ch
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

前往频道在 Telegram

Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt

显示更多
1 158
订阅者
无数据24 小时
-47 天
-2730 天
帖子存档
https://t.me/We_Are_Youth_Organization ဒီchannel လေးကတော့ မကြာသေးခင်ကမှ ထောင်ထားတဲ့ organizationပါ Languages classes နဲ့ အခြားEducation နဲ့ပက်သက်ပြီးလဲ ဖွင့်သွားဖို့ရှိပါတယ်ရှင့် လောလောဆယ်ကတော့ Volunteersလေးတွေခေါ်နေပါတယ် အတွေ့အကြုံမရှိတဲ့သူတွေ စမ်းလုပ်ချင်တဲ့သူတွေ စသဖြင့်လာလျှောက်လို့ရပါတယ်နော် မသိတာရှိရင်လဲ comment boxလေးထဲမှာမေးမြန်းလို့ရပါတယ်ရှင့် သင်တန်းတွေဖွင့်ရင်လဲ အကုန်freeလို့ အာမခံပါတယ်ရှင် #Crd

အလွမ်း တမ်းတမ်းတတ လွမ်းနာကျ ဘဝအစဉ် လွမ်းမိပင်။ -အံ့လွန်းပျို
အလွမ်း တမ်းတမ်းတတ လွမ်းနာကျ ဘဝအစဉ် လွမ်းမိပင်။ -အံ့လွန်းပျို

အသက်ရှင်နေရခြင်းမှာ ဝန်ကင်းချင်တယ်။အများအကျိုး အတွက်ဆိုရင်တောင် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။ ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။ -အံ့လွန်းပျို

ကဗျာစာစဉ်အမည် - အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်း ကဗျာစာစဉ် - ၆ လူငယ်မှန်ရင် အချစ်နဲ့ဘယ်ကင်းကွာဖူးပါ့မလဲ။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အ
ကဗျာစာစဉ်အမည် - အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်း
ကဗျာစာစဉ် - ၆ လူငယ်မှန်ရင် အချစ်နဲ့ဘယ်ကင်းကွာဖူးပါ့မလဲ။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတဲ့အရာကို ဘယ်လိုများအဓိပ္ပာယ်ဖွင့်နိုင်မလဲ။ ဒီတစ်ခါမှာတော့ အရင်စာစဉ်တွေနဲ့မတူဘဲ အချစ်စာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...🌀။ ကဗျာစာမူပိတ်သိမ်းချိန် - ၂၈ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

လေနှင်ရာလွင့်တဲ့ လေလွင့်ရွက်ဝါလေး တစ်ရွက်ကို ငါ့အတွက် ရောက်လာတဲ့ ကံကောင်းခြင်းလေးလိုမျိုး တန်ဖိုးထားပေးခဲ့ပါတယ်...။ -အံ့လွန်းပျို

အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့ အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။ ရခဲ့တာကတော့ ဥပေက္ခာတွေချည်း...။ -အံ့လွန်းပျို

မရှိမဖြစ် ဆိုတာမျိုး တကယ်ရှိခဲ့တယ် အသက်။ မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး ငါ့ဘဝမှာလဲ ရှိခဲ့တယ်။ -အံ့လွန်းပျို

တံခါးမရှိ၊ ဓားမရှိ ကော်ဇောခင်းလို့ စောင့်နေသူမို့ ရွှေရှိဖို့၊ ငွေရှိဖို့မလို သူရှိရင်ပဲ ပြည့်စုံပါပြီ။ -အံ့လွန်းပျို

အမျိုးအတွက် စွန့်ဝံ့သူ ချစ်တဲ့သူငယ်လေ . . . သူငယ်ချင်းကောင်း သွေးသောက်တို့လေ . . . ။ တိုက်ပါရလို့ တိုက်ရလျှင်လဲ ဗမာအရှင်၊ တို့သခင်မျိုး မျိုးရိုးဂုဏ်ထက်၊ ဓားရေးသွက်သည့် ဗမာဘက်မှသာတဲ့။ ကိုင်ပါရလို့ ကိုင်ရလျှင်လဲ ကျောက်ကြီးကျောက်ငယ်၊ ခုနစ်သွယ်တို့ စီခြယ်အပ်သည့်၊ ရွှေထပ်ထားတဲ့ ယိမ်းနွဲ့ပါးဓားမှသာတဲ့။ စွန့်ပါရလို့ စွန့်ရလျှင်လဲ ဘိုးဘွားတို့ချွေး၊ အသက်သွေးနှင့် တို့မျိုးဇာနည်၊ ထီးနန်းတည်ထောင် ဗမာပြည်ကြီးမှသာတဲ့။ ရန်သူတို့လည်းချောင်းသွေး၊ ခြေဆေးချင်တယ်လေး။ -ဒေါင်းနက်

Repost from N/a
“မင်းကို တခြားသူရင်ခွင်ထဲမှာ မြင်ရတာ နာကျင်ပေမယ့်… မင်းပျော်နေတာကို မြင်ရတော့ ငါလည်း တိတ်တိတ်လေး ဝမ်းသာမိတယ်။” 🥀❤️‍🩹 “It hurts to see you with someone else, but I’m glad you’re happy.” 🥀 By Khun #Angél_Alphá@mirror148 ပြည့်-စုံ-ပါ-စေ ဘိုဖြူ

ကဗျာအမည် - အိပ်ဆေးမေ့တဲ့ည ရေးသားသူ - အံ့လွန်းပျို ရွတ်ဖတ်သူ - လင်းဧနူ

အရာအားလုံးကို သတိတရ... မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊ မင်းလက်ကလေးကိုင်ခဲ့ရတဲ့ စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့ ပြုံးရတဲ့ငေးမောမှုတွေ... အသက်ရေ ငါဟာမင်းကို သတိတရပါကွယ်။ -အံ့လွန်းပျို

ခဏခဏနေမကောင်းဖြစ်ခြင်းမှာ မင်းဂရုစိုက်တာကို ခံချင်တဲ့ ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။ -အံ့လွန်းပျို

ကဗျာ့ရင်သွေးငယ်များ
ကလောင်ရှင်တို့၏ ပြီးခဲ့သော စာစဉ် - ၅ခုတွင် ပါဝင်ရေးသားထားသာ ကဗျာလက်ရာများကို စာအုပ်အဖြစ် ထုတ်ဝေတင်ပြအပ်ပါသည်။ ကဗျာဗဟိုပြုစာပေကလပ်စည်းမှ စီစဉ်ထုတ်လုပ်သည့် “ကဗျာ့ရင်သွေးငယ်များ” ကဗျာစာအုပ် (E-book) ထွက်ရှိပါပြီ။ ခံစားဖတ်ရှုနိုင်ချေပြီ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #Owner #A_poetryhub #literary_club

ချစ်ဖူးသူဟာ တစ်ယောက်တည်းပါ။ ငါကြည့်မိတဲ့ မိန်းမတွေအထဲ မင်းအလှဆုံးလို့ ပြောရင် သံသယမရှိ ယုံကြည်ပါကွယ်။ -အံ့လွန်းပျို

ကဗျာအမည် - ကျောက်သားအဖြစ် ရေးသားသူ - ခင်ဇော်မြင့် ရွတ်ဖတ်သူ - လင်းဧနူ #A_poetryhub #literary_club

၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ် နှစ်ခါအကြည့်ချင်းဆုံ၍ ၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။ ယနေ့လည်း သူပျော်နေပုံပေါ်ပါသည်။ -အံ့လွန်းပျို

ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း လောကအလယ်၊ ဗဟိုဝယ်၌ ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက် သက်ရှင်ကာလ၊ ဘဝတစ်ပါး ‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ အနိုင်အရှုံး၊ အမုန်းအချစ် အဖြစ်အပျက်၊ အတက်အဆင်း ထိုအချင်း၌၊ အလင်းမဲ့ကား နောင်တများကို၊ ကြောင်းကြားပြကာ ဤသို့သာလျှင် ပို၍တည်း။ မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍ မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု မြင့်ပယ်ထားကာ၊ အမှားအမှန် ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့် ထိုသို့ခံယူ၊ လူများကြားတွင် ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး နည်းတူသကဲ့၊ အကြောင်းမဲ့ရာ ဤပုံသာလျှင် ဆို၍တည်း။ ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့ အဆင်းလှပ၊ ခံစားရချိန် နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ စားဝတ်နေရေး၊ ဒုက္ခဘေးတို့ ‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ စာနာစိတ်က၊ ကြောင်းပြသည်သာ ဤဖြစ်ပျက်လျှင် လို၍တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

သူပြန်ချစ်ခြင်း မချစ်ခြင်းဆိုတာဟာ ကျွန်တော့် စားနေတဲ့ ထမင်းကြမ်းပေါ်မှာ မူတည်ပါတယ်။ -အံ့လွန်းပျို

“ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ