောကကြီးဟာ သာယာငြိမ်းချမ်းပြီး🍃 နန်းတော်တခွင် မွှေးရနံ့တွေနဲ့ပဲပြည့်နေမှာပါ” Souler လေးတို့ကို နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးမယ်နော် ဇာတ်လမ်းအညွှန်း စစ်မက်ရေးရာမိသားစုတွေထဲက မွေးဖွားလာတဲ့ Su Leyu လို့ခေါ်တဲ့မိန်းကလေးတစ်ဦး ဘုရင်မကြီးကိုယ်တိုင် ငယ်ငယ်လေးကတည်းကအနားမှာထားသင်ကြားစောင့်ရှောက်ခြင်းခံရတဲ့ တော်ဝင်မိန်းမပျိုလေးဖြစ်တဲ့အပြင် မင်းသား Yin Chang Yan နဲ့လည်း ငယ်ဘဝကတည်းကရင်းနှီးတဲ့ကစားဖော် ကစားဖက်လည်းဖြစ်ပြန်တယ် မင်းသား Yin Chanyang အရွယ်တစ်ခုရောက်လာတဲ့အခါ နန်းတော်ကိုပုန်ကန်ပြီး ထီးနန်းကိုသိမ်းလိုက်ပြီးနောက် အာဏာတည်မြဲဖို့အတွက်  Su Leyu ကိုသူ့ကြင်ရာတော်အနေနဲ့ ထိမ်းမြားခဲ့ပါတယ် တစ်ချိန်တည်းမှာ သူတို့ ၂ ဦးကြားမှာလည်း အမြင်မတူတဲ့ခံယူချက်တွေ အထင်လွဲမှုတွေနဲ့ အမုန်းတရားတွေ နေရာယူလာတဲ့အခါမှာ…….. ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတဲ့ ဒီနန်းတွင်းကားကို SoulKingdom ကနေတဆင့် ကြည့်ရှုအားပေရကြဦးနော် ဇာတ်လမ်းအညွှန်းရေးသူကတော့ “မောင်” ဖြစ်ပါတယ် Native Title: 满庭芳 Genres: Historical, Romance Country: China Type: Drama Episodes: 16 Airs: Aug 21, 2025 - ? Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network: Bilibili Duration: 30 min #SoulKingdom #မွှေးရနံ့လွှမ်းမဲ့နန်းဆောင်ယံ #满庭芳 #LuminositybehindthePalace #ReviewbyMaung

လရောင်လျှမ်းဖြာ ခေါ်ဆောင်ရာ Moonlit Reunion / 子夜归 (2025) Channel Link💙💙💙 https://t.me/SK_Ch3 မင်္ဂလာပါ Souler လေးတို့ရေ ..
+9
လရောင်လျှမ်းဖြာ ခေါ်ဆောင်ရာ Moonlit Reunion / 子夜归 (2025) Channel Link💙💙💙 https://t.me/SK_Ch3 မင်္ဂလာပါ Souler လေးတို့ရေ ... ဒီတစ်ခေါက်ကတော့ Main Role နေရာမှာ Xu Kai ရယ် Tian Xi Wei တို့တွဲဖက်သရုပ်ဆောင်ထားတဲ့ Romance, Wuxia, Fantasy အမျိုးအစား Moonlit Reunion ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်နော် ... မိဖုရားခေါင်ကြီးရဲ့ ညီမလည်းဖြစ်သလို ဟယ်နန်နယ်စားမင်းရဲ့ သမီးလည်းဖြစ်တဲ့ -  Wu Zhen သူဟာ ငယ်စဥ်ဘဝကတည်းကနေလို့ ပိုးမွေးသလိုအမွေးခံခဲ့ရသူပီပီ လွတ်လပ်ပေါ့ပါးသူဖြစ်ပြီး အမူအကျင့်တွေဟာလည်းကွဲပြားတာကြောင့် တစ်ခါတလေယောက်ျားလေးအဆင်ဝတ်ဆင်ပြီး တခြားသောအထက်တန်းလွှာကအပေါင်းအသင်းတွေကိုခေါ်ကာ Lefang ဆောင်ကြာမြိုင်မှာ သွားရောက်ပျော်ပါးလေ့ရှိပါတယ်။ ဒီလိုတွေကြောင့်ပဲ Wu Zhen တစ်ယောက် ချန်အန်းမြို့မှာ ဟိတ်ဟန်ကြီးလွန်းတဲ့သခင်လေးဆိုတဲ့ဂုဏ်ပုဒ်ဆိုးလေးနဲ့ နာမည်ကျော်ကြားလာပါတော့တယ် သို့ပေမဲ့လည်း သူဟာကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိခဲ့ပြီး  တစ်ရက် အဆောင်ပေါ်ကပြုတ်ကျတဲ့အချိန်မှာ ကြောင်မိစ္ဆာတစ်ကောင်ရဲ့ကယ်တင်ခြင်းကိုခံရပြီး အဲဒီကြောင်မိစ္ဆာရဲ့တန်ခိုးတွေကိုအမွေခံရရှိသူဖြစ်ခဲ့ပါတယ် Mei Zhu Yu သူကတော့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်ရဲ့ တူဖြစ်ပြီး Wu Zhenလိုမျိုးပဲ ကလေးဘဝကတည်းက ဝိညာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့သူပါ... ဒီအစွမ်းကြောင့်ပဲ နတ်ဆရာဘုံကျောင်းကို ကျင့်ကြံဖို့ရာပို့ဆောင်ခံခဲ့ရပါတယ်... ပင်ကိုအထုံပါရမီထူးလွန်းတာကြောင့် သူဟာ ဘုံကျောင်းရဲ့အတော်ဆုံးနတ်ဆရာတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပြီး ဝိညာဥ်စွမ်းအားကိုပါဖုံးကွယ်ထားနိုင်စွမ်းရှိခဲ့ပါတယ် ဇာတ်လမ်းဇာတ်ကွက်ဆန်းတွေနဲ့ Main Lead နှစ်ယောက် အတွဲညီညီ ဘယ်လိုခေါ်ဆောင်သွားမယ်ဆိုတာ SoulKingdom မှာ စောင့်မျှော်ကြည့်ရှုကြရအောင်နော် Native Title: 子夜归 Starring: Xu Kai, Tian Xi Wei Genres: Romance, Wuxia, Fantasy, Supernatural Country: China Type: Drama Episodes: 38 Airs: August 18,2025--??? Original Network: Tencent Video #MoonlitReunion #子夜归 #SoulKingdom

A Forbidden Marriage 明月入卿怀(2025) 🌕“လစန္ဒာသွယ်မဲ့ မေတ္တာကြိုးမျှင်”🌕 Channel Link ⭐️⭐️⭐️ https://t.me/SoulKingdom_chseries5
+9
A Forbidden Marriage 明月入卿怀(2025) 🌕“လစန္ဒာသွယ်မဲ့ မေတ္တာကြိုးမျှင်”🌕 Channel Link ⭐️⭐️⭐️ https://t.me/SoulKingdom_chseries5 “သိုင်းလောကထဲက အမြင်မတူတဲ့ဂိုဏ်း ၂ ခုကနေ ဖြစ်ထွန်းလာမဲ့ ချစ်ခြင်းတစ်ပုဒ်”🌙 ဇာတ်လမ်းအညွှန်း မိစ္ဆာဂိုဏ်းက Yang Wang Yue ဆိုတဲ့ကောင်မလေးတစ်ယောက် အသက်ဘေးကနေ လွတ်မြောက်လာပြီး မိဘမဲ့အနေနဲ့ဇာတ်မြုပ် နေထိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ် သူ့ရဲ့ရည်ရွယ်ချက်ကတော့ သမာဓိဂိုဏ်းတွေရဲ့ဂိုဏ်းခေါင်းဆောင် နာမည်ကျော်ကြားတဲ့ Yang Qing နဲ့လက်ထပ်ထိမ်းမြားချင်တဲ့အရာပဒဖြစ်ပါတယ် အဲဒီနောက် ဇာတ်မြုပ်နေထိုင်တဲ့ Yang Wang Yue နဲ့ Yang Qing တို့ဟာ ပြန်လည်တွေ့ဆုံကြပြီး အတူတူ ဆိုးသွမ်းယုတ်မာတဲ့ မိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းကြမလဲ … သိုင်းလောကကြီးကို ဘယ်လိုအကျိုးပြုကြမလဲ…သူ့ဆန္ဒတွေရော ပြည့်ဝသွားမလား….ဆိုတာကို SoulKingdom ကနေတဆင့် ကြည့်ရှုအားပေးကြပါဦးနော် ဒီဇာတ်လမ်းအညွှန်းရေးသူကတော့ “မောင်” ဖြစ်ပါတယ် Native Title: 明月入卿怀 Starring: Mao Zi Jun,Zhou Jie Qing Genres: Historical, Romance,Drama,Fantasy Type: Drama Episodes: 24 Airs: Aug 17, 2025 - ? Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network: iQiyi #SoulKingdom #SK #Cdrama #aforbiddenmarriage #လစန္ဒာသွယ်မဲ့မေတ္တာကြိုးမျှင် #ReviewbyMaung

When Destiny Brings The Demon 献鱼 ကြမ္မာလေသွေး ချစ်ခြင်းဖန်လေသော် Channel Link ⭐️⭐️⭐️⭐️ https://t.me/SK_Ch2 ဒီတစ်ခါတင်ဆက်ပေးမဲ
+8
When Destiny Brings The Demon 献鱼 ကြမ္မာလေသွေး ချစ်ခြင်းဖန်လေသော် Channel Link ⭐️⭐️⭐️⭐️ https://t.me/SK_Ch2 ဒီတစ်ခါတင်ဆက်ပေးမဲ့ အချစ်အမုန်းခံစားချက်တွေနဲ့  romanceဆန်ဆန် ဇာတ်လမ်းလေးမှာဆိုရင်တော့ တောင်ပေါ်မှာ နှစ်ပေါင်း၅၀၀လောက် ချိပ်ပိတ်ခံထားခဲ့ရတဲ့ GengChenမသေမျိုးနန်းတော်ရဲ့အရှင်သခင် Sima Jiaoဟာ မသေမျိုးကျင့်ကြံခြင်းလောကကို မတော်တဆရောက်လာတဲ့ Liao Tingyanနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ Liao Tingyan ဟာ Sima Jiaoကို တဖြည်းဖြည်းချင်း ကောင်းတဲ့သူအဖြစ် တစ်ဆင့်ချင်းပြောင်းလဲဖို့အတွက် လမ်းညွှန်ပေးခဲ့တယ်။ အဲဒီလိုဖြစ်စဉ်တစ်ခုလုံးမှာ Sima Jiaoနဲ့ Liao Tingyanတို့ဟာ ခံစားချက်တွေဖြစ်ပေါ်လာပြီး မသေမျိုးလောက နတ်ဆိုးလောကနဲ့ သေမျိုးလူသားလောက ဘဝသုံးခုမှာ အချစ် အမုန်း ခံစားချက်တွေနဲ့  သုံးဘဝဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က သူတို့ရဲ့ချစ်ရသူတွေကိုကာကွယ်ဖို့နဲ့ လောကသုံးခုရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ရွေးချယ်ခဲ့ကြတယ်။ သူ့ရဲ့ကမ္ဘာကြီးမှာ သတ်မလား အသတ်ခံမလားဆိုတဲ့ ရွေးချယ်စရာနှစ်မျိုးပဲရှိတဲ့ Sima Jiao..... သတ်ဖြတ်တာက သူ့အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ဘူးဆိုတဲ့ Liao Tingyan..... သူတို့နှစ်ယောက်ကြားက အချစ်အမုန်းရောထွေးနေတဲ့ဆက်ဆံရေးနဲ့ နှစ်ယောက်သား အချင်းချင်းကာကွယ်ပြီး လောကသုံးခုကိုရော ငြိမ်းချမ်းအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ SoulKingdomကနေ တင်ဆက်ပေးမှာမလို့ စောင့်မျှော်ပေးကြပါဦးရှင်။ အညွှန်းရေးသားသူကတော့ Fim🥝ဖြစ်ပါတယ်။ Native Title: Long For Fish 献鱼 Also Known As: Offering Salted Fish to Master, Offering Fish, Xiang Shi Zu Xian Shang Xian Yu , 獻魚 , 向師祖獻上咸魚 , 向师祖献上咸鱼 Director: Wen De Guang Starrings: Chen FeiYu, Wang Ying Lu Screenwriter: Jin Lu Genres: Romance, Wuxia, Drama, Fantasy Tags: Save The World, Master-Disciple Relationship, Transmigration, Demon male lead, Fairy female lead Country: China Type: Drama Episodes: 40 Airs : 16 Aug 2025- Original Network: Youku Duration: 45 min. #ReviewedbyFim #LongForFish #献鱼 #SoulKingdom

စပါးပင်ကလေးများ ရှင်သန်ရာ 生万物 (This Thriving Land) 🌾 ဇာတ်လမ်းအကျဉ်း Tian Niu Miao ရွာရဲ့ အချမ်းသာဆုံးအိမ်က သမီးဖြစ်သူ Ning X
+5
စပါးပင်ကလေးများ ရှင်သန်ရာ 生万物 (This Thriving Land) 🌾 ဇာတ်လမ်းအကျဉ်း Tian Niu Miao ရွာရဲ့ အချမ်းသာဆုံးအိမ်က သမီးဖြစ်သူ Ning Xiu Xiu ဟာ သူမလက်ထပ်ရမယ့်နေ့မှာ ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံရပါတယ် Ning Xiu Xiu ရဲ့ဖခင် Ning Xue Xiang ဟာ ဓါးပြတွေလက်က သူမကိုပြန်ရွေးဖို့အတွက် သူ့ရဲ့မြေယာတွေကို မရောင်းချလိုတာကြောင့် ညီမဖြစ်သူ Ning Su Su ကို ငယ်စဉ်တည်းကချစ်ရသူ Fei Wen Dian နဲ့ လက်ထပ်စေခဲ့ပါတယ် Xiu Xiu ဟာ သူမရဲ့ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဖြတ်တောက်ခဲ့ပြီး ဓားပြတွေလက်ကနေ သူမကိုကယ်တင်ခဲ့တဲ့ လယ်သမားတစ်ဦးဖြစ်တဲ့ Feng Da Jiao နဲ့ လက်ထပ်ခဲ့ပါတယ် သူမဟာ လယ်ယာလုပ်ငန်းကိုသင်ယူရင်း လယ်သမားတွေအတွက် လယ်ယာမြေရဲ့ အရေးပါပုံကို နားလည်လာခဲ့ပါတယ် Ning Xiu Xiu ဟာ သင်ယူခဲ့တဲ့အသိပညာကို အသုံးချပြီး ရွာရှိအမျိုးသမီးတွေကို ဦးဆောင်ကာ ပဒေသရာဇ် အတွေးအခေါ်ကို ဖယ်ရှားပစ်ဖို့ ကြိုးစားခဲ့ပါတယ် ... Native Title : 生万物 English Title : This Thriving Land Starring : Yang Mi, Ou Hao, Ni Da Hong, Qin Hai Lu, Xing Fei, Zhang Tian Yang Episodes : 36 Airs : 13 August 2025 Original Network : IQIYI #ReviewByPanda #SoulKingdom #生万物 #ThisThrivingLand

The Legend Of Heroes II (Nine Yin True Sutra) 2025 မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် အတွဲ ၂/ ကျိုယင်းမရဏသိုင်းကျမ်း ===============
The Legend Of Heroes II (Nine Yin True Sutra) 2025 မက်မွန်မြေမှ ချစ်တေးတစ်ပုဒ် အတွဲ ၂/ ကျိုယင်းမရဏသိုင်းကျမ်း ==========================
(26)ရက်နေ့မှာ Unit 4 : ကျိုယင်းမရဏသိုင်းကျမ်း (31)ရက်နေ့မှာ Unit 1 : အရှေ့ကျွန်းသခင်နဲ့ အနောက်ပိုင်းအဆိပ်ဘုရင် (5)ရက်နေ့မှာ Unit 2 : တောင်ပိုင်းဘုရင်နဲ့ မြောက်ပိုင်းသူဖုန်းစားကြီး (10)ရက်နေ့မှာ Unit 3 : ဟွာရှန်းတောင်ပေါ်က သခင်ငါးပါးတိုက်ပွဲ အထက်ပါ (4)ရက်မှာ Unit 4 ခု၊ အပိုင်း (၃၀)ကို အပြီးပြသသွားမှာဖြစ်ပါတယ်။
Review https://t.me/cdramareview/889?single Ep 01 https://t.me/ouicdrama/4783 Ep 02 https://t.me/ouicdrama/4784 Ep 03 https://t.me/ouicdrama/4785 Ep 04 https://t.me/ouicdrama/4786 Ep 05 https://t.me/ouicdrama/4787 Ep 06 https://t.me/ouicdrama/4788 Ep 07 https://t.me/ouicdrama/4789 Ep 08 https://t.me/ouicdrama/4790

The Legend Of Heroes / Five Great Masters ( 2025 ) ဟွာရှန်းတောင်ပေါ်က သခင်ငါးပါးတိုက်ပွဲ အရှေ့ပိုင်းမက်မွန်ကျွန်းသခင်ဟွမ်ယောင
+2
The Legend Of Heroes / Five Great Masters ( 2025 ) ဟွာရှန်းတောင်ပေါ်က သခင်ငါးပါးတိုက်ပွဲ အရှေ့ပိုင်းမက်မွန်ကျွန်းသခင်ဟွမ်ယောင်ရှစ်၊ အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုန်း၊ တောင်ပိုင်းဧကရာဇ်သွမ့်ကျိရှင်း၊ မြောက်ပိုင်းသူဖုန်းစား ဟုန်ချီကုန်း၊ အလယ်ပိုင်းသူတော်စင် ဝမ်ချုံရန်တို့တိုက်ပွဲအကြောင်းပဲဖြစ်ပါတယ်။ အပိုင်း ( ၆ )ပိုင်းပါရှိတဲ့ ဒီUnitကိုတော့ နာမည်ကျော် " ချန်အန်းလိုင်ချီးသီး " စီးရီးရဲ့ ဒါရိုက်တာ Cao Dun မှ တာဝန်ယူဖန်တီးရိုက်ကူးထားတာဖြစ်ပြီး ဒီ Unit ပြီးသွားရင်တော့ Season 1 ဖြစ်တဲ့ အပိုင်း ( ၆၀ ) ပြီးဆုံးသွားပါပြီ။

🤩လရောင်ကျူးသော တေးသွားတစ်ပုဒ် Legend of the Female General/锦月如歌 (2025) 🤩 မမလေး Zhou Ye နောက်ထပ်အမိုက်စား Rebirth ကားနဲ့ ပြန
+9
🤩လရောင်ကျူးသော တေးသွားတစ်ပုဒ် Legend of the Female General/锦月如歌 (2025) 🤩 မမလေး Zhou Ye နောက်ထပ်အမိုက်စား Rebirth ကားနဲ့ ပြန်လာပါတော့မယ်ဗျို့။ မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ... ဒီတစ်ခါ မကြာခင် Soul Kingdom ကနေ တင်ဆက်ပေးဦးမဲ့ဇာတ်လမ်းတွဲလေးတစ်ခု‌အကြောင်းကို လာအညွှန်းပြောပြပါရစေနော်။ 🌙ဇာတ်လမ်းအညွှန်း🌙 ဆိုရိုးတစ်ခုရှိတယ် စစ်သူကြီးအများစုက Guan Xi ကနေ ပေါ်ထွက်လာတာဖြစ်ပြီး ပညာရှိအမတ်မင်းတွေကတော့ Guan Dong ကနေ ပေါ်လာတာ ဖြစ်ပါသတဲ့။  He အိမ်တော်ရဲ့ သခင်မလေး He Yan ကတော့ ဒီရေမြေအတွက် အသက်နဲ့ဝိညာဉ်ကို မြှုပ်နှံထားတဲ့ စစ်သူကြီး‌ဖြစ်ဖို့ မွေးဖွားလာတဲ့သူပါပဲ။ အပြင်ပန်း ရုပ်ဆင်းသဏ္ဌာန်နူးညံ့ပါတဲ့ He Yan (Zhou Ye)ဟာ မောင်ဖြစ်သူရဲ့ အစားထိုးအဖြစ်နဲ့စစ်မြေပြင်ဆီမှာပဲ အသက်ကိုရင်းထားရတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးစစ်သူကြီးဖြစ်ခဲ့ရသူပါ။ မိသားစုအတွက် ခြေနင်းကျောက်တုံးလို အဖြစ်ခံပြီး အစစအရာရာ ပေးဆပ်ခဲ့တာတောင် ချစ်ရတဲ့ သွေးရင်းမိသားစုကနေ လုပ်ကြံခံရအပြီး ပြန်လည်မွေးဖွားလာတဲ့အခါ ရဲရင့်လှတဲ့အမျိုးသမီးစစ်သူကြီး He Yan ဟာ အရင်ဘဝက သူဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ပြီးတော့ တိုက်ခိုက်ဆောင်ကြဉ်းရင်း အတိတ်က ရန်သူဟောင်းဖြစ်ခဲ့တဲ့ Xiao Jude (Cheng Lei) နဲ့ ‌ချစ်ကြိုးသွယ် မေတ္တာချင်းဖလှယ်မိပါတော့ တယ်။ အပြင်ပိုင်းသွင်ပြင်နူးညံ့ပေမဲ့ အေးတိအေးစက်နိုင်တဲ့ စစ်သူကြီး He Yan နဲ့ အတွင်းစိတ်ထား ကြင်နာတတ်လွန်းပေမဲ့ သိုင်းပညာသူမတူအောင် ကျွမ်းကျင်လှပါတဲ့ စစ်သူကြီး Xiao Jue တို့ဇနီးမောင်နှံနှစ်ယောက် သစ္စာဖောက်တွေ၊ ရေမြေကို ထိပါးလာတဲ့ တိုင်းတစ်ပါးသားတွေကို နေနဲ့လ ရွှေနဲ့မြလို အတွဲညီညီနဲ့ တွန်းလှန်တိုက်ခိုက်ရင်း လောကကြီးကို အုပ်စိုးမဲ့ ဇာတ်လမ်းလေးကို SK မှာ အတူတူ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီအညွှန်းကို ရေးသားသူကတော့ Blue ဖြစ်ပါတယ်) Native Title: 锦月如歌 Also Known As: Jin Yue Ru Ge , 錦月如歌 Genres: Romance, Wuxia, Drama, War Country: China Type: Drama Episodes: 36 Airs:August 6,2025--??? Original Network: Tencent Video Duration: 45 min. #LegendOfTheFemaleGeneral #RebirthOfAStarGeneral #锦月如歌 #SoulKingdom #ReviewByBlue

" တောင်ပိုင်းဧကရာဇ်နဲ့ မြောက်ပိုင်းသူဖုန်းစား " ဒီနေ့ ၈ပိုင်းစဆုံးရပါမယ်
+2
" တောင်ပိုင်းဧကရာဇ်နဲ့ မြောက်ပိုင်းသူဖုန်းစား " ဒီနေ့ ၈ပိုင်းစဆုံးရပါမယ်

The Wanted Detective ကမ်းမဲ့လေစိုင် 定风波 🆕 Channel Link https://t.me/SK_Ch3 ဘယ်လောက်ပင် နက်ရှိုင်းတဲ့အမှောင်ထုထဲမှာဖြစ်စေ မင်
+9
The Wanted Detective ကမ်းမဲ့လေစိုင် 定风波 🆕 Channel Link https://t.me/SK_Ch3 ဘယ်လောက်ပင် နက်ရှိုင်းတဲ့အမှောင်ထုထဲမှာဖြစ်စေ မင်းကိုယ်မင်းရှာဖွေမယ်ဆိုရင်တော့ မျက်လုံးတွေကိုဖွင့်ရဲမှ အလင်းဆိုတာရှာတွေ့မှာ  ... ဇာတ်လမ်းအကျဥ်း ယဲ့ရှား - ဒဏ္ဍာရီအဆိုမှာ အမုန်းတရားဟာ ပင်လယ်လိုနက်ရှိုင်းပြီး မကျေချမ်းမှုတွေ မိုးထိလောက်ပင်ရှိနေတဲ့သူတွေ ဆုံးပါးတဲ့အခါ ဝိညာဥ်ဟာမကျွတ်နိုင်ဘဲရှိနေသူတွေကိုခေါ်တယ်။ မင်္ဂလာဆောင်နေ့မှာ သတို့သမီးရဲ့အဖေလည်းဖြစ် သူ့ရဲ့ဆရာလည်းဖြစ်သူကို သတ်တယ်ဆိုပြီး လူသတ်သမား (ယဲ့ရှား) လို့ ယိုးစွပ်ခံခဲ့ရတဲ့ ချီတိုင်းပြည်ကြီးရဲ့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူး Xiao Bei Ming ဒီလိုနဲ့သုံးနှစ်ကြာပြီးနောက် မြို့တော်ဆီပြန်လာကာ ဆရာတူညီမ Zhong Xue Man ရဲ့ယုံကြည်မှုကိုရယူပြီး တိုင်းပြည်မဏ္ဍိုင်ကို လှုပ်ကိုင်နေတဲ့ ယဲ့ရှားကို ဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့ ... မကြာခင် SoulKingdom က တင်ဆက်ပေးတော့မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး ... Native Title: 定风波 Starrings: Wang Xing Yue & Julia Xiang Also Known As: Ding Feng Bo , 定風波 Genres: Thriller, Historical, Mystery Country: China Episodes: 36 Airs: 2025 Aug 1 Original Network: iQiyi Duration: 45 min. #TheWantedDetective #CalmingWaves #定风波 #WangXingYue  #JuliaXiang #SoulKingdom #SK

အရှေ့ကျွန်းသခင်နဲ့ အနောက်ပိုင်းအဆိပ်ဘုရင် EP 1-8 The Legend Of Heroes 2 : Eastern Heretic and Western Venom 2025 Ep 01 https:
အရှေ့ကျွန်းသခင်နဲ့ အနောက်ပိုင်းအဆိပ်ဘုရင် EP 1-8 The Legend Of Heroes 2 : Eastern Heretic and Western Venom 2025 Ep 01 https://t.me/TFSchinese/133 Ep 02 https://t.me/TFSchinese/136 Ep 03 https://t.me/TFSchinese/139 Ep 04 https://t.me/TFSchinese/142 Ep 05 https://t.me/TFSchinese/145 Ep 06 https://t.me/TFSchinese/148 Ep 07 https://t.me/TFSchinese/151 Ep 08 https://t.me/TFSchinese/154