𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Open in Telegram
Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt
Show more1 162
Subscribers
+124 hours
No data7 days
-2930 days
Posts Archive
1 162
အမျိုးအတွက် စွန့်ဝံ့သူ
ချစ်တဲ့သူငယ်လေ . . .
သူငယ်ချင်းကောင်း သွေးသောက်တို့လေ . . . ။
တိုက်ပါရလို့ တိုက်ရလျှင်လဲ
ဗမာအရှင်၊ တို့သခင်မျိုး
မျိုးရိုးဂုဏ်ထက်၊ ဓားရေးသွက်သည့်
ဗမာဘက်မှသာတဲ့။
ကိုင်ပါရလို့ ကိုင်ရလျှင်လဲ
ကျောက်ကြီးကျောက်ငယ်၊ ခုနစ်သွယ်တို့
စီခြယ်အပ်သည့်၊ ရွှေထပ်ထားတဲ့
ယိမ်းနွဲ့ပါးဓားမှသာတဲ့။
စွန့်ပါရလို့ စွန့်ရလျှင်လဲ
ဘိုးဘွားတို့ချွေး၊ အသက်သွေးနှင့်
တို့မျိုးဇာနည်၊ ထီးနန်းတည်ထောင်
ဗမာပြည်ကြီးမှသာတဲ့။
ရန်သူတို့လည်းချောင်းသွေး၊
ခြေဆေးချင်တယ်လေး။
-ဒေါင်းနက်
1 162
Repost from N/a
“မင်းကို တခြားသူရင်ခွင်ထဲမှာ မြင်ရတာ နာကျင်ပေမယ့်…
မင်းပျော်နေတာကို မြင်ရတော့ ငါလည်း တိတ်တိတ်လေး ဝမ်းသာမိတယ်။” 🥀❤️🩹
“It hurts to see you with someone else, but I’m glad you’re happy.” 🥀
By Khun
#Angél_Alphá@mirror148
ပြည့်-စုံ-ပါ-စေ
ဘိုဖြူ
1 162
အရာအားလုံးကို သတိတရ...
မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊
မင်းလက်ကလေးကိုင်ခဲ့ရတဲ့
စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့
ပြုံးရတဲ့ငေးမောမှုတွေ...
အသက်ရေ
ငါဟာမင်းကို သတိတရပါကွယ်။
-အံ့လွန်းပျို
1 162
ခဏခဏနေမကောင်းဖြစ်ခြင်းမှာ
မင်းဂရုစိုက်တာကို ခံချင်တဲ့
ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။
-အံ့လွန်းပျို
1 162
ကဗျာ့ရင်သွေးငယ်များကလောင်ရှင်တို့၏ ပြီးခဲ့သော စာစဉ် - ၅ခုတွင် ပါဝင်ရေးသားထားသာ ကဗျာလက်ရာများကို စာအုပ်အဖြစ် ထုတ်ဝေတင်ပြအပ်ပါသည်။ ကဗျာဗဟိုပြုစာပေကလပ်စည်းမှ စီစဉ်ထုတ်လုပ်သည့် “ကဗျာ့ရင်သွေးငယ်များ” ကဗျာစာအုပ် (E-book) ထွက်ရှိပါပြီ။ ခံစားဖတ်ရှုနိုင်ချေပြီ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #Owner #A_poetryhub #literary_club
1 162
ချစ်ဖူးသူဟာ
တစ်ယောက်တည်းပါ။
ငါကြည့်မိတဲ့ မိန်းမတွေအထဲ
မင်းအလှဆုံးလို့ ပြောရင်
သံသယမရှိ ယုံကြည်ပါကွယ်။
-အံ့လွန်းပျို
1 162
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ
#A_poetryhub
#literary_club
1 162
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။
-အံ့လွန်းပျို
1 162
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း
လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။
မိမိကိုယ်ကိုယ်၊ တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။
ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
1 162
သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။
-အံ့လွန်းပျို
1 162
“ငါ”တစ်လုံးဆောင်
ငါသည်ယောက်ျား၊မည်သူကားမျှ
မကြားသိချေ။
ငါသည်မိန်းမ၊မည်သူမျှလည်း
မသိကျွမ်းချေ။
ငါဟူသောသူ၊ကမ္ဘာဂူ၌
လူဖြစ်ရခြင်း၊ဘဝဆင်းတွင်
ငြင်းပယ်တားက၊အသက်ရုပ်လွှာ
ခွာချလျက်ပေ၊အဆွေပေါင်းတို့။
ငါရှူသောလေ၊မပေညစ်လျက်
ငါရပ်သောမြေ၊မကြေမွဘဲ
ငါစွဲသောစာ၊ငါ့ကမ္ဘာတွင်
အရာထင်မည်။
ငါတောင်းသောဆု၊မတုပလျက်
ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ
ငါတွဲသောလက်၊ခေတ်အဆက်တွင်
အသက်ဆုံးမည်။
ပေါက်ဖွားမြင်စ၊ကလေးဘဝ
ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန်
ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ
ရင်းမြစ်ဇာတိ၊မရောက်ရှိခင်
သိကျွမ်းသူများ၊ငါ့ကိုကားလည်း
ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့်
ကြမ္မာလည်လျက် ခက်လှချေ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
1 162
စိတ်ပျက်အောင် မလုပ်ပါနဲ့။
မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။
သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။
လက်လွှတ်ခဲ့သူတစ်ယောက်က
ဥပေက္ခာတရားအကြောင်းကို
ရှင်းပြပါလိမ့်မယ်။
-အံ့လွန်းပျို
1 162
ကျွန်တော်က ဆယ်ကျော်သက်
တစ်ယောက်ပါ။ လှေကားထစ်တွေကို
တစ်ဆင့်ကျော်တက်သလို
အရာရာမှာလဲ အဆင့်
ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ
အမှတ်သည်းခြေရှိခဲ့တယ် ခင်...။
-အံ့လွန်းပျို
1 162
အချစ်ဟာ ချိုသလား
ခါးသလား ကျွန်တော်မသိပါ။
မေတ္တာဟာ အေးသလား
ပူသလား ကျွန်တော်မသိပါ။
ကျွန်တော်သာပေးပြီး ပြန်မရခဲ့တဲ့
အရာတွေအကြောင်း ကျွန်တော်မသိပါ။
-အံ့လွန်းပျို
1 162
Repost from မောင်သုတ 🧐
"တစ်ခါတလေမှာ ပေးဆပ်ခြင်းကလည်း ချစ်ခြင်းပါပဲ"
__
"Sometimes, sacrifice is also a form of love."
#Khun
#Angél_Alphá_x_Mirror
S-un W-ukong edit, H-eat w-aves song, sad story, sad letter.
#creatorsearchinsights
#စာတို
1 162
လူ
စိတ်ဓာတ်အထွေ
ပေညစ်လျက် ပျို့ရွံရှာ
ချို့တဲ့စိတ်ပါ။
နှုတ်စကားမှာ
စာနာမဲ့ အလျှင်း။
အသားနာ ဟစ်အော်လို့
အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့
တယ်မိုက်လေခြင်း။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-တြိချိုး
1 162
ဖြည့်တွေးပေးရတာတွေ
များလာတဲ့အခါ
ကိုယ်ကသူ့အတွက်
အရေးမပါမှန်း
လက်ခံလိုက်ပါတယ်။
-အံ့လွန်းပျို
1 162
ကိုယ့်ချစ်သူကို
ပျော်နေစေချင်တာဟာ
လူတိုင်းရဲ့ ဆန္ဒဆိုရင်
မင်းကိုလဲ တခြားတစ်ယောက်
ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။
-အံ့လွန်းပျို
