en
Feedback
တရုတ်စီးရီး 🦋 Review 🦋

တရုတ်စီးရီး 🦋 Review 🦋

Open in Telegram

မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Show more

📈 Analytical overview of Telegram channel တရုတ်စီးရီး 🦋 Review 🦋

Channel တရုတ်စီးရီး 🦋 Review 🦋 (@cdramareview) in the Burmese language segment is an active participant. Currently, the community unites 15 441 subscribers, ranking 18 065 in the Movies category and 8 662 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 441 subscribers.

According to the latest data from 08 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 113 over the last 30 days and by 3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.64%. Within the first 24 hours after publication, content typically collects 3.17% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 187 views. Within the first day, a publication typically gains 490 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 7.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။

Thanks to the high frequency of updates (latest data received on 09 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

15 441
Subscribers
+324 hours
+337 days
+11330 days
Posts Archive
Dragon King's Decree 龙王令之妃卿莫属 မိန့်မြွက်၍ ခေါ်ဆောင်ရာ ဇာတ်လမ်းအကျဥ်း Feng Zhi Lou ဆိုတဲ့မိန်းကလေးဟာတကယ်တမ်း သိုင်းပညာရှင်တစ်ယ
+5
Dragon King's Decree 龙王令之妃卿莫属 မိန့်မြွက်၍ ခေါ်ဆောင်ရာ ဇာတ်လမ်းအကျဥ်း Feng Zhi Lou ဆိုတဲ့မိန်းကလေးဟာတကယ်တမ်း သိုင်းပညာရှင်တစ်ယောက်ဖြစ်ချင်ပေမဲ့လည်း ကံတရားမျက်နှာသာမပေးမှုကြောင့် ဦးလေးဖြစ်သူရဲ့ ဆေးဆိုင်မှာပဲ အချိန်အတော်ကြာ ဆေးပင်ဆေးမြစ်တွေကူရှာလုပ်ပေးခဲ့ရပြီး ဒီအတွက်ကြောင့် မိသားစု၆ခုနဲ့ Wujing မင်းဆက်အတွက် ပြက်ရယ်ပြုစရာဖြစ်ခဲ့ရပါတယ်။ တစ်နေ့သူဆေးပင်ရှာထွက်တုန်း ချောက်ကမ်းပါးကနေပြုတ်ကျလို့ အပြင်းအထန်ဒဏ်ရာရနေတဲ့ Chu Mo Shang ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံကာ ဒဏ်ရာတွေကိုကုသပြီး အသက်ကယ်ကာ ကံကြမ္မာကြိုးလေးစတင်ဖွဲ့တည်လာပါတော့တယ်။ အဲဒီနောက်မှာပဲ Feng Zhi Lou ရဲ့ဖခင်ဖြစ်သူက Zhuangkou က အရူးတစ်ယောက်နဲ့ လက်ဆက်ပေးဖို့ Feng Zhi Lou ကိုဖိအားပေးပြီး လက်မထပ်ချင်ရင် ချစ်သူကိုခေါ်လာပြဖို့ ပြောလိုက်တဲ့အခါမှာတော့ ... မကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့ SoulKingdom ပရိသတ်ကြီးက အားပေးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ... Native Title: 龙王令之妃卿莫属 Starrings: Daisy Li & Ye Sheng Jia Also Known As: Long 龍王令 , 龍王令:妃卿莫屬 , 龙王令:妃卿莫属 Genres: Romance, Wuxia, Fantasy Country: China Type: Drama Episodes: 35 Original Network: Tencent Video #DragonKingsDecree #LongWangLingZhiFeiQingMoShu #DaisyLi #YeShengJia #龙王令之妃卿莫属 #SoulKingdom #SK

💗 ပျောက်ဆုံးသွားလေသော အချစ်ရဲ့ဝိညာဉ် Fu Shi Xian Yi Bu Ran Chen 浮世仙衣不染尘 💗 လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က နတ်မင်းတွေ (
💗 ပျောက်ဆုံးသွားလေသော အချစ်ရဲ့ဝိညာဉ် Fu Shi Xian Yi Bu Ran Chen 浮世仙衣不染尘 💗 လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က နတ်မင်းတွေ (Immortal Lords) နဲ့ အရိပ်မျိုးနွယ်စု (Shadow Clan) တို့ နှစ်ပေါင်းများစွာ စစ်ပွဲဆင်နွှဲခဲ့ကြတဲ့အချိန်မှာ နတ်မင်း Jing Wei က အရိပ်မျိုးနွယ်စုရဲ့ အထွတ်အမြတ်ထားတဲ့ပစ္စည်းဖြစ်တဲ့ "သက်ရှိလောက ကြေးမုံ (Floating World Mirror)" ကို သိမ်းပိုက်ရယူခဲ့ပြီး နတ်ဆိုး Xie Yun ကို ချိတ်ပိတ်ထားခဲ့တယ်။ နတ်ဘုရားပစ္စည်းဖြစ်တဲ့ သက်ရှိလောကကြေးမုံကွဲအက်သွားတဲ့အခါ ကြေးမုံထဲမှာရှိတဲ့ နတ်ဆိုး Xie Yun ထွက်ပြေးလွတ်မြောက်ပြီး လူသားလူငယ် Yaoyang ရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပါတယ်။ နတ်ဘုရားမ Bai Xi Yin က Yaoyang ကို တပည့်အဖြစ် လက်ခံပြီး သူ့ကိုယ်ထဲက နတ်ဆိုးတိမ်တိုက်ကို သန့်စင်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ နတ်ဆိုးနဲ့ တိုက်ခိုက်ရင်း သူ့ရဲ့နတ်စွမ်းအင်ကို Yaoyangရဲ့ခန္ဓာကိုယ်ထဲပေးခဲ့ရင်း အသက်စွန့်ခဲ့ရတယ်။ Yaoyangက အရိပ်မျိုးနွယ်ရဲ့ လျှို့ဝှက်ပညာနဲ့ နတ်ဆိုးတိမ်တိုက်ကိုသုံးပြီး သူ့ဆရာ Bai Xi Yinကိုပြန်ပြီး အသက်သွင်းခဲ့ပေမဲ့ သူ့ရဲ့ပြန့်ကျဲနေတဲ့ မူလဝိညာဉ်တွေကို ပြန်လည်ရှာဖွေဖို့ လိုအပ်နေခဲ့ပါတယ်။ ဆရာ Bai Xi Yunရဲ့မူလဝိညာဉ်တွေကိုပြန်ရှာရင်း Yaoyangတစ်ယောက် ဘယ်လိုအရာတွေကြုံတွေ့လာရမလဲဆိုတာ... Native Title: 浮世仙衣不染尘 Eng Title: Fu Shi Xian Yi Bu Ran Chen Also KnownAs:浮世決,FuShiJue,浮世决,浮世 衣不 染塵 Starrings: Han Xiao Yao(Yao Yang), Zhang Yu Han (Bai Xi Yin/ Bai Ruo Xi), Kenneth Zhu Genres: Historical, Romance Tags: Web Series (Vote tags) Country: China Type: Drama Episodes: 24 Airs: Nov 11, 2025- Nov 20, 2025 Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network: Youku #ReviewByÄngel #浮世仙衣不染尘 #FuShiXianYiBuRanChen #SoulKingdom #Mini

Legend of The Magnate / 大生意人 (2025) စီးပွားရေး ရွှေဉာဏ်ရှင် ဒီတစ်ခါမှာ​တော့ ချင်းမင်းဆက်နှောင်းပိုင်းခေတ်ကို ဇာတ်အိမ်တည်ထားပြ
+9
Legend of The Magnate / 大生意人 (2025) စီးပွားရေး ရွှေဉာဏ်ရှင် ဒီတစ်ခါမှာ​တော့ ချင်းမင်းဆက်နှောင်းပိုင်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး သမိုင်းနောက်ခံ ကုန်သည်လောကရဲ့ကောက်ကျစ်ကြမ်းတမ်းတဲ့ပုံရိပ်တွေကို ပုံဖော်ထားတဲ့ Business drama အမျိုးအစားဖြစ်တဲ့ ''Legend of the Magnate'' ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းတွဲလေးမှာ မင်းသားကြီး Chen Xiao နဲ့ မင်းသမီးချောလေး Sun Qian တို့ အဓိကပါဝင်ထားပါတယ် >>ဇာတ်လမ်းအညွှန်း<< သာမန်ကုန်သည်မျိုးရိုးကနေဆင်းသက်လာပြီး ပညာတတ်လူငယ်လေးဖြစ်တဲ့ Gu Ping Yuan ဟာ နန်းတွင်းအမှုထမ်းဘဝနဲ့ ထွန်းပေါက်ချင်နေသူပါ ဒါပေမဲ့လည်း သူ့အိပ်မက်တွေဟာ နန်းတွင်းစာမေးပွဲကျရှုံးမှုနဲ့အတူပျက်သုဥ်းသွားရုံသာမက မတရားမှုတစ်ခုနဲ့ချောက်ချခံရပြီး တိုင်းတစ်ပါးကို နယ်နှင်ဒဏ်ခံလိုက်ရပါတော့တယ် အမှန်တရားကို ဖော်ထုတ်ပြီး အိမ်ပြန်နိုင်ဖို့အရေး Gu Ping Yuan တစ်ယောက် Shan Xi ကို ဆားကုန်သွယ်တန်းနဲ့အတူ ထွက်ပြေးခဲ့ရင်း မထင်မှတ်ဘဲ စီးပွားရေးလောကထဲ​ခြေချမိပါတော့တယ် စီးပွားရေးလောကထဲကျင်လည်ရင်း သူ့ရဲ့အံ့ဩစရာကောင်းတဲ့သတ္တိနဲ့ စွမ်းရည်ကြောင့် နာမည်လေးတစ်ခုရလာပါတော့တယ် တစ်စပြီးတစ်စအောင်မြင်လာတာနဲ့အမျှ အန္တရာယ်တွေလည်းပတ်ချာလည်လာပါတော့တယ် Shan Xiကုန်သည်ခေါင်းဆောင် TianGuiရဲ့ လျှို့ဝှက်ကြံစည်မှု...Beijing ကုန်သည်အကြီးအကဲရဲ့သား Li Qin ရဲ့အာရုံစိုက်မှုတွေ ခံလိုက်ရတဲ့အခါ... အဆိုးဆုံးကတော့ Gu Ping Yuanက Li Qinရဲ့ရန်သူတော်ဟောင်းလည်း ဖြစ်နေပါတော့တယ် Gu Ping Yuanချောက်ချခံရတဲ့အမှုရဲ့သဲလွန်စတွေက Li မိသားစုနဲ့ ဆိုင်နေတဲ့အခါ…. Gu Ping Yuan တစ်ယောက် တစ်စတစ်စ စီးပွားရေးချဲ့ထွင်ပြီး ကုန်သည်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာမလဲ... ရန်သူနဲ့မိတ်ဆွေ အမှန်နဲ့အမှားကြားမှာ သူချောက်ချခံရတဲ့အမှုရဲ့အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲ ....ခေတ်သစ်စီးပွားရေးအင်ပါယာတစ်ခုကို ဘယ်လိုထူထောင်မလဲဆိုတာ ...အားလုံးပဲအတူတူ  စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါနော် #LegendOfTheMagnate

နေကိုးလုံးရဲ့သိုင်းနတ်ဘုရား Nine Suns of Martial God ( 2025 ) ဆုံးရှုံးခဲ့ရသမျှ လွဲချော်ခဲ့ရသမျှ အကုန်ပြန်ရယူဖို့ ငါအရှင် တဖန
နေကိုးလုံးရဲ့သိုင်းနတ်ဘုရား Nine Suns of Martial God ( 2025 )
ဆုံးရှုံးခဲ့ရသမျှ လွဲချော်ခဲ့ရသမျှ အကုန်ပြန်ရယူဖို့ ငါအရှင် တဖန်ပြန်လည်မွေးဖွားလာပြီ
ဇာတ်လမ်းအကျဉ်း အနိုင်ကျင့်ခဲ့သမျှ စော်ကားအရှက်ခွဲခဲ့သမျှခံလာခဲ့ရသည့် အသက်ဝိညာဉ်မပြည်စုံတဲ့လူငယ်လေး ကျိုးဖုန်းဟာ သတ်ဖြတ်ခြင်းနတ်ဘုရားဖုန်းဝူချင်ရဲ့အမွေအနှစ်ဖြစ်တဲ့ နေကိုးလုံးသိုင်းကို မတော်တဆရရှိခဲ့ပါတယ် ဒီလိုနဲ့ နေကိုးလုံးဆန့်ကျင်လမ်းစဉ်သိုင်းကိုကျင့်ကြံကာ သူ့ရဲ့ဆိုးဝါးခဲ့တဲ့ကံကြမ္မာကိုပြောင်းပြန်လှန်ဖို့ တဖန်မွေးဖွားလာတဲ့အခါ....... ဘယ်လိုတောင်ကြမ်းမလဲ ရမ်းမလဲဆိုတာကြည့်ချင်ရင်‌တော့ စောင့်မျှော်အားပေးလို့ရပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် စုစုပေါင်း အပိုင်း 20 ရှိပါမယ်။

Love on the Turquoise Land 枭起青壤 ⭐️ မှော်နယ်ဖန်သောနှောင်ကြိုးမျှင် ✅✅ချန်နယ်လင့် https://t.me/SK_Ch10 "ကျွန်မ ဘာလက်နက်မှမယူလာဘ
+9
Love on the Turquoise Land 枭起青壤 ⭐️ မှော်နယ်ဖန်သောနှောင်ကြိုးမျှင် ✅✅ချန်နယ်လင့် https://t.me/SK_Ch10 "ကျွန်မ ဘာလက်နက်မှမယူလာဘူး။ ရှင်ကယောက်ျားကြီးဖြစ်ပြီး ကျွန်မကို သေနတ်နဲ့အနိုင်ယူချင်သေးတာလား"                                                     - Nie Jiu Luo "မင်းမှာ သေနတ်မရှိသေးပေမဲ့ သွားတွေရှိသေးတယ်။ ငါသေနတ်ချထားလိုက်ရင်တောင် မင်းသွားတွေကိုတော့ ကျွတ်အောင်ရိုက်နိုင်သေးတာပဲ"                                                     - Yan Tuo [ဇာတ်လမ်းအကျဉ်း] ရှေးချင်မင်းဆက်ခေတ်အတွင်း ထာဝရရှင်သန်ဘဝကို အရူးအမူးလိုချင်ခဲ့တဲ့ ချင်ဘုရင်ဟာ မသေဆေးကို ရှာဖွေပေးဖို့ "Tangled Army” ဆိုတဲ့ လျှို့ဝှက်တပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သေဆေးရှာဖွေပေးဖို့ စေလွှတ်ခံရတဲ့ နတ်ဆရာနဲ့ လျှို့ဝှက်တပ်ဖွဲ့သားတွေက တစ်ညမှာတော့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ ဒီဘက်ခေတ်အရောက်မှာတော့ ဘဝကို အေးချမ်းစွာနဲ့ ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ နတ်ဆရာရဲ့ မျိုးဆက် ပန်းပုဆရာမလေး Nie Jiu Luo ဟာ သူ့ရဲ့ မျိုးရိုးကြောင့် ရှောင်လွှဲမရတဲ့အတိတ်သမိုင်း တစ်ကျော့ပြန်လည်လာတာကို ကြုံလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ မိသားစုကို Lin Xi Rou ဆိုတဲ့ အမျိုးသမီးထိန်းချုပ်တာခံခဲ့ရတာကြောင့် အမှန်တရားကို ရှာဖွေဖို့လုံးပမ်းနေတဲ့ ချမ်းသာတဲ့ သူဌေးမျိုးဆက် သူဌေးသားလေး Yan Tuo နဲ့ ကံကြမ္မာအရ ဆုံလာဖို့ အကြောင်းဖန်လာသောအခါ... အဖေချန်ရစ်ထားခဲ့တဲ့ ဒိုင်ယာရီကိုသုံးပြီး Lin Xi Rou အမျိုးသမီးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ Yan Tuo နဲ့ စိတ်ထားနူးညံ့ပေမဲ့လည်း အပြောမချို လက်ပါတတ်တဲ့ ဖုံးကွယ်ထားတဲ့သရုပ်မှန်ပိုင်ရှင် Jiu Luo တို့ရဲ့ ရှေ့ဆက်တွေ့ကြုံရမဲ့ ကံတရားက ဘယ်လိုတွေဖြစ်လာမလဲ.... ငယ်ဘဝအတွေ့အကြုံတွေ တူညီပြီး ရဲရဲနီတဲ့ သူတို့နှစ်ယောက် ဘယ်လိုတွေ အချင်းချင်းပေးဆပ်ကြမလဲ..ဘယ်လိုတွေ အပြန်အလှန်သတ္တိတွေပေးကြမလဲဆိုတာကတော့ Enemy To Lover ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ SoulKingdom ပရိသတ်ကြီးတို့နဲ့အတူ ဆက်လက်ကြည့်ရှူလိုက်ကြရအောင်ပေါ့ဗျာ..။ [ဒီအညွှန်းလေးကို ရေးသားသူကတော့ Luna🌙 ပါ] Native Title : 枭起青壤 Starrings      : Dilireba, Chen Xingxu, Dong Chang, Su Xin, Cherry Ngan & Liang Sing Qing Genres       : Thriller, Supernatural, Fantasy, Romance Episodes       : 32 Original Network : CCTV, Tencent Video #ReviewbyLuna #枭起青壤 #ChenXingXu #Dilireba  #LoveOnTheTurquoiseLand  #SoulKingdom #SK

Review ဒီဇာတ်လမ်းလေးမှာတော့ မွေးကင်းစကတည်းကနေကွဲကွာသွားခဲ့ပြီးတစ်ယောက်နဲ့တစ်ယောက်ရဲ့ တည်ရှိမှုကို မသိခဲ့ကြတဲ့ အမွှာညီနောင်ရဲ့
Review ဒီဇာတ်လမ်းလေးမှာတော့ မွေးကင်းစကတည်းကနေကွဲကွာသွားခဲ့ပြီးတစ်ယောက်နဲ့တစ်ယောက်ရဲ့ တည်ရှိမှုကို မသိခဲ့ကြတဲ့ အမွှာညီနောင်ရဲ့ အကြောင်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရှောင်ယွီအယ်(ငါးကလေး)ကတော့ လူရမ်းကားလျှိုမြှောင်မှ လူဆိုးကြီးများရဲ့ ကျွေးမွေးစောင့်ရှောက်မှုကိုခံခဲ့ရတဲ့အပေါ် ဂုဏ်ယူလျက်ရှိပြီးသူ့ကိုယ်သူနံပတ်(၁)လူဆိုးကြီးလို့ ခံယူထားပါတယ်။ လူဆိုးကြီး ၁၀ ယောက်ထဲမှာတစ်ယောက်ဖြစ်တဲ့ လီသရှူ(ပါးစပ်ကြီး)ရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ရလို့ သူဟာအင်မတန်အစအနောက်သန်လှတဲ့ လူရွှတ်လူနောက်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူဟာအင်မတန်မှစိတ်သဘောထားကောင်းလှပါတယ်။သူလျှိုမြှောင်ထဲကနေထွက်လာပြီး သိုင်းလောကကိုခြေချလာတဲ့ ခရီးစဉ်မှာ ဟွားဝူချွဲနဲ့တွေ့ဆုံခဲ့ပြီး မိတ်ဆွေမကျ ရန်သူမကျ ဆက်နွယ်မှုမျိုးဖြစ်လာခဲ့ပါတယ်။ဝူချွဲကတော့ ယီဟွားနန်းဆောင်မှ နန်းသခင်မယောင်ယွဲ့ရဲ့ မွေးစားခြင်းကိုခံခဲ့ရပါတယ်။ အမှန်တကယ်တော့ ဟွားဝူချွဲနဲ့ရှောင်ယွီအယ်တို့ ရဲ့ဖခင်ကို ကလဲ့စားချေဖို့အတွက် အမွှာညီနောင်ကို ရည်ရွယ်ချက်ရှိရှိခွဲခဲ့ခြင်းဖြစ်ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့ အမွှာညီနောင်နှစ်ယောက်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်သတ်ဖြတ်ကြဖို့ပဲဖြစ်ပါတယ်။ကျန်းပျယ်ဟော့နဲ့ ကျန်းယွိလန်တို့သားအဖကလည်း သိုင်းလောကကို ပြောင်းပြန်လှန်ပစ်ဖို့ ဉာဏ်နီဉာဏ်နက် ထုတ်လျက်ရှိပါတယ်။သူတို့ညီအစ်ကိုနှစ်ယောက်ကကော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ။ နန်းသခင်မယောင်ယွဲ့ရဲ့ အကြံအစည်ကကောအောင်မြင်ပါ့မလား။ ကျန်းပျယ်ဟော့ရဲ့ သိုင်းလောကကို ပြောင်းပြန်လှန်ပစ်မယ့် အကြံကကော အထမြောက်နိုင်ပါ့မလား ဆိုတာကတော့ ချစ်ပရိတ်သတ်တို့ စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

Dating in the Kitchen (2020)“ချစ်ခြင်းတို့သိုမှီးရာ” & ” စားဖိုဆောင်တွင်းချိန်းတွေ့ခြင်း ” ==================================
+3
Dating in the Kitchen (2020)“ချစ်ခြင်းတို့သိုမှီးရာ” & ” စားဖိုဆောင်တွင်းချိန်းတွေ့ခြင်း ” ========================================= ICE က ICE ရေခဲတုံးလေးတွေ အတွက် ကားဟောင်းလေး တွေ ထဲက တစ်ကားဖြစ်တဲ့ Dating in the Kitchen(2020) လေးကို ပြန်တင်ပေးလိုက်ပါတယ် ဦးနဲ့ ကလေး ရဲ့ လှပတဲ့ ချစ်ခြင်းကို ကြည့်ပြီး အပြင်က ဦးနဲ့ ကလေး ဇာတ်လမ်းတွေ တွေ ရှိခဲ့ ရင်လည်း RO လို့ရအောင် နည်းနာလေး တွေ ယူလို့ ရအောင် ပြန်တင်ပေးလိုက်ပါပြီ ဗျာကားဟောင်းလေးဆိုတော့ အများကြီး မပြောတော့ဘူး မင်းသမီး လေးနဲ့တင် ပြန်ကြည့် ရတာ တန်နေပြီနော် ရေခဲတုံးလေးတို့ (မှတ်ချက် ။ ။ SD ကို 480p နဲ့ အတတ်နိုင်ဆုံး ကြည့်လို့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်နော် Download လုပ် ကြည့်ချင်တဲ့သူတွေ အတွက်လည်း mb အနည်း နဲ့ ရုပ်ထွက် အကြည်ဆုံးနဲ့ လုပ်ပေးထားပါတယ် အဆင်မပြေတာလေးတွေရှိရင် CMD ထားခဲ့ပေးနော် ) Channel Link - https://t.me/+-3AyQ62rrxxlYjVl ကြည့်လို အဆင်ပြေရင် အသည်းလေးတွေ ပေးခဲ့ပါ ရေခဲတုံးလေးတွေ ရဲ့ အသည်းလေးတစ်ခုက မင်မင်အတွက် အားအင်တစ်ခု လိုပါပဲ

Martial Universe (2018) စကြာဝဠာ သိုင်းဘုရင် သိုင်းမင်းသားနဲ့ အဆောင်နတ်သမီး လင်သုန့်ဟာ သူ့ရဲ့စွမ်းအားတွေပိုတိုးတက်လာဖို့အတွက်
+4
Martial Universe (2018) စကြာဝဠာ သိုင်းဘုရင် သိုင်းမင်းသားနဲ့ အဆောင်နတ်သမီး လင်သုန့်ဟာ သူ့ရဲ့စွမ်းအားတွေပိုတိုးတက်လာဖို့အတွက် နယ်မြေတွေကိုဖြတ်ပြီးခရီးထွက်လာခဲ့ပါတယ်။ ခရီးလမ်းမှာ လင်ချင်းကျူနဲ့ ယင့်ဟွမ်းဟွမ်းဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့တွေ့ဆုံပြီး ခံစားချက်တွေဖြစ်ပေါ်လာခဲ့ကြပါတယ်။ နောက်ဆုံးလင်သုန့်ဟာတဖြည်းဖြည်းနဲ့ စွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်လာပါတော့တယ်။ လင်သုန့်ဟာသူ့ရဲ့စွမ်းအားတွေတိုးတက်လာပြီးနောက်မှာ လောကကြီးရဲ့အဆုံးသတ်ကိုသိမြင်လာခဲ့ရပါတယ်။ နောက်တော့သူဟာ မိစ္ဆာဂိုဏ်းရဲ့လောကကြီးကိုအုပ်စိုးမယ့်အစီအစဉ်တွေကိုတွေ့ရှိခဲ့ပြီးနောက် လူငယ်သုံးယောက်ပူပေါင်းပြီး မိစ္ဆာတွေကိုဘယ်လိုနှိမ်နင်းကြမယ်၊ လောကကြီးကို ဘယ်လိုငြိမ်းချမ်းအောင်လုပ်ကြမလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် Season 1 အပိုင်း 40 နဲ့ Season 2 အပိုင်း 20  ရုပ်ရှင်နှစ်ကားထွက်ပါတယ်။

ပျိုမျှစ်ခြင်းရဲ့သံစဉ်ချို မီနီဗားရှင်း 少年歌行之风花雪月 The Blood of Youth 2025 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အားလုံးနဲ့ရင်းနှီးပြီးသား
+4
ပျိုမျှစ်ခြင်းရဲ့သံစဉ်ချို မီနီဗားရှင်း 少年歌行之风花雪月 The Blood of Youth 2025 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ "ပျိုမျှစ်ခြင်းရဲ့သံစဉ်ချို The Blood of Youth" ဇာတ်ကားလေးရဲ့ ရဲ့ မီနီဗားရှင်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဟန်ရွှေဘုရားကျောင်းတွင် ၀မ့်ရိုးဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ အလွန်မှပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေကွပ်ခေါင်းတလားကြီး ပေါ်ထွက်လာပြီး သိုင်းလောကကို ရုတ်ရုတ်သဲသဲ ဖြစ်လာစေခဲ့ပါတယ် ဂိုဏ်းအသီးသီးမှ ပရိယာယ်ကိုယ်စီနဲ့ အပြိုင်အဆိုင်ဖြစ်လာချိန်မှာ ကံစပ်သူလူငယ်လေးတွေဖြစ်ကြတဲ့ လိန်ဝူကျယ် ရှောင်းဆဲ့ ထန်လျန် စစ်ခုန်းချန်းလော့ တို့ဟာ ဒီဝဲဂယက်ထဲကို ၀င်ပါလာခဲ့ကြပါတယ် ဒီလိုနဲ့ သူတို့တွေ ရွှေကွပ်ခေါင်းတလားကြီးနဲ့ သိုင်းလောကအရှုပ်ထွေးတွေကြား ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့ရပြီး အတူလက်တွဲညီစွာ ကျော်ဖြတ်ကြရမလဲ ကဲ SoulKingdom မှာ ကြည့်လိုက်ကြရအောင် Ch Title : 少年歌行之风花雪月 Eng title : The Blood of Youth Starring : Wu Ji Feng ,Yu Zhan Xuan , Song KeJun ,Jin ZiXuan Total Episode : 24 Original Network : Tencent Video #SoulKingdom #TheBloodofYouth #少年歌行之风花雪月

Flying Up Without Disturb သွားကြမယ် ချစ်ကမ္ဘာဘုံ ✅✅✅Channel Link https://t.me/SK_Ch9 ဟယ်လို အားလုံးစောင့်မျှော်နေကြတာကြာပြီဖြ
+9
Flying Up Without Disturb သွားကြမယ် ချစ်ကမ္ဘာဘုံ ✅✅✅Channel Link https://t.me/SK_Ch9 ဟယ်လို အားလုံးစောင့်မျှော်နေကြတာကြာပြီဖြစ်တဲ့ Li HongYi ရဲ့Xianxia ဇာတ်ကား‌သစ်လေးရောက်ရှိလို့လာပါပြီနော်🤗 "🌷Kong Hou : ရှင်က လူသားတစ်ယောက် ဓားတစ်လက်မဟုတ်ဘူး ရှင်ဖြစ်ချင်တာတွေကို ရှင့်ဆန္ဒအတိုင်းပဲလုပ်သင့်တယ်" "🌷Huan Zong : ကိုယ် ဖွဲ့နွဲ့ပြီးမပြောတတ်ဘူး ဒါပေမဲ့ မင်းယုံကြည်လို့ရတယ် ကိုယ့်နှလုံးသားထဲမှာ မင်းကမင်းပဲ ပြီးတော့ ကိုယ့်အသက်နဲ့ရင်းရမယ်ဆိုရင်‌တောင် မင်းကိုတစ်သက်လုံးကာကွယ်ပေးမယ်" 🌷ဇာတ်လမ်းအကျဉ်း🌷 🌷သေမျိုးတိုင်းပြည်တစ်ခုရဲ့ အစွန့်ပစ်ခံမင်းသမီးလေးတစ်ပါးဖြစ်လည်း ကျင့်ကြံရေးဝတ္ထုတွေဖတ်ပြီး မသေမျိုးတစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်အပြည့်နဲ့ Kong Hou တစ်ယောက် ကံတရားရဲ့ပစားပေးမှုကြောင့် ကျင့်ကြံရေးဂိုဏ်းတစ်ခုရဲ့တပည့်ဖြစ်လာပြီး ဝတ္ထုတွေထဲကလို ဆရာတွေနဲ့ဆရာတူညီအစ်ကိုမောင်နှမတွေရဲ့သည်းသည်းလှုပ်ရတနာလေးဖြစ်သွားပါတယ် 🌷အဲဒီလိုနဲ့ တစ်ရက်မှာတော့ Kong Hou တစ်ယောက် ကျင့်ကြံဆင့်မြှင့်ဖို့အတွက် အဆင်ပြေချောမွေ့နေတဲ့ဘဝထဲကနေရုန်းထွက်ပြီး ကိုယ်တိုင်လေ့လာသင်ယူဖို့ တောင်အောက်ကိုဆင်းရင်းကနေ ‌အားနည်းကျိုးပဲ့လွယ်ပုံပေါ်ပေမဲ့ လျှို့ဝှက်ချက်တွေအပြည့်နဲ့ ကျင့်ကြံရေးဝတ္ထုတွေရေးတဲ့ စာရေးဆရာလေး Huan Zong ဆိုသူနဲ့အမှတ်မထင်ဆုံဖြစ်ရာကနေ အချစ်ဇာတ်လမ်းတစ်ပုဒ်စတင်လာချိန်မှာတော့....... 🌷ကဲ ကျင့်ကြံရေးဂိုဏ်းထဲက ဉာဏ်ကြီးရှင်မမလေး Kong Hou တစ်ယောက် စာရေးဆရာလေးကို ဂိုဏ်းရဲ့သမက်တော်ဖြစ်‌ဖို့ ဂိုဏ်းထဲဘယ်လိုခေါ်ဆောင်သွားမလဲ ?? သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းအတိဒုက္ခကိုဖြတ်ကျော်မဲ့ခရီးလေးကရော သာယာဖြောင့်ဖြူးနိုင်ပါ့မလား?? SoulKingdom ကနေ မကြာခင်တင်ဆက်ပေးတော့မှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော် (ဒီဇာတ်လမ်းလေးရဲ့အညွှန်းကိုတော့ Mya မှ ရေးသားထားခြင်းဖြစ်ပါတယ်ရှင့်) -Native Title : 勿扰飞升 -Genres: Romance, Xianxia, Fantasy -Starring: Li Hong Yi,Lu Ting Yu,Xu Jia Qi,Zhang Zhi Hao,Fan Xiao Dong,Tina Li -Type: Drama -Episode: 32 -Aired : Nov 15, 2025 -Original Network: Tencent Video #ReviewbyMya #FlyingupwithoutDisturb #勿扰飞升 #SoulKingdom

Love and Crown ချစ်ရသော ပျိုဧကရီ (凤凰台上) 👑 🔺🔺🔺Channel Link https://t.me/SK_Ch7 ဒီတစ်ခေါက် ကြည့်ရှုသူပရိသတ်တွေကို ညွှန်းပေး
+5
Love and Crown ချစ်ရသော ပျိုဧကရီ (凤凰台上) 👑 🔺🔺🔺Channel Link https://t.me/SK_Ch7 ဒီတစ်ခေါက် ကြည့်ရှုသူပရိသတ်တွေကို ညွှန်းပေးချင်တဲ့ဇာတ်လမ်းကောင်းလေးတစ်ခုကတော့ တရားမျှတမှုကိုရှာဖွေပြီး ပြည်သူ့အကျိုးသယ်ပိုးကြမဲ့ ဧကရာဇ်တစ်ပါးနဲ့ သူရဲကောင်းမလေးတို့ အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ Phoenix Stage ( 凤凰台上)ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် Under the Power နဲ့ Miss Crow with Mr Lizard ဇာတ်လမ်းထဲကမင်းသားချော Ren Jia Lunက Xiao Huan နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းအညွှန်းလေးကတော့.... တရားမျှတမှုရဲ့ ဘက်တော်သားဂိုဏ်းတစ်ခုဖြစ်တဲ့ Fenglai ဂေဟာကို အံ့ဩစရာကောင်းတဲ့သိုင်းပညာနဲ့ တိုးတက်အောင်လုပ်ချင်တဲ့ သူရဲကောင်းမလေး Ling Cang Cang။ Nanqi မင်းဆက်ရဲ့ ငယ်ရွယ်ပြီး ပြည်သူတွေကို အလုပ်အကျွေးပြုမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ ဧကရာဇ်မင်းတစ်ပါးဖြစ်တဲ့ Xiao Huan။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အမတ်ချုပ်ကြီးနဲ့ လက်ထောက်အမတ်ချုပ်တို့က သိုင်းလောကအင်အားစုတွေနဲ့ ပူးပေါင်းပြီး အုပ်ချုပ်မှုပိုင်းကို ထိန်းချုပ်ကာ ပြည်သူတွေကို ဘေးအန္တရာယ်ဖြစ်စေနေခဲ့တယ် ပြည်သူတွေကို အခက်အခဲတွေကနေ ကယ်တင်ဖို့ Xiao Huan ဟာ သူ့နာမည်ကို Bai Chi Fan လိုပြောင်းလိုက်ပြီး သိုင်းလောကမှာ တိတ်ဆိတ်စွာ ကျင်လည်နေတော့တယ် အဲဒီလိုသွားလာနေရင်းနဲ့ သူရဲကောင်းမလေး Ling Cang Cang နဲ့ဆုံတွေ့ပြီး တရားမျှတမှုအတွက် အတူတကွတိုက်ခိုက်ကြရင်းနဲ့တစ်ယောက်ယောက်ကို မေတ္တာသက်ဝင်သွားကြပါတော့တယ် ဒါပေမဲ့ မထင်မှတ်ထားဘဲ Ling Cang Cang ဟာအမတ်ချုပ်ကြီးရဲ့သမီးဖြစ်နေတာကို သိလိုက်ရတဲ့အခါ သူတို့နှစ်ယောက်ကြားထဲမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပြည်သူတွေရဲ့အကျိုးအတွက်လုပ်ဆောင်နေရင်း သူတို့ ဓားကိုင်ပြီး တိုက်ခိုက်ရတဲ့ မူလရည်ရွယ်ချက်နဲ့ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို ရှာတွေ့နိုင်ကြပါမလား ဆိုတာတွေကို သိရဖို့အတွက် ဇာတ်လမ်းကို စောင့်မျှော်ပေးကြပါဦးနော် (ဒီဇာတ်လမ်းအညွှန်းရေးသားသူကတော့ 美华ပဲဖြစ်ပါတယ်ရှင့်) Native Title: 凤凰台上 Also Known As: My Queen , Feng Huang Tai Shang , Wo De Huang Hou , 我的皇后 Staring : Ren Jia Lun & Peng Xiao Ran Genres: Historical, Romance, Drama, Political Country : China Episodes: 37 Duration : 45 min Airs: Original network : Youku #Reviewby美华 #LoveAndCrown #Phoenixstage #RenJiaLun #PengXiaoRan #凤凰台上 #我的皇后 #SoulKingdom #SK

God of War Zhao Yun (2016) စစ်သူကြီးကျောက်ကျစ်လုံအကြောင်းကိုဇာတ်အိမ်အခိုင်အမာနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်.... ကျောက်ကျစ်လုံရဲ့အ
+2
God of War Zhao Yun (2016)
စစ်သူကြီးကျောက်ကျစ်လုံအကြောင်းကိုဇာတ်အိမ်အခိုင်အမာနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်.... ကျောက်ကျစ်လုံရဲ့အဖေ ကျောက်အန်းဟာ နတ်ဓားကိုကာကွယ်ဖို့အသက်ပေးလိုက်ရပြီး ကျောက်ကျစ်လုံကိုယ်တိုင်လည်းရွာကထွက်ပြေးခဲ့ရတယ်.... ချန်ရှန့်ပြည်နယ်ကိုရောက်‌တော့ ဓားပြတွေလက်ထဲကမိန်းကလေးတစ်ယောက်ကိုကယ်တင်ရင်း သံမဏိမျက်နှာဖုံးသူရဲကောင်းနာမည်ကိုရလာခဲ့တယ်... နောက်တော့ချန်ရှန့်ပြည်နယ်ဘုရင်ခံ ရှဟုန်ကျယ်ရဲ့သမီးချင်းရီနဲ့ တွေ့ဆုံခဲ့ပြီးသံယောဇဉ်တိုးလာခဲ့ကြတယ်.... ကျစ်လုံဟာငယ်ငယ်လေးကတည်းက သစ္စာစောင့်သိခြင်းရဲ့အရေးပါပုံကိုသိရှိခဲ့ပြီး ကြီးမြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ် သူဟာရည်မှန်းချက်တွေရှိပြီးဖြောင့်မတ်ရိုးသားတဲ့လူတစ်ယောက်လည်းဖြစ်တယ်.... သိုင်းပညာကိုသင်ယူရင်းနောက်ပိုင်းမှာ လှံကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ခဲ့ပြီး တိုက်ပွဲတွေမှာ ဂုဏ်သတင်းကြီးတဲ့လူဖြစ်လာခဲ့တယ်....
1080p FHD+👇👇👇 https://t.me/+RRZjgeRX34c2OWE1

Vengeance of the Mountain God 山神异闻录 အံ့ဖွယ်တောင်နတ်ဘုရားမှတ်တမ်း ဇာတ်လမ်းအကျဥ်း Jin Shi San ဆိုတဲ့ကောင်လေးဟာ ငယ်စဥ်ကတည်းကမိဘမ
+9
Vengeance of the Mountain God 山神异闻录 အံ့ဖွယ်တောင်နတ်ဘုရားမှတ်တမ်း ဇာတ်လမ်းအကျဥ်း Jin Shi San ဆိုတဲ့ကောင်လေးဟာ ငယ်စဥ်ကတည်းကမိဘမဲ့အဖြစ်နဲ့ ရှင်သန်လာခဲ့ရသူပါ။ ကံကောင်းထောက်မစွာနဲ့ အဘိုးအိုတစ်ယောက်ကနေ မွေးစားခြင်းကိုခံခဲ့ရပြီး ဘဝလေးဟာဖြောင့်ဖြူးမယ်ကြံတုန်း သူ့ကိုမွေးစားတဲ့ အဘိုးအို (မွေးစားအဖေ) ဟာ လက်သည်မပေါ်ဘဲအသတ်ခံလိုက်ရပါတယ်။ မွေးစားအဖေဖြစ်သူ အသတ်ခံရချိန်မှာ သူတို့သားအဖကြိုးစားရှာဖွေထားတဲ့ ရနံ့နှစ်သွယ်နတ်နဂါးဂျင်ဆင်းဟာ ပျောက်ချင်းမလှပျောက်ဆုံးနေခဲ့တာကြောင့် Jin Shi San တစ်ယောက် ပြန်လည်ရှာဖွေလက်တုံ့ပြန်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့လက်တုံ့ပြန်ဖို့ကြိုးစားနေချိန် Yang Ru Yi ဆိုတဲ့မိန်းကလေးနဲ့တွေ့ဆုံခဲ့တဲ့အပြင် Jin Shi San ကိုယ်၌ကလည်း တောင်နတ်ဘုရားနဲ့ ထူးဆန်းစွာဆက်နွှယ်မှုရှိတဲ့အကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့ ... မကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့ SoulKingdom ပရိသတ်ကြီးက အားပေးစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ... Native Title: 山神异闻录 Starrings: Huang Jun Jie & Ding Xiao Ying Also Known As: 山神 Genres: Action, Thriller, Historical, Fantasy Country: China Type: Drama Episodes: 24 Airs: 4 Nov 2025 Original Network: Tencent Video #VengeanceOfTheMountainGod #MountainDeity #HuangJunJie #DingXiaoYing #山神 #山神异闻录 #SoulKingdom #SK

The Ingenious One ( 2023 ) "မိုးသားယံထက်သို့ တိုင်တည်ရင်း" Season 1
+3
The Ingenious One ( 2023 ) "မိုးသားယံထက်သို့ တိုင်တည်ရင်း" Season 1

Fox Spirit Matchmaker: Red-Moon Pact တိမ်နီဝှက်တဲ့ လမင်းပဋိညာဥ် သမာဓိကျတဲ့ ထူရှန်းမျိူးနွယ်မြေခွေးဂိုဏ်းရဲ့ စွမ်းအားကြီး မြေခ
+9
Fox Spirit Matchmaker: Red-Moon Pact တိမ်နီဝှက်တဲ့ လမင်းပဋိညာဥ် သမာဓိကျတဲ့ ထူရှန်းမျိူးနွယ်မြေခွေးဂိုဏ်းရဲ့ စွမ်းအားကြီး မြေခွေးသခင်မလေးဖြစ်တဲ့ ထူရှန်းဟုန်ဟုန်(Yang Mi) ဟာ တစ်ရက်မှာတော့ လိုက်လံဖမ်းဆီးနေတဲ့ ရန်သူတွေလက်ကနေလွတ်အောင်ပြေးရင်း ထူရှန်းမျိုးနွယ်ပိုင်နက်ထဲကိုရောက်ရှိလာတဲ့လူငယ်လေး သုန်းဖန်းယွဲချူး(Gong Jun) ကို ကယ်တင်ကာ မျိုးနွယ်စုထဲမှာ နေထိုင်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟုန်ဟုန်ဟာ ထူရှန်းမျိုးနွယ်စုကိုလာရောက်ကျူးကျော်တိုက်ခိုက်တဲ့ သေမျိုး မိစ္ဆာသုတ်သင်သူတွေကို တိုက်ခိုက်ရင်း ယွဲချူးကိုလည်းပျိုးထောင်ပေးခဲ့ပါတယ်။ အချိန်ကြာလာနဲ့အမျှ ယွဲချူးရဲ့ဟုန်ဟုန်အပေါ်ထားရှိတဲ့ခံစားချက်တွေဟာ ပြောင်းလဲလာခဲ့ပေမဲ့လည်း တစ်ရက်မှာတော့ ယွဲချူးတစ်ယောက် ထူရှန်းမျိုးနွယ်ကနေထွက်ခွာဖိုဆုံးဖြတ်ခဲ့တဲ့အခါမှာတော့ ... ဘယ်လိုရည်ရွယ်ချက်တွေကို ထူရှန်းမျိုးနွယ်ကနေ ထွက်ခွာလာပြီးနောက်မှာ ယွဲချူးတစ်ယောက် ပုံဖော်မှာလဲ ? ယွဲချူးကိုရော ဘာလိုလူတွေက လိုက်ဖမ်းနေကြတာလဲ ? သူချစ်ရတဲ့ ဟုန်ဟုန်နဲ့ရော ပြန်လည်ဆုံတွေ့နိုင်ဦးမှာလား ?

⚔️Dashing Youth ⚔️ ⟨⟨ 少年白马醉春风 ⟩⟩ နှောင်းအတိတ်ရဲ့ နွေဦးလေပြေ The Blood of Youth ပျိုမျစ်ခြင်းရဲ့သံစဉ်ချို ကားကိုပြန်ကြည့်ချင်
+9
⚔️Dashing Youth ⚔️ ⟨⟨ 少年白马醉春风  ⟩⟩ နှောင်းအတိတ်ရဲ့ နွေဦးလေပြေ The Blood of Youth ပျိုမျစ်ခြင်းရဲ့သံစဉ်ချို ကားကိုပြန်ကြည့်ချင်သူများအတွက်လင့် https://t.me/+PAe8W5ohv4FjZGJl မင်္ဂလာပါ Soulers လေးတို့ရေ... ဒီတစ်ခေါက်မှာတော့ Wuxia ချစ် ပရိသတ်ကြီးတွေအတွက် Anime ကို Live action အဖြစ်ပြန်ရိုက်ထားတဲ့ "Dashing Youth" နှောင်းအတိတ်ရဲ့ နွေဦးလေပြေ ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Blood of Youth ဇာတ်လမ်းတွဲထဲမှာပါတဲ့ ပိုင်လီသုန်းကျွင်း 'အရက်နတ်' အကြောင်းကို အခြေခံထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>>>> ကျန့်ရှီးမြို့ ဟိုအိမ်တော်က အငယ်ဆုံးသားဖြစ်တဲ့ ပိုင်လီသုန်းကျွင်းဟာ ငယ်ငယ်ကတည်းက ခေါင်းမာတတ်ပါတယ်။ ကဗျာတွေ ဝတ္ထုတွေမှာ မကျွမ်းကျင်လှသလို စစ်ပညာတွေ သိုင်းပညာတွေ အကြောင်းလည်း ဖတ်ရတာ မနှစ်မြို့ပါဘူး။ သို့ပေမဲ့လို့ ပိုင်လီသုန်းကျွင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသတ်ခံခဲ့ရတဲ့ သူငယ်ချင်း ယဲ့ယွင်ကို သူ အရက်နတ်တစ်ပါး ဖြစ်လာရမယ်လို့ ကတိပေးခဲ့တဲ့အတွက် အရက်ချက်တဲ့တစ်နေရာမှာတော့ ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။ ဒါပေမဲ့လည်း သူ့ရွေးချယ်မှုကို ကံကြမ္မာကိုပဲ ပုံအပ်မထားနိုင်တော့တဲ့အတွက် နောက်ဆုံးကျ လောကမှာ ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ လီချန်ရှန်း ကျောင်းတော်ကြီးမှာ သိုင်းပညာကို သွားရောက်လေ့လာပါတော့တယ်။ ဒီလိုနဲ့ပဲ ယွဲ့ယောင်နဲ့ သိကျွမ်းသွားပြီး လက်ရှိ ယဲ့တင်ကျစ် လို့ နာမည်ပြောင်းထားတဲ့ ယဲ့ယွင်နဲ့အတူ ပြန်ဆုံတွေ့ခဲ့ပါတယ်။ ပိုင်လီသုန်းကျွင်းဟာ လွှမ်းမိုးမှုတွေ တွန်းအားပေးမှုတွေအောက်ကနေ ယဲ့တင်ကျစ်ရဲ့သရုပ်မှန်နဲ့ တာဝန်ကို စဖော်ထုတ်ပါတော့တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း မသမာသူတွေဟာ ယဲ့တင်ကျစ်ကိုအသုံးချပြီး အလယ်ပိုင်းလွင်ပြင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲဖန်တီးလိုက်တော့ ပိုင်လီသုန်းကျွင်းလည်း သူရဲကောင်းအဖွဲ့ကို ဦးဆောင်ပြီး ခုခံရပါတော့တယ်။ ပိုင်လီသုန်းကျွင်းဟာ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ယဲ့တင်ကျစ်ကို ထိပ်တိုက်ရင်ဆိုင်ရင်း တပ်ပြန်ခေါက်သွားလေမလား... ယဲ့ယွင်ကရော ဘာလို့ယဲ့တင်ကျစ်လို့ နာမည်ပြောင်းလိုက်ရတာလဲ ... သူကယ်ချင်နေတဲ့ပြည်သူတွေနဲ့ သူ့သူငယ်ချင်း နှစ်မျိုးလုံးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ Soul kingdom ကနေ တင်ဆက်ပေးတော့မှာဖြစ်လို့ မလွတ်တမ်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် ~ (အညွှန်းရေးသားသူက Yuan ပဲဖြစ်ပါတယ်) Native Title: 少年白马醉春风 Starring : Neo Hou, He Yu, Hu Lian Xin Genres : Wuxia, Youth, Fantasy Country: China Type : Drama Episodes: 36 Original Network: Youku #ReviewbyYuan #少年白马醉春风 #DashingYouth #The_SoulKingdom

The Blood of Youth (2022) ပျိုမြစ်ခြင်းရဲ့ သံစဉ်ချို နာမည်ကြီး Novel တစ်ပုဒ်ဖြစ်တဲ့ Shao Nian Ge Xingကို Live Action အဖြစ်အသက
The Blood of Youth (2022) ပျိုမြစ်ခြင်းရဲ့ သံစဉ်ချို နာမည်ကြီး Novel တစ်ပုဒ်ဖြစ်တဲ့ Shao Nian Ge Xingကို Live Action အဖြစ်အသက်သွင်းထားတာဖြစ်သလို သူ့ရဲ့ Animeကိုလည်း Donghuaဖန်တွေအနေနဲ့ ရင်းနှီးကြမှာပါ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ မင်းသားတစ်ပါးဖြစ်ပေမဲ့ သိုင်းပညာတွေဖျက်ဆီးခံထားရပြီး ကိုယ်ဖော့သိုင်းတစ်ခုတည်းကိုသာ ထွက်ပြေးနိုင်ဖို့ တတ်ကျွမ်းအောင်လေ့ကျင့်နေရတဲ့ ရှောင်ဆဲ့ ဖခင်ဖြစ်သူက မိစ္ဆာဂိုဏ်းကဖြစ်ပေမဲ့ ဘုန်းတော်ကြီးတစ်ပါးက ကောက်ယူမွေးစားခြင်းခံထားရတဲ့အပြင် တားမြစ်သိုင်းကိုပါကျင့်ကြံမိထားတဲ့ ဝူရှင်းကိုယ်တော် လိန်မိသားစုရဲ့ဆက်ခံသူဖြစ်ပြီး အခုမှ သိုင်းလောကထဲကိုဝင်လာတဲ့ အဖြူထည်လေး လိန်ဝူကျဲ သိုင်းလောကမှာရှိတဲ့ သတင်းအကုန်သိတဲ့ရှောင်ဆဲ့ သူတစ်ပါးစိတ်ကိုပါဖတ်နိုင်တဲ့ ဝူရှင်းကိုယ်တော်နဲ့ သိုင်းလောကအကြောင်း ဘာမှမသိတဲ့ လိန်ဝူကျဲတို့ သွေးသောက်ညီအစ်ကိုဖွဲ့ဖို့ဖြစ်လာပြီး သိုင်းလောကအရေးကိစ္စတွေကို ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့ - ဘယ်လိုတွေဖြစ်လာကြမလဲ -သူတို့ရဲ့ကိုယ်ပိုင်ဇာတ်ကြောင်းတွေကရောဘယ်လိုမျိုးတွေဖြစ်နေမလဲ - သူတို့မှာမြဲမြံတဲ့သံယောဇဉ်တွေရောဖြစ်တည်လာပါ့မလား -ရှောင်ဆဲ့ရဲ့ဘဝထဲကိုရော ဘယ်သူဝင်ရောက်လာဦးမလဲ -သူတို့တွေ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကိုတော့ "ပျိုမြစ်ခြင်းရဲ့ သံစဉ်ချို"ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ညီအစ်ကိုသုံးယောက်ရဲ့ ကောင်းမွန်တဲ့ Bromance (Friendship) လေးတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုကြပါဦးနော် 😎

Strange Tales of Tang Dynasty 3: To Changan(2025) ကိုးသွယ်ပဟေဠိဒဏ္ဍာရီ အတွဲ(၃) - ချန်အန်းဆီသို့ ❗❗❗Channel Link https://t.me/
+9
Strange Tales of Tang Dynasty 3: To Changan(2025) ကိုးသွယ်ပဟေဠိဒဏ္ဍာရီ အတွဲ(၃) - ချန်အန်းဆီသို့ ❗❗❗Channel Link https://t.me/SK_Ch2 Souler လေးတို့ရေ ထူးဆန်းဖွယ်ရာမှုခင်းတွေကို ရှာဖွေဖော်ထုတ်တဲ့ ကားလေးတွေကို ကြည့်ချင်တဲ့သူလေးတွေရှိလား ဒါဆိုရင် ဝေးဝေးမစဉ်းစားဘဲ ဒီကားကို ရွေးချယ်လိုက်ပါ အတွဲ ၁/အတွဲ၂ ကတည်းက ကြည့်ရှူသူတွေအာရုံကိုဖမ်းစားခဲ့တဲ့ ဒီကားလေးဟာ အတွဲ ၃ မှာရော ဘယ်လိုတွေ ရသစုံစွာတင်ဆက်ပေးမလဲဆိုတာ SoulKingdom ကနေ တူတူစောင့်ကြည့်ကြရအောင် ဇာတ်လမ်းအညွန်း Xiantian ခေတ် ဒုတိယနှစ် နွေနဲ့ဆောင်းဦးရာသီကြားအကူးအပြောင်းကာလ အုပ်စိုးစံဘုရင်မင်းမြတ်ရှိသော်လည်း တော်ဝင်မင်းသမီးကြီးရဲ့အာဏာကပိုပြီးသန်မာခိုင်မာနေခဲ့ပါတယ် ဒါကြောင့် ချန်အန်းရဲ့အခြေအနေတွေဟာ မတည်ငြိမ်တဲ့အနေအထားမှာ ရှိနေခဲ့တယ် တစ်ရက်မှာတော့ Lu Ling Feng နဲ့ Su Wu Ming တို့ဟာ သူတို့အဖွဲ့ဖြစ်တဲ့ Pei Xi Jun, Master Fei, Ying Tao, Xue Huan တို့နဲ့အတူ ချန်အန်းကိုပြန်လာဖို့ အမိန့်ပေးခြင်းခံလိုက်ရပါတယ် ဒီထဲမှာ အဓိကအကြောင်းအရင်းတစ်ခု ရှိပါတယ် ဒါကတော့ Kang တိုင်းပြည်ကနေဆက်သလိုက်တဲ့ ရွှေရောင်မက်မွန်သီး ကိုလိုက်ပါပို့ဆောင်ဖို့အတွက်ပါ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့အရာတွေရှိပါတယ် ဘယ်လိုဆန်းကြယ်တဲ့အရာတွေရှိနေမလဲ… အဲဒါက ဘာတွေဖြစ်မလဲ…. ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့မှုခင်းတွေကို စုံစမ်းရှာဖွေကြမှာလဲ… အာဏာရှင် ၂ ဦးကြားမှာ သူတို့တွေကရော ဘယ်လိုတွေ ညှိနှိုင်းရှောင်တိမ်းဖြေရှင်းကြမလဲ… Native Title: 唐朝诡事录之长安 Genres:  Historical,  Mystery,  Supernatural  Cast:Lu Ling Feng , Yang Zhi Gang,Gao Si Wen,Chen Chuang,Sun Xue Ning Country: China  Type: Drama Episodes: 40 Airs: Nov 8, 2025 - ? Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network:  BTV  iQiyi #SoulKingdom #Cdrama #ReviewbyMaung #StrangeTalesofTangDynasty3:ToChangan

Strange Tales of Tang Dynasty II To the West ( 2024 ) “ကိုးသွယ်ပဟေဠိဒဏ္ဍာရီ” အတွဲ - ၂ အေဒီ 712 ခုနှစ် ထန်မင်းဆက်ဧကရာဇ် Rui Zo
+3
Strange Tales of Tang Dynasty II To the West ( 2024 ) “ကိုးသွယ်ပဟေဠိဒဏ္ဍာရီ” အတွဲ - ၂
အေဒီ 712 ခုနှစ် ထန်မင်းဆက်ဧကရာဇ် Rui Zong ဟာ ဥပဒေကို ပြောင်းလဲပြင်ဆင်ခဲ့ပါတယ် Tang မင်းဆက်လက်ေအာက်မှာ တိုင်းပြည်ဟာ ဆက်လက်ကြီးပွားတိုးတက်နေေပမဲ့ သာယာဝပြောမှုအောက်မှာ အဘက်ဘက်က အန္တရာယ်တွေ ရှိနေသေးပါတယ် အခွင့်အာဏာကို အလွဲသုံးစားလုပ်မှုတွေကြောင့် ပြည်သူတွေကြား လျှိဝှက်အမှုအခင်းတွေ မကြာခဏ ဖြစ်ပွားနေလျက်ရှိပါတယ် Da Li တရားရေးဝန်ကြီး Lu Ling Feng နဲ့ Qian Ling ဒေသရဲ့ ၀န်ကြီး Su Wu Ming တိုဟာ အနောက်ဘက်ခရီးမှာ ဘယ်လိုထူးဆန်းပြီး လျှိဝှက်ဆန်းကြယ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမလဲ?

Strange Tales of Tang Dynasty ( 2022 ) “ကိုးသွယ်ပဟေဠိဒဏ္ဍာရီ” အတွဲ - ၁ မှောင်မိုက်တဲ့ညမှာ နတ်ဆိုးတွေဟာ ကောင်းကင်ဘုံက​နေ ဆင်းသ
+2
Strange Tales of Tang Dynasty ( 2022 ) “ကိုးသွယ်ပဟေဠိဒဏ္ဍာရီ” အတွဲ - ၁
မှောင်မိုက်တဲ့ညမှာ နတ်ဆိုးတွေဟာ ကောင်းကင်ဘုံက​နေ ဆင်းသက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော မြေအောက်သရဲတစ္ဆေနန်းတော်ဆိုပြီး ​ပေါ်​ပေါက်လာခဲ့တယ် ချန်အန်းမြို့မှ လက်ကြိုက်များ​နေတဲ့ ထူးခြားတဲ့လက်ဖက်ခြောက်က ရောဂါကုသတဲ့အရာလား ။ ဒါမှမဟုတ် လူတွေကိုထိခိုက်စေတဲ့အရာလားဆိုတာ ဘယ်သူမှမသိနိုင်​ပေမဲ့ ထူးခြားစွာထွက်ပေါ်လာခဲ့တယ် ​နောက်ပြီး ချန်အန်းမြို့ထဲက သတို့သမီးတွေပျောက်ဆုံးတဲ့အမှုကိစ္စ​တွေလည်း ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး အဲဒီကိစ္စ​တွေဟာ ထူးခြားတဲ့လက်ဖက်ခြောက်နဲ့ ပတ်သက်ဆက်နွယ်တဲ့အကြောင်းအရာများစွာရှိ​နေခဲ့တယ် အမှုကိစ္စတွေရှုပ်ထွေးလာပြီး လူတွေရဲ့စိတ်ကို မရေမရာဖြစ်စေသလို စစ်ဆေးဖို့ရာလည်း ခက်ခဲလာခဲ့တယ် ကိုယ်ရံတော်တပ်မှူး လုလင်ဖုန်းဟာ အမှုကိစ္စကိုစုံစမ်းစစ်ဆေးဖို့ အမိန့်တော်လက်ခံခဲ့ပြီး အင်အားအကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့ တိရိန်ကျယ်ရဲ့နောက်ဆုံးတပည့်ဖြစ်တဲ့ စူးဝူမင်တို့နဲ့ ပူးပေါင်းပြီး ချန်အန်းမြို့ရဲ့တမူထူးခြားတဲ့အမှုကိစ္စကိုစုံစမ်းစစ်​ဆေးခဲ့တယ် မတူညီကွဲပြားတဲ့ ဆန်းကြယ်အမှုကိစ္စ​တွေဖြစ်တဲ့ (၁) ချန်အန်းလက်ဖက်ခြောက်အမှု (၂) ရှစ်ထူပန်းချီကားအမှု (၃) သက်ရှိသတ္တဝါမျိုးစုအမှု (၄) ဟွမ်မိန်ပြည်နယ် သတ်ဖြတ်မှုအမှု (၅)ထန်ယိတစ္ဆေပုံပြင် (၆) သွေးအေးတွားသွားသတ္တဝါတို့ရဲ့အရှင်သခင်အမှု (၇) လူသားပုံသဏ္ဍာန်အမှု (၈) မျှော်စင်အဆောက်အအုံအမှု စသည်ဖြင့်... သာ့ထန်မင်းဆက်ရဲ့ပဟေဠိဆန်​သော အမှုအခင်းများကို ရှေး​ခေတ်အမှုလိုက်စစ်​ဆေးပုံ​တွေနဲ့ တမူထူးခြားစွာ ရိုက်ကူးတင်ဆက်​ပေးထားတဲ့ “Strange legend of Tang Dynasty “ “ကိုးသွယ်ပဟေဠိဒဏ္ဍာရီ” Review by ဒေါ်ဒန် #martialworldmyanmar