တရုတ်စီးရီး 🦋 Review 🦋
📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋
Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 441 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 441 subscribers.
According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
- Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 7.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။”
Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.
"ကိုယ်တို့ အသက်ရှင်လျက်နဲ့ လွတ်မြောက်နိုင်ခဲ့မယ်ဆိုရင် တောတောင်ရေမြေ စိမ့်စမ်းအသွယ်သွယ်ကို ကိုယ်နဲ့အတူ မင်းက အဖော်ပြုပေးပြီး လိုက်ရှုစားပေးဖို့သဘောတူလား....." "လောကကြီးကို မိစ္ဆာတွေ မပိုင်သလို လူသားတွေလည်း မပိုင်ပါဘူး လောကကြီးက သက်ရှိအားလုံးအတွက်ပဲလေ... "လှောင်အိမ်ထဲက သခင်လေး WangQuanFuGui နဲ့ ပင့်ကူမိစ္ဆာမလေး Qing Tong ရဲ့ Fox Spirit Matchmaker: Sword and Beloved ဇာတ်လမ်းလေး လာပါပြီ ချစ်သောတို့ရေ... ~ဇာတ်လမ်းအညွှန်း~ တောက်ဝါဒီကျင့်ကြံတဲ့ WangQuan အိမ်တော် ရဲ့ တစ်ဦးတည်းသော ဆက်ခံသူသခင်လေး WangQuan FuGui (ChengYi) ဟာ မွေးရာပါ စွမ်းအားကြီးလွန်းသူဖြစ်ပြီး လူ့လောကဆီရောက်ကတည်းက မိခင်ရင်ငွေ့နဲ့ သေရာပါဝေးကွာခဲ့ရတဲ့ သခင်ငယ်လေးပါ.... ငယ်စဉ်ကတည်းက ပြင်ပလောကကြီးနဲ့ အဆက်ဖြတ်ခံခဲ့ရပြီး တောက်ဝါဒီတွေကို လေ့ကျင့်ရင်း အိမ်တော်က စွမ်းအားရှိသူတွေကို ယှဉ်ပြိုင်တိုက်ခိုက်ရင်း အချိန်ကုန်ဆုံးလာရတဲ့ လှောင်အိမ်ထဲက ငှက်ငယ်လေးဟာ အသက် ၁၂နှစ်မှာတင် အိမ်တော်သခင် ဖခင်ဖြစ်သူကလွဲရင် ပြိုင်ဘက်ကင်း စွမ်းအားအကြီးဆုံးလူဖြစ်နေနှင့်ပါပြီ .... ဒါပေမဲ့လည်း လူသားပီသလွန်းတဲ့ သခင်လေးဟာ မိစ္ဆာတွေကို တွေ့မြင်ရတိုင်း သုတ်သင်ပစ်ဖို့ တွေဝေမိဆဲပါပဲ ... ဒီလိုနဲ့ အိမ်တော်ရယ် ဝေါယာဉ်ရယ်ကလွဲ ဘယ်ကိုမှ မရောက်ဖူးမမြင်ဖူးတဲ့ သခင်လေးရဲ့ဘဝထဲ အရမ်းကြောက်တတ်တဲ့ ပင့်ကူမိစ္ဆာမလေး Qing Tong (Li YiTong) ဟာ ကြမ္မာဖန်ပြီးရောက်ရှိလာခဲ့ချိန်မှာတော့ .... ပြင်ပလောကကြီးကို မထိတွေ့ဖူးတဲ့ ရွှေအိမ်စံ အကျဉ်းသားလေးနဲ့ ခိုကိုးရာမဲ့ မိစ္ဆာမလေးကြား သမုဒယကြိုးမျှင်တွေ တစ်ထပ်ချင်းနှောင်ဖွဲ့ရင်း မေတ္တာထုထည်ကြီးမားလာချိန်မှာ သခင်လေးဟာ တစ်ခါမှ မလွန်ဆန်ဖူးတဲ့ အိမ်တော်ကနေ လွတ်မြောက်ဖို့ အသက်နဲ့ရင်းပြီး ကြိုးစားခဲ့ပါတော့တယ် .... သခင်လေး တကယ်ပဲ လွတ်လပ်ခွင့်ရသွားမှာလား .... ချစ်မိတဲ့ မိစ္ဆာမလေးကရော သူထင်ထားခဲ့သလို သာမန်ပင့်ကူမိစ္ဆာမလေးပဲလား ..... ကိုကိုချန်ယိကားဖြစ်တဲ့အပြင် Fox Spirit Matchmaker ဇာတ်လမ်းတွဲလေးဆိုတော့ တစ်ရှူးဘူး ဘေးချပြီး Fox Spirit Matchmaker 3: WangQuan ကို အတူတူ ရှုစားလိုက်ကြရအောင်ပါရှင်... (အညွှန်းလေးကိုရေးတဲ့လူကတော့ Blue 💙ဖြစ်ပါတယ်) Native Title: 天地剑心 Also Known As: Fox Spirit Matchmaker: Wang Quan , 狐妖小红娘•王权篇 , 涂山小红娘王权篇 Staring: ChengYi, Li Yi Tong Genres: Romance, Wuxia, Drama, Fantasy Country: China Type: Drama Episodes: 36 Date_25.10.2025 Duration: 45min #ReviewByBlue #狐妖小红娘王权篇 #王权富贵 #ChengYi #LiYiTong #FoxSpiritMatchmaker #FoxSpiritMatchmakerSwordandBeloved #SoulKingdom #SK
ဘဝဟာကျားကွက်ခုံလို အဖြူနဲ့အမဲ အမှားနဲ့အမှန် ဒွေးရောယှက်တင်လာတဲ့အခါဇာတ်လမ်းအကျဥ်း ကဲ ... ... ဒီတစ်ခါမှာတော့ ဂန္ထ၀င်မင်းသားကြီး Nick Cheungနဲ့ မင်မင်တို့ရဲ့အသည်းကျော်လေး ဖန်းသောပင့် Joseph Zeng ရဲ့ အမှုလိုက် ဟောင်ကောင်အက်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ချင်ယွိဟာဆိုရင်တော့ အင်မတန်ကိုမှဖြောင့်မတ်တဲ့ တာဝန်ကျေပွန်တဲ့တရားသူကြီးတစ်ယောက်ပါ ဒါပေမဲ့ဒီလိုတည်ကြည်တဲ့လူဖြောင့်ဆီကိုမှ ကံဆိုးမှုတွေကကျရောက်လာပါတယ်။ ဒါကတော့သူ့ရဲ့သားဖြစ်သူဟာ တစ်ခါမှာတော့ ပြဿနာမွှေမိပြီး လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူကို သတ်လိုက်မိတာပါပဲ တစ်ဖက်ကဥပဒေနဲ့ တစ်ဖက်ကသားဖြစ်သူတို့ယှဉ်လာတဲ့အခါမှာတော့ ဘယ်လောက်ပဲဖြောင့်မတ်တယ်ဆိုစေဦး နောက်ဆုံးမှာတော့ အဖြစ်မှန်ကိုဖုံးကွယ်ပြီး ဥပဒေကနေတိမ်းရှောင်ဖို့ကြိုးစားခဲ့ရတာပါပဲ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ဒါကိုလူမိုက်ဂိုဏ်းခေါင်းဆောင်ဟာသိရှိသွားပြီး သူ့ရဲ့သားဖြစ်သူအတွက်လက်စားချေဖို့ အစွမ်းကုန်သောင်းကျန်းပါတော့တယ် ဒီအခါမှာ သူတို့တွေရဲ့အားပြိုင်မှုကဘယ်လိုဖြစ်လာမလဲ ... ... ချင်ယွိဟာနောက်ဆုံးမှာ ဘယ်လိုရွေးချယ်ချက်တွေနဲ့ကြုံရလေမလဲ ... .. ဒီအမှုထဲကို ထန်ရွှမ်းလို့ခေါ်တဲ့ တရားမျှတမှုကိုစွဲစွဲမြဲမြဲလိုလားတဲ့ ရဲမေထန်ရွှမ်းဟာဝင်ပါလာချိန်မှာတော့ အမှန်တရားဟာဘယ်လိုပေါ်လာလိမ့်မလဲ ... ... စတာစတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ချင်တယ်ဆိုရင်တော့ ... ... Native Title: 绝命法官 English Title: Justice is Mine Genres: Mystery, Crime Starring: Nick Cheung, Myolie Wu, Joseph Zeng Episodes: 20 Airs : 28 September 2025 Original Network: Youku #ReviewByDD #绝命法官 #SoulKingdom #JusticeisMine
ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေက သဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်း စာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။ သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်း နန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီး ကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေ အကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေ ဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကို သုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညှပ်ပြီး ဒုက္ခရောက်သွားတဲ့ ကောနဲ့ ယန် မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။ သိုင်းလောကထဲမှာတော့ အဲ့ဒီအချိန်ကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတယ်။ အရှေ့မက်မုံကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကို ဟာကွက်မရှိအောင် ရေးသားထားတဲ့ စာရေးဆရာကြီး ကျင်းယုံရဲ့ ဂန္ထဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
