ch
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

前往频道在 Telegram

Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt

显示更多
1 250
订阅者
-224 小时
-107 夊
-3830 夊
帖子存档
တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး” ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြား
တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး”
ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြားတဲ့ ကဗျာအရေးအသားတွေကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်လျက်ရှိပါတယ်။ အားလုံးအတူတကွ ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကဗျာစာမူပိတ်သိမ်းချိန် - ၃၁ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါတယ်ခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

ခုမှသိရတဲ့သူနဲ့ အရင်သိနှင့်ပြီးသားသူ မည်သူကပိုခံစားရသနည်း။ ဆရာ၀န်တွင်မျက်ရည်မရှိ လူနာတွင် မျက်ရည်ရှိကြောင်း သေချာသည်။ -မင်းလူ

ဒီခေတ်လူ့အဖွဲ့အစည်းမှာ “ကိုယ်နဲ့မဆိုင်ရင် မပြောဘူး” ဆိုတဲ့ စိတ်ထားတွေ များလာကြတယ်။ အမှန်ကို ထောက်ပြရင် အမုန်းခံရမှာစိုးလို့ လ
ဒီခေတ်လူ့အဖွဲ့အစည်းမှာ “ကိုယ်နဲ့မဆိုင်ရင် မပြောဘူး” ဆိုတဲ့ စိတ်ထားတွေ များလာကြတယ်။ အမှန်ကို ထောက်ပြရင် အမုန်းခံရမှာစိုးလို့ လူတွေက တိတ်တိတ်နေဖို့ကိုပဲ ရွေးချယ်လာကြပါတယ်။ တကယ်တော့ တစ်ချို့တိတ်ဆိတ်မှုတွေက ငြိမ်းချမ်းမှု မဟုတ်ဘူး။ အမှားကို သိသိကြီးနဲ့ မပြောရဲတဲ့ ကြောက်ရွံ့မှုတစ်မျိုး ဖြစ်တတ်တယ်။ မှားနေတဲ့သူကို မဆုံးမရဲဘဲ မှန်နေတဲ့သူကိုပဲ “သည်းခံလိုက်ပါ” “ခွင့်လွှတ်လိုက်ပါ” လို့ အမြဲပြောနေကြတာဟာ တရားမျှတမှု မဟုတ်ဘူး။ အဲဒီလို သည်းခံခိုင်းခြင်းတွေက တစ်ဖက်လူရဲ့ နာကျင်မှုကို ပိုကြီးစေတတ်ပါတယ်။ သည်းခံခြင်းက ကောင်းပါတယ်။ ဒါပေမယ့် အမှားကို အားပေးတဲ့အထိ သည်းခံနေတာကတော့ ကောင်းမြတ်မှု မဟုတ်တော့ဘူး။ အမှားကို အမှားလို့ မပြောရဲတဲ့ လူ့အဖွဲ့အစည်းမှာ မတရားမှုတွေက ပိုကြီးထွားလာတတ်ပါတယ်။ တကယ်ရင့်ကျက်တဲ့သူဆိုတာ အမုန်းခံရမှာ ကြောက်လို့ တိတ်နေတဲ့သူ မဟုတ်ဘူး။ လိုအပ်တဲ့နေရာမှာ မှန်တာကို မှန်တယ်။ မှားတာကို မှားတယ်လို့ လေးစားမှုနဲ့ ပြောရဲတဲ့သူပါ။ ဘာလို့လဲဆိုတော့ တိတ်ဆိတ်ခြင်းတိုင်းက ငြိမ်းချမ်းမှု မဟုတ်သလို သည်းခံခြင်းတိုင်းကလည်း တရားမျှတမှု မဟုတ်ပါဘူး။ -Kh,John(Hantharwaddy) Remaining silent instead of speaking on matters that do not concern you is merely a form of fear. #photo_b_y #𝐘𝐚𝐦

တစ်ဦးဆိုင်ကပ်ဘေး သစ်ရွက်စိမ်းကလေး လေထဲ လွင့်ပျံသွားခြင်းမှာ ကျွန်တော်ဟာ မမကို အကြောင်းမရှိ လွမ်းပါတယ်။ ချစ်တတ်သူတွေ ငိုလို့ မချစ်တတ်သူတွေ ပြိုရတယ်...။ လမ်းဘေးဈေးတန်းက ဝယ်လာတဲ့ ဇာခြင်ထောင် ပါးပါးမှာ အဆင့်အတန်းမြင့်မြင့် အိပ်မက်တွေ ရှိတယ်။ဆေးရုံသွားပြီး သွေးမလှူနိုင်ပေမဲ့ ကျွန်တော့်နည်းနဲ့ ကျွန်တော်တော့ ကုသိုလ်ယူဖြစ်ပါတယ်။ မေတ္တာငတ်ခဲ့သူကို လုံခြံမှုပေးနိုင်တဲ့ လက်ပိုင်ရှင်ဟာ မမပါ။ အဲ့ဒါဆို မမဟာ ကျွန်တော့်ရဲ့ ကမ္ဘာငယ်လေးပေါ့နော်မမ။ကျွန်တော် ပြန်လာရင်နွေးထွေးစွာ ကြိုဆိုမဲ့ ရပ်ဝန်းဟာ မမရှိတဲ့ရပ်ဝန်းပါ။ လူတိုင်းဟာ ကိုယ်တစ်ခုတည်းပါ။ သူဗိုက်ဆာသလို ကျွန်တော်လည်း ခိုးတတ်ပါတယ်။သူ့မှာ မိသားစုရှိသလို ကျွန်တော်လည်း လူသားဆန်တတ်ပါတယ်။ အပြင်လောကကြီးမှာ ပိုက်ဆံက အပေါဆုံးဖြစ်နေချိန် ကျွန်တော့် ကမ္ဘာမှာတော့ အငတ်ဘေးဟာ နှစ်တိုင်းဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အတွက် လကုန်ရက်တွေဟာ ဘာထူးခြားလို့လဲ။ ခွက်တစ်ခွက်ကိုင်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတာက လွဲရင် ကျွန်တော် လူတွေနဲ့ကစားရတာ ဝါသနာမပါဘူးမမ။ ဘုရားသခင်ကတော့ ကျွန်တော့်ကို ဘေးမဲ့ပေးတယ်။သူတောင်းစားက ကံကိုမယုံဘူးမမ။ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ထမင်းဝတဲ့လူတချို့ပဲ ပြောထွက်တာဖြစ်ကြောင်း သူတို့ဆိုတဲ့အခါ ကျွန်တော် ဘယ်လိုငြင်းရပါ့မလဲမမ။ -အံ့လွန်းပျို

၁၆နှစ်တစ်ရက်လျော့ မွေးလာပြီးရင် သေဆုံးရမှာ ဓမ္မတာပဲ။ ငါဘယ်တော့သေမလဲ။ ဘယ်သူသိပါ့မလဲ။ နေ့စဉ်အသက်ရှူနေရတဲ့ အကြောင်းရင်းကို စဉ်းစားတော့ ဦးနှောက်ထဲ ဗလာဖြစ်နေတယ်။ ငါဘာကြောင့်အသက်ရှင်နေလဲ။ ဘယ်သူသိမှာလဲ။ ညအိပ်ရာဝင်တိုင်း စဉ်းစားဖြစ်တာဟာ ခင့်အကြောင်းအပြင် တစ်နေ့တာမှာ ငါလုပ်ခဲ့တဲ့ မကောင်းမှုတွေကိုပဲ။ ငါဒီနေ့ဘာမကောင်းမှုတွေလုပ်ခဲ့လဲ။ ဘုရားသိပါတယ်။ ခင်ရေ...မင်းဘာလို့ငါ့ကို ‌ မရွေးချယ်ခဲ့လဲဆိုတာ ငါအခုမှ သိတော့တယ်။ အရင်ကတော့ ငါဟာ မင်းကိုရက်စက်တယ်ထင်ခဲ့တာ။ တကယ်တမ်းကျ မင်းက အများအကျိုးအတွက် ငါ့ကို ထားခဲ့တာပဲ။ ငါကလွဲရင် သတ္တဝါတိုင်းကို မင်းက စိတ်ချမ်းမြေ့စေချင်တယ်။မင်းဟာ ဟိုကောင့်လက်ကိုဆွဲပြီး ဘုရားမှာ ငှက်လွှတ်တယ်။အဲ့ဒီ့ငှက်တွေလို မင်းသစ္စာရှိတဲ့အခါ အတုအယောင်တွေ အကြောင်း ငါပြောပြပါဦးမယ်။ ပြောစမ်းပါဦး ခင်...။မင်းရဲ့ ပလီပလာစကားသံလေးတွေ ငါကြားချင်သေးလို့ပါ။ ပိုက်ဆံကို ရေလိုသုံးနိုင်သူဟာ ပဲပြုတ်နဲ့ ထမင်းကြမ်းကို နေ့တိုင်း မစားနိုင်မှန်း ငါသိခဲ့ပါတယ်။ မြောင်းမှာလည်း သူ့အမှိုက်နဲ့သူပါ ခင်...။အိတ်ဖောင်းလို့ စိတ်ပြောင်းတဲ့ လူတွေအတွက် နေရာမရှိဘူး။ သူတို့စိတ်ကို ငါနားမလည်ဘူး။ မသိတာတွေဟာ မရှိတာထက် ပိုခက်ခဲတယ်။ဒီနေ့အတွက်တော့ ငါဟာ ၁၆နှစ်တစ်ရက်လျော့ပါခင်...။ -အံ့လွန်းပျို

ငါရေးတဲ့ကဗျာ ငါ့ကဗျာ ကလောင်အစ၊ငါ့ကဗျာဆုံး မတုံးသွားကာ၊အောင်ကြောင်းဖြာရန် စာပေကိုချစ်၊စိတ်ပုပ်ပြစ်လို့ စိတ်သစ်နှင့်သာ၊ကဗျာကားရေး ငါတွေးသမျှ၊အသိအားလုံး စာတွင်သုံးဖို့၊စီကုံးဖွဲ့မှ ငါ့ကဗျာတွင်၊ဂန္ထဝင်လင်း မော်ဒန်ဝင်းလို့၊ဆင်းလှကဗျာဖြစ်စေသား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ

အကြောင်းပြချက် အမျိုးမျိုးနဲ့ နှလုံးသားနောက်ကို ခန္ဓာလိုက်တယ်။တချို့အရာတွေမှာ ဦးနှောက်နောက်ကိုသာ ရွေးခဲ့ရင် ငါမင်းကိုမချစ်ခဲ့ဘူး။ -အံ့လွန်းပျို

မမဟာ သိပ်လှတယ်။မမဟာ သိပ်မြတ်နိုးဖို့ ကောင်းတယ်။ နှင်းဆီပန်းလေးလို သိပ်အတ္တကြီးတဲ့မမ...ဒီကောင်နဲ့ မတန်တာ သိသာလွန်းပါတယ် မမရယ်။ -အံ့လွန်းပျို

ကလောင်သစ္စာ ဝေယံမိုးထိပ်၊ တန်ခွန်ချိတ်လို့ ဆိပ်ပြင်းမြားတံ၊ ငါ့စာသံတည့်။ မြေလျှိုးဝသုန်၊ ဂုဏ်ဒြပ်ထုံလို့ ဖြုံသင့်လှံဓား၊ ငါ့စာသွားတည့်။ မဇ္ဈိမလယ်၊ ဗဟိုဝယ်၌ ထည်ဝါကျမ်းအင်၊ ငါ့စာဉာဉ်တည့်။ ကလောင်မတုံး၊ ကဗျာဟုန်းနှင့် မဆုံးပညာ၊ ဩဘာမှုန်းလို့ ရှေးထုံး‌ဆိုင်ပြု၊ သံချိုညုလျက် ဥဒါန်းမဝင်၊ ကမ္ဘာတွင်တည့် ရှင်ပါးဆင်ချီ၊ ရွှေမြန်ပြည်၌ ထီတင်ဇမ္ဗူ၊ ‌အောင်ခြူပန်းထွေ ပိုင်ဆိုင်‌စေသား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

ဖောက်ထွက်လာတဲ့လူ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာမှာ ဖြစ်ချင်တာကိုပဲရွေးခဲ့တဲ့ ကောင် ထမင်းစားဖို့လောက်နဲ့တော့ ဒူးထောက်မယ့်ကောင် မဟုတ်ဘူး နဖူးရေဒူးရေကိုလည်း ကြည့်လိုက်ဦး ဟေ့၊ ဒီမှာ ဒီလောကထဲ ငါ ရောက်လာတာ ‘ထမင်း’ လာဝါးတာ မဟုတ်ဘူးကွ သေခြင်းတရားနဲ့ စာချုပ်ချုပ်ပြီး ငါ့လက်ထဲက ထမင်းလုတ်ကို လွှင့်ပစ်ခဲ့ ငါက ကဗျာရေးမယ့်လူပဲ လူကြီးတွေကတော့ ပြောရှာပါတယ် ခွေးဖြစ်မယ့်ကောင် တဲ့။ -နိုင်မြန်မာ

လမ်း မိသားစုများအခန်းကဏ္ဍ ကမ္ဘာဦးပုံသဏ္ဌာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ။ ငါတို့ခေတ်မှာ ငါတို့ဟာ ချစ်မေတ္တာကိုယူလာနိုင်ခဲ့လို့လား အိမ်ပြန်လာကြတယ်။ ကားတစ်စင်းသေနေပေါ့ ညောင်ပင်ကြီးရဲ့အောက်မှာ မိုးကမတိတ်တော့ဘူး ဟောဒီလောကမှာ။ -အောင်ချိမ့်

သက္ကရာဇ်တွေ နောက်ပြန်လည်ရင် ရာသီတွေ ‌ရပ်တန့်သွားခဲ့ရင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား နောင်တတရား‌တွေကို ငါပြန်ပြင်ဆင်ပါ့မယ်။ -အံ့လွန်းပျို

မင်းကလည်း ဆတ်ဆတ်ထိမခံဘူး ထစ်ခနဲဆို စိတ်ကောက်ဖို့ပဲ တတ်တယ်။ ငါကလည်း မင်းမျက်နှာ တချက်ကလေးပျက်ရင် မနေတတ်ဘူး ချော့ဖို့ပဲတတ်တယ်။ -မင်းလူ

မိုးဝသန် မိုးရာသီ ရောက်တော့မည် မြစီနားဆွဲ ပင်ထက်မြဲ။ ဝသန်ဦးမှာ စိမ်းစိုကာ ဒေဝါမိုးသည်း ‌ဆောင်ယူဆဲ။ ပြေးလွှားကစား ကလေးများ ပျေ
မိုးဝသန် မိုးရာသီ ရောက်တော့မည် မြစီနားဆွဲ ပင်ထက်မြဲ။ ဝသန်ဦးမှာ စိမ်းစိုကာ ဒေဝါမိုးသည်း ‌ဆောင်ယူဆဲ။ ပြေးလွှားကစား ကလေးများ ပျော်ပါး‌လို့ကဲ မိုးရေထဲ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

လက်ဖက်ရည် နှစ်ယောက်တစ်ခွက် ခွဲတစ်ဝက် တက်လက်ညီညာကာ။ ချို့စိမ့်သကြား ပုံမှန်လား အများတန်းတူသာ။ ဝိုင်းဖွဲ့စုံမှ ဖလှယ်ရ လောကနိဗ္ဗ
လက်ဖက်ရည် နှစ်ယောက်တစ်ခွက် ခွဲတစ်ဝက် တက်လက်ညီညာကာ။ ချို့စိမ့်သကြား ပုံမှန်လား အများတန်းတူသာ။ ဝိုင်းဖွဲ့စုံမှ ဖလှယ်ရ လောကနိဗ္ဗာန်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

မင်းပေးခဲ့တဲ့ အေးစက်ခြင်းနဲ့ ပူလောင်ခြင်းတွေအကြား ငါလိုချင်တာ မင်းဆီက နွေးထွေးမှုလေ ခင်...။ -အံ့လွန်းပျို

ကာရန်နဘေချစ်တဲ့ကောင် အဖေ့ကို လွမ်းကြောင်းစပ်တော့ တစ်ကြောင်းမှ မထွက်လာပါလား အဖေရယ်။ -ဒေါင်းနက်

စက္ကူတစ်ရွက်ပမာ ပါးလွှာတဲ့ ဘဝတစ်ခုနဲ့တစ်ခုကြားမှာ ကိုယ်မြတ်နိုးယုယစွာ ဆုပ်ကိုင်ချင်ခဲ့တာ မင်း ရဲ့လက်တစ်စုံပါကွယ်။ -ဒေါင်းနက်

တစ်ခါတစ်လေ တစ်ခါတစ်လေတော့လည်း နားပိတ်ထားချင်တယ်။ ဘယ်လောက်ပိတ်ပိတ် အသံတွေ ကြားနေရတဲ့ ဒီနားရွက်တွေကိုလည်း မုန်းပါတယ်။ တစ်ခါတစ်လေတော့လည်း စကားမပြောဘဲ နေချင်တယ်။ ဘယ်လောက်တားတား အမြဲတမ်း ပြောထွက်နေမိတဲ့ ဒီပါးစပ်ကိုလည်း မုန်းပါတယ်။ တစ်ခါတစ်လေတော့လည်း မမြင်ချင်ယောင်ဆောင်ချင်တယ်။ ဘယ်လောက်မေ့မေ့ ခဏခဏ မြင်ယောင်နေမိတဲ့ ဒီမျက်လုံးတွေကိုလည်း မုန်းပါတယ်။ ငါ့မှာ အပြင်ပိုင်းကိုယ်အင်္ဂါ အစုံရှိသလောက် နှလုံးသားကျတော့ မပါလာဘူး။သူ...ငါ့နှလုံးသားကို ခိုးသွားတယ်။ဒါပေမဲ့... ခိုးတယ်ဆိုပေမဲ့ သူ မလိုချင်ခဲ့သလို ငါမပေးချင်တာလည်း မဟုတ်ခဲ့ဘူး။ ကိုယ်ချင်းစာစိတ်ကို ဝယ်လို့ရရင် ငါ့မှာရူးရူးမူးမူး ဝယ်ပေးချင်မိတယ်။ မေတ္တာတရားကို မင်းလိုချင်တော့ ငါ့မှာအူလိုက်သည်းလိုက် ရယ်ခဲ့မိတယ်။‌မင်းနဲ့မတန်တဲ့ အရာတွေက ဈေးပေါပါတယ် ခင်။ -အံ့လွန်းပျို

နွေရောက်မှ မိုးကိုလွမ်းသလို မင်းရောက်လာမှ သူ့ကို ပိုချစ်မိသွားတာမျိုး အဲ့ဒီလိုရေစက်ဆိုးမျိုးလည်း ရှိတတ်ပါတယ်...ခင်။ -အံ့လွန်းပျို